← Chapters

အခန်း ၁၂၇-၁၂၉

Vol. 9 Ch. 127-129

အခန်း ၁၂၇-၁၂၉

Vol. 9 Ch. 127-129

အခန်း (၁၂၇) : ချီးမြှင့်ထိုက်သော လုပ်ဆောင်ချက်တစ်ခု

ကန်းဟော်၏အမူအရာမှာ မဲမှောင်သွားပြီး ဘေးရှိအလုပ်သမားများအားကြည့်လိုက်လေရာ အားလုံးသည်ချက်ချင်းခေါင်းညိတ်ပြလာလေသည်။

"အဓိပ္ပာယ်မရှိတာတွေ"

ကန်းဟော်မှာ အော်ပြောလိုက်ကာ ရှုလင်ဆီလျှောက်သွားပြီး ခပ်တိုးတိုးမေးလိုက်လေသည်။

"‌ဒီမှာ ဘာဖြစ်သွားတာလဲ"

ရှူလင်မှာ အလျင်အမြန်ပင် အခြေအနေအားအသေးစိတ်ရှင်းပြလိုက်လေသည်။

ကန်းဟော်မှာသဘောပေါက်သွားပြီးနောက် သူ၏အမူအရာမှာလည်း အတော်လေးပြေလျော့လာလေသည်။

"သဘောပေါက်ပြီ အဲဒီလိုဆို သူတို့သေသင့်တယ် စိတ်မပူနဲ့ ဒီကိစ္စမင်းဦးလေးကန်းရဲ့တာဝန်ထားလိုက် ကြီးကြပ်ရေးမှူးကျန်းနဲ့ ဝန်ကြီးဝမ်က မင်းအတန်းဖော်ရဲ့မိဘတွေဆီကဆေးပင်တွေကိုယူပါတယ် ဆိုတဲ့ သက်သေကိုသာရှာနိုင်ရင် မင်းသူတို့ကိုသတ်ခဲ့တယ်ဆိုရင်တောင် ကိစ္စမရှိဘူး"

"ကျေးဇူးတင်ပါတယ် ဦးလေးကန်း"

ရှုလင်မှာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကား ဆိုလိုက်လေသည်။

"နောက်ကို အလောတကြီးမလုပ်နဲ့"

ကန်းဟော်မှာပြောနေရင်းပင် ဖုန်းထုတ်ကာ ရှုကျန်းကော်အားဖြစ်ကြောင်းကုန်စင်ပြောပြရန် ဖုန်းဆက်နေလေသည်။

တစ်ဖက်ရှိ ရှုကျန်းကော်မှာလည်း မထူးဆန်းသလိုပြောလာလေသည်။

"လောင်ကန်း ခင်ဗျားလုပ်ရမဲ့ဟာကိုသာလုပ် အရင်းအမြစ်တွေကို သေချာပေါက် ဒီလိုအလွဲသုံးစားလုပ်လို့မရဘူး။ ပြီးတော့ကျုပ်ကြားထားတာ ဒီတစ်သုတ်ရဲ့ဆေးဖက်ဝင်အပင်တွေက တောနက်ဧရိယာထဲသွားခဲ့တဲ့ ကျောင်းသားတစ်ယောက်ရလာတာလို့ကြားတယ်"

ကန်းဟော်မှာထိုစကားအားကြားသည့်အခါ ချက်ချင်းပင်စိတ်ဆိုးတကြီးပြောလာလေသည်။

"ဘာရယ် ဒီဝမ်မျိုးရိုးနဲ့ကျန်းမျိုးရိုးက တကယ်ရွံစရာကောင်တွေပဲ သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုက ကျုပ်တို့ဟွာတုန်းမြို့ကိုသုတ်သင်လုနီးပါးဖြစ်ခဲ့လို့ ကျောင်းသားတွေကဒီတောနက်ထဲဝင်ဖို့ အသက်စွန့်ပြီးသွားကြရတာ။ သူတို့အတွက်ကျင့်ကြံရေးအရင်းအမြစ်တွေရှာတွေ့ဖို့ဆိုတာမလွယ်ဘူး။ ဒါကိုသူတို့က တကယ်ကြီးအရင်းအမြစ်တွေကို အလွဲသုံးစားလုပ်တာပဲ"

"စိတ်ချပါ ကျုပ်ဒီကိစ္စကိုမှန်မှန်ကန်ကန်ဖြေရှင်းမှာပါ"

ရှုကျန်းကော်မှာ ခေါင်းညိတ်ပြကာသတိပေးလိုက်လေသည်။

"လောင်ကန်း ခင်ဗျားအာရုံစိုက်ထားမှရမယ် ပြီးတော့စစ်သေနာပတိချုပ်ကျောက်ကိုအကြောင်းကြားတာအကောင်းဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုကို စီနီယာကျိုးက ဖြေရှင်းခဲ့တာ တိတိကျကျပြောရရင် တောနက်ထဲကအရင်းအမြစ်တွေက စီနီယာကျိုးနဲ့သက်ဆိုင်တယ်"

ကန်းဟော်မှာ ချက်ချင်းဆိုသလိုပင် ဤကိစ္စ၏အရေးကြီးမှုကိုသဘောပေါက်သွားပြီးနောက် လေးနက်စွာပြောလိုက်လေသည်။

"သိပါပြီ"

ဖုန်းချပြီးနောက် ဘေးရှိအလုပ်သမားများကိုကြည့်ပြီး ဤကိစ္စ၏အရေးကြီးမှုကို အေးစက်စွာရှင်းပြလိုက်လေသည်။

"ကြီးကြပ်ရေးမှူးကျန်းနဲ့ ဝန်ကြီးဝမ်သေတာတောင်နည်းသေးတယ်။ အားလုံးပဲ သက်သေထွက်ဆိုချက်ကိုဖုံးကွယ်မထားဘဲ အမှန်တိုင်းပြောတာ အကောင်းဆုံးပဲ မဟုတ်ရင် မင်းတို့ပါဒုက္ခရောက်မယ်"

