အခန်း ၁၄၅-၁၄၇
Vol. 10 Ch. 145-147
အခန်း (၁၄၅) : မင်းနံပါတ် ၁ကိုရွေးချင်တာ သေချာလား
လမ်းတွင် ဟန်ဖူမှာရှေ့တန်းခံတပ်အခြေစိုက်စခန်းရှိအခြေအနေအကြောင်း သူတို့နှင့်စကားစမြည်ပြောကာ ရှုလင်နှင့်အခြားလူများကို အကြမ်းဖျဉ်းနားလည်အောင် ရှင်းပြလေသည်။
"ခံတပ်အခြေစိုက်စခန်းမှာ နေထိုင်သူမရှိဘူး ကျောင်းသားတွေ၊ စစ်သားတွေနဲ့ သိုင်းပညာရှင်တွေပဲရှိတယ်။ မင်းတို့နေတဲ့ဟွာတုန်းမြို့နဲ့မတူတာက ခံတပ်အခြေစိုက်စခန်းကအရင်းအမြစ်တွေအားလုံးကို ဝယ်ယူဖို့ဆိုရင် အမှတ်လိုလိမ့်မယ်။ လေ့ကျင့်ရေးစခန်းထဲကိုဝင်တဲ့အခါ မင်းတို့သိလိမ့်မယ် အတိုချုပ်ပြောရရင် အမှတ်တွေကအရမ်းအရေးကြီးတယ်"
"ခံတပ်ရဲ့ကာကွယ်ရေးလိုင်းအပြင်ဘက်က ချိုင့်ဝှမ်းအက်ကွဲကြောင်းရဲ့ စစ်မြေပြင်အစွန်အဖျားပဲ အဲဒီနေရာကို မျိုးနွယ်ခြားစစ်မြေပြင်လို့သိကြတယ်။ အရင်တုန်းက ငါတို့မျိုးနွယ်ခြားတွေနဲ့တိုက်ခိုက်ခဲ့တဲ့နေရာတွေက ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲမှာပဲ ။ ဒါပေမဲ့အခုတော့ စစ်မြေပြင်ကအက်ကွဲကြောင်းအပြင်ဘက်ကိုပြောင်းသွားပြီ။ ပြီးတော့ စစ်မြေပြင်ဧရိယာကလည်း ပိုပိုပြီးကျဉ်းလာပြီ တစ်ချို့တိုက်ပွဲတွေဆို ခံတပ်အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးခံတပ်တွေထိတောင်ရောက်တယ်"
ဟန်ဖူမှာပြောနေရင်း လေးနက်လာလေသည်။
"ငါတို့လူသားတွေရဲ့ နယ်မြေကတဖြည်းဖြည်းနည်းသထက်နည်းလာပြီးတော့ အခြေအနေကလည်းပိုပိုပြီးပြင်းထန်လာပြီ အဲဒါကြောင့် ငါတို့ဒီကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတည်ထောင်ရတဲ့ရည်ရွယ်ချက်က ပညာရှင်တွေထပ်ပြီး ပျိုးထောင်ဖို့ပဲ"
ကျိုးဟောင်၊ ရှုလင်နှင့်အခြားလူများမှာလည်း အတော်လေးလေးနက်လာကြလေသည်။
သူတို့အားလုံးဟန်ဖူ၏စကားထံမှကြီးမားသောဖိအားကို ခံစားမိကြလေသည်။
မျိုးနွယ်ခြားတို့၏တိုက်ခိုက်မှုကို ရင်ဆိုင်လာရသည့်အခါ လူသားမျိုးနွယ်များ ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်နေထိုင်ရန် ပိုပိုခက်ခဲလာလေသည်။ အကယ်၍သူတို့သာ သွေးသစ်များကိုဆုံးရှုံးလိုက်ရပါက လူသားမျိုးနွယ်၏နောက်ဆုံးရလဒ်မှာ အမြစ်ပြတ်သွားမည်ဖြစ်သည်။
ဟန်ဖူမှာ ကျိုးဟောင်နှင့်အခြားကျောင်းသားများကို ဝေ့ကြည့်ကာရုတ်တရက်ပြုံးလိုက်လေသည်။
"အရမ်းဖိအားမများကြနဲ့ အခုကလူသားမျိုးနွယ်အတွက်ခုခံပေးနေတဲ့ ငါတို့လူအိုကြီးတွေရှိသေးတယ် မင်းတို့ရဲ့တာဝန်က ကောင်းကောင်းလေ့ကျင့်ပြီး စွမ်းအားတိုးလာအောင်လုပ်ဖို့ပဲ ငါတို့မခုခံနိုင်တော့တဲ့အခါ မင်းတို့အလှည့်ရောက်လာမှာ"
ဟန်ဖူမှာပြုံးနေပြီး ကျိုးဟောင်၊ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားကျောင်းသားများမှာ အသံတိတ်နေကြလေသည်။
မျက်စိတစ်မှိတ်အတွင်း ၃ရက်တာကာလမှာ ကုန်ဆုံးသွားလေသည်။
လမ်းတစ်လျှောက်တွင် အင်းဆက်သားရဲများထံမှတိုက်ခိုက်ခံရတာကလွဲပြီး အခြားမတော်တဆမှုများနှင့်မကြုံတွေ့ခဲ့ရပေ။ အဓိကအကြောင်းအရင်းမှာ ဘုရင်အဆင့်မိစ္ဆာသားရဲများကြောင့်ဖြစ်သည်။ သူတို့၏အရှိန်အဝါဖိအားမှာ ပြဿနာအတော်များများကို လျှော့ချပေးခဲ့ခြင်းဖြစ်သည်။
၄ ရက်မြောက်နေ့၏ မနက် ၉နာရီတွင်.....
