← Chapters

အခန်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အခန်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အခန်း (၁၂၄) : တခုခုတော့ဖြစ်နေပြီ

သိပ်မကြာခင်မှာပဲ ကျိုးဟောင်သည် အဆာပြေမုန့်အများအပြားနှင့် အိမ်ရှေ့တံခါးမှ ၀င်လာခဲ့လေသည်။

" ကဲ မင်းတို့စားချင်တာသာ ယူစားကြတော့ ငါ တွေ့သမျှအကုန်၀ယ်လာခဲ့တယ်"

ကျိုးဟောင် စားပွဲပေါ်သို့မုန့်များ တင်ပေးရင်းပြောလိုက်သည်။သူပြောနေရင်းနှင့်ပင် ရှုလင်အား ချောကလက်သေတ္တာလေးတခု ကမ်းပေးလိုက်‌လေသည်။

" ရှုလင် မင်း ပန်ဒါ၀က်ဝံပုံစံချောကလက်လေးတွေ ကြိုက်တယ်မှတ်လား။ ငါဒီမှာ မင်းအတွက် သီးသန့်၀ယ်လာခဲ့တယ်"

ရှုလင်က အံ့ဩတကြီးလှမ်းယူလိုက်ပြီး သေချာဖွင့်ကြည့်လိုက်လေသည်။ အထဲမှာ ပန်ဒါပုံစံ ပုံဖော်ထားသော ချောကလက်များကိုတွေ့လိုက်ရလေသည်။

"ကျိုးဟောင် ဒီလို ချောကလက်မျိုးရောင်းတဲ့ စူပါမားကတ်က တမြို့လုံးမှာ တဆိုင်ပဲရှိတာ။ နင် တကူးတက သွားပြီး၀ယ်လာတာလား "

ရှုလင်က ကျိုးဟောင်အား ကြည့်ပြီး ပြောလိုက်သည်။

"ကံကောင်းချင်တော့ စူပါမားကတ်ကသိပ်မဝေးဘူး‌လေ။ ဒါပေမဲ့ သိုင်းပညာရှင်အဆင့်ဖြစ်နေတာတောင် အဲ့ချောကလက်ရဖို့ မလွယ်ကူဘူး။ ဘယ်လိုလဲ ဟပ်ထိသွားလား။ ဟီးဟီး ဆုတွေဘာတွေရော မချတော့ဘူးလား"

ကျိုးဟောင်က ကျီစယ်ပြီးပြောနေခဲ့သည်။

ရှုလင်က စိတ်ထဲကြည်နူးသွားသော်လည်း ကျိုးဟောင်စကားကြောင့် စိတ်ပြောင်းသွားလေသည်။

"ဟုတ်ပြီ"

သူမကပြောပြီးသည်နှင့် ကျိုးဟောင်အားထပြီး ကန်လိုက်သည်။ပြီးနောက်

"ကောင်းပြီ နင့်ရဲ့ကြိုးစားမှုကို ငါအသိအမှတ်ပြုပါတယ်။ ဒီမှာ နင့်အတွက်ဆုလာဘ်" ဆိုပြီးပြောလေသည်။

"အဲ့တာဆို...."

ကျိုးဟောင်က ရှုလင်၏ ရင်ဘတ်အားစိုက်ကြည့်ရင်းပြောလိုက်သည်။

"နင်ဘာတွေစိုက်ကြည့်နေတာလဲ ဘာဖြစ်လို့လဲ...."

ရှုလင်သည် စကားမဆုံးခင်မှာပင် ကျိုးဟောင်၏အကြည့်ကို သဘောပေါက်သွားပြီး မျက်နှာလေးနီရဲလာကာ ရှက်သွားလေသည်။

"ကျိုးဟောင် နင်‌တော်တော်အရှက်မရှိတဲ့ကောင်ပဲ"

ရှုလင်ကဒေါတကြီးပြောပြီး ကျိုးဟောင်ကို လှမ်းဖမ်းလေသည်။ ကျိုးဟောင်လည်း ရှောင်တိမ်းရင်း သူတို့နှစ်ယောက်စားပွဲကို ပတ်ပြီး လိုက်တမ်းပြေးတမ်းဆော့နေကြလေသည်။

ကျန်းယိလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီးခေါင်းယမ်းလိုက်ကာ အဆာပြေမုန့်များစားနေခဲ့လေသည်။

အချိန်အတော်ကြာ ပတ်ပြေးပြီးနောက် သူတို့နှစ်ယောက် ဆိုဖာပေါ်တွင်ထိုင်လိုက်ကြပြီး အဆာပြေမုန့်များစားကြလေသည်။

ထို့နောက် ကျန်းယိ နှင့် ရှုလင်မှာ ကျိုးဟောင် သိုင်းပညာရှင်အဆင့်ရောက်သွားသည့်အကြောင်းကိုပြောနေခဲ့လေသည်။

