← Chapters

အခန်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အခန်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အခန်း (၁၅၄) : ပဟေဠိ

"စီနီယာကျိုး"

ထိုအခြင်းအရာကိုမြင်သည့်အခါ ဒုတာဝန်ခံရှစ်မှာလည်း သူ့ဖိအားကိုပြန်ရုပ်သိမ်းကာ လက်ဆန့်ထုတ်ရင်းနှုတ်ဆက်လာလေသည်။

ကျိုးဟောင်မှာ ရှစ်ကျီ၏လက်ကိုပြန်ဆွဲလိုက်ကာ မေးလိုက်သည်။

"အဲဒီရှုလင်ဆိုတဲ့ကလေးက ဘယ်မှာလဲ"

ဒုတာဝန်ခံရှစ်မှာပြုံးရင်းပြန်ဖြေလာလေသည်။

"စီနီယာကျိုးကတကယ်ဆုံးဖြတ်ချက်မြန်တာပဲ ရှူလင်ကဘေးအခန်းမှာပါ ပြီးမှအဆိပ်ကို ဘယ်လိုဖိနှိပ်ရမလဲဆိုတာ သရုပ်ပြပေးပါ့မယ်"

"သေချာတာပေါ့"

သူတို့နှစ်ယောက်မှာ အလျင်အမြန်ပင်ဘေးခန်းထဲကိုရောက်သွားပြီး အိပ်ရာပေါ်တွင်လှဲပြီး အေးစက်သောအငွေ့အသက်များထုတ်လွှတ်နေသည့်ရှုလင်အားတွေ့လိုက်ရလေသည်။

"ဒါက ရေခဲခြင်ဆီကျောက်စိမ်းကုတင်ပါ ဒီဟာကသူ့ခန္ဓာကိုယ်ထဲကသွေးအဆိပ်ကင်းခြေများရဲ့ အဆိပ်ပျံ့နှုန်းကို လျှော့ချပေးနိုင်တယ် သူဒီပေါ်မှာတစ်နေ့ကိုမှတစ်နာရီလောက်ပဲလှဲနိုင်တာ"

ဒုတာဝန်ခံရှစ်မှာရှင်းပြနေရင်း ကျောက်စိမ်းကုတင်၏ဘေးဘက်ကိုလျှောက်သွားကာ လက်မြှောက်ပြီး ရုတ်တရက်ရှုလင်၏ ခန္ဓာကိုယ်ပေါ်ကိုဖိချလိုက်လေသည်။

ဘုန်း

ဆဠမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်၏ အားကောင်းသောအငွေ့အသက်မှာ ကြယ်တစ်စင်းကဲ့သို့သောကျရောက်လာပြီး တိတ်ဆိတ်နေသောအခန်းတွင်းမှ ငြိမ်သက်မှုမှာ ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။

သို့သော် ရှစ်ကျီ၏ စွမ်းအားနှင့်အငွေ့အသက်ကိုထိန်းချုပ်ပုံမှာ လက်ရာမြောက်ကြောင်းကို ကျိုးဟောင်ခံစားမိလေသည်။

ထိုကဲ့သို့သောကြီးမားသောဖိအားက ရှုလင်အားလုံးဝမပျက်စီးစေပေ။ ထိုအစား ၎င်းသည်ရှုလင်၏ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထဲတွင်လှည့်ပတ်နေပြီး အဆိပ်ကိုဖိနှိပ်နေလေသည်။

ကျွိ!

အတွင်းမှ ကင်းခြေများ၏အသံထွက်ပေါ်လာလေသည်။

"ဒါ သွေးအဆိပ်ကင်းခြေများက ပြန်ပြီးခုခံနေတာ အမှောင်နတ်ဘုရားများအဖွဲ့ကသူ့ကိုယ်ထဲထည့်သွားတဲ့ သွေးအဆိပ်ကင်းခြေများက ဘုရင်အဆင့်အင်းဆက်သားရဲတစ်ကောင် ပြီးတော့အရမ်းအဆိပ်ပြင်းတယ် တကယ်လို့သူတို့သာဖြစ်ဖြစ်ချင်း ဖိအားပေးပြီးသွေးအဆိပ်ကင်းခြေများကိုထွက်အောင်လုပ်ခဲ့လို့မဟုတ်ရင် ဒီကောင်မလေးအခုချိန်ထိ မခံမှာစိုးရတယ်"

ရှစ်ကျီမှာပြောနေရင်း နဖူးတွင်ချွေးစများဖြင့်ပြည့်နေလေသည်။ သွေးအဆိပ်ကင်းခြေများ၏အဆိပ်အား ဖိနှိပ်ရခြင်းမှာသူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်မှာ သိသာပေသည်။

ခေတ္တကြာပြီးနောက် ရှစ်ကျီမှာသူ့လက်ဖဝါးအားပြန်ရုပ်လိုက်ပြီး မောပန်းစွာဖြင့်ဘေးရှိထိုင်ခုံတွင် ထိုင်ချလိုက်လေသည်။

"စီနီယာကျိုး နားလည်ရဲ့လား"

ကျိုးဟောင်မှာ ခေါင်းညိတ်ပြပြီးနောက်ရှုလင်ဆီလျှောက်သွားလိုက်သည်။

ထိုအချိန်တွင်ရှုလင်မှာနိုးနေပြီဖြစ်သည်။ သူမသည် ကျိုးဟောင်အားတွေ့သောအခါ အမြန်ပင်ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

ကျိုးဟောင်မှာအပြုံးနှင့်တုံ့ပြန်လိုက်သည်။

"ရပါတယ် စိတ်မပူနဲ့မင်းသက်သာသွားမှာပါ"

ပြောနေရင်း ကျိုးဟောင်မှာလက်မြောက်ပြီး ဖိချလိုက်လေသည်။

ပြင်းထန်သောအငွေ့အသက်တစ်ခုက ပျံ့နှံ့လာပြီး ရုတ်တရက်ရှုလင်၏သွေးကြောများထဲသို့ ဝင်ရောက်သွားသည်။ ရှေ့က ဒုတာဝန်ခံရှစ်၏သွေးကြောလှည့်ပတ်မှုအတိုင်း ကျိုးဟောင်မှာ ဂရုတစိုက်နှင့် သူ့အငွေ့အသက်ကိုထိန်းချုပ်ပြီး လျင်မြန်စွာချဉ်းကပ်သွားလိုက်သည်။

ကျွိ!

