← Chapters

အခန်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အခန်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အခန်း (၁၃၉) : ငါလား.. ပါရမီရှင် ထူးချွန်ကျောင်းသားလား...

"ယွမ်ချန်း ၊ယွင်ယန် နဲ့ နင်တို့ ၅ယောက်လုံးသွားကြတော့။ နင်တို့သာ မကူညီခဲ့ရင် ငါတို့ ဒီနေရာကိုတောင်ရောက်နိုင်မှာ မဟုတ်ဘူး"

ရှုလင်က ရုတ်တရက်ထပြောလေသည်။

ယွမ်ချန်း ၊ ယွင်ယန် နှင့် ဖန်းယွီတို့အံ့အားသင့်သွားကြသည်။

"ရှုလင်....."

"မြန်မြန်သွားကြ။ တုံ့ဆိုင်းမနေကြနဲ့တော့"

ရှုလင်က လက်ကာပြပြီး အတင်းသွားခိုင်းနေလေသည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ချန်း၊ ယွင်ယန်၊ ဖန်းယွီနှင့် အခြားသူများကတညီထဲပြောလိုက်လေသည်။

နောက်မှာကျန်နေသော ပြိုင်ပွဲ၀င်ခြောက်ယောက်လည်း ရှင်းလင်းခံလိုက်ရပြီး ထောင်နဲ့ချိီသောနတ်ဆိုးစစ်သူကြီးများက လုံခြုံသည့်ဧရိယာအစွန်းနားသို့ တဟုန်ထိုးပြေးလာနေကြလေသည်။

ထိုအရာကိုမြင်လိုက်သော ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားယန်ကျင်းကျောင်းသားများမှာ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြပြီး လုံခြုံသည့်ဧရိယာထဲမှ တယောက်ပြီး တယောက်ပြန်ထွက်လာကာ ရှုလင် ၊ ကျန်းယိ နှင့်ကျိုးဟောင်တို့ဆီသို့ ပြန်ထွက်လာကြလေသည်။

"မင်းတို့....."

ရှုလင် တို့မှာလည်း အံ့အားသင့်သွားခဲ့ကြသည်။

"မင်းတို့ကသေဖို့ ဆုံးဖြတ်ထားမှတော့ ငါတို့လည်း အတူလိုက်သေပေးကြရမှာပေါ့"

ယွမ်ချန်း က ပြုံးပြီးပြောလိုက်သည်။

"ငါတို့က ချူမြို့အထက်တန်းကျောင်း က လေ့ကျင့်ရေးစခန်းက ကျောင်သားတွေပဲ။ အတူစည်းစည်းလုံးလုံးနေကြရမှာပေါ့"

ယွင်ယန်ကလည်း သူမ၏ နဖူးပေါ်တွင် ကျနေသော ဆံပင်များကို သပ်တင်လိုက်ပြီးပြောလေသည်။

"အတိတ်မှာတုန်းက ငါ အမှားတွေလုပ်ခဲ့မိတယ်။ နင်ငါ့ကိုခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်"

ဖန်းယွီကလည်း ရှုလင်ကိုကြည့်ပြီးပြောလိုက်သည်။

ကျန်ရှိနေသော လိန်ကျင့်ဖုန် နှင့် အခြားသူများကတော့ ဘာမှ မပြောသော်လည်း လုံခြုံသည့်ဧရိယာထဲမှ ထွက်လာပြီး အားလုံးနဲ့တသားတည်းဖြစ်ကြောင်းပြသနေခဲ့လေသည်။

ရှုလင်က ယွင်ယန်၏လက်ကို ဖမ်းဆုပ်လိုက်သည်။ ယွင်ယန်ကလည်းယွမ်ချန်း၏ လက်ကိုဖမ်းဆုပ်လိုက်ပြီး သူတို့ရှစ်ယောက်လုံး အတူလက်တွဲထားကြလေသည်။

"ငါတို့သေရမယ်ဆိုရင်လည်း အတူသေကြတာပေါ့..."

သူတို့၏ဟစ်ကြွေးသံမှာ စူးရှပြီးပြတ်သားလေသည်။

ဂါး ဂါး ဂါး...

ထောင်နဲ့ချီသော နတ်ဆိုးသားရဲများ က သူတို့ရှစ်ယောက်အား ဖုံးအုပ်ခါနီးတွင် လက်မောင်းရှိဖန်သားပြင်မှ တဆင့် သူတို့နားထဲသို့ အသံတခု၀င်လာခဲ့လေသည်။

"ဒင် တတိယအဆင့်ပြိုင်ပွဲအတွက် လျှို့ဝှက်ထားသောစည်းကမ်းချက်နဲ့ ကိုက်ညီပါသည်။ ဖြစ်ပေါ်လာသောကပ်ဆိုးကြီးသည့် အတူရင်ဆိုင်ခဲ့ကြသည့်အတွက် မင်းတို့အားလုံး အမှတ် ၃၀၀၀ စီ ရရှိပါမည်။"

ထိုအချိန်မှာပဲထောင်နဲ့ချီသော နတ်ဆိုးအုပ်ကြီးမှာလည်းပျောက်ကွယ်သွားခဲ့လေသည်။

ရှုလင် ၊ ကျိုးဟောင် ၊ ကျန်းယိ နှင့် အခြားလေ့ကျင့်ရေးအတန်း၏ကျောင်သားများသာ လေးထောင့်ပုံစံကွက်လပ်ထဲတွင်ကျန်ရစ်လေသည်။

