← Chapters

အခန်း ၁၆၉-၁၇၁

Vol. 12 Ch. 169-171

အခန်း ၁၆၉-၁၇၁

Vol. 12 Ch. 169-171

အခန်း (၁၆၉) : အင်အားစမ်းသပ်မှု

ဒါ့အပြင် ထိုဘစ်ရှော့ စတင်၀င်ကြည့်ခဲ့သော ချန်နယ်မှာလည်း သူမ၏ချန်နယ်ဖြစ်လေသည်။

ထိုအဖြစ်အပျက် သည် နတ်မိမယ် ယွဲ့လင်အတွက် အလွန်ရှားပါးသော အခွင့်အရေးတရပ်ဖြစ်လေသည်။

နတ်မိမယ်ယွဲ့လင်လည်း အချိန်အတော်အကြာစဉ်းစားပြီးမှ သူမ၏ သဘောထားကို ပြောင်းလဲခဲ့ခြင်း‌ဖြစ်လေသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့်တဖက်က အခွင့်အရေးယူသော တောင်းဆိုချက်များမရှိခဲ့ပေ။

ထိုအခြင်းအရာသည် သူမအတွက် အလွန်ကျေးဇူးတင်စရာဖြစ်စေခဲ့သည်။

သူမသည် မက်ဆေ့စာမျက်နှာကိုကြည့်ပြီး ကောင်းကင်ဘုံဒင်္ဂါးပြား၁ထောင်ကိုအသုံးပြုကာ အသံမက်ဆေ့ပို့လိုက်လေသည်။

"ကျေးဇူးတင်ပါတယ်"

ကျိုးဟောင်ကတော့ သူ၏ဟာသက နတ်မိမယ်ယွဲ့လင်အား ထိတ်လန့်စေခဲ့ခြင်းကိုတော့ မသိခဲ့ပေ။ သူ့အတွက်မူ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က အင်အားများတိုးပွားစေရန်သာဖြစ်လေသည်။ဒါ့အပြင် လက်တွေ့ဘ၀အတွက်သာသူအာရုံစိုက်လေသည်။ သူသည် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသော ကပ်ဆိုးကြီးကို သိရှိပြီးနောက် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အား အချိန်ပြည့်အာရုံမစိုက်နိုင်တော့ပေ။

နောက်တနေ့ မနက်၌...

နားထဲထိစူးနေသော အချက်ပေးသံထွက်လာခဲ့လေသည်။

ဗီလာ နှင့် အိပ်ဆောင်တို့တွင် ရှိသော ကျောင်းသား၆၀မှာ အသည်းအသန် ၀တ်စားဆင်ယင်ပြီး လေ့ကျင့်ရေးဆီသို့ပြေးသွားကြလေသည်။

ဒီနေ့သည် ၇ခုမြောက် လေ့ကျင့်ရေးစခန်း၏ ပထမဆုံးကျောင်းစတက်ရသည့်နေ့ဖြစ်လေသည်။ နောက်ကျခဲ့ပါက အကျိုးဆက်သည် မတွေးဝံ့စရာပင်ဖြစ်လေသည်။

လေ့ကျင့်ရေးမြေပြင်၌

ဒုတိယအဆင့်မူလပညာရှင် ယန်ဟွေ့က ရပ်နေခဲ့လေသည်။

ကျိုးဟောင် ၊ရှုလင်တို့ ပါ၀င်သော ကျောင်းသား၆၀မှာလည်း ၅မိနစ်အတွင်းစုရုံးရောက်ရှိလာကြလေသည်။

ယန်ဟွေ့က သူ့နာရီကိုတချက်ကြည့်ကာ အားလုံးအား အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ဒီနေ့ကပထမဆုံးဖွင့်ရက်မို့ မင်းတို့ကို အချိန်ပိုပေးလိုက်မယ်။ ဒါပေမဲ့ နောက်နေ့တွေကျရင် အချက်ပေးသံမြည်ပြီး ၃မိနစ်အတွင်း မင်းတို့အားလုံးအရောက်လာရမယ်။ မင်းနောက်ကျခဲ့ရင်တော့ နောက်ကျခဲ့တဲ့ စက္ကန့်အရေအတွက်အတိုင်း ဒီလေ့ကျင့်ရေးကွင်းကို ပတ်ပြေးရမယ်"

"မင်းတို့နားလည်ကြလား"

ကျောင်းသားအားလုံးလည်း တညီတညွတ်တည်းပြန်ဖြေလိုက်ကြသည်။

"နားလည်ပါတယ်ဆရာ"

"ကောင်းပြီ။ အဲ့တာဆို ဒီနေ့အတွက် မင်းတိုရဲ့အင်အားဘယ်လောက်ရှိလဲ သိရှိနိုင်ဖို့အတွက် ခွန်အားစမ်းသပ်မှုစလုပ်မယ်"

ယန်ဟွေ့က ထပ်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် လက်ခုပ်တချက်တီးလိုက်သောအခါ လေ့ကျင့်စခန်းရှိ စမ်းသပ်သူများက စမ်းသပ်ရေးပစ္စည်းများသယ်လာခဲ့လေသည်။

