← Chapters

အခန်း ၁၈၁-၁၈၃

Vol. 13 Ch. 181-183

အခန်း ၁၈၁-၁၈၃

Vol. 13 Ch. 181-183

အခန်း (၁၈၁): အနက်ရောင်မြင်းတို့၏ တိုက်ပွဲ

သို့သော်လည်း အနန္တထိုးဖောက်လက်ချောင်း လျှို့ဝှက်သိုင်းကျမ်း ကဒ်မှာ ပရိယာယ်များလှသည်။

ကျိုးဟောင်ရရှိခဲ့သော ကဒ်အပေါ်တွင် နံပါတ် ၁၉လို့ပါရှိလေသည်။ ထိုအဓိပ္ပါယ်မှာ သူနောက်ထပ် မီးခိုးရောင်ကဒ် ၅၀ လောက်ထပ်စုဆောင်းရမည်ဖြစ်ပြီး ထိုကဒ်အားလုံးပေါ်ရှိ နံပါတ်များမှာလည်း ကွဲပြားနေရမည်ဖြစ်လေသည်။

ဒီအတိုင်းဆို ကဒ်အားလုံးကိုရဖို့ ကျိုးဟောင်မှာ နတ်ဆိုးအတော်များများကို သတ်ရမည့်အခြေအနေဖြစ်နေလေသည်။

ကျိုးဟောင်နှင့် အတော် အတန်ဝေးသော နေရာတခုတွင် ကျိယွီဖန်မှာ နတ်ဆိုးသားရဲ အများအပြားကို သတ်ဖြတ်နေလေသည်။သူသည် ရရှိလာသော မီးခိုးရောင်ကဒ်များကို ကြည့်ပြီး ငြီးတွားနေလေသည်။

အနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ လျှို့ဝှက်ဆန်းကြယ်သော အဆင့်မြင့်သိုင်းဖြစ်သော်လည်း ပြင်းထန်သောကျင့်ကြံရေးနည်းစနစ်များလိုအပ်လေသည်။

သာမန်ခန္ဓာနှင့် သိုင်းပညာရှင်များမှာ ထို့ကျင့်စဉ်၏ အနိမ့်ဆုံး အဆင့်ကိုတောင် အတော်များများမရောက်နိုင်ကြပေ။ ကျိယွီဖန်လို လူအတွက်တောင်မလွယ်သောကျင့်စဉ်ဖြစ်သည်။

ကျိယွီဖန်သည် ထို ကျင့်ကြံရန်ခက်ခဲသော လျှို့ဝှက်သိုင်းပေးခြင်းအပေါ် ပြစ်တင် ရှုတ်ချနေခဲ့လေသည်။

ကျိယွီဖန် ၏အမြင်တွင် ဤမီးခိုးရောင်ကတ်များသည် အကဲဖြတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်လို့ယူဆ လေသည်။ ထိုအရာများကို စုဆောင်းခြင်းဖြင့် အာရုံပျံ့လွင့်သွားမည့် ငတုံးများ ရှိမရှိကို နည်းပြဆရာက သိချင်နေသောကြောင့်ဖြစ်နိုင်သည်။

ကျိယွီဖန် သည် သူ့ထက် ပိုစွမ်းဆောင်နိုင်ပြီး ပိုမို ကောင်းမွန်အောင်ကျင့်ကြံနိုင်သူများ ရှိနေသည်ကိုတော့ မသိခဲ့ပေ။

ကျိုးဟောင်အတွက် အနန္တထိုးဖောက်လက်ချောင်းသိုင်းပေါ်လာခြင်း ကြောင့် ပျင်းစရာအကဲဖြတ်ပြိုင်ပွဲမှာ ပျော်စရာတွေ့လာခဲ့လေပြီ။

ထိုနေရာတွင် နတ်ဆိုးသားရဲ အများအပြားရှိသော်လည်း မီးခိုးရောင်ကဒ်များ စုဆောင်းရန် မလွယ်ကူခဲ့ပေ။

