← Chapters

အခန်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အခန်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အခန်း (၁၆၀) : စွမ်း‌အင်ပုံဆောင်ခဲများ၏ ပင်မအရင်းအမြစ်

"စွမ်းအင်ပုံဆောင်ခဲတွေက အက်ကွဲကြောင်းကြီးရဲ့ အစွန်နားမှာရှိတတ်တဲ့ သိပ်သည်းတဲ့သတ္တုရိုင်းတမျိုးပဲ။ ကျုပ်တို့ အခုအသုံးပြုနေတဲ့ ငွေကြေးတွေ ခရစ်စတယ်လ် ကဒ်တွေက အဲ့စွမ်းအင်ပုံဆောင်ခဲကို ပြုပြင်သန့်စင်ပြီးရလာတာတွေဖြစ်တယ်"

လိန်ဟူက ရှင်းပြသည်။

"ဒါပေမဲ့ စွမ်းအင်ပုံဆောင်ခဲတွေက အရမ်းဈေးကြီးတယ်။ သူတို့ကို အနက်ရောင် ၊ အရောင်ရှိ နဲ့ အရောင်မဲ့ ဆိုပြီး ၃မျိုးခွဲခြားထားတယ်။ အနက်ရောင်ပုံဆောင်ခဲမှာပါတဲ့ စွမ်းအင်တွေကတော့ အရမ်း မသန့်စင်ဘူး။ အရောင်ရှိပုံဆောင်ခဲတွေမှာပါတဲ့စွမ်းအင်တွေကျ အတော်အသင့်သန့်စင်တယ်။ အရောင်မဲ့တွေကတော့ ထိပ်တန်းအဆင့် ပုံဆောင်ခဲတွေပေါ့"

သူက စကားဆုံးသည် နှင့် အမျိုးသမီးငယ်လေးတယောက်ကိုကြည့်လိုက်သည်။

ထိုအမျိုးသမီးမှာ မူလအဆင့်အဆောက်အအုံ၏ ဘဏ္ဍာရေးမှူးဖြစ်လေသည်။ ထိုအမျိုးသမီးကအလျင်အမြန်ပဲပြောလေသည်။

"စီနီယာကျိူး ပစ္စည်းတွေရဲ့ဈေးနှုန်းအရ သာမန်နတ်ဆိုးအရှင်သခင်တကောင်က ယွမ် ၀.၁ဘီလီယံ ကနေ ၀.၃ ဘီလီယံ တန်ဖိုးရှိပြီး ၊ အလယ်အလတ်ကတော့ ယွမ်၀.၃ ဘီလီယံ ကနေ ၁ဘီလီယံ ၊ အဆင့်မြင့်တွေက ယွမ် ၁ဘီလီယံ ကနေ ၃ဘီလီယံ ၊ အထွဋ်အထိပ်တွေကျတော့ ယွမ် ၃ဘီလီယံ ကနေ ၁၀ဘီလီယံအထိ တန်ကြေးရှိပါတယ်"

"စီနီယာကျိုးသတ်ခဲ့တဲ့ အဓိက နတ်ဆိုးအရှင်သခင် ၇၂ ကောင်ရဲ့စုစုပေါင်းတန်ကြေးက ယွမ် ၃၁.၇သန်းရှိပြီး စွမ်းအင် ပုံဆောင်ခဲအနေနဲ့ပြောင်းလဲယူမယ်ဆိုရင် အနက်ရောင်စွမ်းအင်ပုံဆောင်ခဲ ၃သောင်းကျော်လဲလှယ်နိုင်မှာပဲဖြစ်တယ်"

" အနက်ရောင်ပုံဆောင်ခဲ ၁သောင်းက ‌အရောင်ရှိ ပုံဆောင်ခဲ ၁၀၀ ဒါမှမဟုတ် အရောင်မဲ့ ပုံဆောင်ခဲ ၁တုံး နဲ့ ညီမျှပါတယ်"

ကျိုးဟောင်လည်း သဘောပေါက်နားလည်သွားခဲ့သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က ဒင်္ဂါးပြားများကို ယွမ်‌ဖြင့်လဲလှယ်နိုင်သော်လည်း စွမ်းအင်ပုံဆောင်ခဲများဖြင့် လဲလှယ်လို့ရမရ သူစဉ်းစားနေခဲ့သည်။

"ဒါဆို အဲ့တာတွေကို အရောင်ရှိ ပုံဆောင်ခဲတွေအဖြစ်ပြောင်းပေးပါ"

"စီနီယာကျိုး အရောင်ရှိပုံဆောင်ခဲအဖြစ်ပြောင်းလဲမယ်ဆိုရင် အရောင်ရှိပုံဆောင်ခဲ ၃၁၇တုံးကို ရပါမယ်။ ကျေးဇူးပြု၍ခဏလောက်စောင့်ပေးပါ"

ဘဏ္ဍာရေးမှူး အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။

မိနစ်၀က်လောက်ကြာပြီးနောက် အဖွဲ့များက အရောင်ရှိပုံဆောင်ခဲ ၃၁၇ တုံးပါ သောသတ္တုသေတ္တာလေးအား ယူလာပေးလေသည်။

ငွေကြေးလွှဲပြောင်းမှု ပြီး‌သောအခါ ကျိုးဟောင်က လိန်ဟူအား သိချင်သောကြောင့် မေးလိုက်သည်။

" ဒီစွမ်းအင်ပုံဆောင်ခဲတွေက အက်ကွဲကြောင်းကြီး၏အစွန်အဖျားကနေလာတာလား"

"ဟုတ်ပါတယ်။ စီနီယာကျိုး ခင်ဗျား အဲ့နေရာကို တယောက်ထဲသွားဖို့ စဉ်းစားနေတာတော့မဟုတ်ဘူးမှတ်လား"

