← Chapters

အခန်း ၁၂၁-၁၂၃

Vol. 9 Ch. 121-123

အခန်း ၁၂၁-၁၂၃

Vol. 9 Ch. 121-123

အခန်း (၁၂၁) : ပင်ကို တိုက်ခိုက်ရေးစွမ်းရည်

၀မ်မင်၊ လီကျိ ၊ ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားကျောင်းသားများမှာ အဖွဲ့ဆီသို့ တည်ငြိမ်စွာပြန်လာသော ကျိုးဟောင်အားကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေကြလေသည်။

" ကျိုးဟောင်အနေနဲ့ ခုလို တိုက်ခိုက်နိုင်ဖို့ဆို သူက ဆရာသခင်အဆင့်လောက်ရှိနေရမှာ"

" ဟုတ်တယ်။ အတန်းရဲ့အမြဲအောက်ဆုံးအဆင့်ကကျိုးဟောင်က ဆရာသခင်အဆင့်ကို ဘယ်သူမှ မသိအောင် တက်လှမ်းသွားနိုင်တာလား။ စဉ်းစားစရာပဲ"

"ကျိုးဟောင်အဆင့်တက်နိုင်သွားတာ က နောက်ဆုံးတောတွင်းဧရိယာရှင်းလင်းရေး ပြုလုပ်တုန်းက ရှုလင်သူ့ကို ရှားပါးအရင်းအမြစ်တွေအများအပြားထောက်ပံ့ခဲ့လို့ဖြစ်မယ်။ အဲ့လောက်ကောင်းတဲ့အရင်းအမြစ်တွေနဲ့ဆို ၀က်တောင် သိုင်းပညာရှင်ဖြစ်နိုင်တယ်"

" ကျိုးဟောင်ကသိုင်းပညာရှင် အဆင့်ဆိုရင်တောင်မှ ဒီလို နတ်ဆိုးစစ်သည် ၁၀ကောင်ကို အလျင်အမြန်သတ်နိုင်ဖို့မလွယ်ဘူးလေ"

"ကျိုးဟောင်က ဘယ်တုန်းက ဒီလိုအစွမ်းထက်လာတာလဲ"

လေ့ကျင့်အတန်းမှ ကျောင်းသားများမှာ အပြင်းအထန်ဆွေးနွေးနေကြလေသည်။

ပွဲကြည့်စင်မြင့်ထက်မှ နည်းပြရှန်းမှာလည်း သူ၏ တုန်လှုပ်သွားသော အမူအရာများကို ပြန်လည်ထိန်းချုပ်လိုက်လေသည်။

"နည်းပြရှန်း ဒါဆိုရင် ကျိုးဟောင်က......"

ကျောင်းအုပ်ကျန်းမှာလည်း မနေနိုင်တော့ပဲ နည်းပြရှန်းအနားသို့ကပ်တာ တိုးတိုးလေးမေးလေသည်။

"မဟုတ်ဘူး ငါသေချာဂရုစိုက်လေ့လာကြည့်ပြီးပြီ။ ကျိုးဟောင်ရဲ့ သွေးအနှစ်သာရက သိုင်းပညာရှင် အဆင့်ပဲရှ်ိသေးတာ။ သူအခုလို သတ်နိုင်တာကလည်း သူ့ရဲ့ ပင်ကိုယ်သဘာ၀ တိုက်ခိုက်ရေးဗီဇ ကြောင့်ပဲ"

နည်းပြရှန်း က ခေါင်းခါပြီးပြန်ပြောလိုက်သည်။

"ပင်ကိုတိုက်ခိုက်ရေးစွမ်းရည်"

အခြားကျောင်းသားမိဘများသာမက ရှုကျန့်ကော်ကပါ အံ့ဩတကြီး အသံကျယ်ကျယ်ထွက်မိလိုက်ကြသည်။

"မှန်တယ် "

ရှန်းကျင့်၏ အမူအရာမှာ လေးနက်နေခဲ့သည်။

"ကျိုးဟောင် က မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဘူးဆိုတာ မင်းတို့အားလုံး သတိထားမိသင့်တယ်။ သူ့ပုံစံက အဆင့်မြင့်ကျွမ်းကျင်သူများရဲ့ သိမ့်မွေစွာ လှုပ်ရှားမှုနည်းပညာနှင့် ဆင်တူသော်လည်း အဲ့အတိုင်းတော့ လှုပ်ရှားမှုတွေက တထပ်ထဲကျမနေဘူး။ ဒါကိုကြည့်ခြင်းဖြင့် သူအရင်က ဒီနည်းပညာကို စနစ်တကျ မလေ့လာဖူးဘူးဆိုတာကို ပြနေတာဘဲ။ ဒါ့ပြင် သူပထမဆုံး လှုပ်ရှားချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေက လေးလံတောင့်တင်းနေခဲ့တယ်။ ဒါပေမယ့် သူ ဆက်လက်ရွေ့လျားလာတာနဲ့အမျှ သူ ပိုပိုပြီး ကျွမ်းကျင်လာပုံပေါ်တယ်...”

"ဒါကိုကြည့်ပြီး ငါပြောနိုင်တာကတော့ ဒါကသူ့ရဲ့ မွေးရာပါ တိုက်ခိုက်ရေးစွမ်းရည်ပဲ"

ထို့နောက် ရှန်းကျင့်က သက်ပြင်းချပြီး ဆက်ပြောလေသည်။

" ငါ ယန်ကျင်းလေ့ကျင့်ရေးကျောင်းမှာ နည်းပြအဖြစ်နှစ် နှစ်ဆယ် ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံအရ အဲ့လိုပင်ကိုဗီဇနဲ့ ကျောင်းသားမျိုးကအရမ်းရှားပါးတယ်။ ချူမြို့အထက်တန်းကျောင်းမှာ တယောက်လာတွေ့လိမ့်မယ်မထင်ထားမိဘူး"

