← Chapters

အခန်း ၁၄၈-၁၅၀

Vol. 10 Ch. 148-150

အခန်း ၁၄၈-၁၅၀

Vol. 10 Ch. 148-150

အခန်း (၁၄၈) : သုံးစားမရသောမျိုးရိုးဖြင့် ကျားခြင်္သေ့ပေါက်လေး

ပျံသန်းနိုင်သော ကြောင်ကဲ့သို့ချစ်စရာ သားရဲအကောင်ပေါက်လေးအား သူ့လက်ဖြင့်ဆွဲမလိုက်သည်။

ဂါး ဂါး...

ထိုခြင်္သေ့ပေါက်လေးက ဟိန်းဟောက်နေခဲ့လေသည်။

"တိတ်တိတ်နေစမ်းပါ"

ကျိုးဟောင်ကပြောရင်း ထိုအကောင်ပေါက်လေး၏ခေါင်းအားပွတ်သပ်ပေးနေလေသည်။ခဏအကြာမှာပဲ ထိုအကောင်ပေါက်လေးမှာ အိပ်ပျော်သွားခဲ့လေသည်။

စစ်သူကြီး ကျောက် က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်ပြောလေသည်။

စီနီယာကျိုး က မြို့ကို လုံလောက်အောင် ကူညီခဲ့ပြီးတဲ့အပြင် မြို့အတွက် နတ်ဆိုးတွေကိုတောင်သယ်ယူပို့ဆောင်ရေးအတွက် ချန်ထားခဲ့သေးတယ်…”

ကျိုးဟောင်က ကြားဖြတ်ပြီးပြောလိုက်သည်။

“စစ်သူကြီး ကျောက် ဒီလို ယဉ်ကျေးတဲ့ စကားတွေ မပြောနဲ့။ ကျွန်တော်လည်း မြို့သူမြို့သားတစ်ဦးဖြစ်တာကြောင့် ကူညီပေးသင့်ပါတယ်။ ကျုပ်ကိုသိပ်ယဥ်‌ ကျေးနေဖို့မလိုပါဘူးဗျာ။ မဟုတ်ရင် ခင်ဗျားကို သူငယ်ချင်းအဖြစ် အသိအမှတ်မပြုတော့ဘူး"

“ကောင်းပါ ပြီ၊ ကောင်းပါပြီ။”

စစ်သူကြီး ကျောက် က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီးကျောက် ကျုပ် ဟန်ဖူဆီက ကြားလာတာရှိတယ်။ အမှောင်နတ်ဘုရားများအဖွဲ့က အဆင့်မြင့်မဟာဆရာသခင်တယောက်က ချူမြို့အထက်တန်းကျောင်းက ကျောင်းသားတွေကို ပစ်မှတ်ထားနေတယ်ဆို"

စစ်သူကြီးကျောက်လည်း ကျိုးဟောင်အား ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။

အမှန်တကယ်တွင် ကျိုးဟောင်မှာ ထိုအကြောင်းအရများကို သိပြီးသားဖြစ်နေပြီး ရှုလင်အနားမှာ ကူညီနိုင်ဖို့အတွက် အကြောင်းပြချက်ရှာနေခြင်းဖြစ်လေသည်။

"အဲ့သွေးအဆိပ်ကင်းခြေများက အတော်တော့ ဒုက္ခပေးတယ်။ ဒါပေမဲ့ကိစ္စမရှိပါဘူး"

ကျိုးဟောင်ကအေးဆေးပင်ပြောနေလေသည်။

" ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကျုပ်ကိုဟန်ဖူက အရှေ့တန်းခံတပ်စခန်းကိုလာလည်ဖို့ ဖိတ်ခေါ်ထားတယ်။ ဒါကရှုလင်ဆိုတဲ့ကောင်မလေးဆီသွားဖို့ အကောင်းဆုံးအခွင်းအလမ်းပဲ"

ရှုလင်က ဟွာတုန်းမြို့ရဲ့ပထမဦးဆုံး ထူးခြားကိုယ်ခန္ဓာကို အသက်သွင်းနိုင်ခဲ့သည့် ပါရမီရှင်ဖြစ်လေသည်။ စစ်သူကြီးကျောက်က ထိုကဲ့သို့ ကျောင်းသူလေးဆီသို့ အန္တရာယ်များ မကျရောက်စေလိုပေ။ ပြီးခဲ့တဲ့ ရက်ပိုင်းထဲက ထိုကိစ္စနှင့်ပတ်သက်၍သူခေါင်းစားနေခဲ့လေသည်။

ကျိုးဟောင်၏စကားကိုကြားမှ ပဲ သူလည်း စိတ်အေးပျော်ရွှင်သွားလေသည်။

"ဒါအကောင်းဆုံးပဲ စီနီယာကျိုးရဲ့ အကူအညီနဲ့သာဆိုရင် ရှုလင် လုံခြုံမှာပါ"

ကျိုးဟောင်က အကောင်ပေါက်လေးကို သူ့ပုခုံးပေါ်တင်လိုက်ပြီးနောက်ပြောလိုက်လေသည်။

"ကဲ အချိန်ဖြုန်းမနေတော့ဘဲ ရှေ့တန်းခံတပ်စခန်းကို အခုပဲသွားလိုက်တော့မယ်။ ဒီမှာ တခုခုဖြစ်လို့ရှိရင် ကြိုးမဲ့ဆက်သွယ်ရေးစက်ကနေ ကျုပ်ကို စာပို့လိုက်ပါ။ ကျုပ်ချက်ချင်းပြန်လာခဲ့မယ်"

ထိုသို့ပြောပြီးသည်နှင့် ကျိုးဟောင်မှာ ကောင်းကင်ထက်သို့ပျံတက်သွားလေသည်။

ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များလည်း ကျိုးဟောင်အားကြည့်နေခဲ့လေသည်။ ထို့နောက် ကျိုးဟောင်ထားခဲ့သော နတ်ဆိုးသားရဲပေါက်လေး ၅ကောင်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