ထိုစကားအားကြားသောအခါ အလုပ်သမားအများအပြားမှာ ထိတ်လန့်သွားကာ အလျင်အမြန်ပြောလာကြလေသည်။

"အရာရှိကန်း ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်ပြောပြနိုင်ပါတယ်"

"ကျွန်တော်ရောပဲ"

"ဝန်ကြီးဝမ်က ကြီးကြပ်ရေးမှူးကျန်းကို ယွမ်တစ်သန်းတောင်ပေးခဲ့တာ ငွေလွှဲမှတ်တမ်းဘယ်မှာထားလဲ ကျွန်တော်သိတယ်"

ရှုလင်မှာထိုစကားအားကြားသောအခါ ပြုံးကာနောက်လှည့်ကြည့်လိုက်လေသည်။ သူမသည်ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်ကိုကြည့်ကာခပ်တိုးတိုးပြောလိုက်သည်ာ

"ဦးလေး၊ အန်တီ အခုအဆင်ပြေသွားပါပြီ"

ကျိုးရွှယ်ကောမှာ ယခုအချိန်အထိမယုံကြည်နိုင်သေးပေ။

"သေချာရဲ့လား"

ရှုလင်မှာခေါင်းညိတ်ပြလိုက်လေသည်။

"ဦးလေး၊ အန်တီ ဝန်ကြီးဝမ်နဲ့ ကြီးကြပ်ရေးမှူးကျန်းအလွဲသုံးစားလုပ်ခဲ့တဲ့ ဆေးဖက်ဝင်အပင်တွေက တောနက်ဧရိယာထဲကရခဲ့တာ။ တောနက်ဧရိယာထဲကအရင်းအမြစ်တွေအားလုံးက တကယ်တော့ သားရဲ‌တွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုကိုဖြေရှင်းခဲ့တဲ့ စီနီယာကျိုးနဲ့သက်ဆိုင်တာ အဲဒါကြောင့် ကြီးကြပ်ရေးမှူးကျန်းနဲ့ ဝန်ကြီးဝမ်က တကယ်တမ်းစီနီယာကျိုးရဲ့ပစ္စည်းတွေကိုအလွဲသုံးစားလုပ်ခဲ့တာပဲ။ ဒီလိုပြစ်မှုမျိုးကအရမ်းကြီးတယ် သူတို့အတွက်သေတာထက်ဆိုးတဲ့ ပြစ်ဒဏ်အပေးခံရတာမျိုးတောင် ဖြစ်နိုင်တယ်"

"အဲဒါကြောင့်သူတို့ကိုသတ်တာကအပြစ်တစ်ခုမဟုတ်ဘဲနဲ့ ချီးမြှင့်ထိုက်တဲ့လုပ်ဆောင်ချက်တစ်ခုပဲ"

ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်မှာ ချက်ချင်းပင်ကြက်သေသေသွားကြလေသည်။

ဤပြဿနာအား ဤမျှအလွယ်တကူရှင်းလင်းနိုင်ကြောင်း သူတို့မသိခဲ့ပေ။

ရှုလင်ပြောခဲ့သည့်အတိုင်းပင်။

ကန်းဟော်မှာ ကျင်းဆေးဝါးကုမ္ပဏီတွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီးအဖွဲ့အစည်းအားအကြောင်းကြားပြီးနောက် အဖွဲ့အစည်းမှာချက်ချင်းပင် ဤကိစ္စကိုအရေးကြီးကိစ္စအဖြစ်သတ်မှတ်လိုက်ကာ မြို့တော်ဝန်ထံပင် အကြောင်းကြားလိုက်လေသည်။

နာရီဝက်အတွင်းမှာပင် မြို့တော်ဝန်၊ အဖွဲ့အစည်းခေါင်းဆောင်နှင့် အခြားသူများမှာကျင်းဆေးဝါးကုမ္ပဏီဆီ အလောတကြီးရောက်လာကြလေသည်။

မကြာမီမှာပင် ခေါင်းဆောင်များ၊ စစ်သားများဖြင့် ၇လွှာ၏စင်္ကြံလမ်းတွင်ပြည့်နှက်သွားလေသည်။

မြို့တော်ဝန်၏နဖူးတွင် ချွေးသီးချွေးပေါက်များဖြင့်ပြည့်နေကာ တစ်ချိန်လုံးအလျင်လိုနေမှန်းသိသာပေသည်။

သူသည် ကန်းဟော်၏အရှေ့သို့လျှောက်လာပြီး ချီးကျူးလိုက်လေသည်။

"လောင်ကန်း ခင်ဗျားကအခုထိအားအကိုးရဆုံးလူဖြစ်နေတုန်းပဲ။ ခင်ဗျားစစ်သေနာပတိချုပ်ကျောက်ကိုအရင်အကြောင်းမကြားခဲ့လို့တော်သေးတယ် တကယ်လို့ ဒီကိစ္စကိုခင်ဗျားသေချာမကိုင်တွယ်တာကိုသာ စစ်သေနာပတိချုပ်ကျောက်သိသွားရင် ခင်ဗျားရဲ့အဖွဲ့အစည်းတင်အပြစ်တင်ခံရမှာမဟုတ်ဘူး ကျုပ်တို့မြို့ပါအပြစ်တင်ခံရမှာ"