"ဟမ် ငါတို့ အရှင်လင်းမခံရဘူးလား ပြီးတော့ လျှို့ဝှက်စံနှုန်း နဲ့ပြည့်မှီတယ် ဆိုတာကရောဘာလဲ"

ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားလူများမှာ အံ့ဩနေခဲ့ကြလေသည်။

ကျိုးဟောင်က ပြုံးပြီး ပြောလိုက်သည်။

“မျိုးနွယ်ခြားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျုပ်တို့ လူသားတွေဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါပြီး အဲဒါကလည်း တတိယအဆင့်မစ်ရှင်ရဲ့ အဓိကရည်ရွယ်ချက်လို့လည်း ငါထင်တယ်။”

ယွမ်ချန်း ၊ယွင်ယန် နှင့် အခြားသူများလည်း သတိပြုမိလာကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကျော်က ကမ္ဘာမြေပေါ်ရှိ လူသားများ သည် မျိုးနွယ်ခြားတို့၏ တိုက်ခိုက်မှုလှိုင်းများကို တွန်းလှန်နိုင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြရပြီး ထိုကဲ့သို့မပူပေါင်းခဲ့လျှင် ကျုပ်တို့သည် ဟိုးအရင်ထဲက မျိုးနွယ်ခြားတို့၏လက်အောက်ခံဘ၀ ရောက်ခဲ့မည်ဖြစ်လေသည်။

"ရမှတ်ဇယားကို တချက်ကြည့်ကြဦး။ ငါတို့အဆင့်တွေက ထိပ်ကိုရောက်နေခဲ့ပြီ"

ဖန်းယွီက၀မ်းသာအားရပြောလိုက်သည်။

ရှုလင် ၊ ကျန်းယိ နှင့် အခြားလူများလည်း ချက်ချင်းပဲ လက်မောင်းရှိဖန်သားပြင်အားကြည့်လိုက်ကြလေသည်။

ကျန်းယိ ၊ ဖန်းယွိ ၊ လိန်ကျင်းဖုန် နှင့် အခြားလူများမှာ အစက အဆင့်များနောက်ကောက်ကျနေခဲ့သော်လည်း ယခုအခါ ထိပ်ဆုံး ၁၀ယောက်ထဲပင်ရောက်လာခဲ့လေပြီ။

စင်စစ်တွင် တတိယအဆင့် မစ်ရှင်တခုတည်းပင် အမှတ် ၃ထောင်ရရှိခဲ့ခြင်းကြောင့်ဖြစ်လေသည်။

"ဟား ဟား ... ဒါကောင်းတာပဲ။ အခုဆို ငါတို့၈ယောက်လုံး ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းကို ၀င်ရောက်နိုင်ပြီ။ ပြီးတော့ ငါတို့စိတ်ကြိုက် အခန်းနံပါတ်တွေလည်း ရွေးချယ်နိုင်ပြီ။ ဒီအတိုင်းဆို ငါတို့ ၈ယောက်လုံးဘေးချင်းကပ်အတူတူနေလို့ရပြီ"

ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားလူများမှာ ပျော်ရွှင်နေကြလေသည်။ကျိုးဟောင်ကလည်း ပြုံးနေခဲ့လေသည်။

တကယ်တော့ ကျိုးဟောင် သည်ယွမ်ချန်း၊ယွင်ယန် နှင့် တခြား ယန်ကျင်း ကျောင်းသားများကို တကယ်မနှစ်သက်ခဲ့ပေ။

အထူးသဖြင့် ဖန်းယွီ နှင့် လိန်ကျင်းဖုန် တို့ကို သူ သိပ်သဘောမကျပေ။ သို့သော်လည်း ယခုဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပြီးတွင် သူ့စိတ်မှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

နတ်ဆိုးစစ်သူကြီးတစ်သောင်းကျော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသောသူတို့၃ယောက်ကို ကူညီရန် နောက်ကျကျန်ခဲ့ရုံသာမက လုံခြုံသောဧရိယာရောက်ခဲ့တာတောင် ပြန်ထွက်လာပြီး အတူတကွ သေကြရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့သောလူများသည် မိတ်ဆွေကောင်းများ ဖြစ်ထိုက်လေသည်။

"ဒင်... ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းအတွက် ကျင်းပသည့်ပြိုင်ပွဲမှာ တရား၀င်ပြီးဆုံးပါပြီ။ အဆင့် ၁ကနေ ၆၀ ထိ ၀င်သော ကျောင်းသားများ အားလုံး ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင် ပါ၀င်နိုင်ပြီဖြစ်သည့်အတွက် ဂုဏ်ပြုပါတယ်။ လ၀က်အတွင်း အက်ကွဲကြောင်းကြီးဘေးနားရှိ ရှေ့တန်းအခြေစိုက်စခန်းသို့ ကျေးဇူးပြု၍လာရောက်ပေးကြပါ။ အဲ့အချိန်ကျ သင်တို့အား အထူးအမှုထမ်းများက နွေးထွေးစွာကြိုဆိုပါလိမ့်မည်"

ကြေငြာသံမှာအားလုံး၏ နားထဲတွင်သာ ပုံရိပ်ယောင်အခန်းငယ်များအားလုံးဆီသို့ပင် ပျံ့နှံ့သွားခဲ့လေသည်။

"ပုံရိပ်ယောင် ပတ်၀န်းကျင်မှာ ပျောက်ကွယ်ပါတော့မည်။ အမှတ်စဉ်ရေတွက်ခြင်း ၁၀...."

