← Chapters

အခန်း ၁၇၅-၁၇၇

Vol. 12 Ch. 175-177

အခန်း ၁၇၅-၁၇၇

Vol. 12 Ch. 175-177

အခန်း (၁၇၅) : တခုခုတော့အမိဖမ်းနေပြီ

"နတ်မိမယ် ယွဲ့လင် မင်းဘာလို့ ထုတ်လွှင့်မှုကိုရပ်လိုက်တာလဲ"

"ဘာဖြစ်တာလဲ"

ချန်နယ်ထဲမှ အရင်ထဲကအားပေးသူများသူမဆီ မက်ဆေ့လ်များပို့လာကြလေသည်။နတ်မိမယ်ယွဲ့လင်မှာ ထိုမက်ဆေ့များကို လျစ်လျူရှူလိုက်ပြီး ရုပ်သံထုတ်လွှင့်မှုစတင်လိုက်လေသည်။

ဝှစ်

ရုပ်သံထုတ်လွှင့်မှု စတင်လိုက်သည် နှင့် သူငယ်ချင်းစာရင်းမှ လူအများအပြားရောက်လာကြလေသည်။

"ဟာ နတ်မိမယ် ယွဲ့လင် ရုပ်သံထုတ်လွှင့်မှုစလုပ်နေပြီလား"

" မင်းကအရမ်းလှတာပဲ။ မင်းကိုယ်ပိုင်စာမျက်နှာမှာ တင်ထားတဲ့ ပုံထက်တောင်ပိုလှသေးတယ်"

"သွားပြီ။ ငါတော့ နတ်မိမယ်ယွဲ့လင်ကို ချစ်မိသွားပြီ"

"ဒါနတ်မိမယ်ယွဲ့လင်ရဲ့မျက်နှာလေးကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ သူမက အရမ်းလှတာပဲ"

"ဒါက မသေမျိုးတွေလိုမျိုး အရှိန်အဝါရှိတာပဲ"

သုံးစွဲသူအများအပြား အံ့ဩနေကြပြီး တချို့သုံးစွဲသူများက ‌လက်ဆောင်များပင် စတင်ပေးနေကြလေသည်။သို့သော်လည်း လက်ဆောင်များက စွမ်းအင်ဘားများသာဖြစ်လေသည်။

"ငါအရှင်ဘုရင်တယောက်ဖြစ်ချင်တယ်" ဆိုသူက တိုက်ရိုက်ထုတ်လွှင့်မှုအား ၀င်ကြည့်နေပါသည်။

နောက်ဆုံးတခါက အယူအဆဆေးလုံးများလက်ဆောင်ပေးခဲ့သော ပလက်တီနမ် အဆင့် အသုံးပြုသူများ အံ့ဩနေခဲ့လေသည်။

"နတ်မိမယ် ယွဲ့လင် နောက်ဆုံးသော ရုပ်သံထုတ်လွှင့်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ မင်းငါ့စကားနားထောင်ပြီး အစောကထဲကသာ ထုတ်လွှင့်ခဲ့ရင် အဆင့် ၈သောင်းလောက်ရောက်သွားမှာ မဟုတ်ဘူး"

ထိုသူက စာပို့လာလေသည်။ ထို့နောက်သူက အယူအဆဆေးလုံးများကို လက်ဆောင်အဖြစ်ပေး‌လိုက်သည်။

နတ်မိမယ်ယွဲ့လင်လည်း အလျင်အမြန်ပဲ ထိုသူအား ကျေးဇူးတင်လိုက်လေသည်။သူမ၏ အသံလေးမှာ သူမ၏ မျက်နှာ ရောင်ဝါလေးနှင့်အပ်စပ်နေခဲ့ပြီး အသုံးပြုသူများမှာ ဖန်သားပြင်အား လျှာဖြင့် လျက်တော့မည့်အလားဖြစ်ကုန်ကြလေသည်။

ထုတ်လွှင့်ပြီးသိပ်မကြာခင်မှာပဲ " ငါသည်သာမန်လူ‌တယောက်သာဖြစ်သည်ဆိုသော အသုံးပြုသူသည်ချန်နယ်အား၀င်ကြည့်နေပါသည်" ဟူသော အချက်ပေးစာတက်လာလေသည်။

နတ်မိမယ်ယွဲ့လင်မှာလည်း ပြုံးမိလိုက်သည်။

"ဘစ်ရှော့ ၀င်လာတာနဲ့ နတ်မိမယ်ယွဲ့လင်ပြုံးသွားတယ်ဟေ့"

" ဒါတခုခုတော့ အမိဖမ်းနေပြီဟေ့"

"ငါတော့ နတ်မိမယ်ယွဲ့လင်က ဘစ်ရှော့အတွက် အထူးအနေနဲ့ ရုပ်သံထုတ်လွှင့်ပေးတာလို့ထင်မိတယ်"

"ငါရောပဲဟေ့"

သုံးစွဲသူအများအပြားက မှတ်ချက်များပေးနေကြလေသည်။

"မဆိုးလှပါဘူး။ သူမက သူမပရိုဖိုင်ကပုံထက်တောင် ပိုလှသေးတယ်"

ကျိုးဟောင်လည်း နတ်မိမယ်ယွဲ့လင်အား ကိုယ်တိုင်မြင်လိုက်ရသောကြောင့်မျက်လုံးများ အရောင်တောက်သွားလေသည်။

"ချီးကျူးပေးလို့ကျေးဇူးတင်ပါတယ်"