လိန်ဟူက ရီမောပြီး‌ပြန်ပြောလေသည်။

ကျိုးဟောင်သည် ထိုနေရာအားသွားဖို့ အစီအစဉ်ရှိလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ အရေးပါမှုကိုသိပြီးနောက် သူပိုက်ဆံအများအပြားရှာရန်လိုအပ်နေလေသည်။

"ဘာလဲ အက်ကွဲကြောင်းကြီးရဲ့အစွန်အဖျားက အန္တရာယ်ရှိလို့လား"

ကျိုးဟောင်က အံ့ဩပြီးမေးလိုက်သည်။

"ဟား ဟား ဟား"

လိန်ဟူက ရီနေခဲ့သည်။ အခြား မူလအဆင့်ကျွမ်းကျင်သူများကလည်းပြုံးနေခဲ့လေသည်။

လိန်ဟူက ခေါင်းခါပြပြီးပြောပြလေသည်။

"အက်ကွဲကြောင်းကြီးရဲ့ အစွန်အဖျားက ပုံမှန်ဆိုရင်တော့အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ တချို့အချိန်တွေမှာ‌ဆိုရင် သာမန်စစ်သားလေးတွေတောင်အဲ့နေရာကိုသွားကြတယ်။ ထိုစွမ်းအင်ပုံဆောင်ခဲတွေရဲ့ အသုံး၀င်ပုံကို ရှာတွေ့ခဲ့ပြီးနောက် မူလအဆင့်ပညာရှင်တွေ ထိုပုံဆောင်ခဲတွေကို ကိုယ်တိုင်တူးဖော်အသုံးပြုရန်စီစဉ်ခဲ့ကြတယ်။ ထိုပုံဆောင်ခဲတွေမရှိဘဲ ကျင့်ကြံရေးနည်းစနစ်တွေ တိုးမြင့်အောင်လုပ်နိုင်ဖို့ခက်ခဲလှတယ်"

ကျိုးဟောင်လည်းသေချာနားထောင်နေခဲ့သည်။

"ဒါပေမဲ့ စွမ်းအင်ပုံဆောင်ခဲများက အလွန်မာကျောပြီး အက်ကွဲကြောင်းကြီးကြောင့်ပြောင်းလဲသွားတဲ့မာကျောတဲ့ မြေဆီလွှာရဲ့ အနက်ဆုံးနေရာမှာ မြုပ်နေကြတယ်။ မူလအဆင့်ကျွမ်းကျင်သူတွေတောင် အဲ့အရာတွေကို တူးဖော်နိုင်ဖို့ စွမ်းအင်အများအပြားသုံးစွဲရတယ်။ ပုံမှန်ဆို ၁နာရီအတွင်းမှာ အနည်းငယ်လောက်သာ တူးဖော်နိုင်တယ်။ သုံးလိုက်ရတဲ့ စွမ်းအင်နဲ့ ပြန်ရတဲ့ ပုံဆောင်ခဲ ပမာဏက မကိုက်ဘူး"

"ဒါကြောင့် မူလအဆင့်ကျွမ်းကျင်သူတွေက အဲ့လို အကျိူးမရှိတာအတွက် အချိန်ကုန်မခံကြတော့ဘူး။ ပုံဆောင်ခဲတွေတူးဖို့အတွက် သာမန်စစ်သားတွေကို သတ်မှတ်ထားတဲ့ အချိန်မှာ အထူး တူးဖော်ရေးပစ္စည်းတွေ‌တပ်ဆင်ပေးဖို့ ပုံဆောင်ခဲတွေ တူးဖော်ခိုင်းတဲ့ နည်းလမ်းကတော့ အခုချိန်မှာ အသုံး၀င်ဆုံးနည်းလမ်းဖြစ်နေခဲ့တယ်"

ကျိုးဟောင်လည်းသဘောပေါက်သွားပြီး ခေါင်းညိတ်ကာပြောလိုက်သည်။

" ဒါဆို မျိုးနွယ်ခြားတွေကို သတ်ဖြတ်တာက ပုံဆောင်ခဲတူးတာထက်ပိုလွယ်ကူနေတာပေါ့"

လိန်ဟူနဲ့ အခြားလူများအားလုံး ရယ်မောသွားကြလေသည်။

"ဟုတ်တယ်။ စီနီယာကျိုး ‌သဘောပေါက်သွားတာကောင်းတယ်။ တူးဖော်ရေးအတွက် စစ်သားတွေနဲ့ သိုင်းပညာရှင်တွေဆီသာ လွှဲထားပေးလိုက်ပါ။ သူတို့အလုပ်ကိုလုယူသလိုလည်းမဖြစ်တော့ဘူးပေ့ါ"

"မှန်တယ်။ ငါတို့တာ၀န်က မျိုးနွယ်ခြားတွေကို သုတ်သင်ရှင်းလင်းဖို့ပဲ"

မူလအဆင့်ကျွမ်းကျင်သူများက ဟစ်ကြွေးနေကြလေသည်။

"စီနီယာကျိုး အခုခင်ဗျား က မူလအဆင့်ကောင်စီရဲ့ ဂုဏ်ယူရတဲ့ဥက္ကဌဖြစ်နေပြီဖြစ်တဲ့အတွက် အရောင်ရှိပုံဆောင်ခဲ ၁၀ တုံးကို လခအဖြစ်လတိုင်းရရှိပါမယ်။ ခင်ဗျား လိုချင်တဲ့အချိန်ထုတ်ယူနိုင်ပါတယ်"