ထိုအမှတ်စဉ်ရေနေသည့် အချိန်ဆယ်စက္ကန့်တွင် ယွမ်ချန်း၊ ယွင်ယန် နှင့် အခြားသူများက ကျိုးဟောင်အားကြည့်ပြီးမေးလိုက်လေသည်။

"ကျိုးဟောင် မင်းက ကျောင်းမှာပုန်းကွယ်နေတဲ့ ပါရမီရှင် ထူးချွန်ကျောင်းသားလား"

ကျိုးဟောင်နှလုံးခုန်မြန်သွားသော်လည်း အမူအရာမပျက်သွားခဲ့ပေ။ သူကအံ့ဩချင်ယောင်ဆောင်ပြီးပြန်ပြောလေသည်။

"ငါကလား... ပါရမီရှင် ထူးချွန်ကျောင်းသားဟုတ်လား"

ဘုန်း...

ဘေးတွင်ရှိနေသော ရှုလင်က ကျိုးဟောင်အား လှမ်းကန်လိုက်ပြီး နှုတ်ခမ်းလေး တွန့်ကာပြောလိုက်သည်။

" ဒီကောင်က ဘယ်လိုလုပ် ပါရမီရှင်ထူးချွန်ကျောင်းသားဖြစ်နိုင်မှာလဲ။ ယွမ်ချန်း နဲ့ ယွင်ယန်ရယ် အတွေးမတိမ်စမ်းပါနဲ့။ ငါနဲ့ ကျန်းယိက သူ့ရဲ့ အဲ့လို တိုက်ခိုက်ချက်တွေကို ရှောင်ရှားခဲ့တာမျိုးတွေ ကြုံတွေ့ခဲ့ပြီးပြီ။ ကျိယွီဖန်ရဲ့တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့တာလည်း သာမန်ပါပဲ"

ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားလူများကလည်း ကျန်းယိအား အဲ့လိုဟုတ်သလားဆိုသော အကြည့်ဖြင့်ကြည့်လိုက်ကြလေသည်။

....................................................................................

အခန်း(၁၃၉) ပြီးပါပြီ။

အခန်း (၁၄၀) : သန်မာသူများကို လေးစားခြင်း

"ဟုတ်တယ် ငါတို့ တောနက်ဧရိယာကြီးထဲမှာ ရှားပါးပစ္စည်းတွေသွားရှာတုန်းကလည်း ကျိုးဟောင်ရဲ့ဒီလို ရှောင်ရှားမှုတွေကို တွေ့ ခဲ့ရပြီးပြီ။ အဲ့ဒါက အနီးကပ်ရှောင်ရှားမှု နည်းစနစ်တခုနဲ့ဆင်တူတယ်"

ကျန်းယိကခေါင်းညိတ်ရင်းပြန်ပြောပြသည်။

"အဲ့တာက အချိန်ကိုက် ပါးနပ်စွာ ရှောင်ရှားခြင်းနည်းစနစ်ပဲ"

ကျိုးဟောင်က ဒေါသတကြီးထပြောလေသည်။

"ဟုတ်တယ် ဟုတ်တယ် အဲ့ဒါပဲ "

ကျန်းယိလည်းခေါင်းညိတ်ပြလိုက်သည်။

"အချိန်ကိုက် ပါးနပ်စွာရှောင်ရှားခြင်းနည်းစနစ်လား"

ယွမ်ချန်းတို့အုပ်စုကလည်း သံသယစိတ်နဲ့မေးလိုက်လေသည်။

"ဒါက အလွန်အသုံးအ၀င်တဲ့ အဆင့်မြင့်ရှောင်ရှားရေးနည်းစနစ်တခုပဲ။ ငါအဲ့တာကို ကိုယ့်ဟာကိုယ် တတ်မြောက်နိုင်ခဲ့တာ။ မင်းတို့မယုံရင် နည်းပြရှန်းကို သွားမေးကြည့်လိုက် သူသေချာရှင်းပြလိမ့်မယ်။ ငါတော့အဲ့နည်းစနစ်ကို ခုထိသေချာ မသိဘူး။ ဒါပေမဲ့ ငါ့ရဲ့ အလိုလိုသိစိတ်အပေါ်ပဲ ငါမှီခိုအားထားတယ်"

ကျိုးဟောင်က ပြုံးပြီးပြန်ပြောလေသည်။

"ကောင်းပြီ ငါတို့ နည်းပြရှန်းကိုမေးကြည့်လိုက်မယ်"

....

ဗဟိုလေ့ကျင့်ရေးအတန်းတွင်

ကျိုးဟောင်နှင့် အခြားလူများ ပုံရိပ်ယောင်အခန်းငယ်ထဲက ထွက်လာကြချိန်တွင် အခြားလူများက သူတို့အား အားကျစွာကြည့်နေကြလေသည်။

"ဂုဏ်ပြုပါတယ်.."