သွေးအဆိပ်ကင်းခြေများ၏အဆိပ်မှာ ကြီးမားသောကင်းမြီးကောက်သဏ္ဍာန်ဝေဝေဝါးဝါးပြောင်းသွားပြီး ကျိုးဟောင်၏အငွေ့အသက်ကိုရူးသွပ်စွာခုခံနေလေသည်။ သို့သော် ကျိုးဟောင်၏အငွေ့အသက်မှာ အလွန်ကိုကြီးစိုးနိုင်လေရာ လမ်းကြောင်းထဲတွင်ရှိသမျှအားလုံးအား တစ်စစီချေမွဖျက်ဆီးနေပြီး သွေးအဆိပ်ကင်းခြေများ၏အဆိပ်အား တဖြည်းဖြည်းလျော့ပါးလာစေလေသည်။

ဘေးမှရပ်ကြည့်နေသော ရှစ်ကျီမှာ မျက်လုံးပြူးနေလေသည်။ ဤစီနီယာကျိုးဆိုသော ပုဂ္ဂိုလ်၏စွမ်းအားမှာ သူတွေးထားသည်ထက်ပိုနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏အငွေ့အသက်မှာ တစ်ရှိန်ထိုးတိုးထွက်လာသည်။

၁၀စက္ကန့်ကျော်အတွင်း သွေးအဆိပ်ကင်းခြေများ၏အဆိပ်မှာ ရှုလင်၏လက်ရှိသွေးကြောထဲတွင် ဖိနှိပ်ခံလိုက်ရလေသည်။

ထိုအခြင်းအရာကိုကြည့်ပြီး ဒုတာဝန်ခံရှစ်မှာ အလျင်အမြန်ပြောလိုက်သည်။

"စီနီယာကျိုး ရပြီသူ့ကိုဆက်ပြီးဖိနှိပ်နေရင် သွေးအဆိပ်ကင်းခြေများရဲ့အဆိပ်က ပေါက်ကွဲထွက်သွားလိမ့်မယ်"

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာအလျင်အမြန်ပင်ရပ်တန့်လိုက်လေရာ သွေးအဆိပ်ကင်းခြေများ၏အဆိပ်မှာ ချက်ချင်းဆိုသလိုပင် လှုပ်ရှားမှုမရှိတော့ဘဲ ရှုလင်၏လက်မောင်းတွင် အမဲကွက်တစ်ခုဖြစ်ပေါ်လာလေသည်။

ထိုအခါမှသာ ရှစ်ကျီမှာပြုံးနိုင်တော့သည်။

"အရမ်းကောင်းတာပဲ ရလဒ်ကကျွန်တော်မျှော်လင့်ထားတာထက်တောင်အများကြီးပိုကောင်းသေးတယ် ရှုလင် မင်းအခုစိတ်ချနေလို့ရပြီ သွေးအဆိပ်ကင်းခြေများရဲ့အဆိပ်ကလှုပ်ရှားမှုမရှိတော့တဲ့အခြေအနေကိုရောက်သွားတာနဲ့ သူ့လိုမျိုးတူတဲ့အဆိပ်ကသွားမဆွသရွေ့ အဆိပ်ထပ်ထွက်လာတော့မှာမဟုတ်ဘူး"

ထိုစကားအားကြားသောအခါ ရှုလင်မှာစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။

"ဒုတာဝန်ခံ ဒါဆိုအဓိပ္ပာယ်က ကျွန်မ....ကျွန်မအဆင်ပြေသွားပြီလား"

ရှစ်ကျီမှာခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုပြောလို့ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်သွေးအဆိပ်ကင်းခြေများဆိုတာက အရမ်းရှားတယ် မင်းနောက်ထပ်တစ်ကောင်နဲ့တွေ့နိုင်ချေက အရမ်းနည်းတယ် သွေးအဆိပ်ကင်းခြေများဆိုတာမျိုးက ပုံမှန်ဆို ဘယ်တော့မှမပျက်စီးသွားဘူးလို့ပြောလို့ရတယ်"

"ကျေးဇူးတင်ပါတယ် ဒုတာဝန်ခံ ကျေးဇူးတင်ပါတယ် စီနီယာကျိုး"

ရှုလင်မှာ ဝမ်းသာမျက်ရည်ကျကာ မတ်တတ်ရပ်ပြီး ခါးညွှတ်ကာ ကျေးဇူးတင်စကားဆိုလာလေသည်။

"ဒီရေခဲခြင်ဆီကျောက်စိမ်းကုတင်က မင်းခန္ဓာကိုယ်အတွက်အကျိုးထူးတယ် ဒီကုတင်မှာပဲဆက်လှဲနေလိုက် နောက်ကိုနေ့တိုင်း ဒီအခန်းထဲလာပြီးတစ်နာရီလောက်လာလာလှဲ"

ရှစ်ကျီမှသတိပေးလိုက်သည်။

ရှုလင်မှာထိုစကားအားကြားသောအခါ အလျင်အမြန်ပင် ကုတင်ပေါ်ပြန်လှဲလိုက်လေသည်။

ကျိုးဟောင်မှာရှစ်ကျီကိုကြည့်ကြီး မလေးစားဘဲမနေနိုင်ပေ။ ယခုလိုမူလအဆင့်ပညာရှင်တစ်ယောက်က ဆရာသခင်အဆင့်ကျောင်းသားတစ်ယောက်၏လုံခြုံရေးအတွက် စဉ်းစားပေးသည်မှာ အတော်လေးချီးကျူးစရာကောင်းလှပေသည်။

သူတို့နှစ်ယောက်အခန်းထဲမှထွက်လာပြီးနောက် ရှစ်ကျီမှာသက်ပြင်းချပြီးပြောလိုက်လေသည်။

"စီနီယာကျိုး ကမ္ဘာပေါ်ကလူသားတွေနဲ့မျိုးနွယ်ခြားတွေကြားက လက်ရှိစစ်ပွဲအခြေအနေက အကောင်းကြီးမဟုတ်ဘူး စီနီယာလိုပညာရှင်မျိုးဆိုတာ ဖီးနစ်အမွေးတို့ ချီလင်ချိုတို့လိုရှားပါတယ် အဲဒါကြောင့် စီနီယာခံတပ်အခြေစိုက်စခန်းမှာ နေပေးဖို့မျှော်လင့်ပါတယ်"

ကျိုးဟောင်မှာ ပဟေဠိဖြစ်သွားကာ ခေတ္တလောက်တွေဝေနေပြီးနောက် မေးလိုက်လေသည်။

"ဒုတာဝန်ခံရှစ် ပွင့်ပွင့်လင်းလင်းပြောရရင် ငါကရုတ်တရက်ထိုးထွင်းသိမြင်နိုင်စွမ်းတွေရပြီး ငါ့အစွမ်းတွေကသိသိသာသာတိုးလာတာ အဲဒါကြောင့် လူသားမျိုးနွယ်ရဲ့ထိပ်တန်း မူလအဆင့်ပညာရှင်တွေအကြောင်း ငါသိပ်မသိဘူး ဒါပေမဲ့ ကပ်ဆိုးကြီးဖြစ်ပြီးနောက်ပိုင်း နှစ်၁၀၀ကျော်မှာ ကမ္ဘာကြီးပေါ်မှာ ငါတို့လူသားတွေက ထိပ်တန်းမူလအဆင့်ပညာရှင်တွေအများကြီးရှိနေရမှာ ဘယ်လိုလုပ်ပြီး..."

"တကယ်တော့ အထွတ်အထိပ်မူလအဆင့်ပညာရှင်တွေအများကြီးရှိခဲ့ပါတယ်"

ရှစ်ကျီမှကြားဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့ ကမ္ဘာပေါ်မှာအရေအတွက်နည်းနည်းလေးပဲကျန်တော့တယ်"

ကျိုးဟောင်မှာမှင်တက်သွားလေသည်။

"ဒုတာဝန်ခံရှစ် ဘာဖြစ်လို့လဲ မျိုးနွယ်ခြားတွေရဲ့ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ အဲဒီအထွတ်အထိပ်မူလအဆင့်ပညာရှင်တွေ ကမ္ဘာပေါ်မှာမနေဘူးဆိုရင် သူတို့ကဘယ်တွေရောက်သွားကြတာလဲ"

....................................................................................