"နည်းပြရှန်း ကျုပ် ခင်ဗျားကို မယုံတာတော့မဟုတ်ပေမဲ့ ကျိုးဟောင်က တခါမှ တိုက်ခိုက်ရေးစွမ်းရည်ကိုထုတ်ပြထားတာမျိုးမရှိဘူး။ အခုမှ မြင်ရတာဆိုတော့ တိုက်ဆိုင်မှုရော မဖြစ်နိုင်ဘူးလား"

ရှုကျန့်ကော်က မျက်မှောင်ကြုတ်ပြီးမေးလေသည်။

"အရင် ပြိုင်ပွဲတုန်းက ကျိုးဟောင်က သန္ဓေပြောင်းသားရဲ၂ကောင်ကိုသတ်နိုင်ခဲ့တယ်။ အဲ့တာက ကံကောင်းတာလို့ မင်းထင်နေတာလား"

ရှန်းကျင့်က ရှုကျန့်ကော်အား စိုက်ကြည့်ပြီးပြောလိုက်လေသည်။

"ဟုတ်သားပဲ။ အဲ့တုန်းက ငါထူးဆန်းပါတယ်လို့ထင်ခဲ့တာ။ ဘယ်လောက်ပဲ ကံကောင်းပါစေ သန္ဓေပြောင်းသားရဲတွေကိုတော့ ကံကိုပုံပြီး သတ်နိုင်ဖို့မလွယ်ဘူး။ ဒါက ကျိုးဟောင်၏ ပင်ကိုတိုက်ခိုက်ရေးစွမ်းရည်ကြောင့်ပဲဖြစ်မယ်"

အခြားမိဘများ၏ မျက်လုံးများ ၀င်းလက်သွားခဲ့သည်။ရှုကျန့်ကော်လည်း သေချာ ဂရုတစိုက်ပြန်တွေးနေခဲ့လေသည်။

"ဒါပေမဲ့ ပင်ကိုတိုက်ခိုက်ရေးစွမ်းရည်ကအရမ်း အထူးခြားကြီးတော့ မဟုတ်ဘူး။ အဲ့က အချိန်ကိုက်ဖြစ်မှုတခုပဲ။ အထူးသဖြင့် ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါ အခွင့်အရေးက အများကြီးရမှာမဟုတ်တဲ့အပြင် ရလာရင်လည်း အချိန်ကိုက်ဖြစ်ဖို့ လူအတော်အများများက မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ ကျိုးဟောင်လို လူမျိုးကတော့ ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ပြီး သူ့ထက်သန်မာတဲ့ မိစ္ဆာတွေကိုအနိုင်ယူနိုင်တယ်"

ရှန်းကျင့်ကဆက်လက်ရှင်းပြနေခဲ့သည်။ရှန်းကျင့်၏စကားကြောင့် အနီရောင်စပါးအုံးဘုရင်ရဲ့ အမြှီးရိုက်ချက်ကို အားအဖြစ်သုံးပြီး ထိုစပါးအုံးမြွေကြီးအား ခေါင်းဖြတ်လိုက်သည့်ပုံကို ရှုကျန့်ကော်၏ စိတ်ထဲတွင်ပြန်မြင်ယောင်လာခဲ့လေသည်။

" သင်ကြားပြသပေးလို့ကျေးဇူးပါ နည်းပြရှန်း"

"နည်းပြရှန်း ပင်ကိုတိုက်ခိုက်ရေးစွမ်းရည် ရှိတဲ့သူတွေက ရှားတယ်ဆိုရင် ကျိုးဟောင်ကလည်း ထူးချွန်ကျောင်းသားတယောက်ပဲ။ သူ့ကို သေချာပြုစုပျိုးထောင်ပေးမယ်ဆိုရင် သူလည်း ကျွမ်းကျင်ပညာရှင်ဖြစ်လာနိုင်တာပဲ"

ကျောင်းအုပ်ကျန်းက ကပ်ပြောလာခဲ့လေသည်။

" ပင်ကိုတိုက်ခိုက်ရေးစွမ်းရည်နဲ့လူတွေက တိုးတက်လာရင် အရမ်းသန်မာကြသော်လည်း သူတို့ရဲ့ပထမအခြေခံအုတ်မြစ်ထဲက တိုးတက်သန်မာနေဖို့လိုတယ်။ ဒီကျိုးဟောင်ကတော့ သူ့ရဲ့အခြေခံအုတ်မြစ်ကသာမန်ပဲ။ တောနက်ဧရိယာရှင်းလင်းရေး ကနေရတဲ့အရင်းအမြစ်တွေကြောင့်သာ မဟုတ်ရင်သူ့ဘ၀တလျှောက်လုံး သွေးနှစ်သာရ ပထမအဆင့်ကနေ သိုင်းပညာရှင်အဆင့်ကို တက်လှမ်းဖို့တောင်မလွယ်ဘူး"

နည်းပြရှန်း လေးလံစွာဖြင့် ခေါင်းယမ်းပြီးပြောလေသည်။

ရှုကျန့်ကော်မှာလည်း သက်ပြင်းချလိုက်လိုက်သည်။ သူ့သမီးနဲ့ ကျိုးဟောင်အား သေချာပေါက်ခွဲရန်လိုအပ်ပြီး ထိုကိစ္စအတွက် အသည်းမာရန် ဆုံးဖြတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် နည်းပြရှန်း က လေသံပြောင်းသွားလေသည်။

" ဒါပေမဲ့လည်း ပင်ကိုတိုက်ခိုက်ရေးစွမ်းရည်ရှိသူမျိုးက ရှားပါးပြီး အလွယ်တကူမတွေ့နိုင်ဘူး။ ဒါ့ကြောင့် ငါတို့သူ့ကို အခွင့်အရေးပေးရမယ်"

"နည်းပြရှန်းဆိုလိုချင်တာက ကျိုးဟောင်က ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်လား"

ရှုကျန့်ကော် ခါးသက်စွာပြုံးပြီးပြောလေသည်။

"သူ့ကံတရားပေါ်ပဲမူတည်ပါတယ်"