"ထိပ်ဆုံး ၁၀ယောက်ပဲ ....ငါတကယ်အားကျမိတယ်"

"မင်းတို့က ထိပ်ဆုံး ၁၀ယောက်ထဲကို အတူ၀င်နိုင်ခဲ့တဲ့ ချုမြို့အထက်တန်းကျောင်းရဲ့ဂုဏ်ဆောင်တွေပဲ"

ဖြောင်း ဖြောင်း ဖြောင်း

လက်ခုပ်သံများထွက်ပေါ်လာခဲ့လေသည်။

မနာလိုသူများရှိနေကြသော်လည်း ကျောင်းသားအတော်များများကတော့ ကျိုးဟောင် ၊ရှုလင်နှင့် အခြား သူများအတွက် အမှန်တကယ်၀မ်းသာနေကြလေသည်။

နောက်ဆုံးတွင် သူတို့ ၈ယောက်မှာ ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး ချူမြို့အထက်တန်းကျောင်းအား အားလုံးရဲ့ အလေးထားမှု ရအောင်မီးမောင်းထိုးပြနိုင်ခဲ့ကြလေသည်။ထုတ်ပယ်ခံခဲ့ရသည့် ကျောင်းသားကတောင် ‌ကျော်ကြားမှုရဲ့ ရလဒ်ကို ခံစားကြရလေသည်။

သူတို့ရှေ့တွင် ရပ်နေသော ကျောင်းအုပ်ကျန်း နှင့် အခြားလူများမှာလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။ တော်ရုံခံစားချက်များကို ထုတ်မပြတတ်သည့် နည်းပြရှန်း‌ကပင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြစ်နေခဲ့လေသည်။

ချူမြို့အထက်‌တန်းကျောင်းမှာ အဆင့်မြင့်လေ့ကျင့်ရေးအတန်း၏ ထိပ်ဆုံး ၁၀ယောက်၀င် ကျောင်းသားများကို ပိုင်ဆိုင်နိုင်ခဲ့လေပြီ။ နည်းပြရှန်းအတွက်လည်း လူရွေးမှန်ခဲ့သည်လို့ ဆိုနိုင်လေသည်။

ကြေငြာချက်များထွက်လာသည့်အချိန်မှာပင် ယန်ကျင်းလေ့ကျင့်ရေးစခန်းရှိ နည်းပြချုပ် ချန်ကတောင် ဂုဏ်ပြုလွှာပေးပို့ခဲ့သေးသည်။

ထိုအချိန်မှာပင် ရှန်းကျင့်ထံသို့ ဖုန်းခေါ်ဆိုမှု တခု၀င်လာခဲ့လေသည်။ ထိုဖုန်းအားပြန်လည်ဖြေကြားပြီးချိန်တွင် နည်းပြရှန်း၏ စိတ်လှုပ်ရှားမှု မှာ ပိုမိုမြင့်တက်လာလေသည်။

"တိတ်တိတ်နေကြစမ်း"

နည်းပြရှန်းက သူ့လက်ကကိုမြှောက်ကာဝေ့ရမ်းပြီးပြောလိုက်သည်။

"ပထမဆုံး အနေနဲ့ ယွမ်ချန်း ၊ ယွင်ယန် ၊ရှုလင် ၊ ဖန်းယွီ၊ လိန်ကျင်းဖုန် ၊ ဝမ်ရှု ၊ ကျိုးဟောင် နဲ့ ကျန်းယိတို့အား ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းကို ၀င်နိုင်ခဲ့ရုံသာမက အထူးချွန်ဆုံး ၁၀ယောက်စာရင်းထဲပါ ၀င်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"

ဖြောင်းဖြောင်းဖြောင်း...

လက်ခုပ်‌ဩဘာသံများ ညံသွားခဲ့လေသည်။

ရှန်းကျင့် က အားလုံးအား ငြိမ်ဖို့ လက်ဖြင့်အချက်ပြလိုက်ပြီး ဆက်ပြောလေသည်။

" ဒုတိယအချက်အနေနဲ့ ၀င်ခွင့်မရှိခဲ့တဲ့ ကျောင်းသားများအနေနဲ့ စိတ်ဓာတ်မကျကြပါနဲ့။ ဒီ‌တခေါက် ငါတို့လေ့ကျင့်ရေးအတန်းရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး မြို့ရဲ့ အထူးလေ့ကျင့်ရေးအတန်းကို ငါတို့ အတန်းက လူတိုင်း၀င်ရောက်ခွင့်ရရှိမှာပဲဖြစ်တယ်"

"အထူးလေ့ကျင့်ရေးအတန်းက ငါတို့ ဗဟိုလေ့ကျင့်ရေး အတန်းနဲ့ မတူ‌ဘူး။ သူတို့မှာရှိတဲ့ အရင်းအမြစ်တွေအရ ယန်ကျင်းလေ့ကျင့်ရေးစခန်းထက်တောင်ပိုအဆင့်မြင့်သေးတယ်။ အဓိက အချက်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေးစခန်းက နောက်နှစ်ကျရင် ငါတို့အတန်းကို အပို၀င်ခွင့်တွေ ထပ်ပေးလိမ့်မှာပဲဖြစ်တယ်"

