← Chapters

အခန်း ၁၅၁-၁၅၃

Vol. 11 Ch. 151-153

အခန်း ၁၅၁-၁၅၃

Vol. 11 Ch. 151-153

အခန်း (၁၅၁) : ချိုမြိန်မှုရဲ့အရသာ

သူ၏ကံကြမ္မာအမှတ်များကိုမသုံးခင်က ဤနံပါတ်များထိုနေရာတွင်ရှိမနေတာ သေချာပေသည်။

ထိုနံပါတ်များမှာ သူကံကြမ္မာအမှတ်များကိုသုံးပြီးမှသာ ပေါ်လာခြင်းဖြစ်သည်။

ကျိုးဟောင်အတွေးလွန်နေတုန်း သွေးမျိုးရိုးဆေးလုံးနောက်ရှိနံပါတ်များမှာ ၂၁၀အထိလျော့ကျသွားပြီဖြစ်ပြီး ဆက်လက်၍လျင်မြန်စွာလျော့ကျနေတုန်းပင်။

နံပါတ် ၂၁သို့ရောက်သောအခါ ကျိုးဟောင်မှာသတိပြန်ဝင်လာပြီး ဖြစ်နိုင်ခြေကိုစဉ်းစားမိလိုက်သည်။

သူအလျင်အမြန်ပင် သွေးမျိုးရိုးဆေးလုံးဆိုသောစာတန်းအားနှိပ်ကာ ‌သွေးမျိုးရိုးဆေးလုံး အလုံး၃၀ကို လက်ဆောင်ပေးပစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တိုက်ရိုက်လွှင့်နေသော ဖန်သားမျက်နှာပြင်ပေါ်တွင် စာတန်းတစ်ခုပေါ်လာလေသည်။

"ငါကသာမန်လူတစ်ယောက်ပါပဲ" မှ သွေးမျိုးရိုးဆေးလုံး အလုံး ၃၀အားလက်ဆောင်ပေးလိုက်ပါသည် အဆ ၁၅၀၀မြှောက်ထားသော ဆုရရှိသည့်အတွက် "ငါကသာမန်လူတစ်ယောက်ပါပဲ"အားဂုဏ်ပြုပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရွှေဒင်္ဂါးကျသံများထွက်ပေါ်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိနေသော အသုံးပြုသူများကို အုတ်အော်သောင်းနင်းဖြစ်သွားစေလေသည်။

"ချီးပဲ"

"ဆ ၁၅၀၀ ဘစ်ရှော့ဖြစ်ရတဲ့အကျိုးကျေးဇူးဆိုတာဒါမျိုးလား"

"သူက လက်ဆောင်လေးအခု ၃၀ပေးရုံနဲ့ ဆ၁၅၀၀မြှောက်ထားတဲ့ ဆုလာဘ်ရသွားတယ် တကယ်လေးစားတယ် ဘစ်ရှော့လို့မပြောရဘူး မိုက်လိုက်တာ"

"တကယ်ကိုပဲ ဒီဘစ်ရှော့က ဘာလုပ်လုပ်ကံကောင်းနေတာပဲ မိုက်လိုက်တာ"

"သွေးမျိုးရိုးဆေးလုံးက အဖိုးတန်တယ်လို့သတ်မှတ်လို့မရဘူး...ပထမဆုံးအကြိမ်မှာတင် ဆ၁၅၀၀မြှောက်ထားတဲ့ ဆုရတယ်ဆိုတာကတော့ သူ့ကံကတကယ်ကြီးကို လိုက်မမှီလောက်အောင် ကောင်းလွန်းသွားပြီ"

အများပြည်သူစကားပြောခန်းတွင်အသုံးပြုသူများမှ ပို့လာသောစာများဖြင့်ပြည့်နေပြီး ထိုစာများမှတစ်ဆင့် အားကျမှု၊ မနာလိုမှုများကိုလည်း မြင်နေရပေသည်။

အဆင့်မြင့်အသုံးပြုသူအများစုမှာမူတိတ်ဆိတ်နေကြသည်။ ကျိုးဟောင်မှာ ပစ္စည်းအခု ၃၀သာလက်ဆောင်ပေးပြီး ဆ၁၅၀၀မြှောက်ထားသော ဆုလာဘ်အားရခဲ့ပေသည်။ အကယ်၍ သူ့ကံသာယခုလိုဆက်ကောင်းနေမည်ဆိုပါက တကယ်ကြီး တိုက်ရိုက်ထုတ်လွှင့်မှုအား ကြီးစိုးနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှုသည် ဆော့ဖ်ဝဲလ်၏ အဓိကမဏ္ဍိုင်ဖြစ်ကြောင်း အသုံးပြုသူအားလုံးသိပေသည်။

အကယ်၍ သူသာတိုက်ရိုက်ထုတ်လွှင့်မှုကိုကြီးစိုးနိုင်ပါက မြောက်မြားစွာသောရုတ်ရုတ်သဲသဲကိစ္စများကိုဖြစ်ပေါ်လာနိုင်စေပြီး မူလအခြေအနေအား ပြောင်းလဲစေနိုင်ပေသည်။

နတ်မိမယ် ယွဲ့လင်မှာလည်း သူ့အားအလျင်အမြန်ပင်ဂုဏ်ပြုလာလေသည်။

"လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ် "ငါကသာမန်လူတစ်ယောက်ပါပဲ" ဆုရတဲ့အတွက်ဂုဏ်ပြုပါတယ်"

