← Chapters

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း (၁၆၆): ဘစ်ရှော့ကဒီမှာပဲ

သူနောက်ဆုံးရရှိခဲ့သည့် သွေးမျိုးရိုးဆေးလုံး နှင့် ရုပ်ပိုင်းဆိုင်ရာခွက်တို့၏ အာနိသင်က အတော်ကောင်းလေသည်။

ပြီးခဲ့တဲ့ရက်ပိုင်းများ က ရုပ်ပိုင်းဆိုင်ရာခွက်မှာပါသည့် အရည်များ ထည့်ထားသော ပန်းသီးများကို ရှုလင်အား ဆက်တိုက်စားစေခဲ့လေသည်။ အကျိုးရလဒ်အနေနဲ့ ရှုလင်၏ ရေခဲကြွက်သားခန္ဓာကိုယ်မှာ ပိုမိုသန်မာလာခဲ့လေသည်။

အခြားသူများကထိုအခြင်းအရာကို သတိမထားမိကြသော်လည်း ကျိုးဟောင်က ရှုလင်၏ခန္ဓာကိုယ်၌ ပြောင်းလဲနေမှုများကို အာရုံခံမိလေသည်။

တိုက်ရိုက်ထုတ်လွင့်နေကြသူအများအပြားရှိနေပြီး ပုံစံလေးများကို ကြည့်ခြင်းဖြင့် စွမ်းအားကောင်းသော ကျွမ်းကျင်သူများဖြစ်ကြောင်းသိနိုင်လေသည်။

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်သည် နတ်မိမယ် ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ၀င်လိုက်လေသည်။

ကျိုးဟောင် တိုက်ရိုက်ထုတ်လွှင့်မှုထဲ ရောက်သည်နှင့် အသုံးပြုသူများ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။

"လခွမ်း ဘစ်ရှော့က ဒီရောက်လာတာပဲ"

"ကြိုဆိုပါတယ် ' ငါသည်သာမန်လူတယောက်သာဖြစ်သည် ' ။ ကြိုဆိုပါတယ် ဘစ်ရှော့"

"ကူညီပါဦး ဘစ်ရှော့ရယ်။ ကောင်းကင်ဘုံဒင်္ဂါးပြား၁၀သန်းလောက်သုံးပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဖွင့်တာဗျာ ဘာတခုမှကို မရဘူး။ သွေးပျက်ချင်နေပြီ"

"အတူတူပဲ အတူတူပဲ။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က ပိုပိုပြီးကလိမ်ကကျစ်ကျလာပြီ"

ရွှေရောင် နှင့် ပလက်တီနမ် အသုံးပြုသူများက တယောက်ပြီးတယောက်စာပို့နေကြလေသည်။ငွေရောင်အသုံးပြုသူများက စာများအား အသဲအသန်ဖတ်နေကြပြီး ကျိုးဟောင်၏ အကောင့်နာမည်နဲ့မရင်းနှီးသူများက အံ့အားသင့်နေလေသည်။

နတ်မိမယ် ယွဲ့လင်ကလည်း စိတ်လှုပ်ရှားပြီးပြောလာလေသည်။

"ကျွန်မချန်နယ်ထဲသို့ ခုလိုထပ်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်မ ဂုဏ်ယူမိပါတယ်"

အခြားအသုံးပြုသူများကလည်း စတင်စနောက်လာကြလေသည်။

" ဟားဟား နတ်မိမယ် ယွဲ့လင် မင်းက စိတ်တောင်လှုပ်ရှားနေပြီလား"

" ဘစ်ရှော့က မင်းချန်နယ်ကို လာကြည့်တာနှစ်ခါတောင်ရှိပြီ။ ကျေးဇူးတင်တယ်ဆိုရင် မင်းမျက်နှာလေးတော့ ပြသင့်တယ်"

" ဟုတ်တယ် ဒါအမှန်ပဲ။ နတ်မိမယ်ယွဲ့လင် မင်းဘာလို့ ရုပ်သံထုတ်လွှင့်မှုမလုပ်သေးတာလဲ"

ကျိုးဟောင်လည်း စိတ်ကောင်း၀င်နေသောကြောင့်စာရိုက်ပြီးပြောလိုက်လေသည်။

" အားလုံးပဲမင်္ဂလာညနေခင်းပါ "

" ဝိုး...ဘစ်ရှော့ကစကားပြောလာပြီ"

"ဟမ် ဘစ်ရှော့တို့ဘက်မှာ ညနေခင်းတောင်ဖြစ်နေပြီလား"

"ငါတော့ပြောမပြတတ်လောက်အောင်စိတ်လှုပ်ရှားနေပြီ"

အသုံးပြုသူအများအပြားက ပြန်ပြောလာကြလေသည်။

ကျိုးဟောင်ကတော့ စာရိုက်ပို့ပြီးထဲက တခြားသူများပို့သောစာကို မဖတ်တော့ပေ။ သူတိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လာရသည်မှာ အခြားသူများနှင့်စကားပြောနေဖို့မဟုတ်ပေ။ သူလက်ဆောင်များကိုဖွင့်လိုက်ပြီး သူ့ကံကြမ္မာအမှတ် ၁သန်းကိုအသုံးပြုလိုက်လေသည်။

