အခန်း ၁၃၃-၁၃၅
Vol. 9 Ch. 133-135
အခန်း (၁၃၃) : ကျိမိသားစုရဲ့ မူလအဆင့် တည်ဆောက်ပုံ
ရှုလင်မှာ သူမ၏ကျောက်စိမ်းသဖွယ်မျက်နှာလေးဖြင့် အားတင်းကာပြုံးပြလာလေသည်။ အကဲဖြတ်ပြိုင်ပွဲတွင် သူမကောင်းမွန်စွာစွမ်းဆောင်ရည်ပြရန်မှာ အလွန်ခက်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤအကဲဖြတ်မှုပြိုင်ပွဲမှာ မြို့အားလုံးပူးပေါင်းကျင်းပသော ပူးပေါင်းအကဲဖြတ်မှုစွမ်းရည်ပြိုင်ပွဲဖြစ်သည်။အကယ်၍ ကျိုးဟောင်သာကံမကောင်းဘဲ အခြားပါရမီရှင်များနှင့်ကြုံပါက အစောကြီးဖယ်ထုတ်ခံရမည်ဖြစ်သည်။
ရုတ်တရက် သူမတစ်ခုခုကိုတွေးမိသွားသည့်ပုံနှင့် သူမလက်ရှိ ကံကောင်းစေသော လက်ကောက်အားချွတ်ကာ ကျိုးဟောင်အားပေးလိုက်လေသည်။
"ဝတ်ထားလိုက် ငါ့အတွက်ကံကောင်းစေသလို နင့်အတွက်လည်းကံကောင်းစေမယ်လို့မျှော်လင့်တယ်
သူမသည် မျှော်လင့်တကြီးပြောလိုက်လေသည်။
"ကျေးဇူးပဲ"
ကျိုးဟောင်မှာ တခမ်းတနားမလုပ်တော့ဘဲ လက်တွင်တစ်ခါတည်းဝတ်လိုက်လေသည်။
နေ့လယ် ၂နာရီ ၁၀မိနစ်တွင်...
ရှန်းကျင့်မှာ လေးနက်သောအမူအရာဖြင့် စာသင်ခန်းထဲလမ်းလျှောက်ဝင်လာလေသည်။
သူသည် ကျောင်းသားအားလုံးကိုဝေ့ကြည့်ပြီး အသံနက်နက်ဖြင့်ပြောလိုက်လေသည်။
"၁၀မိနစ်အတွင်း မင်းတို့ကံကြမ္မာကိုအဆုံးဖြတ်ပေးမဲ့အချိန်ရောက်တော့မှာ"
သူပြောနေရင်းပင် ခေါင်းငုံ့ကာအီလက်ထရောနစ်မျက်နှာပြင်ပေါ်တွင်ပြထားသော အချက်အလက်များအား ကြည့်ကာဖြည်းညှင်းစွာပြောလိုက်လေသည်။
"နေရာအတွက် ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သူအရေအတွက် စုစုပေါင်း ၁၃၆၀ရှိတယ် သူတို့ထဲမှာ အထူးခန္ဓာကိုယ်နဲ့ ဆရာသခင်အဆင့်ရောက်နေတဲ့သူ ၂ယောက်ပါတယ် အဆင့်မြင့်သိုင်းပညာရှင်အဆင့်ရောက်နေတဲ့လူ ၇ယောက်နဲ့ အလယ်အလတ်သိုင်းပညာရှင်အဆင့် ၆၂ယောက်ပါတယ်"
ထိုစကားအားကြားသောအခါ လေ့ကျင့်ရေးအတန်းရှိ ကျောင်းသားအားလုံးမှာ အသက်ရှူပင်ရပ်သွားတော့မလို့ခံစားလိုက်ရလေသည်။
ဤပြိုင်ပွဲမှာ ဒီလောက်ပြင်းထန်မည်ဟူသူတို့မမျှော်လင့်ထားခဲ့ပေ။ ယှဉ်ပြိုင်သူများကြားတွင် စင်စစ်ပင် အလယ်အလတ်အဆင့်ရောက်နေသူ ၆၂ယောက်ရှိနေလေသည်။
လွန်ခဲ့သော ၅ရက်က ဟွာရှားတစ်မြို့လုံးတွင် အလယ်အလတ်အဆင့်ရောက်နေသူ ၁၂ယောက်သာရှိပေသည်။ ၅ရက်အတွင်း အလယ်အလတ်အဆင့်သိုင်းပညာရှင် ၅၀ထက်ကျော်သွားပြီဖြစ်သည်။
"မြို့တိုင်းက ကျောင်းသားတွေက အကုန်ရူးကုန်ကြပြီ"
ကျောင်းသားများမှာ သူ့အားစိုက်ကြည့်နေကြလေသည်။