"တောနက်ဧရိယာထဲကရလာတဲ့အရင်းအမြစ်တွေကို အလွဲသုံးစားလုပ်တာက ကိစ္စကြီး‌ပဲ ပြီးတော့စစ်သေနာပတိချုပ်ကျောက်က သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုနောက်ပိုင်း မြို့တော်အစည်းအဝေးမှာ တောနက်ဧရိယာထဲကရလာတဲ့အရင်းအမြစ်တွေကို အလွဲသုံးစားလုပ်နေတဲ့ ဘယ်သိုင်းပညာရှင်၊ ဘယ်ကုမ္ပဏီ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကိုမှ လုံးဝသည်းခံလို့မဖြစ်ဘူးလို့ ထပ်တလဲလဲအလေးအနက်ပြောနေတာ"

အဖွဲ့အစည်းခေါင်းဆောင်မှာလည်း အလျင်အမြန်ခေါင်းညိတ်လိုက်လေသည်။

"ကျင်းဆေးဝါးကုမ္ပဏီမှာ ဒီလိုကိစ္စမျိုးဖြစ်လိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး"

မြို့ခေါင်းဆောင်မှမေးလိုက်လေသည်။

"နစ်နာသူမိသားစုရော ဘယ်လိုနေလဲ"

"သူတို့အဆင်ပြေပါတယ် နည်းနည်းလောက်စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ရုံပါ"

ကန်းဟော်မှာ အလျင်အမြန်ပင်ပြောလိုက်လေသည်။

ထိုစကားအားကြားသောအခါ အဖွဲ့အစည်းခေါင်းဆောင်နှင့် မြို့တော်ဝန်မှာ ရုံးခန်းထဲသို့အမြန်ဝင်သွားလေသည်။ ဝန်ကြီးဝမ်နှင့် ကြီးကြပ်ရေးမှူးကျန်းတို့၏ အလောင်းများကိုတော့ အစောကတည်းကသယ်သွားပြီဖြစ်သည်။

ဤကိစ္စကို မဖြေရှင်းရသေးသောကြောင့် ဝမ်ရှုယွင်၊ ကျိုးရွှယ်ကောနှင့် အခြားလူများမှာ ဆိုဖာပေါ်တွင်ထိုင်နေကြဆဲပင်။

"အာ မြို့တော်ဝန်...."

ရုပ်သံလိုင်းတွင်မကြာခဏပါလာတတ်သော အရေးကြီးပုဂ္ဂိုလ်အားမြင်လိုက်ရသောအခါ ဝမ်ရှုယွင်နှင့် ကျိုးရွှယ်ကောတို့မှာထိတ်လန့်ပြီး မတ်တတ်ထရပ်လိုက်ကြလေသည်။

မြို့တော်ဝန်မှာရှေ့တိုးသွားပြီး ကျိုးရွှယ်ကော၏လက်ကိုကိုင်ကာဖော်ရွေစွာ ပြောလိုက်လေသည်။

"ခင်ဗျားတို့ကိုခက်ခဲစေမိတာ တောင်းပန်ပါတယ် ကျင်းဆေးဝါးကုမ္ပဏီကဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ကျွန်တော့်အလုပ်ကိုကောင်းကောင်းမလုပ်နိုင်တာ ကျွန်တော့်အမှားပါ။ စိတ်ချပါ ဒီကိစ္စကိုမှန်မှန်ကန်ကန်ဖြေရှင်းဖို့ ကျွန်တော်အဖွဲ့အစည်းကို အမိန့်ပေးထားပြီးပါပြီ။ ကျွန်တော်သေချာပေါက်ဒီကိစ္စကိုခင်ဗျားတို့ ၂ယောက်လုံးကျေနပ်မဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးမှာပါ"

အဖွဲ့အစည်းခေါင်းဆောင်မှာ ရှေ့လျှောက်လာကာချက်ချင်းပြောလိုက်လေသည်။

"စိတ်ချပါ ကျွန်တော်ကအဖွဲ့အစည်းရဲ့ခေါင်းဆောင်ပါ တကယ်လို့လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကိုပြောပါ"

ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်မှာ ဘာပြန်ပြောရမလဲမသိဖြစ်နေလေရာ ရှူလင်မှထရပ်ကာပြန်ပြောလိုက်လေသည်။

"မြို့တော်ဝန်နဲ့ခေါင်းဆောင် အရမ်းအားနာနေပါပြီ ကျင်းဆေးဝါးကုမ္ပဏီကိုတည်ထောင်ထားတာ ဒီလောက်နှစ်တွေကြာလှပြီ ဝန်ကြီးဝမ်နဲ့ကြီးကြပ်ရေးမှူးကျန်းလိုမျိုး ကပ်ပါးကောင်တွေရှိတတ်တာကပုံမှန်ပါပဲ။ ကံကောင်းလို့ ကျွန်မတို့ဒီတစ်ခေါက် ဒီကိစ္စကိုစောစောသိသွားတာ။ ဒါပေမဲ့သူတို့ဒီလိုကိစ္စမျိုးလုပ်တာ ဒါပထမဆုံးအကြိမ်တော့မဟုတ်လောက်ဘူးလို့ထင်တယ်။ အဲဒါကြောင့် ခေါင်းဆောင်နဲ့မြို့တော်ဝန်တို့ ကျင်းမိသားစုဆေးဝါးကုမ္ပဏီကို သေချာစစ်‌ဆေးပြီး အလုပ်သမားတွေအတွက်တရားမျှတမှုရှာပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

....................................................................................

အခန်း (၁၂၇) ပြီးပါပြီ။

အခန်း (၁၂၈) : နစ်နာကြေးကမလုံလောက်ဘူး

မြို့တော်ဝန်မှာ ရှုလင်အားအံ့ဩတကြီးကြည့်နေလေသည်။

"ဒါက......"

