← Chapters

အခန်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အခန်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အခန်း (၁၅၇) : သူတို့အကုန်လုံးကို မင်းသတ်ခဲ့တာလား

"စီနီယာကျိုး ကျုပ်အတွက် စိတ်မပူနဲ့။ အမြန်သွားပြီးတော့ တခြား မူလအဆင့်ကျွမ်းကျင်သူတွေကို ကူညီပေးပါဦး။ ဒီတခေါက်မှာ နတ်ဆိုးအရှင်သခင်တွေ အရမ်းများလွန်းလို့ တခြား မူလအဆင့်ကျွမ်းကျင်သူတွေ မကိုင်တွယ်နိုင်မှာကို ကျုပ်စိုးရိမ်မိတယ်"

ဆဌမအဆင့် မူလကျွမ်းကျင်သူတယောက်ဖြစ်သည့် ရှစ်ကျီ အတွက်တောင်မှ အဆင့်မြင့်နတ်ဆိုးအရှင်သခင်အား ခက်ခက်ခဲခဲ တိုက်ခိုက်နေရလေသည်။သူ့အတွက် ထိုအဆင့်မြင့်နတ်ဆိုး အရှင်သခင်အားတိုက်ခိုက်နေဖို့ရုံးကန်နေရသည့်အတွက် တိုက်ပွဲမြေပြင်ရှိအခြားသူများအပေါ် အာရုံမစိုက်နိုင်ပေ။

ကျိုးဟောင်က ဘာမှပြန်မပြောဘဲ သူ့၏ကိုယ်တွင်းရှိသွေးများ ဆူပွက်လာပြီး အရိုးအက်သံကဲ့သို့ အသံများထွက်လာကာ " ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ"အား ထုတ်လွှတ်လိုက်လေသည်။

"သေလိုက်စမ်း..."

ကျိုးဟောင်က အော်ပြောလိုက်ပြီး ဓားဖြင့်ပိုင်းချလိုက်လေသည်။သူ၏လက်ရှိစွမ်းအားအရ အဆင့်မြင့်နတ်ဆိုးအရှင်သခင်အားသတ်ရန် ခွန်အား ၂၀-၃၀%လောက်သာလိုအပ်လေသည်။

ရွှစ်

ကျိုးဟောင်၏ဓားအလင်းတန်းက ကျွဲပုံသဏ္ဌာန်ရှိနတ်ဆိုးအရှင်သခင်ကြီး၏ နဖူးလောက်အား ဖြတ်သန်းသွားလေသည်။

သို့သော်လည်း ကြီးမားလှသော ဦးချိုကြီး နှစ်ချောင်းက ဓားချက်အား ဟန့်တားလိုက်သောကြောင့် နတ်ဆိုးဘုရင်၏ခေါင်းတွင်ဓားရာသာ ထင်သွားခဲ့လေသည်။

ဂါး...

အဆင့်မြင့် နတ်ဆိုးအရှင်သခင်ကြီး၌ ပြင်းထန်သောဇွဲလုံ့လအသက်စွမ်းအင် ရှိပြီး လေဟာနယ်ကို ဖြတ်ခွင်းနိုင်သည့်ဓားချက်ကိုပင် တောင့်ခံနိုင်ခဲ့လေသည်။

သို့သော်လည်းအဆုံးမှာတော့ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားခဲ့ရလေသည်။သူ၏မီတာ၄ထောင်လောက်ကြီးမားသောခန္ဓာကိုယ်ကြီးကြောင့် မြေပြင်မှာ သိမ့်သိမ့်တုန်သွား‌ခဲ့လေသည်။

ရှစ်ကျီမှာ မှင်တက်နေခဲ့လေသည်။

"စီနီယာကျိုး ခင်ဗျား ....ခင်ဗျား..."

သူသည် ကျိုးဟောင်ကို ကြည့်ပြီးပြောစရာစကားမဒြနေခဲ့လေသည်။

ကျိုးဟောင်မှာ အထွဋ်အထိပ် န၀မအဆင့်မူလကျွမ်းကျင်သူဖြစ်ကြောင်းသူသိနေသော်လည်း ယခုလို အဆင့်မြင့်နတ်ဆိုးအရှင်သခင်ကြီးတော့ ဓားချက်တချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကံကြမ္မာအမှတ် : ၁,၂၃၀,၀၀၀"

ပြောင်းလဲသွားသောကံကြမ္မာအမှတ်များအား ကျိုးဟောင်တချက်ကြည့်လိုက်သည်။ အဆင့်မြင့်နတ်ဆိုးအရှင်သခင်ကြီးကို သတ်ခြင်းက သူ့အား ကံကြမ္မာအမှတ်တသန်းကျော်ရရှိခဲ့လေသည်။ ထိုပမာဏသည် အဆင့်နိမ့်နတ်ဆိုးအရှင်သခင်လေးကောင်အား သတ်သည့်ပမာဏနှင့်ညီလေသည်။