ထိုအချိန်တွင် ကျိုးဟောင်မှာလည်းစိတ်လှုပ်ရှားနေလေသည်။

သို့သော် သူ ဆ၁၅၀၀ဖြင့်မြှောက်ထားသောဆုရ၍ စိတ်လှုပ်ရှားနေခြင်းမဟုတ်ဘဲ ကံကြမ္မာအမှတ်ကိုသုံးပြီးနောက် ဆုလာဘ်ရရန် ပစ္စည်းမည်မျှလက်ဆောင်ပေးရမည်ဆိုသည်ကို သိသွား၍သာဖြစ်သည်။

ဤအရာမှာ လျှို့ဝှက်ဆန်းကြယ်သော‌ သေတ္တာထက်ပင် ပို၍အံ့အားသင့်စရာကောင်းသေးသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ဒီလိုသာမန်ထက်ထူးခြားတဲ့လုပ်ဆောင်ချက်မျိုးရှိတာကိုသာသိခဲ့ရင် အစောကြီးကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲဝင်ပါတယ်"

ကျိုးဟောင်မှာအလွန်အမင်းစိတ်လှုပ်ရှားနေသော်လည်း ခေါင်းသာအမြန်ခါလိုက်မိသည်။ ဤတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လက်ဆောင်ပေးရန်တစ်ခုတည်းသောနည်းလမ်းမှာ ‌ရွှေအဆင့်အားရောက်မှသာ ပေးလို့ရတာဖြစ်သည်။ အကယ်၍ သူတိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားအစောကတည်းက ဝင်လျှင်တောင် ယခုလိုကံကြမ္မာအမှတ်၏သုံးနည်းအသစ်အား သိနိုင်မည်မဟုတ်ပေ။

"ဆက်သွားမယ်"

ချိုမြိန်မှုအားမြည်းစမ်းပြီးနောက် သူတခြားလက်ဆောင်များအားကြည့်ရန် မစောင့်နိုင်တော့ပေ။

သို့သော်ထိုအချိန်တွင် လက်ဆောင်အနောက်ရှိပြသထားသောနံပါတ်မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

"ဘာရယ် ကံကြမ္မာအမှတ် ၁သန်းကို ၁မိနစ်ပဲခံတာလား"

ကျိုးဟောင်မှာ ကြက်သေသေသွား‌လေသည်။ ကံကြမ္မာအမှတ်များအားစုဆောင်းရန်မှာ မလွယ်ကူသော်လည်း အမှတ် ၁သန်းမှာတော့ အချိန်ခဏသာခံလေသည်။

ကံကောင်းသည်က သူ့ထံတွင်ကံကြမ္မာအမှတ်အများအပြားရှိနေခြင်းပင်။

သို့သော် ကျိုးဟောင်မှာသူ့ကံကြမ္မာအမှတ်များအားချက်ချင်းမသုံးပေ။ ထိုအစား သူ့ထံတွင်ကျန်နေသောယွမ် ၁၀၀ မီလီယံကိုပါ ထပ်ဖြည့်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် သူ့အကောင့်ထဲရှိပမာဏမှာ ၁၀၄၃၂၀၀ ဖြစ်သွားလေသည်။

ထို့နောက် ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူလိုက်သည်။

ကောင်းကင်ဘုံဒင်္ဂါးပြား ၁သန်းမှာ ပမာဏများသည်ဟုထင်ရသော်လည်း အကယ်၍သူသာ တစ်လုံးလျှင် ယွမ် ၅၀၀၀ တန်ဖိုးရှိသော အယူအဆဆေးလုံးအားလက်ဆောင်ပေးချင်ပါက အလုံး ၂၀၀ သာပေးနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာ သူ့ကံကြမ္မာအမှတ်များကိုကြည့်ကာ အံကြိတ်ပြီး နောက်ထပ် ကံကြမ္မာအမှတ်၁သန်းအား သုံးလိုက်လေသည်။

ဝှစ်

ကျိုးဟောင်၏အကြည့်များမှာ လက်ဆောင်ပစ္စည်းစာရင်းတွင်သာရှိနေလေသည်။ ပထမလက်ဆောင် ၆ခုဖ

၏နောက်တွင် နံပါတ်များမှာအလျင်အမြန်ပေါ်လာလေသည်။ ယခုတစ်ခေါက်တွင် သူတစ်ခါတည်းပင် ပို၍တန်ဖိုးကြီးသော နားလည်နိုင်စွမ်းသစ်ရွက်၊ ရုပ်ပိုင်းဆိုင်ရာခွက်နှင့် အယူအဆဆေးလုံးတို့အားကြည့်လိုက်သည်။

အယူအဆဆေးလုံး၏နောက်ရှိနံပါတ်မှာ ၇၃၀ ဖြစ်ပြီး လျော့နှုန်းမှာလည်း အလွန်ကိုနှေးလေသည်။

ရုပ်ပိုင်းဆိုင်ရာခွက်မှာ ၁၃၉မှတ်ဖြစ်ပြီး အယူအဆဆေးလုံးနှင့်ယှဉ်လျှင် လျင်မြန်စွာလျော့နေလေသည်။