စစ်သူကြီးကျောက်မှာ သူတို့ ဘာတွေးနေလဲ ချက်ချင်းသိလေသည်။ ဒါ့ကြောင့် သူ့မျက်နှာကိုတည်ပြီးပြောလိုက်သည်။

"ဒါက စီနီယာကျိုး မြို့အတွက် ထားပေးခဲ့တဲ့အရာတွေပဲ။ ဘယ်သူမှ ယူသွားလို့မရဘူး"

ဟဲ့ပျောင်း၊ ကျန်းဟုန် နှင့် အခြား မဟာဆရာသခင်များမှာ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြလေသည်။

တောနက်ဧရိယာထဲတွင်

ကျိုးဟောင်က တောင်တန်းများကြားထဲရှိ တောင်ထိပ်တခုပေါ်သို့ဆင်းသက်လိုက်သည်။ သူသည် အလွန်လျင်မြန်သောကြောင့် ခဏအတွင်းတွင် အရှေ့တန်း‌ခံတပ်စခန်းသို့ရောက်လာခဲ့လေပြီ။ သို့သော်လည်း အချိန်မှာ မနက် ၁နာရီထိုးနေလေပြီ။ စီနီယာကျိုးအနေဖြင့် ၀င်သွားခဲ့ရင်တောင်မှ ရှုလင်၏ အဆိပ်ကို သူမဖြေပေးနိုင်သေးပေ။

ဒါ့ကြောင့် မနက်ဖြန်လောက်မှ လက်ရွေးစင် ၇ဖော် လေ့ကျင့်ရေးစခန်းသို့သွားရန်ဆုံးဖြတ်လိုက်လေသည်။

တောင်ထိပ်တွင် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။ကျိုးဟောင် သည် ပျော့ပျောင်းသော မြေနေရာလေးတွင် ထိုင်လိုက်ပြီး ကျားခြင်္သေ့ပေါက်လေးအား သူ့လက်ထဲတွင် ပွေ့ထားလိုက်လေသည်။ထိုသားရဲလေးမှာ အအေးဒဏ်ကို မကြောက်ဘဲ တိုးတိုးလေး အော်နေလေသည်။

ထိုသားရဲလေး၏ ခေါင်းကို ထိထားရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်အားဖွင့်လိုက်လေသည်။

သူ၏ကံကြမ္မာ အမှတ် : ၃,၂၇၈,၁၉၀၀ အားကြည့်လိုက်လေသည်။

နောက်ဆုံးတခေါက်တုန်းက သူသည် ကံကြမ္မာအမှတ် ၁၀သန်းကျော်ကိုသုံးပြီး လျှို့ဝှက်နည်းစနစ်များကိုးပေါင်းစပ်ခဲ့သည့်အပြင် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ " ရွှေကျီးကဲ့သို့ လွတ်မြောက်ခြင်းနည်းစနစ်" အားဖောက်ခဲ့သေးလေသည်။

သားရဲလှိုင်းတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် ကံကြမ္မာအမှတ်အများအပြားစုဆောင်းနိုင်ခဲ့လေသည်။ မဟုတ်ရင် အခုချိန်လောက်ဆို ကံကြမ္မာအမှတ်စုဆောင်းရန်ကြိုးစားရင်း အချိန်ကုန်နေမည်ဖြစ်လေသည်။

ဒီသားရဲလေးရဲ့ မျိုးရိုးတော်စပ်မှုကို သိခြင်သောကြောင့် သူ၏ ကိုယ်ရေးအချက်အလက်စာမျက်နှာအားဖွင့်လိုက်သည်။

နာမည်ဝှက် : ငါသည် သာမန်လူတယောက်သာ

အဆင့် : ၂၀၃၁၀၀၀ / ၁၀ ၀၀၀ ၀၀၀ ( ရွှေ)

ပစ္စည်းသိမ်းအိတ် : (မရှိ)

သူ၏ကိုယ်ရေးအချက်အလက်စာမျက်နှာမှာ ရိုးရှင်းနေသေးလေသည်။ ယခုသူ့တွင် ကျားခြင်္သေ့ပေါက်လေးရှိလာသော်လည်း အဲ့ဒီအတွက်ဘာမှ မဖော်ပြသေးပေ။

ကျိုးဟောင်မှာ ခေါင်းရမ်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာများရှိသော စာမျက်နှာသို့သွားလိုက်လေသည်။

သူထိုသားရဲလေးအကြောင်းနှင့် ပတ်သက်ပြီးသိလိုပါက လျှို့ဝှက်ဆန်းကြယ်သေတ္တာများဆီသို့ သွားရမည်ဖြစ်လေသည်။

ထို့နောက် သူရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအား နှိပ်လိုက်လေသည်။

ဒင်... ကျေးဇူးပြု၍ ကျင့်ကြံရေးနည်းစနစ်များ၊ လက်နက်များ ၊ဆေးဝါးများနှင့် အိမ်မွေးတိရစ္ဆာန်များအားဖြည့်စွက်ပါ။

ကျိုးဟောင်က ဒီတကြိမ် ရွှေရောင်သေတ္တာအားဖွင့်ရန် အစီအစဉ်မရှိသောကြောင့် တခြားဘာမှဖြည့်မနေဘဲ အိမ်မွေးတိရစ္ဆာန်အကွက်ကိုသာ ဖြည့်သွင်းလိုက်လေသည်။

ချက်ချင်းပင် အချက်အလက်များ ကျလာခဲ့လေသည်။

အိမ်မွေးတိရစ္ဆာန် : ကျားခြင်္သေ့သားရဲပေါက် - မိုးပျံ ကျားခြင်္သေ့သားရဲပေါက် - ခေါင်းကိုးလုံး မိုးပျံ ကျားခြင်္သေ့သားရဲပေါက် - နဂါး ခြင်္သေ့သားရဲပေါက် - ခေါင်း၇လုံး နဂါးခြင်္သေ့သားရဲပေါက် ။

