← Chapters

အခန်း ၁၃၀-၁၃၂

Vol. 9 Ch. 130-132

အခန်း ၁၃၀-၁၃၂

Vol. 9 Ch. 130-132

အခန်း (၁၃၀) : ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေးစခန်း တည်ထောင်ခြင်း

အတိတ်တုန်းက ဤကျောင်းသားများမှာ သူ့အပေါ်တွင် အထင်အသေးဆုံး၊ အအေးစက်ဆုံး၊ မနာလိုစိတ်အများဆုံးသူများဖြစ်ခဲ့ကြသည်။

သို့သော်ယနေ့တွင် မနာလိုစိတ်အပြင် နက်ရှိုင်းသောအားကျမှုနှင့်ထိတ်လန့်မှုများပါ ပါလာပြီဖြစ်သည်။

ပုံရိပ်ယောင်အခန်းထဲတွင်ထိုင်နေရင်း သူချက်ချင်းဆိုသလိုပင် တီးတိုးပြောသံအချို့အားကြားလိုက်ရလေသည်။

"ဒီကျိုးဟောင်က တကယ်ကံကောင်းတာပဲ"

"အဲဒီလိုပဲမဟုတ်ဘူးလား သူ့ခွန်အားကသိုင်းပညာရှင်အဆင့်ကိုရောက်နေတာ ကိစ္စမရှိသေးဘူး ဒါပေမဲ့အခု သူ့မိသားစုမှာတောင်မှအရမ်းကောင်းတဲ့ပြောင်းလဲမှုကြီးဖြစ်သွားပြီ"

"ကျင်းဆေးဝါးကုမ္ပဏီရဲ့ရှယ်ယာ ၂၀ ရာခိုင်နှုန်းတဲ့ ဘယ်လောက်တောင်ကံကောင်းလိုက်လဲ"

"ညတွင်းချင်းချမ်းသာလာတဲ့ စံပြပုဂ္ဂိုလ်"

"တောက် ဒါတွေအားလုံးကမိန်းမတစ်ယောက်ကြောင့်ပဲ ရှုလင်သာမရှိရင်ကျိုးဟောင်ကဒီလောက်ပြောင်းလဲပြီး မနေ့ညကလို ကြီးမားတဲ့ရုတ်ရုတ်သဲသဲကိစ္စမျိုး ဖန်တီး နိုင်ပါ့မလား"

"တော်ပြီ မနာလိုဖြစ်မနေကြနဲ့ ဒါကသူ့ကံပဲ"

ကျောင်းသားအများစုမှာ သက်ပြင်းသာအကြိမ်ကြိမ်ချနေကြပြီး အချို့ကျောင်းသားများမှာတော့ ချက်ချင်းပင်အပြစ်ပြောနေကြလေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်၏အဆင့်အတန်းမှာ အရင်ကနှင့်မတူတော့ပေ။

ကျင်းမိသားစုဆေးဝါးကုမ္ပဏီ၏ ရှယ်ယာ ၂၀ရာခိုင်နှုန်းနှင့် သူ့မိသားစုမှာအဆင့်အတန်းအနေဖြင့် လုံးဝမြင့်မားသွားပြီဖြစ်သည်။ ထို့အပြင် ကျိုးဟောင်ကိုယ်တိုင်မှာလည်းသိုင်းပညာအဆင့်ကိုရောက်နေပြီဖြစ်ပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားမှာအဆင့်မြင့်သိုင်းပညာရှင်များနှင့်ပင်ယှဉ်နိုင်ပေသည်။

ဘေးရှိအတန်းဖော်များ၏တီးတိုးစကားများကို ကြားနေရသော်လည်းကျိုးဟောင်၏အမူအရာမှာတည်ငြိမ်နေလေသည်။မနေ့ညက သူ့မိဘတွေထံတွင်ဖြစ်ခဲ့သောကိစ္စမှာ ယခုလိုလျင်မြန်စွာသတင်းပျံ့သွားခြင်းအပေါ် သူအံ့ဩမနေပေ။

သိပ်မကြာမီပင် အတန်းထဲသို့ရှုလင်ဝင်လာလေသည်။

ကျိုးဟောင်မှာသူ၏ပုံရိပ်ယောင်အခန်းငယ်ထဲမှထွက်ကာ ရှုလင်၏ပုံရိပ်ယောင်အခန်းဆီတန်းဝင်သွားလေသည်။

ရှုလင်၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ကိုယ်သင်းနံ့ကိုရှုရှိုက်ရင်း သူပြုံးကာအလွန်လက်ရာမြောက်သော ဘူးတစ်ခုကို ထုတ်လိုက်လေသည်။

ရှုလင်မှာအနည်းငယ်ရှက်နေသော်လည်း ကျိုးဟောင်ကိုတွန်းမထုတ်ပေ။ ထိုအစား သူမသည်လက်ရာမြောက်သောဘူးကိုကြည့်ပြီး မရိုးသားသောအပြုံးတစ်ခုပေါ်လာလေသည်။