"လက်သီးစွမ်းအား၊ လျင်မြန်မှု ၊တုံပြန်နိုင်စွမ်း... အဲ့သုံးခုက သိုင်းပညာရှင်တယောက်အတွက် အဓိကအရေးကြီးတဲ့အချက်တွေပဲ။ ဒီစမ်းသပ်ရေးပစ္စည်းတွေက ငါတို့လူသားမျိုးနွယ်တွေရဲ့ အဖိုးတန်ပစ္စည်းတွေပဲ။ သူတို့က မင်းတို့ရဲ့ အင်အားကို တိတိကျကျတိုင်းတာပေးနိုင်တယ်"

ယန်ဟွေ့ကပြောပြနေခဲ့သည်။

"မင်းတို့ရဲ့လက်ရှိအဆင့် စတင်စမ်းသပ်မယ်။ ကျိုးဟောင်မင်းအရင်သွား အစမ်းသပ်ခံလိုက်"

ဝှစ် ဝှစ်..

အားလုံး၏ အကြည့်က ကျိုးဟောင်ဆီသို့ရောက်သွားခဲ့လေသည်။

"ခရမ်းခြင်ဆီအရည်လိုမျိုး အပင်ဝိညာဉ်ကပေးတဲ့ အင်းအားတိုးမြှင့်မှုက အရမ်းမများဘူး။ ငါခန့်မှန်းကြည့်ရသ‌လောက်တော့ အစက ကျိုးဟောင်က သိုင်းပညာရှင်အဆင့်ရှိခဲ့တာဆိုတော့ အခုဆို ကအလယ်အလတ်သိုင်းပညာရှင် အဆင့်လောက်ဖြစ်နေလောက်ပြီ"

"ဟုတ်တယ် သူက အထွဋ်အထိပ်အလယ်အလတ်အဆင့် သိုင်းပညာရှင် လောက်တော့ရှိနိုင်တယ်။ ခရမ်းရောင်ခြင်ဆီအရည်က အဆင့်မြင့်တဲ့အဆင့်တွေမှာပဲ ပိုမိုသက်ရောက်စွမ်းမြင့်မားတာ"

"သနားစရာပဲ။ သူ့အတွက် ခရမ်းခြင်ဆီအရည်တွေက ဖြုန်းတီးမှုသက်သက်ပဲ"‌

ကျောင်းသားအချို့မှာ တီးတိုးပြောဆိုနေကြလေသည်။ သူတို့သည် ကျိုးဟောင်နှင့် အခြားသူများအပေါ် မနာလိုဖြစ်နေကြလေသည်။ တကယ်လည်း ကျိုးဟောင်မှာ လေ့ကျင့်ရေးစခန်း၏ကျင့်ကြံခြင်းအဆင့်မှာ အောက်ဆုံးဖြစ်လေသည်။

ကျိုးဟောင်က ရှေ့သို့တိုးလာကာ လက်သီးအင်အားစမ်းသပ်သော စက်ကိုထိုးလိုက်လေသည်။

လက်သီးစွမ်းအား : ၈၃၁၀ ကီလိုဂရမ် ၊ လျင်မြန်မှု: တစ်စက္ကန့်ကို ၇၅မီတာ နှင့် တုံပြန်နိုင်စွမ်း တို့ကိုဖော်ပြလာခဲ့လေသည်။

ယန်ဟွေ့ကို ကျိုးဟောင်အား ကြည့်ပြီးပြောလိုက်လေသည်။

"မင်းအတော်လေး တိုးတက်လာတာပဲ။ ခရမ်းရောင်ခြင်ဆီအရည်တွေက ဖြုန်းတီးမှု မဖြစ်ခဲ့ဘူးပဲ"

ခုနကပြောဆိုနေကြသော ကျောင်းသားများမှားကြောင်းသက်သေပြလိုက်လေသည်။

နောက်ပြီး ရှုလင် ၊ ယွမ်ချန်း နှင့် အခြားသူများ စမ်းသပ်ကြသည်။ သူတို့အားလုံး ခရမ်းရောင်ခြင်ဆီအရည်အစွမ်းကြောင့် အဆင့်တခုစီမြင့်တက်နိုင်ခဲ့ကြသည်။

ဥပမာအနေဖြင့် ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားသူများမှာ ဆရာသခင်အဆင့်သို့ရောက်ရှိနေကြောင်းသေချာခဲ့လေသည်။

ရှုလင်၏ တိုးတက်မှုကတော့ ပိုမိုမြန်ဆန်ပြီး အထွဋ်အထိပ် ဆရာသခင်အဆင့်ထိရောက်ရှိနေခဲ့လေသည်။

ကျောင်းသားများမှာလည်း အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေကြလေသည်။

ခရမ်းရောင်ခြင်ဆီရည်အစွမ်းက တစ်ညတည်းဖြင့် သူတို့အား ဒီလောက် တိုးတက်စေနိုင်ခဲ့လျှင် နောက်ပိုင်းပေးမည့် အထောက်အပံ့ပစ္စည်းများကြောင့် ပို၍ပင်တိုးတက်လာကြပေဦးမည်။ ရှုလင်ဆိုလျှင် အလယ်အလတ် မဟာဆရာသခင် အဆင့်ထိတောင် ရောက်သွားနိုင်ခြေရှိလေသည်။