ထိုအချက်အလက်များကိုမြင်သောအခါ သူချက်ချင်းပင် သားရဲအပေါက်လေးအား လှည့်ကြည့်လိုက်မိသည်။

ထပ်ပြီးအချက်အလက်များပေါ်လာလေသည်။

ကျားခြင်္သေ့သားရဲပေါက် : သေမျိုးအဆင့် မျိုးရိုးတော်စပ်မှု။ သွေးမျိုးရိုးတော်စပ်မှုမှာ အဟန့်အတားအလွန်ကြီးမားသောကြောင့် သေမျိုးအဆင့်ကိုကျော်လွန်ရန်အလွန်ခက်ခဲခြင်း။

ကျိူးဟောင်မှာပြောစရာမရှိဖြစ်သွားသည်။ ယခုကဲ့သို့ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင် ကျားခြင်္သေ့သားရဲပေါက်လေးတွင် သုံးစားမရသော သွေးမျိုးရိုးရှိမည်ဟုသူမထင်ခဲ့ပေ။

အတန်ကြာ‌တုံ့ဆိုင်းပြီးနောက် ထိုသားရဲလေးအား အဆင့်မြှင့်တင်ဖို့အတွက် ရွှေရောင်သေတ္တာအားဖောက်မည့်အစီအစဉ်အား ပယ်ဖျက်လိုက်လေသည်။

အဓိကအကြောင်းအရင်းကတော့ ရွှေရောင်သေတ္တာတွင် ကဏ္ဌာန်လေးခုသာပါ၀င်လေသည်။ ကံကြမ္မာအမှတ်သုံးရင်တောင်မှ ဒုတိယအဆင့် မိုးပျံကျားခြင်္သေ့သားရဲပေါက်ကိုသာရနိုင်‌ခြေရှိလေသည်။

အဆင့်မြင့်ခေါင်း၇လုံး နဂါးခြင်္သေ့သားရဲပေါက်နှင့် ယှဉ်ရင် မိုးပျံကျားခြင်္သေ့သားရဲပေါက်‌မှာ အထင်ကြီးစရာမရှိပေ။

ကံကြမ္မာအမှတ်များကို ပိုကောင်းသောအရာများ‌ဖောက်ရန်သာ ထိန်းသိမ်းထားလိုက်သင့်လေသည်။

ထိုအချက်များကြောင့် ယခုလို ရွှေရောင်သေတ္တာအားဖောက်မည့်အစီအစဉ်အား ပယ်ဖျက်လိုက်ခြင်းဖြစ်လေသည်။

"‌အကောင်ပေါက်လေး နောက်ကျမှ ငါမင်းရဲ့ သွေးမျိုးရိုးတော်စပ်မှုကို မြှင့်တင်ပေးမယ်"

ကျိုးဟောင်မှာ သားရဲပေါက်လေးအားကြောင်လေးကဲ့သို့ပွတ်သပ်ပေးရင်းရေရွတ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ထွက်ပြီးနောက် ခဏလောက် တုံဆိုင်းသွားခဲ့ပြီးမှ ရှေ့ဆုံး စာမျက်နှာရှိ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ရှိရာသို့သွားလိုက်လေသည်။

ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်စသုံးထဲက ထိုနေရာသို့ တခါမှ၀င်မကြည့်ဖူးပေ။ အရင်တုန်းက သူသည် အလွန်အားနည်းပြီး ပိုက်ဆံလည်းမရှိသောကြောင့် ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့် မှု စာမျက်နှာမျိုးသို့ မသွားရဲခဲ့ပေ။

သို့သော် ယခုအခါ သူ့အဆင့်မှာ ဆရာသခင် အဆင့်ထိရှိလာပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အထွဋ်အထိပ် မူလကျွမ်းကျင်သူအဆင့်လောက်ရှိလေသည်။ ဒါ့အပြင် ပိုက်ဆံထုတ်စက်ထက်ပင်ပို၍ပိုက်‌ဆံလည်း ရှာနိုင်နေလေပြီ။

"အခြားအဆင့်မြင့်အသုံးပြုသူအချို့က တိုက်ရိုက်ထုတ်လွှင့်မှုသည် ဆော့ဖ်ဝဲလ်တွင် အားကောင်းလာစေရန် စစ်မှန်သောနည်းလမ်းဖြစ်တယ်လို့ ဆိုကြတယ်။ငါကျင့်ကြံခဲ့ သော ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ"ရဲ့ နောက်ဆုံးသုံးဆင့်ကိုပင် တိုက်ရိုက်ထုတ်လွှင့်မှုကသာ ရနိုင်မယ်။ဒီတိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်ပြီး ဘယ်အရာက ထူးဆန်းဖွယ်ဖြစ်နေတာလဲ"

ကျိုးဟောင်သည် သူ၏ ရင်ထဲကသိချင်စိတ်များကို မထိန်းနိုင်ပဲ တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာရှိအမျိုးသမီးပုံသေးသေးလေးအား နှိပ်လိုက်လေသည်။

....................................................................................

အခန်း (၁၄၈) ပြီးပါပြီ။

အခန်း (၁၄၉) : ဆော့လ်ဝဲလ်အား အသုံးပြုနည်းအသစ်တခု ပွင့်သွားခြင်း

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အသုံးပြုသူအများအပြားရှိနေပြီး အဆင့်မြင့် အသုံးပြုသူများကိုလည်း နေရာတိုင်းလိုလိုတွေ့နေရလေသည်။

ကျိုးဟောင်ကဲ့သို့ ရွှေရောင်အဆင့်အသုံးပြုသူများသိပ်သတိထားမခံရတတ်ပေ။ သို့သော်လည်း သူတိုက်ရိုက်ထုတ်လွှင့်သည့် နေရာသို့ ၀င်လိုက်သည်နှင့် ဆူညံပွက်လောရိုက်သံများကြားလိုက်ရလေသည်။

"အာ "ငါသည် သာမန်လူတယောက်ပါ"ဆိုတဲ့ နာမည်ကို ရင်းနှီးနေသလိုပဲ"