ချက်ချင်းပင် စွမ်းအင်ဘား၊သွေးမျိုးရိုးဆေးလုံးနှင့်အခြားသောလက်ဆောင်ပစ္စည်းများနောက်တွင် နံပါတ်စဉ်များပေါ်လာခဲ့လေသည်။

ကျိုးဟောင်က အရင်ဆုံး စွမ်းအင်ဘား ၁၀၀ပေးပြီး အဆ၅၀၀ ဆုလဒ်ကိုရခဲ့လေသည်။ ထို့နောက် ကျင့်ကြံရေးသစ်သီး အခု၂၃၀အားပေးပြီး အဆ၁၀၀၀ဆုလဒ်ထပ်ရလေသည်။

ကံကြမ္မာ အမှတ် ၁သန်းမှာ ၁မိနစ်သာ ခံလေသည် ။

ကျိုးဟောင်လက်ဆောင်များ လက်ခံပြီးနောက် တခုလျှင် ဒင်္ဂါး ၅ထောင်ကျသင့်သော အယူအဆဆေးလုံးများအား စိုက်ကြည့်နေလေသည်။

ထိုအချိန်မှာပဲ အယူအဆဆေးလုံးနောက်ရှိ နံပါတ်မှာ ၂၁၀ ထိရောက်နေပြီး ကျဆင်းနှုန်းမှာလည်း ပိုမြန်လာလေသည်။ ၂စက္ကန့် ၃စက္ကန့်အတွင်း နံပါတ်စဉ် ၁၄၀ဖြစ်သွားလေသည်။

တခြားထုတ်လွှင့်ချန်နယ်များတွင်ရှိသော အသုံးပြုသူများမှာလည်း အယူအဆဆေးလုံးများကို လက်ဆောင်အဖြစ်ပေးနေသည်မှာ သေချာပေသည်။

ကျိုးဟောင်လည်း အသက်၀၀ ရှူလိုက်ပြီး သူ့အကြည့်များကို အယူအဆဆေးလုံးများပေါ်တွင်ထားထားလေသည်။

ဒီလက်ဆောင်မှာ အလွန်ဈေးကြီးပြီး သူ့ အကောင့်ထဲတွင်လည်း ပိုက်ဆံသိပ်မကျန်တော့ပေ။ ဒါကြောင့် သူအခု ၁၅၀ လုံးချက်ချင်း ပေးမပစ်နိုင်ပေ။ နံပါတ်များမှာ အလွန်လျင်မြန်စွာကျဆင်းနေပုံအရ အခြား တိုက်ရိုက်ထုတ်လွင့်မှုများတွင်လည်း သူ့လိုလက်ဆောင်ပေးနေကြလေသည်။

ဒီအခြေအနေအရ သူ၏လက်မြန်မှုအပေါ်မူတည်သွားလေပြီ။

ဒင်....

သူတုံ့ဆိုင်းနေစဉ်မှာပဲ တိုက်ရိုက်ထုတ်လွင့်မှု၏ထိပ်တွင် ကြေငြာချက်တခုတက်လာလေသည်။ "နတ်ဆိုးလမ်းကြောင်းသို့၀င်ရောက်သူ" မှ အယူဆဆေးလုံးများကိုပေးခြင်းဖြင့် အဆ၁ထောင်ဆုလဒ်ရရှိပါသည်။

ထိုစာကိုမြင်လိုက်သောအခါ ကျိုးဟောင်နောင်တရသွားလေသည်။ ယခုလို ဆုလာဒ်ကို အဆ၁၀၀၀ပေးမယ်မှန်းသိရင် သူပိုက်ဆံအကုန်ခံပြီး အယူအဆဆေးလုံး ၁၀၀လောက်ပေးလိုက်မည်ဖြစ်လေသည်။

" အယူအဆဆေးလုံးအတွက်ဆုလာဒ်ကို အဆ၁၀၀၀ထပ်ပေးတာလား"

"ဟုတ်တယ် အဲ့ နတ်ဆိုးလမ်းကြောင်းသို့၀င်ရောက်သူဆိုတဲ့အသုံးပြုသူက စိန်အဆင့်ဘစ်ရှော့ပဲ။ သူနဲ့ပတ်သက်တဲ့ကြေငြာချက်တွေ တက်လာတာငါတွေ့ဖူးတယ်"

"အယူအဆဆေးလုံးက လူတယောက်ကို ကမ္ဘာပေါ်ရှိအရာခပ်သိမ်းအား နားလည်နိုင်စွမ်းကိုတိုးမြှင့်ပေးတယ်။ အလုံး ၁ထောင်နဲ့သာဆို အဲ့လူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းက တဟုန်ထိုးတက်သွားလိမ့်မယ်"

" ဆေးလုံး ၁၀၀၀လောက်နဲ့သာဆိုရင် ၀က်တောင်မှ ကောင်းကင်နဲ့ မြေပြင်တို့၏ အယူအဆတွေကို သိမြင်လာနိုင်တယ်။ နတ်မိမယ် ယွဲ့လင်လည်း အယူအဆဆေးလုံးကို တစ်ခါရဖူးတယ်"

အသုံးပြုသူများက အများသုံးစကားပြောခန်းတွင်ဆွေးနွေးနေကြလေသည်။

ကျိုးဟောင်လည်း သူသိလိုသော အချက်အလက်များသိရသောကြောင့် လက်ဆောင်များ အပေါ် အကြည့်ပြန်လွဲလာလေသည်။