နားလည်နိုင်စွမ်းသစ်ရွက်နောက်ရှိ နံပါတ်မှာ ၁၁၇ဖြစ်ပြီး အလွန်လျင်မြန်စွာ လျော့နေလေရာ သိပ်မကြာမီပင် ၇ ဖြစ်သွားလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အသုံးပြုသူဇယားမှတစ်ဆင့် လက်ဆောင်အားလုံးသည်အချိတ်အဆက်ရှိကြောင်းကို ကျိုးဟောင်သိခဲ့ရပေသည်။ တစ်နည်းဆိုရသော် နားလည်နိုင်စွမ်းသစ်ရွက်တွင်ပါသောနံပါတ်များ လျော့ရန်မှာအလွန်လျင်မြန်ပေရာ အခြားအသုံးပြုသူများသည် နားလည်နိုင်စွမ်းသစ်ရွက်ကို လက်ဆောင်ပေးနေကြခြင်းပင်ဖြစ်သည်။

ဝှစ်

တစ်စက္ကန့်မပြည့်မီမှာပင် နားလည်နိုင်စွမ်းသစ်ရွက်အနောက်မှနံပါတ်မှာ ၂၁၀၀အထိတိုးလာလေသည်။

မတတ်နိုင်ပေ ကျိုးဟောင်မှာသူ့အကြည့်ကို ရုပ်ပိုင်းဆိုင်ရာခွက်ဆီကိုသာ လွှဲလိုက်တော့သည်။

ရုပ်ပိုင်းဆိုင်ရာခွက်တစ်ခုကို ဒင်္ဂါး ၂၀၀၀ကုန်ကျပြီး ဒုတိယမြောက်ဈေးအကြီးဆုံးပစ္စည်းဖြစ်သည်။

"၂၈၁ ၂၇၅....."

ကျိုးဟောင်မှာ နောက်ရှိနံပါတ်များကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလေသည်။ နံပါတ်များမှာ နောက်တစ်မိနစ်နေမှပေါ်လာမည်မှန်း သူသိပေသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာခွက်၏ လျော့ကျနေသောနှုန်းမှာ အလွန်နှေးလေသည်။

ကျိုးဟောင်မှာ အံကြိတ်လိုက်မိသည်။

အနောက်တွင်နံပါတ် ၂၁၀သာကျန်တော့ပြီး ကံကြမ္မာအမှတ်ညွှန်ပြတံမှာလည်း ပျောက်ကွယ်တော့မည်ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာခွက်ဟူသောနေရာအား အလိုလိုနှိပ်လိုက်မိပြီး အခု ၂၂၀ကိုတိုက်ရိုက်တန်းပေးလိုက်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင်များကိုတစ်ယောက်ချင်းသို့မဟုတ် ၁ဝယောက်တစ်ဖွဲ့ပေးနိုင်ပေသည်။ အလားတူပင် လူတစ်ယောက်မှာ ကိုယ်တိုင်အရေအတွက်ရိုက်ထည့်နိုင်သော် လည်း ၁၀ဆတော့ဖြစ်ဖို့လိုသည်။

ဒင်!

ရွှေဒင်္ဂါးချင်းပွတ်တိုက်မိသော လှပသောအသံတစ်ခုထွက်ပေါ်လာလေသည်။

....................................................................................

အခန်း (၁၅၁) ပြီးပါပြီ။

အခန်း (၁၅၂) : သွေးမျိုးရိုးဆေးလုံးအားစမ်းသပ်ခြင်း

တိုက်ရိုက်ထုတ်လွှင့်နေသောမျက်နှာပြင်တွင် " 'ငါကသာမန်လူတစ်ယောက်ပါ' ပဲမှ ရုပ်ပိုင်းဆိုင်ရာခွက် ၂၀ လက်ဆောင်ပေးပါသည် ဆ ၅၀၀တန်ဆုလာဘ်ရသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်" ဟူသောစာတန်းတစ်ခုပေါ်လာလေသည်။

"ချီး ထပ်ပြီးဘစ်ရှော့ပဲလား"

"ရုပ်ပိုင်းဆိုင်ရာခွက်က ဒင်္ဂါး၂၀၀၀တန်တာကို သူက ၂၀၀ကျော်ကြီးတန်းပေးပြီးတော့ ကောင်းကင်ဘုံဒင်္ဂါးပြား ၄သိန်းကျော်ကြီးသုံးပစ်လိုက်တယ် အန္တရာယ်များလိုက်တာ"

"ထပ်ရသွားပြန်ပြီ မိုက်လိုက်တာ သူနှစ်ခါတောင်ရတာ နှစ်ခါတောင်"

"နတ်မိမယ်ယွဲ့လင်တော့ ဒီဘစ်ရှော့ကိုဖြားယောင်းဖို့ ပိုကြိုးစားရတော့မယ်"

"အစ်ကိုကြီး ‌‌ကျေးဇူးပြုပြီးကျွန်တော့်ကိုလည်းသင်ပေးပါဦး ကျွန်တော်လည်းဆုလာဘ်ရချင်လို့ သင်ပြခအနေနဲ့ ကောင်းကင်ဘုံဒင်္ဂါးပြား ၂သန်းပေးပါ့မယ်"

"ထွက်သွားစမ်း မင်းက ၂သန်းလောက်နဲ့သင်ချင်နေတာလား မင်းကဘစ်ရှော့ကိုအထင်သေးနေတာပဲ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ဘယ်လက်ဆောင်ဖြစ်ဖြစ် တန်ဖိုးဖြတ်မရတာ မင်းရဲ့ကောင်းကင်ဘုံဒင်္ဂါးပြားက ဘာမှမဟုတ်ဘူး"