အခန်း (၁၅၄) ပြီးပါပြီ။

အခန်း (၁၅၅) : အကူအညီအတွက်အရေးပေါ်တောင်းဆိုချက်

ရှစ်ကျီမှာသက်ပြင်းချလိုက်လေသည်။

"သူတို့က ချိုင့်ဝှမ်းအက်ကွဲကြောင်းတွေထဲဝင်သွားကြတာ"

"ချိုင့်ဝှမ်းအက်ကွဲကြောင်းတွေထဲဝင်သွားကြတာလား"

ကျိုးဟောင်မှာမျက်လုံးပြူးသွားကာ တွေဝေစွာဖြင့်မေးလိုက်လေသည်။

"ချိုင့်ဝှမ်းအက်ကွဲကြောင်းက အတော်လေးအန္တရာယ်များတယ် ကပ်ဆိုးကြီးရဲ့ရွှေခေတ်ကာလအတွင်းမှာဆိုရင် မူလအဆင့်ကိုချိုးဖောက်ပြီး ပြိုင်ဘက်ကင်းအဆင့်ရောက်နေတဲ့ပညာရှင်တွေတောင် အဲဒီထဲမှာသေသွားကြတယ်လို့ပြောကြတယ် အထွတ်အထိပ်မူလအဆင့်ပညာရှင်တွေ အဲဒီထဲဝင်သွားရင် သေမှာပဲမဟုတ်ဘူးလား"

ရှစ်ကျီကရှင်းပြတော့မည်အချိန်မှာပင် မူလအဆင့်ပညာရှင်တစ်ယောက်မှာ ကောင်းကင်မှလျင်မြန်စွာဆင်းသက်လာလေသည်။

"စီနီယာရှစ် အဆင့်မြင့်အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်နဲ့ အထွဋ်အထိပ်အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၁ကောင် မျိုးနွယ်ခြားစစ်မြေပြင်မှာပေါ်လာပါတယ် မူလအဆင့်ကောင်စီက အရေးပေါ်အချက်ပြဆစ်ဂနယ်တစ်ခု ထုတ်လွှင့်ထားပါတယ်"

မူလအဆင့်ပညာရှင်၏ မျက်နှာမှာစိုးရိမ်မှုတို့ဖြင့်ပြည့်နေသည်။

ရှစ်ကျီမှာထိုစကားအားကြားသောအခါ မေးလိုက်သည်။

"ဘာ အထွတ်အထိပ်အရှင်သခင်အဆင့်"

"ဟုတ်ပါတယ် မျိုးနွယ်ခြားစစ်မြေပြင်က ပညာရှင်တွေအန္တရာယ်ရှိနေပါတယ် ကျေးဇူးပြုပြီး ချက်ချင်းသွားပေးပါ"

စကားဆုံးသည်နှင့် မူလအဆင့်ပညာရှင်မှာ လှည့်ထွက်သွားပြီး ကောင်းကင်သို့ပျံတက်သွားလေသည်။

ဘေးမှကျိုးဟောင်မှာ စိတ်ပူစွာပြောလိုက်သည်။

"ဒုတာဝန်ခံရှစ် ငါပါလိုက်မယ်"

ရှစ်ကျီမှာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ"

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်မှာ လေ့ကျင့်ရေးစခန်းမှဟန်ဖူနှင့် အခြားမူလအဆင့်နည်းပြများကို ခေါ်ကာမျိုးနွယ်ခြားစစ်မြေပြင်သို့ ထွက်သွားလေတော့သည်။

မျိုးနွယ်ခြားစစ်မြေပြင်ဟုခေါ်ဆိုသောနေရာမှာ တကယ်တမ်းတွင် ခံတပ်၏တောင်ဘက်ဂိတ်နှင့် မီတာ ၁သောင်းကွာဝေးလေသည်။

ထိုနေရာတွင် သံမဏိခံတပ်ပေါင်းများစွာကိုတည်ဆောက်ထားပြီး စစ်သားအများအပြားမှာ သံမဏိခံတပ်များကိုအားထားပြီး မိစ္ဆာသားရဲအုပ်၏ တစ်သုတ်ပြီးတစ်သုတ် ရူးသွပ်စွာတိုက်ခိုက်မှုကို ခုခံနေကြသည်။

အခြားအခြေစိုက်စခန်းများနှင့် မတူသည်မှာ မျိုးနွယ်ခြားစစ်မြေပြင်မှာ နေ့စဉ်မိစ္ဆာသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုများမှာ နေ့စဉ်ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်ခြားစစ်မြေပြင်အား အသားကြိတ်စက်စစ်မြေပြင်ဟုလည်း လူသိများကြလေသည်။

ကျိုးဟောင်၊ ရှစ်ကျီ၊ ဟန်ဖူနှင့် အခြားမူလအဆင့်ပညာရှင်များ အလောတကြီးရောက်သွားသောအခါ သံမဏိခံတပ် ၁၀ခုကျော်နီးပါး ပျက်စီးနေပြီဖြစ်ပြီး စစ်သားတစ်သောင်းကျော်မှာလည်း မိစ္ဆာသားရဲအုပ်၏အပိုင်းပိုင်းအစစဆုတ်ဖြဲခြင်းကိုခံရပြီး သွေးများမှာမြစ်ကဲ့သို့ စီးဆင်းနေလေသည်။

ဂါး! ဂါး!

မိစ္ဆာသားရဲအုပ်မျာ၏နောက်တွင် အရှင်သခင်အဆင့်မိစ္ဆာသားရဲအုပ်ရှိနေလေသည်။ ထိုသတ္တဝါများကြားထဲတွင် အရွယ်အစားအားဖြင့် မီတာ ၃ထောင်ကျော်သော မိစ္ဆာသားရဲ ၄ကောင်ပါပေသည်။ ၎င်းတို့မှာ ကြီးမားသောတောင်ကြီးများပမာ လူသားတို့အားကြောက်ရွံ့စေပေသည်။

"စီနီယာရှစ် လာပြီ"

"လောင်ရှစ် ခင်ဗျားနောက်ဆုံးတော့ရောက်လာပြီ ခင်ဗျားနေ့တိုင်းလေ့ကျင့်ရေးစခန်းထဲမှာပဲအောင်းပြီး ဘာလုပ်နေတာလဲ"

သံမဏိခံတပ်၏ ခေါင်မိုးပေါ်တွင် မူလအဆင့်ပညာရှင် ၁၀ယောက်ကျော်စုဝေးနေကြပြီး ကျိုးဟောင်နှင့်အခြားသူများရောက်လာသည်ကိုမြင်သောအခါ အားလုံးမှာအော်ပြောလာကြလေသည်။

ရှစ်ကျီမှာ အလျင်အမြန်ပင်မိတ်ဆက်ပေးလိုက်သည်။

"ဒါက ဟွာတုန်းမြို့ကစီနီယာကျိုး သူ့ရဲ့စွမ်းအားက ထိပ်ဆုံးမူလအဆင့်ကိုရောက်နေပြီ"

"ဘာ အထွဋ်အထိပ်မူလအဆင့်ပညာရှင်တဲ့လား"

"လောင်ရှစ် နောက်မယ်ဆိုလည်းအခြေအနေလေးကြည့်ပါဦး အထွတ်အထိပ်အဆင့်မူလပညာရှင် တွေအားလုံးက အစောကတည်းကချိုင့်ဝှမ်းအက်ကွဲကြောင်းထဲ ဝင်သွားကြပြီလေ"

"ဟုတ်တယ် စီနီယာရှစ် ဒီလိုအခြေအနေမျိုးမှာ နောက်မနေနဲ့"

အခြားမူလအဆင့်ပညာရှင်များမှာ ခေါင်းသာယမ်းနေကြလေသည်။

အထွဋ်အထိပ်မူလအဆင့်ကိုရောက်သော ပညာရှင်များသည်ကမ္ဘာကြီးပေါ်တွင်မနေမှန်း သူတို့သိပေသည်။

ဂါး!