သူသည် အခြားလက်ဆောင်များကို ကြည့်လိုက်သောအခါ သူ့မျက်နှာတွင် အံ့ဩမှုများပြည့်နှက်သွားလေသည်။ အယူအဆဆေးလုံးအတွက်ဆုလာဒ် တ‌စ် ယောက်ယောက်ကရပြီးနောက် ဆေးလုံးနောက်ရှိနံပါတ်မှာ ၅၇ဖြစ်‌နေလေသည်။

"ဒါကအဆ၁ထောင်ဆုလာဒ်ရဲ့နောက်မှာ နောက်ထပ်ဆုလာဒ်တခုရှိရမယ်"

ထိုအရာကိုမြင်သောအခါသူတုံ့ဆိုင်းမနေတော့ပဲ အယူအဆဆေးလုံး ၆၀ အား လက်ဆောင်ပေးလိုက်လေသည်။

ဒင်...

ရွှေပြားများ ပွတ်တိုက်သံကဲ့သို့ အသံများ ထွက်လာခဲ့လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ထိပ်တွင် "ငါသည်သာမန်လူတယောက်သာဖြစ်သည်" အသုံးပြုအား အယူအဆဆေးလုံးများလက်ဆောင်ပေးခြင်းအတွက်ရရှိသော အဆ၅၀၀ဆုလာဒ်အတွက် ဂုဏ်ပြုပါသည်။

ထုတ်လွှင့်သူများအားလုံး ထိုကြေငြာစာအားတွေ့မြင်ကြလေသည်။ နတ်မိမယ် ယွဲ့လင်၏ ချန်နယ်တွင်ရှိနေသောလူများလည်း ကြောင်သွားကြလေသည်။

..............................................................................

အခန်း (၁၆၆) ပြီးပါပြီ။

အခန်း (၁၆၇) : တိုက်ရိုက်ထုတ်လွှင့်ရတာမလွယ်ကူဘူး။ကျေးဇူးပြု၍ မိတ်ဆွေဖွဲ့ကြရအောင်

"လခွမ်း ဘစ်ရှော့ရယ် ကိုယ့်ကိုယ်ကို အရမ်းအထင်မကြီးလွန်းဘူးလား။ အဆတထောင်ဆုလာဒ်ထွက်သွားတာတောင်မှ နောက်ထပ်ထပ်ပေးမှ ဆုလာဒ်တခုရခဲ့သေးတယ်"

" မင်းက အယူအဆဆေးလုံးအလုံး ၅၀၀လောက်ကို ဘာမှမလုပ်လိုက်ရတာပဲရသွားတာပေါ့။ ညီကိုရယ် မင်းက ကံကောင်းခြင်းနတ်သမီးရဲ့ဆောင်မခြင်းခံနေရတာပဲ"

"ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က တခါတလေ အဲ့လိုဆုကြေးတွေ ၂ခါဆက်တိုက်ထွက်တတ်တယ်။ အကြောင်းကတော့ "နတ်ဆိုးလမ်းကြောင်းသို့၀င်ရောက်သူ" က အယူအဆဆေးလုံးတွေကိုအများအပြားပေးခဲ့တာကြောင့် သူက အလုံး၅၀လောက်ပေးရုံနဲ့ အဆ၅၀၀ဆုလာဒ်ကိုရသွားတာပဲ"

"ငါတော့ အရမ်းမနာလိုဖြစ်နေမိပြီ။ အခုချက်ချင်း အယူအဆဆေးလုံး ၁ဒါဇင်လောက်ပေးပစ်ဦးမယ်"

"မနာလိုဖြစ်နေလည်း အပိုပဲ။ ဘယ်သူမှ အယူအဆဆေးလုံးတွေကိုပေးဖို့ သတ္တိမရှိကြဘူးဟ"

နတ်မိမယ်ယွဲ့လင် ကလည်း ကျိုးဟောင်ဆီသို့ သီးသန့်မက်ဆေ့ပို့ခဲ့လေသည်။

"အယူအဆဆေးလုံးတွေရသွားလို့ဂုဏ်ပြုပါတယ် ဘစ်ရှော့။ ငါတို့စကားအေးဆေးပြောလို့ရအောင် ဒီကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲမှာ မိတ်ဆွေအဖြစ် ဖွဲ့ကြရအောင်"

ထိုအချိန်မှာပဲ လက်ဆောင်များ၏နောက်တွင်ရှိနေသော နံပါတ်များပျောက်ကွယ်သွားခဲ့လေသည်။

ကျိုးဟောင်လည်း စိတ်ပျော်နေခဲ့သည်။ သူသည် သီးသန့်မက်ဆေ့ကို ဖွင့်ကြည့်ပြီး ပြန်ပြောလိုက်သည်။

"ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်မှာမိတ်ဆွေဖွဲ့မယ်။ ငါဘယ်လိုလုပ်ရမှာလဲ"