နတ်မိမယ် ယွဲ့လင်က ပြုံးပြီးပြန်ပြောလေသည်။

ကျိုးဟောင်သည် နတ်မိမယ်ယွဲ့လင်အား ခဏလောက်သဘောကျမိသွားသော်လည်း သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သူချန်နယ်ထဲလာခဲ့သည်မှာ သဘောကျနေဖို့မဟုတ်ပေ။ သူချက်ချင်းပင် ကံကြမ္မာ အမှတ်တသန်းအား အသုံးပြုလိုက်လေသည်။

ဝှစ်

ရွှေအဆင့်လက်ဆောင်များ၏ နောက်တွင်ရှိသော နံပါတ်များ စတင်လှုပ်ရှားလာခဲ့လေသည်။

"ဂုဏ်ပြုပါတယ် ငါသည်သာမန်လူတယောက်သာဖြစ်သည် ဆိုသော သုံးစွဲသူမှာ စွမ်းအင်ဘား အဆ၁ထောင်ရရှိခဲ့ပါသည်။"

"သွေးမျိုးရိုးဆေးလုံးများအား အဆ၅၀၀အဖြစ်ရရှိခဲ့သည့်အတွက်ဂုဏ်ပြုပါသည်"

" အယူအဆဆေးလုံးများအား အဆ ၁၀၀၀အထိရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။"

ကျိုးဟောင်မှာ ဆုလာဒ်လက်ဆောင်များဆက်တိုက်ရရှိနေလေသည်။တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှိနေသော အခြားသူများမှာလည်း မနာလိုဖြစ်နေကြလေသည်။

ပလက်တီနမ်အဆင့်"ငါသည် အရှင်ဘုရင်တပါးဖြစ်ချင်သည်" ဆိုသောသူကပါ မနာလိုဖြစ်လာလေသည်။

"ဘစ်ရှော မင်း ငါ့ကို ပညာသင်အဖြစ်လက်ခံနိုင်မလား"

ကျိုးဟောင်ကသူ့စာကို ဂရုမစိုက်ဘဲ ပလက်တီနမ်အဆင့်လက်ဆောင်များကိုသာကြည့်နေလေသည်။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူချက်ချင်းပင် ယွမ်၂၀ဘီလီယံတန်ကြေးရှိသော အရောင်ရှိ ပုံဆောင်ခဲအတုံး ၂၀၀လား ဖြည့်သွင်းလိုက်လေသည်။

သူ့အကောင့်ထဲရှိ ကောင်းကင်ဘုံဒင်္ဂါးပြားပမာဏမှာ သန်း၂၀၀ဖြစ်သွားလေသည်။ သူကံကြမ္မာ အမှတ်တသန်းအား သုံးစွဲလိုက်သော်လည်း ပလက်တီနမ်အဆင့်လက်ဆောင်များ၏ နောက်တွင် ဘာနံပါတ်မှ ပေါ်မလာခဲ့ပေ။

သူအံကြိတ်လိုက်မိပြီးနောက်ထပ် ကံကြမ္မာအမှတ်တသန်း ထပ်မံအသုံးပြုလိုက်လေသည်။ သို့သော် ဘာထူးခြားမှုမှမရှိလာခဲ့ပေ။

သူနောက်ထပ်ကံကြမ္မာ အမှတ် ၂သန်းသုံးလိုက်ပြန်သည်။

ကံကြမ္မာ အမှတ် ၄သန်းလောက်သုံးခဲ့တာတောင်မှ ဘာအပြောင်းအလဲမှ ဖြစ်မလာခဲ့ပေ။ကျိုးဟောင် ကမျက်နှာကြုတ်လိုက်ပြီး ကံကြမ္မာအမှတ်များကို ၆သန်းအထိတိုးပြီး အသုံးပြုလိုက်လေသည်။

ထိုအချိန်ကျမှပဲ ပလက်တီနမ် လက်ဆောင်များ၏ နောက်တွင် နံပါတ်များစပေါ်လာလေသည်။ပလက်တီနမ်အဆင့်လက်ဆောင်များမှာ ရွှေအဆင့်လက်ဆောင်များကို အဆင့်မြှင့်ထားခြင်းဖြစ်လေသည်။

၎င်းတို့မှာ စွမ်းအင်ဘား ၊ သွေးမျိုးရိုးဆေးလုံး ၊ ကျင့်ကြံရေးနည်းစနစ် စာမျက်နှာများ၊ နားလည်နိုင်စွမ်း ကျောက်တုံးဆေးပြား ၊ နတ်ဘုရားခန္ဓာ၏အခြေခံဖွဲစည်းပုံ နှင့် အယူအဆစာလိပ်တို့ဖြစ်လေသည်။

နောက်ဆုံးအကြိမ်တုန်းက ကျိုးဟောင်မှာ ထိုပလက်တီနမ်လက်ဆောင်များ၏ဆတိုးဆုလာဒ်များမှာ သိပ်မများကြောင်းသိရှိခဲ့သည်။ ဆုလာဒ်များမှာ အဆ၂၀ ၊ အဆ၃၀ နှင့် အများဆုံး အဆ၁၀၀ထိသာ ရနိုင်မည်ဖြစ်သည်။

ထိုအချိန်မှာပဲ ကျိုးဟောင်၏ အကြည့်များက ဆေးအကြီးဆုံး အယူအဆစာလိပ်ဆီသို့ရောက်သွားလေသည်။

ထိုလက်ဆောင်မှာ တလိပ်ကိုပင် ဒင်္ဂါးပြား၅သိန်းလောက်ကျသင့်လေသည်။ ထိုအရာက အလွန်ပင်ဈေးကြီးလှသည်။