နည်းပြရှန်းက မရေမရာပြောလိုက်လေသည်။ရှုကျန့်ကော်လည်း ဆွံ့အသွားလေသည်။ ကျိုးဟောင်နှင့် အခြားကျောင်းသားများလည်း ပြီးဆုံးသွားသည်နှင့် တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲလည်း ပြီးဆုံးသွားခဲ့လေသည်။

"သူငယ်ချင်း ကျိုး၊ မင်းမဆိုးဘူးကွ။ မင်းသိုင်းပညာရှင်အဆင့်ရောက်သွားလိမ့်မယ်လို့ ငါတောင်မထင်ထားဘူး"

ကျန်းယိက ကျိုးဟောင်၏ပုခုံးကိုပုတ်ပြီးပြောလိုက်သည်။

"ငါမင်းတို့ကိုအံ့ဩသွားစေချင်လို့ကွ"

ကျိုးဟောင်က နောက်ပြောင်လိုက်သည်။

ထို့နောက် ရှုလင်ဘက်သို့လှမ်းကြည့်လိုက်သည်။ ရှုလင်၏နှစ်လိုဖွယ်မျက်နှာလေးမှာ စိတ်လှုပ်ရှားဖွယ်အပြုံးဖြင့်ပြည့်နေခဲ့လေသည်။ သူမသည် ကျိုးဟောင် စာမေးပွဲကို အောင်မြင်သွားသည်ကို ကြားလိုက်သောအခါ သူမ စာမေးပွဲအောင်သသည်ထက်ပင် ပျော်ရွှင်နေခဲ့လေသည်။

သို့သော်လည်း ကျိုးဟောင်က သူ့အား ဂုဏ်ပြုပေးဖို့ သူမကို မျက်စိမှိတ်ပြသည်ကိုမြင်သောအခါ ပျော်ရွှင်နေသောမျက်နှာလေး ပျောက်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့်လာပြောလေသည်။

" နင်က ငါတို့ကို အံ့ဩအောင်လုပ်တာမဟုတ်တာဘဲ စိတ်ပူအောင်လုပ်ခဲ့တာသိလား။ နင့်ကြောင့် ငါနဲ့ကျန်းယိမှာ အလကားသက်သက်စိတ်ပူခဲ့ရတယ်။ နင်ငါတို့ကိုညစာလိုက်ကျွေးဖို့သာပြင်ထား"

" ဟုတ်တယ်။ ကျိုးဟောင် မင်းငါတို့ကိုပြုစုသင့်တယ်"

ကျန်းယိလည်း ပြုံးပြီးပြန်ပြောလေသည်။

"ကိစ္စမရှိပါဘူး။ မင်းတို့ဒီညငါ့အိမ်ကိုလာခဲ့ကြလေ။ ငါ့အမေက ဟင်းချက်ကောင်းတယ်"

ကျိူးဟောင်လည်း ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

"ဟုတ်ပြီလေ။ မင်းဆီလာပြီး အန်တီ့လက်ရာ မြည်းကြည့်ကြမယ်"

ကျန်းယိက ခေါင်းညိတ်လိုက်သည်။

"တကယ်လို့ ငါတို့နင့်အိမ်လာရင် အန်တီနဲ့ အန်ကယ်ကို နှောင့်ယှက်သလိုဖြစ်မနေဘူးလား။ ပြီးတော့ နင့်မိဘတွေနဲ့ ဆုံဖို့ကြနည်းနည်းမစောလွန်းဘူးလား"

ရှုလင်က တုံ့ဆိုင်းနေခဲ့လေသည်။

"ရှုလင် ငါ့မိဘတွေနဲ့တွေ့ရမှာကြောက်နေတာလား"

ကျိုးဟောင်က ရီလျက်ပြောနေလေသည်။

ရှုလင်လည်း ကျိုးဟောင်၏မထိတထိပြောချင်းကို မခံချင်သောကြောင့် ရှေ့တိုးလာပြီးပြန်ပြောလိုက်သည်။

"ကောင်းပြီငါလာခဲ့မယ်။ ငါကြောက်မနေဘူးသိလား။ ပြီးတော့ အောင်ပွဲခံဖို့အတွက် ဝိုင်လည်း ၀ယ်လာခဲ့မယ်"

"ကောင်းပါပြီ"

ကျိုးဟောင်လည်း ပျော်သွားခဲ့လေသည်။

ထိုအချိန်မှာပဲ စင်မြင့်ထက်ရှိ နည်းပြရှန်း၏အသံမှာ ထွက်ပေါ်လာခဲ့သည်။

" ဒီတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပွဲ ပြီးဆုံးသွားခဲ့ပြီ။ တလကြာလေ့ကျင့်မှုပြီးတဲ့နောက် အားလုံးက ထင်ထားတာထက်ကို အစွမ်းထက်လာကြတယ်။ ပြီးတော့ ငါ စာမေးပွဲအောင်ဖို့ချမှတ်ထားတဲ့ အနိမ့်ဆုံး ကန့်သတ်ချက်တွေကိုလည်း မင်းတို့အကုန်လုံးကျော်ဖြတ်နိုင်ခဲ့လို့ ငါဂုဏ်ယူမိတယ်"

" ဒါကြောင့် ဒီတခေါက်စာမေးပွဲမှာ မင်းတွေကိုအကုန်လုံးကို အအောင်ပေးလိုက်ပြီ"

..............................................................................