ရှန်းကျင့်စကားဆုံး သည်နှင့် ၀င်ခွင့်မရရှိ‌ခဲ့သောကျောင်းသားများအားလုံး ပျော်ရွှင်မြူးတူးသွားကြလေသည်။

"နောက်ထပ် သတင်းကောင်းအနေနဲ့ နောက်လ၀က်လောက်အထိ မင်းတို့အားလုံးကို နားရက်ပေးမယ်"

ရှန်းကျင့်က ထပ်ဆောင်းပြောကြားလိုက်သည်။

"နည်းပြရှန်း ကအရမ်းသဘောကောင်းတာပဲ"

"နည်းပြရှန်းသက်တော်ရာကျော်ရှည်ပါစေ"

"လ၀က်အထိ နားရမယ်ပေါ့။ ကျေးဇူးအများကြီးတင်ပါတယ် နည်းပြရှန်း"

စိတ်လှုပ်ရှားနေသော ကျောင်းသားထုကြီး၏ အသံမှာ ဟိန်းထွက်နေခဲ့လေသည်။

....

မူလအဆင့် ကျွမ်းကျင်သူများ၏ အဆောင်တွင်

မူလအဆင့်ကောင်စီ ၏ အမြင့်တနေရာတွင် ရမှတ်များဇယားကို ကြီးမားသော လျှပ်စစ်ဖန်သားပြင်ကြီးဖြင့်ဖော်ပြထားလေသည်။

၀မ် နှင့် အခြား မူလအဆင့် ကျွမ်းကျင်သူများ မျက်မှောင်ကြုတ်ပြီးကြည့်နေကြလေသည်။

"စီနီယာရှစ် ဒီရလဒ်က နည်းနည်း ရီစရာမကောင်နေဘူးလား"

"ဟုတ်တယ် ရှုလင် နဲ့ ကျိယွီဖန်တို့လို အထူးကိုယ်ခန္ဓာရုပ်သွင်ကိုပိုင်ဆိုင်ထားတဲ့သူတွေက ထိပ်ဆုံး ၃ယောက်မှာတောင် မပါနိုင်ခဲ့ဘူး။ ဒီသတင်းသာ ပြန့်သွားရင်အခြား လေ့ကျင့်ရေးစခန်းတွေက ကျုပ်တို့ကိုလှောင်နေတော့မှာပဲ"

"ငါ အထူးတလှယ်လိုက်စုံစမ်းကြည့်ပြီးပြီ။ ဒီထိပ်ဆုံးက ကျောင်းသား ကျိုးဟောင်က သိုင်းပညာရှင် အဆင့်သာရှိသေးပြီး အရင်တုန်းဆို သွေးအနှစ်သာရပထမအဆင့်သာရှိတဲ့ကျောင်းသားတယောက်ပဲ"

မူလအဆင့်ကျွမ်းကျင်သူများက တယောက်တခွန်းပြောနေကြလေသည်။

ရှစ်ကျီ က အားလုံးကို မထူးဆန်းသလိုကြည့်ပြီးပြောလိုက်သည်။

"ဒီအဆင့်သုံးပွဲစဉ်ရဲ့ စည်းမျဉ်းတွေကို နောက်ဆုံး မိနစ်ရောက်မှ ပြောင်းလိုက်တဲ့သူက ငါပဲ။ ဒီပွဲစဉ် သုံးဆင့်လုံးမှာ ဘယ်နေရာကများ ပြဿနာရှိနေခဲ့လို့လဲ"

၀မ် ၊ ဟန်ဖူ နှင့် အခြား မူလအဆင့် ကျွမ်းကျင်သူများ တိတ်ဆိတ်သွားကြလေသည်။

ပြိုင်ပွဲအဆင့် သုံးဆင့်လုံးကို စီနီယာရှစ်မှ အပြင်လောကအဖြစ်အပျက်များနှင့်တူအောင်သေချာစီစဉ်ထားခဲ့လေသည်။ပါ၀င်ယှဉ်ပြိုင်သူများ၏ အချက်အလက်များကို ပြည့်စုံအောင်အသေးစိတ်စစ်ဆေးထားခဲ့လေသည်။ အထူးသဖြင့် နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်အတွက်လည်း အားလုံးက သဘောတူခဲ့ကြလေသည်။

"အမှတ်တွေက အရာအားလုံးအတွက်အရေးပါတယ်"

ရှစ်ကျီကအော်ပြောလိုက်သည်။

" ငါမင်းတို့အားလုံး ဘာတွေးနေသလဲဆိုတာ မသိဘူးထင်မနေနဲ့။ ဒီတခေါက် အကဲဖြတ်ပြိုင်ပွဲမှာ အခြား လေ့ကျင့်ရေးအတန်းတွေ လက်ကိုင်ထားတဲ့ အစွဲတွေ တွေ ကို ငါအကုန်ဖယ်ထုတ်ခဲ့တယ်။ ဒါကြောင့် မြို့အတော်များများက ပါ၀င်ခွင့်တနေရာတောင်မရခဲ့ဘူး။ အဲ့မြို့တွေရဲ့ စစ်တပ်အကြီးအကဲတွေကလည်း အဲ့တာကို သဘောမတွေ့ခဲ့ကြဘူးမှတ်လား"