"ချီးပဲ အဲ့ဒါ....အဲ့ဒါ လျှို့ဝှက်ဆန်းကြယ်သေတ္တာကနေ ပစ္စည်းကောင်းတွေ အများကြီးရခဲ့တဲ့ ဟိုကံကောင်းတဲ့ကောင်မှတ်လား"

"နောက်ဆုံးတော့ ဒီ‌ကောင့်ကို အနီးကပ်မြင်ရပြီပဲ။ ငါတော့ စိတ်လှုပ်ရှားနေပြီ"

"ငါတို့မင်းဆီမှာ ဆည်းပူးချင်ပါတယ်။ ကျေးဇူးပြု၍ လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်နည်းသင်ပေးပါလား"

ကျိုးဟောင်သည် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ၀င်လိုက်သည်နှင့်တပြိုင်နက် သူ့ဖန်သားပြင်တွင် စာတိုအများအပြားပေါ်လာခဲ့လေသည်။

"မင်းကိုယ်မင်း ဘစ်‌ရှော့(ကြီးမား‌‌သောရိုက်ခတ်မှု)လို့သာပြောနေတာ ဒါပေမဲ့ ခုမှ ရွှေအဆင့်ပဲရှိသေးတာလား"

"ဟီး ဟီး ငါတို့ ဒီအထဲမ၀င်တာကြာလို့ထင်တယ်။ ဒီနေရာရဲ့ စံနှုန်းတွေတောင်လျော့ကျသွားပြီပဲ"

ပလက်တီနမ်အဆင့်အသုံးပြုသူများသာမက စိန်အဆင့် အသုံးပြုသူများကပင်လှောင်ပြောင်ပြောဆိုနေကြလေသည်။

သူတို့မျက်စိထဲတွင် ပလက်တီနမ် အဆင့်အောက်အသုံးပြုသူများ အားလုံးကို ပုရွက်ဆိတ်သာသာ သတ်မှတ်ကြလေသည်။

"မင်းရဲ့ရွာက ခုမှ အင်တာနက်လိုင်းရတာလား။ လျှို့ဝှက်ဆန်းကြယ်သေတ္တာရဲ့ ဘစ်ရှော့(ကြီးမားသောရိုက်ခတ်မှု) ဆိုတာဘာလဲကော သိရဲ့လား"

"ငါရီရလို့သေတော့မယ်။ အဲ့တာက ပလက်တီနမ် နဲ့ စိန်အဆင့်အသုံးပြုသူတွေအတွက်ပဲမဟုတ်ဘူးလား။ မင်းတို့ဆော့လ်ဝဲလ်က ကြေငြာချက်တွေကို ဖတ်ရောဖတ်ကြရဲ့လား"

" ဒီ ငါသည်သာမန်လူတယောက်ဆိုတဲ့ အသုံးပြုသူက ရွှေအဆင့်သာရှိသေးသော်လည်း ပြီးခဲ့တဲ့ လတွေထဲက ကြေငြာချက်တွေထဲမှာ နာမည်ကြီးနေခဲ့လေ။ အဲ့ဒါကြောင့် သူ့ကိုလည်း ဘစ်ရှော့(ကြီးမားသောရိုက်ခတ်မှု)လို့မဆိုနိုင်ဘူးလား"

" တကယ့်ဘစ်‌ရှော့(ကြီးမားတဲ့ရိုက်ခတ်မှု)ဆိုတာ လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကိုဖွင့်ပြီး တတိယအဆင့်ရှားပါးပစ္စည်းတွေကို သုံးကြိမ်ဆက်တိုက်ရတာကိုဆိုလိုတာ"

"လခွမ်းအဲ့တာအမှန်ပဲလား။ လျှို့ဝှက်ဆန်းကြယ်သေတ္တာကနေ ရှားပါးပစ္စည်းတွေရဖို့က အရမ်းခက်တယ်"

" ငရဲလိုပဲကွာ။ လ၀က်လောက်အထိ ရှားပါးပစ္စည်းရတဲ့သူအကြောင်းကြေငြာချက်မရှိသေးတော့ လောလောဆယ်သူကဘစ်ရှော့ (ကြီးမားတဲ့ရိုက်ခတ်မှု‌)ဖြစ်‌နေဆဲပဲပေါ့"

အဆင့်မြင့်အသုံးပြုသူအများအပြားမှာ ထိုသတင်းကြောင့်မှင်တက်သွားခဲ့ကြလေသည်။

ပိုပြီးသန်မာလာလေလေ လက်တွေ့တွင် သူတို့ ပိုအလုပ်များလေလေဖြစ်သည်။ ထို့ကြောင့်အဆင့်မြင့်အသုံးပြုသူများသည် ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ကို အသုံးနည်းကြသည်။ ဥပမာ၊ ကျိုးဟောင်သည်လည်း လျှို့ဝှက်ဆန်းကြယ်သေတ္တာများကို ဖွင့်ရန် ဆော့ဖ်ဝဲလ်အား အသုံးမပြုသည်မှာ ကြာပြီဖြစ်သည်။

စိန်အဆင့်အထက် အသုံးပြုသူများအားလုံးသည်လည်း အလုပ်များနေသောကြောင့် ဆော့ဖ်ဝဲလ်၏ ကြေငြာချက်များကို အမြဲတမ်းစောင့်မကြည့်နိုင်ကြပေ။ ထို့ကြောင့် အများစုမှာ ကျိုးဟောင် ကို မသိခဲ့ကြခြင်းဖြစ်လေသည်။ခုတော့သူတို့အားလုံးသိသွားကြလေပြီ။

တတိယအဆင့် ပစ္စည်း၃ခုကို လျှို့ဝှက်ဆန်းကြယ်သေတ္တာ ၁၀ခုအတွင်းရရှိခဲ့ပါက ထိုသူအား ဘစ်ရှော့(ကြီးမားသောရိုက်ခတ်သူ)ဟုဆိုနိုင်လေသည်။