ယန်ဟွေ့တောင်မှ အံ့အားသင့်နေခဲ့လေသည်။

အတန်းတခုလုံးတွင် ကျိုးဟောင်တယောက်တည်းသာ မတုန်လှုပ်ခဲ့ပေ။ ရှုလင်မှာ ရုပ်သွင်ခွက်မှ ရသော အရည်များကြောင့် ခုလိုသန်မာလာခဲ့ခြင်းဖြစ်ပြီး ခွက်တရာလောက်ကုန်ဆုံးသွားချိန်မှာတော့ ရှုလင်၏ အဆင့်နိမ့်ရေခဲကြွက်သားခန္ဓာကိုယ်မှာ အဆင့်မြင့်အဆင့်သို့ ပြောင်းလဲသွားခဲ့လေသည်။ဒါ့အပြင် အပင်ဝိညာဉ်ကို စုပ်ယူနိုင်စွမ်းကလည်း နှစ်ဆဖြစ်လာခဲ့လေသည်။

အတန်း၏နောက်ဆုံးတွင်ရပ်နေသော ကျိယွီဖန်၏ အမူအရာများမှာ ခက်ထန်နေလေသည်။ အစက သူသည် ရှုလင် တိုးတက်လာခြင်းကြောင့် ပျော်ရွှင်ခဲ့သော်လည်း ရှုလင်က သူ့ကို အဖက်မလုပ်သောကြောင့် သူမ၏ တိုးတက်မှုကို နှေးကွေးသွားစေချင်နေလေသည်။

"ဟမ် ကျင့်ကြံရေးအဆင့်မြင့်တာက ဘာအသုံး၀င်လို့လဲ တကယ်အရေးကြီးတာက တိုက်ခိုက်ရေးစွမ်းရည်ပဲ"

သူ့စိတ်ထဲက အေးစက်စွာရေရွတ်နေလေသည်။

တနာရီခွဲလောက်ကြာသော အခါ ကျောင်းသားအားလုံး စမ်းသပ်မှု ပြီးဆုံးသွားလေသည်။

သူတို့အားလုံးထဲတွင် အသန်မာဆုံးက ရှုလင်ဖြစ်ပြီး ကျိယွီဖန် ၊ ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားသူများမှာ အစဉ်လိုက်တည်ရှိနေကြလေသည်။ ခရမ်းရောင်ခြင်ဆီအရည်ကြောင့် ယွမ်ချန်း၊ ယွင်ယန် နှင့်အခြားသူများမှာ အင်အားများတိုးတက်လာပြီး ထိပ်ဆုံး ၁၀ယောက်ထဲသို့ရောက်ရှိလာကြလေသည်။

အတန်းရဲ့ အဆင့်နိမ့်ဆုံး သိုင်းပညာရှင်တောင်မှ အလယ်အလတ်သိုင်းပညာရှင်အဆင့် ဖြစ်လာလေသည်။

ယန်ဟွေ့က တီးတိုးဆွေးနွေးနေကြသော ကျောင်းသားများကို အော်ဟစ်လိုက်လေသည်။

"မင်းတို့ရဲ့ အင်အားတွေကို ဟုတ်လှပြီထင်နေကြတာလား။ မင်းတို့ကဒီ‌‌ခံတပ်စခန်းမှာ ဖွင့်လှစ်ထားတဲ့ လေ့ကျင့်ရေးစခန်း ၇ခုထဲမှာ အနိမ့်ဆုံး အဆင့်ပဲရှိသေးတာကွ"

"ပထမဆုံးလေ့ကျင့်ရေးစခန်းမှာ ရှိတဲ့အတန်းကလူတွေက အလယ်အလတ်ဆရာသခင်အဆင့်တွေဖြစ်နေပြီ။ ဒုတိယမြောက်လေ့ကျင့်ရေးစခန်းက အဆင့်အနည်းဆုံး ကျောင်းသားတွေကတောင် အဆင့်နိမ့် ဆရာသခင်အဆင့်ဖြစ်ပြီး ၆ခုမြောက်လေ့ကျင့်ရေးစခန်းကကျောင်းသားတွေကတောင် အဆင့်မြင့်သိုင်းပညာရှင်အဆင့်တွေဖြစ်နေကြပြီကွ"

သူ၏စကားလုံးများမှာ အေးစက်လှပေသည်။

ထိုစကားကြောင့် ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားကျောင်းသားများမှာ ငြိမ်သက်တိတ်ဆိတ်သွားကြလေသည်။

..................................................................................