အယူအဆစာလိပ်၏နောက်တွင်ပြနေသော နံပါတ်မှာ ၂၅ဖြစ်လေသည်။ အယူအဆစာလိပ်မှာ အမှန်တကယ်ဈေးကြီးလှသောကြောင့် သုံးစွဲသူအနည်းငယ်သာ လက်ဆောင်ပေးနိုင်ကြလေသည်။ဒါကြောင့် အယူအဆစာလိပ်၏ နောက်တွင်ပြနေသော နံပါတ်မှာ အပြောင်းအလဲမရှိဖြစ်နေလေသည်။

သူဘာမှ ပြောမနေတော့ဘဲ အယူအဆစာလိပ် ၂၅လိပ်လုံးလက်ဆောင်ပေးပစ်လိုက်လေသည်။

ထိုအချိန်၌ နတ်မိမယ် ယွဲ့လင်၏ ချန်နယ်တွင် လူအများပြားစုရုံးနေပြီး ကျိုးဟောင်ဘယ်လိုဆုလာဒ်များရသွားမလဲ စောင့်မျှော်နေကြလေသည်။တချို့ကလည်း ကျိုးဟောင်ဘယ်လောက်လုပ်ရည်ကိုင်ရည်ရှိသလဲ ထောက်လှမ်းနေကြလေသည်။

ဒင်

ထိုအချိန်၌ ရွှေဒင်္ဂါးပြားပွတ်တိုက်သံထွက်ပေါ်လာခဲ့လေသည်။

"ငါသည်သာမန်လူတယောက်သာဖြစ်သည် ဟူသော အသုံးပြုသူမှာ အယူအဆ‌စာလိပ် ၂၅ခုလက်ဆောင်ပေးခြင်းကြောင့် အဆ၁၀၀ဆုလာဒ်ရရှိသွားခြင်းအတွက်ဂုဏ်ပြုပါသည်။"

တိုက်ရိုက်ထုတ်လွှင့်မှု၌ အချက်ပေးစာတက်လာလေသည်။

ရုတ်တရက် အကုန်လုံးတိတ်ဆိတ်သွားခဲ့လေသည်။ ခဏအကြာတွင် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါက်ကွဲလုမတတ် အုံကြွလာကြလေသည်။

နတ်မိမယ်ယွဲ့လင် နှင့် အခြား အသုံးပြုသူများမှာ ကြောင်တောင်တောင်ဖြစ်သွားကြလေသည်။

....................................................................................

အခန်း(၁၇၅)ပြီးပါပြီ။

အခန်း (၁၇၆) : ထိန်းကြောင်းရန်မလိုသောကြွယ်ဝမှုနှင့်ပြင်းထန်သောသုံးစွဲမှု

"သေစမ်း ဒီဘစ်ရှော့က တော်တော်မိုက်တာပဲ သူထပ်ပြီးဆုရပြန်ပြီ"

"မဖြစ်နိုင်တာ မဖြစ်နိုင်တာ မဖြစ်နိုင်တာ ၂၅ခုလေးပဲပေးပြီးတော့ ရသွားတယ်တဲ့"

"ဘစ်ရှော့လို့မပြောရဘူး"

"ငါငိုတော့မယ် ကျေးဇူးပြုပြီး ငါ့ကိုလည်းလျှို့ဝှက်နည်းလမ်းသင်ပေးပါ ငါပိုက်ဆံများများပေးပါ့မယ်"

"အား.....မနာလိုလိုက်တာ မနာလိုလိုက်တာ ငါလည်းအယူအဆဆေးလုံး ၂၅လုံးလောက်တော့ပေးနိုင်ပါတယ်"

" 'ငါကသာမန်လူတစ်ယောက်ပါပဲ' အစ်ကိုကြီး မင်းကံကတအားကောင်းတာပဲ မင်းမှာလျှို့ဝှက်နည်းလမ်းတွေဘာတွေများရှိလား မင်းကတကယ်ကြီး ၂၅ခုလက်ဆောင်ပေးပြီးတာနဲ့ ဆုရသွားတာပဲ"

"အပေါ်က ရောင်းရင်း ဒီလက်ဆောင်လောက်ကမင်းလည်းပေးနိုင်ပါတယ် ဒါပေမဲ့ဒီတိုင်းပဲ မင်း‌ပေးရင်တော့ဆုမရရုံပဲရှိတာပါ ဒါစိတ်တိုစရာမကောင်းဘူးလား ဟဟဟ...."

ကျိုးဟောင်ဆုရပြီးနောက် မူလကပျားပန်းခပ်နေသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားမှုများဖြင့် ပိုမိုဆူညံလာတော့သည်။

ကျိုးဟောင်မှာ ဆ ၁၀၀ဖြင့်မြှောက်ထားသောဆုကိုတန်းရလိုက်ခြင်းကြောင့် စိန်အဆင့်ဘစ်ရှော့များမှာ နတ်သမီးယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဒီရေပမာတဝေါဝေါဝင်လာကြကာ လာစောင့်ကြည့်နေကြလေသည်။

"ဆ ၁၀၀မြှောက်ထားတဲ့ဆု မိုက်တယ် မိုက်တယ် အဲဒါရဖို့ဘယ်လောက်ပေးလိုက်ရလဲ"

"နဂါးသတ်လက်" အမည်ရှိစိန်အဆင့်ဘစ်ရှော့တစ်ယောက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုထဲရောက်ရောက်လာချင်း သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။

ယေဘုယျအားဖြင့်ပြောရလျှင် အယူအဆစာလိပ်ကဲ့သို့သောပစ္စည်းမျိုးအတွက်ဆုမှာ ၁၀ဆ၊ ဆ ၂၀၊ အများဆုံးမှ ‌ဆ ၃၀အထိသာရရှိခြင်းဖြစ်သည်။