လိန်ဟူက ထပ်ဆောင်းပြောကြားလေသည်။

"ကောင်းပြီ။ ငါသဘောပေါက်ပြီ"

ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်သူသည် မူလအဆင့်အဆောက်အအုံ၌ အချိန်အတော်ကြာသည်အထိ လိန်ဟူ အပါအ၀င် အခြားသူများ နှင့်ဆွေးနွေးနေခဲ့လေသည်။

ကျိုးဟောင်က မူလအဆင့်တယောက်သိသင့်သိထိုက်သည်များကို မေးမြန်းနေခဲ့ပြီး လိန်ဟူ နှင့်အခြားသူများက သေချာရှင်းပြ‌ပေးလေသည်။

မူလအဆင့် ကျွမ်းကျင်သူများသည် ကျိုးဟောင်နှင့် ခဏလောက်သာ ဆက်ဆံရသေးသော်လည်း သူ့အပေါ် အလွန်လေးစားလာကြလေသည်။ သူ့တို့အတွက် ကျိုးဟောင်မှာ အလွန်စွမ်းအားကြီးသော်လည်း နှိမ့်ချဆက်ဆံတတ်ပြီးဖော်ရွေသောကြောင့်ပို၍လေးစားမိကြလေသည်။

ည၁၀:၃၀လောက်မှ ကျိုးဟောင်သည် လေ့ကျင့်ရေးစခန်းရှိ ဗီလာသို့ ပုံဆောင်ခဲ ၃၁၇ တုံးဖြင့်ပြန်လာခဲ့လေသည်။

လက်မအရွယ်အရောင်မဲ့စွမ်းအင်ပုံဆောင်ခဲ ၁တုံးသည် ယွမ် သန်း ၁၀၀လောက်တန်လေသည်။ကျိုးဟောင် သည် စဉ်းစားရင်းဗီလာအ၀င်၀သို့ရောက်သောအခါ လှပသော အသွင်အပြင်လေးတခု၏ပိတ်ဆို့ခြင်းကိုခံလိုက်ရလေသည်။

..............................................................................

အခန်း (၁၆၀) ပြီးပါပြီ။

အခန်း (၁၆၁) : တောင်းဆိုမှုတွေကို ကျေနပ်အောင်ဖြည့်ဆည်းပေးရမှာလား

" ဒီလောက်နောက်ကျတဲ့အထိ ဘယ်တွေသွားနေတာလဲ"

ရှုလင်က သူမ၏ခါးသေးသေးကိုထောက်ပြီးမေးလိုက်သည်။

အဆိပ်အားလုံး၀ ဖိနှိပ်နိုင်သွားပြီးနောက် သူမ၏အသားအရေလေးမှာ ကျောက်စိမ်းကဲ့သို့ ပြန်လည်၀င်းပလာပြီး လရောင်အောက်မှာ ထည်ဝါလှပနေခဲ့လေသည်။

"ငါအပြင်ထွက်လမ်းလျှောက်ရင်း ဒီနားက ဆိုင်တွေလျှောက်ကြည့်နေတာ။ငါတို့ဒီကိုခုမှရောက်တာဆိုတော့ နေ့စဉ်သုံးပစ္စည်းတွေနဲ့လိုအပ်တာတွေ၀ယ်ဖို့သွားခဲ့ပေမဲ့ ဆိုင်တွေက အမှတ်တွေနဲ့၀ယ်မှ ရမှာ"

ကျိုးဟောင်က လိမ်ပြောလိုက်လေသည်။

ရှုလင်လည်း သူပြောတာယုံသွားပြီး သူမ၏မျက်နှာလေးမှာလည်းစိတ်သက်သာရသွားပုံပေါ်လေသည်။

"စီနီယာဟန်ပြောခဲ့သလိုပဲ ခံတပ်စခန်းထဲမှာ အမှတ်တွေနဲ့ပဲအလုပ်လုပ်ကြတာ။ လေ့ကျင့်ရေးစခန်းစတင်တာနဲ့ ငါတို့အတွက်အမှတ်တွေကို အလကားထုတ်ဝေပေးလိမ့်မယ်။ နောက်ရက်အနည်းငယ်လောက်ထိ ငါတို့ရိုရိုကျိုးကျိုးနဲ့ ပြဿနာတွေပတ်မရှာဖို့အရေးကြီးတယ်"

သူမက ဆူနေခဲ့လေသည်။

"ငါသိပါတယ်ဟာ။ ဘာမှလုပ်စရာမှ မရှိတာ။ ဒါနဲ့ နင်ဘယ်လိုနေသေးလဲ"

ကျိုးဟောင်လည်း စိတ်ပူနေသေးသောကြောင့်မေးမိလိုက်သည်။

"ဒါကိုမေးဖို့ နင်ခုမှ သတိရတယ်ပေါ့"

ရှုလင်ကအော်ငေါက်လိုက်လေသည်။

"နင်ရုတ်တရက်ကြီးပေါ်လာတာကြောင့် ငါ့လန့်သွားခဲ့လို့ပါဟာ"

ကျိုးဟောင်က ချက်ချင်းပြန်ဖြေလေသည်။

ရှုလင်၏ သူမ၏ချောမွေ့နေသော လက်မောင်းလေးပေါ်ရှိ အမဲစက်လေးအား လက်ညိုးထိုးရင်းပြောပြလေသည်။

" ဒီမှာ ငါတို့ဟွာတုန်းမြို့က စီနီယာကျိုးက အဆိပ်ကိုဖိနှိပ်ပေးခဲ့တဲ့ဟာပဲ။ စီနီယာကျိုးက အထွဋ်အထိပ် မူလကျွမ်းကျင်သူဖြစ်နေမယ်မထင်ခဲ့ဘူး"