အခန်း (၁၆၉) ပြီးပါပြီ။

အခန်း (၁၇၀) : အင်းစက်သားရဲလှိုင်း တိုက်ခိုက်မှု

"အပင်ဝိညာဉ်အစွမ်းကြောင့်သာ မဟုတ်ရင် မင်းတို့ အတန်းထဲက နှစ်ယောက်လောက်ပဲ ဆရာသခင်အဆင့်ကို တက်လှမ်းနိုင်မှာ။ အဲ့တာကြောင့် ဘ၀င်မြင့်နေတာကို သိမ်းထားလိုက်စမ်း။ မင်းတို့က မင်းတို့မြို့ရဲ့အတော်ဆုံးကျောင်းသားတွေဖြစ်နေတာတောင်မှ တခြားကျောင်းသားတွေနဲ့ယှဉ်ရင် နိမ့်ကျနေတုန်းပဲ။ ဒီနေ့ကစပြီး မနက်ပိုင်းမှာ လေ့ကျင့်ရမယ်။ နေ့ခင်းကျ အပြင်ထွက်ပြီး သားရဲတွေကို အမဲလိုက်ရမယ်။ ညဘက်ကျ တနာရီစာသင်ကြားရမယ်"

သူတို့အတွက် အချိန်ဇယားမှာ့ ပြည့်ကျပ်နေသော်လည်း ဘယ်သူမှ စောဒက မတက်ရဲကြပေ။အကြောင်းမှာ မည်သူမှ အတန်း၏အောက်ဆုံးအဆင့်မဖြစ်လိုကြပေ။

...

ဒီနေ့အတွက် ငရဲတမျှပြင်းထန်သော လေ့ကျင့်ရေးပြီးနောက် ကျောင်းသားများလည်းခြေကုန်လက်ပန်းကျကည သက်ဆိုင်ရာ အဆောင်များပြန်ပြီး အနားယူနေကြလေသည်။

ကျိုးဟာင်အတွက်တော့ ယန်ဟွေ့၏ လေ့ကျင့်ရေးများက အေးဆေးဖြစ်နေလေသည်။ သူ့အ‌ခန်းပြန်ရောက်သောအခါရေချိုးပြီး ဒုတိယအထပ်ရှိ ၀ရံတာသို့ ဆင်းလာလေသည်။

ရှုလင်လည်းရေချိုးပြီးပုံရပြီး ချစ်စရာညအိပ်ဝတ်စုံ

လေးနှင့် သူမ၏၀ရံတာတွင် လေညှင်းခံနေလေသည်။

"ကျိုးဟောင် ဒီနေ့လေ့ကျင့်ရေးကြောင့် ပင်ပန်းနေပြီလား"

သူမက ဆံပင်လေးများကို ဖီးရင်းပြောလိုက်သည်။

"ငါအဆင်ပြေပါတယ်"

ကျိုးဟောင်က ရှုလင်၏၀ရံတာဘက်သို့ ခုန်ကူးလိုက်သောအခါ သူမဆီမှ ကိုယ်သင်းနံ့မွှေးမွှေးလေးကိုခံစားလိုက်ရလေသည်။

"နင် တင်ပါးကို ထပ်အကန်ခံချင်နေပြန်ပြီလား။သွား ကိုယ့်အခန်းကိုယ်ပြန်"

ရှုလင်က မျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။

ကျိုးဟောင်စကားပြောဖို့လုပ်နေစဉ်မှာပဲ ယွင်ယန်သည်သူမ၏ ဗီလာ နံပါတ်၈ ဆီမှာထွက်လာလေသည်။သူမလည်း ဆက်ဆီကျသောညအိပ်၀တ်စုံလေးကို၀တ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှများ ပေါ်လွင်နေလေသည်။

သူမက ‌၀ရံတာပေါ်တွင် ရှိနေသော ရှုလင် နဲ့ကျိုးဟောင်ကို မြင်နေအခါ လှမ်းစလိုက်လေသည်။

" ဟိတ် နင်တို့နှစ်ယောက် အပြုအမူတွေ သတိထားကြဦး"

ရှုလင်လည်း ရှက်‌သွားသောကြောင့် မျက်နှာလေးရဲသွားပြီး ကျိုးဟောင်အားပြောလိုက်လေသည်။

" နင်ဘာစောင့်နေတာလဲ သွား မြန်မြန်"

ကျိုးဟောင်လည်း ယွင်ယန်ကို ဘုကြည့်ကြည့်လိုက်ပြီး သူ့အခန်းကို ပြန်ခုန်ကူးသွားလေသည်။

"ရှုလင် ငါတို့ ခဏနေ ဈေး၀ယ်ထွက်ရအောင်။ ငါတို့စရောက်ထဲက ခုထိ ဘာအ၀တ်အစားမှ မ၀ယ်ရသေးဘူး"

ယွင်ယန်က အကြံပေးလေသည်။

"သေချာတာပေါ့။ ငါတို့ ဖန်းယွီကိုလည်းခေါ်ပြီး ၃ယောက်အတူသွား၀ယ်ကြမယ်"

ရှုလင်ကလည်းပြုံးပြီးပြန်ပြောလိုက်သည်။

ကျိုးဟောင်လည်း သူတို့ပြောနေသောစကားများကိုကြားသောအခါ ထအော်ပြောလိုက်လေသည်။

"ကျန်းယိ ၊ ယွမ်ချန်း ထွက်လာကြဦး။ ငါတို့လည်း တခုခုလုပ်ကြရင်မကောင်းဘူးလား မင်းတို့ရော ဘယ်လိုထင်လဲ"

" ငါတော့ ပင်ပန်းနေလို့အိပ်တော့မယ် "

ယွမ်ချန်းလည်း ၀ရံတာသို့ ထွက်လာပြီးပြောလေသည်။

"ငါကတော့ခဏနေ သွားထပ်လေ့ကျင့်ဦးမလို့"