သိုင်းပညာရှင်များမှာ သူတို့၏သွေးအနှစ်သာရအုတ်မြစ်ကို တည်ဆောက်ရန်လိုအပ်ပေသည်။ ဝိဉာဉ်စွမ်းအားရှိသောအပင်များကဲသို့သော ရှားပါးဆေးပင်များကိုစားသုံးမှသာ ပုန်းကွယ်နေသောအန္တရာယ်များနှင့်မကြုံရမှာဖြစ်သည်။
ရှန်းကျင့်မှာစကားပြောပြီးနောက် သူ့အသံမှာလေးနက်လာလေသည်။
"မင်းတို့အားလုံး အခုဆိုသိလောက်ပြီလို့ထင်တယ် ဒီတစ်ခေါက်နေရာအတွက်ပြိုင်ပွဲက အရမ်းကိုပြင်းထန်ပြီးတော့ရက်စက်တယ်။ အဆင့်မြင့်လေ့ကျင့်ရေးစခန်းကချမှတ်ထားတဲ့စည်းမျဉ်းတွေဆိုတဲ့အတိုင်းပဲ မင်းတို့အနိမ့်ဆုံးသတ်မှတ်ချက်ကိုမီဖို့ပဲလိုတယ်။ ဒါပေမဲ့ ဒီပုံရိပ်ယောင်ပတ်ဝန်းကျင်က အရင်ကဟာနဲ့မတူဘဲရှုပ်ထွေးတယ်။ ဒီတစ်ခေါက်မင်းတို့ကြုံရမဲ့လူတွေက အားလုံးရန်သူတွေပဲ ဒီအတန်းထဲကအတန်းဖော်တွေဆိုရင်တောင်မှ ရန်သူဖြစ်လာမှာပဲ"
တစ်ချိန်တည်းမှာပဲ ဒီပုံရိပ်ယောင်လေ့ကျင့်ရေးရဲ့ရလဒ်ကောင်းလေလေ နေရာရပြီးနောက်ပိုင်း မင်းတို့ရမဲ့အကျိုးအမြတ်နဲ့အရင်းအမြစ်တွေက ပိုကောင်းလေလေပဲ အားလုံးကြိုးစားကြ"
အချိန်နီးကပ်လာသည်နှင့် ကျောင်းသားအားလုံးမှာ စိတ်တည်ငြိမ်လာကြလေသည်။
"ကျိုးဟောင် ပုံရိပ်ယောင်ပတ်ဝန်းကျင်နဲ့ချိတ်ဆက်ပြီးရင် ငါနင့်ကိုအကောင်းဆုံးကြိုးစားပြီးလာရှာမယ်"
ရှုလင်မှ ညင်သာစွာပြောလိုက်လေသည်။ယခုတစ်ခေါက်အကဲဖြတ်မှုပြိုင်ပွဲမှ ဆရာသခင်အဆင့်နှစ်ယောက်ထဲတွင် သူမလည်းတစ်ယောက်အပါအဝင်ဖြစ်သည်။ သူမ၏အင်အားနှင့်ဆိုပါက အခြားယှဉ်ပြိုင်သူများကို အလွယ်တကူချေမှုန်းပစ်နိုင်ပေသည်။ သူမသာကျိုးဟောင်ကိုအမြန်ရှာနိုင်ပါက ကျိုးဟောင်ဤအကဲဖြတ်မှုပြိုင်ပွဲအား အလွယ်တကူဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်ပေသည်။
ကျိုးဟောင်မှာ မထူးဆန်းသလိုပင်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါကိုင်တွယ်နိုင်ပါတယ်"
ရှုလင်မှာ ဒေါသတကြီးပြန်ပြောလေသည်။
"ကိုယ်ရည်သွေးမနေနဲ့ အရင်ဆုံးပုန်းဖို့နေရာရှာကြတာပေါ့"
သူတို့ ၂ယောက်စကားပြောနေရင်းပင် အကဲဖြတ်ပြိုင်ပွဲစတင်လေတော့သည်။
ဘုန်း!
မြို့အသီးသီးရှိပါဝင်ယှဉ်ပြိုင်သူကျောင်းသားများမှာ ချက်ချင်းဆိုသလိုပင် ပုံရိပ်ယောင်ပတ်ဝန်းကျင်နှင့်ချိတ်ဆက်လိုက်ကြလေသည်။
ကျောင်းအုပ်ကျန်း၊ ဒုကျောင်းအုပ်နှင့် ဌာနမှူးဟုန်တို့မှာ တစ်ယောက်ပြီးတစ်ယောက် လေ့ကျင့်ရေးခန်းမထဲဝင်လာပြီး ပုံရိပ်ယောင်အခန်းငယ်ထဲရှိ ကျောင်းသားများကိုကြည့်ပြီး သက်ပြင်းချလိုက်လေသည်။
"သူတို့ ဒီအခွင့်အရေးကိုအရယူနိုင်ဖို့မျှော်လင့်တယ် ငါတို့တတ်နိုင်သမျှ လုပ်ပေးပြီးပြီ"
ချိုင့်ဝှမ်းဒေသရှိ ရှေ့တန်းခံတပ်တွင်
မူလအဆင့်အဆောက်အဦး၏ အမြင့်ဆုံးအထပ်တွင်....