သူတို့နှစ်ယောက် ကျိုးဟောင်အား စပ်စုနေကြလေသည်။ အမှန်တကယ်တော့ ရှားပါးအရင်းအမြစ်များကိုရရှိသည့်တိုင်အောင် ထိုအရင်းအမြစ်များကို စုပ်ယူရန်အချိန်လိုအပ်လေသည်။ ကျိုးဟောင်မှာ အစက သွေးအနှစ်သာရ ပထမအဆင့်သာရှိသောကြောင့် သူ၏ခန္ဓာမှာ သာမန်အနေအထားသာရှိပြီး စုပ်ယူနိုင်စွမ်းမှာလည်း အရမ်းအားနည်းလေသည်။အချက်ကျကျဆိုရလျှင် အချိန်အနည်းအငယ်အတွင်း ယခုလိုသွေးအနှစ်သာရတတိယအဆင့်ထိရောက်ရန်မလွယ်ကူပေ။

ကျိုးဟောင် က ရှုလင်အဆက်မပြတ်မေးနေသည်များကို မသိချင်ယောင်ဆောင်ပြီး တားလိုက်သည်။ သူတို့၃ယောက်မှာ ည၉နာရီအထိစကားပြောနေကြပြီး အဆာပြေမုန့်များလည်း ကုန်သွားခဲ့လေသည်။

"ကျိုးဟောင် နင့်မိဘတွေဘာလို့ပြန်မလာကြသေးတာလဲ"

ရှုလင်က မနေနိုင်ဘဲမေးလိုက်သည်။

"ဟုတ်တယ် ကျိုးဟောင်။ အန်တီနဲ့ အန်ကယ်ကရုံးမှာ လုပ်စရာရှိရင်တောင် ခုလောက်တော့နောက်မကျတတ်ဘူး။"

ကျန်းယိကလည်း ၀င်ပြောလိုက်သည်။ သူသည် ကျိုးဟောင်၏မိဘများ စောစောပြန်လာတတ်သည်ကို သိလေသည်။

"ငါ့အဖေကိုဖုန်းခေါ်ကြည့်ဦးမယ်"

ကျိုးဟောင်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ထို့နောက် သူကဖုန်းကိုယူလိုက်ပြီး သူ့အဖေနံပါတ်ကိုနှိပ်လိုက်လေသည်။

တီ.....

ဖုန်းက ၁၀ခါလောက်‌ထိမြည်နေခဲ့ပြီး ဘယ်သူမှ မကိုင်ခဲ့ပေ။တဖြန် သူ့အမေကိုထပ်ခေါ်ကြည့်လေလိုက်ပြန်သည်။ သူ့အမေသည်လည်း ဖုန်းမကိုင်ခဲ့ပေ။

"သူတို့ပြန်လာနေတဲ့လမ်းမှာမို့လို့နေမယ်"

ရှုလင်၏ကျိုးဟောင်၏မျက်နှာ၌ စိုးရိမ်မှုများကိုတွေ့သောကြောင့် နှစ်သိမ့်ပေးလိုက်လေသည်။

"ငါ့မိဘတွေက အမြဲရထားစီးပြီးပြန်နေကျ သူတို့အတွက် ဖုန်းကိုင်ဖို့က လွယ်ကူတယ်။ ငါထပ်ခေါ်ကြည့်ဦးမယ်"

ကျိုးဟောင်က ခေါင်းခါပြီး ပြောလိုက်လေသည်။

၁၀မိနစ်ကြာပြီးနောက်...

ကျိုးဟောင်က သူ့မိဘများကို ထပ်ခေါ်ကြည့်ခဲ့သော်လည်း ဘယ်သူမှ မကိုင်ကြပေ။

ကျိူးဟောင်က အံကြိတ်ပြီး မတ်တပ်ထရပ်လိုက်သည်။

"ငါ့မိဘတွေကို သွားရှာမှရမယ်။ သူတို့ တခုခုဖြစ်နေပြီထင်တယ်"

ရှုလင် နဲ့ ကျန်းယိလည်း မတ်တပ်ရပ်လိုက်ကြသည်။

"ကဲ ဒါဆိုလည်း အတူသွားကြမယ်"

"အန်တီတို့ ကုမ္ပဏီကို အရင်သွားကြည့်ကြမယ်"

သူတို့နှစ်ယောက်က အကြံပေးလေသည်။ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့၃ယောက်လည်း ယန်ဥယျာဉ်အိမ်ယာမှ ထွက်လာကြပြီး ကျိုးဟောင်အမေ ၀မ်ရှုယွင်ရှိသော ကျင်းဆေးဝါးကုမ္ပဏီသို့သွားကြလေသည်။

ဟွာတုန်းမြိုတွင်...

ရွှီယန်းရိပ်သာလမ်း‌၏ဘယ်ဘက် ၃လမ်းမြောက်တွင် ကျင်းဆေးဝါးကုမ္ပဏီတည်ရှိလေသည်။

ည ၉နာရီကျော်နေသော်လည်း လမ်းမပေါ်တွင် သွားလာလှုပ်ရှားနေသော အချိန်ပိုဆင်းသည့် အလုပ်သမားများပြည့်နေလေသည်။ သူတို့သည် လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များတွင် စားသောက်နေကြလေသည်။

ကျိုးဟောင်၊ ရှုလင် နှင် ကျန်းယိတို့ရောက်သွားချိန်တွင် စားသောက်ဆိုင်နှင့် လမ်း‌မပေါ်တွင် လူများ ပြည့်နေခဲ့သည်။

" ကျိုးဟောင် အရမ်းစိတ်ပူမနေပါနဲ့ ခုအခြေအနေကိုကြည့်ရတာ အန်တီတို့ အချိန်ပိုဆင်း ‌နေတုန်းဖြစ်မယ်"