နတ်မိမယ် ယွဲ့လင်လည်း စိတ်လှုပ်ရှားသွားပြီး ချက်ချင်းစာပြန်ခဲ့လေသည်။

" တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ညာဘက်အပေါ်ထောင့်ကိုနှိပ်လိုက်ပါ။ အဲ့မှာ " နတ်မိမယ်ယွဲ့လင်ကို မင်းရဲ့သူငယ်ချင်းစာရင်းထဲထည့်ချင်လား"ဆိုတဲ့ဟာကိုနှိပ်လိုက်ပါ"

"ကောင်းပါပြီ"

ကျိုးဟောင်က ပြန်ဖြေလိုက်လေသည်။ သူလည်း ယွဲ့လင်ပြောကဲ့သို့ လိုက်လုပ်လိုက်ပြီး စာတခုပေါ်လာခဲ့လေသည်။

မကြာမီပဲ သူက နတ်မိမယ်ယွဲ့လင်အား ကောင်းကင်ဘုံလမ်းကြောင်း မိတ်ဆွေစာရင်းထဲထည့်လိုက်လေသည်။

သူတိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ပြီး သူ့ကိုယ်ပိုင်စာမျက်နှာသို့ပြန်ရောက်သောအခါ မိတ်ဆွေစာရင်းကိုတွေ့ရလေသည်။

"မိတ်ဆွေအဖြစ်လက်ခံပေးလို့ကျေးဇူးတင်ပါတယ်ဘစ်ရှော့"

နတ်မိမယ် ယွဲ့လင်ဆီမှ မက်ဆေ့၀င်လာခဲ့လေသည်။

"ရပါတယ်"

ကျိုးဟောင်က သာမန်ပဲပြန်ပြောလိုက်သည်။ ထို့နောက်သူက သိမ်းဆည်းလိုက်အိတ်ဖွင့်ကြည့်လိုက်လေသည်။ အိတ်ထဲတွင် စွမ်းအင်ဘား ၅၀၀ ၊ ကျင့်ကြံရေးသစ်သီး ၁၀၀၀ နဲ့ အယူအဆဆေးလုံး ၅၀၀တို့အားတွေ့လိုက်ရလေသည်။

သူသည် ရွှေရောင်အဆင့်တွင်ရနိုင်သော လက်ဆောင်များထဲမှ နားလည်နိုင်စွမ်း သစ်ရွက်မှလွဲ၍ကျန်တဲ့ပစ္စည်းအားလုံးကိုရခဲ့လေပြီ။

ထို့ကြောင့် သူသည် နတ်မိမယ် ယွဲ့လင်၏ ထုတ်လွှင့်မှုထဲ ထပ်မံ၀င်ရောက်ခဲ့ပြန်လေသည်။

နားလည်နိုင်စွမ်း သစ်ရွက်တခုလျှင် ဒင်္ဂါး၁၀၀၀ကျသင့်လေသည်။ သူ့အကောင့်ထဲတွင် ဒင်္ဂါး၁သန်းကျော်ရှိသေးသောကြောင့် အခု၁ထောင်လိုက်လက်ဆောင်ပေးနိုင်လေသည်။

ထို့နောက် ကျိုးဟောင်က ကံကြမ္မာအမှတ်များ မသုံးဘဲ ဒီအတိုင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။သို့သော်လည်း သူအခု ၁၁၀၀ကျော်ပေးခဲ့သော်လည်း အဆ၅၀၀ ဆုလာဒ်သာရရှိခဲ့လေသည်။

"သူ ရွှေရောင်အဆင့်မှာရနိုင်တဲ့လက်ဆောင်တွေအကုန်ရယူဖို့ကြိုးစားနေတာလား"

"ဘစ်ရှော့က အခုဆို ရွှေအဆင့်မှာ ရနိုင်တာတွေ အကုန်လုံး ရရှိသွားပြီပဲ။ နောက်ဆို သူပလက်တီနမ်အဆင့်ကဟာတွေကို ချိန်နေလောက်ပြီ"

"ပလက်တီနမ်အဆင့်က လက်ဆောင်တွေက ဈေးအပေါဆုံးဟာတောင်မှ ဒင်္ဂါး၁သောင်းလောက်ရှိတယ်။နောက်ပြီးရနိုင်တဲ့ အဆတွေလည်းနည်းသွားပြီး အများဆုံးမှ အဆ၁၀၀လောက်ပဲရနိုင်မှာ"

"ပလက်တီနမ်အဆင့်က လက်ဆောင်တွေက ရွှေအဆင့်ကဟာတွေကို အဆင့်မြှင့်တင်ပေးထားတဲ့ဟာတွေပဲ။ ဆော့ဖ်ဝဲလ်ကတော့ ဖောဖောသီသီပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် စိန်အဆင့်ကလူတွေလက်ဆောင်ပေးတာလည်း မြင်ဖူးတယ်။ သူတို့ဆို အဆက တော်တော်ကြီးကိုနည်းတာ။ ဒါပေမဲ့ အဲ့လက်ဆောင်တွေက လျှို့ဝှက်ဆန်းကြယ်သေတ္တာက ရှားပါးပစ္စည်းတွေလောက်ကို တန်ဖိုးရှိတယ်"

ကျိုးဟောင်လည်း အများသုံးစကားပြောခန်းထဲမှ စာများကိုဖတ်ပြီးနောက် ပလက်တီနမ်အဆင့်လက်ဆောင်များကို တချက်ကြည့်လိုက်လေသည်။