ကန်းဟော်မှာအလျင်အမြန်ပင်ရှေ့တိုးကာပြောလိုက်လေသည်။

"ဒါက ရှုမိသားစုဆေးဝါးကုမ္ပဏီက ဥက္ကဌရှုရဲ့သမီး ရှုလင်ပါ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရေခဲကြွက်သားခန္ဓာကိုယ်ကိုအသက်သွင်းထားတာ"

"ဒီတော့သူက ဥက္ကဌရှုရဲ့သမီးပေါ့ သူ့မှာဒီလိုထူးချွန်တဲ့အရှိန်အဝါမျိုးရှိနေတာ မထူးဆန်းတော့ပါဘူး"

"ဟုတ်တယ် ရေခဲကြွက်သားခန္ဓာကိုယ်ကိုအသက်သွင်းဖို့ဆို သူ့အရှိန်အဝါကထူးကဲနေမှရမှာ"

"ကျုပ်ကြားတာတော့ ဒီကပ်ပါးကောင်တွေကိုသတ်ခဲ့တဲ့လူက မိန်းကလေးရှုတဲ့ သူကတကယ်ယောက်ျားတွေနဲ့တောင် ရင်ဘောင်တန်းနိုင်တာပဲ"

ခေါင်းဆောင်အဖွဲ့နှင့်သူတို့နောက်ရှိစစ်သားများမှာ ရှုလင်အားချီးကျူးနေကြလေသည်။

မြို့တော်ဝန်နှင့်အဖွဲ့အစည်းခေါင်းဆောင်မှာလည်း ပြောလာလေသည်။

"ရှောင်လင် စိတ်မပူပါနဲ့ ကျင်းဆေးဝါးကုမ္ပဏီကို ငါတို့သေချာပေါက်ကောင်းကောင်းစစ်ဆေးမှာပါ"

သူတို့စကားဆုံးသည်နှင့် ကျင်းဆေးဝါးကုမ္ပဏီ၏ဒါရိုက်တာများနှင့် အထက်လူကြီးများမှာ အပြေးအလွှားရောက်လာလေသည်။

သူတို့သည်ရုံးခန်းထဲရောက်သည်နှင့် မျက်နှာပေါ်ရှိချွေးများကို အဆက်မပြတ်သုတ်နေကြလေသည်။ ခေါင်းဆောင်အဖွဲ့ကိုတွေ့သောအခါ လန့်လွန်း၍နှလုံးများပင်တုန်လာလေသည်။

"မြို့တော်ဝန်၊ ခေါင်းဆောင် ဒီကိစ္စကအားလုံးကျွန်တော်တို့ ကျင်းဆေးဝါးကုမ္ပဏီကအထက်လူကြီးတွေရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်တာပါ ခေါင်းဆောင်တို့ စိတ်မပူပါနဲ့ ကျွန်တော်တို့ချက်ချင်းပဲ ရှင်းလင်းရေးလုပ်ပြီး သိုးမဲတွေကိုရှာထုတ်ပါ့မယ်"

ရှုလင်မှာ ထိုစကားအားကြားသောအခါ သရော်လိုက်လေသည်။

"ဒီလိုကပ်ပါးကောင်တွေကိုရှာရုံနဲ့လုံလောက်ပြီလား နစ်နာသူတွေရဲ့ဆုံးရှုံးမှုအတွက် နစ်နာကြေးကရော"

တီ တီ.....

ရုတ်တရက် မြို့တော်ဝန်၏ဖုန်းမှအသံထွက်လာလေသည်။

မြို့တော်ဝန်သည် ဖုန်းနံပါတ်ကိုကြည့်ပြီးနောက် အမူအရာမှာ လေးနက်သွားပြီး ဖုန်းကိုင်လိုက်လေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်ကျင်းဆေးဝါးကုမ္ပဏီမှာပါ....စိတ်ချပါ ဆေးပင်တွေကိုအလွဲသုံးစားလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်သေချာပေါက် ကုမ္ပဏီကိုပြင်းပြင်းထန်ထန်အပြစ်ပေးမှာ သူတို့ကိုအလွတ်မပေးပါဘူး"

ဖုန်းချပြီးနောက် ကျင်းမိသားစုဆေးဝါးကုမ္ပဏီ၏ ရာထူးကြီးပုဂ္ဂိုလ်များကို ခြိမ်းခြောက်သလိုအကြည့်နှင့်ကြည့်လိုက်လေသည်။

"စစ်သေနာပတိချုပ်ကျောက်လည်း ဒီကိစ္စကိုကြားပြီးပြီ မင်းတို့ကျင်းဆေးဝါးကုမ္ပဏီကဒီလိုအပြစ်မျိုးကျူးလွန်ရဲတာကို သူအရမ်းဒေါသထွက်နေတယ် မင်းတို့တွေဒါကအရမ်းမလေးစားလွန်းတာပဲ"

"ငါတို့ဘက်ကမင်းတို့ကုမ္ပဏီအရင်ပိတ်ချပြီး ပြောင်းလဲစရာရှိတာပြောင်းလဲမယ် ငါတို့ကိစ္စတွေကိုဖြေရှင်းပြီးသွားရင် မင်းတို့ဒီလုပ်ငန်းကိုဆက်လုပ်ဖို့ လျှောက်လွှာတင်လို့ရတယ် ပြီးတော့နစ်နာသူတွေကိုလည်း သူတို့ရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရမယ်"

ကျင်းဆေးဝါးကုမ္ပဏီမှရာထူကြီးပုဂ္ဂိုလ်များမှာ ငိုတော့မလိုဖြစ်နေပြီဖြစ်သည်။ ကုမ္ပဏီအားပိတ်ချပြီး ပြုပြင်ပြောင်းလဲမည့်ကိစ္စမှာ ဆုံးရှုံးမှုအလွန်များပြားလှပေရာ တစ်နေ့လျှင် ယွမ်၁၀သန်းကျော်နီးပါးကုန်ကျမည်ဖြစ်မည်။