အခန်း(၁၂၁) ပြီးပါပြီ။

အခန်း (၁၂၂) : လမ်းပန်းဆက်သွယ်ရေးဖောက်လုပ်ခြင်း

"ဒါပဲကွ"

" ဒါအကောင်းဆုံးပဲ"

"ဝေး..... ငါ့အမှတ်စုစုပေါင်း အရဆို ငါက ဒီတခေါက် အောက်ဆုံးအဆင့်မှာပဲ။ တော်သေးတယ် နည်းပြကသဘောကောင်းလို့"

လေ့ကျင့်ရေးအတန်းတွင် အမှတ်ပြတ်ကျန်နေခဲ့သော ကျောင်းသားများမှာ ၀မ်းသာလွန်း၍မျက်ရည်များပင်ကျနေကြလေသည်။

လေ့ကျင့်ရေးအတန်းတွင် ပါ၀င်ခဲ့သော အတွေ့အကြုံများအရ လေ့ကျင့်ရေးအတန်းက သူတို့၏ဘ၀များကိုပြောင်းလဲပေးနိုင်စွမ်းရှိလေသည်။

ဒါကြောင့် ကျောင်းသားအတော်အများများက လေ့ကျင့်ရေးအတန်းမှ ထုတ်ပယ်ခြင်းခံရမည်ကို သေမတတ် ကြောက်ရွံ့နေကြခြင်းဖြစ်လေသည်။

အခုတော့ နည်းပြရှန်း၏စကားသည် သူတို့အတွက် နောက်လလောက်အထိ စိတ်အေးသွားစေနိုင်ခဲ့သည်။

ပွဲကြည့်စင်ရှိ အခြားတတိယနှစ်ကျောင်းသားများက ၀မ်းနည်းသွားကြသည်။

" ချီးပဲ လေ့ကျင့်အတန်းက လူတွေအကုန်အောင်မြင်သွားတော့ ငါတို့ကဘယ်လိုလုပ်၀င်ခွင့်ရတော့မလဲ"

"ဟုတ်ပကွာ။ ကျိုးဟောင်လို အမြဲအဆင့်အောက်ဆုံးကောင်ကတောင် သိုင်းပညာရှင်အဆင့်ကို ရောက်နိုင်တယ်ဆိုရင် ငါတို့လည်း လေ့ကျင့်ရေးအတန်းကိုသာတက်ခွင့်ရရင် သေချာပေါက်သိုင်းပညာရှင်တွေဖြစ်လာနိုင်တာပဲ"

"ဆရာတွေကို သွားမေးရအောင် လေ့ကျင့်ရေးအတန်းကို၀င်နိုင်ဖို့အခြားနည်းလမ်းများရှိသေးလားလို့"

တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပွဲပြီးဆုံးသွားသောအခါ ကျောင်းအုပ်ကြီး၊ဌာနမှူးများနှင့် အတန်းပိုင်ဆရာများမှာ လေ့ကျင့်ရေးအတန်း၀င်ခွင့်အတွက် ကျောင်းသားများ၏ ဝိုင်း၀န်းမေးမြန်းခြင်းကို အဆက်မပြတ်ခံနေကြရလေသည်။

...

ကျောင်းဆင်းသွားသောအခါ

ကျိုးဟောင်သည် ယန်ဥယျာဉ်အိမ်ယာသို့ပြန်ရောက်ရောက်ခြင်း စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများဆီမှ သတင်းကိုရရှိခဲ့လေသည်။

ကျိုးဟောင်ကခဏလောက်တုံ့ဆိုင်းနေပြီးမှ သူ့ရဲ့ အနီရောင် မဟူရာလိပ်နတ်ဘုရားချပ်၀တ်ကို ၀တ်ဆင်ပြီး အရှေ့ပိုင်းစစ်ဌာနချုပ်သို့ထွက်လာခဲ့လေသည်။

ဘုန်း....

သူရောက်ရှိသွားသည်နှင့် စစ်သေနာပတိချုပ်ကျောက် ၊ ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြား မဟာဆရာသခင်များက အသီးသီးထွက်ကြိုကြလေသည်။

" စီနီယာကျိုး"

"စီနီယာကျိုး ကျုပ်တို့မတွေ့ဖြစ်တဲ့ရက်ပိုင်းအတွင်း ခင်ဗျားရဲ့ အရှိန်အဝါကထပ်တိုးလာတာပဲ"

"စီနီယာကျိုးက စွမ်းအားကြီးတာတောင်မှ ဆက်လက်လေ့လာနေတုန်းပဲ။ ကျုပ်တို့တောင် ကိုယ့်ကိုယ်ကို ရှက်မိတယ်ဗျာ"

မဟာဆရာသခင်များက ရိုသေစွာ နှုတ်ခွန်းဆက်ကြလေသည်။

" စစ်သေနာပတိချုပ် ကျောက် ဘာအရေးကြီးကိစ္စရှိလို့လဲ"

ကျိုးဟောင်ကအားလုံးကိုပြုံးပြပြီးနောက် မေးလိုက်လေသည်။

" အရမ်းတော့ အထွေအထူးမဟုတ်ပါဘူး။ အရင် သားရဲလှိုင်းတိုက်ခိုက်မှုကနေ ဖမ်းမိထားတဲ့ နတ်ဆိုးဘုရင်တွေကို စီနီယာဟန်ယူလာပေးတဲ့ အထူးချိပ်စ်ပြားတွေနဲ့ သေချာထိန်းချုပ်နိုင်ခဲ့တယ်။ အားလုံးနဲ့ဆွေးနွေးပြီးတဲ့နောက် သူတို့ကို အရှေ့တန်းခံတပ်စခန်းသို့ လှိုဏ်ခေါင်းဖောက်သည့်နေရာမှာ အရင်ဆုံးအသုံးပြုကြည့်ဖို့ တညီတညွတ်တန်း ဆုံးဖြတ်ခဲ့ကြတယ်"

စစ်သေနာပတိချုပ်ကျောက်က အလျင်အမြန်ပြန်ပြောလေသည်။

" အက်ကွဲကြောင်းကြီးနားမှာရှိတဲ့ ရှေ့တန်းအခြေစိုက်စခန်းခံတပ်ကြီးဆီကိုလား"

ကျိုးဟောင်က အံ့အားသင့်သွားခဲ့သည်။

"ဒါက စီနီယာဟန်ဖူရဲ့အကြံပေးချက်ပါ။ အက်ကွဲကြောင်းကြီးနားမှာရှိတဲ့ ရှေ့တန်းခံတပ်က ကျွန်တော်တို့လူသားမျိုးနွယ်တွေရှင်သန်ရေးအတွက် အဓိသော့ချက်ပဲ။ အဲ့မှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်ခြားတွေ တည်ရှိသလို အခြေစိုက်စခန်းထဲမှာလည်း ကျွမ်းကျင်သူအများအပြားရှိကြတယ်။ တကယ်လို့ ဟွာတုန်းမြို့အနေနဲ့ ‌ရှေ့တန်းအခြေစိုက်စခန်းနဲ့လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်နိုင်မယ်ဆိုရင် မြို့ကအလွန်လျင်မြန်စွာတိုးတက်လာလိမ့်မယ်"