ကျန်းယိက ဖြောင်းဖြလိုက်သည်။

"ဟုတ်တယ် ကျိုးဟောင်။ အလုပ်သမားတော်တော်များများ အလုပ်မဆင်းကြသေးပုံထောက်ရင် သူတို့ ဒီည တော်တော် အလုပ်များနေကြလို့ဖြစ်မယ်"

ရှုလင်ကလည်းပြောပြလေသည်။

ကျိုးဟောင်၏ စိတ်ပူနေသော အမူအရာများ အနည်းငယ်ပြေလျော့သွားသည်။ သူတို့ ၃ယောက်မှာ လူအုပ်ကြီးကိုဖြတ်ပြီး ကျင်းဆေးဝါးကုမ္ပဏီအ၀င်၀သို့ရောက်လာခဲ့လေသည်။

အ၀င်၀တွင်ရှိသော လုံခြုံရေးက သူတို့ကိုတားလိုက်သည်။

"မင်းတို့ကျောင်းသားတွေ ဒီမှာ ဘာလုပ်နေကြတာလဲ"

"အမေ အလုပ်ပြန်မလာသေးလို့ တချက်လာကြည့်တာပါ"

ကျိုးဟောင်က ချက်ချင်းပြန်ဖြေလိုက်သည်။

"ဪ ၀န်ထမ်းရဲ့မိသားစု၀င်တွေပေါ့။ မင်းအမေ နာမည်ပြောပြီး ဒီမှာလက်မှတ်ထိုးလိုက်"

အစောင့်လည်းသဘောပေါက်သွားပြီးပြန်ပြောလေသည်။

"ကျွန်တော့်အမေနာမည်က ၀မ်ရှုယွင်ပါ။ ဆေးဖက်၀င်အပင်များဌာနရဲ့တာ၀န်ခံပါ။ "

ကျိုးဟောင်ကပြောပြိီး လက်မှတ်ထိုးလိုက်သည်။

"ဆေးဖက်၀င်အပင်များ ဌာနက ဧရိယာ စီ မှာ အထဲရောက်သွားရင် ပြေးလွှားတာမျိုးမလုပ်ပါနဲ့"

အစောင့်က သူတို့ကို သတိပေးလိုက်သည်။သူတို့၃ယောက်လည်း ခေါင်းညိတ်ပြပြီး အမြန်၀င်လာခဲ့သည်။

သူတို့ဧရိယာ စီ သို့ရောက်ပြီး အထဲသို့ မ၀င်ခင် ပင် ၀န်ထမ်းအချို့၏ တီးတိုးပြောသံများကို ကြားလိုက်ရသည်။

"၀မ်ရှုယွင်က အတော် ကံမကောင်းတာပဲ။ အရင်ကလည်း ကြက်သွေးရောင် သွေးနွယ်ပင်နှင့် ကြံ့ချိုကိုဖျက်စီးမိလိုက်တယ်။ ဒီတခါလည်း ထပ်ပြီး အဝါရောင်ပိုလီယာပန်း ၊ ဂျင်ဆင်းဝိညာဉ်နဲ့ အခြား တန်ဖိုးကြီးဆေးဖက်၀င်အပင်တွေကိုဖျက်စီးလိုက်ပြန်ပြီ"

"ဟုတ်တယ်။အဝါရောင်ပိုလီယာပန်း နဲ့ ဂျင်ဆင်းဝိညာဉ်က အဆင့်မြင့်ဆေးဝါးတွေထုတ်လုပ်ဖို့သုံးတဲ့ဆေးဖက်၀င်အပင်တွေပဲ။ ကြံ့ချိုနဲ့ ကြက်သွေးရောင် သွေးနွယ်ပင်ထက်တောင်ဈေးကြီးတယ်။ ဒီတခါတော့ သူတို့လျော်နိုင်မယ်မထင်ဘူး"

"ဟုတ်တယ်။ သူတို့သေချာပေါက်မလျော်နိုင်လောက်ဘူး။ ဒါ့အပြင် နောက်ကွယ်မှာတခုခုထပ်ဖြစ်နေတယ်လို့လည်းကြားတယ်"

"ဟုတ်လား ဘာကြားတာလဲ ပြောစမ်းပါဦး"

..............................................................................

အခန်း (၁၂၄) ပြီးပါပြီ။

အခန်း (၁၂၅) : သည်းမခံနိုင်သော အနိုင်ကျင့်မှု

"ကြားတာကတော့ ၀မ်ရှုယွင်က ရှားပါးဆေးဖက်၀င်အပင် ၄ပင်ကို ရလာခဲ့ပြီး အဲ့အပင်တခုချင်းစီက ယွမ်၁ သန်းမက တန်ဖိုးရှိတယ်တဲ့။ သူမက အဲ့အပင်တွေကို ဆေးဝါးဌာနကို ဆေးလုံးတွေလုပ်ဖို့အတွက် သန့်စင်ခိုင်းခဲ့တာ ဒါပေမဲ့ ၀န်ကြီး၀မ်က လျှို့ဝှက်ပြီးထိန်းသိမ်းထားဖို့လုပ်ခဲ့တယ်။ အဲ့လိုလုပ်ပုံအရ ၀န်ကြီး၀မ်က တခုခုကိုကြံရွယ်ထားလို့ဖြစ်မယ်"