"မြို့တော်ဝန်၊ အဖွဲ့အစည်းခေါင်းဆောင် ကျွန်တော်တို့သေချာပေါက် လိုအပ်တဲ့အတိုင်းပြုပြင်ပြောင်းလဲပေးပါ့မယ် ဒါပေမဲ့ ခြွင်းချက်တစ်ခုတော့ထားပေးပါ။ ကုမ္ပဏီကိုပိတ်ချလိုက်လို့တော့မရပါဘူး အလုပ်သမားထောင်နဲ့ချီ အလုပ်လုပ်ပြီး နေထိုင်စားသောက်ရဦးမယ်မလား"

"ဟုတ်ပါတယ် ကုမ္ပဏီပိတ်သွားတာနဲ့ ထောင်နဲ့ချီတဲ့အလုပ်သမားတွေရဲ့ဘဝတွေကို ဘယ်လိုလုပ်ကြမလဲ"

"အလုပ်သမားထောင်ချီဆိုတာ မိသားစုထောင်ချီနဲ့အတူတူပဲ သူတို့ဘဝတွေက အရေးကြီးဆုံးပါပဲ"

မြို့တော်ဝန်နှင့် အဖွဲ့အစည်းခေါင်းဆောင်မှာ ထိုစကားအားကြားသောအခါမျက်မှောင်ကြုတ်သွားလေသည်။

ထိုအချိန်တွင် ကျိုးဟောင်သည်ကြိုးမဲ့ချန်နယ်မှတစ်ဆင့် ကျောက်ကျိုက်ထံမှသတင်းရလိုက်လေရာ သူသည်ချက်ချင်းပင်စာပြန်ပို့လိုက်လေသည်။

"မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် ပြီးတော့နစ်နာကြေးနဲ့ပတ်သက်ပြီး သေချာပေါက်နစ်နာသူမိသားစုဝင်တွေ စိတ်ကျေနပ်မှရမယ်"

စစ်သေနာပတိချုပ်ကျောက်မှာ ထိုစာအားမြင်လိုက်သောအခါ အလျင်အမြန်ပင်မြို့တော်ဝန်ထံပြန်ပို့လိုက်လေသည်။

မြို့တော်ဝန်သည် ထိုစကားအား လုံးဝလျစ်လျူမရှုဝံ့ပေ။ သူကျင်းဆေးဝါးကုမ္ပဏီရှိ ရာထူးကြီးပုဂ္ဂိုလ်များကိုကြည့်ကာ အာဏာသုံးပြီးပြောလိုက်လေသည်။

"ငါတို့အရင်ဆုံး ကုမ္ပဏီကိုတစ်ရက်ပိတ်ပြီး သူတို့လိုကပ်ပါးကောင်တွေကိုရှင်းပစ်မယ်။ မြို့တော်အဖွဲ့နဲ့အဖွဲ့အစည်းက ဒီကိစ္စကိုအနီးကပ် ကြီးကြပ်လိမ့်မယ်။ မင်းတို့တွေလည်း နစ်နာသူတွေကျေနပ်လောက်မဲ့နစ်နာကြေးမျိုး ပေးရမယ် မဟုတ်လို့ကတော့ မင်းတို့ကုမ္ပဏီကို တစ်သက်လုံးပိတ်ရမယ်လို့မှတ်ထားလိုက်"

ထိုစကားအားကြားသောအခါ ကျင်းဆေးဝါးကုမ္ပဏီ၏ ရာထူးကြီးပုဂ္ဂိုလ်များ၏မျက်လုံးများမှာ အရောင်တောက်သွားလေတော့သည်။

သူတို့သည် ဦးနှောက်မရှိသူများမဟုတ်ပေ။ မြို့တော်ဝန်၏သဘောထားပြောင်းလဲသွားပုံအရ နစ်နာသူများ၏ဆုံးရှုံးမှုအတွက်ပေးရမည့် နစ်နာကြေးကအရေးအကြီးဆုံးဖြစ်ပုံရသည်။ ကုမ္ပဏီပိတ်သည့်ကိစ္စနှင့် ပြောင်းလဲမည့်ကိစ္စနှင့် ပတ်သက်၍တော့ ဆွေးနွေးစရာ မကျန်တော့ပေ။

ကုမ္ပဏီဥက္ကဌမှာအံကြိတ်ကာ ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင် ရှေ့တွင်ဒူးထောက်လိုက်လေသည်။

"ဝမ်ရှုယွင် ကုမ္ပဏီဘက်ကခင်ဗျားကိုအကြပ်ကိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြည့်အဝတာဝန်ယူပါတယ် ဒီလိုဆိုရင်ရော ကုမ္ပဏီရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်းကို လျော်ကြေးအနေနဲ့ပေးပါ့မယ် ဒါကိုစိတ်ကျေနပ်မှုရှိရဲ့လား"

"ဘာ ကျင်းဆေးဝါးကုမ္ပဏီရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်း"

ရာထူးကြီးပုဂ္ဂိုလ်များနှင့် ရှယ်ယာရှင်များသာမက ဝမ်ရှုယွင်နှင့် ကျိုးရွှယ်ကောတို့မှာလည်း ကြက်သေသေသွားလေသည်။

ကျင်းဆေးဝါးကုမ္ပဏီမှာ ရှုဆေးဝါးကုမ္ပဏီဖြင့်မယှဉ်နိုင်ဘူးဆိုသော်လည်း ၎င်းမှာ ဟွာတုန်းမြို့ရှိထိပ်တန်းဆေးဝါးကုမ္ပဏီ ၁၀ခုထဲမှ တစ်ခုဖြစ်ပေရာ ၎င်း၏ရှယ်ယာ ၁၀ရာခိုင်နှုန်းအားပိုင်ဆိုင်ရသည်ဆိုသည်မှာ ကြီးမားသောအကျိုးအမြတ်ပင်ဖြစ်သည်။

ဘန်း! ဘန်း! ဘန်း!