စစ်သေနာပတိချုပ်ကျောက်က သေချာရှင်းပြနေခဲ့သည်။

"ဒါကောင်းတဲ့အရာပဲ။ ငါ့အတွက်တော့ ကိစ္စမရှိပါဘူး"

ကျိုးဟောင်လည်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။

တခြားမဟာဆရာသခင်များလည်း ထိုစကားကြောင့်ပြုံးမိသွားကြသည်။

" စီနီယာကျိုးရဲ့ အကူအညီနဲ့သာဆို ဒါကိုလုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"

သူတို့က ပြန်စနောက်လိုက်ကြလေသည်။

" မြို့အတွက်သာ အကျိုးဖြစ်စေမည့်အရာဆို ကျုပ်ဘက် အပြည့်အ၀ကူညီထောက်ပံ့ပေးမှာပါ။ စစ်သေနာပတိချုပ်ကျောက် တခုခုအကူအညီလိုရင် ကျုပ်ကို အသိပေးပါ"

ကျိုးဟောင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"စီနီယာကျိုးရဲ့ စကားကြောင့်ကျုပ်စိတ်အေးသွားပြီ။ အဓိကအရေးကြီးတဲ့အချက် ဆက်သွယ်ရေးလမ်းကြောင်းဖောက်လုပ်တဲ့နေရာမှာ ၀န်ထမ်းတွေရဲ့လုံခြုံရေးပဲ။ ဟွာတုန်းမြို့နဲ့ ရှေတန်းအခြေစိုက်စခန်းက အတော်ဝေးပြီး ကြားမှာလည်း တောနက်ဧရိယာကြီး၏ အန္တရာယ်လည်းရှိနေသေးတယ်။ စီနီယာကျိုးကသာ နတ်ဆိုးဘုရင်တွေကို ဖိနှိပ်ပေးနိုင်ခဲ့လို့သာ ကျူပ်တို့ ဒီလိုအရာမျိုး လုပ်ရဲတာပါ"

စစ်သေနာပတိချုပ်ကျောက်က ပျော်ရွှင်နေခဲ့လေသည်။

" ဘယ်အချိန်လောက်စလုပ်ကြမလဲ"

ကျိုးဟောင်ကမေးလိုက်သည်။

" ပြင်ဆင်ဖို့အတွက် လ၀က်လောက်တော့အချိန်ယူရမယ်"

စစ်သေနာပတိချုပ်ကျောက်က ပြန်ဖြေလေသည်။

"ကောင်းပြီ ငါပြင်ဆင်ထားလိုက်မယ်။ တခြားရောဘာရှိသေးလဲ"

ကျိုးဟောင်က ခေါင်းညိတ်ရင်းမေးလိုက်သည်။

"မရှိတော့ပါဘူး"

စစ်သေနာပတိချုပ်ကျောက် က အလျင်အမြန်ပင်ခေါင်းခါပြလိုက်သည်။

ကျိုးဟောင် ကကောင်းကောင်သို့‌ပျံတက်သွားပြီး ပျောက်ကွယ်သွားလေသည်။သူတို့အားလုံး ကျိုးဟောင်ထွက်သွားသည်ကိုငေးကြည့်နေခဲ့ကြသည်။

"စီနီယာကျိုးက အရမ်းစွမ်းအားကြီးသလို မြို့အတွက်လည်း အရမ်းအလုပ်ကြိုးစားပေးတယ်။ သူကအရမ်းလေးစားဖို့ကောင်းတာပဲ"

မဟာဆရာသခင်များက ရေရွတ်မိကြသည်။

"မင်းပိုပြီးသန်မာလာလေ တာ၀န်ယူရတာတွေ ပိုပြီးများလာလေပဲ။ စီနီယာကျိုးက လူသားမျိုးနွယ်တွေရဲ့ အဓိက ထောက်တိုင်ပဲ။ သူက ဒီမြို့သားမဟုတ်တာတောင်မှ မြို့အတွက် အမြဲကူညီပေးခဲ့တယ်။ သူ့ကိုငါတို့စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး။ ဒါ့ကြောင့် ငါတို့မြို့ကို တိုးတက်အောင်ကြိုးစားလုပ်ကြရမယ်"

စစ်သေနာပတိချုပ်ကျောက် က လေးနက်စွာပြောလိုက်သည်။

"သဘောတူတယ်"

"ထောက်ခံတယ်"

.....

ယန်ဥယျာဉ်အိမ်ရာသို့ပြန်ရောက်သောအခါ ကျိုးဟောင်ကိုယ်ပေါ်ရှိ အနီရောင်မဟူရာလိပ်နတ်ဘုရားချပ်၀တ်မှာ သာမန်အ၀တ်အစားအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။ သူသည် စစ်သေနာပတိချုပ်ကျောက်တို့အား အပြည့်အ၀ကူညီမည် ပြောခဲ့သော်လည်း အက်ကွဲကြောင်းနားရှိ အ‌ရှေ့တန်းအခြေစိုက်စခန်းအကြောင်းကိုတော့ သေချာ မသိရှိသေးပေ။

ကျောင်းကဆရာများက သူတို့အား ထိုအကြောင်းများကို ပြောပြခဲ့ဖူးသည်။ ရှေ့တန်းအခြေစိုက်စခန်းများမှာ မျိုးနွယ်ခြားနှင့် အမှန်တကယ်ထိပ်တိုက်တွေ့‌ရ‌သော စစ်မြေပြင်များဖြစ်သည်။ ကျောင်းရှိ ဌာနမှူးဟောင် မှာ ရှေ့တန်း‌အခြေစိုက်စခန်းမှ အနားယူလာခဲ့သူဖြစ်လေသည်။

ရှေ့တန်းအခြေစိုက်စခန်းများမှာ အသားကြိတ်စက်နှင့်တူလေသည်။ ထိုနေရာတွင် နှစ်တိုင်းကျွမ်းကျင်သူများသေဆုံးကြသလို ကျွမ်းကျင်သူအသစ်များလည်း ပေါ်ထွက်လာတတ်လေသည်။

ရှေ့တန်းအခြေစိုက်စခန်းနှင့် ယှဉ်ရင် ဟွာတုန်းမြို့၊ ဟွာနန်းမြို့ နှင့် ယန်ကျင်း မြို့များသာ ဖန်လှောက်အိမ်ထဲမှ ပန်းလေးတွေလိုဖြစ်နေခဲ့လေသည်။

..............................................................................