စင်စစ်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ ကံတရားအပေါ်အလွန်မူတည်လေသည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်နေခဲ့လေသည်။ သူသည် လူအများအပြား၏ အာရုံစိုက်ခံရခြင်းမနှစ်သက်ပေ။ ထို့ကြောင့် သူ့အား ‌နာမည်တပ်ပြီးပြောဆိုနေသော အသုံးပြုသူများအားလျစ်လျူရှူလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့်စာမျက်နှာအား ဆက်လက်ကြည့်ရှုနေခဲ့လေသည်။

တိုက်ရိုက်ထုတ်လွှင့်သည့်နေရာတွင် အသံထုတ်လွှင့်မှု နှင့် ဗီဒီယို ထုတ်လွှင့်မှု ဆိုပြီး ၂မျိုးရှိလေသည်။

သူတိုက်ရိုက်အသံထုတ်လွှင့်မှုတခုထဲသို့ ၀င်ကြည့်လိုက်သောအခါ မည်သည့်အရာမှ တင်ထားခြင်းမရှိပေ။ဖန်သားပြင်ကြီးမှာ အနက်ရောင်ဗလာကြီးဖြစ်နေပြီး ဘာသံမှမကြားရပေ။

သို့သော်လည်း ထို တိုက်ရိုက်လွှင့်သူမှာ အတော်နာမည်ကြီးပုံရသည်။ သူဘာမှ မပြောနေသော်လည်း သူ့ တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် အသုံးပြုသူများ ဆွေးနွေးနေကြလေသည်။

" လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်တာရဲ့ ကွာခြားချက်က ဘာလဲ"

ကျိုးဟောင်သည် သူ၏ ရည်ရွယ်ချက်ကိုမမေ့ခဲ့ပေ။

သို့သော်လည်း အချိန်တခုလောက်ထိ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် နေပြီးသောအခါ သူပိုပို၍ စိတ်ပျက်လာခဲ့လေသည်။အကြောင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ထဲတွင် ကံစမ်းမဲဖောက်ခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာများ ဘာတခုမှ မရှိသောကြောင့်ဖြစ်လေသည်။

"ငါ ထုတ်လွှင့်သူကို ဆုတခုခုပေးဖို့များလိုသလား"

ကျိုးဟောင်က တုံ့ဆိုင်းနေခဲ့သည်။ သူ့အကောင့်ထဲတွင်ပိုက်ဆံလည်း သိပ်များများစားစားမရှိတော့ပေ။

ထိုအချိန်မှာပဲ အသုံးပြုသူတယောက်က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လက်ဆောင်တခုပေးခဲ့လေသည်။

" ငါဘုရင်တယောက်ဖြစ်ချင်တယ် ဆိုသော အသုံးပြုသူမှ အယူအဆဆေးဝါး ၁လုံး လက်ဆောင်ပေးခဲ့ပါသည်။ ငါဘုရင်တယောက်ဖြစ်ချင်တယ်ဆိုသောအသုံးပြုသူမှ အယူအဆဆေးဝါး ၁၀လုံး လက်ဆောင်ထပ်ပေးခဲ့ပါသည်...."

ထိုစာသားမှာ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့လေသည်။ကျိုးဟောင်လည်း မျက်လုံးပြူးသွားခဲ့လေသည်။

ဒီအယူအ‌ဆဆေးလုံးကဘာလဲ....

သူချက်ချင်းပင် လက်ဆောင်များထဲသို့ ၀င်ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွင့်မှုအတွက် လက်ဆောင်များ: စွမ်းအင်ဘား ၊ သွေးမျိုးရိုးဆေးလုံး ၊ ကျင့်ကြံရေးနည်းစနစ်အသီး၊ နားလည်နိုင်စွမ်း သစ်ရွက် ၊ ရုပ်ပိုင်းဆိုင်ရာ ခွက် ၊ အယူအဆဆေးလုံး.....

အဲ့နေရာလက်ဆောင်စုစုပေါင်း ၁၈ မျိုးရှိနေလေသည်။ထိုလက်ဆောင်များမှာ ပလက်တီနမ်အဆင့်အောက်အသုံးပြုသူများအတွက်ကိုသာပြသပေးထားပြီး စိန်အဆင့်အသုံးပြုသူများအတွက်ကိုတော့ ကျိုးဟောင်မတွေ့ရပေ။

ကျိုးဟောင်၏ မျက်လုံးများမှာ ဈေးအပေါဆုံး လက်ဆောင်ဆီသို့ရောက်သွားလေသည်။ စွမ်းအင်ဘား : ၁၀၀ ဒင်္ဂါးပြား။

စွမ်းအင်ဘားအတွက် ကျသင့်သည့် ၁၀၀ ဒင်္ဂါးပြားသည် ယွမ် ၁သောင်းနှင့်ညီမျှလေသည်။ ၁၀၀ ဒင်္ဂါးပြားများဆိုသောပမာဏသည် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာတလုံးနှင့်ညီမျှသော်လည်း လက်ဆောင်များထဲတွင်တော့ ဆေးအပေါဆုံးဖြစ်နေခဲ့လေသည်။

ထို့နောက်သူသည် တခြားလက်ဆောင်များကို တခုပြီး တခုလျှောက်ဖွင့်ကြည့်နေလေသည်။ သွေးမျိုးရိုးဆေးလုံး: ဒင်္ဂါး၂၀၀ ၊ ကျင့်ကြံရေးသစ်သီး: ဒင်္ဂါး ၅၀၀၊ နားလည်နိုင်စွမ်း သစ်ရွက် : ဒင်္ဂါး ၁၀၀၀ ၊ ရုပ်ပိုင်းဆိုင်ရာခွက် : ဒင်္ဂါး ၂၀၀၀ ၊ အယူအဆဆေးလုံး: : ဒင်္ဂါး ၅၀၀၀ .....