အခြားရှယ်ယာရှင်များမှာလည်း အခြေအနေကိုနားလည်ကာ ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်ရှေ့တွင် ဒူးထောက်လိုက်ကြလေသည်။

"ကုမ္ပဏီပိတ်လို့မဖြစ်ဘူး လုပ်ဖော်ကိုင်ဖက်ဝမ်ရှုယွင် ခင်ဗျားလည်းကုမ္ပဏီရဲ့လူဟောင်းတစ်ယောက်ပဲ ဒီလောက်လုပ်ဖော်ကိုင်ဖက်တွေအများကြီး အလုပ်လက်မဲ့ဖြစ်သွားမှာကို ခင်ဗျားထိုင်ကြည့်နေနိုင်လို့လား"

"လုပ်ဖော်ကိုင်ဖက်ဝမ်ရှုယွင် လူပေါင်းထောင်ချီက ရပ်တည်နေထိုင်ဖို့ကုမ္ပဏီကိုမှီခိုနေရတာ ခင်ဗျားလည်းသူတို့ကိုကိုယ်ချင်းစာမှာပါ တကယ်လို့ကုမ္ပဏီပိတ်လိုက်ရရင် မိသားစုတွေအများကြီး ဘဝပျက်ရလိမ့်မယ်"

ဝမ်ရှုယွင်မှာတိတ်ဆိတ်နေလေသည်။ ကုမ္ပဏီတစ်ခုပိတ်သောအခါဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်ကိုသူမ သိပေသည်။ အကယ်၍သူမသားကြောင့်သာမဟုတ်ပါက သူမ၏ကုမ္ပဏီပိတ်လိုက်ရသည့်ကိစ္စ၌ သူမမိသားစုအပေါ်သက်ရောက်မှုမှာအလွန်ကြီးမည်ဖြစ်သည်။ ရက်ပိုင်းလောက်ဆိုလျှင်တောင် အကျိုးဆက်များမှာ မတွေးရဲစရာပေ။

ထိုကိစ္စအားတွေးမိသောအခါ သူမသည်ကြိတ်ကာသက်ပြင်းချလိုက်လေသည်။

သို့သော် သူမစကားပြောတော့မည့်အချိန်မှာပင် ကျိုးဟောင်၏အသံထွက်ပေါ်လာလေသည်။

"၂၀ ရာခိုင်နှုန်း"

ရုံးခန်းတစ်ခုလုံးမှာ ချက်ချင်းပင်တိတ်ဆိတ်သွားလေသည်။

...................................................................................

အခန်း (၁၂၈) ပြီးပါပြီ။

အခန်း (၁၂၉) : ညတွင်းချင်း ချမ်းသာလာခြင်း

ရုတ်တရက်ကျရောက်လာသောကပ်ဆိုးကြီးဖြစ်ပွားပြီးနောက်ပိုင်း ဆေးဝါးနယ်ပယ်မှာ ပိုက်ဆံအများဆုံးရှာနိုင်သောနယ်ပယ်ဖြစ်လာလေသည်။ လူဦးရေအတော်အတန်ရှိသော မြို့တစ်ခုရှိ အမြတ်အနည်းဆုံးဆေးဝါးကုမ္ပဏီတစ်ခုတောင် အနည်းဆုံး ၁လကိုယွမ် ၁၀သန်း ရှာနိုင်ပေသည်။

ထိပ်တန်းကုမ္ပဏီ ၁၀ခုစာရင်းဝင်သော ကျင်းဆေးဝါးကုမ္ပဏီဆိုလျှင် ၎င်း၏လစဉ်အမြတ်မှာ ဘီလီယံ တစ်နည်း၁၀ဘီလီယံကျော်ထိ ရှိပေသည်။

ထို့ကြောင့် ကျင်းဆေးဝါးကုမ္ပဏီ၏ဥက္ကဌမှာ ရှယ်ယာ ၁၀ရာခိုင်နှုန်း‌ပေးလိုက်ရရုံဖြင့်ပင် ရင်ကွဲနေပြီဖြစ်သည်။ ၎င်းမှာသူ့အသားအား ဓားဖြင့်လှီးနေသည်နှင့်မခြားပေ။ အဆုံးသတ်တွင် ကျိုးဟောင်မှာတကယ်ကြီး ၂၀ ရာခိုင်နှုန်းအားတောင်းဆိုလာလေသည်။ ၎င်းမှာဥက္ကဌနှင့်ရှယ်ယာရှင်များ၏အရိုးအား ဖြတ်ထုတ်နေသလိုပင်။

"မရဘူး"

"၂၀ ရာခိုင်နှုန်းကအရမ်းများလွန်းတယ် ငါတို့ရှယ်ယာရှင်တွေကြားမှာ ရှယ်ယာအများဆုံးပိုင်တဲ့လူတောင် ၃၅ ရာခိုင်နှုန်းပဲရှိတာ"

"ဟုတ်တယ် ၂၀ရာခိုင်နှုန်းသာဆို သူတို့ကဒုတိယအကြီးဆုံးရှယ်ယာရှင်တွေဖြစ်လာမှာ သူတို့တောင်းဆိုတာအရမ်းများသွားပြီ"

ရှယ်ယာရှင်အဖွဲ့မှာ ချက်ချင်းပင်ခေါင်းယမ်းကာ အော်ဟစ်လာကြလေသည်။

အကယ်၍ သူတို့ရှယ်ယာ ၁၀ရာခိုင်နှုန်းသာပေးရမည်ဆိုပါက အံကြိတ်ပြီးပေးလိုက်ဦးမည်ဖြစ်သည်။ သို့သော် ၂၀ရာခိုင်နှုန်းပေးရမည်ဆိုပါက သူတို့အတွက်ဆုံးရှုံးမှုများမည်မှာ သေချာပေသည်။