အသုံးပြုသူအများစုမှာ အများပြည်သူစကားပြောခန်းတွင် အားကျမှုများစွာဖြင့်ပြောဆိုနေကြလေသည်။

မည်သို့ပင်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိလက်ဆောင်များမှာ အင်အားကိုကိုယ်စားပြုမှန်း အားလုံးသိကြပေသည်။

နတ်မိမယ်ယွဲ့လင်မှာစကားမပြောပေ။ ထိုအစား သူမသည်ကျိုးဟောင်၏အကောင့်ထံသို့ သီးသန့်စာပို့လိုက်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် သီးသန့်စာပို့၍ရသော်လည်း အဆင့်တစ်ခုရောက်ရန်တော့လိုလေသည်။

"ဘစ်ရှော့ လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ် နောက်လည်းရှင်ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မကြာခဏလာလည်နိုင်ဖို့မျှော်လင့်ပါတယ် တကယ်လို့တစ်ခုခုအကူအညီလိုအပ်ရင် အားမနာဘဲပြောလို့ရပါတယ်"

ကျိုးဟောင်မှာ နတ်မိမယ်ယွဲ့လင်မှပို့လိုက်သော သီးသန့်စာကိုဝင်မဖတ်ပေ။ ထိုအချိန်တွင် သူ၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်နေလေသည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာခွက် ၂၀၀ကျော်အားလက်ဆောင်ပေးလိုက်ပါက သေချာပေါက်အနိုင်ရမည်ဆိုတာကိုသိသော်လည်း စိတ်ပူနေဆဲပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအရာမှာ ကောင်းကင်ဘုံဒင်္ဂါး ၄သိန်းကျော်တန်ပေသည်။

စိတ်ငြိမ်သွားပြီးနောက် ကျိုးဟောင်မှာသူ့ထံပို့ထားသော သီးသန့်စာအားတွေ့လိုက်လေသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုမှာ တကယ်ကြီးသီးသန့်စာပို့လို့ရတဲ့လုပ်ဆောင်ချက်ရှိတာပဲ...."

သူထိုသီးသန့်စာအားဖွင့်ကြည့်လိုက်လေရာ နတ်မိမယ်ယွဲ့လင်မှပို့ထားခြင်းဖြစ်ကြောင်းကို တွေ့လိုက်ရလေသည်။ ကျိုးဟောင်မှာ အချိန်ခဏလောက် တွေဝေသွားပြီးနောက် ကျီစယ်သယောင်အပြုံးဖြင့် စာပြန်လိုက်လေသည်။

"ဘာဖြစ်ဖြစ်လား?"

နတ်သမီးယွဲ့လင်မှာ အလျင်အမြန်ပင်စာပြန်လာလေသည်။

"အကူအညီတောင်းမဲ့ကိစ္စကအရမ်းမကြီးသရွေ့ အဆင်ပြေတယ်"

ကျိုးဟောင်မှာပြုံးရုံသာပြုံးလိုက်ပြီး စာမပြန်ပေ။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှထွက်လိုက်သည်။

ယခုတစ်ခေါက်တွင် ၂ကြိမ်အတွေ့အကြုံရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ကံကြမ္မာအမှတ်များအားမည်သို့အသုံးချရမည်ကို သူသိသွားပြီဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သေတ္တာနှင့် နှိုင်းယှဉ်ပါက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ပ်ိုအန္တရာယ်များပြီး ပြန်ရနှုန်းလည်းမြင့်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အသုံးပြုသူအများအပြားရှိနေသည်မှာ မဆန်းတော့ပေ။

မည်သို့ပင်ဖြစ်စေလျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှ ရှားပါးပစ္စည်းတစ်ခုရရန်မှာ အလွန်ခက်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်တော့ ဒင်္ဂါးပြားရှိနေသရွေ့ ဆုလာဘ်ရနိုင်ပေသည်။

"သွေးမျိုးရိုးဆေးနဲ့ ရုပ်ပိုင်းဆိုင်ရာခွက်ကို ဘယ်နေရာမှာသုံးလဲဆိုတာ အရင်သိအောင်လုပ်ရမယ် ပြီးရင်တိုက်ရိုက်ထုတ်လွှင့်မှုကိုဆက်စောင့်ကြည့်လိုက်မယ်"

ကျိုးဟောင်မှာ စိတ်ထဲတွင်တွေးလိုက်လေသည်။သူသည်ယခုအချိန်အထိ အလွန်စိတ်အေးနေဆဲဖြစ်ပြီး အလွယ်တကူမစွန့်စားလိုပေ။

မျက်စိတစ်မှိတ်အတွင်း သူ၏ကိုယ်ပိုင်စာမျက်နှာအား ဖွင့်လိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် သူ၏ကျောပိုးအိတ်ထဲရှိပစ္စည်းများကိုတွေ့လိုက်ရလေသည် : သွေးမျိုးရိုးဆေးလုံး အလုံး၁၅၀၀ နှင့် ရုပ်ပိုင်းဆိုင်ရာခွက် အခု၅၀၀

ကျိုးဟောင်မှာ ထိုစာတန်းအပေါ်နှိပ်လိုက်လေရာ ပစ္စည်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များမှာ သူ့ခေါင်းထဲသို့ဝင်လာလေသည်။