ကျိုးဟောင်က စိတ်ထဲပျော်သွားပြီး ရှစ်ကျီအား ကြည့်ပြီးပြောလိုက်လေသည်။

"အဖွဲ့မှူးရှစ် မှင်တက်နေတာတွေရပ်လိုက်တော့။ ဒီသားရဲလှိုင်း တိုက်ခိုက်မှုက မပြီးသေးဘူး။ တာ၀န်လစ်လပ်‌နေတဲ့ အခြား မူလအဆင့်ကျွမ်းကျင်သူတွေဆီ အမြန်သွားသတိပေးပြီး တိုက်ခိုက်မှုကို ပြန်လည်ခုခံခိုင်းလိုက်ပါ"

ရှစ်ကျီလည်း အသိပြန်၀င်လာခဲ့ပြီး လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲမြေပြင်ရှိ နတ်ဆိုးအရှင်သခင်များအားလုံး အတုံးအရုံးလဲကျနေသည်ကိုမြင်တွေ့လိုက်ရလေသည်။

" စီနီယာကျိုး ဒါတွေအကုန်ခင်ဗျားသတ်ခဲ့တာလား"

သူက ကျိုးဟောင်အား ထိတ်လန့်တကြားကြည့်လိုက်လေသည်။

"ဟုတ်တယ်။သူတို့က ဒီအတိုင်း နတ်ဆိုးအရှင်သခင်အဖွဲ့လေးပါ။ ဘာမှ မဟုတ်ပါဘူး။ ကောင်းပြီ အခြား မူလအဆင့်ကျွမ်းကျင်သူကို စုစည်းပြီး ပြန်လည်ခုခံပါ"

ကျိူးဟောင်က ပြောပြီးသည် နှင့် အခြားကျန်နေသေးသော အဆင့်မြင့် နတ်ဆိုးအရှင်သခင်နှစ်ကောင်ဆီသို့ တိုက်ခိုက်ရန်ထွက်သွားခဲ့လေသည်။

ရှစ်ကျီလည်း ကျိုးဟောင်၏ကျောပြင်အား ‌ကြည့်ပြီး ပြောစရာစကားမဲ့နေလေသည်။

ဒီတိုက်ပွဲတွင် နတ်ဆိုးအရှင်သခင် အကောင် ၆၀ကျော်လောက်ရှိလေသည်။ နတ်ဆိုးအရှင်သခင်က ခံစစ်ကြီးပဲ တောင့်ခံနေရင်တောင်မှ မူလအဆင့်ကျွမ်းကျင်သူအတွက် ထိုနတ်ဆိုးအရှင်သခင်အားသတ်ရန် အားစိုက်ထုတ်ရသေးသည်။

ဒါပေမဲ့အခုတော့ ၁၅မိနစ် လောက်အတွင်း နတ်ဆိုးအရှင်သခင် ၇၀လောက်မှာ စီနီယာကျိုး၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရလေသည်။

"ဟန်ဖူ မင်းဘယ်လို အထွဋ်အထိပ် မူလအဆင့်ကျွမ်းကျင်သူကိုရှာတွေ့ခဲ့တာလဲ"

ရှစ်ကျီကသက်ပြင်းချလိုက်ပြီး သူ့မျက်နှာတွင်စိတ်ချသွားသော အမူအရာများပေါ်လာလေသည်။

ယခုလို မူလအဆင့်ကျွမ်းကျင်သူရှိနေခြင်းကြောင့် ယခုရှေ့တန်းခံတပ်စခန်းတွင် ရင်ဆိုင်နေရသော ကပ်ဘေးကြီးကို ဖြေရှင်းနိုင်သွားပြီဖြစ်လေသည်။

ကျန်ရှိနေသော နတ်ဆိုးအရှင်သခင် ၃ကောင်လည်း ကျိုးဟောင်နှင့် ရင်ဆိုင်တွေ့နေကြလေပြီ။

အထွဋ်အထိပ် နတ်ဆိုးအရှင်သခင် မိုးကြိုးမုန်တိုင်း၀က်ဝံဘီလူးဘုရင်ကြီး ကိုသတ်ဖို့အတွက် သူ၏အင်အား၏၅၀%လောက်သာ အသုံးပြုခဲ့ရလေသည်။

တနာရီကြာပြီးနောက်...

နတ်ဆိုးအရှင်သခင်များနှင့် နတ်ဆိုးဘုရင်တို့၏ ဦးဆောင်မှ မရှိတော့သော နတ်ဆိုးစစ်သည်၇၀%လောက်သည် အက်ကွဲကြောင်းထဲသို့ ဖိအားပေးနှင်ထုတ်နိုင်ခဲ့လေပြီ။

စတီးအကာအကွယ်လိုင်း၏ နောက်တွင်ရှိသော စစ်သားများနှင့် သိုင်းပညာရှင်များမှာလည်း စိတ်လှုပ်ရှားနေကြလေသည်။

ဒါသည် နတ်ဆိုးသားရဲလှိုင်းကြီးအား အလွယ်တကူနှင့်မြန်မြန်ရှင်းလင်းနိုင်သည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။

" မူလအဆင့်ဆရာသခင်ကြီးများ သက်တော်ရာကျော်‌ရှည်ပါစေ"

သူတို့လည်း စိတ်လှုပ်တရှား ဟစ်ကြွေးနေကြလေသည်။

ကာကွယ်ရေးလိုင်း၏အစွန်ရှိ သံမဏိကောင်းကင်ခံတပ်စင်မြင့်ပေါ်၌..