ကျန်းယိကလည်းထွက်ပြောလေသည်။ ကျန်းယိမှာ သူ့ညီမလေး ကျန်းယင်းအား ကယ်နိုင်ရန်အတွက် အပြင်းအထန်ကြိုးစားနေလေသည်။

"ကျိုးဟောင် ငါတို့နဲ့ အတူသွားပျော်ကြမလား"

လိန်ကျင်းဖုန် နှင့် ၀မ်ရူက လှမ်းပြောလေသည်။

ကျိုးဟောင်က ပြန်မပြောခင်မှာပဲ ရှုလင်က စိုက်ကြည့်ပြီးပြောလေသည်။

"နင်တို့နှစ်ယောက်ဝေးဝေးသွားစမ်းပါ။ ကျိုးဟောင်ကို လမ်းမှားရောက်အောင်မလုပ်နဲ့"

သူတို့နှစ်ယောက်လည်း ထရယ်ပြီးပြောလိုက်လေသည်။

"ကျိုးဟောင်ရေ မယားကြောက်တော့ မဖြစ်စေနဲ့နော်"

ယွင်ယန် နှင့် ဖန်းယွီတို့လည်း ပြုံးစိစိဖြစ်သွားကြလေသည်။ ရှုလင်လည်း ရှက်ပြီး မျက်နှာလေး ပိုရဲလာလေသည်။

ကျိုးဟောင်လည်း အခြေအနေကိုရိပ်မိပြီးအဆောင်ထဲပြန်၀င်သွား‌ခဲ့သည်။

ခဏအကြာတွင် ရှုလင်၊ ယွင်ယန် နှင့် ဖန်းယွီတို့ ၃ယောက်ဈေး၀ယ်ထွက်သွားကြလေသည်။ကျိုးဟောင်လည်း သူ့အခန်းထဲမှ ရိပ်ခနဲပျောက်သွားပြီးမူလအဆင့်အဆောက်အအုံ၏ဆယ်လွှာသို့ရောက်သွားလေသည်။

"လိန်ဟူ ဘာအရေးကြီးကိစ္စရှိတာလဲ"

သူလိန်ဟူဆီမှ မက်ဆေ့ရခဲ့သောကြောင့်မေးလိုက်လေသည်။

"စီနီယာကျိုး အထွဋ်အထိပ်အဆင့်အင်းစက်အရှင်ဘုရင်မတကောင်က တောင်ဘက်ရှေတန်းခံတပ်လိုင်းကို လာ‌တိုက်ခိုက်လို့ပါ။ အင်းစက်သားရဲလှိုင်းကလည်း သံမဏိအကာအကွယ်လိုင်းကို ဖျက်ဆီးနိုင်လုနီးပါးဖြစ်နေပြီး သူတို့ဘက်ကနေ အကူအညီတောင်းခံစာတွေလည်းပို့ထားပါတယ်"

လိန်ဟူမှာ အသံဩဩဖြင့်လေးနက်စွာပြောလိုက်သည်။

"ဒါဆို အချိန်ဖြုန်းနေလို့မဖြစ်ဘူး။ ကျုပ်အခုပဲသွားလိုက်မယ်"

ကျိုးဟောင်၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပြန်ပြောလိုက်လေသည်။

တခြားမူလအဆင့် ပညာရှင်များမှာလည်း ထို အင်းစက် သားရဲများကို စိုးရိမ်ကြနေကြလေသည်။ ကျိုးဟောင်မျက်စိထဲတော့ ထိုအင်းစက်များကို ကံကြမ္မာအမှတ်တွေလို့သာ မြင်နေလေသည်။

ကျိုးဟောင်ဒီလောက်အမြန်လက်ခံလိမ့်မည်လို့ လိန်ဟူမထင်ခဲ့ပေ။

"စီနီယာကျိုး လူသားတွေအပေါ်ထားတဲ့စေတနာတွေက ကျုပ်တို့တောင်ကိုယ့်ကိုယ်ပြန်ရှက်မိတယ်။ခဏလောက်စောင့်ပါ ကျုပ် လေယာဉ်စီစဉ်ပေးပါ့မယ်"

လိန်ဟူကတလေးတစားပြန်ပြောလေသည်။

"ရတယ်မလိုဘူး ငါအဲ့ကို ဒီအတိုင်းပျံသန်းသွားလိုက်မယ်"

ကျိုးဟောင်က လက်ကာပြပြီးပြောလိုက်သည်။စကားဆုံးသည်နှင့် ထိုနေရာမှပျောက်သွားလေသည်။

လိန်ဟူလည်း ဆွံ့အသွားခဲ့သည်။တောင်ပိုင်းခံတပ်လိုင်းက အလွန်ဝေးပြီး မူလအဆင့်ပညာရှင်တောင်မှ အရှိန်အပြည့်ဖြင့်သွားရင်တောင် တရက်အချိန်ယူရကြောင်းသူပြောပြဖို့ကြိုးစားနေခဲ့လေသည်။

ဝှစ်

ကျိုးဟောင်ပြန်ရောက်လာလေသည်။

"စီနီယာကျိုး ဂျက်လေယာဉ်နဲ့သွားပါ။ အဲ့တာက ပိုမြန်တယ်"