"ပန်ဒါဝက်ဝံပုံစံချောကလက်များလား"

ကျိုးဟောင်မှာခေါင်းခါပြကာ ရှုလင်အားဖွင့်ရန်အချက်ပြလိုက်လေသည်။

ရှုလင်မှာ သိလိုစိတ်ပြင်းစွာဖြင့်ဘူးကိုဖွင့်လိုက်လေရာ အထဲတွင်ပန်ဒါဝက်ဝံပုံစံကိတ်လေးများကိုတွေ့လိုက်ရလေသည်။ သူမသည်ချက်ချင်းပင် အံ့ဩတကြီးဖြင့်မေးလိုက်လေသည်။

"ကျိုးဟောင် ဒါနင်လုပ်လာတာလား"

ကျိုးဟောင်မှာ စိတ်ဆိုးစွာဖြင့်တုံ့ပြန်လာလေသည်။

"ငါကဒါမျိုး လုပ်တတ်တဲ့လူမလို့လား"

"ကျစ် နင်မဟုတ်မှန်းငါသိသားပဲ ဒါအန်တီ့လက်ရာပဲဖြစ်ရမယ်"

ရှုလင်မှာ လျှာသပ်ပြီး စိတ်ပျက်ဟန်ပြောလာလေသည်။ စင်စစ် သူမစိတ်ပျက်သွားသည့်အကြောင်းအရင်းမှာ ဘူးထဲကမုန့်မှာ ကျိုးဟောင်လုပ်လာတာမဟုတ်မှန်းသူမသိလျှင်တောင် သူလုပ်လာသည်ဟုပြောလိုက်ပါက သေသွားမှာစိုးလို့လားဟု တွေးကာစိတ်ပျက်သွားခြင်းဖြစ်သည်။

ကျိုးဟောင်မှာအစကတည်းက ယခုအချိန်တွင်ရှုလင်ဘာတွေးနေမှန်းမသိပေရာ ရှုလင်အားလောလိုက်လေသည်။

"မြန်မြန်စား အေးသွားဦးမယ်"

ရှုလင်မှာဆွံ့အသွားကာ ကျိုးဟောင်အားအခန်းထဲမှနှင်ထုတ်လိုက်လေသည်။

"မဟုတ်လောက်ပါဘူး သူထပ်ပြီးရာသီလာနေပြန်တာလား"

ကျိုးဟောင်မှာ ခေါင်းကုတ်ရင်းမေးခွန်းထုတ်နေမိလေသည်။

ကလင် ကလင်

ကျောင်းတက်ခေါင်းလောင်းသံထွက်ပေါ်လာပြီးနောက် ရှန်းကျင့်သည်လည်း အတန်းထဲသို့လျှောက်လာလေသည်။

သူ၏အမူအရာမှာ တည်ငြိမ်နေလေသည်။

သို့သော် နည်းပြရှန်း၏စရိုက်နှင့်အကျွမ်းတဝင်ရှိသော လေ့ကျင့်ရေးအတန်းရှိကျောင်းသားများမှာ ယခုပုံစံမှာနည်းပြရှန်းစိတ်ကောင်းဝင်နေသည့်အချိန်ဆိုတာကို သိကြလေရာ သူတို့လည်းအေးဆေးဖြစ်နေကြလေသည်။

"အားလုံးပဲ မနေ့ကအကဲဖြတ်စွမ်းရည်စစ်ဆေးမှုမှာ ကောင်းကောင်းလုပ်ခဲ့ကြတယ် အားလုံးငါ့ကိုအရှက်မရစေခဲ့ကြဘူး။ ဒီနေ့လေ့ကျင့်ရေးရဲ့ အခက်အခဲကို နည်းနည်းလေးလျှော့ပေးမယ် မင်းတို့ကိုဆုချတဲ့သဘော‌အနေနဲ့ပေါ့ ဒါပေမဲ့ဒါကဒီနေ့တစ်ရက်ပဲနော်"

ရှန်းကျင့်မှာ ဖြည်းညှင်းစွာပြောလိုက်လေသည်။

"ဟုတ်ပြီကွ"

"ကောင်းလိုက်တာ"

"နည်းပြရှန်းအသက်ရှည်ပါစေ"

ကျောင်းသားများမှာ ပျော်ရွှင်နေကြလေသည်။

ကျောင်းသားအားလုံးမှာ ကြမ်းတမ်းသောလေ့ကျင့်ရေးကိုဖြတ်ကျော်လာခဲ့ရလေရာ လေ့ကျင့်ရေးအတန်း၏အခက်အခဲကိုလျှော့ချပေးဖို့ရန် အပြင်းအထန်မျှော်လင့်နေကြခြင်းဖြစ်ပေသည်။

ရှန်းကျင့်မှာလက်ထောင်ပြလိုက်လေရာ တစ်တန်းလုံးတိတ်ဆိတ်သွားလေသည်။

"ကောင်းပြီ အထဲဝင်ပြီးပုံရိပ်ယောင်လေ့ကျင့်ရေးစကြတော့"