ထိုအချိန်တွင် ကျယ်လောင်သောအော်ဟစ်သံကြီးမှာ ကောင်းကင်ကိုခွင်းလို့ထွက်ပေါ်လာလေသည်။

အရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် မိစ္ဆာသားရဲအုပ်ထဲဝင်ရောက်တိုက်ခိုက်လာကြသည်။

"မကောင်းတော့ဘူး ဒီကောင်တွေမစောင့်နိုင်တော့ဘူး အားလုံးတိုက်ပွဲအတွက်ပြင်ဆင်ကြတော့"

အဠမအဆင့် မူလပညာရှင် လိန်ဟူမှ ကြုံးဝါးလိုက်သည်။

ဝှစ်! ဝှစ်! ဝှစ်!

မူလအဆင့်ပညာရှင်အားလုံးမှာ တစ်ချိန်တည်းမှာပင် ချပ်ဝတ်များနှင့်မျက်နှာဖုံးများကို အသက်သွင်းလိုက်ကြသည်။

လိန်ဟူ၏ခက်ထန်သောအသံထွက်ပေါ်လာလေသည်။

"ရေဒါစက်မှာပြတာတော့ အဓိကကျတဲ့ အရှင်သခင်အဆင့် မိစ္ဆာသားရဲစုစုပေါင်း ၇၂ကောင်ရှိတယ် အဲဒီကြားထဲမှာ အဆင့်နိမ့်အရှင်သခင်အဆင့်က ၅၂ကောင်၊ အလယ်အလတ်အရှင်သခင်အဆင့် ၁၆ကောင်၊ အဆင့်မြင့်အရှင်သခင်အဆင့် ၃ကောင်နဲ့ အထွဋ်အထိပ်အရှင်သခင်အဆင့် ၁ကောင်ပါတယ်"

"ငါ အထွဋ်အထိပ်အရှင်သခင်အဆင့် မိစ္ဆာသားရဲဖြစ်တဲ့ မိုးကြိုးမုန်တိုင်းဝက်ဝံဘီလူးဘုရင်ကို ထိန်းထားလိုက်မယ် လောင်ရှစ်၊ လောင်ကျဲ့၊ လောင်ရှားက တခြား အဆင့်မြင့်အရှင်သခင်အဆင့် မိစ္ဆာသားရဲ ၃ကောင်ကိုထိန်းဖို့တာဝန်ယူ.....ကျန်တဲ့မိစ္ဆာ‌အရှင်သခင်တွေကို ကျန်တဲ့မူလအဆင့်ပညာရှင်တွေနဲ့လွှဲထားလိုက် မင်းတို့တွေဒါကိုတတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းရမယ် မဟုတ်ရင် လောင်လျိုနဲ့တခြားလူတွေ အကြာကြီးတောင့်ခံနိုင်မှာမဟုတ်ဘူး"

မူလအဆင့်ပညာရှင်များမှာ အလျင်အမြန်ပင်တုံ့ပြန်လာကြလေသည်။

"နားလည်ပါပြီ"

"သတ်ကြ"

ဝှစ်! ဝှစ်! ဝှစ်!

သတ်ဖြတ်ရန်အော်ဟစ်သံထွက်လာသည်နှင့် မူလအဆင့်ပညာရှင်များမှာ သားရဲအုပ်ဆီ အကြောက်တရားမရှိပြေးဝင်သွားကြလေသည်။

မူလအဆင့်ပညာရှင်တစ်ယောက်စီမှာ နျူကလီးယားဗုံးများပ‌မာပင်။ သူတို့သားရဲအုပ်ထဲဝင်သွားသည်နှင့် တိုက်ခိုက်မှုအနည်းငယ်နှင့်ပင် မိစ္ဆာပမာဏအများအပြားကိုရှင်းထုတ်ပစ်လိုက်လေရာ သံမဏိခံတပ်လိုင်းမှ စစ်သားများနှင့် သိုင်းပညာရှင်များ၏ဖိအားကိုအတော်လေး လျော့သွားစေလေသည်။

ဂါး! ဂါး!

မကြာမီ သားရဲအုပ်စု၏တိုက်ခိုက်မှုထဲတွင် ပါဝင်လာသောအရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ မူလအဆင့်ပညာရှင်များကို သတိထားမိသွားလေသည်။ ထိုသတ္တဝါများမှာ အော်ဟစ်လာပြီး မူလအဆင့်ပညာရှင်များထံပြေးဝင်လာကြသည်။

မူလအဆင့်ပညာရှင်အရေအတွက်မှာ အတော်လေးနည်းပါးပေသည်။ ကျိုးဟောင်အပါအဝင် စုစုပေါင်းမူလအဆင့်ပညာရှင် ၅၆ယောက်သာရှိသည်။ အဠမမြောက်မူလအဆင့်ပညာရှင် လိန်ဟူနှင့် ဆဠမမြောက်မူလအဆင့်ပညာရှင် ရှစ်ကျီတို့မှလွဲ၍ ကျန်ရှိသော ဆဠမမြောက် မူလအဆင့်အောက်ပညာရှင်၅၂ယောက် မှာ အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၆၈ကောင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သူတို့အပေါ်ရှိနေသောဖိအားကို စိတ်ကူးကြည့်လို့ရပေသည်။

ဘုန်း! ဘုန်း! ဘုန်း!

မူလအဆင့်ပညာရှင်များမှာ အလျင်အမြန်ပင် အရှင်သခင်အဆင့်မိစ္ဆာသားရဲများနှင့် စတင်တိုက်ခိုက်ကြလေတော့သည်။ ထိုတိုက်ပွဲများ၏နောက်ဆက်တွဲအကျိုးသက်ရောက်မှုမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းပြီး ဘေးပတ်ဝန်းကျင်ရှိမိစ္ဆာသားရဲများထံ မုန်တိုင်းတစ်ခုပမာပျံ့နှံ့သွားလေသည်။

သံမဏိခံတပ်လိုင်းရှိစစ်သားများအတွက် ဖိအားမှာချက်ချင်းဆိုသလိုပင်လျော့ကျသွားသော်လည်း သူတို့၏အမူအရာများမှာလေးနက်နေလေသည်။

အကြောင်းပြချက်မှာ မူလအဆင့်ပညာရှင်များနှင့် အရှင်သခင်အဆင့်မိစ္ဆာသားရဲများကြားမှတိုက်ပွဲကသာ စစ်ပွဲရလဒ်ကိုဆုံးဖြတ်ပေးနိုင်သော အဓိကသော့ချက်ဖြစ်မှန်း အားလုံးသိကြလို့ဖြစ်သည်။

မူလအဆင့်ပညာရှင်များ ရှုံးနိမ့်သွားသည်နှင့် သံမဏိခံတပ်လိုင်းသာမက ခံတပ်တစ်ခုလုံးပြိုလဲသွားမည်ဖြစ်သည်။

..............................................................................