လိန်ဟူက ၀မ်းသာအားရသတိပေးလိုက်လေသည်။

"ကျုပ်အဆင်ပြေပါတယ်။ ကျုပ်ရွေ့လျားခြင်း နည်းစနစ်တခုကို အသုံးပြုနိုင်လို့ ခရီးအမြန်သွားနိုင်ပါတယ်။ လိန်ဟူ ကျုပ်ကိုသာ တောင်ပိုင်းခံတပ်စခန်းရဲ့တည်နေရာပေးပါ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။

"ကျုပ်သတိလက်လွတ်ဖြစ်သွားတယ်။ ကျုပ်ခုပဲခင်ဗျားဆီပို့လိုက်ပါ့မယ်"

လိန်ဟူက သူ့ခေါင်းသူပြန်ရိုက်ပြီးပြောလေသည်။

တောင်ပိုင်းခံတပ်စခန်း၏ တည်နေရာကိုဩဒိနိတ်များ ကျိုးဟောင်၏ရေဒါဖန်သားပြင်တွင်ပေါ်လာခဲ့လေသည်။

"နောက်မှတွေ့ကြမယ်"

"စီနီယာကျိုး အချိန်မှီလုပ်နိုင်ပါစေလို့ဆုတောင်းမိတယ်"

အခြား မူလအဆင့်ပညာရှင်များကရေရွတ်မိကြသည်။

"စီနီယာကျိုးက ဒီလိုလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုတာက သူအချိန်မှီရောက်နိုင်တယ်လို့ ယုံကြည်မှုရှိလို့ပဲဖြစ်မယ်။ လာပါ ငါတို့ သတင်းကောင်းစောင့်ကြတာပေါ့"

လိန်ဟူကပြောလိုက်သည်။

နာရီ၀က်အကြာတွင် တောင်ပိုင်းခံတပ်စခန်းဆီမှာ သတင်းပေးပို့ချက်ရောက်လာခဲ့လေသည်။

လိန်ဟူက ဆက်သွယ်ရေးလိုင်းကို ဖွင့်လိုက်ပြီး စိုးရိမ်တကြီးမေးမြန်းလိုက်လေသည်။

"မျက်မမြင်ယွီ မင်းတို့ဆီမှာအခြေအနေဘယ်လိုလဲ။ စီနီယာကျိုးနဲ့ အဆက်အသွယ်ရလား"

ဇူအန်း ၊ကျန့်၀မ် နှင့် အခြား ဆဌမအဆင့် မူလပညာကလည်း စိုးရိမ်တကြီး နားစွင့်နေကြလေသည်။

.................................................................................

အခန်း (၁၇၀) ပြီးပါပြီ။

အခန်း (၁၇၁) :လူတိုင်းအား ထပ်မံ ထိတ်လန့်စေခြင်း

ကမ္ဘာတဝှမ်းတွင် ချိုင့်ဝှမ်းအက်ကွဲကြောင်းများ အများအပြားရှိပြီး ဟွာရှန်းဧရိယာအတွင်း၌ပင် ‌ရှေ့တန်းခံတပ်အခြေစိုက်စခန်းကြီး ၆ခု တည်ရှိလေသည်။

၎င်းတို့မှာ အရှေ့ပိုင်း ၊ အနောက်ပိုင်း၊ တောင်ပိုင်း ၊ မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း လွင်ပြင် နှင့် အနောက်အလယ်ပိုင်းလွင်ပြင် ဟူ၍ဖြစ်လေသည်။

ထိုခံတပ်စခန်းများထဲမှာ ကာကွယ်ရေးလိုင်းတခုခုကျဆုံးသွားပါက အခြားခံတပ်စခန်းများကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။

ဘီးလ်...

လျှပ်စစ်အချက်ပေးသံလေးထွက်လာခဲ့ပြီး သတ္တမအဆင့်မူလပညာရှင် လိန်ဟူက မျက်မမြင်ယွီအား ပြောပြီး ရယ်နေခဲ့လေသည်။

"ဟားဟား မျက်မမြင်ယွီ‌ မင်း ဒီလို ရဲစွမ်းသတ္တိရှိတဲ့ ပညာရှင်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။ သူက အရမ်းကြမ်းတာပဲ။ နာရီ၀က်ထဲနဲ့ အထွဋ်အထိပ်အင်းစက်အရှင်ဘုရင်မကိုတောင် ချက်ချင်းသတ်ဖြတ်နိုင်တာပဲ"

လိန်ဟူ နှင့် အခြား မူလအဆင့်ပညာရှင်များမှာ တဖက်မှ မူလအဆင့်ပညာရှင်များ၏ ပလုံးပထွေး ပြောသံများကို ကြားနေကြရလေသည်။

"အရမ်း အရမ်း အံ့ဩဖို့ကောင်းတာပဲ"

"အထွဋ်အထိပ်အင်းစက်အရှင်ဘုရင်မတောင်မှ တချက်ထဲနဲ့သေဆုံးသွားတာပဲ။ န၀မအဆင့်မူလပညာရှင်ဆိုတဲ့ ဂုဏ်သတင်းအတိုင်း တကယ့်ကိုအံ့မခန်းစွမ်းအားကြီးတာပဲ"