ညနေပိုင်းတွင်

ကျိုးဟောင်မှာ အရှေ့ပိုင်းစခန်း၏ဌာနချုပ်အား ရောက်လာပြီး ဟန်ဖူ၊ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ သူ့အားကြိုဆိုနေကြလေသည်။

"ရှောင်ဟန် မင်းဒီနေ့ဘာကိစ္စရှိလို့ဟွာတုန်းမြို့ကိုလာတာလဲ"

ကျိုးဟောင်မှာ ရောက်ရောက်ချင်း ပြုံးကာမေးလိုက်လေသည်။

မူလအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနှင့် ဟန်ဖူမှာပုံမှန်ဆိုလျှင် အလုပ်အလွန်များပေသည်။ ပြီးခဲ့သည့်တစ်ခေါက်က အထူးချစ်ပ်ပြားတစ်သုတ်ကိုပို့ပြီးနောက်ပိုင်း ဟွာတုန်းမြို့ကိုလာခဲပေသည်။ သို့သော်မကြာခဏဆိုသလို ကြိုးမဲ့ချန်နယ်မှတစ်ဆင့် ကျိုးဟောင်နှင့်ဆက်သွယ်လေ့ရှိပေသည်။

ဟန်ဖူမှာ တက်တက်ကြွကြွဖြင့်ပြန်ဖြေလေသည်။

"စီနီယာကျိုး ကျွန်တော်တို့ဒီကိုလာရတဲ့အဓိကအကြောင်းအရင်းကတော့ ကိစ္စတစ်ခုကိုဆွေးနွေးချင်လို့ပါ"

ကျိုးဟောင်မှာ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်လေသည်။

"ဪ ဘာကိစ္စများလဲ"

"ဒီလိုပါ ခုတစ်လောချိုင့်ဝှမ်း‌ဒေသမှာရှိတဲ့ ရှေ့တန်းခံတပ်ရဲ့အခြေအနေက နည်းနည်းတင်းမာနေတယ်။ အဲဒါကြောင့် မူလအဆင့်ကောင်စီကအထက်လူကြီးတွေ ဆွေးနွေးပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ရှေ့တန်းကိုထောက်ပံ့‌ပေးနိုင်ဖို့ ပညာရှင်‌တွေကိုအမြန်ပျိုးထောင်ပေးဖို့ ရှေ့တန်းခံတပ်မြို့မှာနောက်ထပ်ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတည်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ်"

ဟန်ဖူမှာ စကားဆုံးသည်နှင့် အမူအရာမှာလေးနက်သွားလေသည်။

ထိုစကားအားကြားလ်ိုက်သောအခါ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ ချက်ချင်းပင်စိုးရိမ်သွားကြပြီး မေးလာကြလေသည်။

"စီနီယာဟန် ရှေ့တန်းမှာအခြေအနေဆိုးလာလို့လား"

ချိုင့်ဝှမ်းဒေသရှိ ရှေ့တန်းခံတပ်မှာ လူသားမျိုးနွယ်အားလုံး၏ လုံခြုံရေးအတွက်အရေးပါပေသည်။ အကယ်၍ ရှေ့တန်းခံတပ်ကတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပါက အနားရှိမြို့များမှာ တစ်မြို့ပြီးတစ်မြို့ပျက်စီးသွားမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မျိုးနွယ်ခြားများ အဓိကလှုပ်ရှားသောဧရိယာမှာ မျိုးနွယ်ခြားကျွမ်းကျင်ပညာရှင်များဖြင့်ပြည့်နေသော ချိုင့်ဝှမ်းဒေသဖြစ်သည်။

ဟန်ဖူမှာအလျင်အမြန်ပင်ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့ အခြေအနေကိုထိန်းချုပ်နိုင်ပါသေးတယ် မျိုးနွယ်ခြားတွေကခုတစ်လော ခပ်ကြမ်းကြမ်းတိုက်ခိုက်လာလို့ နည်းနည်းစိတ်ပူနေကြတာ ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်က ကြိုတင်ပြီးပြင်ဆင်ထားဖို့ပဲ"

....................................................................................

အခန်း (၁၃၀) ပြီးပါပြီ။

အခန်း (၁၃၁) : ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အထူးအခွင့်အရေး

ထိုစကားအားကြားမှသာ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ သက်ပြင်းချနိုင်တော့သည်။

ဟန်ဖူမှာ ကျိုးဟောင်အားကြည့်ကာပြောလိုက်လေသည်။

"ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းက အရမ်းယှဉ်ပြိုင်မှုပြင်းထန်ပြီး မြို့တွေအများကြီးကလည်း ဝင်ခွင့်နေရာရဖို့အတွက် အလုအယက်တိုက်ခိုက်ကြမှာပဲ ဒီတစ်ခေါက်စခန်းက အသစ်တည်ထောင်တာမလို့ နေရာရဖို့ကသိပ်မခက်ခဲဘူးဆိုပေမဲ့မြို့တွေကို ခွဲပေးတဲ့နေရာက ၅နေရာ ၆နေရာလောက်ပဲရှိတာ ဒါပေမဲ့စီနီယာကျိုးကြောင့် ကျွန်တော်အထူးအနေနဲ့ ဟွာတုန်းမြို့အတွက် ၅နေရာပိုတောင်းပေးထားတယ်"