ပလက်တီနမ်အဆင့်လက်ဆောင်များမှာ ရွှေအဆင့်လက်ဆောင်အတော်များများနှင့် နာမည်ဆင်တူလေသည်။

စွမ်းအင်ဘား ၊ သွေးမျိုးရိုးဆေးလုံး ၊ ကျင့်ကြံရေးနည်းစနစ်စာမျက်နှာများ ၊ နားလည်နိုင်စွမ်းကျောက်တုံးဆေးပြား ၊ နတ်ဘုရားခန္ဓာဖွဲ့စည်းပုံ ၊ အယူအဆစာလိပ် ။

အသီးအသီး၏ဈေးနှုန်းများမှာလည်း ဒင်္ဂါးပြား ၁သောင်း ၊ ၂သောင်း ၊ ၅သောင်း ၊ ၁သိန်း ၊ ၂သိန်း နှင့် ၅သိန်းအထိရှိလေသည်။အတော်လေးကို ဈေးကြီလေသည်။

သို့သော်လည်း ကျိူးဟောင်အတွက်အထူးအဆန်းမဟုတ်ပေ။ သူသည် ထိုပစ္စည်းများ၏ အာနိသင်ကို စမ်းသပ်ခဲ့ပြီး ထိုက်တန်သောရလဒ်ရှိလေသည်။အပြင် လောကရှိ ကျွမ်းကျင်သူများသာ ပိုက်ဆံရှိပါက ထိုပစ္စည်းများကို အလုအယက်၀ယ်ယူကြမည်ဖြစ်လေသည်။

သို့သော်လည်း ထိုပစ္စည်းများက ကောင်းကင်ဘုံ‌လမ်းကြောင်းဆော့ဖ်ဝဲလ်တွင် ပိုက်ဆံပေးပြီး အလွယ်တကူ၀ယ်ယူလို့ရနိုင်လေသည်။

"ပလက်တီနမ် အဆင့် လက်ဆောင်တွေကိုမပေးပစ်ခင် အရင်ရထားတဲ့ လက်ဆောင်တွေကို စုပ်ယူဖို့ကြိုးစားရဦးမယ်"

ကျိုးဟောင်က တယောက်ထဲတွေးနေခဲ့သည်။ ပလက်တီနမ်အဆင့် လက်ဆောင်များက အဆင့်မြှင့်တင်ထားသောပစ္စည်းများဖြစ်သောကြောင့် ရွှေရောင်အဆင့်က ပစ္စည်းများထက် ပိုမိုကောင်းနိုင်လေသည်။

ထိုအချိန်မှာပဲ သူ့ဆီ သီးသန့်စာတစောင်၀င်လာခဲ့လေသည်။

ကျိုးဟောင်ဖွင့်ကြည့်လိုက်သောအခါ နတ်မိမယ် ယွဲ့လင်ဆီမှစာဖြစ်နေလေသည်။

"ဘစ်ရှော့ တကယ်လို့ ရှင်ဆန္ဒရှိရင် ကျွန်မ နက်ဖြန် ရုပ်သံထုတ်လွှင့်မှုပြုလုပ်ပေးမယ်"

ထိုစာသောမြင်သောအခါ နတ်မိမယ်ယွဲ့လင်၏ သိမ်မွေ့နူးညံ့သော ရုပ်ပုံသော မျက်စိထဲပေါ်လာခဲ့ပြီး စိတ်ထဲတွင်လည်း ပန်းများပွင့်လာသလိုခံစားလိုက်ရလေသည်။

သူချက်ချင်းပင် စိတ်ကိုထိန်းချုပ်လိုက်ပြီး မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်လေသည်။

"နတ်မိမယ် ယွဲ့လင် မင်းအခုလို စိတ်အားထက်သန်နေရဲ့အကြောင်းက မင်းတခုခုလိုချင်လို့မှတ်လား။ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ"

တဖက်က တဲ့တိုးပြောလာသောကြောင့် နတ်မိမယ် ယွဲ့လင်လည်း ကြောင်သွားခဲ့လေသည်။ သူတို့နှစ်ယောက်လုံး ကျင့်ကြံသူများ ဖြစ်သောကြောင့် ရှက်နေစရာမလိုပေ။

"ဘစ်ရှော့ ဒါက ဒီလိုပါ။ မင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ထုတ်နိုင်ဖို့ဆိုရင် တနေ့ကို ဒင်္ဂါး၁၀သန်းလောက်ရှိတဲ့ လက်ဆောင်တွေရနေဖို့လိုအပ်တယ်"

သူမက ရှက်မနေတော့ပဲ ပွင့်လင်းစွာပြောလိုက်လေသည်။

ကျိုးဟောင်လည်း ချက်ချင်းသဘောပေါက်သွားလေသည်။ ကောင်းကင်ဘုံဒင်္ဂါး၁၀သန်းသည် ယွမ် ၁ဘီလီယံနဲ့ ညီမျှသည့်အပြင် အရောင်ရှိပုံဆောင်ခဲ ၁၀တုံး တန်ဖိုးရှိလေသည်။

"နတ်မိမယ် ယွဲ့လင်ဒင်္ဂါး၁၀သန်း ဆိုတဲ့ ကန့်သတ်ချက်က မင်းအတွက်လည်း ခက်ခဲတယ်မှတ်လား"