မြို့အသီးသီးအတွက် ပုံရိပ်ယောင်ပြိုင်ပွဲစသည်နှင့် မူလအဆင့်ကျွမ်းကျင်ပညာရှင်အားလုံးမှာ သူတို့ရှေ့ရှိကျယ်ပြန့်သော အီလက်ထရောနစ်မျက်နှာပြင်အားကြည့်နေကြလေသည်။
ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏တာဝန်ခံဖြစ်သော ဆဠမမြောက်အဆင့် မူလပညာရှင်ဖြစ်သော စီနီယာရှစ် မှာလည်းခြွင်းချက်မရှိကြည့် နေခဲ့သည်။
မျက်နှာပြင်တွင် ယှဉ်ပြိုင်သူအားလုံးကို ပြသနေလေသည်။
"စီနီယာရှစ် ဒီနေရာအတွက်ပြိုင်ပွဲမှာ အထူးခန္ဓာကိုယ်နဲ့ပါရမီရှင် ၂ယောက်ပါတယ်။သူတို့ထဲကတစ်ယောက်က ယန်ကျင်းမြို့ ကျိမိသားစုက ကျိယွီဖန် ပြီးတော့နောက်တစ်ယောက်က ဟွာတုန်းမြို့ကရှုလင် ။ ဒီပါရမီရှင် ၂ယောက်ကဆရာသခင်အဆင့်ကိုရောက်နေပြီ။ ဘယ်လိုဖြစ်ဖြစ် သူတို့ကိုတော့နေရာပေးဖို့စဉ်းစားထားပြီးသားပါ ဒါပေမဲ့သူတို့ရဲ့ခွန်အားနဲ့ရလဒ်ကိုသိချင်လို့ နှစ်ယောက်လုံးဝင်ပြိုင်ချင်တယ်ပြောလို့ပါ"
ဝမ်မျိုးရိုး မူလအဆင့်ဆရာသခင်မှာပြုံးကာပြောလိုက်လေသည်။
ရှစ်ကျီမှာ ခေါင်းညိတ်ပြကာခပ်တိုးတိုးရေရွတ်လိုက်လေသည်။
"ကျိမိသားစု မီးခန္ဓာကိုယ်ရှိတဲ့ကျိမိသားစုအကြောင်းပြောနေတာလား"
ဝေ့မျိုးရိုးမူလအဆင့်ဆရာသခင်မှာ အလျင်အမြန်ပြန်ဖြေလိုက်လေသည်။
"ဟုတ်ပါတယ် မီးဓာတ်ခန္ဓာကိုယ်ကိုအမွေဆက်ခံထားတဲ့ ကျမိသားစုပါ"
"ကျိမိသားစုရဲ့ အထူးခန္ဓာကိုယ်ကဘယ်တုန်းကမှ မနိမ့်ကျခဲ့ဘူး နှမြောစရာက သူတို့မျိုးဆက်တွေက ခန္ဓာကိုယ်ကိုပဲအမွေဆက်ခံနိုင်ပြီး ကျိမိသားစုပထမမျိုးဆက် မူလအဆင့်ကျွမ်းကျင်ပညာရှင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကျ အမွေရမလာဘူး"
ရှစ်ကျီမှာခေါင်းယမ်းရင်း မထူးဆန်းသလိုပြောလိုက်လေသည်။
ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်မှာ ရှစ်ကျီကိုကြည့်ကာတိုးတိုးပြောလိုက်လေသည်။
"စီနီယာရှစ် ပြောကြတာတော့ ဒီကျိယွီဖန်ကရှေ့မျိုးဆက်တွေအားလုံးထက်သန်မာတဲ့ခန္ဓာကိုယ်ကိုအမွေဆက်ခံထားတာတဲ့ ပြီးတော့သူ့ပါရမီကပထမမျိုးဆက်ကပါရမီရှင်အပါအဝင် သူ့ရှေ့မျိုးဆက် ၅ဆက်ကပညာရှင်တွေထက် သန်မာတယ်တဲ့။ သူကအခုဆရာသခင်အဆင့်ပဲရှိသေးတယ်ဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကလည်း သာမန်အဆင့်မဟာဆရာသခင်နဲ့ယှဉ်နိုင်တယ်တဲ့"
ရှစ်ကျီမှာ ဖြည်းညှင်းစွာပင်မေးလိုက်လေသည်။
"ဟုတ်လား"
"ကျိမိသားစု ကျိယွီဖန်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ရုပ်သံကို ကျွန်တော်တို့ရဲ့မူလအဆင့်ကောင်စီကို တစ်ခါလွှဲပေးဖူးတယ်။အစကတော့သူတို့ကကျိယွီဖန်ကို ခံတပ်အခြေစိုက်စခန်းကိုတန်းပို့ဖို့စီစဉ်ထားတာ။ ဒါပေမဲ့စီနီယာက ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေးစခန်းတည်ထောင်ဖို့ စီစဉ်ထားပြီးပြီဆိုတော့ ကျွန်တော်ငြင်းလိုက်တာ"
ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်မှ အပြုံးဖြင့်ပြောလိုက်လေသည်။
....................................................................................
အခန်း (၁၃၃) ပြီးပါပြီ။
အခန်း (၁၃၄) : တကယ်လို့မင်းကမူလအဆင့်ကိုမရောက်နိုင်သေးရင် မင်းကပုရွတ်ဆိတ်သာသာပဲ
"အဲဒီလိုသာဆိုရင် ဒီကျိယွီဖန်ကိုပျိုးထောင်ပေးဖို့ အာရုံစိုက်ထားလို့ရတယ်"
ရှစ်ကျီမှာ ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်ကိုကြည့်ကာပြောလိုက်သည်။
"ဟွာတုန်းမြို့ကရှုလင်ကရော သူ့ရဲ့တိုက်ပွဲစွမ်းရည်ကရော ဘယ်လိုနေလဲ"
ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်ပြန်မဖြေနိုင်သေးခင်မှာပင် ဟန်ဖူမှာအလျင်အမြန်ဖြေလိုက်လေသည်။