သူတို့အဖွဲ့မှာ ရှေ့တန်းခံတပ်၏အနောက်ပိုင်စခန်း ကာကွယ်ရေးလိုင်းဆီ ရောက်လာကြလေသည်။
ကျိုးဟောင်၊ ယွမ်ချန်းနှင့် အခြားကျောင်းသားများမှာ အထူးသတ္တုများဖြင့်ပြုလုပ်ထားပြီး မီတာထောင်ချီရှည်သော တံတိုင်းကြီးအားကြည့်ရင်း မှင်တက်နေကြလေသည်။
"ဟဟ ငါလည်းခံတပ်အခြေစိုက်စခန်းကိုပထမဆုံးရောက်တုန်းက လန့်သွားတာပဲ ဒီကာကွယ်ရေးတံတိုင်းကကြည့်ရတာတော့ လန့်စရာပဲဒါပေမဲ့တကယ်တမ်းကျ သူ့ရဲ့ခုခံနိုင်စွမ်းကအရမ်းအားနည်းတယ်။ နံရံကစွမ်းအားအရင်းအမြစ်နဲ့တည်ဆောက်ထားပြီးတော့ အမြင့်မီတာ ၁သောင်းကျော်တယ်"
ဟန်ဖူမှာပြုံးရင်းမြေပြင်ပေါ်သို့ခုန်ဆင်းလိုက်လေသည်။ ထို့နောက် အနောက်ပိုင်းစခန်းကာကွယ်ရေးလိုင်း၏ စစ်ဆေးရေးဂိတ်သို့လျှောက်သွားလေသည်။
စစ်ဆေးရေးဂိတ်ရှိစစ်သားများမှာ ဟန်ဖူကိုသိပုံရပြီး ဦးညွှတ်လာကြလေသည်။
မကြာမီ ဟန်ဖူမှာလက်ပြကာ ကျိုးဟောင်နှင့်အခြားလူများမှာ လက်ပြကာပြောလိုက်လေသည်။
"မင်းတို့အားလုံး ဆင်းလာခဲ့ကြ"
ဝှစ်! ဝှစ်!
ကျိုးဟောင်၊ ယွမ်ချန်းနှင့် အခြားကျောင်းသား၈ယောက်မှာ အားလုံးလှည့်ကြည့်ကာဆင်းလာကြလေသည်။ သူတို့စီးနင်လာသော မိစ္ဆာအဆင့်သားရဲများမှာလည်း ပြန်လှည့်ပြီးထွက်သွားကြလေသည်။
အထူးချစ်ပ်ပြားရှိနေ၍ သူတို့ထွက်ပြေးသွားမည်ကို ဟန်ဖူမှာစိုးရိမ်မနေပေ။
"မင်းတို့အားလုံး ငါ့နောက်ကကပ်လိုက်ခဲ့ကြ အပြင်ကစစ်ဆေးရေးဂိတ်ကမတင်းကျပ်ဘူး ဒါပေမဲ့အထဲမှာတော့အရမ်းတင်းကျပ်တယ် ငါတောင်မှ စစ်ဆေးရေးဂိတ်အဆင့်ဆင့်ကိုဖြတ်ရတယ်"
ဟန်ဖူမှာ သတိပေးလိုက်လေသည်။
ကျိုးဟောင်နှင့် အခြားလူများမှာခေါင်းညိတ်ပြလာလေသည်။
ကာကွယ်ရေး ပထမလိုင်းကိုဖြတ်ပြီးနောက်
ဟန်ဖူပြောသည့်အတိုင်းပင် သူတို့ကာကွယ်ရေးတံတိုင်းထဲဝင်လာသည်နှင့် စစ်ဆေးရေးဂိတ်များမှာ ပိုမိုတင်းကြပ်လာလေသည်။
ဟန်ဖူတောင်မှသူ့အထောက်အထားအား စာရင်းသွင်းရပေသည်။
ခံတပ်ထဲပထမဆုံးအကြိမ်ဝင်လာသော ကျောင်းသား ၈ယောက်လုံး၏အချက်အလက်များအား မှတ်တမ်းတင်ထားလေသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်ရှိစစ်သားများမှာ သူတို့အားဝင်ခွင့်မပြုခင် ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အတည်ပြုကြသေးသည်။
"မိစ္ဆာမျိုးနွယ် အင်းဆက်မျိုးနွယ်နဲ့ စက်ရုပ်မျိုးနွယ်အပြင် တခြားမျိုးနွယ်ခြားတွေလည်းရှိသေးတယ် သူတို့ထဲကတစ်မျိုးကို မကောင်းဆိုးဝါးမျိုးနွယ်စုလို့ခေါ်တယ်။ သူတို့ကဘယ်သက်ရှိပုံမဆိုတုပနိုင်ပြီး ငါတို့လူသားမျိုးနွယ်ရဲ့မြို့ထဲကို ထိုးဖောက်ဝင်ရောက်လေ့ရှိတယ်"
အဲဒါကြောင့် စစ်ဆေးရေးဂိတ်တိုင်းမှာ အထူးအနေနဲ့ အရှိန်အဝါကိုစစ်ဆေးတဲ့ပစ္စည်းရှိတယ် ဒီပစ္စည်းကသူလျှိုတွေအခြေစိုက်စခန်းထဲကျူးကျော်ဝင်ရောက်လာတာကိုကာကွယ်ပေးနိုင်ဖို့ လူသားနဲ့မျိုးနွယ်ခြားတွေကို ခွဲခြားပေးနိုင်တယ်"
ဟန်ဖူမှာ ကျိုးဟောင်နှင့်အခြားလူများ၏ရှုပ်ထွေးနေသောအမူအရာကိုကြည့်ကာ ရှင်းပြလာလေသည်။
ကျိုးဟောင်နှင့်အခြားလူများမှာ နောက်ဆုံးတော့နားလည်သွားလေသည်။
ယွမ်ချန်းမှာမနေနိုင်ဘဲမေးလိုက်လေသည်။
"စီနီယာဟန် ထွက်ပေါက်စစ်ဆေးရေးဂိတ်တွေကရော ဒီလိုပဲတင်းကျပ်တာပဲလား"
ဟန်ဖူမှာပြုံးကာပြန်ဖြေလိုက်သည်။
"သေချာပေါက်မဟုတ်ဘူးပေါ့ ဒါပေမဲ့ ခံတပ်အခြေစိုက်စခန်းကထွက်ဖို့ဆို အဲဒီလူရဲ့အစွမ်းကအနည်းဆုံး မဟာဆရာသခင်အဆင့်ဖြစ်မှရမယ်"