ကျိုးဟောင်ကပြန်မေးလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်ဆောင်များ ပေးပို့သည့် အသုံးပြုသူ အနည်းငယ်သာ ရှိသော်လည်း ရံဖန်ရံခါလက်ဆောင်များ ပေးပို့သော ပလက်တီနမ်နှင့် စိန်အသုံးပြုသူများလည်း ရှိသေးသည်။

ထို့အပြင် လက်ဆောင်များ ပေးပို့တိုင်း ၎င်းတို့သည် အခြေခံအားဖြင့် များပြားသော ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် ရွှေအဆင့် လက်ဆောင် အယူအဆဆေးလုံး ၂ထောင် ကို လက်ဆောင်ပေးရင်‌တောင် လိုအပ်သည့် ပမာဏကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်လေသည်။

နတ်မိမယ်ယွဲ့လင်က ပြုံးလိုက်လေသည်။ သူမ၏လက်ရှိကျော်ကြားနေမှု ယကြောင့်ဒင်္ဂါး၁၀သန်းကို အလွယ်တကူရှာနိုင်လေသည်။

သို့သော်လည်း ထုတ်လွှင့်သူများ ကြားတွင် ပြိုင်ဆိုင်မှုကအလွန်ပြင်းထန်လေသည်။ သူမသည် အနိမ့်ဆုံး သတ်မှတ်ချက်လောက်ကိုသာ အမြဲပြီးမြောက်နေပါက သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု အဆင့်မှာ တဖြေးဖြေးကျဆင်းသွားပြီး လူစိတ်၀င်စားမှုလည်း လျော့ကျသွားမည်ဖြစ်လေသည်။

ကောင်းကင်ဘုံလမ်းကြောင်းကပေးသော ဆုလာဒ်ကိုမဆိုထားနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ဆက်လုပ်ရန်ပါခက်ခဲသွားမည်ဖြစ်သည်။

"ဘစ်ရှော့ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို အသုံးပြုသူတိုင်းက လတိုင်းအဆင့်သတ်မှတ်ချက်အတွက်ပြိုင်ဆိုင်ရတယ်"

..............................................................................

အခန်း (၁၆၇) ပြီးပါပြီ။

အခန်း (၁၆၈) : နတ်မိမယ် ယွဲ့လင်၏ အပေးအယူ

"မင်းရဲ့ထုတ်လွှင့်မှု အဆင့်က ၁သိန်းအောက်ရောက်သွားပါက အနိမ့်ဆုံး သတ်မှတ်ချက်များပြည့်မီခဲ့ရင်‌တောင်မှ ဖျက်သိမ်းခြင်းခံရမှာဖြစ်ပြီး ပြန်လည်ထုတ်လွှင့်နိုင်ဖို့ ၃နှစ်စောင့်ရမှာပဲဖြစ်တယ်။ တကယ်လို့ ၅ခါတိတိဖျက်သိမ်းခံရပါက မင်းကို ကောင်း‌ကင်ဘုံလမ်းကြောင်းသုံးစွဲခွင့် ရာသက်ပန်ပိတ်သွားလိမ့်မယ်"

ထိုစာကိုမြင်သောအခါ ကျိုးဟောင်က သိချင်လွန်း၍ထပ်မေးလိုက်လေသည်။

"မင်းကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲကနေ နှင်ထုတ်မခံချင်ရင် တိုက်ရိုက်ထုတ်လွှင့်မှုကို မလုပ်ဘဲနေလို့မရဘူးလား"

"မရဘူး။ မင်း တခါ စတင်ထုတ်လွှင့်လိုက်တာနဲ့ ရပ်ဖို့မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အကျိုး အမြတ်အများကြီးရှိတယ်။ များသောအားဖြင့် စိန်အဆင့်အသုံးပြုသူတွေက စတင် ထုတ်လွှင့်မှု ပြုလုပ်နိုင်ပြီး အဆင့်သတ်မှတ်ချက်မှာလည်း ထိပ်ဆုံး ၁၀ယောက်ထဲပါ၀င်နိုင်တယ်။ ရှင် စိန်အဆင့်ကိုရောက်ရင်သိလာလိမ့်မယ်"

နတ်မိမယ် ယွဲ့လင်ဆီမှ သတင်းအချက်အလက်များစွာရရှိခဲ့လေသည်။

အဆင့်ပိုမြင့်လာလေလေ လုပ်ပိုင်ခွင့်တွေပိုများလာလေလေဖြစ်ကြောင်း ကျိုးဟောင်လည်းသိလေသည်။

"ငါအဆင့်သတ်မှတ်ချက်တွေကိုဘယ်လိုကြည့်ရမလဲ"

ကျိုးဟောင်ကမေးလိုက်သည်။

"ဘစ်ရှော့ ကျွန်မရဲ့ ကိုယ်ပိုင်စာမျက်နှာ က ပုံကိုနှိပ်လိုက်ပါ။ အဲ့မှာ ရခဲ့တဲ့လက်ဆောင်တွေနဲ့ အဆင့်သတ်မှတ်ချက်ကိုတွေ့ရလိမ့်မယ်"