ဆ ၁၀၀ရရန်မှာဖြစ်နိုင်သော်လည်း ရနိုင်ခြေမှာအလွန်နည်းလေသည်။ တစ်နှစ်ပတ်လုံး တိုက်ရိုက်ထုတ်လွှင့်မှုတွင် အဆင့်များအားကြီးစိုးထားသော ဘစ်ရှော့များတောင် အကြိမ်အနည်းငယ်သာ ကြုံရခြင်းဖြစ်သည်။

"@နဂါးသတ်လက် ဒီဘစ်ရှော့ကလက်ဆောင် ၂၅ခုပဲပေးပြီးရသွားတာ အားကျနေပြီလား"

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိအခြားလူများမှာ ဂုဏ်ယူစွာဖြင့်ပြန်ပြောလေသည်။

ကျိုးဟောင်မှာနတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်ဆုရရှိခဲ့ပြီး သူတို့သည်လည်းနတ်သမီးယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပုံမှန်ဧည့်သည်များဖြစ်လေရာ အချိန်ခဏလောက်တော့ အနည်းငယ်ဂုဏ်ယူသလိုခံစားနေရပေသည်။

"သေစမ်း တကယ်ကြီးလား ၂၅ခုလေးပေးပြီးရသွားတာလား"

နဂါးသတ်လက် : အယူအဆစာလိပ် × ၂၅ခု

စိန်အဆင့်ဘစ်ရှော့ဆိုသည့်အတိုင်းပင် သူသည်ချက်ချင်းဆိုသလိုပင် ယွမ် ၁၂.၅သန်းတန်သော အယူအဆစာလိပ် ၂၅ခုကျော်အားပေးပစ်လိုက်လေသည်။

တကယ်ကိုရက်ရောလှပေသည်။

သို့သော် ဤစိန်အဆင့်ဘစ်ရှော့မှာ တကယ်ကြီး ဆုရရန်ကြိုးစားနေခြင်းတော့မဟုတ်ပေ။ သူသည်အပျော်အနေနှင့်သာပေးခြင်းဖြစ်ပြီး ဘာရည်ရွယ်ချက်မှမပါပေ။

အခြားအသုံးပြုသူများမှာလည်း သူ့ရည်ရွယ်ချက်အားသိပေသည်။

သို့သော်အကယ်၍ သူသာတကယ်ဆုကြီးရသွားပါက ပျော်စရာကောင်းမည်ဖြစ်သည်။

"@ငါကသာမန်လူတစ်ယောက်ပါပဲ အရမ်းအားကျတာပဲ ဘစ်ရှော့ရေ အရင်ကငါလျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်တုန်းက မင်းပဲအမြဲတမ်းကြေညာချက်တွေမှာကြီးစိုးနေတာကိုတွေ့ခဲ့ရတယ် ကြည့်ရတာတိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာလည်း အတူတူပဲထင်တယ် နတ်သမီးယွဲ့လင်တော့နောက်ကိုကံကောင်းပြီပဲ ဟီးဟီး"

စိန်အဆင့်အသုံးပြုသူမှာ အလွန်အေးဆေးရှိလှပေသည်။ ဤအချိန်တွင် သူသည်ကျိုးဟောင်အား လေးစားအားကျမှုကိုလည်း ပြသနေပေသည်။

ကျိုးဟောင်မှာလည်း ဤစိန်အဆင့်အသုံးပြုသူ၏လေးစားအားကျမှုကို ပြန်လည်တုံ့ပြန်လေသည်။

"ငါ့ကိုအားကျစရာမလိုပါဘူး ငါကဒီတိုင်းသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်မှာ ထက်မြက်သောပုံဖြင့်စာပြန်လိုက်လေသည်။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း အလွန်အမင်းအသက်ဝင်လာလေသည်။

"ဒါကအရမ်းများလွန်းတယ် အရမ်းများတယ် တကယ်လို့ဒီဘစ်ရှော့ကသာမန်လူဆို ငါတို့ကဘာတွေလဲ"

"ဟင်း....ငါဘယ်တော့များမှဒီလိုအပြည့်စုံဆုံးအခြေအနေကိုရောက်မှာလဲ"

ထိုအချိန်တွင် ကျိုးဟောင်၏သီးသန့်စာပို့ရာနေရာမှာ ဆက်တိုက်မှိတ်လိုက်လင်းလိုက်ဖြစ်နေလေသည်။

ထိုနေရာအားဖွင့်လိုက်သောအခါ နတ်မိမယ်ယွဲ့လင်မှဂုဏ်ပြုစကားဆိုထားခြင်းဖြစ်ကြောင်းကို တွေ့လိုက်ရပေသည်။

"အယူအဆစာလိပ်အတွက် ဆ၁၀၀တန်ဆုရလို့ ဂုဏ်ယူပါတယ်ဘစ်ရှော့ ဘစ်ရှော့ရှင်ကတကယ်ကံကောင်းတာပဲ"

နတ်မိမယ်ယွဲ့လင်မှာ ဤအချိန်တွင်တကယ့်ကိုအလွန်စိတ်လှုပ်ရှားနေပြီး သူမ၏နှလုံးသားလေးမှာ သမင်တစ်ကောင်လိုခုန်ပေါက်နေလေသည်။

ကျိုးဟောင်မှာရိုးရှင်းစွာပင်စာပြန်လိုက်သည်။ ကံကောင်းမှုကြုံပြီးနောက် သူ့အာရုံမှာ ပလက်တီနမ်လက်ဆောင်ပထမသုံးခုအပေါ်ကို ရောက်ရှိသွားလေသည်။