အခန်း(၁၂၂) ပြီးပါပြီ။

အခန်း (၁၂၃) : သတင်းကောင်းကြောင့် ဒုက္ခရောက်ခြင်း

ကျိုးဟောင်သည် ကျန်းယိနှင့် ရှုလင် ဒီညလာမည်ကို သတိရသွားလေသည်။ဒါကြောင့် သူချက်ချင်းပင် ဧည့်ခန်းကို ရှင်းလင်းကိုရှင်းလင်းလိုက်ပြီး စူပါမားကတ် သို့သွားကာ အသီးနဲ့ သူ့အ‌ဖေကြိုက်သောအကောင်း‌စားဝိုင်တို့ကို၀ယ်ခဲ့လေသည်။

သူပြင်ဆင်ပြီးနောက် ခဏအကြာတွင် တံခါးဘဲလ်မြည်လာခဲ့‌သောကြောင့် ကျိုးဟောင်ကချက်ချင်းသွားပြီးဖွင်‌လိုက်လေသည်။

ကျိူးဟောင်၏ မျက်လုံးထဲသို့ လှပကျော့ရှင်းစွာ၀တ်ဆင်ထားသော ရှုလင်၏အသွင်အပြင်လေးပေါ်လာခဲ့လေသည်။

သူမ၏ဆံနွယ်များ‌ဆီမှ သင်းပျံ့သောမွေးရနံ့လေးများပျံ့လွှင့်နေပြီး သူမ၏ဆံပင်ရှည်လေးကို ကျောဘက်တွင်ဝဲကာ ချထားပုံက လိပ်ပြာလေးအတောင်ဖြန့်သကဲ့သို့လှပနေခဲ့သည်။

သူမ၏မျက်တောင်လေးများကိုလည်းသေချာကော့ထားခဲ့ပြီး သူမ၏ဝင်းမွတ်တောက်ပနေသော မျက်နှာလေးနှင့် အပ်စပ်နေခဲ့လေသည်။

ကျိုးဟောင်က သူမကို မြင်လိုက်သည်နှင့် မှင်တက်သွားသောအမူအရာဖြစ်သွားခဲ့ပုံကိုကြည့်ပြီး သူမပြုံးမိလိုက်သည်။

" အန်တီနဲ့ အန်ကယ်ရော"

ရှုလင် ဧည့်ခန်းဘက်သို့လှမ်းကြည့်ရင်းမေးလိုက်သည်။

" သူတို့အလုပ်က ပြန်မရောက်သေးဘူး။ လာလာ အထဲလာခဲ့"

ကျိုးဟောင်လည်း သတိပြန်ကပ်လာပြီးနောက် ပြုံးပြီးဖြေလိုက်သည်။

ရှုလင်လည်း ခေါင်းညိတ်ပြလိုက်ပြီး၀င်လာခဲ့သည်။ သူမသည် အ၀င်၀‌တွင်ထားထားသော အိမ်ထဲစီးရန် ဖိနပ်အပါးလေးကိုတွေ့လိုက်သောကြောင့် သူမ၏ ဖိနပ်ကိုချွတ်ကာ လဲလှယ်လိုက်သည်။ ထို့‌နောက် အိမ်ခန်းထဲသို့ ပေါ့ပေါ့ပါးပါး ၀င်လာခဲ့လေသည်။

"ကျိုးဟောင် နင့်အခန်း ဘယ်မှာလဲ"

သူမက မေးလိုက်သည်။

ကျိုးဟောင်က သူ့အခန်းထဲသိုဘ အမြန်ပြေး၀င်ပြီးနောက်ပြန်ဖြေလိုက်သည်။

" ဒီအရှေ့ဆုံး အခန်းက ငါ့အခန်းပဲ"

ရှုလင်က ကျိုးဟောင်၏ အမူအရာကြောင့် ဆတ်ခနဲရန်တွေ့လိုက်သည်။

" နင့်အခန်းက ရှုပ်ပွနေမှာ ငါပြောရဲတယ်။ ဟမ် ဘာလို့ငါတို့ဒီညလာမှ သိရက်နဲ့ သန့်ရှင်းရေးမလုပ်ထားတာလဲ"

" မဟုတ်ဘူး။ ငါကိုယ်တိုင်သန့်ရှင်းရေး‌လုပ်ထားခဲ့တာ"

ကျိုးဟောင်က ရှုလင်ရှေ့တွင် ပိတ်ရပ်ပြီးပြောလိုက်သည်။

ရှုလင်က ဧည့်ခန်းထဲတွင် လျှောက်စူးစမ်းကြည့်နေခဲ့ပြီး ထမင်းစားပွဲနဲ့ ခုံများကို လက်နဲ့ထိကြည့်လိုက်ပြီးပြောလိုက်သည်။

" မဆိုးပါဘူး"

ကျိုးဟောင်သည် ရှုလင် ကျော့ရှင်းသော အလှ‌ကိုကြည့်နေရင်း ပုံရိပ်ယောင်လေ့ကျင့်ရေးတုန်းက ကိုယ်ကြပ်၀တ်စုံနဲ့ ပုံကို ပြန်မြင်ယောင်လာခဲ့ပြီး ရင်ခုန်သံတွေမြန်လာခဲ့လေသည်။ သူသည် ရှုဘင်အနားသို့ကပ်သွားပြီး ပုခုံးပေါ်လက်လေးတင်ကာပြောလိုက်သည်။