"မဖြစ်သင့်တာ။ ၀မ်ရှုယွင် ဒီကအလုပ်သမားဟောင်းပဲလေ။ ၀န်ကြီး၀မ်က ဘာလို့သူမကို ဒီလို ပစ်မှတ်ထားနေတာလဲ"

"သန်းပေါင်းများစွာတန်တဲ့ ဆေးဖက်၀င်အပင်တွေရဲ့ဆွဲဆောင်မှုကြောင့် သူမက အဖွဲ့၀င်ဟောင်းဖြစ်နေရင်တောင်မှ အရေးမပါနိုင်တော့ဘူးလေ"

ထိုစကားသံများကိုကြားသောအခါ ကျိုးဟောင်၏အမူအရာမှာ အကျည်းတန်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတခု ပျံ့နှံ့သွားသော်လည်း သူချက်ချင်းစိတ်ပြန်ထိန်းလိုက်သည်။ ထို့နောက် ‌သူ့အသွေးအနှစ်သာရကို လည်ပတ်ပြီး အာရုံခံစွမ်းကိုသာ ဧရိယာ စီ တခုလုံးကို လွှမ်းခြုံလိုက်သည်။

" ငါ့အမေက ခုနှစ်လွှာမှာပဲ"

ထိုသို့ပြောပြီးသည်နှင့် ကျိုးဟောင်မှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ကျန်းယိလည်း ဘာမှ စဉ်းစားမနေဘဲ ‌နောက်က လိုက်လာခဲ့ပြီး ရှုလင်လည်းကပ်ပါလာခဲ့လေသည်။

....

၇လွှာရှိ ကြီးကြပ်ရေးမှူးအခန်းတွင်

၀မ်ရှုယွင် နဲ့ ကျိူးရွှယ်ကောတို့ ၂ယောက်လုံး စိတ်ပျက်နေသောအမူအရာများဖြင့် ဆိုဖာပေါ်တွင်ထိုင်နေကြသည်။

သူတို့ရှေ့က ခပ်၀၀လူကြီး ပြုံးပြီးပြောနေသည်

"၀မ်ရှုယွင် မင်း ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ကြာပြီပဲ။ အမှန်တရားကို လူတိုင်းသိနေတာတော့ ကောင်းပါတယ်။ ဒီအတွက် ကုမ္ပဏီက အဝါရောင်ပိုလိီယာပန်းနဲ့ ဂျင်ဆင်းဝိညာဉ်ရဲ့ ပျက်စီးမှုအတွက် လျော်ကြေးပေးဖို့ မတောင်းဆိုသည့်အပြင် ယွမ် ၃ သန်းတောင် ထပ်ပေးဦးမှာ။ ဒါပေမယ့် မင်းပေးခဲ့တဲ့ ဆေးဖက်ဝင်အပင်လေးမျိုးကိုတော့ မပေးခဲ့ဘူးလို့ ဟန်ဆောင်ရမယ်။ အဲ့လို‌ဆိုဘယ်လိုသဘောရလဲ"

"ကြီးကြပ်ရေးမှူး ကျန်း ရှင် ကျွန်မတို့ကို အနိုင်ကျင့်နေတာလား။ ကျွန်မသားလေးက သူ့အသက်ကို စွန့်စားပြီး တောနက်ဧရိယာထဲကနေ အဲ့အပင်တွေကိုရှာလာခဲ့တာ။ ရှင်က ဘာအကြောင်းကြောင့် ကျွန်မတို့ဆီကနေ အဲ့တာတွေ ယူသွားချင်တာလဲ"

၀မ်ရှုယွင်က ဒေါသတကြီး ထပြောလေသည်။

"ကျွန်မက ကုမ္ပဏီကို ယုံကြည်ပြီး ဆေးဖက်ဝင်အပင်‌တွေကို ဆေးလုံး‌တွေဖန်တီးပေးဖို့ ကုမ္ပဏီကို အပ်ခဲ့တာ။ဒါ့အပြင် ထုတ်လုပ်မှုအတွက် အခကြေးငွေအချို့တောင် ပေးခဲ့သေးတယ်။ နောက်ဆုံးတော့ ငါပေးခဲ့တဲ့ ဆေးဖက်ဝင်အပင်တွေကို မင်းတို့တကယ်ပဲ ကိုယ့်အိတ်ထဲထည့်လိုက်တာပဲ!”

သူမက လေသံမြှင့်ပြီးထပ်ပြောလေသည်။

ကြီးကြပ်ရေးမှူး ကျန်း ၏ အမူအရာ အေးစက်သွား လေသည်။

" ၀မ်ရှုယွင် ၊ ငါ မင်းကို အရင်က ကျိုးကြောင်းဆီလျော်တဲ့ အရာတွေ အများကြီး ပြောခဲ့ဖူးတယ်။ မင်းငါ့စကားကို လုံးလုံးနားမထောင်ဘူးလား ငါပြောပါချင်တာက ကုမ္ပဏီကို ဆန့်ကျင်ရင် မင်းအတွက်ဘာအကျိုးမှရှိမှာမဟုတ်ဘူး။ မင်းလုပ်ခဲ့တဲ့နှစ်တွေအရ ကုမ္ပဏီက မင်းကို ယွမ် ၃ သန်းတောင် ပေးနိုင်တယ်။ မဟုတ်ရင် တစ်ပြားတောင်ရဖို့ မစဉ်းစားနဲ့။ ပြီးတော့ အဝါရောင်ပိုလီယာ ပန်းနှင့် အခြားဆေးဖက်ဝင်အပင်များ၏ ဆုံးရှုံးမှုများအတွက်လည်း လျော်ကြေးပေးရမယ်"