အခန်း (၁၅၅) ပြီးပါပြီ။

အခန်း (၁၅၆) : မူလအဆင့်ပညာရှင်

ကျိုးဟောင်သည် သူ့ဆီပြေး၀င်လာနေသော အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင်အားကြည်နေလေသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နတ်ဘုရားအဆင့်ဓားသိုင်းဖြစ်သော " ကောင်းကင်ခွဲနတ်ဘုရားသိုင်း" အား ထုတ်သုံးလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကရတဲ့ အတွေ့အကြုံအရ သူသည် ကံကြမ္မာအမှတ်များ များများစုဆောင်းရန်လိုအပ်နေပြီး ယခုသူ့ရှေ့တွင်ရှိနေသော မျိုးနွယ်ခြားများနှင့် တိုက်ပွဲက သူ့အတွက် အကောင်းဆုံးအခွင့်အလမ်းတခုဖြစ်နေလေသည်။

ရွှီးး....

ကမ္ဘာမြေကြီးကိုပါ လှုပ်ခါနိုင်စွမ်းရှိသော ဓားအလင်းတန်းကြီးတခုသည် ရေတံခွန်ကဲ့သို့ အရှိန်ဖြင့် အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင်အားဖုံးလွှမ်းသွားလေသည်။

မီတာထောင်နဲ့ချီကြီးမားသော နတ်ဆိုး အရှင်သခင်ကြီး အရုပ်ကြိုးပြတ်လဲကျသေဆုံးသွား လေသည်။ထို့အပြင် ထိုနတ်ဆိုးဘုရင်အလောင်းကြီးလဲကျသည့်အရှိန်ကြောင့် မြေကြီး နှင့်ကျောက်စိုင်ခဲများ မြောက်တက်သည်ယုံသာမက အနီးအနားရှိနတ်ဆိုးစစ်သူကြီးများပါ ပိသေကုန်ကြလေသည်။

"ကံကြမ္မာ အမှတ် : ၇သိန်း"

ကံကြမ္မာအမှတ်များအား အာရုံစိုက်ကြည့်နေသော ကျိုးဟောင်သည် အမှတ်၇သိန်းကျော် ရရှိသည်ကိုတွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားလေသည်။

နတ်ဆိုးအရှင်သခင်များအား သတ်ခြင်းအားဖြင့် ကံကြမ္မာအမှတ်များ အများအပြားစုဆောင်းနိုင်မည်မှာ သေချာလေသည်။

"ဆက်လုပ်တာပေါ့"

ကျိုးဟောင်သည် သေမင်းတပါးကဲ့သို့ သူ့ဓားကိုဝှေ့ယမ်းနေခဲ့ပြီး အချိန်ဆယ်စက္ကန့်အတွင်း၌ပင် နောက်ထပ် နတ်ဆိုးအရှင်သခင်တကောင်အား သတ်နိုင်ခဲ့လေသည်။

နောက်ထပ် အချိန် ၂ မိနစ် ၃ မိနစ် အတွင်း၌ပင် စစ်ပွဲအတွင်းရှိ မျိုးနွယ်ခြား နတ်ဆိုး အရှင်သခင် ၁၅ကောင် လောက်ပျောက်ကွယ်သွားလေသည်။

တိုက်ပွဲအတွင်း တခြား နတ်ဆိုးအရှင်သခင်များနှင့် တိုက်ခိုက်နေသော အခြား မူလအဆင့် ကျွမ်းကျင်သူများမှာ တိုက်ပွဲအခြေအနေပြောင်းလဲသွားသည်ကိုသတိမထားမိကြသော်လည်း စတီးအကာအကွယ်လိုင်းနောက်တွင် ရှိနေသော စစ်သားများနှင့် သိုင်းပညာရှင်များကတော့ သတိထားမိလိုက်ကြလေသည်။

"အဲ့ဒါ ဘယ်မူလအဆင့်ကျွမ်းကျင်သူပါလိမ့် အရမ်းရဲစွမ်းသတ္တိရှိတာပဲ"

"သူက နတ်ဆိုးအရှင်သခင်တွေကို ကြက်ကလေးတွေသတ်သလိုကို သတ်နေတာပဲ"

"မူလအဆင့်ကျွမ်းကျင်ပညာရှင်ဆိုတာအဲ့လိုဖြစ်နေရမှာကွ။ နတ်ဆိုး အရှင်သခင်တွေဆိုတာ သူ့ရှေ့ရောက်ရင် ပုရွက်ဆိတ်သာသာဖြစ်နေရမှာ"

"ငါရေကြည့်နေခဲ့တာ ၃မိနစ်အတွင်း သူ့ဓားချက်အောက်မှာ နတ်ဆိုးအရှင်သခင် ၁၀ ကောင်ကျော်လောက်သေဆုံးသွားခဲ့ပြီ"

"ငါတို့ခံတပ်တော့ လုံခြုံသွားပြီဟေ့"

"အပြောမစောနဲ့ဦး။ တိုက်ပွဲအခြေအနေက စီနီယာ လိန် နဲ့ အဆင့်မြင့် နတ်ဆိုးအရှင်သခင်တို့တိုက်ပွဲအပေါ်မူတည်နေသေးတယ်"

များစွာသော စစ်သားများ နှင့်သိုင်းပညာရှင်များက ဆေးနွေးနေကြလေသည်။

ဝှစ် ဝှစ် ဝှစ်....

တိုက်ပွဲအတွင်းတွင် များစွာသော နတ်ဆိုးအရှင်သခင်များ ဆက်တိုက် လဲကျသေဆုံးနေလေသည်။

"ကံကြမ္မာအမှတ် : ၆၃၀,၀၀ဝ"

"ကံကြမ္မာအမှတ် : ၅၇၀,၀၀၀"

ကျိုးဟောင်မှာ ဆက်တိုက်တိုးလာနေသော ကံကြမ္မာ အမှတ်များကို ကြည့်ရင်း အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။ အမှတ်တသန်း တိုးလာတိုင်း တိုက်ရိုက်ထုတ်လွှင့်အခန်းထဲတွင် နံပါတ်များ အတက်အကျ ကိုမြင်လိုက်သည့် မိနစ်အပိုများရရှိမည့် အဓိပ္ပာယ်ဖြစ်လေသည်။

"သတ်.. သတ်"

ကျိုးဟောင်သည် ချက်ချင်းပင် အခြား မူလအဆင့် ကျွမ်းကျင်သူများ နှင့် တိုက်ခိုက်နေသော နတ်ဆိုးအရှင်သခင်များကို ပစ်မှတ်ထားလိုက်လေသည်။

ရွှစ်...