"စီနီယာရှစ် ရှုလင်ကခုတစ်လောကမှရေခဲကြွက်သားခန္ဓာကိုယ်ကိုအသက်သွင်းထားတာ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့အတော်လေး သာမန်ပါပဲ"
"အို ရေခဲကြွက်သားခန္ဓာကိုယ်လား"
ရှစ်ကျီရဲ့မျက်လုံးများမှာအရောင်တောက်သွားလေသည်။
"ဟုတ်ပါတယ်"
ဟန်ဖူမှာအသံတိုးတိုးဖြင့်ဖြေလိုက်လေသည်။
"ဝိဉာဥ်စွမ်းအားရှိတဲ့ ရေခဲအပ်မှိုအပင်ကိုစားပြီး အသက်သွင်းထားတဲ့အထူးခန္ဓာကိုယ်ပါ"
ရှစ်ကျီမှာမှင်တက်ပြီးဟန်ဖူဘက်ကိုလှည့်ကာမေးလိုက်လေသည်။
"ရေခဲအပ်မှိုပင်စားပြီး အသက်သွင်းထားတာလား"
ဟန်ဖူမှာအခါခါခေါင်းညိတ်ပြကာ အခြေအနေအရပ်ရပ်ကို ရှင်းပြလေသည်။
အခြား မူလအဆင့်မဟာဆရာသခင်များမှာထိုစကားအားကြားသောအခါ ထိတ်လန့်သွားကြလေသည်။
"ဒီရှုလင်ရဲ့ကံကောင်းမှုကတော့ မယုံနိုင်စရာပဲ ရေခဲအပ်မှိုစားပြီးရေခဲကြွက်သားခန္ဓာကိုယ်ကိုအသက်သွင်းနိုင်ဖို့ဆိုတာ အရမ်းရှားပါးတယ်။ ပြီးတော့ဒါမျိုးကသီအိုရီထဲမှာပဲရှိတာ"
ရှစ်ကျီမှာသက်ပြင်းချလိုက်လေသည်။
"သူကတကယ်အရမ်းကံကောင်းတယ်။ တစ်ခါတစ်လေ ကံဆိုတာကလည်းခွန်အားတစ်မျိုးပဲ ရှုလင်ကရေခဲအပ်မှိုကိုမှီခိုပြီး ရေခဲကြွက်သားခန္ဓာကိုယ်ကိုအသက်သွင်းနိုင်ခဲ့တာ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကသာမန်ပေမဲ့ သူ့ကိုလည်းအာရုံစိုက်မဲ့စာရင်းထဲထည့်ထားလို့ရတယ်"
ဟန်ဖူနှင့် ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်မှာ အချင်းချင်းကြည့်ကာပြုံးလိုက်ကြလေသည်။
"တခြားပါရမီရှိတဲ့ယှဉ်ပြိုင်သူတွေရှိသေးလား။ နည်းနည်းလောက်ထပ်ပြီးထောက်ခံလို့ရတယ် လောလောဆယ်တော့ ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းက အရာအားလုံးက အစပိုင်းအဆင့်မှာပဲရှိသေးတယ် ပြီးတော့ငါတို့ကလည်းပါရမီရှင်တွေ အရေးတကြီးလိုအပ်နေတာ"
ရှစ်ကျီမှာ ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်လေသည်။
အခြားမူလအဆင့်ပညာရှင်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တခြားဘယ်သူ့ကိုမှ မထောက်ခံပေးတော့ပေ။
မည်သို့ပင်ဖြစ်စေ မူလအဆင့်ပညာရှင်များအတွက် အထူးခန္ဓာကိုယ်နှင့်လူများကသာပါရမီရှင်ဖြစ်ပြီး ပျိုးထောင်ဖို့ထိုက်တန်သူများဖြစ်သည်။
အခြားလူများမှာ မည်မျှပင်ထူးချွန်နေပါစေ မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာရန် ကြီးမားသောအဆင့်အား ဖြတ်ကျော်ရန်မှာအလွန်ခက်ပေသည်။
အကယ်၍လူတစ်ယောက်က မူလအဆင့်ပညာရှင်ဖြစ်မလာနိုင်ပါက အဆုံးသတ်တွင်ပုရွတ်ဆိတ်သာသာ သာဖြစ်သွားမည်ဖြစ်ပြီး မျိုးနွယ်ခြားများနှင့်စစ်မြေပြင်တွင် အများကြီးအသုံးမဝင်နိုင်တော့ပေ။
ရှစ်ကျီမှာထပ်မံထောက်ခံသံမကြားရတော့ချိန်တွင် စိတ်ပျက်သွားလေသည်။
ရှေ့တန်းတွင် ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းအသစ်ထပ်မံတိုးချဲ့ရန်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူဖြစ်သောကြောင့် ပထမအသုတ်ပါဝင်ယှဉ်ပြိုင်သူများကို အများကြီးမျှော်မှန်းထားပေသည်။
အခုတော့ ပထမအသုတ် ယှဉ်ပြိုင်သူများတွင် အထူးကိုယ်ခန္ဓာပိုင်ဆိုင်သည့်သူ ၂ယောက်သာရှိလေသည်။
"ယန်ကျင်းမြို့က နန်ကုန်းမိသားစုနဲ့ ရှ မိသားစုတို့ရဲ့အခြေအနေရော"
ရှစ်ကျီက မကျေမနပ်ဖြင့်မေးလိုက်သည်။
"စီနီယာရှစ် ရှမိသားစု ၊နန်ကုန်းမိသားစု နဲ့ အခြား နှစ်ရာချီလောက် မူလအဆင့်ရှိတဲ့ မိသားစုတွေက သူတို့ရဲ့ဆက်ခံသူတွေကို ပထမတန်းလေ့ကျင့်ရေးစခန်းသို့ တိတ်တဆိတ်စေလွှတ်ခဲ့ကြပြီးပါပြီ"
၀မ်က ခေတ္တတုံ့ဆိုင်းနေပြီးနောက်ပြန်ပြောလိုက်သည်။
"ငါဘာလို့မသိခဲ့တာလဲ"
ရှစ်ကျီက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
" သူ...သူ တို့ မကြာသေးမှီကမှ ပို့လိုက်ကြတာပါ"
၀မ်က မဝံ့မရဲပြန်ပြောလိုက်သည်။
ဘုန်း.....