"ဒါကိစ္စကောင်းပဲ"

"ကျေးဇူးတင်ပါတယ် စီနီယာဟန် ကူညီပေးလို့"

"ကျေးဇူးတင်ပါတယ် စီနီယာဟန်"

စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာ ဝမ်းသာနေကြလေသည်။

အကယ်၍သူတို့သာ ၅နေရာပိုရပါက အနာဂတ်တွင် သူတို့၏ဟွာတုန်းမြို့၌ရှိသည့် မဟာဆရာသခင်အဆင့်ပညာရှင် အရေအတွက်မှာ အနည်းငယ်ပိုများသွားမည်ဟူသော သဘောပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှေ့တန်းခံတပ်၏ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းမှဘွဲ့ရရန် အနိမ့်ဆုံးလိုအပ်ချက်မှာ မဟာဆရာသခင်တစ်ယောက်ဖြစ်ရန်ဖြစ်သည်။

ဥမာဆိုရသော် စစ်သေနာပတိချုပ်ကျောက်၊ ဟယ့်ပျောင်း၊ ကျန်းဟုန်နှင့် အခြားလူများအားလုံးမှာ အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှလာကြသူများဖြစ်သည်။

ဟွာတုန်းမြို့တွင် မဟာဆရာသခင်အဆင့်ပညာရှင်ပိုများလေ အနာဂတ်တွင်မြို့၏တိုးတက်မှုက ပိုမြန်လေဖြစ်သည်။

အတိတ်တုန်းက ဟွာတုန်းမြို့အတွက် အခြေခံခွဲတမ်းဖြစ်သော ၄‌နေရာမှ ၅နေရာကိုထိန်းသိမ်းနိုင်လျှင်တောင် ဟွာတုန်းမြို့အတွက်အခြေအနေကောင်းသည်ဟုပြောလို့ရပေသည်။ သို့သော် ယခုတစ်ခေါက်တွင် စီနီယာကျိုးကြောင့် သူတို့၅နေရာတောင် ပိုရခဲ့လေသည်။

ထိုအချိန်တွင် ဟန်ဖူမှလက်ကာပြကာ စကားဖြတ်ပြောလေသည်

"စစ်သေနာပတိချုပ်ကျောက် မ‌ပျော်နဲ့ဦး ငါကမင်းတို့အတွက်၅နေရာပိုရအောင်ကူညီပေးခဲ့တယ်ဆိုပေမဲ့ ဒီတစ်ခေါက်ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းအတွက် လျှောက်ထားသူအရေအတွက်က အရင်တုန်းကနဲ့မတူဘူး။ အရင်တုန်းက သက်ဆိုင်ရာမြို့တွေရဲ့ထောက်ခံချက်ပဲလိုတာ ဒါပေမဲ့ခုတစ်ခေါက်က စည်းလုံးမှုစွမ်းရည်အကဲဖြတ်မှုကိုပါဖြတ်ကျော်ရမှာ"

"စည်းလုံးမှုစွမ်းရည်အကဲဖြတ်မှု တဲ့လား"

စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများ ချက်ချင်းဆိုသလို ပဟေဠိဖြစ်သွားလေသည်။

ကျိုးဟောင်လည်းပဟေဠိဖြစ်သွားကာ မေးလိုက်လေသည်။

"အဲဒါက ဘယ်လိုအကဲဖြတ်မှုမျိုးလဲ"

ထိုအခါ ဟန်ဖူမှပြန်ဖြေလာလေသည်။

"ဒီတစ်သုတ်အသစ်ရောက်တဲ့ပုံရိပ်ယောင်အခန်းတွေ ဟွာတုန်းမြို့ကိုရောက်ပြီမဟုတ်လား။ ၅ရက်အတွင်း မြို့တွေကဒီအကဲဖြတ်မှုအတွက် အဲဒီပုံရိပ်ယောင်အခန်းတွေကိုသုံးလိမ့်မယ် သူတို့သတ်မှတ်ထားတဲ့အနိမ့်ဆုံးသတ်မှတ်ချက်ကိုရောက်မှသာ ဝင်ခွင့်နေရာရမှာ"

ထိုစကားအားကြားသောအခါ ချက်ချင်းဆိုသလိုပင် ကျိုးဟောင်နှင့်အခြားလူများမှာသဘောပေါက်သွားလေသည်။

"အနိမ့်ဆုံးသတ်မှတ်ချက်က ဘာလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား"

စစ်သေနာပတိချုပ်ကျောက်မှ ထပ်မေးလိုက်လေသည်။

"နေရာရဖို့အတွက်ဆို တစ်ယောက်ကို အဆင့်မြင့်မိစ္ဆာစစ်သည် ၃ကောင် ဒါမှမဟုတ် အဆင့်နိမ့်မိစ္ဆာစစ်သူကြီးတစ်ကောင်ကို သတ်နိုင်ရမယ်"