ပလက်တီနမ်လက်ဆောင်အများအပြားရှိပြီး အမျိုးအစားတစ်ခုစီတိုင်းမှာ မယုံနိုင်လောက်အောင်ဈေးကြီးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအမျိုးမျိုးတွင် စိန်အဆင့်အသုံးပြုသူမှာလည်း အများအပြားရှိပေသည်။

ထိုအချိန်တွင် ပထမလက်ဆောင်သုံးခု၏အနောက်မှ နံပါတ်များမှာ အလွန်လျင်မြန်စွာပြောင်းလဲလာလေသည်။

ကျိုးဟောင်မလှုပ်ရှားနိုင်သေးခင်မှာပင် အခြားသူများမှာ ဆုများကိုရသွားကြပြီဖြစ်သည်။

"ငါကသာမန်လူတစ်ယောက်ပါပဲမှ စွမ်းအင်ဘား ၁၀၀အား လက်ဆောင်ပေးပါသည်"

"ငါကသာမန်လူတစ်ယောက်ပါပဲမှ စွမ်းအင်ဘား ၁၀၀အား လက်ဆောင်ပေးပါသည်"

"ငါကသာမန်လူတစ်ယောက်ပါပဲမှ စွမ်းအင်ဘား ၁၀၀အား လက်ဆောင်ပေးပါသည်"

.......

ယခုတစ်ကြိမ်တွင် ကျိုးဟောင်မှာကံကြမ္မာနံပါတ်များပြောင်းလဲလာသည်ကိုမြင်သည်နှင့် လက်ဆောင်များကိုဆက်တိုက်ပေးပစ်လိုက်သည်။

နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်းရှိလူများအားလုံးမှာ မျက်လုံးပြူးသွားကြပြီး နှလုံးများမှာလည်း တဒိန်းဒိန်းခုန်လာကြလေသည်။

မည်သို့ပင်ဖြစ်စေ ကျိုးဟောင်လှုပ်ရှားသည့်အကြိမ်တိုင်း ယွမ်တစ်သန်းလောက်တော့သုံးပေရာ ထိုအရာမှာဖြုန်းတီးရာကျပေသည်။

သို့သော် ကျိုးဟောင်မှာရပ်တန့်ရန်ရည်ရွယ်ချက်မရှိပေ။ စက္ကန့်တိုင်းသည်ကုန်ဆုံးနေတာဖြစ်ပြီး ရှုံးနိမ့်စရာအကြောင်းအရင်းလည်းမရှိပေရာ မည်ကဲ့သို့ရပ်တန့်နိုင်မည်နည်း။

အစုံ ၂၀နီးပါးလက်ဆောင်ပေးကာ ပိုက်ဆံယွမ်သန်း ၂၀နီးပါးသုံးပြီးနောက်......

ဒင်!

အသံတိုးတိုးတစ်ခုထွက်ပေါ်လာပြီး အိတ်ထဲသို့ရွှေဒင်္ဂါးများဝင်ရောက်လာသည့်အသံကိုပါ ကြားလိုက်ရသည်။

ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် စာတန်းတစ်ခုပေါ်လာသည်။

"ပလက်တီနမ်စွမ်းအင်ဘားအားလက်ဆောင်‌ပေးပြီး ဆ ၃၀တန်ဆုရရှိသွားသည့်အတွက် "ငါကသာမန်လူတစ်ယောက်ပါပဲ" အားဂုဏ်ပြုပါသည်"

ယခုတစ်ခေါက်ရသောပမာဏသည် တကယ်တမ်းတွင် ကျိုးဟောင်အတွက်အရမ်းမများပေ။ သို့သော် လူအများမှာတော့အားကျကာငိုနေကြဆဲပင်။

ကျိုးဟောင်မှာ စွမ်းအင်ဘား အခု ၁၀၀ တန်အစုံကို ၂၀ခန့်ဆက်တိုက်ပေးလိုက်သော်လည်း ဆ ၃၀တန်သော ဆုအားပြန်ရလိုက်ပေရာ တကယ်ကိုကံကောင်းပေသည်။

ထိုသို့မဟုတ်ဘဲ ကျိုးဟောင်ရသည့်ဆုမှာ ဆ ၂၀၊ ၁၀ဆလောက်ရှိမှသာ ထူးဆန်းနေမှာဖြစ်သည်။

နောက်ဆုံးအခိုက်အတန့်ရောက်ခါနီးအချိန်တွင် ကျိုးဟောင်မှာပို၍ရူးသွပ်စွာပင် ပေးပစ်လေသည်။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိလူအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြပြီး အသက်ပြင်းပြင်းပင်မရှူဝံ့ကြပေ။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်မှာလည်း ထိုအခိုက်အတန့်တွင် ဒုံးပျံတစ်စင်းသဖွယ်တစ်ရှိန်ထိုးမြင့်တက်လာလေသည်။

ထိုအချိန်တွင် အသုံးပြုသူအများစုမှာ မယုံကြည်နိုင်စရာမြင်ကွင်းအား တွေ့လိုက်ကြရလေသည်။

တိုက်ရိုက်ထုတ်လွှင့်သူတိုင်းတွင် သူတို့အားကာကွယ်ပေး‌နေသော အမာခံပရိတ်သတ်အများအပြားရှိသည်ဟုဆိုလို့ရပေရာ အခြေခံအားဖြင့်ဆိုရသော်တိုက်ရိုက်ထုတ်လွှင့်သူများမှာ ၎င်းတို့၏အဆင့်အား တစ်ရှိန်ထိုးတိုးလာစေရန်မြှင့်တင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

...................................................................................