"မင်းရှေ့ကနောက်ဆုံးစစ်ဆေးရေးဂိတ်ပဲ ဒီစစ်ဆေးရေးဂိတ်ပြီးရင် ငါမင်းကိုအစီရင်ခံဖို့လေ့ကျင့်ရေးစခန်းကိုခေါ်သွားမယ်။ မင်းတို့အားလုံးရလဒ်ကောင်းတွေရခဲ့တာမလို့ တစ်ယောက်နေဗီလာတစ်လုံးစီရမယ်"
ကျိုးဟောင်၊ ရှုလင်နှင့်အခြားလူများမှာ ကြက်သေသေသွားကြလေသည်။
"တစ်ယောက်နေဗီလာ"
"ဟုတ်တယ်"
ဟန်ဖူမှာကျိုးဟောင်နှင့်အခြားလူများကိုကြည့်ပြီးပြုံးလိုက်သည်။
"မင်းတို့နံရံကပ်အိပ်စင်လိုဟာတွေနဲ့အဆောင်မျိုးမှာနေရမယ်လို့ တွေးနေတယ်လို့တော့ ငါ့ကိုမပြောနဲ့"
ကျိုးဟောင်၊ ရှုလင်နှင့် အခြားလူများမှာ ခေါင်းညိတ်ပြလိုက်ကြလေသည်။
ဟန်ဖူမှာချက်ချင်းပင်ထရယ်လေသည်။
"ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်းရဲ့ အခြေအနေကနဂိုကတည်းက အဲဒီလောက်မဆိုးပါဘူး အဆင့်၆၀ရတဲ့ ကျောင်းသားတောင်မှ တစ်ယောက်အခန်းမှာ နေရတာ"
နာရီဝက်ကြာပြီးနောက်...
ကျိုးဟောင်နှင့်အခြားလူများမှာ ဟန်ဖူ့ကားဖြင့် အဆင့်မြင့်လေ့ကျင့်ရေးစခန်းအသစ်၏ ဝင်ပေါက်ဆီရောက်ရှိလာကြလေသည်။
"၇ခုမြောက် ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်လေ့ကျင့်ရေးစခန်း"
သူမဘေးတွင်ပြသထားသော နာမည်ကိုကြည့်ကာ ယွင်ယန်မှာမနေနိုင်ဘဲမေးလိုက်လေသည်။
"စီနီယာဟန် ဒီစာရဲ့သဘောကအရင်ကအဆင့်မြင့်လေ့ကျင့်ရေးစခန်းစုစုပေါင်း ၆ခုရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား"
ဟန်ဖူမှာခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ကပ်ဆိုးကြီးအတွင်း တည်ထောင်ခဲ့တဲ့ဟာတွေပဲ အစတုန်းက လေ့ကျင့်ရေးစခန်းတစ်ခုပဲရှိတယ် ပြီးတော့အဲဒီလေ့ကျင့်ရေးစခန်းကကျောင်းသားတွေက အသက် ၁၈နှစ်နဲ့ ၂၅နှစ်အထိ ပါရမီရှင်တွေပဲ နောက်ပိုင်း တဖြည်းဖြည်းနဲ့လေ့ကျင့်ရေးစခန်း ၅ခုဖြစ်လာတယ် ပြီးတော့သူတို့ခေါ်တဲ့ လူသစ်တွေကလည်း ပိုပိုငယ်လာတယ် ဒီကျောင်းကခုမှအသစ်ဆောက်ထားတာ"
စကားပြောရင်းဟန်ဖူမှာ ကျိုးဟောင်နှင့်အခြားလူများကို အစီရင်ခံရေးနယ်မြေဆီခေါ်သွားလေသည်။ သတင်းအချက်အလက်များဖြည့်ပြီးနောက် သူတို့အားအဆောင်ဧရိယာဆီခေါ်လာလေသည်။
"တစ်ယောက်နေ ဗီလာ၁၀လုံးရှိတယ်။တစ်လုံးစီကိုနံပါတ် ၁ကနေ ၁၀အထိပေးထားတယ် မင်းတို့ကြိုက်တဲ့ဟာရွေးလို့ရတယ် အထဲမှာနေ့စဉ်သုံးပစ္စည်းတွေအားလုံးရှိတယ်။ တကယ်လို့ မင်းတို့တခြားတစ်ခုခုလိုအပ်တာရှိရင် ကျောင်းရဲ့ ထောက်ပံ့ရေးရာဌာနကို အကူအညီတောင်းလို့ရတယ်"
ဟန်ဖူမှပြုံးကာပြောလာလေသည်။
ခဏရပ်လိုက်ပြီးနောက် ဟန်ဖူမှာဆက်ပြောလေသည်။
"ပထမလမှာ ကျောင်းကအရာအားလုံး မင်းတို့အတွက်အလကားထောက်ပံ့ပေးမယ်။ ဒါပေမဲ့ဒုတိယလကစပြီး မင်းတို့ပစ္စည်းတွေဝယ်ဖို့ အမှတ်တွေသုံးရမယ်။ အမှတ်တွေဘယ်လိုယူရမလဲဆိုတာကိုတော့ မင်းတို့တရားဝင်အတန်းစတဲ့အခါ နည်းပြကပြောပြလိမ့်မယ်"
ထိုစကားအားကြားသောအခါ ပထမဆုံးစကားစပြောလာသူမှာ ကျိုးဟောင်ဖြစ်သည်။
"ကျွန်တော် နံပါတ်၁ကိုရွေးမယ်"
ယွမ်ချန်းနှင့် ယွင်ယန်မှာ ချက်ချင်းပင်ပြောစရာစကားမရှိဖြစ်သွားလေသည်။
"ကျိုးဟောင် နံပါတ်၁က သာမန်ထက်သာလွန်တဲ့ အဓိပ္ပာယ်ကိုကိုယ်စားပြုတယ် မင်းနံပါတ် ၁ကိုရွေးချင်တာသေချာပြီလား"
ရှုလင်မှာ ဘာမှမပြောဘဲကျိုးဟောင်အားတန်းကန်လိုက်လေသည်။ သူမသည်အဆိပ်မိထားသော်လည်း သူမ၏ဒေါသကတော့မပြောင်းလဲသွားသေးပေ။
...................................................................................