ဟန်ဖူမှ ညင်သာစွာ‌ပြောလိုက်လေသည်။

"ပြီးတော့ အသက် ၂၀အောက်ဖြစ်ရမယ်"

စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များမှာ ထိုစကားအားကြားသောအခါ မျက်လုံးပြူးသွားကြလေသည်။

"စီနီယာဟန် ဒီအနိမ့်ဆုံးသတ်မှတ်ချက်က အရမ်းမမြင့်လွန်းဘူးလား"

"ဟုတ်တယ် အသက်၂၀အောက်ကျောင်းသားအများစုက တတိယနှစ်ပဲရှိကြသေးတာ မြို့ရဲ့လေ့ကျင့်ရေးစခန်းမှာတောင် ဒီလိုအဆင့်မျိုးရောက်တဲ့ ကျောင်းသားများများစားစားမရှိဘူး"

"ရှေ့တန်းခံတပ်က သတ်မှတ်ချက်တွေကိုမြှင့်ချင်တာသိပါတယ် ဒါပေမဲ့လက်တွေ့အခြေအနေကိုလည်း စဉ်းစားရဦးမယ်မလား"

ဟယ့်ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ ညည်းညူလာကြလေသည်။

သူတို့၏အမြင်တွင် ဤအနိမ့်ဆုံးသတ်မှတ်ချက်မှာ အလွန်ပြင်းထန်လေသည်။ ဟွာတုန်းတစ်မြို့လုံးတွင် ဆရာသခင်အဆင့်ကို ချိုးဖောက်ပြီးတာမကြာသေးသောရှုလင်တောင် အဆင့်နိမ့်မိစ္ဆာစစ်သူကြီးကို သတ်ဖို့ကိစ္စအားယုံကြည်ချက်ရှိပါသည်ဟု မပြောရဲပေ။

တစ်နည်းဆိုသော် ဤသတ်မှတ်ချက်အရဆိုပါက သူတို့၏ဟွာတုန်းမြို့မှာ တစ်နေရာစာတောင်မရနိုင်တော့ပေ။

ဟန်ဖူမှာခါးသီးစွာပြုံးလိုက်သည်။

"မင်းတို့ ငါ့ရှေ့မှာညည်းညူနေလည်းအသုံးမဝင်ဘူး။ ဒါကမူလအဆင့်ကောင်စီကအထက်လူကြီးတွေ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပဲ ထပ်ပြောင်းဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမဲ့မင်းတို့ဟွာတုန်းမြို့မှာ အထူးခန္ဓာကိုယ်နဲ့ကျောင်းသူတစ်ယောက်ရှိတယ်မလား။ သူဆိုစမ်းသပ်မှုကိုပါစရာမလိုပဲ တန်းဝင်လို့ရတယ်"

ထိုစကားအားကြားသောအခါ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ အနည်းငယ်စိတ်အေးသွားလေသည်။

ဟန်ဖူမှထပ်မံပြောလိုက်သည်။

"ပြီးတော့ စီနီယာကျိုးရဲ့အစွမ်းကြောင့် ကျွန်တော်တို့ဘက်ကနေပြီးတော့ နေရာလွတ်နှစ်ခုကိုလည်း သေချာပေါက်ထောက်ပံ့ပေးဦးမှာ စီနီယာကျိုးထောက်ခံပေးတဲ့ဘယ်သူမဆို ဒီအကဲဖြတ်မှုကနေ ကင်းလွတ်ခွင့်ရမှာပါ"

ကျိုးဟောင်မှာ မှင်တက်သွားလေသည်။

"ငါက ကျောင်းသား ၂ယောက်ကိုတန်းထောက်ခံပေးလို့ရတာလား"

"သေချာတာပေါ့ စီနီယာကျိုးကတိမ်လွှာမြွေပါဘုရင်ကို အလွယ်လေးသတ်နိုင်ခဲ့တဲ့လူပဲကို စီနီယာကျိုးသာဆန္ဒရှိရင် မူလအဆင့်ကောင်စီကိုဝင်ပြီး ရာထူးအကြီးပိုင်းကိုယူလို့တောင်ရတယ်။ ဒီလောက်ကဘာမှမဟုတ်ဘူး"

ဟန်ဖူမှပြုံးကာပြောလိုက်လေသည်။

စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များမှာလည်း ရယ်မောနေကြလေသည်။

အထွတ်အထိပ် နဝမအဆင့်မဟာဆရာသခင်များမှာ လူသားမျိုးနွယ်တွင် အမြင့်ဆုံးအဆင့်နီးပါးတည်ရှိမှုမျိုးဖြစ်ပေရာ သူတို့အတွက် ယခုလိုအထူးအခွင့်အရေးအချို့ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ကျိုးဟောင်မှာပြုံးကာပြန်ပြောလိုက်သည်။