"လခွမ်း ဒီလက်ဆောင်တွေက တော်တော်ဈေးကြီးတာပဲ"

ကျိုးဟောင်က ကျိန်ဆဲလိုက်မိသည်။ ဒင်္ဂါး ၁၀၀၀၀ဆိုသောပမာဏ နှင့် သူ့မှာ အယူအဆဆေးလုံး ၂လုံးသာ ၀ယ်နိုင်မည်ဖြစ်လေသည်။

ထိုလက်ဆောင်များမှာ ပထမဆုံးသော လက်ဆောင်၆ခုသာရှိသေးပြီး အယူအ‌ဆဆေးလုံးနောက်က လက်ဆောင်များမှာဒင်္ဂါး၁သောင်းကျော်တွေထိဖြစ်နေလေသည်။ ဒါတွေကတကယ်ကို အခြေအမြစ်မရှိပေ။

"ငါသည်ဘုရင်တယောက်ဖြစ်ချင်သည် ဆိုသော အသုံးပြုသူက အယူအဆဆေးလုံး ၁၀လုံးပေးခဲ့ပါသည်"

ကျိူးဟောင်လျှောက်ကြည့်နေစဉ်မှာပဲ ဖန်သားပြင်ပေါ်တွင် ထိုစာမှာပေါ်လာခဲ့လေသည်။

စက္ကန့်ဒါဇင်အတွင်း ထိုအသုံးပြုသူပေးသော အယူအဆဆေးလုံးများမှာ ၁၀၀ ကျော်အထိရှိသွားခဲ့လေသည်။ ထိုပမာဏမှာ ကောင်းကင်ဘုံဒင်္ဂါး ၅သိန်းလောက်ရှိလေသည်။

"ပလက်တီနမ် အသုံးပြုသူဆိုတဲ့အတိုင်း မင်းကအတော်ချမ်းသာတာပဲ"

ကျိူးဟောင်က တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရင်းပြောလိုက်လေသည်။ကောင်းကင်ဘုံဒင်္ဂါး ၅သိန်းဖြည့်ရန်အတွက် ယွမ် ၅မီလီယံလောက်လိုအပ်လေသည်။ ထိုပိုက်ဆံများဖြင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာများဖွင့်ရမည်ဆိုပါက ကျိူးဟောင်နှမြောနေမည်မဟုတ်ပေ။ အခုဟာက သူများအတွက် သုံးပေးနေရခြင်းဖြစ်လေသည်။

သို့သော်လည်း ထိုအသုံးပြုသူမှလွဲ၍ အခြားဘယ်သူမှ လက်ဆောင်ပေးခြင်းမတွေ့ရပေ။ထိုအရာမှာကျိုးဟောင်အတွက် မထူးဆန်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိသော လက်ဆောင်များမှာ အလွန်ဈေးကြီးပြီး သူဆိုရင်လည်း ထိုလက်ဆောင်များကို ပိုက်ဆံအကုန်ခံပြီး၀ယ်ယူမည်မဟုတ်ပေ။

"ငါဘုရင်တယောက်ဖြစ်ချင်တယ် ဆိုသော အသုံးပြုသူအား လက်ဆောင်များအတွက်ကျေးဇူးတင်ပါတယ်။ ဆုလာဒ်အကြီးကြီးတွေရပါစေလို့လည်းဆုတောင်းပေးပါတယ်"

သာယာနာပျော်ဖွယ်အသံတခု တိုက်ရိုက်ထုတ်လွှင့်နေသည့်ဆီမှထွက်လာခဲ့လေသည်။ ထိုအသံကြားရုံဖြင့် သူ့ကိုယ်ထဲမှ တစုံတခုက လှုံဆော်လာခဲ့လေသည်။

..................................................................................

အခန်း (၁၄၉) ပြီးပါပြီ။

အခန်း (၁၅၀) : လက်ဆောင်များပေးခြင်းဖြင့် မင်းဆုလာဒ်များရရှိနိုင်တယ်

"နတ်မိမယ် ရွဲ့လင် က ထပ်ကျီစားနေပြန်ပြီ"

" ဟုတ်တယ်။ သူမစကားသံလေးကြားရရုံနဲ့တင် လူကိုဆွဲဆောင်နိုင်တယ်။ အဲ့တာ နောက်ထပ် ဆွဲဆောင်ခြင်းကျင့်စဉ်အသစ်များလား"

"သူမရဲ့ ညှို့ယူနိုင်စွမ်းက သဘာ၀အတိုင်းလိုပဲ။ ကြည့်ရတာ နတ်မိမယ် ရွဲ့လင်ရဲ့ ကျင့်ကြံရေးတွေကအတော်ကောင်းလို့ဖြစ်မယ်"

တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိနေသော အသုံးပြုသူများက စတင်ပြောဆိုဆွေးနွေးနေကြလေသည်။

ကျိုးဟောင်လည်း သဘောပေါက်သွားခဲ့လေသည်။ ဒါက ညှို့ယူဆွဲဆောင်ခြင်းကျင့်စဉ်‌ဖြစ်သောကြောင့် သူ့ ခန္ဓာကိုယ်က တုံ့ပြန်လာသည်မှာ မထူးဆန်းတော့ပေ။

ကျိုးဟောင်မှာ ဖိုမ ဆက်ဆံရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိပေ။ တနည်းဆိုလျှင် သူ၏လက်ရှိ ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ရှိသည့် ခန္ဓာကိုယ်ကြောင့်သာ ညှို့ယူဆွဲဆောင်ခြင်း ကျင့်စဉ်နောက် မျောမပါသွားခြင်းဖြစ်လေသည်။

ပလက်တီနမ်အဆင့်အသုံးပြုသူ "ငါဘုရင်တယောက်ဖြစ်ချင်တယ်" ဆိုသူ လက်ဆောင်များဆက်တိုက်ပေးနေခဲ့‌ပြီး ယွမ် ၂ ဘီလီယံတန်ဖိုးရှိသော အယူအဆဆေးလုံး ၄၀၀လောက်သူပေးထားခဲ့ပြီးဖြစ်လေသည်။ ထိုပမာဏသည် ရွှေရောင်သေတ္တာ ၂လုံးလောက်ဖွင့်လို့ရလေသည်။

ကျိုးဟောင်မှာ ကြည့်နေရင်းသက်ပြင်းချမိသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပိုက်ဆံပေါသော သူအများအပြားရှိနေလေသည်။

ဒင်...