ကျိုးဟောင်မှာ လမ်းတလျှောက်ရှိ နတ်ဆိုး များကို သတ်ဖြတ်ခဲ့သော်လည်း သူ့လက်ထဲတွင် မီးခိုးရောင် ၃ကဒ်သာ ရခဲ့လေသည်။

အခြားကျောင်းသားများလည်း လျှို့ဝှက်လက်ချောင်းသိုင်းကို တွေ့သောအခါ ကျိယွီဖန်ကဲ့သို့ ငြီးတွားနေခဲ့ကြလေသည်။ကျောင်းသားများမှာ ထိုသိုင်းကျမ်းကို ကြားဖူးကြပြီး သူတို့အတွက် ကျင့်ကြံရန် အတွက် အသုံးမ၀င်ခဲ့ပေ။

ထိုလျှို့ဝှက်လက်ချောင်းသိုင်းကို ကျင့်ကြံခြင်းက ခန္ဓာကိုယ်အား အလွန်အမင်း ၀န်ပိစေပြီး အတင်းကျင့်ကြံဖူးကြသောသိုင်းပညာများမှာလည်း သူတို့၏ ညာဘက်လက်တချောင်းလုံး စုတ်ပြတ်သွားခဲ့ကြဖူးသည်။

ဒီလက်ချောင်းသိုင်းအစား အခြားလျှို့ဝှက်သိုင်းတခုသာဖြစ်ပါက သူတို့က စိတ်လှုပ်ရှားကြမည်ဖြစ်သော်လည်း ရှာတွေ့သမျှ ကဒ်အားလုံးမှာ အနန္တထိုးဖောက်လက်ချောင်းသိုင်းတွေချည်းဖြစ်နေသောကြောင့် ကျောင်းသားများမှာ စိတ်ပျက်နေကြလေသည်။

ဘေးဘက်ရှိ သစ်ပင်ခြုံနွယ်များ ယိမ်းထိုးနေခဲ့ပြီး အနက်ရောင် စပါးအုံးမြွေတကောင်သည် ကျိုးဟောင်အား မျိုရန်ပြေးထွက်‌လာလေသည်။အနက်ရောင်ကြေးခွံရှိစပါးအုံးမြွေကြီး ပုံရိပ်ယောင်မှာ အစစ်ကဲ့သို့ အသက်၀င်ပီပြင်လှသည်။

စပါးအုံးမြွေကြီးမှာ ပါးစပ်ကြီးဖြဲ၍ ကျိုးဟောင်းအားတိုက်ခိုက်လိုက်လေသည်။ ကျိုးဟောင်သည် ဘေးဘက်သို့ အသာလေးခုန်ထွက်ရှောင်တိမ်းလိုက်လေသည်။ သူ၏ခြေလှမ်းများမှာ ရိုးရှင်းပြီး အကျိုးသက်ရောက်မှုရှိလေသည်။

ကျိုးဟောင်မှာ ဘာမှ အားစိုက်ထုတ်စရာမလိုဘဲ စပါးအုံးမြွေကြီး၏ တိုက်ခိုက်မှုကို အေးဆေးစွာ ရှောင်တိမ်းလိုက်နိုင်လေသည်။

ခွပ်...

စပါးအုံးမြွေကြီးက သူ၏ တိုက်ခိုက်ချက်မှာ ဘာလို့လွဲတာလဲလို့ စဉ်းစားနေစဉ်မှာပဲ ကျိုးဟောင်က လက်ဝါးဇောင်းဖြင့် စပါးအုံးမြွေကြီး၏ ဦးခေါင်းအား လျင်မြန်စွာရိုက်ခွဲလိုက်လေသည်။