"ဒါဆိုကောင်းတာပေါ့။ ငါဆက်ပြီး စိုးရိမ်နေစရာမလိုတော့ဘူး "

ကျိုးဟောင်က စိတ်လှုပ်ရှားဟန်ဆောင်ပြီးပြောလိုက်သည်။

" ပြီးတော့ အဆိပ်ကနင့်ကိုယ်ထဲမှာကျန်ရှိနေသေးတဲ့အတွက် ငါသန်မာလာတဲ့အခါကျရင် အက်ကွဲကြောင်းထဲ၀င်ပြီးနင့်အဆိပ်ကိုအပြီးပျောက်ဖို့ဆေးသွားရှာပေးမယ်"

ကျိုးဟောင်ကဆက်ပြောနေလေသည်။

" ဟွန့် နင့်မှာ အသိတရားလေးတော့ရှိသေးတာပဲ"

ရှုလင်က ပြုံးလိုက်သည်။

"ကောင်းပြီ သွားပြီးအိပ်တော့"

ရှုလင်ကပြောပြီး လှည့်ထွက်လိုက်သည်။ ထိုအချိန်မှာကျိုးဟောင် ရှုလင်၏ခါးလေးကိုဖက်ပြီး မေးလိုက်သည်။

"ရှုလင် ငါ့အခန်းထဲကအိပ်ရာကြီးက အကြီးကြီးပါ။ဘာလို့ငါတို့အတူ..."

ဘမ်း..

ရှုလင်ကကျိုးဟောင်အား ကန်လိုက်ပြီးပြောလိုက်လေသည်။

"စောက်ကောင်စုတ် နင်ဒါတွေပဲတွေးနေတာလား။ နင့်မှာ အချိန်တွေပိုနေရင် များများသာလေ့ကျင့်နေစမ်းပါ"

ထိုသို့ပြောပြီးနောက် ရှုလင်၏ကျောပြင်လှလှလေးမှာကျိုးဟောင်အား ကျောခိုင်းထွက်ခွာသွားလေသည်။

ရှုလင်ဗီလာထဲ၀င်သွားသည်အထိကျိုးဟောင်ပြုံးပြီးရပ်ကြည့်နေခဲ့လေသည်။ ရှုလင်သူ့အား သံသယမ၀င်စေရန် ခုလိုဟာသလုပ်ပြီး နောက်ပြောင်ခဲ့ခြင်းဖြစ်လေသည်။

ကျိုးဟောင်သည်အခန်းထဲသို့ပြန်ရောက်သောအခါ သူ့လက်ဖဝါးထဲသို့ အရောင်ရှိပုံဆောင်ခဲ ၂တုံးကို ထားလိုက်ပြီး ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ကိုဖွင့်ကာ သူ့အကောင့်ထဲသို့ ဖြည့်သွင်းလိုက်လေသည်။

ဝှစ်

သူ့လက်ထဲပုံဆောင်ခဲ၂တုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သူ့အကောင့်ထဲသို့ ကောင်းကင်ဘုံ ဒင်္ဂါး ၂သန်းရောက်ရှိလာလေသည်။

"ထင်ထားသလို သုံးလို့ရတာပဲ"

ကျိုးဟောင်လည်း စိတ်သက်သာရာရသွားခဲ့လေသည်။

သူသည်ချက်ချင်းပင် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာများရှိသောစာမျက်နှာသို့သွားလိုက်လေသည်။

"ဒင်..ကျေးဇူးပြု၍သင့်ရဲ့လက်ရှိ ဆေးဝါးများ ၊ ကျင့်ကြံရေး နည်းစနစ်များ၊ လက်နက်များနှင့် စီးနှင်းခံအကောင်များအား ဖြည့်စွက်ပါ"

ကျိုးဟောင်လည်း ချက်ချင်းပင် ဖောင်ဖြည့်လိုက်လေသည်။

ကလစ်

သူလိုအပ်သည်များဖြည့်ပြီးသောအခါ သေတ္တာအား လှည်ပတ်စေလိုက်လေသည်။

ကျင့်ကြံရေး နည်းစနစ် : "ပြောင်းလဲခြင်းကိုးသွယ် ရွှေခန္ဓာ" (ပြောင်းလဲခြင်း ၃ဆင့်) - "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ " (ပြောင်းလဲခြင်း၆ဆင့်) ၊

"ရွှေကျီးကဲ့သို့လွတ်မြောက်ခြင်းနည်းစနစ်" - "ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု"

လက်နက်များ : နတ်ဘုရားသတ်ဓား - ကောင်းကင်ဘုံ၏နတ်ဓား

ဆေးဝါးများ : သွေးမျိုးရိုးဆေးလုံး - မျိုးရိုးသုံးဆက်မြောက် ဆေးလုံး - မျိုးရိုး ကိုးဆက်မြောက် ဆေးလုံး

ရုပ်သွင်ခန္ဓာခွက် : ခြောက်လန့်ခြင်းအခြေခံဖွဲ့စည်းမှု ၊ နတ်ဘုရားတို့၏အ‌ခြေခံဖွဲ့စည်းမှု ၊ ရှေးဟောင်းနတ်ဘုရားတို့၏အခြေခံဖွဲ့စည်းမှု ။

အိမ်မွေးတိရစ္ဆာန် : ကျားခြင်္သေ့သားရဲပေါက် - မိုးပျံ ကျားခြင်္သေ့သားရဲပေါက် - ခေါင်းကိုးလုံး မိုးပျံ ကျားခြင်္သေ့သားရဲပေါက် - နဂါး ခြင်္သေ့သားရဲပေါက် - ခေါင်း၇လုံး နဂါးခြင်္သေ့သားရဲပေါက် ။