"ဒီစီနီယာကျိုးက တကယ့်ကိုအထင်ကြီးစရာပဲ။ သူမက အင်းစက်ဘုရင်မကိုသတ်ပြီးတာနဲ့ အခြား အင်းစက်သားရဲ၁ထောင်ကျော်ကိုလည်း ဓားချက်တချက်ထဲနဲ့ အကုန်ရှင်းလင်းလိုက်တာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အနှိုင်းမဲ့ပဲ"

ထိုစကားသံများကို ကြားရသောအခါ လိန်ဟူ နှင့် အခြားမူလအဆင့်ပညာရှင်များလည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး သက်ပြင်းချမိလိုက်သည်။ နောက်ဆုံးတော့ တောင်ပိုင်းခံတပ်စခန်းတွင် ကျရောက်နေသော ကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့လေပြီ။

သို့သော်လည်း သူတို့ အသိပြန်၀င်လာကြသောအခါ သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နေလေသည်။

စင်စစ်တွင်လေယာဉ်ဖြင့်သွားရင်တောင်မှ အရှေ့ပိုင်းခံတပ်စခန်းကနေ တောင်ပိုင်းခံတပ်စခန်းသို့ရောက်ရန်နာရီ၀က်ကျော်လောက် အချိန်ယူရမည်ဖြစ်ပြီး ကျိုးဟောင်ကတော့ နာရီ၀က်အတွင်း တောင်ပိုင်းခံတပ်ကိုရောက်ယုံသာမက ကပ်ဘေးကိုပါ တားဆီးခဲ့လေသည်။

ဒီရလဒ်က အရမ်းပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကျိုးဟောင်မှာ မူလအဆင့်ပညာရှင်များသူ့ကို ထိတ်လန့်သွားမည်စိုးသောကြောင့် အနည်းငယ်အချိန်ဆွဲနေခဲ့သေးသည်ကိုတော့ သူတို့မသိပေ။

"စီနီယာကျိုးလို လူရှိနေတာကြောင့် ငါတို့ ဟွာရှန်းဧရိယာကတော့ စိတ်ချလုံခြုံပြီဟေ့"

"မှန်တယ် စီနီယာကျိုးက အထွဋ်အထိပ် အရှင်သခင်တွေကိုတောင်အေးဆေးလေးသတ်နိုင်တယ်။ဒါ့အပြင်သူ့ဓားရေးကလည်း ကြောက်ခမန်းလိလိပဲ။ ဓားချက်တချက်ထဲနဲ့တောင် သားရဲတပ်တခုလုံးကို ရှင်းလင်းနိုင်တယ်။ စီနီယာကျိုးတယောက်ထဲနဲ့တင် မိစ္ဆာစစ်တပ် တတပ်လုံးကို ရင်ဆိုင်နိုင်တာပဲ"

"ငါ့အထင်တော့ စီနီယာကျိုးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မူလပညာရှင့်အဆင့်ကိုကျော်သွားလောက်ပြီ"

ဇီအန်း ၊ ကျန့်၀မ် နှင့် အခြား မူလအဆင့်ပညာရှင်များတယောက်တခွန်းပြောဆိုနေကြလေသည်။

"စီနီယာကျိုးလို ခံတပ်အခြေစိုက်စခန်းကို ကာကွယ်ပေးနေတဲ့ သူရှိရင်တောင်မှ ငါတို့စိတ်ချလက်ချနေလို့မရဘူး။ အက်ကွဲကြောင်းကြီးက အမြဲကြီးမားတဲ့ပြဿနာတွေကို ယူဆောင်လာတတ်တယ်။ ငါတို့အရှေ့က စီနီယာကြီးတွေလည်း ဒီလိုပဲ ခုခံနေရင်းကျဆုံးခဲ့ကြရတယ်။ "

"အရင်က ငါတို့မှာ ပြဿနာကို ကူညီ၀င်ထမ်းပေးမယ့် လူမျိုးမရှိခဲ့ဘူး။ အခုတော့ စီနီယာကျိုးကခံတပ် အခြေစိုက်စခန်းတွေကို လုံခြုံအောင်လုပ်ပေးနေပြီမို့ ငါတို့ အက်ကွဲကြောင်းထဲကို ၀င်ပြီးထောက်လှမ်းမည့်အစီအစဉ်ကို ပြန်‌ဆွေးနွေးကြရမယ့်အချိန်ပဲ"

လိန်ဟူက တည်ငြိမ်သောအမူအရာဖြင့်ပြောလိုက်သည်။ ဇီအန်း နှင့် ကျန့်၀မ်တို့ကလည်း ခေါင်းငြိမ့်လိုက်ကြလေသည်။

"စီနီယာလိန် ပြောတာမှန်တယ်။ အရင်ကလည်း စီနီယာကျိုးက ဒီကိစ္စကိုထောက်ပြခဲ့ပြီးပြီ။ ငါတို့ အက်ကွဲကြောင်းကြီးအကြောင်းကို နားလည်အောင်မလုပ်ဘဲ အမြဲတမ်းခုခံကာကွယ်နေလို့တော့မရဘူး။ ဒီကိစ္စကိုကျုပ်ထောက်ခံတယ်"

ရှစ်ကျီကလည်း၀င်ပြောခဲ့သည်။အခြားမူလအဆင့်ပညာရှင်များကလည်း တယောက်ပြီး တယောက် ခေါင်းညိတ်ပြကြသည်။

"ကဲဒါဆို စီနီယာကျိုး ပြန်ရောက်လာတဲ့ အခါကျရင် ကျုပ်တို့ မူလအဆင့်ပညာရှင်တွေချည်းပဲ အစည်းအဝေးတခုလုပ်ကြမယ်‌"

လိန်ဟူမှပြောလိုက်သည်။

....