ရုတ်တရက်ဖန်သားပြင်မှ ရွှေဒင်္ဂါးများကျသကဲ့သို့ အသံထွက်လာခဲ့လေသည်။

" ငါဘုရင်တယောက်ဖြစ်ချင်တယ် ဆိုသည့် အသုံးပြုသူသည် ဆုလာဒ်အား အဆ၁၀၀၀ထောင်ရရှိသည့် အတွက် ဂုဏ်ပြုပါတယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ဖန်သားပြင်၌စာပေါ်လာခဲ့လေသည်။

"ဟာ အဆ ၁၀၀၀တောင် အထင်ကြီးစရာပဲ"

"ငါတော့အားကျမိတယ်။ သူ အယူအဆဆေးလုံး ၁၀၀၀၀ယ်ခဲ့တာဖြစ်မယ်"

" ငါတော့ အယူအဆဆေးလုံး‌၀ယ်ဖို့သတ္တိမရှိသေးဘူး။ခုတော့ ဈေးပေါတဲ့ စွမ်းအင်ဘားတွေပဲ၀ယ်နိုင်သေးတယ်"

"အယူအဆဆေးလုံ‌တွေက အရမ်းဈေးကြီးတယ်။ စွမ်းအင်ဘားတွေပဲ၀ယ်ဖို့တတ်နိုင်တယ် ဒါပေမဲ့ အဲ့စွမ်းအင်ဘားတွေက ခွန်အားတက်ဖို့ မလုပ်ပေးနိုင်ဘူး"

အသုံးပြုသူအများအပြားက စတင်ဆွေးနွေးလာကြလေသည်။

နတ်မိမယ်ရွဲ့လင်၏ အသံလေးမှာလည်း ထပ်ထွက်လာခဲ့သည်။

" ငါဘုရင်တယောက်ဖြစ်ချင်တယ်ဆိုတဲ့အကို ဂုဏ်ပြုပါတယ်နော်။ နောက်လည်း ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကိုလာပြီးအားပေးဖို့လည်း မမေ့ပါနဲ့နော် ဟီး...."

ကျိုးဟောင်လည်းကြောင်သွားခဲ့လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်မှာ လက်ဆောင်များပေးရင်း ဆုလာဒ်များလည်း ရရှိနိုင်သေးလေသည်။

အဆ၁၀၀၀ဆုလာဒ်.....

"ဒါက တိုက်ရိုက်ထုတ်လွှင့်မှုကို သုံးရခြင်းနည်းလမ်းပေါ့"

ကျိူးဟောင် စိတ်လှုပ်ရှားသွားလေသည်။

"တခုလောက်မေးချင်လို့ပါ ဆုလာဒ်ကို လက်ဆောင်တွေအတိုင်းပြန်ပေးတာလား ဒါမှမဟုတ် ကောင်းကင်ဘုံဒင်္ဂါးပြားများအဖြစ်နဲ့ပေးတာလား"

ကျိုးဟောင်လည်းသိချင်သောကြောင့် စကားပြောခန်းထဲတွင် စာရိုက်ပြီး၀င်မေးလိုက်သည်။သူထိုသို့မေးရသည့်အဓိကအချက်မှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရရှိသည့် ပစ္စည်းများမှာ သိမ်းဆည်းရေး အိတ်ထဲသို့တန်းရောက်သွားတတ်လေသည်။တကယ်လို့တိုက်ရိုက်ထုတ်လွှင့်မှုမှရရှိသည့် လက်ဆောင်များမှာလည်း ထိုကဲ့သို့ဖြစ်ပါက ဒီဆော့ဖ်ဝဲလ်က မူမမှန်တော့ပေ။

သူဖတ်ထားတဲ့ အချက်အလက်များအရ ထိုလက်‌ဆောင်ပစ္စည်းများက ရရှိသူ၏ကျင့်ကြံရေးနည်းစနစ်များကိုတိုးမြှင့်ပေးနိုင်စွမ်းရှိလေသည်။

"ကဲ နောက်ဆုံးတော့ ဘစ်ရှော့ကြီး စကား၀င်ပြောပြီပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုက ရတဲ့လက်ဆောင်တွေက အကုန်လုံး သိမ်းဆည်းရေးအိတ်ထဲတန်းသွားတာပါ"

"လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေရဲ့ ဘစ်ရှော့က တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ဘစ်ရှော့ဖြစ်လာနိုင်မလား"

" ဈေးကြီးတဲ့လက်ဆောင်တွေကိုပဲ ဖန်သားပြင်ပေါ်မှာပြသတာ။ ဘစ်ရှော့ကြီး တိုက်ရိုက်ထုတ်လွှင့်ရင်တော့ ဖန်သားပြင်ပေါ်မှာ လက်ဆောင်တွေနဲ့ပြည့်နေလောက်မယ်"

" မေ့ထားလိုက်စမ်းပါ။ တိုက်ရိုက်ထုတ်လွှင့်တဲ့ချန်နယ်က လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေနဲ့မတူဘူး။ ကံတရားကမင်းဘက်ရှိနေရင်တောင်မှ မင်းက စည်းမျဉ်းတွေကိုလိုက်နာရဦးမှာ ကံကောင်းရင်တော့ ကောင်းကင်ဘုံ ဒင်္ဂါးတွေရနိုင်ပါတယ်"

အသုံးပြုသူအများအပြားငြင်းခုန်နေကြလေသည်။

နတ်မိမယ်ရွဲ့လင်မှာ မကြာခဏ ထုတ်လွှင့်မှု ပြုလုပ်သူဖြစ်သောကြောင့် "ငါသည်သာမန်လူတယောက်ပါ" ဟူသော နာမည်အားရင်းနှီးနေခဲ့လေသည်။