စပါးအုံးမြွေကြီးသေဆုံးသွားသောအခါ ထိုနေရာတွင် မီးခိုးရောင်ကဒ်တကဒ်ပေါ်လာခဲ့လေသည်။ကျိုးဟောင်က ထိုကဒ်ကို ဂရုမစိုက်သလိုပင် ကောက်ယူလိုက်ပြီး ထိုနေရာမှဆက်ထွက်လာခဲ့လေသည်။

ကျိုးဟောင်မှာ လမ်းတလျှောက်ရှိ နတ်ဆိုးသားရဲများကို အဆင့်ကြီးငယ်မရွေးသတ်ဖြတ်လာခဲ့လေသည်။နတ်ဆိုးသားရဲအများအပြားကိုသတ်ဖြတ်ပြီးနောက် ကျိုးဟောင်၏ အဆင့်မှာ ထိပ်ဆုံး ၅ယောက်ထဲ၀င်လာခဲ့လေသည်။

ကျိုးဟောင်က အဆင့်သတ်မှတ်ချက်အပေါ် ဂရုမစိုက်သော်လည်း အခြားကျောင်းသားများမှာတော့ မှင်တက်နေခဲ့ကြလေသည်။

"ဘာတွေဖြစ်နေတာလဲ ကျိုးဟောင်က အဆင့် ၅ ဟုတ်လား"

ကျောင်းသားတယောက်မှာ သူ့ရှေ့တွင် ရှိသော နတ်ဆိုးသားရဲတကောင်နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နေခဲ့ရပြီး သူအနိုင်ရချိန်တွင် ကျိုးဟောင်က အဆင့်၅နေရာ ရောက်နေကြောင်းသိလိုက်ရသည်။ ထိုသတင်းသည်သူ့အတွက် ကြွက်အသေတကောင်ကိုစားလိုက်ရသကဲ့သို့ အော်ကလီဆန်သွားခဲ့လေသည်။

ကျိုးရှန် သည် သူတို့အားလုံးထဲတွင် ကျိုးဟောင်က အားအနည်းဆုံးဖြစ်ကြောင်းမှတ်ယူထားခဲ့လေသည်။ သို့သော်လည်း ယခုအချိန်တွင် ကျိုးဟောင်က သူတို့အားလုံးကိုကျော်တက်ပြီး အဆင့်၅နေရာသို့ရောက်နခဲ့လေပြီ။ဒါသည် သူတို့အတွက် ရှက်စရာအခိုက်အတန့်ပင်ဖြစ်လေသည်။

ရုတ်တရက်ပင် ကျောင်းသားများ၏ တိုက်ခိုက်လိုစိတ်များ တဟုန်ထိုးမြင့်တက်လာလေသည်။ အရင်က တိုက်ခိုက်ရန်အတွက် ကောင်းကျိုးဆိုးကျိုးများကို ချင့်ချိန်နေခဲ့သော်လည်း ယခုမူ ဘာမှ စဉ်းစားမနေကြတော့ဘဲ နတ်ဆိုးသားရဲများကို သတ်ရန်သာ သွေးဆူနေကြလေသည်။

"ဟမ် ငါတို့က တုံဆိုင်းနေခဲ့လို့သာပေါ့ အခုလိုအတည်ကြိုးစားတော့မယ်ဆိုရင်တော့ ကျိုးဟောင် မင်း အဆင့်၅နေရာကိုထိန်းထားနိုင်ပါ့မလား"

ကျောင်းသားတယောက် က မထီမဲ့မြင်ပြောလိုက်လေသည်။ သူသည် ပြဿနာ၏အတိမ်အနက်ကို မသိရှိခဲ့သေးပေ။

ထိုကျောင်းသားကဲ့သို့ ခပ်အအအတွေးအခေါ်နှင့် အခြားကျောင်းသားများ ရှိသေးသော်လည်း မကြာမီမှာပင် သူတို့ စိတ်ပျက်အားငယ်သွားကြလေသည်။