လိန်ဟူ ၊ ဇူအန်း ၊ ကျန့်၀မ် ၊ရှစ်ကျီ နှင့် အခြားမူလအဆင့်ကျွမ်းကျင်သူတို့မှာ ကျိုးဟောင်အား ကြည့်နေကြလေသည်။

ဒီတိုက်ပွဲကြီးပြီးနောက် သူတို့အားလုံးက စီနီယာကျိုးမှာ အစစ်အမှန်အထွဋ်အထိပ် မူလအဆင့်ကျွမ်းကျင်သူဖြစ်ကြောင်းလက်ခံလိုက်ကြလေသည်။ ဒါ့အပြင်သူ့အင်အားမှာ အထွဋ်အထိပ် မူလမဟာဆရာသခင်များထက်ပင်ကြီးမားလေသည်။

"စီနီယာကျိုး ငါတို့ရဲ့ အရို‌အသေပေးမှုကိုလက်ခံပေးပါ"

ရုတ်တရက်ပင် လိန်ဟူက ဦးဆောင်၍ အခြားမူလအဆင့်ကျွမ်းကျင်သူများနှင့်အတူ ဦးညွတ်လိုက်လေသည်။

ကျိုးဟောင်လည်း အလန့်တကြားသူ့လက်ဖြင့် ပြန်ဆွဲထူပေးပြီးပြောလေသည်။

" ခင်ဗျားတို့ဘာတွေလုပ်နေကြတာလဲ"

လိန်ဟူ၏ အသံမှာခက်ထန်သော်လည်း သူ့အမူအရာများက ရိုးသားလေသည်။

" စီနီယာကျိုး ခင်ဗျားသာမရှိခဲ့ရင် အဆင့်မြင့်မိုးကြိုးမုန်တိုင်း၀က်ဝံဘီလူးဘုရင်ကြီး ဦးဆောင်တဲ့ သားရဲလှိုင်းတိုက်ခိုက်မှုကို ကျုပ်တို့ဖြေရှင်းနိုင်ခဲ့ရင်တောင်မှ ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်မှာပဲ။ ဒီစစ်မြေပြင်ရှိ စစ်သားများနှင့် ကျွမ်းကျင်သူများကိုယ်စား ကျုပ်ကျေးဇူးတင်ပါရစေ"

..............................................................................

အခန်း (၁၅၇) ပြီးပါပြီ။

အခန်း (၁၅၈) : တင်းမာသော အခြေအနေ

အခြားမူလအဆင့်ကျွမ်းကျင်သူများကလည်း ခေါင်းညိမ့်ကြလေသည်။

အတိတ်တုန်းက သားရဲလှိုင်းတိုက်ခိုက်မှုတွေမှာ အများဆုံးမှ အဆင့်မြင့် နတ်ဆိုးအရှင်သခင် တကောင်၊ နှစ်ကောင်နှင့် သာမန်နတ်ဆိုးအရှင်သခင်၁၀ကောင်လောက်သာပါ၀င်လေသည်။

နတ်ဆိုးအရှင်သခင် အရေအတွက် တဖြေးဖြေးတိုးသာခဲ့သည်မှာ သမရိုးကျမဟုတ်ပေ။ ဒီတခေါက်တိုက်ခိုက်မှုတွင် မိုးကြိုးမုန်တိုင်း၀က်ဝံဘီလူးဘုရင်ကြီး၏ ‌ဦးဆောင်မှုအောက်တွင် နတ်ဆိုးအရှင်သခင် ၇၀ကျော် ပါ၀င်တိုက်ခိုက်လာခဲ့ကြလေသည်။

သူတို့မှာ လူသားမျိုးနွယ်အတွက် အသက်ပေးဖို့၀န်မလေးကြပေ။ သို့သော်လည်း ကျိုးဟောင်၏ ပေါ်ထွက်လာမှုဖြင့် ဒီသားရဲလှိုင်းကြီးအား ဖြေရှင်းနိုင်ခဲ့ပြီး သူတို့၏အသက်များကိုလည်း ကယ်တင်ခဲ့လေသည်။

ကျိုးဟောင်က လက်ကာပြလိုက်ပြီးပြောလေသည်။

"စီနီယာ လိန် ခင်ဗျား အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွုပ်တို့က တလှေတည်းစီးနေကြတဲ့လူတွေပဲ။ရှေးလူကြီးတွေပြောသလိုပေါ့ မင်းပိုပြီးသန်မာလာလေ မင်းပိုပြီးတာ၀န်ကြီးလာ‌လေလေပဲပေါ့။ သားရဲလှိုင်းတိုက်ခိုက်မှုမှာ ပါ၀င်ခဲ့တာကလည်း ကျုပ်အလုပ်ကိုကျုပ်လုပ်တာပါပဲ"

ထိုအချိန် ကျိူးဟောင်က သိချင်သောကြောင့်မေးလိုက်သည်။

"စီနီယာ လိန်...."