"ဟန်ဖူ မင်းပြန်ရောက်တဲ့အခါ အထက်လူကြီးတွေကို ငါ့အစားကျေးဇူးတင်စကားပြောပေးပါဦး ငါအချိန်ရရင် ချိုင့်ဝှမ်းဒေသက ရှေ့တန်းခံတပ်ကို ငါကိုယ်တိုင်လာခဲ့ပါ့မယ်"

ဟန်ဖူမှာထိုစကားအားကြားသောအခါ အလွန်ပျော်သွားလေသည်။

ကျိုးဟောင်၏အင်အားနှင့်ဆို သူသာချိုင့်ဝှမ်းခံတပ်ကိုသွားပါက အကြီးအကျယ် အကျိုးပြုမည်ဖြစ်သည်။

"ဒါဆို ကျွန်တော်စီနီယာကျိုးကိုစောင့်နေပါ့မယ်"

ဟန်ဖူမှစိတ်လှုပ်ရှားစွာပြောလိုက်လေသည်။

"စစ်သေနာပတိချုပ်ကျောက် မင်းမှာပြင်ဆင်ဖို့အချိန် ၅ရက်ရသေးတယ် မြို့ထဲကထူးချွန်တဲ့ပါရမီရှင်တွေကို ပျိုးထောင်ဖို့အခွင့်အရေးကိုအမိအရဆုပ်ကိုင်ထားမှရမယ် ဒီလိုအခွင့်အရေးကအရမ်းရှားတယ်"

စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ ခေါင်းညိတ်လိုက်လေသည်။

ကိစ္စပြီးသည်နှင့် ဟန်ဖူသည်လည်းလျင်မြန်စွာထွက်ခွာသွားလေသည်။

စစ်သေနာပတိချုပ်ကျောက်မှာ ပျောက်ကွယ်သွားသောဟန်ဖူ၏ပုံရိပ်ကိုကြည့်ပြီး မနေနိုင်ဘဲမေးလိုက်လေသည်။

"စီနီယာကျိုး မြို့ထဲကအသက် ၂၀အောက်ကျောင်းသားတွေထဲမှာ သိုင်းပညာရှင်အဆင့်ကိုရောက်တဲ့လူက ချူမြို့အထက်တန်းကျောင်းရဲ့ဗဟိုလေ့ကျင့်ရေးအတန်းက တစ်ယောက်ပဲရှိတယ် စီနီယာ့အမြင်အရရော ဒီတစ်ခေါက်နေရာတွေကို တခြားအထက်တန်းကျောင်းက ကျောင်းသားတွေကို ပေးသင့်တယ်ထင်လား"

...................................................................................

အခန်း (၁၃၁) ပြီးပါပြီ။

အခန်း (၁၃၂) : ရှုလင်၏စိုးရိမ်မှု

ကျိုးဟောင်မှာ မထူးဆန်းသလိုပင်ပြောလာလေသည်။

"တခြားအထက်တန်းကျောင်းကကျောင်းသားတွေက ပြီးခဲ့တဲ့တစ်ခေါက်က တောနက်ဧရိယာရှင်းလင်းရေးစစ်ဆင်ရေးအခွင့်အရေးကိုတောင် မဆုပ်ကိုင်နိုင်တာ ဒီတစ်ခေါက်ရှေ့တန်းခံတပ်ရဲ့ အထူးလေ့ကျင့်ရေးစခန်းကိုဝင်ဖို့ သူတို့ကိုနောက်ထပ်အခွင့်အရေးပေးစရာမလိုဘူး။ အလကားဖြုန်းတီးပစ်မှာစိုးရတယ်"

"ဟုတ်ကဲ့ ကျွန်တော်ချက်ချင်းစီစဉ်လိုက်ပါ့မယ်"

စစ်သေနာပတိချုပ်ကျောက်မှာခေါင်းညိတ်ကာပြောလိုက်လေသည်။ စင်စစ် သူသည်လည်းအခြားအထက်တန်းကျောင်းများ၏ လုပ်ဆောင်ချက်များကို အားမရပေ။

ချူမြို့အထက်တန်းကျောင်းရှိ လေ့ကျင့်ရေးခန်းမ၌

ရှန်းကျင့်စာသင်ခန်းထဲ လမ်းလျှောက်ဝင်လာသည်နှင့် မူလကဆူညံနေသောအတန်းမှာ ချက်ချင်းတိတ်ဆိတ်သွားလေသည်။

ရှန်းကျင့်၏မျက်နှာပေါ်ကအပြုံးကိုမြင်လိုက်ရသောအခါ သူတို့အားလုံးကြက်သေသေသွားကြလေသည်။

သူတို့ နည်းပြရှန်းနှင့် သိလာသည်မှာအချိန်ကြာလှပြီဖြစ်ပြီး ပုံမှန်အားဖြင့် နည်းပြရှန်းမှာတည်ကြည်ပြီး ပြုံးခဲပေသည်။

"ကြည့်ရတာ ကိစ္စကောင်းတစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲ"

"သေချာပေါက်ပဲပေါ့ ပြီးခဲ့တဲ့ရက်ကငါတို့အတန်း အကဲဖြတ်ပွဲမှာသေချာလုပ်ခဲ့တာတောင် နည်းပြရှန်းကပြုံးတာမဟုတ်ဘူး"