ခဏအကြာတွင် အဆင့်သတ်မှတ်ချက်မှာ အတော်အတန်ပြောင်းလဲသွားသည်ကို အားလုံး သတိထားမိလိုက်ကြသည်။

ကျိုးဟောင်၏ အဆင့်မှာ ယုတ်လျော့မသွားဘဲ အဆင့် ၄နေရာထိပါ တက်လှမ်းသွားသောကြောင့် အားလုံး ထိတ်လန့်သွားကြရသည်။

ယခုလက်ရှိတွင် ရှုလင်က အဆင့် ၁ဖြစ်ပြီး အဆင့်၂နေရာတွင် ကျိယွီဖန်ကရှိနေလေသည်။ သူတို့၂ယောက်မှာ အမှတ်သိပ်မကွာဘဲ တ‌ယောက်တလှည့် အဆင့် ၁နေရာကို လုနေခဲ့ကြလေသည်။

အဆင့်၃နေရာတွင်သော လုကျန်းဆိုသောကျောင်းသားရှိနေခဲ့ပြီး ပြီးခဲ့သော ပြိုင်ပွဲတွင် သူသည် သာမန်မျှသာ‌ရှိသောကြောင့် လူအတော်များများသူ့ကို သတိမထားမိကြပေ။

သို့သော်လည်း ခံတပ်အခြေစိုက်စခန်းသို့ရောက်လာသည့်အချိန်မှစ၍ လုကျန်းမှာ တဟုန်ထိုးတိုးတက်လာခဲ့လေသည်။ သူသည် အနက်ရောင်မြင်းရိုင်းတက‌ကောင်ကဲ့သို့ပင် လျင်မြန်စွာ တိုးတက်လာခဒ့လေသည်။

သူသည် တိုက်ခိုက်ရသည်ကို ခုံမင်သူဖြစ်ပြီး ပုံရိပ်ယောင်ခန်းမ ထဲကို စ၀င်ထဲက သူ့စိတ်ကိုလွှတ်ပေးလိုက်လေသည်။ သူသည် သူ့လမ်းတလျှောက်ရှိ နတ်ဆိုးသားရဲများကို အညှာတာမဲ့စွာ သတ်ဖြတ်ခဲ့လေသည်။

"ဘာတွေဖြစ်နေတာလဲ ကျိုးဟောင်က အဆင့် ၄အထိရောက်သွားပါလား"

ကျောင်းသားများမှာ ထိတ်လန့်ပြီး မယုံကြည်နိုင်ဖြစ်နေကြလေသည်။

"ထူးဆန်းတယ်။ ဒီကောင် အဆင့်နိမ်မိစ္ဆာတွေ အပြုံလိုက်နဲ့တွေ့ပြီး အဲ့ကောင်တွေကို ဆက်တိုက်သတ်နေလို့ ဒီလိုအမှတ်တွေများနေတာဖြစ်မယ်"

ကျောင်းသားတယောက်က ကျိုးဟောင်သည် အဆင့်နိမ့်နတ်ဆိုးသားရဲတွေ ရှိသည့်နေရာသို့ရောက်သွားခဲ့သည် ယူဆလေသည်။ ထိုအဆင့်နိမ့်နတ်ဆိုးများကို သတ်ရန်မှာ ပုရွက်ဆိတ်‌တကောင်ကို သတ်သလောက် မခက်ခဲပေ။ ထိုကျောင်းသားက ကျိုးဟောင်မှာ ထိုကဲ့သို့သတ်ပြီး အမှတ်တွေစုဆောင်းနေသည်လို့ ထင်မြင်နေလေသည်။

ထိုကျောင်းသားများမှာ ကျိုးဟောင်အား အလွန်မနာလိုဖြစ်နေကြပြီး အမျိုးမျိုးထင်မြင်ယူဆနေခဲ့ကြလေသည်။ တချို့ကျောင်းသားများလည်း ကျိုးဟောင်လုပ်သလို အဆင့်နိမ့် နတ်ဆိုးသားရဲများကို သတ်ပြီး အမှတ်စုဆောင်းရန်တွေးနေကြလေသည်။

သို့သော်လည်း သူတို့မသိခဲ့သည်က ကျိုးဟောင်အမှတ်စုဆောင်းသကဲ့သို့ သူတို့ လိုက်လံတုပနိုင်မည်မဟုတ်ပေ။

..............................................................................