သူသည် အရှိန်ဖြင့် မီတာ ၁ထောင်ကျော်ကို ဖြတ်သန်းသွားလိုက်ပြီး ကျားကဲ့သို့ ပုံဏ္ဌာန်ရှိသော နတ်ဆိုးအရှင်သခင်ရှေ့သို့ရောက်သွားကာ ဓားဖြင့်ပိုင်းချလိုက်လေသည်။

ဓားအလင်းတန်းတခုထွက်သွားပြီး ထိုနတ်ဆိုး အရှင်သခင်ကြီးအား ခေါင်းဖြတ်ချလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ညီနောင်"

ထိုနတ်ဆိုးကြီး၏တိုက်ခိုက်ချက်များကို ရှောင်ရှားနေသော မူလအဆင့် ကျွမ်းကျင်သူတယောက်ကလည်းအလျင်အမြန်ပင်ပြောလိုက်လေသည်။

"ရပါတယ်"

ကျိုးဟောင်လည်းပြန်ပြောလိုက်ပြီး အခြား နတ်ဆိုးအရှင်သခင်များအား သတ်ရန်ထွက်သွားလေသည်။

ထိုမူလအဆင့် ကျွမ်းကျင်သူလည်း စိတ်သက်သာရာရသွားပြီး နောက်ထပ် နတ်ဆိုးအရှင်သခင်များကို တိုက်ရန် ကြည့်လိုက်သောအခါ လဲကျသေဆုံးနေသော နတ်ဆိုးအရှင်သခင် ၁၀ကောင်ကျော်အားမြင်ပြီး အံ့ဩမှင်တက်သွားလေသည်။

"ဘာ..ဘာတွေဖြစ်သွားတာလဲ"

သူမှင်တက်နေသည့်အခိုက်အတန့်မှာပဲ အနီရောင်ချပ်၀တ်နှင့် မူလအဆင့်ကျွမ်းကျင်သူက နောက်ထပ် နတ်ဆိုးအရှင်သခင် တကောင်ကို မျက်တောင်တခတ်အတွင်း ထပ်သတ်သွားသည်ကို မြင်လိုက်ရလေသည်။

"လခွမ်း ...ဒီအလောင်းတွေအကုန်လုံးကို သူ...သူတယောက်ထဲ သတ်ခဲ့တာလား"

သူ့၏အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး သေချာစူးစိုက်ကြည့်နေလေသည်။

ကျိူးဟောင်၏ တနေရာမှ တနေရာသို့ ရွေ့လျားနေခြင်းမှာ အလွန်မြန်ဆန်လှသည်။ ကီလိုမီတာများစွာကျယ်သော တိုက်ပွဲမြေပြင်ထဲတွင် သူ ဆက်တိုက် ရိပ်ခနဲ ရိပ်ခနဲ ရွေ့လျားနေခဲ့ပြီး သူပေါ်လာတိုင်း ဓားအလင်းတန်းတခုထွက်ပေါ်နေလေသည်။

၇မိနစ်၊ ၈မိနစ်အတွင်းပင် တိုက်ပွဲမြေပြင်၌ နတ်ဆိုးအရှင်သခင် အကောင် ၂၀ကျော်လောက်သာ ကျန်ရစ်တော့လေသည်။

မူလအဆင့် ကျွမ်းကျင်သူ အယောက် ၃၀ကျော်မှာ ရုတ်တရက် တိုက်ခိုက်စရာ ရန်သူ မရှိဖြစ်သွားလေသည်။ သူတို့သည် အနီရောင်ချပ်၀တ်ဖြင့် နတ်ဆိုးအရှင်သခင်များအား ဆက်တိုက်သတ်ဖြတ်နေသော အသွင်အပြင်ကိုမြင်လိုက်ပြီး တယောက်မျက်နှာ တယောက် ထိတ်လန့်စွာကြည့်မိလိုက်ကြသည်။

"ဒါက ငါတို့တွေ နတ်ဆိုးအရှင်သခင်တွေနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အမြန်ဆုံးတိုက်ပွဲပဲ"

"ဟုတ်တယ်။ အဲ့ မူလအဆင့်ကျွမ်းကျင်သူကဘယ်သူလဲ။ သူက နတ်ဆိုးအရှင်သခင်တွေကိုတောင် လျင်မြန်စွာသတ်နေနိုင်တယ်။ ငါတို့အတွက် အဆင့်နိမ့် နတ်ဆိုး အရှင်သခင်တကောင်ကိုသတ်နိုင်ဖို့ နာရီ၀က် တနာရီလောက်အချိန်ယူရတာ"

"ငါခုမှပဲ မှတ်မိတယ်။ အဲ့တာ စီနီယာရှစ် မိတ်ဆက်ပေးဖူးတဲ့ န၀မအဆင့် မူလကျွမ်းကျင်သူ စီနီယာကျိုးဆိုတဲ့လူပဲ"

"ဟမ် စီနီယာကျိုးက တကယ်ကြီး န၀မအဆင့် မူလပညာရှင်လား"

"သူက နဝမအဆင့် မူလပညာရှင်ဆိုတာတကယ်ဖြစ်မယ်။ မဟုတ်ရင် နတ်ဆိုး အရှင်သခင်တွေကို အချိန်နည်းနည်းလေးနဲ့ ဒီလောက်အမြန်သတ်နိုင်မှာမဟုတ်ဘူး"

ဘာမှ လုပ်စရာမကျန်သော မူလအဆင့်ကျွမ်းကျင်သူများကဆွေးနွေးရင်း စိတ်လှုပ်ရှားလာကြသည်။

အထွဋ်အထိပ် န၀မအဆင့် မူလပညာရှင်တယောက်.....

ထိုအရာမှာ လူသားမျိုးနွယ်တို့၏ ထိပ်ဆုံးတွင်ရှိသော အလွန်တရာစွမ်းအားကြီးသူဖြစ်လေသည်။

ရှေ့တန်း အခြေစိုက်ခံတပ်တွင် ထိုကဲ့သို့ လူမျိုးရှိနေပါက အနာဂတ်တွင် သူတို့အတွက် ပိုမိုလွယ်ကူလာနိုင်ခြေရှိလေသည်။ သူတို့အတွက် နတ်ဆိုးအရှင်သခင်များနှင့် ယှဉ်တိုက်ရန် ယုံကြည်ချက်များတိုးမြင့်လာလေသည်။

မကြာခင်မှာပဲ ကျန်ရှိနေသော အလယ်အလတ်အဆင့်နတ်ဆိုးအရှင်သခင်ပါ၀င်သည့် နတ်ဆိုးအရှင်သခင် အကောင် ၂၀ကျော်မှာ ကျိုးဟောင်၏သတ်ဖြတ်ခြင်းခံလိုက်ရလေသည်။

"ကောင်းကင်ခွဲနတ်ဘုရားဓားသိုင်း" ၏ စွမ်းအားမှာ ကြောက်မယ်ဖွယ်ကောင်းလှပေသည်။ဒါ့အပြင် ကျိုးဟောင်၌ ခိုင်မာသော " ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ"အုတ်မြစ်ရှိပြီး သူ့၏ ရှေးဟောင်းနတ်ဘုရားတပါးကဲ့သို့ ပေါက်ကွဲအားများပေးစွမ်းနေလေသည်။

ထိုကြောင့် ဒီနတ်ဆိုးအရှင်သခင်များအား ရှင်းလင်းရန်သူ့အတွက် အားသိပ်မစိုက်လိုက်ရပေ။ အခြား မူလအဆင့် ကျွမ်းကျင်သူ အယောက်၅၀မှာလည်း တဖန်စုရုံးလာကြလေသည်။

" သူက တကယ့်ကို န၀မအဆင့် မူလပညာရှင်ပဲ"

"အရမ်းစွမ်းအားကြီးတာပဲ။ ဒီနတ်ဆိုးအရှင်သခင်တွေက စီနီယာကျိုးကို ပြန်တောင် မခုခံလိုက်နိုင်ဘူးဆိုတာ ငါပြောရဲတယ်"

"ထောက်ခံတယ်။ အဲ့ဓားသိုင်းက ကြောက်ခမန်းလိလိပဲ။ ဒါ့အပြင် လျှပ်စီးထက်တောင် အလွန်လျင်မြန်လှပေတယ်။"

" စီနီယာကျိုးက သူ့ဓားသိုင်းကို မခန့်မှန်းနိုင်တဲ့ အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာကိုငါတကယ်အံ့ဩမိတယ်"

သူဆို့ပြောဆိုနေစဉ်မှာပဲ ကျိုးဟောင်က ရှစ်ကျီ ၏ဘေးသို့ရောက်လာလေသည်။

..............................................................................