" ရှုလင် အခု ငါတို့ ၂ယောက်ဘဲ ရှိတာနော်"

ကျိုးဟောင်ဘာကိုဆိုလိုချင်မှန်း သိသာလေသည်။ရှုလင်လည်း လန့်သွားခဲ့သော်လည်း ရုန်းကန်ခြင်းမပြုခဲသည်မှာ အံ့ဩစရာပင်ဖြစ်သည်။သူမခေါင်းလေးငုံ့သွားပြီး ပါးပြင်လေးများရဲလာပြီးပြောလိုက်သည်။

"နင်.. နင် ဘာလုပ်မလို့စဉ်းစားနေတာလဲ"

ရှုလင်၏ ရှက်သွေးဖြာနေသော မျက်နှာလေးကိုကြည့်ကာ ကျိုးဟောင်လည်း စိတ်မထိန်းနိုင်တော့ဘဲ ခေါင်းငုံကာ သူမအားနမ်းရန်ကြိုးစားလိုက်သည်။

"ကျိုးဟောင် ငါရောက်ပြီ"

သို့သော်လည်း ထိုအခိုက်အတန့်တွင် အိမ်ရှေ့မှ အော်ခေါ်သံတခုကြားလိုက်ရသည်။

ရှုလင်က ကျိုးဟောင်အား ကြောက်လန့်နေသော ယုန်ငယ်လေးသဖွယ်တွန်းထုတ်လိုက်ပြီး ဆိုဖာပေါ်သို့ သွားထိုင်လေသည်။

ကျိုးဟောင်လည်း ပြောစရာစကားမဲ့အောင် စိတ်ညစ်သွားလေသည်။ သူ့မှာ ရှိသမျှသတ္တိအကုန်မွေးပြီး ရှုလင်နားကပ်ခဲ့ရပြီး အခွင့်အရေးရချိန်၌ ကျန်းယိကနှောင့်ယှက်ခဲ့လေပြီ။

ကျိုးဟောင်သည် ဆိုဖာပေါ်တွင်ခေါင်းလေးငုံကာထိုင်နေသော ရှုလင်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

ကျန်းယိက သူတို့နှစ်ယောက်အား အနှောင့်အယှက်ပေးမိခဲ့သည်ကို မသိသေးဘဲ ဧည့်ခန်းထဲသို့ ဝင်လာခဲ့လေသည်။

" အာ ရှုလင် နင်က ရောက်နေပြီလား"

ရှုလင်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ကျန်းယိ မင်းက ငါ့အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး ရှုလင်ထက်နောက်ကျပြီးမှ ရောက်လာတယ်ပေါ့။ မင်းဖိနပ်ကို အိမ်စီးဖိနပ်နဲ့မြန်မြန်လဲစမ်း"

ကျိုးဟောင်ကဒေါသတကြီးပြောလေသည်။

"ငါအိမ်ပြန်ပြီး ပြင်ဆင်နေတာနဲ့ ဘတ်စ်ကားလွှတ်သွားလို့နောက်ကျသွားတာ"

ကျန်းယိက ခေါင်းကုတ်ရင်းပြုံးပြနေခဲ့သည်။

" ကျန်းယိမင်းဘာလို့ အများသုံးဘတ်စ်ကားစီး‌နေ‌ရသေးတာလဲ။ တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပွဲတုန်းက ထိပ်ဆုံးကျောင်းသားဖြစ်ခဲ့လို့ ‌ဆုကြေးအများအပြားရခဲ့တယ်လေ။ ပြီးတော့ မင်းသတ်နိုင်ခဲ့ နတ်ဆိုးသားရဲတွေကိုလည်း မင်းပိုင်နေတာပဲ အဲ့လောက်ချွေတာနေစရာလိုလို့လား"

ကျိုးဟောင်ကချက်ချင်းမေးလိုက်လေသည်။

"ငါ့အတွက် အလေ့အကျင့်လိုဖြစ်ပြီး ကျင့်သားရနေပြီ"

ကျန်းယိက ပြုံးပြီးပြန်ပြောခဲ့သည်။ကျိုးဟောင်လည်း ထပ်မံမတိုက်တွန်းတော့ပေ။အဘယ်ကြောင့်ဆို သူသည် ကျန်းယိအကြောင်းကိုသေချာသိလေသည်။

"အန်တီနဲ့ အန်ကယ်ရော"

ကျိုးဟောင်နဲ့ ရှုလင်နှစ်ယောက်ထဲဖြစ်နေသောကြောင့် ကျန်းယိကမေးလိုက်လေသည်။

"သူတို့ပြန်လာနေကြလောက်ပြီ"

ကျိုးဟောင်က နာရီအား တချက်ကြည့်ပြီးပြောလိုက်လေသည်။ ထို့နောက် သူ့မိဘများထံ ဖုန်းခေါ်လိုက်သည်။

"‌ရှောင်ဟောင်ဘာဖြစ်လို့လဲသားလေး"

ဖုန်းထဲမှ၀မ်ရှုယွင်၏ အသံထွက်လာခဲ့လေသည်။

"အမေ သား အတန်းဖော် ၂ယောက်ဒီနေ့အိမ်လာလည်လို့ပါ။ အမေတို့ပြန်လာရင်း နဲ့ အစားအသောက်လေးနည်းနည်း ပို၀ယ်ခဲ့ပါလား"

ကျိုးဟောင်က ပြုံးပြီးပြောလိုက်သည်။

" ကောင်းပြီလေ။ ဒါနဲ့ ဒီနေ့ အမေတို့ ကုမ္ပဏီမှာ လုပ်စရာလေးတွေရှိလို့နည်းနည်းနောက်ကျမယ်။ သားသူငယ်ချင်းတွေ ဗိုက်ဆာနေမှာစိုးလို့ တခုခုအရင်ထွက်၀ယ်ပြီး ဧည့်ခံထားလိုက်ပါလား"

"ကောင်းပါပြီ အမေ"

ကျိုးဟောင်လည်း ပြန်ပြောလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ကျိုးဟောင်က သူ၀ယ်ထားသော အသီးများကို စားပွဲပေါ်တင်ပေးရင်း ပြောလိုက်သည်။