အခန်း(၁၈၁)ပြီးပါပြီ။

အခန်း (၁၈၂): ထူးချွန်သူအသစ်တယောက်မွေးဖွားလာမည်လို့ ခန့်မှန်းခြင်း

အဆင့်သတ်မှတ်ချက်ဇယားတွင် အပြောင်းအလဲများစွာဖြစ်နေသည်ကို နည်းပြ ယန်ဟွေ့ နှင့် ဌာနမှူး ရှန်းကျိီတို့လည်း သတိထားမိကြသည်။

ကျောင်းသားများနှင့် မတူတာက သူတိုက စုဆောင်းထားသော ကဒ်အပိုင်းအစများ၏ အရေအတွက်ကိုပါမြင်နိုင်ကြလေသည်။

ကဒ်အပိုင်းအစ အရေအတွက်အဆင့်သတ်မှတ်ချက်တွင် ကျိုးဟောင်က ၂၉ကဒ် ဖြင့် အဆင့်တစ် နေရာတွင် ရှိနေလေသည်။

ထိုရလဒ်ကြောင့် ယန်ဟွေ့ နှင့် ရှန်းကျီ တို့၏ မျက်လုံးများတွင် မယုံကြည် နိုင်မှု များဖြင့် ပြည့်နေလေသည်။

ရှေ့တန်းခံတပ်၏လေ့ကျင့်ရေးစခန်းမှာတုန်းက ကျိုးဟောင်၏ စွမ်းဆောင်ရည်မှာ ထူးချွန်မနေဘဲ သာမန်မျှသာဖြစ်နေခဲ့သည်။

ဒီတကြိမ်မှာတော့ ကျိုးဟောင်လည်း လုကျန်းကဲ့သို့ တိုးတက်ပြောင်းလဲလာသော ထူးချွန်သူတယောက်ဖြစ်‌လာလေပြီ။

လုကျန်းနှင့် ယှဉ်ရင် ကျိုးဟောင်မှာ ပို၍ကြောက်မက်ဖွယ်စွမ်းဆောင်ထားနိုင်လေသည်။ မီးခိုရောင်ကဒ်များကို ခန္ဓာကိုယ်ထဲတွင် သိမ်းထားသော သားရဲများမှာ သူတို့၏မျိုးနွယ်တူများထဲတွင် အထွဋ်အထိပ် အဆင့်ရှိနေသော သားရဲများဖြစ်လေသည်။

ယခုတွင် ကျိုးဟောင်မှာ ကဒ်၂၉ ကဒ်ပိုင်ဆိုင်ထားခြင်းက သူသည် စွမ်းအားကြီးသော သားရဲ၂၉ကောင်သတ်ထားပြီးပြီဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်လေသည်။

အဆင့်၁တွင် ရှိသောရှုလင်မှာ သန္ဓေပြောင်းလဲခြင်း အဆင့်၂တွင်ရှိသော သားရဲ ၆ကောင်သတ်ထားပြီး ကျိယွီဖန်က ၅ကောင်သာသတ်ထားခဲ့‌‌သည်။

ကျောင်းသားအများစုမှာတော့ တကောင်မှ မသတ်ရသေးဘဲ တချို့ကတော့ ၁ကောင် ၂ကောင်လောက်သတ်နိုင်ခဲ့လေသည်။

ကျောင်းသားအများစုမှာ ဒုတိယအဆင့်ရှိသောသ‌န္ဓေပြောင်းသားရဲဖြင့် ရင်ဆိုင်ဖို့ သတ္တိမရှိကြသည်မှာထင်ရှားလေသည်။