"နင် လွန်သွားပြီ ။ ငါတို့ ဒီအကြောင်းတွေကို ဖော်ထုတ်မှာမကြောက်ဘူးလား"

၀မ်ရှုယွင်က အံကိုကြိတ်ပြီးပြောလိုက်သည်။

"ဖော်ထုတ်မယ်။ မင်းတို့လုပ်နိုင်ရင်လုပ်လိုက်စမ်းပါ။ ကျင်းဆေးဝါးကုမ္ပဏီက တည်ထောင်လာခဲ့ နှစ်တွေကြာလှနေပြီ။ ငါတို့ ဒီလိုအရာတွေနဲ့ပတ်သက်ပြီးလည်း သာဓကတွေ အများကြီးရှိခဲ့ပြီးပြီ။ နင်တို့လောက်လေးကို ကုမ္ပဏီကကြောက်နေမယ်ထင်လို့လား"

ကြီးကြပ်ရေးမှူး ကျန်းက ရီပြီးပြောလိုက်သည်။

ထို့နောက် သူက စိတ်မရှည်သော လေသံဖြင့်ထပ်ပြောလေသည်။

" ၀မ်ရှုယွင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ။ ငါပြောတာကိုနားထောင်ပြီး လက်ခံလိုက်ပါ။ မဟုတ်ရင် အခြေအနေတွေပိုကြီးလာပြီး နင်တို့အသက်‌တွေ ဆုံးရှုံးသွားရလိမ့်မယ်"

ဘုန်း.....

သူ့စကားဆုံးချိန်မှာပဲ ရုံးခန်းတံခါးမှာ ပွင့်ထွက်သွားခဲ့လေသည်။ ပုံရိပ်တခုက ရုတ်တရက်၀င်လာခဲ့ပြီး ကြီးကြပ်ရေးမှူး ကျန်းအရှေ့တွင်ပေါ်လာခဲ့လေသည်။

"မင်း... မင်း ဘယ်သူလဲ"

ရုတ်တရက်ပေါ်လာသော ပုံရိပ်ကြောင့် ကြီးကြပ်ရေးမှူးကျန်းမှာ သရဲမြင်လိုက်သကဲ့သို့ လန့်သွားပြီး ထိုင်ခုံပေါ်သို့ ဖင်ထိုင်ကျသွားလေသည်။

" ရှောင်ဟောင်"

"သား မင်းဘာလို့ ဒီရောက်နေတာလဲ"

၀မ်ရှုယွင် နှင့်ကျိုးရွှယ်ကောတို့မှာလည်း ကျိုးဟောင်ကို မြင်လိုက်ရသောကြောင့် ကြောင်သွားကြလေသည်။

" မင်းက ၀မ်ရှုယွင်တို့ရဲ့သားလား။ ငါကဘယ်သူများလဲဆိုပြီး လန့်တောင်လန့်သွားခဲ့တာပဲ"

ကြီးကြပ်ရေးမှူးကျန်းက ရီပြီးပြောနေလေသည်။

"မင်း ငါ့မိဘတွေကို ခြိမ်းခြောက်နေတာလား"

ကျိုးဟောင်က ကြီးကြပ်ရေးမှူးကျန်းအား စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

"ဘာဖြစ်လဲ မင်းက ကလေးသာသာ...."

သူကနှုတ်ခေါင်းရှုံ့ပြီးပြောနေစဉ်မှာပဲ သူ့အသံမှာ ရပ်တန့်သွားခဲ့သည်။လက်သီးတစုံက သူ့ရင်ဘတ်အားဖောက်ထွင်းနေခဲ့ သူ့၏ခုန်နေသောနှလုံးအား ဆုပ်ကိုင်ထားခဲ့လေသောကြောင့်ဖြစ်သည်။

ဖျစ်....

ကျိုးဟောင်က လက်သီးကိုတင်းကျပ်စွာဆုပ်လိုက်သောအခါ သူ့နှလုံးလည်း တစစီဖြစ်သွားလေသည်။

ကြီးကြပ်ရေးမှူးကျန်း၏ ခန္ဓာ၀၀ကြီးမှာ လဲကျသွားပြီး သွေးများ နေရာအနှံ့စီးဆင်းလာလေသည်။

ထိုအချင်းအရာကို မြင်လိုက်သောအခါ ၀မ်ရှုယွင် နှင့်ကျိုးရွှယ်ကောတို့မှာလည်း မှင်တက်သွားလေသည်။သူတို့သားမှာ လူတယောက်အား သတ်ရဲလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

သူတို့ချက်ချင်းပဲ အသိပြန်၀င်လာပြီး ရှေ့သို့စိုးရိမ်တကြီးတိုးလာကာပြောကြလေသည်။

"သား အမြန်ပြေးတော့ သွား..."

"သား ဘယ်သူမေးမေး ငါက ကြီးကြပ်ရေးမှူးကျန်းကို သတ်ခဲ့တာလို့ပြော။ မင်းနဲ့ဘာမှမဆိုင်လို့လည်းပြော။ကြားလား..."