ည၁၀နာရီခွဲ အချိန်လောက်မှပဲ မူလအဆင့်ပညာရှင်များအစည်းအဝေးကပြီးဆုံးသွားလေသည်။ ကျိုးဟောင်က ဥက္ကဌဖြစ်သော်လည်း အစည်းအဝေးတွင် ဘာမှ ၀င်မပြောခဲ့ပေ။ သူသည် သူ၏ အတွေ့အကြုံနည်းမှုကို သေချာသိပြီး ဆုံးဖြတ်ချက်များကို ၀င်ရောက်မစွက်ဖက်လိုပေ။

ဒါကြောင့် အစည်းအဝေးတွင် တခြားသူများ၏ ဆုံးဖြတ်ချက်များအကြံဉာဏ်များကိုသာ နားထောင်ရင်း ခေါင်းညိတ်နေခဲ့လေသည်။

"စီနီယာကျိုး ကျုပ်အထင် အက်ကွဲကြောင်းထဲကို မ၀င်ရောက်ခင် အမှောင်နတ်ဘုရားများအဖွဲ့ကို အရင်ရှင်းလင်းသင့်တယ်။ မဟုတ်ရင် ကျုပ်တို့စိတ်အေးလက်အေးလုပ်နိုင်မှာမဟုတ်ဘူး"

မူလအဆင့်ပညာရှင်များ ကကျိုးဟောင်နောက်သို့လိုက်လာပြီး သူတို့အကြံဉာဏ်များကိုတင်ပြနေကြလေသည်။လူတိုင်းက ကျိုးဟောင်၏စွမ်းအားကို သိထားကြပြီး သူ၏ဆုံးဖြတ်ချက်တိုင်းက အလွန်အဖိုးတန်လေသည်။

ထိုစကားကြားသောအခါ ကျိုးဟောင်လည်း လမ်းလျှောက်နေရာမှရပ်တန့်သွားခဲ့သည်။သူသည် အမှောင်နတ်ဘုရားများအလွန်မုန်တီးသူဖြစ်လေသည်။ ထိုအမှောင်နတ်ဘုရားများကြောင့် ကျန်းယိ၏ညီမလေး ဖမ်းခေါ်ခံခဲ့ရပြီး ရှုလင်မှာလည်း အဆိပ်ဖြင့်လုပ်ကြံခြင်းခံရသောကြောင့်သေမလိုဖြစ်ခဲ့ရလေသည်။

"မင်းနာမည်က ကျန့်ဖေ မှတ်လား။ "

ကျိုးဟောင်က အသက်လတ်အရွယ်အမျိုးသားတဦးအားကြည့်ပြီးမေးလိုက်သည်။ထိုလူကလည်း အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်လေသည်။

"အမှောင်နတ်ဘုရားအဖွဲ့က ပျက်စီးမှုတွေကိုဖြစ်စေတဲ့သူတွေပဲ။ ငါကတော့ မင်းအမြင်ကိုသဘောတူတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ရမယ့်အချက်အနေနဲ့ ငါတို့သူတို့အဓိက ဌာနချုပ်ကိုရှာဖို့လိုတယ်။ မင်းမှာ သဲလွန်စတွေရှိရင် ငါ့ကိုပြောပါ။ ငါကလိန်ဟူ နဲ့ အခြားလူတွေကို အမှောင်နတ်ဘုရားများအဖွဲ့ကို အရင်ရှင်းလင်းဖို့စည်းရုံးပေးမယ်"

ကျိုးဟောင်ကသေချာပြန်ပြောပြသည်။

ထိုစကားကြောင့် ကျန့်ဖေလည်း ၀မ်းသာသွားပြီး အလျင်အမြန်ပြန်ဖြေလိုက်သည်။

"စီနီယာကျိုး စိတ်မပူပါနဲ့။ ကျုပ်တို့ ဒီကိစ္စကို ဦးစားပေးဆောင်ရွက်ပြီး သူတို့ဌာနချုပ်ကိုရှာနိုင်ဖို့ အပြင်းအထန်ကြိုးစားပါ့မယ်"

" အကောင်းဆုံးဖြစ်ပါစေ"

ထိုသို့ပြောပြီးနောက် ကျိုးဟောင်၏ အသွင်အပြင်မှာ မူလအဆင့်အဆောက်အုံစီမှ ပျောက်ကွယ်သွားခဲ့လေသည်။

....................................................................................

အခန်း(၁၇၁)ပြီးပါပြီ။

All Chapters