သူ့စကားမဆုံးခင်မှာပဲ လိန်ဟူက ဖြတ်ပြောလိုက်သည်။

" စီနီယာကျိုး မျိုးနွယ်‌ခြားတွေထဲမှာပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် အင်အားကြီးမားခြင်းက အရာရာပဲ။ သင်က အထွဋ်အထိပ်န၀မအဆင့် မူလကျွမ်းကျင်သူဖြစ်တာကြောင့် ကျုပ်ကို လိန်ဟူလို့သာခေါ်ပါ။ နောက်ကျရင်လည်း ကျုပ်ကိုလိန်ဟူလို့သာခေါ်ပေးပါ"

"အင်း...ကောင်းပါပြီ။ လိန်ဟူ ခံတပ်စခန်းက ဒီနေ့လို တိုက်ခိုက်မှုမျိုး ဘယ်နှကြိမ်လောက်ရင်ဆိုင်ခဲ့ရပြီးပြီလဲ"

ကျိုးဟောင် က လိန်ဟူ နဲ့ အခြားသူများအားကြည့်ပြီးမေးလိုက်လေသည်။

လိန်ဟူကပြန်‌မပြောခင်လေးမှာပဲ အမျိုးသမီးမူလအဆင့်ကျွမ်းကျင်သူ ကျန့်၀မ်က ခေါင်းခါပြီးပြောလိုက်သည်။

"ဒါမျိုးက ဖြစ်ခဲတယ်။ ပုံမှန်ဆို အထွဋ်အထိပ် နတ်ဆိုးအရှင်သခင် တွေက တနှစ်လုံးကို တခါတရံလောက်ပဲပေါ်လာတတ်တာ။ သူတို့က နှစ်မကုန်ခင်အထိပေါ်မလာတတ်ဘူး။ အခု နှစ်ကုန်ဖို့ ၃လတောင်လိုသေးတာကိုပေါ်လာတာကြောင့်လန့်သွားခဲ့တာ"

"ဟုတ်တယ် အမှန်ပဲ"

လိန်ဟူက ခေါင်းညိတ်ပြီး တည်ငြိမ်သော အမူအရာဖြင့်ပြောလိုက်သည်။

" ပြီးခဲ့တဲ့လက တိုက်ခိုက်ခဲ့တာ သားရဲလှိုင်းတိုက်ခိုက်မှု နဲ့ နှိုင်းယှဉ်ကြည့်ရသလောက်တော့ ဒီအက်ကွဲကြောင်းထဲမှာ ပြောင်းလဲမှုတခုခုတော့ဖြစ်နေပြီ။ သားရဲလှိုင်းတွေမှာ ပါလာတဲ့ နတ်ဆိုးအရှင်သခင်အရေအတွက်တဖြေးဖြေးတိုးလာတယ်။ ဒီနေ့ဆို အကောင် ၇၀ကျော်တောင်ပါလာခဲ့တယ်။ ဒီပြဿနာက အရမ်းလေးနက်သွားမှာကို ငါစိုးရိမ်မိတယ်"

"နတ်ဆိုးအရှင်သခင်အရေအတွက်ပြောင်းလဲမှုက အက်ကွဲကြောင်းကြီးနဲ့သက်ဆိုင်နေတာလား"

ကျိုးဟောင်က ချက်ချင်းပင်ပြန်မေးလိုက်လေသည်။ထိုစကားကိုကြားသောအခါ လီဟူအပါအ၀င် ဆဌမအဆင့်နဲ့အထက် မူလကျွမ်းကျင်သူများအားလုံး ပဟေဠိဖြစ်သွားကြလေသည်။

"စီနီယာကျိုးက လတ်တလောကမှ အထွဋ်အထိပ်န၀မအဆင့်ကို ရောက်တဲ့ မူလကျွမ်းကျင်သူပါ။ ဒါ့အပြင်သူ့အင်အားက အလျင်အမြန်တိုးတက်လာခဲ့တာမို့ အခြား မူလအဆင့်ကျွမ်းကျင်သူတွေလိုအက်ကွဲ‌ကြောင်းကြီးအကြောင်းကိုသိပ်မသိ‌ဘူး"