ကျိုးရွယ်ကောက စိုးရိမ်တကြီးပြောလေသည်။

ထိုနောက်သူသည် ကျန်းယိနှင့် ရှုလင်တို့ဘက်အား ဖျော့တော့စွာ လှည့်ကြည့်ပြီး ပြောလိုက်လေသည်။

"ကျေးဇူးပြု၍ ဒီအကြောင်းကို ဘယ်မှ မပေါက်ကြားပါစေနဲ့။ ငါ့သားက ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး"

ကျိုးဟောင်က သူ့မိဘနှစ်ပါးကို နှစ်သိမ့်နေစဉ်မှာပဲ ရုံးအ၀င်၀မှ စူးစူးဝါးဝါးအော်သံကိုကြားလိုက်ရလေသည်။

အ၀င်၀ တွင် ရပ်နေသော ၀န်ထမ်းမလေး နှစ်ယောက်မှာ ရုန်းရင်းဆန်ခတ်အခြေအနေနှင့် သွေးများကို မြင်ပြီး ကြောက်လန့်နေကြကာ တယောက်ကိုတယောက်ဖက်ထားကြလေသည်။

၀မ်ရှုယွင် နှင့်ကျိုးရွှယ်ကောတို့၏ မျက်နှာများလည်း ဖြူဖျော့သွားပြီး သူတို့တွေးမိလိုက်ကြသည်။

"သွားပြီ အားလုံး ပြီးသွားပြီ"

"သား သေချာမှတ်ထားနော် ငါက ကြီးကြပ်ရေးမှူးကျန်းကို သတ်ခဲ့တာ"

ကျိုးရွှယ်ကော က တတွတ်တွတ်မှာနေခဲ့ပြီး သူ့ဂျာကင်ဖြင့် ကျိူးဟောင်၏ ခန္ဓာကိုယ်မှ သွေးများကိုသုတ်ပေးလေသည်။ ဒါ့အပြင် သူ့လက်တွင်လည်း ကြီးကြပ်ရေးမှူး ကျန်း၏ သွေးများ သုတ်လိမ်းနေခဲ့လေသည်။

" သား အတွင်းခန်းထဲကို အမြန်သွားလိုက်။ အဲ့မှာရေရှိတယ်။ မင်းလက်‌ကသွေးတွေကိုဆေးကြောသန့်စင်လိုက်ပါ"

၀မ်ရှုယွင်ကလည်း မျက်ရည်များဖြင့် စိုးရိမ်တကြီး ပြောလေသည်။

..............................................................................

အခန်း (၁၂၅) ပြီးပါပြီ။

အခန်း (၁၂၆) : သူ့ကိုငါသတ်ခဲ့တာ

ဝှစ်! ဝှစ်!

သူတို့အော်လိုက်သည်နှင့် ၂ထပ်တိုက်အဆောက်အဦးမှ အလုပ်သမားများမှာ အပြေးအလွှားရောက်လာကြလေသည်။

ဆေးဖက်ဝင်ဆေးပင်ဌာနမှ ဝန်ကြီးဝမ်မှာလည်း ကြီးကြပ်ရေးရုံးခန်း၏ဝင်ပေါက်တွင် အလျင်အမြန်ပေါ်လာလေသည်။သူသည် စင်စစ် ကြီးကြပ်ရေးမှူးကျန်းအား ဝမ်ရှုယွင်နှင့်သူ၏ခင်ပွန်းအားခြိမ်းခြောက်ရန် သွေးထိုးခဲ့သူမှာ သူဖြစ်သောကြောင့် ဝမ်ရှုယွင်၏ကိစ္စကို သူအာရုံစိုက်နေခြင်းဖြစ်သည်။

သူရုံးခန်းထဲဝင်လိုက်သည်နှင့် သွေးအိုင်ထဲတွင်လဲနေသော ကြီးကြပ်ရေးမှူးကျန်းအား တွေ့လိုက်ရပြီး မျက်လုံးပြူးသွားလေသည်။

"မင်း မင်း တကယ်ကြီး ကြီးကြပ်ရေးမှူးကျန်းကိုသတ်ရဲတယ်"

ကျိုးရွှယ်ကောမှာ ဝန်ကြီးဝမ်၏အသံကိုကြားပြီး အလျင်အမြန်ပင်လှည့်ကြည့်လိုက်လေသည်။

"ဟုတ်တယ် ငါသူ့ကိုသတ်လိုက်တာ ကြီးကြပ်ရေးမှူးကျန်းကို ငါသတ်လိုက်တာ"

သူသည်အရူးတစ်ယောက်ကဲ့သို့ အော်ပြောလိုက်လေသည်။

ဝမ်ရှုယွင်မှာ အလျင်အမြန်ပင်ကျိုးဟောင်အား သူမနောက်သို့ဆွဲကာ ကွယ်ထားလေသည်။

ဝန်ကြီးဝမ်မှာ ထိုစကားအားကြားသည့်အခါ ဒေါသဖြစ်ရမည့်အစားပြုံးလိုက်လေသည်။

"အရမ်းကောင်းတယ် ဝမ်ရှုယွင်၊ ကျိုးရွှယ်ကော မင်းတို့ကတကယ်သတ္တိရှိတာပဲ ကျင်းဆေးဝါးကုမ္ပဏီထဲမှာတောင် လူသတ်ရဲတယ် မင်းတို့တော့သွားပြီ"