အခန်း (၁၅၆) ပြီးပါပြီ။

အခန်း (၁၅၆) : မူလအဆင့်ကျွမ်းကျင်သူ

ကျိုးဟောင်သည် သူ့ဆီပြေး၀င်လာနေသော အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင်အားကြည်နေလေသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နတ်ဘုရားအဆင့်ဓားသိုင်းဖြစ်သော " ကောင်းကင်ခွဲနတ်ဘုရားသိုင်း" အား ထုတ်သုံးလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကရတဲ့ အတွေ့အကြုံအရ သူသည် ကံကြမ္မာအမှတ်များ များများစုဆောင်းရန်လိုအပ်နေပြီး ယခုသူ့ရှေ့တွင်ရှိနေသော မျိုးနွယ်ခြားများနှင့် တိုက်ပွဲက သူ့အတွက် အကောင်းဆုံးအခွင့်အလမ်းတခုဖြစ်နေလေသည်။

ရွှီးး....

ကမ္ဘာမြေကြီးကိုပါ လှုပ်ခါနိုင်စွမ်းရှိသော ဓားအလင်းတန်းကြီးတခုသည် ရေတံခွန်ကဲ့သို့ အရှိန်ဖြင့် အလယ်အလတ်အဆင့် နတ်ဆိုးအရှင်သခင်အားဖုံးလွှမ်းသွားလေသည်။

မီတာထောင်နဲ့ချီကြီးမားသော နတ်ဆိုး အရှင်သခင်ကြီး အရုပ်ကြိုးပြတ်လဲကျသေဆုံးသွား လေသည်။ထို့အပြင် ထိုနတ်ဆိုးဘုရင်အလောင်းကြီးလဲကျသည့်အရှိန်ကြောင့် မြေကြီး နှင့်ကျောက်စိုင်ခဲများ မြောက်တက်သည်ယုံသာမက အနီးအနားရှိနတ်ဆိုးစစ်သူကြီးများပါ ပိသေကုန်ကြလေသည်။

"ကံကြမ္မာ အမှတ် : ၇သိန်း"

ကံကြမ္မာအမှတ်များအား အာရုံစိုက်ကြည့်နေသော ကျိုးဟောင်သည် အမှတ်၇သိန်းကျော် ရရှိသည်ကိုတွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားလေသည်။

နတ်ဆိုးအရှင်သခင်များအား သတ်ခြင်းအားဖြင့် ကံကြမ္မာအမှတ်များ အများအပြားစုဆောင်းနိုင်မည်မှာ သေချာလေသည်။

"ဆက်လုပ်တာပေါ့"

ကျိုးဟောင်သည် သေမင်းတပါးကဲ့သို့ သူ့ဓားကိုဝှေ့ယမ်းနေခဲ့ပြီး အချိန်ဆယ်စက္ကန့်အတွင်း၌ပင် နောက်ထပ် နတ်ဆိုးအရှင်သခင်တကောင်အား သတ်နိုင်ခဲ့လေသည်။

နောက်ထပ် အချိန် ၂ မိနစ် ၃ မိနစ် အတွင်း၌ပင် စစ်ပွဲအတွင်းရှိ မျိုးနွယ်ခြား နတ်ဆိုး အရှင်သခင် ၁၅ကောင် လောက်ပျောက်ကွယ်သွားလေသည်။

တိုက်ပွဲအတွင်း တခြား နတ်ဆိုးအရှင်သခင်များနှင့် တိုက်ခိုက်နေသော အခြား မူလအဆင့် ကျွမ်းကျင်သူများမှာ တိုက်ပွဲအခြေအနေပြောင်းလဲသွားသည်ကိုသတိမထားမိကြသော်လည်း စတီးအကာအကွယ်လိုင်းနောက်တွင် ရှိနေသော စစ်သားများနှင့် သိုင်းပညာရှင်များကတော့ သတိထားမိလိုက်ကြလေသည်။

"အဲ့ဒါ ဘယ်မူလအဆင့်ကျွမ်းကျင်သူပါလိမ့် အရမ်းရဲစွမ်းသတ္တိရှိတာပဲ"

"သူက နတ်ဆိုးအရှင်သခင်တွေကို ကြက်ကလေးတွေသတ်သလိုကို သတ်နေတာပဲ"

"မူလအဆင့်ကျွမ်းကျင်ပညာရှင်ဆိုတာအဲ့လိုဖြစ်နေရမှာကွ။ နတ်ဆိုး အရှင်သခင်တွေဆိုတာ သူ့ရှေ့ရောက်ရင် ပုရွက်ဆိတ်သာသာဖြစ်နေရမှာ"

"ငါရေကြည့်နေခဲ့တာ ၃မိနစ်အတွင်း သူ့ဓားချက်အောက်မှာ နတ်ဆိုးအရှင်သခင် ၁၀ ကောင်ကျော်လောက်သေဆုံးသွားခဲ့ပြီ"

"ငါတို့ခံတပ်တော့ လုံခြုံသွားပြီဟေ့"

"အပြောမစောနဲ့ဦး။ တိုက်ပွဲအခြေအနေက စီနီယာ လီ နဲ့ အဆင့်မြင့် နတ်ဆိုးအရှင်သခင်တို့တိုက်ပွဲအပေါ်မူတည်နေသေးတယ်"

များစွာသော စစ်သားများ နှင့်သိုင်းပညာရှင်များက ဆေးနွေးနေကြလေသည်။

ဝှစ် ဝှစ် ဝှစ်....

တိုက်ပွဲအတွင်းတွင် များစွာသော နတ်ဆိုးအရှင်သခင်များ ဆက်တိုက် လဲကျသေဆုံးနေလေသည်။

"ကံကြမ္မာအမှတ် : ၆၃၀,၀၀ဝ"

"ကံကြမ္မာအမှတ် : ၅၇၀,၀၀၀"

ကျိုးဟောင်မှာ ဆက်တိုက်တိုးလာနေသော ကံကြမ္မာ အမှတ်များကို ကြည့်ရင်း အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။ အမှတ်တသန်း တိုးလာတိုင်း တိုက်ရိုက်ထုတ်လွှင့်အခန်းထဲတွင် နံပါတ်များ အတက်အကျ ကိုမြင်လိုက်သည့် မိနစ်အပိုများရရှိမည့် အဓိပ္ပာယ်ဖြစ်လေသည်။

"သတ်.. သတ်"

ကျိုးဟောင်သည် ချက်ချင်းပင် အခြား မူလအဆင့် ကျွမ်းကျင်သူများ နှင့် တိုက်ခိုက်နေသော နတ်ဆိုးအရှင်သခင်များကို ပစ်မှတ်ထားလိုက်လေသည်။

ရွှစ်...