"ကျွတ် ကျွတ် ဒီနေ့လေ့ကျင့်ရေးအတန်းကတော့ ထပ်လွယ်ဦးမှာပဲ"

မျှော်လင့်ထားသည့်အတိုင်းပင် ရှန်းကျင့်မှာ ချောင်းဖွဖွဟန့်ကာလိုရင်းကိုပြောလာလေသည်။

"ငါ့မှာ အားလုံးကိုဝမ်းသာစရာကိစ္စပြောစရာရှိတယ်"

ကျောင်းသားများမှာ ချက်ချင်းပင်နားစွင့်လာကြလေသည်။

"ချိုင့်ဝှမ်းဒေသကရှေ့တန်းခံတပ်က ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတစ်ခု တည်ထောင်တော့မှာ အကြောင်းအမျိုးမျိုးကြောင့် ငါတို့အတန်းက အဲဒီစခန်းအတွက် ဝင်ခွင့် ၁၀နေရာရတယ်"

ရှန်းကျင့်မှာ မနေ့ကစစ်သေနာပတိချုပ်ကျောက်သူ့အားပြောပြခဲ့သည့်အတိုင်း ကျောင်းသားများကိုပြောပြနေလေသည်။

ကျောင်းသားများမှာ ထိုစကားအားကြားသောအခါ ရုတ်ရုတ်သဲသဲဖြစ်လာလေသည်။

"သေစမ်း ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတဲ့လား"

"အဲဒါကယန်ကျင်းလေ့ကျင့်ရေးစခန်းထက် ၁၀ဆပိုသန်မာတဲ့လေ့ကျင့်ရေးစခန်းပဲ"

"ပြောကြတာတော့ အဲဒီကနေဘွဲ့ရဖို့အနိမ့်ဆုံးသတ်မှတ်ချက်က မဟာဆရာသခင်တစ်ယောက်ဖြစ်မှရမှာတဲ့"

"ငါတို့အတန်းက တကယ်ကြီး၁၀နေရာရတာ ဒါက

တကယ့်မိုးနတ်မင်းကမစတာပဲ"

"နည်းပြရှန်းအတန်းထဲကိုပြုံးပြီးဝင်လာတာ မဆန်းတော့ဘူး ဒါကပျော်စရာကိစ္စပဲကို"

ဝမ်မင်၊ လီကျိနှင့်အခြားကျောင်းသားများသာမက ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားယန်ကျင်းပါရမီရှင်များမှာလည်း စိတ်လှုပ်ရှားကာ ပျော်လွန်းလို့ထပါခုန်ချင်နေကြလေသည်။

ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းမှာ တကယ့်ပညာရှင်များမွေးဖွားရာနေရာဖြစ်သည်။

ထိုနေရာမှာ ပါရမီရှင်များအားလုံးမျှော်မှန်းရသော ကြီးမြတ်သောနေရာတစ်ခုဖြစ်သည်။

ရှန်းကျင့်မှာ စိတ်လှုပ်ရှားနေသောကျောင်းသားများကိုကြည့်ပြီး သူပါပြုံးလိုက်မိလေသည်။ သူသည်ကျောင်းသားများကို အချိန်ခဏပျော်ခွင့်ပေးပြီးနောက် လက်ထောင်လိုက်လေသည်။

အတန်းမှာ ချက်ချင်းပင်တိတ်ဆိတ်သွားလေသည်။

"အားလုံးရဲ့ခံစားချက်ကိုနားလည်တယ် စစ်တပ်ကနေရာ ၁၀ခုလုံးကို ငါတို့လေ့ကျင့်ရေးအတန်းကိုပေးတယ်ဆိုမှတော့ ဒါသူတို့ဘက်ကငါတို့ကိုယုံကြည်တယ်ဆိုတဲ့သဘောပဲ ပြီးတော့ပြီးခဲ့တဲ့ရက်က ငါတို့ကြိုးစားခဲ့တာရဲ့သက်သေလို့လည်းပြောလို့ရတယ်"

ရှန်းကျင့်မှာ လေးနက်သောအမူအရာဖြင့်ဆက်ပြောလေသည်။

"ဒါပေမဲ့ ငါတို့အတွက်ဒီ ၁၀နေရာလုံးရဖို့ဆိုတာကလည်း အရမ်းခက်ခဲတယ် ငါအခုလေးတင် ဒီနေရာအတွက်လိုအပ်တဲ့သတ်မှတ်ချက်ကို မင်းတို့ကိုပြောပြီးပြီ လက်ရှိမှာ သူတို့ခွဲတမ်းချပေးထားတဲ့နေရာကိုဝင်နိုင်တဲ့လူက ယွမ်ချန်း၊ ယွင်ယန်နဲ့ ရှုလင်ပဲရှိတယ်"