ရှစ်ကျီက ၀င်ပြီးရှင်းပြပေးလေသည်။လီဟူ နဲ့ အခြားလူများလည်း နားလည်သွားကြလေသည်။

"စီနီယာကျိုး ဒါကဒီလိုပါ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်တုန်းက လူသားမျိုးနွယ်ရဲ့ အထွဋ်အထိပ်မူလအဆင့်ကျွမ်းကျင်သူတွေအားလုံး အက်ကွဲကြောင်းထဲ၀င်ရောက်ခဲ့ကြတယ်။ ကျုပ်တို့ တရုတ် အပါအ၀င် အနောက်နိုင်ငံတွေက အဌမ အဆင့်နဲ့အထက်မူလကျွမ်းကျင်သူတွေအကုန်၀င်ရောက်သွားခဲ့ကြတယ်"

လိန်ဟူကစကားပြောနေရင်းနှင့်ပင် သက်ပြင်းချနေလေသည်။

" အဲ့လို မူလအဆင့်ကျွမ်းကျင်သူတွေ အက်ကွဲကြောင်းထဲ ၀င်ရောက်သွားတဲ့ အကျိုးရလဒ်ကြောင့် နောက်မှာကျန်ခဲ့တဲ့ ရှေ့တန်းခံတပ်စခန်းများနှင့် ခံတပ်မြို့တွေအပေါ်ကျရောက်နေတဲ့ ဖိအားတွေလျော့ကျသွားခဲ့ရတယ်"

"အဲ့စီနီယာတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အထွဋ်အထိပ် နတ်ဆိုးအရှင်သခင်တွေက အက်ကြောင်းကြီးတွေထဲကနေ မထွက်လာနိုင်ခဲ့ကြဘူး။ ကျန်နေခဲ့တဲ့မြို့တွေဆယ်နှစ်အတွင်းတိုးတက်လာနိုင်ခဲ့တာတွေအတွက် သူတို့ကိုကျေးဇူးတင်ရမယ်"

ကျိုးဟောင်လည်းထိုစကားများကိုကြားပြီးနားလည်သွားခဲ့သည်။စစ်မှန်တဲ့ အဆင့်မြင့်ကျွမ်းကျင်သူတွေလည်း အက်ကွဲကြောင်းထဲ၀င်ရောက်ခဲ့ရတာ‌လေသည်။

ဒါကြောင့် ကပ်ဘေးကြီးအပြီးနှစ်တရာကျော်အထိရှေ့တန်းခံတပ်စခန်းတွင် မူလအဆင့်ကျွမ်းကျင်သူများနည်းပါးနေရခြင်းဖြစ်လေသည်။ ဒါ့အပြင် လေးဦးသာ ဆဌမအဆင့်မူလကျွမ်းကျင်သူ အဖြစ်တက်လှမ်းနိုင်ခဲ့လေသည်။

တခြား အခြေစိုက်ခံတပ်စခန်းများတွင်လည်း မူလအဆင့်ကျွမ်းကျင်သူများ ရှိသေးသော်လည်း ဒီစခန်းကဲ့သို့ အရေအတွက်နည်းပါးနေမည်မှာ သေချာလေသည်။

"စီနီယာကျိုး ကျွန်မတို့က လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထဲက တိုးတက်လာခဲ့ကြတာပါ။ အထူးသဖြင့် ဆဌမအဆင့်ထိရောက်အောက်ကြိုးစားနိုင်ခဲ့ကြပေမဲ့ န၀မအဆင့်ကိုချိုးဖောက်ဖို့ကျ အရမ်းခက်ခဲနေခဲ့တယ်"

"ကံကောင်းထောက်မစွာနဲ့ ရှင် ပေါ်ထွက်လာခဲ့တယ်။ မဟုတ်ရင် ကျွန်မတို့ မူလအဆင့် ကောင်စီအနေနဲ့ ပြဿာနာတွေကို ဖြေရှင်းဖို့ အခက်တွေ့နေခဲ့ရလိမ့်မယ်"

ကျန့်၀မ်က ကျိုးဟောင်ကို ကြည့်ပြီးပြောလိုက်လေသည်။

" ဟုတ်တယ်။ ပြီးခဲ့လလောက်ထဲက ဒီအက်ကွဲကြောင်းတွင်သာမက ကမ္ဘာတဝှမ်းရှိ အက်ကွဲကြောင်းတွေမှာလည်း အပြောင်းအလဲတွေပေါ်ပေါက်ခဲ့ပြီး ရုတ်တရက်နတ်ဆိုးအရှင်သခင်အများအပြားထွက်ပေါ်လာခဲ့တယ်။ အထူးသဖြင့် အဆင့်မြင့်နတ်ဆိုးအရှင်သခင်တွေပါ ပါ၀င်လာခဲ့တယ်"

ကျိုးဟောင်လည်း မျက်မှောင်ကြုတ်မိလိုက်သည်။ သူ့အနေဖြင့်ကမ္ဘာပေါ်၌ဒီလို အခြေအနေတင်းမာနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အရင်က ဟန်ဖူပြောခဲ့သောစကားများက သူနဲ့ ရှုလင်တို့လို့ကျောင်းသားများအား စိတ်သက်သာရာရစေရန်ပြောခဲ့ခြင်းဖြစ်ကြောင်းပြန်တွေးမိလိုက်သည်။