နတ်မိမယ် ယွဲ့လင်ကပြန်ဖြေသည်။

ကျိုးဟောင်လည်း ချက်ချင်းပဲ တိုက်ရိုက်ထုတ်လွှင့်ချန်နယ်ရဲ့ဘယ်ဘက်အပေါ်ထောင့်တွင်ရှိသော နတ်မိမယ် ယွဲ့လင်၏ ကိုယ်ပိုင်စာမျက်နှာက ပုံကို နှိပ်လိုက်သည်။

သူသည် နတ်မိမယ် ယွဲ့လင်၏ ရခဲ့သောလက်ဆောင်များ နှင့် အဆင့်သတ်မှတ်ချက်ကိုတွေ့လိုက်ရသည်။

"၁၇ ရက်နဲ့ ၁၈ ဘီလီယံ လက်ဆောင်များ ( လက်ရှိအဆင့်: ၈၇၁၉၀)"

သူအံ့အားသင့်သွားလေသည်။

၁၇ရက်အတွင်း လက်ဆောင် ၁၀ဘီလီယံလောက်ရခဲ့တာတောင်မှ သူမ၏အဆင့်မှာ ၉သောင်း၀န်းကျင်တွင်သာဖြစ်နေခဲ့လေသည်။ တိုက်ရိုက်ထုတ်လွှင့်သူများကြား ပြိုင်ဆိုင်မှုမှာ တကယ်ပြင်းထန်ပေသည်။

"နတ်မိမယ် ယွဲ့လင် ကြည့်ရတာ မင်းအတွက်လည်း မလွယ်ကူဘူးပဲ"

သူသက်ပြင်းချပြီးပြောလိုက်လေသည်။

"ဟုတ်ပါတယ် ဘစ်ရှော့။ ရှင်သိထားသလိုပဲ အသုံးပြုသူအများစုက ကျင့်ကြံသူများဖြစ်ကြတာကြောင့် သူတို့ကျင့်ကြံနေတဲ့အချိန်တွေဆို တိုက်ရိုက်ထုတ်လွှင့်မှုကရတဲ့လက်ဆောင်တွေနည်းပါးတတ်တယ်။ ရှင့်လို ကံကောင်းလွန်းတဲ့ ဘစ်ရှော့တွေက အများကြီးမရှိဘူး။ တခြားအသုံးပြုသူတွေက လက်ဆောင်တွေပေးသော်လည်း ဈေးပေါတဲ့အရာတွေဖြစ်နေတာများတယ်။ စိန်အဆင့်အသုံးပြုသူတွေကဈေးကြီးတဲ့လက်ဆောင်တွေပေးတတ်ပေမဲ့ သူတို့က သူတို့အင်အားတိုးတက်လိုတဲ့အချိန်မှပဲပေးကြတာများတယ်"

"ပြီးတော့ ကျွန်မရဲ့ ချန်နယ်ထဲမှာက အဆင့်နိမ့်အသုံးပြုသူတွေပဲများတာကြောင့် ကျော်ကြားပေမဲ့ အဆင့်ကနိမ့်နေရခြင်းဖြစ်တယ်"

နတ်မိမယ် ယွဲ့လင်က ရှင်းပြလေသည်။ထို့နောက် သူမသည် နှုတ်ခမ်းကိုကိုက်ပြီး တုံ့ဆိုင်းနေခဲ့ပြီးနောက်ပြောလိုက်လေသည်။

" ဘစ်ရှော့ ရှင် ကျွန်မချန်နယ်ကို မကြာမကြာလာပေးဖို့ မျှော်လင့်ပါတယ်။ ရှင်တောင်းဆို ချင်တာရှိရင်လည်း ပြောပါ ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်"

ကျိုးဟောင်ကပြုံးလိုက်သည်။

"မင်း ငါ့ရဲ့လွန်ကဲတဲ့တောင်းဆိုမှုတွေကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလား"

ကျိုးဟောင်က ဟာသနှောပြီး ပြန်ပြောလိုက်သည်။နတ်မိမယ် ယွဲ့လင်ဆီမှ စာပြန်မလာခဲ့ပေ။

ကျိုးဟောင်လည်း နတ်မိမယ် ယွဲ့လင်အားစိတ်ဆိုးအောင်လုပ်မိလိုက်ပြီလို့တွေးမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ ဆော့ဖ်ဝဲလ်တွင်ရှိသော လူများအချင်းချင်း တာ၀န်ယူပေးလောက်စရာ အခြေအနေမရှိသောကြောင့် သူလည်းနတ်မိမယ်ယွဲ့လင်အား မဖြစ်မနေကူညီပေးဖို့မလိုအပ်ပေ။

ထို့နောက်သူသည် ဆော့ဖ်ဝဲလ်အား ပိတ်လိုက်ပြီး ဖုန်းသာကြည့်နေခဲ့လေသည်။ အိပ်ခါနီးလောက်မှ ဆော့ဖ်ဝဲလ်အားပြန်ဖွင့်လိုက်သောအခါ စာတစောင် တက်လာခဲ့လေသည်။

"သေချာတာပေါ့"

နတ်မိမယ်ယွဲ့လင်ကပြန်ပို့လာခဲ့လေသည်။

ကျိုးဟောင်မှာလည်း အံ့အားသင့်သွားခဲ့လေသည်။ နတ်မိမယ်ယွဲ့လင် သဘောတူလိမ့်မည်လို့ သူမထင်ထားခဲ့ပေ။ သို့သော် ဒီလအတွက် အဆင့်သတ်မှတ်ချက်မှာ အရမ်းနိမ့်နေသောကြောင့် နတ်မိမယ်ယွဲ့လင်လည်း ဖိအား‌တွေများနေကြောင်း သူသတိထားမိသည်။