အခန်း(၁၄၅) ပြီးပါပြီ။
အခန်း (၁၄၆) : အဆိပ်အားဖိနှိပ်ခြင်း
ကျိုးဟောင်မှာ ခေါင်းကုတ်ကာခြောက်ကပ်ကပ်ရယ်လာလေသည်။
"ငါက ဒီတိုင်းကိုယ့်ကိုယ်ကိုယ်ရည်မှန်းချက်တစ်ခုထားတာပါ"
ထိုစကားအားကြားသောအခါ ရှုလင်မှာနှာခေါင်းရှုံ့လိုက်လေသည်။
"လျှောက်နောက်မနေနဲ့ မြန်မြန်တခြားတစ်ခုရွေးလိုက်"
"ကောင်းပြီ ဒါဆိုကျွန်တော်နံပါတ် ၁၀ကိုရွေးတယ်"
ကျိုးဟောင်၏အမူအရာမှာ မဲ့သွားလေသည်။
"ဒီလိုကမှဟုတ်သေး ဒါဆိုကျွန်မ ၉ကိုရွေးတယ်"
ရှုလင်မှာ မစဉ်းစားဘဲပြောလိုက်လေသည်။
ထိုအခါယွင်ယန်သည်လည်းပြုံးကာဝင်ပြောလာသည်။
"ကျွန်မ ၈ယူမယ် ရှုလင်ငါတို့အခန်းကပ်ရပ်နေကြတာပေါ့"
ဖန်းယွီမှာလည်း အလျင်အမြန်ပြောလာလေသည်။
"ကျွန်မ ၇ယူမယ်"
ထို့နောက် ကျန်းယိ၊ ယွမ်ချန်း လိန်ကျင်းဖုန်းနှင့် ဝမ်ရှို့တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် နံပါတ်ရွေးကြလေသည်။ သူတို့ရွေးသောနံပါတ်များမှာ ၅ ၁ ၂ နှင့် ၃တို့အသီးသီးဖြစ်ကြသည်။
အားလုံး၏အကြည့်များရောက်လာသည်ကိုတွေ့သောအခါ ယွမ်ချန်းမှာသူ့နှာခေါင်းကိုပွတ်ပြီး ခါးသက်စွာပြုံးကာပြောလိုက်လေသည်။
"ငါကျိုးဟောင်ပြောတာကို သဘောတူတယ် ငါ့ကိုယ်ငါအတွက်ရည်မှန်းချက်တစ်ခုထားချင်လို့"
"ဒါဆို နင်ကြိုးစားမှရမယ်"
ဖန်းယွီနှင့်ယွင်ယန်မှာ ကြိတ်ရယ်နေကြလေသည်။
အားလုံးရွေးချယ်ပြီးနောက် ဟန်ဖူမှာ လက်ခုပ်တီးကာပြောလိုက်လေသည်။
"ကောင်းပြီ မင်းတို့အားလုံးရွေးပြီးပြီဆိုမှတော့ ခဏနေရင်ကျောင်းစနစ်ကမင်းတို့အခန်းနံပါတ်တွေကို မှတ်တမ်းတင်ထားလိမ့်မယ် ဒီအခန်းတွေကအမြဲတမ်းအတွက်မဟုတ်ဘူးဆိုတာတော့ သတိပေးချင်တယ် ကျောင်းပထမဆုံးနေ့ကစပြီး လတိုင်းအကဲဖြတ်မှုရှိလိမ့်မယ် အဲဒီအချိန်မှာ အဆောင်ကိုအမှတ်အဆင့်အတိုင်း ပြန်စီစဉ်မယ်"
ထိုစကားကြားသောအခါ ယွမ်ချန်းမှာအံ့အားသင့်စွာပြောလာလေသည်။
"စီနီယာဟန် ဘာလို့စောစောကမပြောတာလဲ"
ဟန်ဖူမှာယွမ်ချန်း၏ ပခုံးကိုခပ်သာသာပုတ်ကာပြောလိုက်သည်။
"ကြိုးစားထားကောင်လေး ငါမင်းကိုယုံတယ်"
ရှုလင် ကျန်းယိနှင့် အခြားလူများမှာ ထိုမြင်ကွင်းကိုကြည့်ပြီးရယ်နေကြလေသည်။
"ကောင်းပြီ အဆောင်ထဲဝင်ကြည့်ကြည့်ကြ ရှုလင်ငါနဲ့ဒုတာဝန်ခံကိုသွားတွေ့ရအောင်"
ဟန်ဖူမှာ ရှုလင်အားခေါ်ပြီးလျင်မြန်စွာထွက်သွားလေသည်။
ရှုလင်အခန်းနံပါတ် ၉သို့ ပြန်ရောက်သည့်အချိန်မှာ ည ၉နာရီထိုးနေပြီဖြစ်သည်။
ကျိုးဟောင်၊ ယွင်ယန်နှင့် ဖန်းယွီတို့မှာ ရှုလင်၏အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်လာလေသည်။
"ဘယ်လိုလဲ ဒုတာဝန်ခံမှာနည်းလမ်းရှိလား"
ကျိုးဟောင်မှာ ဝင်လာလာချင်းပင်မေးလိုက်လေသည်။
အခြားသူများမှာလည်း ရှုလင်အားကြည့်နေလေသည်။
ရှုလင်မှပြန်ဖြေလာလေသည်။
"ဒုတာဝန်ခံကငါ့ခန္ဓာကိုယ်ထဲကအဆိပ်ကို ကူပြီးဖိနှိပ်ပေးပြီးပြီ ဒီလိုဖိနှိပ်ထားတာက တစ်လလောက်ခံတယ် တစ်လပြည့်သွားရင် ဒီအဆိပ်ကိုထပ်ပြီးဖိနှိပ်ဖို့ သူထပ်ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ ဒုတာဝန်ခံပြောတာက ဒီသွေးအဆိပ်ကင်းခြေများရဲ့အဆိပ်ကိုဖိနှိပ်တာက အဆိပ်ကိုပိုပိုပြီးအားကောင်းလာစေတယ်တဲ့ တကယ်လို့ဒီတိုင်းဆက်သွားရင် သူဆိုရင်တောင်မှ ဖိနှိပ်နိုင်တော့မှာမဟုတ်ဘူးတဲ့"