ကျိုးဟောင်မှာပြုံးပြီးတည်ငြိမ်စွာပြောလိုက်သည်။

"အားလုံးက နစ်နာကြေးမပေးချင်ဘူးဆိုမှတော့ ကုမ္ပဏီကိုပိတ်ပြီးတော့ ပြုပြင်ပြောင်းလဲစရာရှိတာပြောင်းလဲရတာပေါ့ ကြာမဲ့အချိန်အတိုင်းအတာအတိအကျကတော့ မြို့တော်ဝန်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်မှာပေါ့"

မြို့တော်ဝန်မှာ ကျိုးဟောင်ဘယ်သူမှန်းမသိလေရာ မတွေးဘဲပြောလိုက်လေသည်။

"ဒီကိစ္စကို ငါဆုံးဖြတ်ပေးလို့မရဘူး စစ်သေနာပတိချုပ်ကျောက်ကိုပဲ ဆုံးဖြတ်ချက်ချခိုင်းလိုက်တာပေါ့"

မြို့တော်ဝန်မှာ တာဝန်ဟူသော ဝန်ထုပ်ဝန်ပိုးကို ခေါင်းရှောင်ချင်နေပုံရသည်။

ကျင်းဆေးဝါးကုမ္ပဏီမှ ဥက္ကဌနှင့်ရှယ်ယာရှင်များ၏ အမူအရာမှာလည်း သိသိသာသာကိုပြောင်းလဲသွားလေသည်။

စစ်သေနာပတိချုပ်ကျောက်၏ရက်စက်သော ပင်ကိုစရိုက်ကို သူတို့ကောင်းစွာသိပေသည်။ အထူးသဖြင့် သူတို့လိုဆေးဝါးကုမ္ပဏီတွေနှင့် ပတ်သက်လာသည့်အချိန်တွင်ဖြစ်သည်။ သူသည်သူတို့နှင့်ပတ်သက်ပြီး မကျေနပ်နေသည်မှာကြာပြီဟုပြောလို့ရသည်။ အကယ်၍ သူ့ကိုသာဆုံးဖြတ်ချက်ချခွင့်ပေးလိုက်ပါက ကျင်းဆေးဝါးကုမ္ပဏီမှာ အချိန်အကန့်အသတ်မရှိပိတ်ခံရနိုင်ပေသည်။

"ကောင်းပြီ ကျုပ်တို့လက်ခံတယ်"

ကျင်းဆေးဝါးကုမ္ပဏီ၏ဥက္ကဌမှာ ငိုတော့မလိုမျက်နှာနှင့်ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

အခြားရှယ်ယာရှင်များမှာလည်း စိတ်ထဲမှသောကကိုချိုးနှိမ်နေရပုံပင်။

ရှုလင်သည်လည်းပြုံးကာ အဓိပ္ပာယ်ပါပါပြောလိုက်လေသည်။

"ကြည့်ရတာ ကျင်းဆေးဝါးကုမ္ပဏီကရှယ်ယာရှင်တွေအားလုံးက ဉာဏ်ကောင်းကြတဲ့ပုံပဲ။ ကျွန်မယုံကြည်တယ် ရှင်တို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ဆို ကုမ္ပဏီရဲ့ကပ်ပါးကောင်တွေကို အမြန်ဆုံးအမြစ်ဖြတ်နိုင်မှာပဲ"

ကျိုးဟောင်နှင့်အခြားသူများ ယန်ဥယျာဉ်အိမ်တော်သို့ပြန်ရောက်သည့်အချိန်တွင် ၁၂နာရီနီးပါးရှိနေပြီဖြစ်သည်။

ကျိုးဟောင်၏မိဘများမှာ ကျင်းဆေးဝါးကုမ္ပဏီ၏ရှယ်ယာ ၂၀ရာခိုင်နှုန်းကို လက်ခံခဲ့ပြီးနောက်ပိုင်း ဆိုဖာပေါ်ထိုင်ကာ စိတ်လွတ်နေဆဲပင်။

"ဦးလေး အန်တီ စိတ်မပူပါနဲ့ မြို့တော်ဝန်နဲ့အဖွဲ့အစည်းခေါင်းဆောင် နှစ်ယောက်လုံးရှိနေတာပဲကို ကျင်းဆေးဝါးကုမ္ပဏီရဲ့ရှယ်ယာရှင်တွေ သူတို့စကားကိုပြန်မရုပ်သိမ်းရဲပါဘူး။ မနက်ဖြန် ကျွန်မအဖေရဲ့ဥပဒေရေးရာဌာနကလူကို ကုမ္ပဏီကိုသွားခိုင်းပြီး ရှယ်ယာကိစ္စစာချုပ်ချုပ်ဖို့ ကူညီခိုင်းလိုက်ပါ့မယ်"

ရှုလင်မှာ ကျိုးဟောင်၏မိဘများအားရေနွေးကြမ်းယူလာပေးရင်း နှစ်သိမ့်လိုက်သည်။

ထိုအချိန်မှသာဝမ်ရှုယွင်မှာ သတိပြန်ဝင်လာပြီးကျေးဇူးတင်စကားဆိုလာလေသည်။

"ရှုလင် ဒီတစ်ခေါက်သမီးကူညီလို့ပေါ့ သမီးသာ မကူညီရင် အဒေါ်တို့ထောင်ကျတာထက်ဆိုးတာမျိုးတောင်ကြုံမှာကြောက်ရတယ်"

"ရှောင်ဟောင် မင်းဘာစောင့်နေတာလဲ မြန်မြန်လာပြီးမင်းအတန်းဖော်ကိုကျေးဇူးတင်လိုက်လေ"

ရှုလင်မှာအလျင်အမြန်ပင်ပြောလိုက်သည်။

"အန်တီ မလိုပါဘူး ကျိုးဟောင်ကကျောင်းမှာသမီးကိုအများကြီးကူညီထားတာ သမီးသူ့ကိုပြန်ကူညီတာကလည်း သဘာဝကျပါတယ်"