အခန်း(၁၇၆) ပြီးပါပြီ။

အခန်း (၁၇၇) : အမှောင်မိုက်ဆုံးအခိုက်အတန့်က မျှော်လင့်ချက်ရောင်ခြည်

"အယ် ဘာဖြစ်တာလဲ"

"နတ်မိမယ်ယွဲ့လင်ရဲ့အဆင့်က တကယ်ကြီးဒီလောက်အမြန်တိုးလာနေတယ်"

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သူအများအပြားမှာ ဤကိစ္စ၏သတင်းမှာ ပေါက်ကြားသွားပြီဖြစ်ကြောင်းကို သဘောပေါက်လိုက်ကြပေသည်။

မူလက အဆင့် ၈သောင်းအောက်တွင်ရှိသော နတ်မိမယ်ယွဲ့လင်မှာ ယခုမူ ဒုံးပျံတစ်စင်းသဖွယ် အဆင့်‌များမှာတန်းမြင့်သွားလေသည်။

အချို့ မဟာဘစ်ရှော့များမှာ ဘက်ပြောင်းကာ နတ်မိမယ်ယွဲ့လင်အားစတင်ထောက်ခံလာခြင်းမှာ သံသယရှိစရာမလိုကြောင်း အခြားတိုက်ရိုက်ထုတ်လွှင့်သူများလည်းသိပေသည်။

ထိုအချိန်တွင် အချို့တိုက်ရိုက်ထုတ်လွှင့်သူများတောင် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုရန်ရောက်လာကြလေသည်။

"ဝါး ဒါတကယ့်ကို "ငါကသာမန်လူတစ်ယောက်ပါပဲ" ပဲဟ"

နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်ဆောင်များအားရူးသွပ်စွာပေးနေသူမှာ ကျိုးဟောင်ဖြစ်ကြောင်းမြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်သူအများစုမှာ မျက်လုံးပြူးကုန်ကြလေသည်။

ယခုအချိန်တွင် ထိုသူများမှာနတ်မိမယ်ယွဲ့လင်အား အားကျလွန်း၍ နှလုံးသားမှသွေးစိမ်းရှင်ရှင်ထွက်နေသလိုပင်ခံစားနေရလေသည်။

"ဒါကရူးနေတာပဲ ဒီဘစ်ရှော့ကလက်ဆောင်တွေကိုအရူးလိုပေးနေတာပဲ"

"အား.....ဘစ်ရှော့ကလုံးဝမရပ်ဘူး သူလက်ဆောင်တွေဆက်ပေးနေတုန်းပဲ"

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူအများအပြားမှာ အလွန်စိတ်လှုပ်ရှားနေကြလေသည်။

သူတို့ထံတွင်ထိုကဲ့သို့လုပ်နိုင်သောခွန်အားမျိုးမရှိ၍ ဤအသုံးပြုသူများမှာ အခြားသူများလက်ဆောင်ပေးသည်ကို ထိုင်ကြည့်နေရုံသာတတ်နိုင်သည်။ ကျိုးဟောင်အရူးတစ်ယောက်ပမာ လက်ဆောင်များပေးနေသည်ကိုကြည့်ရင်း သူတို့စိတ်ထဲတွင်လည်းကြီးမားသောစိတ်ကျေနပ်မှုတစ်မျိုးကို ခံစားနေရပေသည်။

နတ်မိမယ်ယွဲ့လင်မှာ သူမ၏လက်ရှိစိတ်ခံစားချက်ကိုဘယ်လိုဖော်ပြရမလဲပင် မသိတော့ပေ။ ယခုအချိန်တွင် သူမသည်စိတ်လှုပ်ရှားလွန်း၍ သူမ၏စိတ်ခံစားချက်ကိုထိန်းဖို့တောင်ခက်ပေရာ သူမ၏ ကြည်လင်သောမျက်ဝန်းထဲတွင်ပင် မျက်ရည်စတို့ဖြင့်တဖျပ်ဖျပ်လင်းနေပေသည်။

သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ယခင်ကတည်းက လူသိမများသလို လူသိလည်းမနည်းပေ။ ထို့အပြင်လက်ရှိအခြေအနေအား ခက်ခက်ခဲခဲထိန်းသိမ်းထားရခြင်းဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သူအများအပြားပေါ်လာသည်နှင့်အမျှ သူမ၏အဆင့်မှာဆက်တိုက်ကျဆင်းလာပြီး အဆုံးသတ်ခါနီးအခြေအနေကိုရောက်ရှိနေခြင်းဖြစ်သည်။

အဆုံးတွင် သူမဘဝ၏အမှောင်မိုက်ဆုံးအချိန်တွင် နောက်ဆုံး၌ကျိုးဟောင်ဟူသော မျှော်လင့်ချက်ရောင်ခြည်အား တွေ့ခဲ့ရပေပြီ။

အခြားအသုံးပြုသူများနှင့် တိုက်ရိုက်ထုတ်လွှင့်သူများ၏အမြင်တွင်တော့ ကျိုးဟောင်မှာရူးသွပ်နေပြီဖြစ်သည်။

သို့သော် တကယ်တမ်းယခုလိုလုပ်ရသောအကြောင်းအရင်းမှာ ကံကြမ္မာအမှတ် ၁၀သန်းကိုသုံးထားရာမှရသော ကံကောင်းသောအချိန်မှာ တစ်မိနစ်သာရှိခြင်းကြောင့်ဖြစ်သည်။ သူ မဖြုန်းတီးရဲသည်မှာ သာမန်ပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤကံကြမ္မာအမှတ်များမှာ ရရန်မလွယ်ပေ။ ပြီးခဲ့သောသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုအတွင်း သူကံကြမ္မာအမှတ် ၁၀သန်းကျော်ကို အလွယ်တကူရရှိခဲ့သော်လည်း ထိုကဲ့သို့သောအခွင့်အရေးမျိုးက နေ့စဥ်ရနိုင်တာမျိုးမဟုတ်ပေ။