ကျိုးဟောင်မှာ မျက်မှောင်ကြုတ်သွားကာ ပြောလာလေသည်။
"အများဆုံး ဘယ်နှစ်ကြိမ်ဖိနှိပ်နိုင်လဲ"
"၁၀ကြိမ်"
ရှုလင်မှာ အမှန်တရားကိုမဖုံးကွယ်ထားပေ။
ထိုစကားအားကြားသောအခါ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာပြောင်းလဲသွားလေသည်။
"၁၀လအတွင်းဆရာသခင်အဆင့်ကနေ မဟာဆရာသခင်အဆင့်ကိုတက်ဖို့ဆိုတာ အရမ်းခက်တယ်"
"ဟုတ်တယ် တကယ်တခြားနည်းလမ်းမရှိတော့ဘူးလား"
"မဟုတ်ဘူး ငါတို့ဒုတာဝန်ခံဆီသွားပြီးထပ်တောင်းပန်ကြည့်ရင်ရော"
ရှုလင်မှာခေါင်းယမ်းပြလိုက်သည်။
"ဒုတာဝန်ခံလည်း ဘာမှမလုပ်နိုင်ဘူး ဖြေဆေးရှာတာကလွဲရင် အထွတ်အထိပ်မူလအဆင့်ပညာရှင်ပဲ အဆိပ်ကိုလုံးဝဖိနှိပ်ပြီး သွေးအဆိပ်ကင်းခြေများရဲ့အဆိပ်ကို ပျံ့မလာအောင်ထိန်းထားနိုင်တာ ဒါပေမဲ့ အထွတ်အထိပ်မူလအဆင့်ပညာရှင်က...."
ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားလူများမှာ သက်ပြင်းချလိုက်သည်။ မူလအဆင့်မူလပညာရှင်နှင့်ဆုံရတာပင် သူတို့အတွက်အတော်လေးခက်နေပြီဖြစ်သည်။
အထွတ်အထိပ်အဆင့်မူလပညာရှင်ဆိုပါက ပြောနေစရာပင်မလိုပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သေချာပေါက်ရှာရခက်ပေသည်။ ထို့အပြင် ယခုလိုကိစ္စအသေးလေးအတွက်ကြောင့် ထိုကဲ့သို့သောပုဂ္ဂိုလ်သည်ဘာကြောင့်လှုပ်ရှားမည်နည်း။
ကျိုးဟောင်၏မျက်လုံးများမှာ အရောင်တောက်သွားပြီး သူ့နှလုံးသားထဲရှိဖိအားမှာလည်း ရုတ်တရက်ပြေလျော့သွားလေသည်။ ကျိုးဟောင်၏အခြားသရုပ်တစ်ခုမှာ အထွတ်အထိပ်နဝမမြောက်မူလအဆင့်ပညာရှင် စီနီယာကျိုးဟုသိထားကြလေသည်။ ဒုတာဝန်ခံပြောသလို ရှုလင်၏ခန္ဓာကိုယ်တွင်းရှိအဆိပ်ကိုလုံးဝဖိနှိပ်ထားနိုင်ပါက အလွန်ကောင်းပေသည်။
ထိုကိစ္စအားတွေးရင်း စိတ်အေးလက်အေးအသံဖြင့်ပြောလိုက်လေသည်။
"ရှုလင်စိတ်မပူနဲ့ ငါ့အထင်ဒုတာဝန်ခံကအထွတ်အထိပ်အဆင့်မူလပညာရှင်ကို ဆက်သွယ်နိုင်မှာပါ"
ရှုလင်မှာ ခေါင်းညိတ်ပြလိုက်သော်လည်း မျှော်လင့်ချက်များများစားစားမရှိပေ။
"ကောင်းပြီ အားလုံးပဲ ပြန်သွားပြီးနားကြတော့ မနက်ဖြန်သတင်းကောင်းရှိနိုင်တယ် ရှုလင်မှာကံကောင်းတဲ့လက်ကောက်ရှိတာမမေ့ကြနဲ့"
အားလုံးထွက်သွားပြီးနောက် ရှုလင်မှာကျိုးဟောင်ကိုကြည့်ကာပြောလိုက်လေသည်။
"နင် ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲမသွားပါဘူးလို့ကတိပေး ငါနင့်ကိုမသေစေချင်ဘူး"
ကျိုးဟောင်မှာပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ အဆိပ်ကိုဖိနှိပ်တာအဆင်ပြေနေသရွေ့ ငါချိုင့်ဝှမ်းအက်ကွဲကြောင်းထဲစွန့်စားပြီးမဝင်ပါဘူးလို့ကတိပေးတယ်"
ရှုလင်မှာ တခြားတစ်ခုပြောချင်သော်လည်း ကျိုးဟောင်မှာသူမနှုတ်ခမ်းလေးအား လက်ချောင်းတို့ဖြင့်ထိကာ ပြောမည့်စကားအားတားဆီးလိုက်လေသည်။
"နင်သေရင် ငါလည်းအသက်မရှင်ဘူး"
"ကျိုးဟောင်....."