အစည်းအဝေးအခန်း၏ အပူချိန်မှာ ၁၀ ဒီဂရီလောက်ကျဆင်းသွားပြီး လေထုမှာလည်းအေးခဲလာခဲ့လေသည်။
"ငါသိပြီ။ သူတို့ ငါ့အပေါ် အယုံအကြည်မရှိတာပဲ"
ရှစ်ကျီ ဆီမှ စကားလုံးများထွက်ကျလာခဲ့သည်။
ဟန်ဖူ ၊၀မ် နှင့် အခြား မူလအဆင့်ကျွမ်းကျင်သူများက ဝိုင်း၀န်းဖြောင်းဖြကြသည်။
" စီနီယာ ရှစ် စိတ်လျော့ပါ။ မျိုးရိုးစဉ်ဆက် သဘာလွန်ခန္ဓာများကိုပိုင်ဆိုင်ကြသည့် မိသားစုများက အခြေခံခိုင်မာပြီး ရွေးချယ်ခွင့်လည်းများကြတယ်။ ပထမတန်းလေ့ကျင့်ရေးစခန်းက တည်ထောင်ခဲ့တာ နှစ်တရာနီးပါးရှိပြီး အဲ့မှာ ကျွမ်းကျင်သူအများအပြားနဲ့ အရင်းအမြစ်ကောင်းများစွာလည်းရှိလေတယ်။ သူတို့ အဲ့ကို သူတို့ဆက်ခံသူတွေကိုပို့တာကို နားလည်ပေးလို့ရပါတယ်။ ကျွန်တော်တို့က အခုမှ ဒီလေ့ကျင့်ရေးစခန်းကို စတင်တည်ထောင်တုန်းပဲရှိသေးတာလေ"
" ဟမ်..."
ရှစ်ကျီက ပြင်းထန်စွာ အော်လိုက်သည်။
"စောင့်ကြည့်နေလိုက်ကြစမ်းပါ။ ငါတို့က ကျွမ်းကျင်သူဖြစ်လာတောင် မပျိုးထောင်နိုင်ဘူးလို့ ထင်မနေကြစမ်းနဲ့"
ဟန်ဖူ နှင့်အခြားလူများ အားလုံးပြုံးလိုက်ကြသည်။ သခင်ရှစ်၏အရင်လို ဒေါသစိတ်များ ပြန်လည်ပေါ်ပေါက်လာသည်ကို သူတို့သိကြလေသည်။
သူတို့အတွက် ပထမတန်းလေ့ကျင့်ရေးစခန်းနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သေးပေ။ သို့သော်လည်း သခင်ရှစ်ကိုတော့ ဘယ်သူမှ ပြန်မပြောရဲကြပေ။
အလွန်တရာမှောင်မိုက်ပြီး အလင်းမဲ့သောပတ်၀န်းကျင်၌ များစွာသောအလင်းရောင်မှိန်မှိန်လေးများက မီးချောင်းများသဖွယ်လင်းလက်လာခဲ့သည်။
ဝှစ် ဝှစ် ဝှစ်
ကျိုးဟောင်နှင့် ယှဉ်ပြိုင်သူများသည် တပြိုင်နက်ထဲ၀င်လာကြသည်။
"လခွမ်း ဒါဘယ်နေရာလဲ။ ငါတို့တောနက်ဧရိယာထဲမှာ မဟုတ်ဘူးလား"
"အလင်းကလည်း မှုန်ကုပ်ကုပ်နဲ့ကွာ။ ငါတော့ ဘာမှသေချာမမြင်ရဘူး။ဒီလိုနေရာမှာ နတ်ဆိုးသားရဲတွေကိုဘယ်လိုသတ်မှာလဲ"
"ဘယ်လို အကြံအစည်နဲ့ ဒီနေရာကိုလုပ်ထားတာလဲ"
"ဘယ်သူလဲ ဘယ်သူငါ့တင်ပါးကိုလာထိတာလဲ..."
ယှဉ်ပြိုင်သူအများအပြားက ဘေးပတ်၀န်းကျင်ကိုကြည့်ပြီး ညဉ်းတွားနေကြလေသည်။ သူတို့အားလုံး ပုံရိပ်ယောင်လေ့ကျင့်ခန်းများ ပြုလုပ်ဖူးကြပြီးအဲ့တုန်းက ညဘက်အချိန်တောင် မီတာ အနည်းငယ်အား မြင်နိုင်လေသည်။
ထို့ကြောင့် ယခုလို ပိန်းပိတ်အောင်မှောင်သော ပတ်၀န်းကျင်နှင့် အသားမကျဖြစ်နေလေသည်။သို့သော် ပြိုင်ပွဲ၏ မိနစ်တိုင်းက တန်ဖိုးရှိလေသည်။
ဒီ ...ဒီ....
နောက်၁၀ စက္ကန့်အကြာတွင် ယှဉ်ပြိင်သူအားလုံးသည် သူတို့၏ ဘယ်ဘက်လက်မောင်းတွင် ဖန်သားပြင်တခုပါရှိပြီး နားကြပ်နှင့်ဆက်သွယ်ထားသည်ကို သိရှိသွားခဲ့ကြသည်။
"ကျေးဇူးပြု၍ သတိပြုပါ... ပြိုင်ပွဲရဲ့စည်းမျဉ်းများပြောင်းလဲသွားပါပြီ။ ပြိုင်ပွဲ၀င်တိုင်း သင်တို့၏ဘယ်ဘက်လက်မောင်းရှိ ဖန်သားပြင်မှဖော်ပြသောလမ်းကြောင်းအတိုင်း အချက်ပြအမှတ်ရှိသည့်နေရာသို့ နာရီ၀က်အတွင်းရောက်အောင်သွားကြရမည်ဖြစ်ပြီး သတ်မှတ်အချိန်တွင်း အောင်မြင်ပါကနောက်တဆင့်သို့တက်လှမ်းနိုင်မည်ဖြစ်သည်။ ကျရှုံးခဲ့ပါက ပြိုင်ပွဲက ထုတ်ပယ်ခြင်းခံရမည်။"
"တချိန်ထဲမှာပဲ အဆင့်သတ်မှတ်ချက်ဇယားကိုလည်းဖော်ပြသွားမည်"
နားကြပ်မှ အသံကြားရသည်နှင့် ကျိုးဟောင် ၊ ရှုလင် ၊ယွမ်ချန်း နှင့် အခြားပြိုင်ပွဲ၀င်များ အားလုံး သူတို့၏ဘယ်ဘက်လက်မောင်းသို့ အလျင်အမြန်ကြည့်လိုက်ကြသည်။
သူတို့ဘယ်ဘက်လက်ရှိ ဖန်သားပြင်မှာ အနီရောင်အချက်ပြအမှတ်လေးပေါ်နေခဲ့ပြီး သူတို့၏ အမှတ်များကိုတော့ ညာဘက်အောက်ထောင့်တွင်ပြထားလေသည်။
ကျိုးဟောင်က မတော်တဆသူ့အမှတ်များကို နှိပ်မိလိုက်သည်။
ဝှစ်...