" ဒါက လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကနေ အဆင့်မြင့်ပစ္စည်းတွေ ရခဲ့တဲ့ ဘစ်ရှောမှတ်လား"

သူမက အံ့အားသင့်စွာပြောလိုက်သည်။

"ဟားဟား နတ်မိမယ်ရွဲ့လင် မင်းဘာလို့ သူ့ဆီက မဆည်းပူးသေးတာလဲ"

"ဘစ်ရှော့လိုမျိုးလူ ရောက်လာတာတောင်မှ မင်းဘာလို့ တခုခုမပြောတာလဲ"

"ပြောရင်းခုမှ သတိထားမိတယ်။ ရွဲ့လင် မင်းဘာလို့ အသံတိုက်ရိုက်ထုတ်လွှင့်မှုပဲ လုပ်တာလဲ။ မင်းက မလှလို့လား။ အခုဘစ်ရှော့ပါ ရောက်လာပြီဆိုတော့ အခွင့်အရေးရတုန်း သူ့ကိုထုတ်ပြလိုက်စမ်းပါ"

"ဒါကံတရားရဲ့စောင်မမှုပဲ။ ဒီဘစ်ရှော့က ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေတဲ့လူနော်။ မင်းသာသူ့ကို အမိဖမ်းနိုင်ရင် ‌အနာဂတ်မှာ မင်းကြွယ်၀ချမ်းသာလာလိမ့်မယ်"

အသုံးပြုသူများက နတ်မိမယ် ရွဲ့လင်ဆိုသူအား ကျီစယ်နေကြလေသည်။

"ရှင်တို့ဘာတွေ လျှောက်ပြောနေကြတာလဲ။ သူက ဘစ်ရှော့လေ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဘာလို့နေ‌ နေတာလဲ"

နတ်မိမယ် ရွဲ့လင်က ရှက်ကိုးရှက်ကန်းပြန်ပြောလေသည်။

ကျိုးဟောင်က နတ်မိမယ်ရွဲ့လင် နှင့် အသုံးပြုသူများ အပြန်အလှန်ပြောဆိုနေကြသည်ကို ဂရုစိုက်ပေ။ သူသည် လက်ဆောင်များ သိမ်းဆည်းရေးအိတ်ထဲ တိုက်ရိုက်သွားသည်‌လို့ သိရခြင်းကြောင့်အလွန်စိတ်လှုပ်ရှားနေလေသည်။

ဒီလိုသာဆိုရင် သူ့စွမ်းအားကို တိုးမြှင့်နိုင်ရုံသာမက ရှုလင်၏ စွမ်းအားများကိုလည်း အလျင်အမြန်တိုးမြှင့်ပေးနိုင်မည်ဖြစ်လေသည်။

ဒီနည်းလမ်းအတိုင်းဆို ရှုလင်လည်း မဟာဆရာသခင် အဆင့်သို့ အလျင်အမြန်ရောက်သွားနိုင်ခြေရှိလေသည်။

"စွမ်းအင်ဘား ၊ သွေးမျိုးရိုးဆေးလုံး ၊ ကျင့်ကြံရေးနည်းစနစ်အသီး၊ နားလည်နိုင်စွမ်း သစ်ရွက် ၊ ရုပ်ပိုင်းဆိုင်ရာ ခွက် ၊ အယူအဆဆေးလုံး.....ငါဒီလက်ဆောင်ပစ္စည်းတွေရဲ့ အသုံးပြုပုံကို သေချာလေ့လာရမယ်"

ကျိုးဟောင်က အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားနေမှုများကို ထိန်းချုပ်လိုက်လေသည်။ သူ့အကောင့်ထဲတွင် ကောင်းကင်ဘုံ ဒင်္ဂါး ငါးသောင်းသာရှိလေသည်။ ထိုပမာဏနှင့်‌ဆို အယူအဆဆေးလုံး ၁၀လုံးသာရရှိနိုင်လေသည်။

"သူတို့ပြောစကားအရ စွမ်းအင်ဘားတွေက အမှိုက်သာသာပဲဆိုတော့ ငါ သွေးမျိုးရိုးဆေးလုံးတွေကနေပဲစကြည့်ရမှာပေါ့"

သွေးမျိူးရိုးဆေးလုံးတလုံးလျှင် ဒင်္ဂါး၂၀၀ ကျသင့်လေသည်။

သူ့ကံကြမ္မာ အမှတ်များကိုသုံးပြီး သွေးမျိုးရိုးဆေးလုံး ၁၀၀ ပေးရန်သူစီစဉ်နေလေသည်။သူ့ကံကြမ္မာအမှတ်များကို ကြည့်ကာ အံကိုကြိတ်ပြီး ကံကြမ္မာ အမှတ်၁သန်းအား အသုံးပြုလိုက်လေသည်။

ဝှစ်

သူ၏ကံကြမ္မာ အမှတ်များလျော့ကျသွားခဲ့ပြီး သွေးမျိူးရိုးဆေးလုံးများပေးရန် လုပ်နေစဉ်မှာပဲ ဖန်သားပြင်မှာ ပြောင်းလဲသွားသောကြောင့် သူ့မျက်လုံးများပြူးကျယ်သွားလေသည်။

ပထမလက်ဆောင် ၄ခုဘေးရှိ ကွက်လပ်ဆက်တိုက်ပြောင်းလဲနေသော နံပါတ်များပေါ်လာခဲ့လေသည်။

သွေးမျိုးရိုးဆေးလုံးဘေးရှိ နံပါတ်များမှာ တဖြေးဖြေးလျော့ကျလာလေသည်။ ၇၁၉ကနေ ၆၁၈..... အထိတဖြေးဖြေးကျဆင်းသွားလေသည်။

"ဘာ ....ဒီနံပါတ်တွေကဘာတွေလဲ"

ကျိူးဟောင်လည်းမျက်မှောင်ကြုတ်မိလိုက်သည်။

....................................................................................

အခန်း (၁၅၀) ပြီးပါပြီ။

All Chapters