ထိုအချိန်မှာပဲ သူ၏အသံက အေးစက်သွားလေသည်။

"သူတို့သဘောမကျ‌တော့လဲ ဘာဂရုစိုက်စရာလိုလဲ။ လေ့ကျင့်ရေးအတန်းမှာပဲ ဖြစ်ဖြစ် မျိုးနွယ်ခြားတွေနဲ့ တကယ့်တိုက်ပွဲမှာပဲ ဖြစ်ဖြစ် သန်မာသူတွေ ကအမြဲလေးစားခြင်းခံခဲ့ရတယ်မှတ်လား။ သူတို့သန်မာမှုကိုသာ အားထားပြီး အဆက်အသွယ်‌နဲ့ ၀င်ခွင့်တနေရာရဖို့ မမျှော်လင့်နေသင့်ဘူး။ နောက်တခါ ယှဉ်ပြိုင်ခွင့်နေရာတွေ လိုချင်တယ်ဆိုရင် မြို့ရဲ့နောင်လာမယ့်မျိုးဆက်သစ်တွေကို သန်မာအောင်လုပ်ထားကြလို့သူတို့ကိုပြောလိုက်စမ်း"

..................................................................................

အခန်း(၁၄၀) ပြီးပါပြီ။

အခန်း (၁၄၁) : ဘာလဲ မင်းကကြောက်နေတာလား

အခြား မူလအဆင့်ပညာရှင်များမှာ လျင်မြန်စွာပြောလိုက်သည်။

"ဟုတ်ကဲ့ စီနီယာရှစ်"

ရှစ်ကျီမှာဟန်ဖူကိုကြည့်လိုက်သည်။

"မင်းကတော့ နေရာရသွားတဲ့ကျောင်းသားအယောက် ၆၀ရဲ့ လုံခြုံရေးကိုတာဝန်ယူရမယ် တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုပြော ဒါကငါလေ့ကျင့်ရေးစခန်း ကို ပထမဆုံးအကြိမ်တည်ထောင်တာပဲ။ အခြေစိုက်စခန်းကတခြားဌာနတွေလည်း ပူးပေါင်းပေးမယ်လို့ယုံကြည်တယ်"

"ဟုတ်ကဲ့ ကျွန်တော်တတ်နိုင်သမျှအမြန်ဆုံး စီစဉ်လိုက်ပါ့မယ်"

ဟန်ဖူမှာ လေးလေးနက်နက်ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ရှစ်ကျီမှာ ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်ကိုကြည့်ကာမေးလိုက်သည်။

"လေ့ကျင့်ရေးစခန်းက တခြားထောက်ပံ့ရေးပစ္စည်းတွေအခြေအနေကရော ဘယ်လိုရှိလဲ"

ဝမ်မျိုးရိုးမူလအဆင့်ပညာရှင်မှာ ခေတ္တလောက်တွေဝေနေပြီးနောက် ပြန်ဖြေလာလေသည်။

"စီနီယာရှစ် လောလောဆယ်မြို့ထဲကမြေနေရာက အတော်လေးနည်းပါးနေတာ ထိပ်ဆုံး ၁၀ယောက်အတွက် ဗီလာအသေးစားတွေဆောက်ပေးတာက အရမ်းဖြုန်းတီးလွန်းရာမကျဘူးလား"

ထိုစကားအားကြားသောအခါ ရှစ်ကျီရဲ့အကြည့်မှာအေးစက်သွားလေသည်။

"ငါကငါ့လေ့ကျင့်ရေးစခန်းကို တခြားလေ့ကျင့်ရေးစခန်းတွေလိုပဲ အထောက်အပံ့အပြည့်အဝရှိစေချင်တာ ငါတို့ရဲ့အထောက်အပံ့ပစ္စည်းတွေက ပိုတောင်ကောင်းနေရဦးမယ်"

"နားလည်ပါပြီ ကျွန်တော်ခုပဲသွားပြီးကြီးကြပ်လိုက်ပါ့မယ်"

အမှောင်နတ်ဘုရားများအဖွဲ့ဌာနချုပ်၌..

ဟွာတုန်းမြို့အားဖျက်စီးသော အစီအစဉ်ကျရှုံးသွားကတည်းက အမှောင်နတ်ဘုရားများအဖွဲ့မှာ ဟွာတုန်းမြို့တွင်းသို့ထိုးဖောက်ဝင်ရောက်ရန် မည်သည့်သူလျှိုမှ ထပ်မံစေလွှတ်ခြင်းမရှိတော့ပေ။ ထို့အပြင် မိစ္တာမျိုးနွယ်စု၊ ပိုးမွှားမျိုးနွယ်စုနှင့် စက်ရုပ်မျိုးနွယ်စုတို့မှာလည်း ဟွာတုန်းမြို့အားအုပ်စုဖွဲ့တိုက်ခိုက်ရန် အဆင့်မြင့်အရှင်သခင်များ စေလွှတ်ခြင်းကိုလည်း ရပ်တန့်လိုက်ပြီဖြစ်သည်။သူတို့အားလုံးမှာဟွာတုန်းမြို့အား လျစ်လျူရှူရန် အတူတကွသဘောတူလိုက်သလိုပင်။