သူ၏စီနီယာကျိုး ဟူသော ရုပ်သွင်ကြောင့်သာ ယခုလို အခြေအနေမှန်ကို သိနိုင်ခြင်းဖြစ်လေသည်။

"လိန်ဟူ ၊ ကျန့်၀မ်.. မူလအဆင့်ကောင်စီက အက်ကွဲကြောင်းထဲမှာ ရှိနေတဲ့ စီနီယာကြီးတွေရဲ့ အခြေအနေကိုသိရဖို့ တယောက်ယောက်များစေလွှတ်ခဲ့ဖူးလား"

ကျိုးဟောင်ကမေးလိုက်သည်။

..............................................................................

အခန်း (၁၅၈) ပြီးပါပြီ။

အခန်း (၁၅၉) : စွမ်းအင်ပုံဆောင်ခဲ

လိန်ဟူ ၊ ကျန့်၀မ် နှင့် အခြားမူလအဆင့်ကျွမ်းကျင်သူများမှာ တယောက်မျက်နှာ ‌တယောက်ကြည့်ရင်း ခါးသီးစွာ ခေါင်းခါနေခဲ့ကြသည်။

"စီနီယာကျိုး ကျုပ်တို့လည်း အရင် အက်ကွဲကြောင်းကြီးထဲ စုံစမ်းဖို့ မူလအဆင့်ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ဖူးတယ်။ အက်ကွဲကြောင်းထဲမှာက အလွန်အန္တရာယ်များပြားလှတယ်။ စေလွှတ်ခဲ့တဲ့အဖွဲ့လည်း ၀င်ရောက်ပြီး နေ့၀က်လောက်ကြာချိန်မှာပဲ ကျုပ်တို့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်"

"အဲ့တာပြီးနောက် ကျုပ်တို့ရဲ့ မဟာဆရာသခင်တွေက ‌အဆင့်မြင့်ဆက်သွယ်ရေးကိရိယာတွေတပ်ဆင်ပြီး အဖွဲ့သုံးဖွဲ့စုစည်းပြီး သွားရောက်ရှာဖွေထောက်လှမ်းခဲ့သေးတယ်။ ဒါပေမဲ့ အဖွဲ့သုံးဖွဲ့လုံးအကုန်သေဆုံးသွားခဲ့ကြတယ်"

လိန်ဟူက သက်ပြင်းချမိလိုက်သည်။အခြား မူလအဆင့်ကျွမ်းကျင်သူများမှာလည်း တိတ်ဆိတ်နေကြလေသည်။

သူတို့တွေအကုန်လုံး တတ်စွမ်းသလောက် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အက်ကွဲကြောင်းကြီးထဲမှာသူတို့ တွေးထားသည်ထက်ပို၍ခက်ခဲကြမ်းတမ်းလေသည်။

ဒါ့အပြင် မူလအဆင့်ကျွမ်းကျင်သူများမှာ လူသားမျိုးနွယ်အတွက် အရေးပါသော သူများဖြစ်ကြသောကြောင့် မူလအဆင့်ကောင်စီမှာ နောက်ထပ် အဖွဲ့များစေလွှတ်ခြင်းကို မပြုလုပ်ကြတော့ပေ။သူတို့လူ့စွမ်းအားများ အဆုံးအရှုံး မခံလိုကြပေ။

"ကျုပ်တို့ အက်ကွဲကြောင်းကြီးထဲက မျိုးနွယ်ခြားကျွမ်းကျင်သူ၏အင်အားနဲ့ သူတို့အခြေအနေကို အတိအကျသေချာမသိနိုင်သေး‌သရွေ့ ကမ္ဘာမြေပေါ်ရှိ ကျန်တဲ့လူတွေလည်း သိပ်မကြာတော့တဲ့အချိန်မှာ ခုခံနိုင်စွမ်း ရှိနိုင်တော့မယ်မထင်ဘူး"

ကျိုးဟောင်ကသက်ပြင်းရှည်ကြီးချပြီးပြောလိုက်သည်။

" စီနီယာကျိူး ကျုပ်တို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။ ကမ္ဘာအဝှမ်းက ရှေ့တန်းအခြေစိုက်စခန်းတွေက ရရှိတဲ့ အချက်အလက်တွေအရ ရှေ့တန်းခံတပ်စခန်းတွေအကုန်လုံး အများဆုံး တနှစ်လောက်ပဲတောင့်ခံနိုင်တော့မယ်။ခံတပ်စခန်းတွေကျသွားရင်တော့ လူသားတွေရဲ့ ကာကွယ်ရေးလိုင်းတွေလည်း ပိုမိုကျဉ်းမြောင်းသွားလိမ့်မယ်"

ရှစ်ကျီလည်း စိတ်ဓာတ်ကျနေခဲ့လေသည်။

"တနှစ်ပဲလား"