ထိုအရာများကိုမြင်သောအခါ ကျိုးဟောင်မျက်မှောင်ကြုတ်မိလိုက်သည်။

"ကြည့်ရတာ တိုက်ရိုက်ထုတ်လွှင့်မှုက ရတဲ့လက်ဆောင်တွေကိုလည်း အဆင့်မြှင့်တင်လို့ရတာပဲ"

သူကကံကြမ္မာ အမှတ်များကို ထပ်ကြည့်လိုက်သည်။

ကံကြမ္မာအမှတ်: ၈၂၈၁၀၄၇၀ (ကံကောင်းခြင်းနတ်သမီး၏ကောင်းချီး)

ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ကျိုးဟောင်က အရောင်ရှိပုံဆောင်ခဲ ၈ တုံးလောက် ထပ် ထုတ်ပြီး ဖြည့်သွင်းလိုက်လေသည်။

သူ့အကောင့်ထဲတွင်ဒင်္ဂါး ၁၀၅,၅၁၃,၀၀၀ ဖြစ်သွားလေသည်။အသက်ပြင်းပြင်းရှူလိုက်ပြီး ကံကြမ္မာအမှတ်သန်း၅၀အား အသုံးပြုလိုက်လေသည်။

ဒါသည်သူပထမဆုံး ကံကြမ္မာအမှတ်အများအပြားသုံးခဲ့ခြင်းဖြစ်လေသည်။ ထို့နောက် ချက်ချင်းပင် ရွှေရောင်သေတ္တာများ ၁၀ ကြိမ်ဆက်တိုက်ဖောက်ခြင်းအားနှိပ်လိုက်လေသည်။

ဝူး.....

လျှို့ဝှက်ဆန်းကြယ်သေတ္တာမှာ ပြင်းထန်စွာလည်ပတ်နေခဲ့ပြီး ဖန်သားပြင်တခုလုံးတွင် ရွှေရောင်နဂါးကြီးဖြင့်ပြည့်နှက်နေလေသည်။

"ဒင်... ရှားပါးပစ္စည်း မျိုးရိုးကိုးဆက်မြောက်ဆေးလုံးအားရရှိသည့်အတွက်ဂုဏ်ပြုပါသည်။"

"ဒင် ရှားပါးကျင့်စဉ် ‌"ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ" ၏ ပြောင်းလဲခြင်း၆ဆင့်အား ရရှိသည့်အတွက်ဂုဏ်ပြုပါသည်။"

" ဒင် နှင်းဆီပန်း ၁သောင်းရရှိသည့်အတွက်ဂုဏ်ပြုပါသည်။"

ကံကြမ္မာ အမှတ် သန်း ၅၀သုံးပြီး ၁၀ကြိမ်ဆက်တိုက်ဖွင့်ခဲ့တာတောင်မှ ရှားပါးပစ္စည်း၂ခုဖြစ်သည့် "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ" (ပြောင်းလဲခြင်း၆ဆင့်) နှင့် မျိုးရိုးကိုးဆက်မြောက်ဆေးလုံးတို့ကိုသာရရှိခဲ့လေသည်။

ထိုအခြင်းအရာသည်ကျိုးဟောင်အားနားထင်ထိစေခဲ့လေသည်။

သို့သော်လည်း သူမြန်မြန်သဘောပေါက်သွားသည်။ ကံကြမ္မာအမှတ်သန်း ၅၀မှာ အလွန်များပြားသော ပမာဏဖြစ်သော်လည်း အခြေခံအုတ်မြစ်ထပ်မံတိုးမြှင့်ရန်မဖြစ်နိုင်သော "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ" ၆ဆင့်ကိုသာရရှိခဲ့လေသည်။ သူ့အတွက် ကံကောင်းခြင်းနတ်သမီး၏ ကောင်းချီးမှာ ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာအတွက် မျက်နှာသာပေးမှု လျော့ကျသွားလေပြီ။

"ကြည့်ရတာ ငါနောက်ထပ် ကံကြမ္မာအမှတ် သန်း ၅၀လောက်ထပ်သုံးမှ ကောင်းကင်ဘုံ၏နတ်ဓားနဲ့ ချိုကိုးချောင်းမိုးကြိုးမြွေတို့၏လှုပ်ရှားမှုတို့ကိုရမယ်ထင်တယ်"

ဤအတွေ့အကြုံအရ၊ ကျိုးဟောင် သည် အခြားအန္တိမ အရာနှစ်ခုအပေါ် အနည်းနှင့်အများ နားလည်မှုရှိလာခဲ့သည်။

ကျိုးဟောင်တွေးနေစဉ်မှာပဲ စနစ်၏ ကြေငြာသံထွက်ပေါ်လာသည်။

"ဒင်..ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ အန္တိမရှားပါးအဆင့် ကျင့်ကြံရေးနည်းစနစ်ကို ရရှိသည့်အတွက် "ငါသည် သာမန်လူ‌တစ်ယောက်ပါပဲ" ဟူသောသုံးစွဲသူအား ဂုဏ်ပြုပါသည်။"

"ဒင်.. ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ အန္တိမဆေးလုံးကို ရရှိသည့်အတွက် “ငါသညါ သာမန်လူတစ်ယောက်ပါပဲ”ဟူသော သုံးစွဲသူအား ဂုဏ်ပြုပါသည်။"

ကြေငြာချက်ထွက်လာသည်နှင့်တပြိုင်နက် အသုံးပြုသူအများအပြားပွက်လောရိုက်သွားကြလေသည်။

စကားပြောခန်းထဲတွင် စာများဆက်တိုက်တက်နေလေသည်။

"ကျုပ် ဘစ်ရှော့ထံဆည်းပူးချင်ပါတယ်"