ဖန်သားပြင်က ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ အဆင့်ဇယားနှင့် သက်ဆိုင်ရာ အကျိုးရလဒ်များကိုပြသလေသည်။
ထိပ်ဆုံး၁၀ယောက်အတွက် အကျိုးရလဒ် : မည်သည့်အပင်ဝိညာဉ်မဆို ရွေးချယ်နိုင်ခွင့်၊ ယွမ်ကုဋေ ၁၀၀တန်ဖိုးရှိသည့် လျှို့ဝှက်နည်းစနစ်များရွေးချယ်နိုင်ခွင့် ၊ ယွမ် ၁၀ သန်းတန် လက်နက်နှင့် ချပ်၀တ်များ ရွေးချယ်နိုင်ခွင့် ၊ စိတ်ကြိုက်အခန်းနံပါတ်များရွေးချယ်နိုင်ခွင့် (အမျိုးသား/ အမျိုးသမီး)
အယောက်၃၀အတွင်းရှိသူများအတွက်အကျိုးရလဒ်: ယွမ်၁ကုဋေ တန်ဖိုးရှိ လျှို့ဝှက်နည်းစနစ်များရွေးချယ်နိုင်ခွင့် ၊ ယွမ်သန်း၁၀၀ တန်ဖိုးရှိ လက်နက်နှင့်ချပ်၀တ်များရွေးချယ်နိုင်ခွင့် ၊ စိတ်ကြိုက်အိပ်ခန်းများရွေးချယ်နိုင်ခွင့်
အဆင့် ၃၀- ၆၀: ပိုကြိုးစားပါ။ ဒီလိုအဆင့်အောက်ဆုံးသူများအတွက်အကျိုးခံစားခွင့်မရှိပါ။
..............................................................................
အခန်း (၁၃၄) ပြီးပါပြီ။
အခန်း (၁၃၅) : မတော်တဆ နံပါတ်တစ် ထပ်ဖြစ်ခြင်း
ထိုအခြင်းအရာကို မြင်လိုက်သောအခါ ကျိုးဟောင် မျက်လုံးပြူးသွားခဲ့သည်။ အကျိုးရလဒ်မှာအမှန်တကယ်ပင်ကောင်းမွန်လှပေသည်။
အမှန်တကယ်တော့ သူအရင်းအမြစ်များကို ဂရုမစိုက်ပေ။ ရလဒ်အခြေအနေကိုသာ ကြည့်ပြီး အခန်းများကို သူရွေးချယ်လိုခြင်းဖြစ်လေသည်။
တကယ်လို့ အဆင့် ၁ကနေ ၁၀ အတွင်းသာ ၀င်နိုင်ခဲ့မယ်ဆိုရင် ရှုလင်နဲ့ ကျန်းယိတို့၏ ဘေးအခန်းများကို သူရွေးချယ်နိုင်ခွင့်ရမည်ဖြစ်သည်။
"ကြည့်ရတာ အဆင့် ၁၀အတွင်း၀င်အောင်လုပ်မှရမယ့်ပုံပဲ"
ကျိုးဟောင်ပြုံးလိုက်သည်။ အစကတော့ သတ်မှတ်စံနှုန်းများမှီအောင်သာ လုပ်ရန်ဆုံးဖြတ်ထားသော်လည်း ကြေငြာချက်ကို ကြားပြီးသည့်နောက်မှာတော့ ပိုမိုကြိုးစားရန် ဆုံးဖြတ်လိုက်လေသည်။
အခြားပါဝင်သူများလည်း ကျိုးဟောင်ကဲ့သို့ဖြစ်နေကြလေသည်။ သူတို့အားလုံး အဆင့်အလိုက်သက်ဆိုင် အခွင့်အရေးများကိုမြင်လိုက်သောအခါဆေးထိုးထားသော ကြက်များကဲ့သို့တက်ကြွလှုပ်ရှားကြလေသည်။
သို့သော်သူတို့က အရင်းအမြစ်များကိုသာ တန်ဖိုးထားနေကြလေသည်။ ထိပ်ဆုံး ၁၀ ယောက်အတွက် ချီးမြှောက်မည့်အရာမှာ အပင်ဝိညာဉ်ဖြစ်ပြီး ထိုအရာမှာ ကျင့်ကြံရေးအတွက် အလွန်တန်ဖိုးရှိသော အရင်းအမြစ်ဖြစ်လေသည်။
"ဟမ် လေ့ကျင့်ရေးစခန်းက ဒီလောက်ရက်ရောလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ သူတို့က အပင်ဝိညာဉ်လိုအရာမျိုးကိုတောင် သုံးပြီး ပြုစုပျိုးထောင်မှာပေါ့။ ငါ့အတွက် အရေးအကြီးဆုံးကတော့ အခန်းနံပါတ်ရွေးချယ်ခွင့်ပဲ။ ရေခဲကြွက်သားခန္ဓာနဲ့ အနီးဆုံးအခန်းကို ငါရွေးရမယ်။ ဒီရှုလင်ကြောင့်သာ မဟုတ်ရင် ဒီပျင်းစရာကောင်းတဲ့ ပြိုင်ပွဲကို ၀င်တောင်မပြိုင်ဘူး"
ကျိယွီဖန်လည်း ထောင့်တနေရာမှ ဖန်သားပြင်အား အထင်မကြီးသလိုကြည့်နေခဲ့လေသည်။