သူသည် အရှိန်ဖြင့် မီတာ ၁ထောင်ကျော်ကို ဖြတ်သန်းသွားလိုက်ပြီး ကျားကဲ့သို့ ပုံဏ္ဌာန်ရှိသော နတ်ဆိုးအရှင်သခင်ရှေ့သို့ရောက်သွားကာ ဓားဖြင့်ပိုင်းချလိုက်လေသည်။

ဓားအလင်းတန်းတခုထွက်သွားပြီး ထိုနတ်ဆိုး အရှင်သခင်ကြီးအား ခေါင်းဖြတ်ချလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ညီနောင်"

ထိုနတ်ဆိုးကြီး၏တိုက်ခိုက်ချက်များကို ရှောင်ရှားနေသော မူလအဆင့် ကျွမ်းကျင်သူတယောက်ကလည်းအလျင်အမြန်ပင်ပြောလိုက်လေသည်။

"ရပါတယ်"

ကျိုးဟောင်လည်းပြန်ပြောလိုက်ပြီး အခြား နတ်ဆိုးအရှင်သခင်များအား သတ်ရန်ထွက်သွားလေသည်။

ထိုမူလအဆင့် ကျွမ်းကျင်သူလည်း စိတ်သက်သာရာရသွားပြီး နောက်ထပ် နတ်ဆိုးအရှင်သခင်များကို တိုက်ရန် ကြည့်လိုက်သောအခါ လဲကျသေဆုံးနေသော နတ်ဆိုးအရှင်သခင် ၁၀ကောင်ကျော်အားမြင်ပြီး အံ့ဩမှင်တက်သွားလေသည်။

"ဘာ..ဘာတွေဖြစ်သွားတာလဲ"

သူမှင်တက်နေသည့်အခိုက်အတန့်မှာပဲ အနီရောင်ချပ်၀တ်နှင့် မူလအဆင့်ကျွမ်းကျင်သူက နောက်ထပ် နတ်ဆိုးအရှင်သခင် တကောင်ကို မျက်တောင်တခတ်အတွင်း ထပ်သတ်သွားသည်ကို မြင်လိုက်ရလေသည်။

"လခွမ်း ...ဒီအလောင်းတွေအကုန်လုံးကို သူ...သူတယောက်ထဲ သတ်ခဲ့တာလား"

သူ့၏အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး သေချာစူးစိုက်ကြည့်နေလေသည်။

ကျိူးဟောင်၏ တနေရာမှ တနေရာသို့ ရွေ့လျားနေခြင်းမှာ အလွန်မြန်ဆန်လှသည်။ ကီလိုမီတာများစွာကျယ်သော တိုက်ပွဲမြေပြင်ထဲတွင် သူ ဆက်တိုက် ရိပ်ခနဲ ရိပ်ခနဲ ရွေ့လျားနေခဲ့ပြီး သူပေါ်လာတိုင်း ဓားအလင်းတန်းတခုထွက်ပေါ်နေလေသည်။

၇မိနစ်၊ ၈မိနစ်အတွင်းပင် တိုက်ပွဲမြေပြင်၌ နတ်ဆိုးအရှင်သခင် အကောင် ၂၀ကျော်လောက်သာ ကျန်ရစ်တော့လေသည်။

မူလအဆင့် ကျွမ်းကျင်သူ အယောက် ၃၀ကျော်မှာ ရုတ်တရက် တိုက်ခိုက်စရာ ရန်သူ မရှိဖြစ်သွားလေသည်။ သူတို့သည် အနီရောင်ချပ်၀တ်ဖြင့် နတ်ဆိုးအရှင်သခင်များအား ဆက်တိုက်သတ်ဖြတ်နေသော အသွင်အပြင်ကိုမြင်လိုက်ပြီး တယောက်မျက်နှာ တယောက် ထိတ်လန့်စွာကြည့်မိလိုက်ကြသည်။

"ဒါက ငါတို့တွေ နတ်ဆိုးအရှင်သခင်တွေနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အမြန်ဆုံးတိုက်ပွဲပဲ"

"ဟုတ်တယ်။ အဲ့ မူလအဆင့်ကျွမ်းကျင်သူကဘယ်သူလဲ။ သူက နတ်ဆိုးအရှင်သခင်တွေကိုတောင် လျင်မြန်စွာသတ်နေနိုင်တယ်။ ငါတို့အတွက် အဆင့်နိမ့် နတ်ဆိုး အရှင်သခင်တကောင်ကိုသတ်နိုင်ဖို့ နာရီ၀က် တနာရီလောက်အချိန်ယူရတာ"

"ငါခုမှပဲ မှတ်မိတယ်။ အဲ့တာ စီနီယာရှစ် မိတ်ဆက်ပေးဖူးတဲ့ န၀မအဆင့် မူလကျွမ်းကျင်သူ စီနီယာကျိုးဆိုတဲ့လူပဲ"

"ဟမ် စီနီယာကျိုးက တကယ်ကြီး န၀မအဆင့် မူလကျွမ်းကျင်သူလား"

"သူက နဝမအဆင့် မူလကျွမ်းကျင်သူဆိုတာတကယ်ဖြစ်မယ်။ မဟုတ်ရင် နတ်ဆိုး အရှင်သခင်တွေကို အချိန်နည်းနည်းလေးနဲ့ ဒီလောက်အမြန်သတ်နိုင်မှာမဟုတ်ဘူး"

ဘာမှ လုပ်စရာမကျန်သော မူလအဆင့်ကျွမ်းကျင်သူများကဆွေးနွေးရင်း စိတ်လှုပ်ရှားလာကြသည်။

အထွဋ်အထိပ် န၀မအဆင့် မူလကျွမ်းကျင်သူတယောက်.....

ထိုအရာမှာ လူသားမျိုးနွယ်တို့၏ ထိပ်ဆုံးတွင်ရှိသော အလွန်တရာစွမ်းအားကြီးသူဖြစ်လေသည်။

ရှေ့တန်း အခြေစိုက်ခံတပ်တွင် ထိုကဲ့သို့ လူမျိုးရှိနေပါက အနာဂတ်တွင် သူတို့အတွက် ပိုမိုလွယ်ကူလာနိုင်ခြေရှိလေသည်။ သူတို့အတွက် နတ်ဆိုးအရှင်သခင်များနှင့် ယှဉ်တိုက်ရန် ယုံကြည်ချက်များတိုးမြင့်လာလေသည်။

မကြာခင်မှာပဲ ကျန်ရှိနေသော အလယ်အလတ်အဆင့်နတ်ဆိုးအရှင်သခင်ပါ၀င်သည့် နတ်ဆိုးအရှင်သခင် အကောင် ၂၀ကျော်မှာ ကျိုးဟောင်၏သတ်ဖြတ်ခြင်းခံလိုက်ရလေသည်။

"ကောင်းကင်ခွဲနတ်ဘုရားဓားသိုင်း" ၏ စွမ်းအားမှာ ကြောက်မယ်ဖွယ်ကောင်းလှပေသည်။ဒါ့အပြင် ကျိုးဟောင်၌ ခိုင်မာသော " ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ"အုတ်မြစ်ရှိပြီး သူ့၏ ရှေးဟောင်းနတ်ဘုရားတပါးကဲ့သို့ ပေါက်ကွဲအားများပေးစွမ်းနေလေသည်။

ထိုကြောင့် ဒီနတ်ဆိုးအရှင်သခင်များအား ရှင်းလင်းရန်သူ့အတွက် အားသိပ်မစိုက်လိုက်ရပေ။ အခြား မူလအဆင့် ကျွမ်းကျင်သူ အယောက်၅၀မှာလည်း တဖန်စုရုံးလာကြလေသည်။

" သူက တကယ့်ကို န၀မအဆင့် မူလကျွမ်းကျင်သူပဲ"

All Chapters