သွေးမျိုးရိုးဆေးလုံး : သက်ရှိသတ္တဝါများ၏ သွေးမျိုးရိုးအားမြှင့်တင်ပေးနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာခွက် : သက်ရှိသတ္တဝါများ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေတိုးတက်လာအောင် တွန်းအားပေးနိုင်သည်။

အချက်အလက်များမှာ အလွန်ရိုးရှင်းလေသည်။

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူဆိုလိုသည့် သက်ရှိသတ္တဝါများမှာ သက်ရှိသတ္တဝါအမျိုးအစားအားလုံးကိုရည်ညွှန်းထားခြင်းဖြစ်သည်။ သို့သော် လိုရမယ်ရ အရင်ဆုံးသူ့လက်ထဲရှိ သားရဲပေါက်လေးအားအရင်ကျွေးကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူ့ထံတွင် သွေးမျိုးရိုး‌ဆေးလုံး ၁၅၀၀တောင်ရှိပေရာ လုံလောက်တာထက်ပင်ပိုနေသေးသည်။

သူချက်ချင်းပင် ဆုလာဘ်အားလက်ခံလိုက်သည်။

ပဲစေ့အရွယ်အစားရှိသော သွေးမျိုးရိုးဆေးလုံးများမှာ သူ့ရှေ့ရှိလေဟာနယ်တွင်မျောလွင့်နေပြီး ပေါ်လာသောရုပ်ပိုင်းဆိုင်ရာခွက်ထဲတွင်လည်း ရေနှင့်တူသောအရည်များဖြင့်ပြည့်နေလေသည်။

ဂါး! ဂါး!

ကျားခြင်္သေ့သားရဲလေးမှာ သွေးမျိုးရိုးဆေးလုံး၏အရှိန်အဝါကိုခံစားမိပုံပေါ်ပြီး လှုပ်လှုပ်ရွရွဖြစ်လာလေသည်။

"ဒီကောင်လေးရဲ့နှာခေါင်းက ဒီလောက်တောင်အနံ့ခံကောင်းလား"

ကျိုးဟောင်မှာ ကျားခြင်္သေ့သားရဲလေး၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ အံ့ဩနေလေသည်။ ထို့နောက် သွေးမျိုးရိုးဆေးလုံးတစ်ခုကိုယူကာ သားရဲလေး၏ပါးစပ်ရှေ့သို့ထားပေးလိုက်လေည်။

ကျားခြင်္သေ့သားရဲလေးမှာ ပါးစပ်ဟကာ သွေးမျိုးရိုးဆေးလုံးအားမျိုချလိုက်လေသည်။

ဂါး! ဂါး!

ထို့နောက် ထိုသတ္တဝါလေးမှာ ထပ်မံပြီးအော်ဟစ်လာပြန်သည်။

"အစားကြီးလိုက်တဲ့ဟာလေး"

ကျိူဟောင်မှာ နောက်ထပ်လက်တစ်ဆုပ်အပြည့်ယူလိုက်သည်။

ထို့နောက် ကျိုးဟောင်မှာ ထိုကဲ့သို့လက်တစ်ဆုပ်စာပမာဏကို ၅ကြိမ်ဆက်တိုက်ထပ်ယူလိုက်ပြန်သည်။ သူယူထားသောသွေးမျိုးရိုးဆေးလုံးပမာဏမှာ အလုံး၁၀၀နီးပါးရှိနေပြီဖြစ်သည်။ ထို့နောက် ကျားခြင်္သေ့သားရဲလေးအား ထိုဆေးလုံးအားလုံးကို ကျွေးလိုက်လေသည်။ ထိုအခါမှသာ ကျိုးဟောင်လက်ထဲရှိ ကျားခြင်္သေ့သားရဲလေးမှာ ကျေနပ်သွားဟန်ဖြင့်ငြိမ်သက်သွားပြီး လုံးဝမလှုပ်တော့ပေ။

ထို့နောက် ကျန်ရှိနေသောသွေးမျိုးရိုးဆေးလုံးများနှင့် ရုပ်ပိုင်းဆိုင်ရာခွက်တို့အား သိမ်းဆည်းလိုက်ပြီး ကျားခြင်္သေ့သားရဲလေးအားကြည့်နေလေသည်။

အချိန်ကုန်လာသည်နှင့်အမျှ ကျားခြင်္သေ့သားရဲလေးမှာ ပျင်းရိစွာသန်းဝေနေသော်လည်း ၎င်း၏အငွေ့အသက်မှာ တဖြည်းဖြည်းတိုးလာကြောင်းကို ကျိုးဟောင်ခံစားမိလေသည်။

မူလက သားရဲပေါက်လေး၏အငွေ့အသက်မှာ အဆင့်နိမ့်မိစ္တာစစ်သူကြီးအဆင့်သာရှိသော်လည်း သွေးမျိုးရိုးဆေးလုံး အလုံး ၁၀၀စားပြီးနောက် ၎င်း၏အငွေ့အသက်မှာ နာရီဝက်အတွင်း အထွဋ်အထိပ်အဆင့် အဆင့်နိမ့်မိစ္ဆာစစ်သူကြီးအဆင့်သို့ ဆက်တိုးလာလေသည်။