" ငါအခုသူ့ကိုမော့ပဲကြည့်နေနိုင်တော့တယ်"

"တခြားအရာတွေကိုမေ့ထားလိုက်ဦး။ ဘစ်ရှော့က ဒီလျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကို မှီခိုရင်းနဲ့တင် သူ့ပြိုင်ဘက်တွေကိုအလဲထိုးလို့ရနေပြီ"

နတ်မိမယ် ရွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လည်း အသုံးပြုသူများ ပွက်လောရိုက်နေကြလေသည်။

" ဘစ်ရှော့က လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေထပ်ဖွင့်သွားပြန်ပြီ "

"ငါတော့ မနာလိုဖြစ်မိတယ်။ သူဘာပဲလုပ်လုပ် အားလုံးကိုစွဲဆောင်နိုင်တယ်"

"နတ်မိမယ် ယွဲ့လင် မင်းဘစ်ရှော့ကိုသီးသန့်မက်ဆေ့ပို့သင့်တယ်။ ကိုယ့်ဘက်ပဲ ခြေလှမ်းစလှမ်းလိုက်ပါကွာ။ ဒီလိုဘစ်ရှော့ကိုသာ မင်းဆွဲဆောင်နိုင်မယ်ဆိုရင် မင်းခုလို ကြိုးစားပြီးအလုပ်လုပ်နေစရာမလိုဘူး"

"ဟုတ်တယ်။ ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ။ မင်းရဲ့ဂုဏ်သိက္ခာက မင်းရဲ့စွမ်းအားလောက်အရေးမကြီးပါဘူး။ မင်းအဲ့လိုဘစ်ရှော့ကိုသာ ဖြားယောင်းနိုင်မယ်ဆိုရင် ငါတို့ပေးတဲ့ လက်ဆောင်တွေ‌အပေါ် မှီခိုနေစရာမလိုတော့ဘူး။ မင်းရဲ့ကျန်ရှိနေတဲ့ ဘ၀တလျှောက်လုံးလည်း သာသာယာယာဖြစ်သွားနိုင်တယ်"

နတ်မိမယ် ယွဲ့လင်လည်း ဆက်တိုက်တက်နေသောစာများကိုကြည့်ရင်း ပြောစရာမဲ့နေခဲ့လေသည်။သူမလည်း ဒီလိုကံကောင်းလှတဲ့ဘစ်ရှော့ကို စွဲဆောင်ချင်သော်လည်း သူက သူမအား လျစ်လျူရှူခဲ့လေသည်။

"ငါဒီလို အတင်းတောင်းဆိုနေကြတာတွေကို တကယ်ဖြည့်ဆည်းပေးသင့်လား"

သူမစိတ်ထဲတွေးနေခဲ့လေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က သူမ၏ ဘ၀ကို အပြောင်းအလဲဖြစ်သွားစေနိုင်လေသည်။

..............................................................................

အခန်း (၁၆၁) ပြီးပါပြီ။

အခန်း (၁၆၂) : နောက်ထပ် ချိုးဖျက်ခြင်း

သူမသည် ဒီဆော့ဖ်ဝဲလ်ကို များများသုံးလေ ပို၍နားလည်လာလေဖြစ်လေသည်။ သူမပိုပြီးကြိုးစားမှ ပိုဝေးဝေးရောက်မည်ကိုလည်းသိလေသည်။

ဒါ့အပြင် တခါတလေ သူမလက်လျော့လိုက်ရသောအခါများလည်း ရှိလေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က စိတ်ကူးယဉ်မျှော်လင့်လို့မကောင်းပေ။

သက်ပြင်းချရင်းသူမတိုးတိုးလေးညီးတွားမိသည်။

"ကျွန်မလုပ်ချင်ရင်တောင်မှ သူ ကျွန်မတိုက်ရိုက်ထုတ်လွှင့်မှုဆီကို နောက်ထပ်လာမလာမသေချာဘူးလေ"

ကျိူးဟောင်တယောက် လျှို့ဝှက်ဆန်းကြယ်သေတ္တာများဖွင့်လိုက်ခြင်းက နတ်မိမယ်ယွဲ့လင်၏စိတ်ကိုလှုံဆော်ခဲ့သည်ကိုတော့ သူမသိခဲ့ပေ။

ကျိုးဟောင်သည် ခံတပ်အပြင်ဘက်ရှိ တောနက်ဧရိယာထဲသို့ရောက်ရှိနေခဲ့လေသည်။ ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်းက ပြင်းထန်လှုပ်ခတ်မှုကိုဖြစ်စေသောကြောင့် သူ့ ဗီလာထဲတွင်အသုံးပြုလိုက်ပါက အဖွဲ့မှူး ရှစ် နှင့် အခြား မူလအဆင့် ကျွမ်းကျင်သူများသတိထားမိသွားနိုင်လေသည်။

ဂါးဂါး...