ထိုစကားအားကြားသောအခါ အခြားကျောင်းသားများမှာ စိတ်လှုပ်ရှားလာကြလေသည်။

စင်စစ် သူတို့အတန်းထဲတွင် အဆင့်နိမ့်မိစ္ဆာစစ်သူကြီးများကို သတ်နိုင်သူမှာ ဤ၃ယောက်သာရှိပေသည်။

ရှန်းကျင့်မှာဆက်ပြောလာလေသည်။

"‌ဒါကြောင့် နောက်၅ရက်အတွင်း လူတိုင်းသေချာလေ့ကျင့်ဖို့မျှော်လင့်တယ် နောက် ၅ရက်အတွင်း မြို့ကလည်းကျင့်ကြံရေးအရင်းအမြစ်တွေကို အကောင်းဆုံးထောက်ပံ့ပေးလိမ့်မယ် မင်းတို့ပိုးအိမ်ကနေဖောက်ထွက်ပြီး လိပ်ပြာဖြစ်လာပြီး မင်းတို့ကံကြမ္မာကိုပြောင်းလဲနိုင်မလားဆိုတာကတော့ နောက် ၅ရက်အတွင်းမင်းတို့ရဲ့ကြိုးစားမှုအပေါ်ပဲမူတည်တယ်"

သူ့စကားဆုံးသည်နှင့် ကျောင်းသားအများစုမှာ ကြက်သွေးအထိုးခံလိုက်ရသလိုပင် အုတ်အော်သောင်းနင်းဖြစ်လာလေသည်။

သူတို့လေ့ကျင့်ရေးအား ချက်ချင်းစနိုင်ရန်ပင်ဆန္ဒရှိနေကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤအခွင့်အရေးမှာဘဝအားပြောင်းလဲနိုင်သော အခွင့်အရမှန်းအားလုံးသိကြပေသည်။

အကယ်၍သူတို့သာ ဤအခွင့်အရေးအားလွဲချော်သွားပါက သူတို့တစ်ဘဝလုံးနောင်တရနေမည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း အချိန်၅ရက်ကုန်ဆုံးသွားပြီဖြစ်သည်။

ခက်ခဲသောလေ့ကျင့်ရေးနှင့် မြို့မှလေ့ကျင့်ရေးအတန်းအားကျင့်ကြံရေးအရင်းအမြစ်များ အပြည့်အဝထောက်ပံ့ပေးသည့်အတွက်ကြောင့် လေ့ကျင့်ရေးအတန်းရှိကျောင်းသားအားလုံးမှာ ၅ရက်အတွင်းကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာကြလေသည်။

အတန်းထဲရှိ သိုင်းပညာရှင်အဆင့်ရောက်သူများမှာ ၁ဝယောက်မှ ၂၁ယောက်အထိတိုးလာလေသည်။

ကျန်လူများအားလုံးမှာ သွေးအနှစ်သာရတတိယအဆင့်ကိုရောက်သွားကြပြီဖြစ်သည်။ သူတို့ကြားထဲတွင် သုံးပုံပုံ နှစ်ပုံမှာ သိုင်းပညာရှင်အဆင့်အားရောက်ခါနီးနေပြီဖြစ်သည်။

ထိုအရာများထက် သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ သူတို့၏ကျင့်ကြံရေးအဆင့်ထက်ကျော်လွန်နေခြင်းဖြစ်သည်။

သို့သော်ရှုလင်မှာ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပွဲမတိုင်ခင်ကလို စိုးရိမ်နေဆဲပင်။

ဒီတစ်ခေါက် မြို့တော်မှအရင်းအမြစ်အများကြီးထောက်ပံ့ပေးထားသော်လည်း ကျိုးဟောင်အားအထောက်အကူမပြုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာသူ့ခွန်အားကို သွေးအနှစ်သာရပထမအဆင့်မှသိုင်းပညာရှင်အဆင့်အထိတိုးမြှင့်ရန် ရှားပါးအရင်းအမြစ်များကိုသုံးခဲ့ပေရာ သူ့ကိုယ်တွင်းရှိဆဲလ်များမှာ အခြားအရင်းအမြစ်များနှင့် လိုက်လျောညီထွေမဖြစ်နိုင်တော့ပေ။

"ရှုလင် နင်ဘာတွေစိတ်ပူနေတာလဲ အခွင့်အရေးရှာတာနဲ့ပတ်သက်ပြီး ငါ့ပါရမီကိုနင်မေ့သွားပြီလား ပြီးတော့ ဒါကတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမဟုတ်ဘဲ ပုံရိပ်ယောင်လေ့ကျင့်ရေးအကဲဖြတ်ပြိုင်ပွဲပဲဟာ ငါ့အသက်အန္တရာယ်အတွက် မစိုးရိမ်ရပါဘူး။ဒီလိုအခြေအနေမှာ ပုံမှန်ထက်တောင် ကောင်းကောင်းလုပ်နိုင်ဦးမယ်"

ကျိုးဟောင်မှာပြုံးပြီး မထူးဆန်းသလိုပြောလိုက်လေသည်။

....................................................................................

အခန်း (၁၃၂) ပြီးပါပြီ။

All Chapters