ကျိုးရွှယ်ကောမှာရယ်မောကာ ဆဲရေးလိုက်လေသည်။

"ဝမ်ပိဆိုတဲ့ သုံးစားမရတဲ့လူ တကယ်လို့ငါတို့ထောင်ထဲမှာပဲ ဘဝဆုံးသွားရရင်တောင် မင်းကို ငါတို့ရဲ့ဆေးပင်တွေကိုယူသွားခွင့်မပြုဘူးကွ သေစမ်း"

ကျိုးရွှယ်ကောမှာပြောရင်းပင် အံကြိတ်ကာ အားကုန်သုံးပြီးဝန်ကြီးဝမ်ဆီ ပြေးသွားလေသည်။

အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။

ကျိုးဟောင်မှာလည်း အမြဲတမ်းဘေးကင်းအောင်ပြုမူတတ်သောသူ့အဖေက ဝန်ကြီးဝမ်အားဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့်ထားပေ"

သို့သော်သူ့အဖေသည် ကြီးကြပ်ရေးမှူးကျန်းကိုသတ်ခဲ့သူမှာ သူဖြစ်ကြောင်း လုပ်ရပ်နှင့်သက်သေပြချင်နေကြောင်းကို သူအလျင်အမြန်ပင်သတိဝင်ကာ နားလည်လိုက်လေသည်။

ဘန်း!

ဝန်ကြီးဝမ် မှာသိုင်းပညာရှင်တစ်ယောက်ဖြစ်လေရာ ပြေးဝင်လာသောကျိုးရွှယ်ကောအား အလွယ်တကူရှောင်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာပြောလိုက်လေသည်။

"မင်းငါ့ကိုသတ်နိုင်မယ်လို့ တကယ်ထင်..."

ကြီးကြပ်ရေးမှူးကျန်းလိုပင် သူသည်လည်းစကားတစ်ဝက်တွင် ရပ်တန့်သွားလေသည်။

ဝှစ်! ဝှစ်! ဝှစ်!

အားလုံးမှာ ရှုလင်အားထိတ်လန့်တကြီးကြည့်နေကြလေသည်။

သူမသည်ဝန်ကြီးဝမ်၏လည်ပင်းအား လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ လက်ချောင်းများတွင်အားထည့်လိုက်လေရာ ချက်ချင်းဆိုသလိုပင်ဝန်ကြီးဝမ်၏လည်ပင်းမှ အရိုးကျိုးသံများထွက်ပေါ်လာလေသည်။ သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး အသက်ရှူသံမှာလည်း အလျင်အမြန်ရပ်တန့်သွားလေတော့သည်။

ထိုကိစ္စအားလုံးကိုလုပ်ဆောင်ပြီးနောက် ရှူလင်မှာသူမလက်ကိုပြန်ရုပ်ကာ လက်သုတ်ပဝါတစ်ခုထုတ်ကာ စိတ်အေးလက်အေးဖြင့်လက်သုတ်နေလေသည်။

"ကြီးကြပ်ရေးမှူးကျန်းနဲ့ ဝန်ကြီးဝမ်ကိုသတ်လိုက်တာ ကျွန်မလို့ပဲပြောလိုက်မယ် ဘာပဲဖြစ်ဖြစ်ဒီအမှိုက်တွေကိုဆက်ထားနေလည်း အလကားပဲ ဒါနဲ့ကျွန်မက ရွှီဆေးဝါးကုမ္ပဏီက ဥက္ကဌရှုရဲ့သမီး ရှုလင်ပါ"

"ကျေးဇူးပြုပြီး ခုချက်ချင်းပဲရဲခေါ်လိုက်ပါ"

ထိုအပြောနှင့်အတူ သူမသည်ဝမ်ရှုယွင်အား အလျင်အမြန်ပင်မျက်လုံးနှင့်အချက်ပြလိုက်လေသည်။

ဝမ်ရှုယွင်မှာလည်း သတိပြန်ဝင်လာပြီး ချက်ချင်းပင်ရှုလင်ဆိုလိုချင်သောသဘောအား နားလည်လိုက်လေသည်။

စင်စစ် ဤအခြေအနေမျိုးတွင် ရှုလင်သာ ဤကိစ္စကိုဖြေရှင်းနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ သူမတို့မိသားစုမှာ သာမန်လူတန်းစားမိသားစုပေ။ ရဲတွေရောက်လာသည်နှင့် သူမတို့သေချာပေါက်အဖမ်းခံရပြီး ထောင်ထဲအထည့်ခံရမည်ဖြစ်သည်။

သို့သော် ရှုလင်ကတော့မတူပေ။ သူမသည်ဥက္ကဌရှု၏ သမီးဖြစ်သည်။ ရဲများမှာ သူတို့ဘာမှမလုပ်ခင် ဥက္ကဌရွှီအား အကြောင်းကြားရမည်ဖြစ်သည်။

ဥက္ကဌရှုရောက်လာသည့်အခါ သူတို့ဆွေးနွေးလို့ရပေသည်။

ထိုအကြောင်းအရာအားစဉ်းစားပြီး ဝမ်ရှုယွင်မှာ ချက်ချင်းပင်ရှေ့ကိုပြေးသွားကာ ကျိုးရွှယ်ကောကိုထူပေးပြီး အနားကပ်ကာပြောလိုက်လေသည်။