ရှုလင်မှာထိုစကားအားကြားသောအခါ ရင်ထဲနွေးသွားကာ မျက်ရည်များစီးကျလာလေသည်။ သူမရှေ့တိုးပြီး ကျိုးဟောင်အားဖက်တော့မည့်အချိန်မှာပင် ကျိုးဟောင်မှပြောလာလေသည်။
"ကောင်းပါပြီ မြန်မြန်သွားအိပ်တော့"
စကားဆုံးသည်နှင့် ကျိုးဟောင်မှာအခန်းထဲမှလှည့်ထွက်သွားလေသည်။(ဒီကောင်ကွာ....)
ရှုလင် : "......"
ဗီလာ ၁၀၏ ဒုတိယထပ်ဝရံတာတွင်အေးမြသောလရောင်ကဖြာကျနေသည်။
ကျိုးဟောင်မှာ ဗီလာ၉ မီးပိတ်သွားမှ ထိုဗီလာမှအကြည့်လွှဲကာ အဝေးရှိတံတိုင်းမြင့်ကြီးဆီလှမ်းကြည့်နေလေသည်။
ယ
...................................................................................
အခန်း(၁၄၆) ပြီးပါပြီ။
အခန်း (၁၄၇) : စီးနင်းခံသားရဲ ရွေးချယ်ခြင်း
ရှုလင်အဆိပ်မိနေသည့်ကိစ္စကို စိတ်အပူဆုံးလူမှာ ကျိုးဟောင်ပင်ဖြစ်သည်။
ထို့အပြင် အခြားသူများနှင့်ယှဉ်ပါက ရှူလင်အဆိပ်မိနေသောပြဿနာအားဖြေရှင်းနိုင်မည်ဟု ပိုပြီးယုံကြည်ချက်ရှိလေသည်။
အက်ကွဲကြောင်းထဲတွင် ဖြေဆေးမရှာနိုင်လျှင်တောင် ကျိုးဟောင်မှာစိတ်မပျက်ပေ။ မည်သို့ပင်ဖြစ်စေ သူ့ထံတွင်လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ရှိပေသည်။
ဆော့ဖ်ဝဲလ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲတွင် ရှေးကျသောသမိုင်းခေတ်မတိုင်မီ ကျင့်ကြံရေးသိုင်းများနှင့် လွတ်မြောက်ရေးသိုင်းများတောင်ရှိပေရာ သွေးအဆိပ်ကင်းခြေများ၏အဆိပ်ကိုဖြေရှင်းရန်မှာ သူ့အတွက်ပြဿနာမဟုတ်ပေ။
သေချာပေါက် ဤအရာသည်နောက်ဆုံးအားထားရာဖြစ်သည်။
ညအချိန်တွင် ကျိုးဟောင်မှာဗီလာမှတိတ်တဆိတ်ထွက်ခွာသွားပြီး ကောင်းကင်သို့ပျံတက်သွားသည်။ သူသည် ရွှေကျီးလွတ်မြောက်ရေးသိုင်းကိုသုံးလိုက်လေရာ မျက်စိတစ်မှိတ်အတွင်း ချိုင့်ဝှမ်းအက်ကွဲကြောင်းရှေ့တန်းခံတပ်မှ ဟွာတုန်းမြို့သို့ပြန်ရောက်လာသည်။
သူထိုနေရာကိုသွားရန် အချိန် ၃ ၄ရက်ကြာခဲ့သော်လည်း တစ်ဖက်တွင် မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်လာလေသည်။
သူဟွာတုန်းမြို့၏ အရှေ့ပိုင်းစခန်းကိုတန်းသွားလိုက်သည်။ သူ၏အရှိန်အဝါကိုမထိန်းချုပ်ထားသဖြင့် စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များမှာ သူရောက်လာသည်ကို ခံစားမိပြီးရှေ့ထွက်လာကာသူ့အားကြိုဆိုကြလေသည်။
"စီနီယာကျိုး နောက်ဆုံးတော့ရောက်လာပြီ"
စစ်သေနာပတိချုပ်ကျောက်မှာ အပြုံးဖြင့်ပြောလိုက်သည်။
ကျိုးဟောင်မှာ တောင်းပန်သည့်သဘောဖြင့်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်ကျောက် ငါရက်နည်းနည်းလောက် မြို့မှာမရှိဘူးဖြစ်သွားတယ် အမှောင်နတ်ဘုရားများအဖွဲ့က အဆင့်မြင့်မဟာဆရာသခင်ရော ဘယ်လိုဖြစ်သွားလဲ"
စစ်သေနာပတိချုပ်ကျောက်၊ ဟယ့်ပျောင်းနှင့် အခြားမဟာဆရာသခင်များမှာ အချင်းချင်းကြည့်ကာပြုံးလိုက်ကြလေသည်။
"သေသွားပါပြီ"