" မင်းတို့နှစ်ယောက် ဘာစားချင်တာရှိလဲ။ ဗိုက်ထဲဆာနေမှာစိုးလို့ ငါတခုခုသွား၀ယ်ပေးမယ်။ ငါ့မိဘတွေကတော့ဒီနေ့နောက်ကျလိမ့်မယ်"

"ငါအထွေအထူးစားချင်တာတော့မရှိပါဘူး"

ကျန်းယိကခေါင်းခါပြလိုက်သည်။

"ငါရောပဲ"

ရှုလင်လည်း ထိုနည်းလည်းကောင်းပင်။

"မင်းတို့နှစ်ယောက်ကတော့... ထားလိုက်ပါ ငါတခုခုသွားလိုက်ဦးမယ်။ မင်းတို့ ဖုန်းသုံးရင်းစောင့်နေကြ"

ကျိုးဟောင်ကပြောပြီးနောက် လသာဆောင်သို့ထွက်သွားလေသည်။

ရှုလင်လည်း ချက်ချင်းလသာဆောင်သို့ ‌လိုက်လာခဲ့ပြီး သူမ၏သွယ်လျသောလက်ကလေးဖြင့် ကျိုးဟောင်အားလှမ်းဆွဲလိုက်သည်။

" အိမ်ရှေ့တံခါးဖွင့်ထားရက်နဲ့ ဘာလို့ လသာခေါင်ကနေ ခုန်ချပြီးသွားဖို့လုပ်နေတာလဲ။ နင်ကလေ အစွမ်းလေးနည်းနည်းရလာတာနဲ့ ဘ၀င်ကိုလေဟပ်နေတော့တာပဲ"

"နောက်တခါကျမှပဲ အိမ်ရှေ့တံခါးကနေသွားတော့မယ်"

ကျိုးဟောင်က ပြန်ပြောလိုက်ပြီး လသာဆောင်ပေါ်ကနေခုန်ချသွားလေသည်။

ရှုလင်လည်း စိတ်ဆိုးမာန်ဆိုးလေးဖြင့် ဧည့်ခန်းထဲပြန်၀င်လာခဲ့ပြီး ကျိုးဟောင်ချပေးခဲ့သော ပန်းသီးအားယူစားနေလေသည်။

"ကျိုးဟောင်အတွက် တယောက်ယောက်က စီမံပေးဖို့လိုနေခဲ့တာ"

ကျန်းယိ ပြုံးပြီးပြောလိုက်သည်။

"ဟုတ်တယ် သူ့အတွက် ထိန်းကွပ်ပေးမယ့်သူမရှိဖြစ်နေတာ"

ရှုလင်လည်းခေါင်းညိတ်ရင်းပြောလိုက်သည်။

" ရှုလင် နင်ဆိုရင်တော့ သူ့ကို ထိန်းကွပ်ပေးဖို့အတွက် အလိုက်ဖက်ဆုံးသူဖြစ်နိုင်တယ်"

ကျန်းယိက လေးလေးနက်နက်ပြောနေသော်လည်း ပြုံးစိစိဖြစ်နေလေသည်။

ရှုလင်လည်း ပြန်မတုံ့ပြန်နိုင်ဘဲ ခဏလောက် ကြောင်ပြီးကျန်းယိကိုကြည့်နေခဲ့လေသည်။

"ကျန်းယိ နင်လည်း ကျိုးဟောင်လိုမျိုးပေါက်ကရတွေပြောတတ်လာပြီပဲ။ နင်ကများ ငါ့ကိုစရဲတယ်ပေါ့"

" ငါ၀မ်းသာမိလို့ပါ။ ကျိုးဟောင်က သတိလက်လွတ်နေတတ်ပေမဲ့ တကယ်တော့ ပြိုင်ဆိုင်လိုစိတ်ရှိပါတယ်။ သူ့ကအတန်းထဲမှာအဆင့်အောက်ဆုံးမို့ လူတိုင်းက လှောင်ပြောင်ကြသော်လည်း ဘာမှတုံ့ပြန်နေမပဲ တိတ်တဆိတ်ကြိုးစားနေခဲ့တယ်။ ကြိုးစားမှုကအမြဲတမ်း ရလဒ်ကောင်းတွေရတတ်သိလိုပေါ့။ သူလည်းတိုက်ခိုက်ရေးစွမ်းရည်စာမေးပွဲကို ကျော်ဖြတ်နိုင်ခဲ့တယ်လေ"

ကျန်းယိက ချောင်းဟန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြန်ပြောလေသည်။

ရှုလင်မှာ တိတ်ဆိတ်နေခဲ့သည်။ လေ့ကျင့်ရေးအတန်းကကျိုးဟောင်အတွက် အရမ်းခက်ခဲမှန်းသူမသေချာသိလေသည်။ ဘေးပတ်ပတ်လည်တွင် ကိုယ့်ထက်စွမ်းအားသာလွန်သူများဝိုင်းရံနေသောကြောင့် ကျိုးဟောင်အပေါ် ဖိအားအပြင်းအထန်‌ကျရောက်ခဲ့လေသည်။

တခြားကျောင်းသားများသာဆိုရင်တော့ ထိုနေရာတွင်လက်လျော့သွားနိုင်ကြပြီး အနည်းအငယ်လောက်သာ အပြင်းအထန်ကြိုးစားကြမည်ဖြစ်သည်။

ကျိုးဟောင်ကအရမ်းကြိုးစားခဲ့သည်ကို သိသောကြောင့် ခုနက သူမကိုနမ်းဖို့ကြိုးစားစဉ်တွင် မရုန်းကန်ခဲ့ခြင်းဖြစ်လေသည်။

ကြိုးစားနေသူတိုင်းက အားပေးမှုနှင့်ထိုက်တန်လေသည်။ သူမသဘောကျသောသူကိုလည်း သူမသေချာပေါက် နှစ်သိမ့်အားပေးချင်ခဲ့လေသည်။

..............................................................................

အခန်း(၁၂၃) ပြီးပါပြီ။

All Chapters