ဟိန်းဟောက်သံများ တောနက်ကြီးဆီမှ ဆက်တိုက်ထွက်လာခဲ့ပြီး အစိမ်းရောင်မျက်လုံးများစွာက ကျိုးဟောင်အား စိုက်ကြည့်နေကြလေသည်။

ကျိုးဟောင်က ထိုသားရဲများအားဂရုစိုက်ပဲ ထိုင်ပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကိုဖွင့်ကာ သူ့သိမ်းဆည်းရေးအိတ်ကို ဖြည်လိုက်လေသည်။

သိမ်းဆည်းရေးအိတ်‌ထဲရှိ ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်းများ နှင့်ပတ်သက်သည့်အချက်အလက်များသူ့၏ခန္ဓာကိုယ်ထဲသို့စီး၀င်သွားလေသည်။

"ပြောင်းလဲခြင်း ၄ဆင့်"

ထိုအဆင့်တွင် ကျိုးဟောင်၏ခန္ဓာကိုယ်ထဲရှိ သွေးဆဲလ်များ ရွှေရောင်ကဲ့သို့ပြောင်းလဲသွားပြီး သွေးဆဲလ်တခုချင်းစီမှ ကြောက်မယ်ဖွယ်ကောင်းသော အရှိန်အဝါများ ပျံ့လွင့်နေလေသည်။

သူ့တကိုယ်လုံးမှ ကမ္ဘာဦးသားရဲကြီးတကောင်ကဲ့သို့ ပြင်းထန်သော အရှိန်အဝါများထုတ်လွှင့်နေပြီး အမှောင်ထဲမှသူ့အား စိုက်ကြည့်နေသော မျက်လုံးများသည်လည်း ကြောက်ရွံ့သွားပြီးမြေပြင်ပေါ်တွင်ပြားပြား၀ပ်နေကြလေသည်။

"ပြောင်းလဲခြင်း ၅ဆင့်"

သူ့ခန္ဓာကိုယ်မှာ ဆက်တိုက်ပြောင်းလဲနေပြီး သူ့သွေးဆဲလ်များရွှေရောင်ပြောင်းသွားသကဲ့သို့ သူ့အရိုးများသည်လည်း ဆက်လက်ပြောင်းလဲလာလေသည်။

တောက်ပသော အဖြူရောင်အရိုးများသည် အမြင့်မြတ်ဆုံးနှင့် ကြီးမားကျယ်ပြန့်သော ရောင်ဝါဖြင့် ဆေးကြောခံလိုက်ရပြီး တဖြည်းဖြည်းဖြင့် နက်မှောင်သော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား‌ လေသည်။

"ပြောင်းလဲခြင်း ၆ဆင့်"

ခုနက နက်မှောင်နေသောရွှေအရိုးများသည် ကျိုးဟောင် ၏ သွေးကဲ့သို့ ယခုတစ်ကြိမ်တွင် ရွှေအဖြစ်ပြောင်းလဲသွားခဲ့ လေသည်။

ကျိုး‌ဟောင်ဆီမှ ထုတ်လွှတ်‌နေသော ကြောက်မက်ဖွယ် အငွေ့အသက်များမှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့ လေသည်။

သို့သော်လည်း အဝေးမှကြည့်လျှင် ငြိမ်သက်နေသော သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေလေသည်။‌ ပြောင်းလဲခြင်း ၆ဆင့် ပြီးသောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကျိုးဟောင်လည်း အသက်ပြင်းပြင်းရှုပြီး မတ်တပ်ထရပ်လိုက်လေသည်။သူ့‌ ဘေးနားမီတာ၁၀၀၀လောက်အတွင်း လေထုမှာလည်း သူ့အရှိန်အဝါကြောင့်ခြောက်သွေ့‌သွားလေသည်။ သူသည်လက်သီးကိုဆုပ်ပြီး ရှေ့သို့ထိုးလွှတ်လိုက်သည်။

လေဟာပြင်တခုလုံး သိမ့်သိမ့်တုန်ခါသွားလေသည်။ကျိုးဟောင်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေလေသည်။

" အဆင့်မြင့်ကျင့်ကြံရေးနည်းစနစ်ဆိုတဲ့အတိုင်းပဲ ၆ဆင့်ထဲနဲ့တောင် သာမန်ထက်ပိုတဲ့စွမ်းရည်တွေရှိနေတာပဲ။ ခုဆို လက်သီးတချက်ထဲနဲ့ အထွဋ်အထိပ် နတ်ဆိုးအရှင်သခင်တကောင်ကို တစစီလုပ်နိုင်ပြီပဲ။ ကိုးဆင့်လုံးသာပြီးမြောက်သွားရင် ငါ့ခန္ဓာကိုယ်ဘယ်လောက်သန်မာလာမလဲဆိုတာ စိတ်လှုပ်ရှားနေမိပြီ"

သူ၏တိုက်ခိုက်ရေး စွမ်းရည်ကို အတိအကျမသိသော်လည်း အထွဋ်အထိပ်န၀မအဆင့် မူလမဟာဆရာသခင်ထက်တော့ သာလွန်နေပြီဖြစ်လေသည်။

ဒါ့အပြင် သူ့မူလအ‌ခြေခံနယ်ပယ်မှာလည်း မဟာဆရာသခင်အဆင့်သို့ချိုးဖျက်သွားနိုင်ခဲ့လေသည်။

သိုင်းပညာရှင်များက သူတို့၏သွေးအနှစ်သာရကိုလေ့ကျင့်ကြသည်။ ဆရာသခင်များက သူတို့၏အရိုးများကို လေ့ကျင့်ပြီး မဟာဆရာသခင်များကတော့ သူတို့၏ကိုယ်တွင်းကလီစာများအား သန်မာအောင် လေ့ကျင့်ကြလေသည်။ ထိုကဲ့သို့လေ့ကျင့်ခြင်းဖြင့်သူတို့သည် သာမန်လူသားခန္ဓာကိုယ်‌ထက်သာလွန်သောအဆင့်ကိုရရှိကြလေသည်။

ကျိုးဟောင်လည်း "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ"အား ‌ခြောက်ဆင့်အထိကျင့်ကြံနိုင်ခြင်းကြောင့်သူ၏ သွေးသား၊ ကြွက်သားများ နှင့် အရိုးများကိုပြုပြင်ပြောင်းလဲနိုင်ခဲ့လေပြီ။ သို့သော်လည်းသူ၏ကိုယ်အတွင်းအဓိကအစိတ်အပိုင်း၅ ခုနှင့် ၀မ်းဗိုက်ကလီစာ၆ခုတို့မှာတော့ ပြီးပြည့်စုံရန်လိုအပ်သေးလေသည်။