"နတ်မိမယ် ယွဲ့လင် ကျုပ်က‌စလိုက်တာပါ။ အရမ်းအတည်မယူပါနဲ့။ ကျုပ်အချိန်ရရင် ခင်ဗျား ချန်နယ်ထဲလာခဲ့ပါ့မယ်"

ကျိုးဟောင်က စာပြန်လိုက်ပြီးနောက် ဆော့ဖ်ဝဲလ်အားပိတ်ကာ အိပ်လိုက်လေသည်။

....

လှပသောရှုခင်းများနှင့် ရောင်ဝါများ လင်းလက်နေသော တောင်တန်းများ၏ ထိပ်တနေရာရှိ ရေပူစမ်းတခုတွင်...

နတ်မိမယ် ယွဲ့လင်၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့ နေပြီး သူမ၏တကိုယ်လုံးမှ သန့်ရှင်းစင်ကြယ်သော ရောင်ဝါများ ထုတ်လွှတ်နေလေသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း ရွှေစံနှုန်းအတိုင်း လှပကျော့ရှင်းနေလေသည်။

ရေပူစမ်း၏‌အခိုးအငွေ့လေးများကလည်း သူမ၏ဆံနွယ်အရှည်များအားစိုစွတ်နေစေလေသည်။

"အထွဋ်အထိပ် ဆရာသခင်မလေး၊ အကြီးအကဲ ချင်ရွှီက အလည်အပတ်ရောက်လာပါတယ်"

အမျိုးသမီး၀န်ထမ်းမလေးတဦးက ရေပူစမ်းနှင့် မီတာ၁၀၀လောက်အကွာကနေ ဦးညွတ်ပြီးပြောလိုက်သည်။

"ပြန်ပြောလိုက်ပါ။ ငါနေလို့မကောင်းလို့ ဧည့်သည်တွေလက်မခံဘူး"

သူမ၏ အေးစက်ပြီးခံစားချက်မဲ့သော အသံလေးထွက်လာခဲ့သည်။

ရံရွေတော်လေးလည်း ခေါင်းလေးညိတ်ပြပြီး ပြန်ဆုတ်သွားလေသည်။

နတ်မိမယ်ယွဲ့လင်လည်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ဖန်သားပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ လက်တွေ့မှာရော ဆော့ဖ်ဝဲလ်မှာပါ ဖိအားနှစ်ခုကိုခံစားနေရခြင်းကြောင့် သူမ၏ အကျင့်စရိုက်ကိုပြောင်းလဲခဲ့ခြင်းဖြစ်သည်။

"ငါသည်သာမန်လူတယောက်ပါဆိုတဲ့ လူရဲ့တောင်းဆိုချက်တွေက အရမ်းမလွန်ကဲလာဖို့မျှော်လင့်မိတယ်"

သူမသည် နှုတ်ခမ်းကိုကိုက်ပြီး သနားစရာအကြည့်လေးဖြင့်ကြည့်နေလေသည်။

ဒီ ဒီ

ထိုအခိုက်အတန့်မှာပဲ စာတစောင်၀င်ရောက်လာခဲ့လေသည်။

သူမအလျင်အမြန် ဖွင့်ကြည့်လိုက်သောအခါ ကျိုးဟောင်၏ စာဖြစ်နေခဲ့သည်။ ထို့နောက် သူမသည်ပြုံးလိုက်မိပြီး သူမ၏မျက်နှာပေါ်မှ စိတ်ပူပန်နေမှုများလည်း လျော့ကျသွားလေသည်။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို နှစ်နှစ်နီးပါး အသုံးပြုခဲ့ပြီးနောက် သူမသည် ကျိုးဟောင်ကဲ့သို့ ဘစ်ရှော့မှာ အလွန်ရှားပါးကြောင်းသိလေသည်။ လျှို့ဝှက် ဆန်းကြယ်သေတ္တာမှ ပစ္စည်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုက လက်ဆောင်များသည် ကျင့်ကြံသူတို့၏ အင်အားကိုတိုးမြှင့်ပေးနိုင်စွမ်းရှိလေသည်။

သို့သော်လည်း ထိုရှားပါးပစ္စည်းများကိုရရှိရန် အသုံးပြုသူများအတွက် အလွန်ခက်ခဲလှပေသည်။ ဒါပေမဲ့ ကျိုးဟောင်က လျှို့ဝှက်ဆန်းကြယ်သေတ္တာများသာမက တိုက်ရိုက်ထုတ်လွှင့်မှု၏ လက်ဆောင်များမှာပါ ဆက်တိုက်ဆုလာဒ်များရရှိနေခဲ့လေသည်။ ထိုကဲ့သို့ ဘစ်ရှော့ကိုတော့ တိုက်ရိုက်ထုတ်လွင့်သူတိုင်းက အမိအရဖမ်းဆွဲထားချင်ကြသည်မှာ သေချာပေသည်။

..............................................................................

အခန်း (၁၆၈) ပြီးပါပြီ။

All Chapters