ကျိုးဟောင်ကစိုက်ကြည့်လိုက်သည်။

"အဲ့တာက တွက်ချက်ထားတဲ့ယူဆချက်တခုပါပဲ။ စီနီယာကျိုးရဲ့ အကူအညီနဲ့သာဆို ကျုပ်တို့အခြေအနေပိုကောင်းနိုင်ပါတယ်"

ရှစ်ကျီက ဖြေးဖြေးချင်းထပ်ပြောလိုက်သည်။

ကျိုးဟောင်လည်း အလွန်တရာဆွံ့အသွားခဲ့သည်။ အရင်တုန်းက ကောင်းကင်ကြီးပြိုကျလာရင်တောင် ကာကွယ်ထမ်းထားပေးမယ့်သူတဦးတော့ရှိမှာပဲလို့ သူတွေးမိခဲ့သည်။ ခုတော့ သူသည် ထိုကာကွယ်ထမ်းထားပေးရမည့်သူ ဖြစ်နေခဲ့လေပြီ။

သို့သော် လည်း ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ကိုတွေးမိပြီး ယုံကြည်မှုများရှိလာလေသည်။

ကျိုးဟောင် သည် ၇ခုမြောက်လေ့ကျင့်ရေးစခန်းရှိ ဗီလာ၁၀သို့ ပြန်ရောက်ချိန်တွင် ည၉:၃၀တောင်ရှိနေခြဲလေပြီ။

စင်စစ်တွင် လိန်ဟူ ၊ ဇူအန်း ၊ကျန့်၀မ် ၊ရှစ်ကျီ နှင့်အခြား ဆဌမအဆင့် မူလကျွမ်းကျင်သူများက မူလအဆင့်ကျွမ်းကျင်သူများ နေထိုင်သည့် အကြီးအကဲအိမ်ရာ‌တွင် ကျိုးဟောင်အားနေစေလိုသော်လည်း ကျိုးဟောင်က လွတ်လွတ်လပ်လပ်နေချင်သောကြောင့် ငြင်းဆိုခဲ့လေသည်။ ဒါ့အပြင်လီဟူနှင့် အခြားသူတို့ စိတ်ချမ်းသာစေရန် မူလအဆင့်ကောင်စီအတွက် ထူးချွန်သည့်ဥက္ကဌ လုပ်ရန်သဘောတူခဲ့သေးသည်။

ရေချိုးပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်းကာ အဖြစ်အပျက်များကို ပြန်တွေးရင်းကျိုးဟောင်သက်ပြင်းချမိသည်။

"ငါတို့ကမ္ဘာကြီး ဒီလောက်အခြေအနေဆိုးနေမယ်လို့ မထင်ထားခဲ့မိဘူး။ "

ထို့နောက် စိတ်ရှုပ်စရာအတွေးများကိုမေ့ဖျောက်လိုက်လေသည်။ အခြေအနေတွေဘယ်လောက်ပဲဆိုးနေပါစေ အင်အားကိုသာ ဆက်လက်တိုးမြှင့်နေဖို့သာ အရေးကြီးဆုံးဖြစ်လေသည်။

ဖန်သားပြင်အားဖွင့်လိုက်ပြီး သူ၏ ကံကြမ္မာအမှတ်များအားကြည့်နေလေသည်။

ကံကြမ္မာအမှတ်: ၈၂,၈၁၀,၇၄၀ (လက်ရှိအဆင့်: ကံကောင်းခြင်းနတ်သမီး၏ကောင်းချီး)

ထိုအရာကိုမြင်ပြီးမှ သူ၏စိတ်ပူပန်နေမှုများလျော့ကျသွားသည်။

ဒီတခေါက်တွင် နတ်ဆိုးအရှင်သခင် အကောင်၇၀ကျော်လောက်ကိုသတ်ဖြတ်ခဲ့သောကြောင့် ကံကြမ္မာအမှတ် သန်း၅၀လောက်စုဆောင်းနိုင်ခဲ့လေသည်။ထိုအမှတ်များမှာ ဟွာတုန်းမြို့မှာ သားရဲလှိုင်းတခုလုံးကို ရှင်းလင်းခဲ့စဉ်တုန်းက ရရှိခဲ့သည့် ပမာဏနီးပါးရှိလေသည်။

ဒါ့အပြင်သူ့ကံကြမ္မာအမှတ်အဆင့်မှာ ထပ်မံတိုးမြင့်သွားလေသည်။

" ဒီအဆင့်က ဘယ်လောက်စွမ်းအားရှိမလဲ ငါသိချင်မိတယ်"

ကျိုးဟောင်ကရေရွတ်ပြီးနောက် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာများရှိသည့်စာမျက်နှာသို့သွားလိုက်လေသည်။

သူသည် "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ ကိုးဆင့်" ၊ " ကောင်းကင်ဘုံမှနတ်ဓား" ၊ "ချိုကိုးချောင်းမိုးကြိုးမြေ၏လှုပ်ရှားမှု" တို့အား လိုချင်နေခဲ့လေသည်။