"ဪ သေပြီလား"
ကျိုးဟောင်မှာ အံ့ဩချင်ယောင်ဆောင်လိုက်လေသည်။
"သူ့ကို ချူမြို့အထက်တန်းကျောင်းက ပုန်းကွယ်နေတဲ့ပါရမီရှင်ကသတ်လိုက်တာပါ....စီနီယာကျိုး အဲဒီပြိုင်ဘက်ကင်းပါရမီရှင်က စီနီယာကျိုးရဲ့တပည့်လားမသိဘူး"
စစ်သေနာပတိချုပ်ကျောက်မှာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
ကျိုးဟောင်မှာ ယခုတစ်ခေါက်တွင်ဘာကိုမှဖုံးကွယ်ထားရန်မကြိုးစားဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ် သူ့ရဲ့ဓားသိုင်းကငါ့ဆီကအမွေရထားတာ အရင်ကငါဝန်မခံခဲ့တာက သူ့ကိုအနှောင့်အယှက်မဖြစ်စေချင်လို့"
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာသဘောပေါက်သွားလေသည်။
"စီနီယာကျိုးရဲ့တပည့်က တကယ်ထူးချွန်တယ် သူကတကယ်ကြီးအဆင့်မြင့်မဟာဆရာသခင်ကိုတောင်သတ်နိုင်တယ်"
"ဟုတ်တယ် စီနီယာကျိုးကသူ့ကိုကောင်းကောင်းသင်ပေးထားတာပဲ"
"ဒီပါရမီရှင်က မကြာခဏပေါ်မလာတတ်တာ မထူးဆန်းတော့ဘူး စီနီယာကျိုးလိုဆရာမျိုးရှိနေမှတော့ သူ့အတွက်အရင်းအမြစ်မရှားပါးဘူးပေါ့"
ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာ ပြုံးလိုက်ကြလေသည်။
ကျိုးဟောင်မှာ လက်ကာပြပြီးနှိမ့်ချကာပြောလိုက်သည်။
"သူက အင်အားသိပ်မရှိသေးဘူး အမှောင်နတ်ဘုရားများအဖွဲ့က အဆင့်မြင့်မဟာဆရာသခင်က တိုက်ပွဲစွမ်းအားမသန်မာဘူး တကယ်လို့သူသာတခြားမျိုးနွယ်က တကယ့် အဆင့်မြင့်ဘုရင်အဆင့်ပညာရှင်နဲ့တွေ့ရင် သူကိုင်တွယ်နိုင်မှာမဟုတ်ဘူး"
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ ပြောစရာစကားပင်မရှိတော့ပေ။ ဤတပည့်မှာ အဆင့်မြင့်မဟာဆရာသခင်ကိုသတ်နိုင်သည်အထိ သန်မာနေတာတောင် စီနီယာကျိုးမှာ သူ့တပည့်အားယခုလို မျှော်မှန်းချက်အကြီးကြီးထားနေပေသည်။
"ဒါနဲ့ စစ်သေနာပတိချုပ်ကျောက် ငါချန်နယ်ကပို့တဲ့စာတွေကိုစစ်ကြည့်ရသလောက် မင်းတို့နေ့လယ်လောက်မှာ ငါ့အကူအညီလိုတဲ့ကိစ္စရှိတယ်မလား"
ကျိုးဟောင်မှ ပြောလိုက်သည်။
စစ်သေနာပတိချုပ်ကျောက်မှာ သူ့ခေါင်းသူရိုက်ကာ အလျင်အမြန်ပြောလိုက်သည်။
"စီနီယာကျိုးသာမပြောရင် ကျွန်တော်မေ့တော့မလို့ ဒီလိုပါ ကျွန်တော်တို့မြို့မှာအထူးချစ်ပ်ပြားနဲ့ထိန်းချုပ်ထားတဲ့ ဘုရင်အဆင့် မိစ္ဆာသားရဲတွေရှိတယ် အဲဒါကြောင့် ကျွန်တော်စီနီယာကျိုးများလိုမလားလို့ လာကြည့်ခိုင်းတာပါ"
"ဘုရင်အဆင့်မိစ္ဆာသားရဲတွေရဲ့မျိုးဆက်အလားအလာက မနိမ့်ဘူး တကယ်လို့သူတို့ကိုသာ ငယ်ငယ်ကတည်းက ပျိုးထောင်နိုင်ရင်ယဉ်ပါးလာနိုင်တယ်"
ကျိုးဟောင်မှာ မှင်တက်သွားလေသည်။
"တကယ်လား"
စစ်သေနာပတိချုပ်ကျောက်မှာခေါင်းညိတ်ပြလိုက်သည်။
"သွားကြရအောင်လေ ဘုရင်အဆင့်မိစ္ဆာသားရဲတွေအားလုံး စခန်းဘေးကအထူးတည်ဆောက်ထားတဲ့ မိစ္ဆာသားရဲလှောင်အိမ်တွေထဲမှာ"
သူတို့အဖွဲ့မှာ ချက်ချင်းပင်စခန်းဘေးကိုရောက်လာလေသည်။
ဂီး! ဂီး!