ကျိုးရွှယ်ကောမှာ သူ့သားနှင့်ရှုလင်တို့ကြားကဆက်ဆံရေးကိုသိလေရာ ပြုံးပြီးပြောလိုက်လေသည်။

"ရှုလင် နောက်လည်းအိမ်ကိုမကြာမကြာလာလည်နော်"

ထိုစကားကြားသောအခါ ရှုလင်၏မျက်နှာလေးမှာနီရဲသွားလေသည်။

ဝမ်ရှုယွင်သည်လည်းအတွေ့အကြုံရှိသူဖြစ်လေရာ ရှုလင်၏တုံ့ပြန်ပုံနှင့် မျက်နှာအမူအရာကိုကြည့်ပြီး သူမချက်ချင်းပင်အခြေအနေကိုသဘောပေါက်သွားပြီး အပြုံးမရပ်တော့ပေ။

"ဟုတ်တယ် ဟုတ်တယ် မကြာမကြာလာလည်နော် ရှောင်ဟောင်ကအိမ်မှာဆို အမြဲတမ်းသမီးအကြောင်းပဲပြောနေတာ"

ရှုလင်၏နှလုံးသားမှာ သမင်တစ်ကောင်ကဲ့သို့ခုန်ပေါက်နေလေသည်။ သူအကျိုးဟောင်ကိုကြည့်ကာ ပြန်မေးလာလေသည်။

"အဲဒီလိုလား....."

ကျိုးဟောင်မှာ သူ့အမေ၏စကားကိုခေတ္တလောက်နားမလည်နိုင်ဖြစ်သွားလေရာ ခေါင်းကုတ်ပြီးပြောလာလေသည်။

"အမေ မဟုတ်ပါဘူး ကျွန်တော်သူ့အကြောင်းအိမ်မှာမပြောပါဘူး"

ဝမ်ရှုယွင်မှာ ချက်ချင်းပင်ပြောစရာစကားမရှိဖြစ်သွားလေသည်။ သူမ၏ဉာဏ်ကောင်းသောသားမှာ ဘာကြောင့်ရုတ်တရက် တုံးအကာ အခြေအနေကိုသဘောမပေါက်မှန်း သူမနားမလည်တော့ပေ။

"ဦးလေး၊ အန်တီ အချိန်လည်းနောက်ကျနေပြီ။ ကျန်းယိနဲ့သမီးပြန်တော့မယ် တကယ်လို့တစ်ခုခုရှိရင် ကျိုးဟောင်ကနေတစ်ဆင့်သမီးတို့ကိုဆက်သွယ်လိုက်ပါ"

ရှုလင်မှာ ကျိုးဟောင်အားစိုက်ကြည့်နေလေသည်။

ဤဦးနှောက်မရှိသောကျိုးဟောင်မှာ သိပ်ကိုတုံးအလွန်းပေသည်။

ဝမ်ရှုယွင်နှင့်ကျိုးရွှယ်ကောမှာ အလျင်အမြန်ပင်ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပါပြီကွယ် ဂရုစိုက်ပြန်ကြနော်"

ကျန်းယိနှင့်ရှုလင်အား အိမ်ရာဧရိယာ၏ဝင်ပေါက်ဆီလိုက်ပို့ပြီး တက္ကစီပေါ်တက်သွားသည့်အချိန်ထိစောင့်ကြည့်ရင်း ဝမ်ရှုယွင်မှာကျေနပ်စွာဖြင့်ပြောလာလေသည်။

"လိမ္မာလိုက်တဲ့ကလေးမလေး ကျွန်မတို့ရှောင်ဟောင်က အရည်အချင်းတော့ရှိသားပဲ ဘာပဲဖြစ်ဖြစ် ဒီလိုမိန်းကလေးမျိုးကိုရှာလာနိုင်တာ"

ကျိုးရွှယ်ကောမှာ သက်ပြင်းချပြီးပြောလိုက်လေသည်။

"ဟုတ်တယ် သူကထက်မြက်ပြီးတော့ ရှောင်ဟောင်ကိုကူညီလိုစိတ်ရှိတယ်။ ပြီးတော့ အဲဒီတုန်းကဝန်ကြီးဝမ်ကိုသတ်ဖို့ကို တွေဝေမနေဘူး။ ငါဆိုတကယ်လန့်သွားတာ ငါတို့ရှောင်ဟောင်အတွက် ဒီလောက်အထိလုပ်နိုင်တာကြည့်ရတာ ဒီကလေးမလေးက ငါတို့ရှောင်ဟောင်ကိုတကယ် သဘောကျတဲ့ပုံပဲ"

ကျိုးဟောင်မှာ ခပ်ဟဟရယ်လိုက်လေသည်။

ဝမ်ရှုယွင်မှာ ကျိုးဟောင်ကိုကြည့်ပြီးပြောလိုက်လေသည်။

"ရှောင်ဟောင် မင်းနောက်ကိုသေချာပေါက် သူ့ကိုကောင်းကောင်းဆက်ဆံရမယ်နော်။ တကယ်လို့မင်းသူ့ကိုစိတ်ပျက်အောင်လုပ်ရင် ငါမင်းကိုလွယ်လွယ်ခွင့်လွှတ်မပေးဘူးမှတ်"

နောက်တစ်နေ့တွင်....

ချူမြို့အထက်တန်းကျောင်း လေ့ကျင့်ရေးခန်းမ၌

ကျိုးဟောင်အခန်းထဲဝင်လိုက်သည်နှင့် လေ့ကျင့်ရေးခန်းမထဲရှိကျောင်းသားများ သူ့အားပုံမှန်နှင့်မတူသလိုကြည့်နေကြသည်ကို သတိထားမိလိုက်လေသည်။

....................................................................................

အခန်း (၁၂၉) ပြီးပါပြီ။

All Chapters