ကျိုးဟောင်မှာ အငွေ့အသက်ပြောင်းလဲလာခြင်းကိုသာမက ထိုသတ္တဝါလေး၏အမွေးရောင်မှာပိုမိုတောက်ပလာကာ တောင်ပံရှိအဖြူရောင်အမွေးများမှာလည်းပိုမိုချွန်ထက်လာသည်ကို တွေ့လိုက်ရလေသည်။ ၎င်း၏နဖူးပေါ်တွင်လည်း မျဉ်းကြောင်းရေးရေးတစ်ကြောင်းပေါ်လာလေသည်။

"ဒီသွေးမျိုးရိုးဆေးလုံးက တကယ်အစွမ်းထက်တာပဲ...ငါရက်ပိုင်းလောက်ထပ်ကျွေးကြည့်ပြီး ဘယ်လိုနေမလဲဆိုတာကြည့်ရမယ်"

ကျိုးဟောင်မှာ တီးတိုးရေရွတ်လိုက်သည်။ သူသည်သွေးမျိုးရိုးဆေးလုံးများအား သုံးရမည်ကိုစိတ်ပူမနေပေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သွေးမျိုးရိုးဆေးလုံးများကိုပေးနေသရွေ့ ထိုအရာများအားသူဆက်တိုက်ယူနေလို့ရပေသည်။

....................................................................................

အခန်း (၁၅၂) ပြီးပါပြီ။

အခန်း (၁၅၃) :စမ်းသပ်ခြင်း

ကျိုးဟောင်မှာ ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးသွားရင်ကောင်းမယ်လို့ဆုံးဖြတ်လိုက်သည်။ပြီးနောက် သူ့ပုံရိပ်မှာချက်ချင်းပျောက်ကွယ်သွားလေသည်။

အချိန်ခဏအတွင်းမှာပင် ရှေ့တန်းခံတပ်ရှိ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ ဗီလာနံပါတ် ၁၀အားပြန်ရောက်လာလေသည်။

"ငါဒီကောင်လေးကို မဟူရာလိပ်နတ်ဘုရားချပ်ဝတ်ရဲ့သိုလှောင်ရေးအိတ်ထဲ ထည့်ထားလို့ရမလားမသိဘူး"

အိပ်ပျော်နေသော ကျားခြင်္သေ့သားရဲလေးကိုကြည့်ရင်း ကျိုးဟောင်မှာအတွေးတွင်နစ်မျောနေပြီး ထိုသတ္တဝါလေးအား မဟူရာလိပ်နတ်ဘုရားချပ်ဝတ်၏ သိုလှောင်ရေးအိတ်ထဲထည့်ရန် ကြိုးစားကြည့်လိုက်သည်။

ဝှစ်

ကျားခြင်္သေ့သားရဲလေးမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး မဟူရာလိပ်နတ်ဘုရားချပ်ဝတ်၏ သိုလှောင်ရေးအိတ်ထဲတွင်ပေါ်လာလေသည်။

ခ‌‌ဏလောက်စောင့်ကြည့်နေပြီးနောက် ကျားခြင်္သေ့သားရဲလေးအဆင်ပြေသည်ကိုမြင်ရသောအခါ ကျိုးဟောင်မှာ ပြုံးလိုက်လေသည်။

နောက်တစ်နေ့မနက်တွင်

ကျိုးဟောင်မှာအိပ်ရာထဲတွင်အိပ်ပျော်နေတုန်း တံခါးခေါက်သံတစ်ခုအားကြားလိုက်ရလေသည်။

"ဘယ်သူလဲ"

သူစောင်ပုံကိုဖက်ကာ မျက်လုံးပြန်မှိတ်လိုက်လေသည်။

"ကျိုးဟောင် ထပြီးမြန်မြန်လေ့ကျင့်တော့"

ရှုလင်မှာအော်ပြောလာပြီး တံခါးကိုပါအားပြင်းပြင်းဖြင့်ခေါက်လာလေသည်။

ကျိုးဟောင်မှာစိတ်ဆိုးစွာဖြင့်ပြန်ပြောလိုက်လေသည်။

"နင်တို့အရင်သွားလေ့ကျင့်ကြ ငါခဏနေရင်လာခဲ့မယ်"

ဘန်း

ဝရံတာမှ လျင်မြန်စွာဆင်းသက်လိုက်သောအသံတစ်ခုကိုကြားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် ကျိုးဟောင်၏နားမှာ နူးညံ့သောလက်ကလေးဖြင့် လိမ်ဆွဲခြင်းကိုခံလိုက်ရသည်။

"ရှုလင် နင်ဘာလုပ်နေတာလဲ"

စင်စစ် သူ့အားနားရွက်ဆွဲသည့်လူမှာ ရှူလင်မှန်း သူအစောကတည်းကသိပြီးသားပင်။

"နင်ဘာတွေပြောနေတာလဲ မြန်မြန်ထတော့ လေ့ကျင့်ရေးစခန်းကိုဝင်လာပြီးတော့ ရေသာခိုနေလို့မရဘူး"

ရှုလင်မှာ ကျိုးဟောင်အားစိုက်ကြည့်နေလေသည်။

"နင်မထရင် ငါကျန်းယိကိုခေါ်ပြီးအိပ်ရာပေါ် ရေဇလုံနဲ့လောင်းချခိုင်းလိုက်မယ်"

ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ အနာဂတ်တွင်မနက်တိုင်း သူအိပ်ရာထရမည့်ပုံစံကိုတွေးပြီး ကျိုးဟောင်မှာရှုလင်ဘေးခန်းတွင်နေဖို့ ပြောခဲ့မိသည်ကို နောင်တရလာသည်။

သူမျက်စိကိုပွတ်ပြီး ထထိုင်လိုက်သောအခါ အဝါဖျော့ရောင်အားကစားစွပ်ကျယ်နှင့် ဘောင်းဘီအရှည်အပွလေးဝတ်ထားသောရှုလင်အားတွေ့လိုက်ရလေရာ စကားတစ်ခွန်းအားအသံထွက်ပြောမိသွားလေသည်။

"ကြီးလိုက်တာ"

ဖြန်း!!