သို့သော်လည်း ကျင့်ကြံခြင်းက တိုက်ခိုက်ရေးစွမ်းရည်နှင့်တော့မတူပေ။

ဥပမာအားဖြင့် ကမ္ဘာပေါ်ရှိ မဟာဆရာသခင်အများစုမှာ သာမန်ကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့ကြသောကြောင့် သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ မပြင်းထန်ကြပေ။

အဆင့်မြင့် မဟာဆရာသခင်ကြီးများနှင့်ယှဉ်နိုင်သောသူများမှာ ရှားပါးလှလေသည်။ ရှုလင်ကဲ့သို့ ထူးခြားကိုယ်ခန္ဓာရုပ်သွင်ကိုပိုင်ဆိုင်ကြသူများကသာ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်မျိုးထုတ်နိုင်စွမ်းရှိလေသည်။

သို့သော်လည်း ကျိုးဟောင်ကတော့ ခြားနားသည်။ သူသည် "ရှေးဟောင်းနဂါးနှင့် ဆင်တို့၏ဉာဏ်ပညာ" ကျင့်စဉ်၏ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ရှိသည့်အပြင် "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာ" ကျင့်စဉ်ကိုပါ ပိုင်ဆိုင်ထားသောကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ သူ၏ကျင့်ကြံရေးထက် ပိုမိုသာလွန်လေသည်။

ကျိုးဟောင်မှာ သူ၏အတွေးများကိုပြန်လည်စုစည်းလိုက်ပြီး သူ့ရှေ့တွင် မျောနေသော သွေးမျိုးရိုးဆေးလုံးအားကြည့်လိုက်လေသည်။

ထိုဆေးလုံးသည် သူရွေးချယ်ထားခဲ့သော သွေးမျိုးရိုးတထောင်ကျော်ထဲက ဆေးလုံးအမျိုးအစားတခုဖြစ်လေသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ အဆင့်မြှင့်တင်ပေးမှုကြောင့် မျဉ်းကြောင်းကိုးကြောင်းပါသော ဆေးလုံးမှာ ရှေးဟောင်းအရှိန်အဝါများပျံ့လွင့်နေလေသည်။

မျဉ်းကိုးကြောင်း သွေးမျိုးရိုးဆေးလုံး သည် သက်ရှိတ‌ယောက်၏ သွေးမျိုးရိုးအဆင့်အတန်းအားချက်ချင်းမြှင့်တင်ပေးနိုင်စွမ်းရှိလေသည်။

ကျိုးဟောင်လည်း သူ၏ မဟူရာလိပ်နတ်ဘုရားချပ်၀တ်၏သိမ်းဆည်းရေးအိတ်ထဲမှာ ကျားခြင်္သေ့သားရဲပေါက်လေးအားထုတ်လိုက်လေသည်။

ဂါး ဂါး

ထိုသားရဲပေါက်လေးမှာ ဆေးလုံး၏ပြင်းထန်သော အရှိန်အဝါကို အာရုံခံမိပြီး မျက်လုံးတွင် တပ်မက်မှုများတောက်ပနေလေသည်။

"စားလိုက်"

ကျိုးဟောင်က ဆေးလုံးကိုယူပြီးသားရဲပေါက်လေး၏ပါးစပ်နှင့်တည့်ပေးလိုက်လေသည်။ကျားခြင်္သေ့သားရဲပေါက်ကလည်း စိတ်မြန်လက်မြန်မျိုချလိုက်လေသည်။

မျိုချလိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ကြီးမားသော ပြောင်းလဲမှုကို ခံစားခဲ့ရသည်။ နဖူးပေါ်ရှိ မျဉ်းများသည် သုံးကြောင်းအထိဖြစ်လာပြီး တစ်ခုစီမှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ပေါ်လာခဲ့သည်။

၎င်း၏အတောင်ပံများ မှာလည်း ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ရှိ လည်ဆံမွှေးများသည်လည်း ပို၍ပင် လက်ရာမြောက်လာခဲ့သည်။ ၎င်း၏ အမွေးပွအမြီးသည်လည်း ရှည်လျားသော ကြာပွတ်ကဲ့သို့ ပါးလွှာလာခဲ့သည်။ အကြီးမားဆုံးပြောင်းလဲမှုမှာ ၎င်း၏ခြေသည်းများဖြစ်လေသည်။ ၎င်း၏မူရင်းအသားလွှာသည် ပျောက်ကွယ်သွားကာ ၎င်း၏ခြေသည်းငါးချောင်းသည် ယခုအခါ ဓားသွားများကဲ့သို့ ကွေးညွတ်သွားခဲ့သည်။ ထို့အပြင် ၎င်း၏ခြေသည်းများကြားရှိ မျဉ်းကြောင်းများထင်ရှားလာ‌လေသည်။

ဂါး...

သားရဲပေါက်လေး၏ အရွယ်အစားမှာတော့ သိပ်မပြောင်းလဲသွားပေ။ သို့သော်လည်း သူ၏ဟိန်းဟောက်သံမှာ နဂါးတကောင်ကဲ့သို့ အရှိန်အဝါရှိပြီး ကီလိုမီတာ၅၀ အကျယ်အ၀န်းအတွင်းရှိ သားရဲမိစ္ဆာများအား ငြိမ်၀ပ်သွားနိုင်စွမ်းရှိလေသည်။

..............................................................................

အခန်း (၁၆၂) ပြီးပါပြီ။

All Chapters