စစ်သားများက မိစ္ဆာသားရဲလှောင်အိမ်များကိုဖွင့်လိုက်သည်နှင့် ထိတ်လန့်နေသောအသံများ ထွက်ပေါ်လာလေသည်။
သို့သော် ဤမိစ္ဆာသားရဲများမှာ ကျိုးဟောင်၏အရှိန်အဝါအားအာရုံခံမိသောအခါ ချက်ချင်းပင်နုံးခွေသွားကြပြီး သူတို့၏အရိုးထဲကပင်ကျိုးဟောင်အား ကြောက်ရွံ့နေကြလေသည်။
ထိုအချိန်တွင် စစ်သေနာပတိချုပ်ကျောက်မှာ ထိုမိစ္ဆာသားရဲများကိုညွှန်ပြကာပြောလိုက်သည်။
"အဲဒီ ကလေးမွေးနေတဲ့မိစ္ဆာသားရဲတွေက အရမ်းကာကွယ်ပေးတတ်တယ်။ သူတို့ကိုချစ်ပ်ပြားနဲ့ထိန်းချုပ်ထားတာတောင် မဆင်မခြင်အနားမကပ်ရဲဘူး"
ကျိုးဟောင်မှာသဘောပေါက်သွားပြီး ခြေလှမ်းကျဲကျဲဖြင့်လျှောက်သွားလိုက်သည်။
ဘုရင်အဆင့်မိစ္ဆာသားရဲ ၁၀ကောင်ကျော်မှာ ခေါင်းငုံ့ထားကြပြီး မြေပြင်ပေါ်တွင်ဝပ်နေကြသည့်ပုံမှာ ကျိုးဟောင်မှာ မိစ္တာမျိုးနွယ်၏ ဧကရာဇ်ပမာပင်။
မကြာမီပင် အချင်းချင်းလုံးထွေးပြီးကစားနေကြသော အမွှေးပွပွနှင့်ချစ်စရာ မိစ္ဆာသားရဲပေါက်လေး ၁၀ကောင်ကျော်အားတွေ့လိုက်ရလေသည်။
ကျိုးဟောင်မှာရှေ့ကိုလျှောက်သွားပြီး မျက်စိရှေ့ရှိ ကြုံရာသားရဲပေါက်လေး ၅ကောင် ၆ကောင်လောက်အား ကောက်ပွေ့ကာ လှည့်ထွက်သွားလေသည်။
ထိုအကောင်ပေါက်ကလေးများ၏ မိဘများဖြစ်သော မိစ္ဆာသားရဲများမှာလည်း မဆန့်ကျင်ရဲပေ။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ ကျိုးဟောင်ပြန်လာသည်သောအခါ သူ့လက်ထဲတွင်ပွေ့လာသော မိစ္ဆာသားရဲအကောင်ပေါက်ကလေးများကိုကြည့်ပြီး မျက်လုံးများမှာအရောင်တောက်လာလေသည်။
မည်သို့ပင်ဖြစ်စေ ဤသတ္တဝါများမှာ ဘုရင်အဆင့်မိစ္ဆာသားရဲများ၏ မျိုးဆက်များဖြစ်သည်။ အကယ်၍ သူတို့ကိုသာ သေချာပျိုးထောင်ပေးလိုက်ပါက အလျင်အမြန်ကြီးထွားလာပြီး ဘုရင်အဆင့်မိစ္ဆာသားရဲများဖြစ်လာနိုင်သည်။
အရေးကြီးဆုံးမှာ ချစ်ပ်ပြားဖြင့်ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ ဤဘုရင်အဆင့်မိစ္ဆာသားရဲများအား တိုက်ပွဲဝင်အဖော်အနေဖြင့် ပျိုးထောင်လို့ရခြင်းပေ။
"မတူညီတဲ့အမျိုးအစား ၆မျိုး ပျံသန်းနိုင်တဲ့အမျိုးအစား ၂မျိုး...."
ကျိုးဟောင်မှာ ဤအမွှေးပွသတ္တဝါလေးများအား မြေပြင်ပေါ်သို့ပစ်ချလိုက်လေသည်။
မရင်းနှီးသောလူသားအများအပြားကိုကြည့်ပြီး ထိုမိစ္ဆာသားရဲလေးများမှာအစွယ်ထုတ်ပြပြီး လက်သည်းထုတ်ကာမာန်ဖီနေကြလေသည်။ သူတို့၏ပုံစံမှာ လန့်စရာကောင်းသလို ချစ်စရာလည်းကောင်းနေလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာပြုံးပြီးပြောလိုက်သည်။
"စီနီယာကျိုးတစ်ယောက်ပဲ ဒီဘုရင်အဆင့်မိစ္ဆာသားရဲတွေကို ဖိနှိပ်နိုင်တာ သူတို့ရဲ့မျိုးဆက်တွေကလည်း စီနီယာ ကျိုးအပိုင်ပါပဲ"
အခြားမဟာဆရာသခင်များမှာလည်း ဘာမှဝင်မပြောကြပေ။
ကျိုးဟောင်မှာခေါင်းခါပြပြီးပြောလိုက်သည်။
"ငါဒီတိုင်းတစ်ကောင်လောက်ကိုပဲ ငါ့ရဲ့စီးနင်းခံသားရဲအနေနဲ့ရွေးသွားမယ် ကျန်တဲ့ကောင်တွေကို မြို့တော်ကပျိုးထောင်ဖို့ထားခဲ့မယ် နောက်ကိုသူတို့အရွယ်ရောက်လာရင် မြို့အတွက်လည်းအကူအညီဖြစ်တာပေါ့"
ကျိုးဟောင်မှာစကားပြောနေရင်း အတောင်ပံအဖြူနှင့် ကြောင်ပုံသဏ္ဍာန်မိစ္ဆာသားရဲလေးဆီ အကြည့်ရောက်သွားလေသည်။
"ငါဒီတစ်ကောင်ယူလိုက်မယ် ကျားခြင်္သေ့သားရဲ"
.................................................................................
အခန်း(၁၄၇) ပြီးပါပြီ။