ကျိမိသားစုမှာ နန်ကုန်း မိသားစု နှင့် ရှ မိသားစုတို့ကဲ့သို့ပင် ဆင်တူကြသည်။ သူတို့အားလုံးတွင် သဘာဝလွန်ရုပ်ပိုင်းဆိုင်ရာ အမွေဆက်ခံမှုများရှိကြပြီး အရင်းအမြစ်များနှင့် အခြေခံအုတ်မြစ်စွမ်းအားများတွင် အလွန်အစွမ်းထက်ကြလေသည်။
မူလက ကျိယွီဖန် သည် ဤလေ့ကျင့်ရေးစခန်းအသစ်တွင် မပါဝင်လိုခြင်းမရှိခဲ့ပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် ဟွာတုန်းမြို့ရှိ အမျိုးသမီးတစ်ဦးက ရေခဲကြွက်သားခန္ဓာကို ကို စတင်အသုံးပြုပြီး လေ့ကျင့်ရေးစခန်းအသစ်တွင် ပါဝင်မည့်သတင်းကိုကြားသိရခဲ့သည်။
ထို့ကြောင့် သူ့မိဘများက သူ့အား နောက်ဆုံးအချိန်တွင် စိတ်ပြောင်းစေခဲ့ပြီး ဤစခန်းအသစ်အတွက်လူ ရွေးချယ်မှုတွင်ပါ၀င်စေခဲ့လေသည်။
အမှန်တော့ သူသည် သူ၏ မီးဓာတ်ကိုယ်ခန္ဓာအား ရေခဲကြွက်သားခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်လျှင် သူ၏ သဘာဝလွန်ခန္ဓာကိုယ်အား ပြီးပြည့်စုံစွာ အသက်သွင်းနိုင်သည့် အလွန်မြင့်မားသော အခွင့်အရေးရှိ လေသည်။
ထိုသို့ဖြစ်လာပါကသူသည် မူလကျွမ်းကျင်သူအဆင့်သို့ ဖြတ်ကျော်ရန် ပို၍ပင် လွယ်ကူလာမည့်အပြင် ပို၍အဆင့်မြင့်သော မူလအဆင့်ကျွမ်းကျင်သူ ဖြစ်လာနိုင်လေသည်။
ဂါး
သိပ်မကျယ်သော ဟိန်းဟောက်သံတခုကိုကြားလိုက်သောကြောင့် ကျိုးဟောင်သည် အချက်ပြနေသည့် အနီရောင်အစက်လေးရှိရာသို့ အလျင်အမြန်သွားလိုက်လေသည်။
ဝှစ်
ထို့နောက် သူ့ဓားကိုထုတ်ကာ အလျင်အမြန်ပိုင်းဖြတ်လိုက်ပြီး လှည့်တောင်မကြည့်ဘဲ ထိုနေရာမှထွက်ခွာလာလေသည်။
အချက်ပြသည့်အစက်များမှာ အတည်တကျမရှိပဲ အမြဲမပြတ်ပြောင်းလဲနေလေသည်။ ပါ၀င်ယှဉ်ပြိုင်သူများသည် ထိုအချက်ပြသည့်နေရာသို့သွားရာတွင် ခွန်အားအမျိုးမျိုးရှိသော နတ်ဆိုးမိစ္ဆာများနှင့်ရင်ဆိုင်ရမည်ဖြစ်လေသည်။
ထိုနတ်ဆိုးမိစ္ဆာများမှာ အလယ်အလတ်အဆင့်ရှိသော မိစ္ဆာသားရဲများဖြစ်လေသည်။
သို့သော်လည်း သိုင်းပညာရှင်နှင့် ကျွမ်းကျင်ပညာရှင်များမှလွဲ၍ အခြားပါဝင်သူများ၏ အရှိန်သည် လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။
ဝူး...
ကျိုးဟောင် သည် အချက်ပြစနစ်ထက် အဆပေါင်းများစွာ လျှင်မြန်ပေသည်။ ၁၅ စက္ကန့်မပြည့်မီအချိန်တွင်း သူသည် အချက်ပြသည့်နေရာ သို့ရောက်ရှိခဲ့လေသည်။
ဒီ...
ကျိုးဟောင်မှာ အချက်ပြသည့်နေရာသို့ရောက်သွားသည်နှင့် အခြားပါ၀င်သူများစီတွင် အချက်ပေးသံများထွက်ပေါ်လာခဲ့လေသည်။
"ကျေးဇူးပြု၍သတိပြုပါ... ကျေးဇူးပြု၍သတိပြုပါ... ပါ၀င်ယှဉ်ပြိုင်သူ တယောက်သည်အချက်ပြနေရာသို့ရောက်ရှိသွားပါပြီ။ ထိုယှဉ်ပြိုင်သူသည် ၁၅ စက္ကန့်အတွင်းရောက်ရှိသည့်အတွက် ပွိုင့် ၁၀၀၀ အား ဆုလာဘ်အဖြစ်ရရှိပါမည်"
ထိုအချက်ပေးသံကြောင့် ယှဉ်ပြိုင်နေသူ အယောက် ၁၀၀၀လုံး ကြောင်သွားခဲ့ကြသည်။
"လခွမ်း ဘယ်သူလဲဟ..."