ကျိုးရွှယ်ကောမှာ ရှုလင်အားကျေးဇူးတင်သောမျက်လုံးများဖြင့်ကြည့်နေလေသည်။ ယခုလိုသေရေးရှင်ရေးအခြေအနေတွင် သူ့သား၏အတန်းဖော်က တကယ်ကြီးသူတို့ရှေ့မှရပ်ကာ သူတို့မိသားစုလွတ်မြောက်ရန် စွန့်စားပြီးလူတစ်ယောက်ကို သတ်လိုက်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ကျိုးဟောင်မှာမလှုပ်မယှက်ရပ်နေပြီး ရှုလင်ကိုသာ မှင်တက်စွာစိုက်ကြည့်နေလေသည်။

သူ့အတွက်က အကယ်၍သူကျင်းဆေးဝါးကုမ္ပဏီတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်လျှင်တောင် ထိုကိစ္စမှာ သူ့မိဘတွေအပေါ်လုံးဝသက်ရောက်မည်မဟုတ်ပေ။

အများဆုံးမှ သူ့သရုပ်မှန်ပေါ်သွားရုံသာရှိသည်။ မည်သို့ပင်ဖြစ်စေ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများက သူ့ကိုကူညီနိုင်မည်ဟု သူယုံကြည်လေသည်။

သို့သော် ရှုလင်ယခုလိုတိုက်ခိုက်လာမည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။

"ငါသဘောကျမိတဲ့လူမမှားဘူးပဲ"

အတိတ်တုန်းက သူရှုလင်ကိုသဘောကျခဲ့သည်မှာ သူမ၏ရုပ်ရည်သွင်ပြင်ကြောင့်ဖြစ်သည်။

သို့သော်ယခုအချိန်တွင် သူရှုလင်အား လုံးဝကိုရင်းနှီးသောသူငယ်ချင်းတစ်ယောက်လို ဆက်ဆံခြင်းဖြစ်သည်။

ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးသွားပြီး ကျန်းယိမှာကျိုးဟောင်ရှေ့ပိတ်ရပ်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။

"ကျိုးဟောင် မလောနဲ့ ဒီလိုအချိန်မျိုးမှာ ရှုလင်တစ်ယောက်ပဲကူညီနိုင်တာ သူ့ကိုစိတ်မပျက်စေနဲ့"

ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်သည်။

"ငါနားလည်ပါတယ် စိတ်မပူပါနဲ့ ငါမလောပါဘူး"

ကျန်းယိမှာ ထိုအခါမှသာသက်ပြင်းချနိုင်လေသည်။

"ဒါဆိုကောင်းတယ် ဒါကရှုလင်အတွက် ဘာမှမဟုတ်ဘူး သူ့ရဲ့ခန္ဓာကိုယ်အနေအထားကိုလည်းမမေ့နဲ့ ပြီးတော့အစကတည်းက မင်းမိဘတွေဆီကဆေးပင်တွေယူသွားတာက ကြီးကြပ်ရေးမှူးကျန်းနဲ့ ဝန်ကြီးဝမ်ပဲ"

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ ရှုလင်ရှေ့သို့လျှောက်သွားပြီး သူမလက်လေးကိုဆွဲလိုက်လေသည်။

"ရှုလင် ကျေးဇူးတင်ပါတယ်"

ရှုလင်မှာ ကျိုးဟောင်၏လက်ကိုပြန်ဆုပ်ကိုင်ကာ ချိုမြိန်စွာပြုံးပြလိုက်လေသည်။

"ကျိုးဟောင် ကျေးဇူးတင်ရမဲ့လူကငါပါ နင့်ကြောင့်သာမဟုတ်ရင် ငါရေခဲကြွက်သားခန္ဓာကိုယ်ကို ရခဲ့မှာမဟုတ်ဘူး"

ထိုအချိန်တွင် အောက်ထပ်ဆီမှ ရဲကားအချက်ပေးသံတစ်ခုထွက်ပေါ်လာလေသည်။

မကြာမီ ရဲအရာရှိအများအပြားမှာ ၇လွှာသို့အလောတကြီးရောက်လာကြလေသည်။

"ဘေးဖယ်ကြ"

ဦးဆောင်လာသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မှ အော်ပြောလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် သူတို့အားဝန်းရံကာစုပြုံနေသောအလုပ်သမားများမှာ လူစုကွဲသွားလေသည်။

သက်လတ်ပိုင်းအရွယ်မှာ လမ်းလျှောက်ဝင်လာပြီးနောက် တံခါးဝတွင်လဲနေသော ဝန်ကြီးဝမ်အားတွေ့လိုက်ရလေရာ ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွားလေသည်။

သို့သော်သူအပေါ်မော့ကြည့်ပြီး ရှုလင်အားမြင်လိုက်ရသောအခါ ကြက်သေသေသွားလေသည်။

"ရှောင်လင် မင်းကဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ"

ရှူလင်မှာပြုံးကာဖြေလိုက်လေသည်။

"ဦးလေးကန်း သူတို့ကိုကျွန်မသတ်လိုက်တာ ကျွန်မလုပ်တာကိုသူတို့အားလုံးမြင်လိုက်တယ်"

....................................................................................

အခန်း (၁၂၆) ပြီးပါပြီ။

All Chapters