ထို့အပြင် လူတစ်ယောက်သည်ရှေ့ရေးကိုကြိုတွေးတတ်ရပေမည်။ အကယ်၍သူသာတစ်နေ့တည်းနှင့် မိစ္ဆာသားရဲများအားလုံးကိုသတ်လိုက်ပါက ကံကြမ္မာအမှတ်အများအပြားရရှိရန် ထိုသတ္တဝါများအားသတ်ဖို့အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

ဤအကြောင်းအရာအားလုံးမှာရှုပ်ထွေးသော်လည်း တကယ်တမ်းတွင်မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းသာဖြစ်သည်။

ဒင်! ဂုဏ်ယူပါတယ် : " "ငါကသာမန်လူတစ်ယောက်ပါပဲ" သင်သည်စွမ်းအင်ဘားအားလက်ဆောင်ပေးရာမှ ဆ၂၀တန်ဆုလာဘ်အားရရှိပါသည်"

ဒင်! ဂုဏ်ယူပါတယ် : " "ငါကသာမန်လူတစ်ယောက်ပါပဲ" သင်သည်သွေးမျိုးရိုးဆေးလုံးအားလက်ဆောင်ပေးရာမှ ဆ၂၀တန်ဆုလာဘ်အားရရှိပါသည်"

ဒင်! ဂုဏ်ယူပါတယ် : " "ငါကသာမန်လူတစ်ယောက်ပါပဲ" သင်သည်စွမ်းအင်ဘားအားလက်ဆောင်ပေးရာမှ ဆ၂၀တန်ဆုလာဘ်အားရရှိပါသည်"

......

လူအများမှာ ကျိုးဟောင်ရူးသွားပြီဟုထင်ကြသော်လည်း တကယ်တမ်းရူးနေသည့်သူများမှာ ၎င်းတို့သာဖြစ်ပြီးကျိုးဟောင်မဟုတ်ကြောင်းကို မသိကြပေ။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်မှာ နံပါတ် ၇သောင်းသို့တရားဝင်ရောက်ရှိသွားပြီဖြစ်ပြီး ကျိုးဟောင်မှာလည်းသူ၏ပြင်းထန်သောသုံးစွဲမှုအားရပ်တန့်လိုက်ပြီဖြစ်သည်။

သီးသန့်စကားပြောရာနေရာတွင် နတ်မိမယ်ယွဲ့လင်မှာ ကျိုးဟောင်ထံဂုဏ်ပြုစာများနှင့် အခြားစာမြောက်မြားစွာကိုပို့ထားလေရာ ကျိုးဟောင်မှာဝင်ကြည့်လိုက်လေသည်။ ထိုစာထဲမှ အားလုံးနီးပါးမှာသူ့အားကျေးဇူးတင်ထားခြင်းပင်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုရှိစကားပြောရာနေရာတွင်တော့ အသုံးပြုသူအများအပြားမှာ ရုတ်ရုတ်သဲသဲဖြစ်နေပြီဖြစ်သည်။

"ဘစ်ရှော့ မိုက်လိုက်တာ မင်းရဲ့လုပ်ဆောင်ချက်ကတော့ အားရကျေနပ်စရာပဲ တကယ်မိုက်တယ်"

"မိုက်တယ် မိုက်တယ် နတ်မိမယ်ယွဲ့လင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်က ၁သောင်းကျော်ကြီး တန်းတက်သွားတာ"

"လျှို့ဝှက်ဆန်းကြယ်သေတ္တာကဘစ်ရှော့ပဲ ဒီလိုဟာမျိုးလုပ်နိုင်တာ"

......

အသုံးပြုသူအများစုမှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြကာ ကျိုးဟောင်အား "လျှို့ဝှက်ဆန်းကြယ်သေတ္တာကဘစ်ရှော့" ဟုပင်ရည်ညွှန်းပြောဆိုနေကြလေသည်။

အသုံးပြုသူအများအပြားမှာ ရုတ်ရုတ်သဲသဲဖြစ်ကာ ရူးသွပ်လာသလို တိုက်ရိုက်ထုတ်လွှင့်သူများမှာလည်း အားကျလွန်း၍ နှလုံးသားမှသွေးစိမ်းရှင်ရှင်ကျသလိုပင်ခံစားနေကြရလေသည်။ နတ်မိမယ်ယွဲ့လင်မှာလည်းစိတ်လှုပ်ရှားလွန်း၍ သူမကိုယ်သူမမထိန်းချုပ်နိုင်ဘဲ ငိုတော့မလိုပင်ဖြစ်နေလေသည်.......