"၁၅ စက္ကန့်လား ....ဒါကြီးကပုံမှန်မှ မဟုတ်တာ။ သူ သားရဲကောင်တွေနဲ့ မတိုက်ခိုက်ခဲ့ရဘူးလား"
"ချီးပဲ အချက်ပြနေရာက သူ့ဘေးတင် ရှိနေလို့ဖြစ်မယ်"
ယှဉ်ပြိုင်သူအများအပြား၏မျက်လုံးမှာ မနာလိုစိတ်ကြောင့်နီရဲသွားကြသည်။ သူတို့မှာ အလယ်အလတ်မဆင့်နတ်ဆိုးသားရဲ တကောင်ကိုသတ်နိုင်မှ ၁၀မှတ် သာရရှိခဲ့ကြသည်။
သို့သော်လည်း အချက်ပြနေရာသို့ ပထမဆုံးရောက်သည့်သူက နတ်ဆိုးသားရဲအကောင် ၁၀၀ သတ်သည်နှင့်ညီမျှသော အမှတ် ၁၀၀၀အားရရှိလေသည်။
သူတို့မှာ အစထဲက နောက်ကောက်ချခြင်းခံလိုက်ရလေပြီ။ ဘယ်လိုများ အမှီလိုက်နိုင်ပါ့မလဲ။
ကျိုးဟောင်လည်း ကြောင်သွားခဲ့လေသည်။
အချက်ပြနေရာသို့ သူပထမဆုံးရောက်လိမ့်မည်လို့ သူမထင်ထားခဲ့ပေ။ ဖန်သားပြင်ပေါ်တွင်အသိပေးချက်ပေါ်လာပြီးနောက် သူ့ပြိုင်ပွဲ၀င်အမှတ်စဉ်နံပါတ်မှာလည်း အဆင့်သတ်မှတ်ချက်ဇယားတွင်ပေါ်လာမည်ဖြစ်လေသည်။
"ဒီအတိုင်းဆို မကြာခင် ငါတို့တယောက်နဲ့တယောက်တိုက်ခိုက်ရတော့မယ်ထင်တယ်"
ပြိုင်ပွဲစည်းကမ်းများကို ပြန်စဉ်းစားပြီးနောက် သူညဉ်းတွားလိုက်သည်။
ရုတ်ရုတ်သဲသဲအသံများကြောင့် အခြားသူများလည်း အဆင့်သတ်မှတ်ချက်ဇယားကိုသတိထားမိသွားကြပြီး ပထမနေရာရသည့် နံပါတ်အား တိတ်တဆိတ်မှတ်ထားလိုက်ကြလေသည်။
ချူမြို့အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ပထမ နေရာမှ နံပါတ်ကိုမြင်ပြီး အံ့ဩသွားကြလေသည်။
" ဒါ... ဒါက ကျိုးဟောင်ရဲ့နံပါတ်မှတ်လား"
"၁၀၁၀ မှတ်... ဘုရားရေ ဒါဆို ကျိုးဟောင်က အချက်ပြနေရာရောက်ဖို့ နတ်ဆိုးသားရဲတကောင်ပဲ သတ်ခဲ့ရတာပေါ့"
"ငါတော့ ပြောစရာကိုမရှိတော့ဘူး။ သူက အချက်ပြနေရာနဲ့ အနီးအနားမှာရှိနေတာဖြစ်မယ်။ မဟုတ်ရင် ၁၀၁၀ မှတ်ထဲ ဖြစ်နေမှာမဟုတ်ဘူး"
လေ့ကျင့်ရေးအတန်းမှာ ပါ၀င်ယှဉ်ပြိုင်သူများ အားလုံး မနာလိုဖြစ်မှု နှင့် စိတ်လှုပ်ရှားနှစ်မျိုးလုံးဖြစ်နေကြလေသည်။
အမှန်တကယ်တော့ ချူမြို့အထက်တန်းကျောင်းမှ ကျိုးဟောင်က ပထမနေရာအားသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်း ပျံ့နှံ့သွားပါက ချူမြို့အထက်တန်းကျောင်းမှာ သေချာပေါက်နာမည်ကြီးမည်ဖြစ်လေသည်။
" ဒါကောင်းတဲ့အရာပဲ။ ကျိုးဟောင် ပထမနေရာရမယ်လို့ မထင်ခဲ့ပေမဲ့ ကံကြမ္မာလက်ကောက်ကြောင့်နဲ့တော့ ဖြစ်လာခဲ့ပြီ"
ရှုလင်က ပထမနေရာ ရသော ကျိုးဟောင်ထက်ပင်ပိုပြီး စိတ်လှုပ်ရှားနေလေသည်။ သူမကရှေ့ကိုကြိုတွေးထားခဲ့ပြီး တကယ်လို့ကျိုးဟောင်က အရှင်းလင်းခံလိုက်ရရင်တောင်မှ အမှတ်၁၀၀၀ကြောင့် သူ့အတွက် နေရာတခုတော့ ရဖို့သေချာခဲ့လေပြီ။
ကျန်းယိမှာလည်း ကျိုးဟောင်အတွက်၀မ်းသာနေခဲ့သည်။ အချက်ပြနေရာသို့ ယှဉ်ပြိုင်သူတယောက်ပထမဆုံးရောက်လာသည်နှင့် အချက်ပြနေရာမှ ဆက်လက်မပြောင်းလဲတော့ပဲ တည်ငြိမ်သွားလေသည်။ မကြာမီ ပါ၀င်ယှဉ်ပြိုင်သူများ အချက်ပြနေရာသို့ဆက်တိုက်ရောက်ရှိလာကြလေသည်။
"ဟားဟား တော်တယ် ကျိုးဟောင်"
"ငါတို့ ချူမြို့အထက်ကျောင်းရဲ့ ကျောင်းသားတယောက်အနေနဲ့ မင်းက အထင်ကြီးစရာပဲ ကျိုးဟောင်"
လေ့ကျင့်ရေးအတန်းမှ အဆင့်မြင့်ကျောင်းသားများမှာ၀မ်းသာနေကြပြီး ကျိုးဟောင်ကိုတွေ့တာနဲ့ သူတို့ချီးကျူးနေကြလေသည်။
.................................................................................
အခန်း (၁၃၅) ပြီးပါပြီ။