နားရွက်ဖျားများနီရဲသည်အထိ ရှက်သွားသောရှုလင်မှာ ကျိုးဟောင်၏ခေါင်းကိုပိတ်ရိုက်ကာ ဒေါသတကြီးပြောလာလေသည်။

"မြန်မြန်ထတော့ ငါအောက်ထပ်မှာစောင့်နေမယ် ကျန်းယိ၊ ယွမ်ချန်း၊ ယွင်ယန်နဲ့ တခြားသူတွေလည်း အားလုံးအောက်မှာစောင့်နေကြတယ် အကုန်လုံးနင့်ကိုအကြာကြီးစောင့်မနေရစေနဲ့"

စကားဆုံးသည်နှင့်ရှုလင်မှာ လှည့်ထွက်သွားကာ ဗီလာအပြင်သို့ ခုန်ထွက်သွားလေသည်။

ကျိုးဟောင်မှာရှုလင်စကားအားကြားသောအခါ အမြန်ထပြီးအဝတ်အစားလဲကာဗီလာအပြင်သို့ထွက်လာလေသည်။

"အားလုံး အိပ်ရာထတာအတော်လေးစောကြတာပဲ"

ကျိုးဟောင်မှာခေါင်းကုတ်ပြီး အနည်းငယ်ရှက်ရွံ့သလိုခံစားနေရလေသည်။

ယွမ်ချန်မှာပြုံးပြီး ကျိုးဟောင်အားပြောလာလေသည်။

"စားသောက်ဆောင်ကိုမသွားခင် ခဏလောက်လေ့ကျင့်ရေးကွင်းကိုသွားပြီးလေ့ကျင့်ရအောင် ဒီနေ့ငါတို့ရဲ့တာဝန်က လေ့ကျင့်ရေးစခန်းကအဆောက်အဦးတွေကို လေ့လာဖို့ပဲ"

မကြာမီပင် တစ်နေ့တာမှာကုန်ဆုံးသွားလေသည်။

ညနေပိုင်းတွင်

ကျိုးဟောင်နှင့်အခြားလူများမှာ ချွေးတလုံးလုံးနှင့် လေ့ကျင့်ရေးကွင်းမှပြန်လာကြလေသည်။

အားလုံး သက်ဆိုင်ရာဗီလာများသို့ပြန်ရောက်လာပြီးနောက် ရှုလင်မှာကျိုးဟောင်အား ကန်လိုက်လေသည်။

"ဘာလို့ကန်ပြန်တာလဲ"

ကျိုးဟောင်မှာ ကျေနပ်နေသည့်ပုံဖြင့်ဆိုဖာကိုမှီကာ အအေးအားသောက်ရင်းမေးလိုက်လေသည်။

ရှုလင်မှာနှာခေါင်းရှုံ့လိုက်သည်။

"ငါနင့်ကိုဘာလို့ကန်လဲ နင်ကောင်းကောင်းသိပါတယ် နင်လေ့ကျင့်ရေးကွင်းမှာ ဘယ်သူ့ကိုကြည့်နေလဲဆိုတာ ငါမသိဘူးလို့ထင်နေတာလား"

ကျိုးဟောင်မှာ အအေးသောက်နေရင်းသီးသွားလေသည်။

ရှုလင်မှာစိတ်ဆိုးစွာဖြင့်ပြောလိုက်လေသည်။

"ခုချိန်ကစပြီး နင်ငါ့တစ်ယောက်ကိုပဲကြည့်ရမယ်ကြားလား"

ထိုအခါ ကျိုးဟောင်မှမကြားတကြားပြောလိုက်လေသည်။

"ဒါပေမဲ့ ဒီမနက်တုန်းက နင်မှငါ့ကိုပေးမကြည့်တာ...."

ဖြန်း!!

ရှုလင်မှာ ကျိုးဟောင်၏ခေါင်းအား ထပ်ရိုက်လိုက်ပြန်သည်။

ထို့နောက်ရှက်ရွံ့နေသောအမူအရာဖြင့်ပြောလာလေသည်။

"နောက်ကို နင်စကားနားထောင်ရင် ကြည့်ခွင့်ပေးမယ်"

ကျိုးဟောင်၏မျက်လုံးများမှာ အရောင်တောက်သွားပြီး မေးလာလေသည်။

"တကယ်လား"

"ငါဘယ်တုန်းက နင့်ကိုလိမ်ဖူးလို့လဲ"

ရှုလင်မှပြန်မေးလိုက်သည်။

ကျိုးဟောင်၏သွားရည်ကျလုဆဲဆဲပုံစံကိုကြည့်ပြီးရှုလင်မှာ ရှက်ရွံ့သွားလေသည်။

"လျှောက်ပြီးစိတ်ကူးယဉ်မနေနဲ့ အဲဒါကိုပြောတာမဟုတ်ဘူး ငါနင့်ကိုကြည့်ခွင့်ပေးမယ်ပြောတာ တခြားတစ်ခု"