"ဥက္ကဌ ကျွန်တော်တို့တကယ်ဒီလိုလုပ်မှဖြစ်မှာလား"

အနက်ရောင်အရိပ်အောက်မှ စိုးရိမ်နေသောအသံတစ်ခုထွက်ပေါ်လာလေသည်။

မျက်နှာဖုံးဝတ်ဆင်ထားသော အမှောင်နတ်ဘုရားအဖွဲ့ဥက္ကဌမှာ အေးစက်စွာပြောလိုက်သည်။

"ဘာလဲ မင်းကကြောက်လို့လား"

အနက်ရောင်ပုံရိပ်မှာအလျင်အမြန်ပင်ပြောလိုက်သည်။

"ဥက္ကဌ အဆင့်မြင့်မဟာဆရာသခင်အဆင့်တစ်ယောက်ကို မလွှတ်ချင်တာမဟုတ်ဘူး။အထူးခန္ဓာကိုယ်နဲ့ပါရမီရှင်ကိုလုပ်ကြံဖို့ အဆင့်မြင့်မဟာဆရာသခင်တစ်ယောက်ကိုရင်းတာ အရမ်းတန်ကြေးမြင့်လွန်းတယ်"

"ဒီ....မိစ္ဆာမျိုးနွယ်နဲ့ အင်းဆက်မျိုးနွယ်တွေက သိပ်ယုတ္တိမတန်တာပဲ ဟွာတုန်းမြို့မှာအထွတ်အထိပ်အဆင့်မူလပညာရှင်ပေါ်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ "

အနက်ရောင်ဝတ်ရုံနှင့်လူမှာ ခံပြင်းစွာပြောလိုက်လေသည်။

"ဟမ့် ဒီမိစ္ဆာမျိုးနွယ်တို့၊ အင်းဆက်မျိုးနွယ်တို့ စက်ရုပ်မျိုးနွယ်တို့က ဘယ်တုန်းယုတ္တိရှိလို့လဲ ငါတို့အမှောင်နတ်ဘုရားများအဖွဲ့ကအသုံးဝင်နေသေးလို့သာမဟုတ်ရင် သူတို့လားငါတို့ကိုကူညီမှာ"

အမှောင်နတ်ဘုရားများအဖွဲ့၏ဥက္ကဌမှာခေါင်းသာယမ်းလိုက်လေသည်။

"ကောင်းပြီ ဒီကိစ္စကိုတတ်နိုင်သမျှအမြန်ဆုံးစီစဉ်လိုက်တော့ ဘာပဲဖြစ်ဖြစ်သေချာပေါက် အောင်မြင်ရမယ်"

"ဟုတ်ကဲ့"

တစ်ပတ်ကြာပြီးနောက်

ဟွာတုန်းမြို့မြောက်ပိုင်းနယ်မြေရှိ ဘားတစ်ခုတွင်

အလင်းရောင်များမှာ ပြိုးပြိုးပြက်ပြက်ဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

ချူမြို့အထက်တန်းကျောင်း၏ ဗဟိုလေ့ကျင့်ရေးအတန်းမှ ကျောင်းသား ၄၀ကျော်မှာ အားလုံးထိုနေရာတွင်စုဝေးနေကြလေသည်။

ကျိုးဟောင်နှင့်အခြားလူများမှာ မနက်ဖြန်ရောက်လျှင် ချိုင့်ဝှမ်းဒေသရှိရှေ့တန်းခံတပ်အခြေစိုက်စခန်းကိုသွားတော့မည်ဖြစ်လေရာ နည်းပြရှန်းမှာ ယခုည အထူးအနေဖြင့်ဤဘားကို ကြိုတင်ငှားရမ်းပြီး သူတို့၈ယောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း မသွားမီနှုတ်ဆက်ပွဲအနေဖြင့် လုပ်ပေးခြင်းဖြစ်သည်။

"လာ ကျိုးဟောင် မင်းအတွက်တစ်ခွက်မြှောက်မယ် တကယ်လို့အတိတ်တုန်းကငါမင်းကိုအပြစ်ပြုမိတာရှိရင် မှတ်မထားဖို့မျှော်လင့်တယ်"

ဝမ်မင်မှာ သူ့လက်ထဲရှိခွက်ကိုမြှောက်ကာ ကျိုးဟောင်ကိုကြည့်ပြီးပြောလိုက်သည်။

ကျိုးဟောင်မှာပြုံးကာ ခွက်မြှောက်ကာ တစ်ကျိုက်တည်းမော့ချလိုက်လေသည်။

"ကောင်းတယ်"

"ကျိုးဟောင် ငါလည်းမင်းကိုတစ်ခွက်ဂုဏ်ပြုမယ် မင်းအတန်းသစ်မှာအဆင်ပြေပါစေ"

"ကျိုးဟောင် မင်းအတွက်ဂုဏ်ပြုတယ် တကယ်တော့ ငါအမြဲတမ်းမင်းနဲ့ရှုလင်ကြားကဆက်ဆံရေးကိုအားကျနေတာ ဒါပေမဲ့အခုတော့ အဆင်ပြေသွားပါပြီ။ ကျိုးဟောင် မင်းတစ်ယောက်ပဲရှုလင်နဲ့ထိုက်တန်တာ အတိတ်ကမကျေနပ်ချက်တွေအားလုံးကို ဒီတစ်ခွက်နဲ့မျှောချပစ်ကြတာပေါ့"