ကျိုးဟောင်မှာမူတိုက်ရိုက်ထုတ်လွှင့်မှုအားရပ်ကာ ဆော့ဝဲလ်ထဲမှပင်ထွက်သွားပြီဖြစ်သည်။

ဗီလာနံပါတ် ၁၀၌ ကျိုးဟောင်မှာအိပ်ရာပေါ်တွင် သက်သောင့်သက်သာလှဲနေလေသည်။

သူ့လွယ်အိတ်ထဲမှ အယူအဆစာလိပ်ကိုထုတ်ပြီးနောက် ၎င်းအားချက်ချင်းပင်အသုံးပြုလိုက်လေသည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သောရှေးဟောင်းစာလိပ်ကဲ့သို့သော အယူအဆစာလိပ်မှာလည်း ဖုံမှုန့်သဖွယ်ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် ဤအရာ၏အကျိုးသက်ရောက်မှုမှာ အလွန်ထိတ်လန့်စရာကောင်းကြောင်းကိုလည်းသိလိုက်ရလေသည်။ ၎င်းမှာ ပေးရသောဈေးနှုန်းဖြင့် သေချာပေါက်တန်ပေသည်။

ထိုအချိန်တွင် ကျိုးဟောင်၏ ၅ခုမြောက်အသိအာရုံနှင့် ၆ခုမြောက်အသိအာရုံတို့မှာ ပြိုင်ဘက်ကင်းလောက်အောင်ထက်မြက်လာပြီး အယူအဆများ၏နားလည်သဘောပေါက်မှုသည်လည်း အလွန်အမင်းနက်ရှိုင်းလာလေသည်။

ထိုမျှသာမက သူ၏လျှို့ဝှက်ဆန်းကြယ်သေတ္တာမှကျင့်ကြံရေးသိုင်းများအားနားလည်နိုင်စွမ်းမှာလည်း အဆင့်တစ်ခုအထိတိုးလာပြီး ၎င်း၏နောက်ကွယ်ရှိလျှို့ဝှက်ဆန်းကြယ်မှုကိုလည်း တဖြည်းဖြည်းချင်းစတင်နားလည်လာလေသည်။

ကျင့်ကြံရေးသိုင်းအား နက်နက်ရှိုင်းရှိုင်းနားလည်လာမှုနှင့်အတူ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း တစ်ရှိန်ထိုးမြင့်တက်လာလေသည်။

ထိုအချိန်တွင်သူ၏စွမ်းအားများမှာ လှိုင်းတံပိုးသဖွယ်မြင့်တက်လာခြင်းကို ကျိုးဟောင်ခံစားမိပေရာ အလွန်ပင်ပျော်ရွှင်နေလေသည်။

တစ်ဖက်တွင်တော့ရှုလင်မှာလေ့ကျင့်နေဆဲဖြစ်ပြီး ကျိုးဟောင်သည်လည်းရှုလင်၏ဗီလာဝရံတာတွင်ပေါ်လာလေသည်။

ရှုလင်မှာချက်ချင်းပင်မျက်ခုံးပင့်ကာ ဝရံတာကိုကြည့်လိုက်လေသည်။ ကျိုးဟောင်သေချာပေါက်လာမည်ဖြစ်ကြောင်းကို တွေးစရာပင်မလိုဘဲ သူမသိပေသည်။

"မြန်မြန်ပြန်ပြီးသွားလေ့ကျင့် ငါတို့‌ဗီလာကိုမျက်စိကျနေတဲ့လူ ဘယ်နှစ်ယောက်တောင်ရှိမှန်းမသိဘူး"

ရှုလင်မှာ ကျိုးဟောင်အားလုံးဝလက်မြှောက်ထားပြီဖြစ်သည်။

လေ့ကျင့်ရေးစခန်းကိုဝင်ကတည်းက အခြားလူများမှာ သူတို့အချိန်ကိုအကောင်းဆုံးအသုံးချကာ ကျင့်ကြံကြ‌သည်။ ကျိုးဟောင်တစ်ယောက်သာ လုံးဝပူပန်နေပုံမပေါ်ခြင်းဖြစ်သည်။ သူသက်သောင့်သက်သာနှင့် စာလိပ်ယူနေသည့်အချိန်တွင် အခြားလူများမှာတော့ ဓားတောင်ကျော်ကာမီးပင်လယ်ကဖြတ်နေရသလိုပင်။

"ငါကကျင့်ကြံဖို့မှမလိုတာ အစောကတည်းကပြိုင်ဘက်ကင်းပြီးသားကို ဘာလို့ကျင့်ကြံနေရမှာလဲ"

ကျိုးဟောင်မှာ ရှုလင်ဆီလမ်းလျှောက်သွားရင် ဟာသနှောကာပြောလိုက်သည်။

သူသည်ပြိုင်ဘက်ကင်းသည်ဟူသောစကားသည်သူ့အတွက်အမှန်မဟုတ်သော်လည်း အနည်းဆုံးချိုင့်ဝှမ်းအက်ကွဲကြောင်းပြင်ပတွင်တော့ သူသည်တကယ် ပြိုင်ဘက်ကင်းပေသည်။

လက်ရှိအချိန်တွင် ထိုကိစ္စအားရှုလင်ကို သူသေချာပေါက်ပြောပြမည်မဟုတ်သလို ပြောပြခဲ့လျှင်တောင် ရှုလင်ကလည်းသူ့ကိုယုံမည်မဟုတ်ပေ။

ယခုအချိန်တွင် ရှုလင်မှာကျိုးဟောင်အား စိတ်ကုန်သလိုအမူအရာနှင့်သာကြည့်လိုက်သည်။

"နင်ကပြိုင်ဘက်ကင်းတယ်လို့မပြောနဲ့ နင်နောက်လာမဲ့အကဲဖြတ်ပြိုင်ပွဲမှာကြိုးစားပြီး ပထမနေရာရရင် ငါနင့်ကိုအံ့ဩစရာလက်ဆောင်ပေးမယ်"

ရှုလင်မှာပြုံးလိုက်ပြီး သူမ၏ထက်မြက်သောမျက်လုံးများမှာမရိုးသားသလိုပြောင်းလဲသွားကာ အဓိပ္ပာယ်ပါသောအကြည့်ဖြင့်ကြည့်ကာပြောလိုက်လေသည်။

....................................................................................

အခန်း(၁၇၇) ပြီးပါပြီ။

All Chapters