ကျိုးဟောင်တစ်ခုခုပြန်ပြောတော့မည့်အချိန်မှာပင် အောက်ထပ်မှကျန်းယိဆီမှအသံထွက်လာလေသည်။

"ရှုလင် ‌ဒုတာဝန်ခံကနင့်ကိုခေါ်နေတယ်"

"ငါဒုတာဝန်ခံဆီအရင်သွားလိုက်ဦးမယ်"

ရှုလင်မှာပြေးပေါက်ရသွားသလိုပင် ပြောရင်းအမြန်ထွက်သွားလေသည်။

ကျိုးဟောင်၏ပုံရိပ်မှာ ဖျက်ခနဲပျောက်ကွယ်သွားပြီး ခံတပ်အခြေစိုက်စခန်း၏အပြင်ဘက်သို့ ရောက်လာလေသည်။ သူနေ့လယ်ကဟန်ဖူ့ထံ ညနေရောက်မည့်အကြောင်း စာပို့ထားပြီးပြီဖြစ်သည်။

ထင်သည့်အတိုင်းပင်....

သူခံတပ်အခြေစိုက်စခန်း၏ အနောက်ပိုင်းစခန်းကိုရောက်သည့်အချိန်တွင် ဟန်ဖူ နှင့် စွမ်းအားကြီးအငွေ့အသက်အတူတူနီးပါးရှိသော အမျိုးသား၊ အမျိုးသမီးအနည်းငယ်တို့မှာ သူ့အားစောင့်နေကြလေသည်။

"စီနီယာကျိုး"

ကျိုးဟောင်အားမြင်သည့်အခါ ဟန်ဖူမှာစိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုလာလေသည်။

အခြားအမျိုးသားများနှင့် အမျိုးသမီးများမှာလည်း အလောတကြီးဖြင့် ရှေ့ကိုလျှောက်လာကြလေသည်။

"စီနီယာကျိုး"

သူတို့အားလုံးသည် ကျိုးဟောင်အားတလေးတစားဖြင့် နှုတ်ဆက်လာလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့ရှေ့ရှိပုဂ္ဂိုလ်မှာ လူသားမျိုးနွယ်၏ထိပ်ဆုံးတွင်ရပ်တည်နေသော အထွဋ်အထိပ် နဝမအဆင့်မူလပညာရှင်တစ်ယောက်ဖြစ်သည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။

"ကောင်းပြီ ဒီလောက်ယဉ်ကျေးနေဖို့မလိုပါဘူး ငါဒီကိုလာခဲ့ရတဲ့အဓိကအကြောင်းအရင်းက ရှုလင်ရဲ့အဆိပ်ကိုဖိနှိပ်ပေးဖို့ပဲ"

ဟန်ဖူမှာလျင်မြန်စွာပြောလိုက်သည်။

"ဒီအထိ ကိုယ်တိုင်ဆင်းလာပေးတာ ကျေးဇူးတင်ပါတယ်"

"ကိစ္စမရှိပါဘူး ဒီခရီးလောက်ကဘာမှမှမဟုတ်တာ သွားကြစို့ ငါ့ကိုအဆင့်မြင့်လေ့ကျင့်ရေးစခန်းကိုခေါ်သွားပေး"

ကျိုးဟောင်မှပြောလိုက်လေသည်။

ဟန်ဖူမှာ ချက်ချင်းဆိုသလိုပင် လက်ဆန့်ကာ ထွက်ခွာရန်အချက်ပြလိုက်ပြီးနောက် အခြားလေ့ကျင့်ရေးစခန်းမှ မူလအဆင့်ပညာရှင်သည် ၇ခုမြောက်လေ့ကျင့်ရေးစခန်းဆီသို့သွားရာနောက်ကိုလိုက်သွားလေသည်။

သိပ်မကြာမီပင် သူတို့အဖွဲ့မှာဒုတာဝန်ခံရှိနေသော တိတ်ဆိတ်သောအခန်းတွင်းသို့ရောက်လာလေသည်။

ရှစ်ကျီမှာမျက်လုံးများမှေးကာ ကျိုးဟောင်အားစိုက်ကြည့်နေလေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှကြောက်မက်ဖွယ်ရာဖိအားတစ်ခုကို ထုတ်လွှတ်လာလေသည်။

ကျိုးဟောင်မှာ ဒုတာဝန်ခံသည်သူ့အားစမ်းသပ်နေကြောင်းသိပေရာ အေးဆေးစွာပင်ရှေ့ကိုလျှောက်လာလေသည်။

မူလက သံသယဝင်နေသော ဝမ်မျိုးရိုးနှင့်အခြားမူလအဆင့်ပညာရှင်များမှာ ထိုမြင်ကွင်းအားမြင်သောအခါ ပြောင်းလဲသွားကြလေသည်။ ဒုတာဝန်ခံရှစ်၏ဖိအားကို လွယ်လင့်တကူခံနိုင်ရည်ရှိပုံအရ စီနီယာကျိုး၏စွမ်းအားမှာလည်း တကယ့်ကိုတွေးမရအောင်နက်နဲလှပေသည်။

....................................................................................

အခန်း (၁၅၃) ပြီးပါပြီ။

All Chapters