"ကျိုးဟောင် ငါအရင်ကမင်းအပေါ်အထင်သေးခဲ့မိတယ် ဒါပေမဲ့အခုတော့ မင်းကငါလေးစားရတဲ့လူတစ်ယောက်ဖြစ်လာပြီ လာ"

လေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ ကျိုးဟောင်ထံလျှောက်လာပြီး ဂုဏ်ပြုနေကြလေသည်။

ကျိုးဟောင်မှာလည်း တစ်ယောက်ပြီးတစ်ယောက်နှင့်သောက်ကာ သူတို့ကြားရှိမကျေနပ်ချက်များမှာလည်း ပြေပျောက်လာလေသည်။

မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာ မနက်ဖြန်ဆိုလျှင် ရှေ့တန်းခံတပ်သို့သွားတော့မည်ဖြစ်သည်။ အနာဂတ်တွင် သူတို့အချင်းချင်းတွေရန်မှာ မလွယ်ကူတော့ပေ။ သူတို့ကြားထဲတွင် အဖုအထစ်မည်မျှပင်ရှိနေပါစေ ထိုအရာများမှာ အရေးမပါပေ။ ထို့ကြောင့် ယခုညတွင်အားလုံး စိတ်အေးလက်အေးဖြစ်နေကြခြင်းပင်။

ရှုလင်၊ ယွင်ယန် နှင့် ဖန်းယွီတို့လို မိန်းမလှလေး ၃ယောက်မှာလည်း အတူဝိုင်းဖွဲ့ကာသောက်နေကြလေသည်။ သူတို့ဆွေးနွေးနေကြသော အကြောင်းအရာမှာလည်း မတူညီပေ။

"ရှုလင် ပွင့်ပွင့်လင်းလင်းပြောစမ်းပါ နင်နဲ့ကျိုးဟောင်....."

ဝိုင်အချို့ဝင်သွားပြီးနောက် ယွင်ယန်၏မျက်နှာမှာ နီရဲလာလေသည်။

ထိုစကားအားကြားသောအခါ ရှုလင်မှာရှက်သွားလေသည်။

"ဘာလဲ ငါတို့လက်ပဲကိုင်ဖူးတာပါ"

ဖန်းယွီမှာ တအံ့တဩပြောလာလေသည်။

"မဖြစ်နိုင်တာ ငါကနင်တို့ ကြိုးစားကြည့်ပြီးပြီတောင်ထင်နေတာ"

ယွင်ယန်မှာနောက်တစ်ခွက်သောက်လိုက်လေရာ ပိုလို့ပင်မူးလာလေသည်။

"ဖန်းယွီ ဖန်းယွီ ရှုလင်အကြောင်းပြောမနေနဲ့တော့ နင်လည်းအပျိုပဲမဟုတ်ဘူးလား"

"သေတော့မယ် ယွင်ယန် ငါကအနည်းဆုံးတော့ရှုလင်နဲ့အတူတူပဲ ငါအရင်ကကောင်လေးနဲ့ လက်ကိုင်ဖူးတယ် နင်ကတော့လက်တောင်မကိုင်ဖူးဘူးမလား ငါပြောရဲတယ်"

ဖန်းယွီမှာ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်လေသည်။

ယွင်ယန်မှာ မူးနေပြီဖြစ်သည်။

"ဘယ်သူ....ဘယ်သူပြောလဲ ငါလည်းအရင်က ကောင်လေးတစ်ယောက်နဲ့လက်ကိုင်ဖူးတယ် နောက်ဆုံးတစ်ခေါက်ပုံရိပ်ယောင်လေ့ကျင့်ရေးတုန်းက ငါတို့အကုန်လုံး လက်ကိုင်ထားကြတာပဲမဟုတ်ဘူးလား"

ရှုလင်နှင့်ဖန်းယွီမှာ စိတ်လေသလိုပုံသာလုပ်နေလေတော့သည်။

"အဲဒါကို ဘယ်လိုထည့်တွက်လို့ရမှာလဲ"

ဘုန်း!

သူတို့သုံးယောက်အရက်မူးသည်ကို အခွင့်ကောင်းယူကာ ပိုမိုစိတ်လှုပ်ရှားစရာအကြောင်းအရာများကို စကားနှိုက်တော့မည့်အချိန်မှာပင် ဘားတစ်ခုလုံးအား ကြောက်မက်ဖွယ်ရာဖိအားတစ်ခုက ဖုံးလွှမ်းသွားလေသည်။

ကျောင်းသားအားလုံးမှာ ချက်ချင်းပင်အသက်ရှူရခက်ခဲလာကာ အချို့ဆို သတိပါမေ့သွားကြလေသည်။

ဝှစ်

အရိပ်တစ်ခုမှာ တောက်လောင်နေသောမီးတောက်ပမာ ရှုလင်ဆီတိုးဝင်သွားလေသည်။

....................................................................................

အခန်း (၁၄၁) ပြီးပါပြီ။

All Chapters