အရင်တုန်းက ကံကြမ္မာ အမှတ်များ အလုံအလောက်မရှိခဲ့သောကြောင့် ဖြုန်းတီးသလိုဖြစ်သွားမည်ကိုစိုးရိမ်ခဲ့ရသည်။

သို့သော်လည်း ယခုတွင် ကံကြမ္မာ အမှတ် သန်း၈၀ကျော်နှင့် ကံကောင်းခြင်းနတ်သမီး၏ကောင်းချီးပါရှိနေပြီဖြစ်သောကြောင့် ထိုအန္တိမ ပစ္စည်းသုံးခုအား ရနိုင်မည်လို့သူတွေးထင်မိသည်။

သို့သော်လည်း သူ့အကောင့်ထဲတွင် ပိုက်ဆံမရှိတော့သောကြောင့် ဆွံ့အသွားခဲ့သည်။ အချိန်ခဏလောက်စဉ်းစားပြီးနောက် တိမ်လွှာမြွေပါအရှင်သခင်အလောင်းမှ ပစ္စည်းများကိုရောင်းချရန်ဆုံးဖြတ်လိုက်သည်။

"လိန်ဟူ ဒီရှေ့တန်းခံတပ်စခန်းရဲ့ဘယ်နေရာမှာ ငါ့ရဲ့ သားရဲးပစ္စည်းတွေကိုရောင်းနိုင်မလဲ။ ငါပိုက်ဆံလိုနေလို့"

ကျိုးဟောင်က လိန်ဟူဆီသို့ ဖုန်းတန်းဆက်လိုက်သည်။

"စီနီယာကျိုး ကျုပ်တို့ကိုအခြေအနေတွေခက်ခဲအောင်လုပ်မနေပါနဲ့။ ဒီတခေါက် နတ်ဆိုးအရှင်သခင် ၇၀ကျော်ကို သတ်ပေးခဲ့တဲ့ တန်ကြေးကိုတောင် ကျုပ်တို့ခင်ဗျားကိုမပေးရသေးဘူး။ ကျုပ်ကိုခင်ဗျားနံပါတ်သာပေးလိုက်ပါ ချက်ချင်းကျုပ်ငွေလွှဲပေးလိုက်မယ်"

လိန်ဟူက ဖုန်းထဲမှပြန်ဖြေလိုက်သည်။

"မလိုဘူး ရတယ်။ ငါခ‌နနေအဲ့ကိုလာခဲ့မယ်"

ကျိုးဟောင်ကပြာပြာသလဲပြန်ပြောလိုက်သည်။သူ့အကောင့်သို့ငွေလွှဲခြင်း သူ၏အချက်အလက်များကိုသိရှိသွားနိုင်သောကြောင့်ဖြစ်လေသည်။

ကျိုးဟောင်သည်လည်း စကားဆုံးသည်နှင့်သူ့အသွင်အပြင်မှာပျောက်ကွယ်သွားပြီး မူလအဆင့်အဆောက်အအုံသို့ရောက်ရှိသွားလေသည်။

မူလအဆင့်အဆောက်အအုံကြီးမှာ ဟွာတုန်းမြို့၏သိုင်းပညာရှင်များအစည်းအရုံးထက် များစွာပို၍ခမ်းနားပြီး အထပ် ၂၀၀လောက်ရှိလေသည်။

လိန်ဟူ နှင့် အခြားမူလအဆင့် ကျွမ်းကျင်သူများက ကျိုးဟောင်အား အဆောက်အအုံအပြင်၌ကြိုဆိုရန်စောင့်နေကြလေသည်။

"စီနီယာကျိုး "

အားလုံးက တညီတညွတ်ထဲ နှုတ်ဆက်ကြလေသည်။

"ငါက ပစ္စည်းလေးအချို့ရောင်းရုံပါပဲ ဒီလောက်လူအများကြီး လာပေးဖို့ မလိုပါဘူး"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။

"စီနီယာကျိုး ခင်ဗျားက အထွဋ်အထိပ် န၀မအဆင့် မူလမဟာဆရာသခင်တယောက်ဖြစ်သည့်အပြင် မူလအဆင့်ကောင်စီရဲ့ ဥက္ကလည်းဖြစ်တယ်။ ဒါကြောင့် ခင်ဗျား၏ လှုပ်ရှားမှုတိုင်းက အရေးကြီးပါတယ်။ ဒါနဲ့ပစ္စည်းတွေအတွက် ဘာနဲ့လိုချင်လဲ အမှတ်နဲ့လား စွမ်းအင်ပုံဆောင်ခဲနဲ့လား"

လိန်ဟူက လက်ကာပြီးပြောလိုက်သည်။

"စွမ်းအင်ပုံဆောင်ခဲ"

ကျိုးဟောင်က အံ့ဩသွားလေသည်။

....................................................................................

အခန်း (၁၅၉) ပြီးပါပြီ။

All Chapters