ကျိုးဟောင်ကတော့ ကြောက်လန့်မနေဘဲ ထိုသန္ဓေပြောင်းသားရဲများကို အချိန်အတိုအတွင်းအများအပြားသတ်ဖြတ်ခဲ့ပြီးပြီဖြစ်လေသည်။

ယန်ဟွေ့ ၊ ရှန်းကျီ နှင့် အခြား မူလအဆင့်ပညာရှင်များမှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး အံ့ဩနေကြလေသည်။

ခုနှစ်ခုမြောက် လေ့ကျင့်ရေးစခန်းတွင် ထူးချွန်သူတယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာ အသေအချာပင်ဖြစ်လေသည်။

ထိုအချိန်အတွင်းမှာပဲ ကျိုးဟောင်က နောက်ထပ် နတ်ဆိုးသားရဲ ၅ကောင်ကို ထပ်မံသတ်ဖြတ်ခဲ့ပြီး မီးခိုးရောင်ကဒ် ၂ကဒ်ထပ်ရခဲ့လေသည်။

သူ့အမှတ်များက လုကျန်းထက်ပင် သာသွားပြီး အဆင့် ၃နေရာအထိတက်လှမ်းလာခဲ့လေသည်။

ကျိုးဟောင်နှင့် အလှမ်းဝေးသောနေရာတွင်ကျိယွီဖန်တယောက် မကြုံစဖူး ဖိအားတခုကို ခံစားလိုက်ရသောကြောင့် ဒေါသထွက်နေလေသည်။

ကျိုးဟောင် တလအတွင်း ဘာလို့ ဒီလောက်သန်မာလာရသလဲကို သူမစဉ်းစားနိုင်ဖြစ်နေခဲ့သည်။ဒါမဟုတ် ကျိုးဟောင်က အဆင့်နိမ့်မိစ္ဆာတွေစုဝေးနေတဲ့နေရာကို တွေ့ခဲ့ပြီး အမှတ်တွေ စုဆောင်းနိုင်ခဲ့နေတာလား။

သို့သော်လည်း ထိုအချက်ကမဖြစ်နိုင်ပေ။ အဆင့်နိမ့်မိစ္ဆာအများအပြားကို ဆက်တိုက်သတ်နေနိုင်ရင်တောင်မှ ဒီလောက်အမှတ်များများရဖို့ မဖြစ်နိုင်ပေ။

ကျိယွီဖန်မှာ ဒေါသတကြီးဖြင့် နတ်ဆိုးသားရဲများ အစုအပြုံလိုက်ရှိသည့်နေရာသို့ သွားရန်ဆုံးဖြတ်လိုက်သည်။

သူသည် သူ့ထက်သာသော ရှုလင်တို့ကို သိပ်ဂရုမစိုက်သော်လည်း ကျိုးဟောင်ကိုတော့ သူမရှုံးချင်ပေ။သူကျင့်ကြံထားသော စွမ်းရည်များ နှင့် သူ့အရည်အချင်းမှာ ကျိုးဟောင်ထက်သော မနိမ့်ကျဘူးလို့ခံယူထားလေသည်။

ထိုကဲ့သို့ဖြစ်လာမည်လို့ လည်း သူ မမျှော်လင့်ထားခဲ့ပေ။ကျိယွီဖန်ကဒေါသတကြီး တုံပြန်ပြီးနောက် မကြာခင်ပဲ သူ့အမှတ်များမှာ တဟုန်ထိုး မြင့်တက်လာလေသည်။

"ဟ ကျိယွီဖန် ရှုးများသွားပြီလား"

ကျိယွီဖန်၏အမှတ်များ တဟုန်ထိုးတက်လာသောကြောင့် အခြားကျောင်းသားများမှာအံ့ဩနေကြလေသည်။

ကျိယွီဖန်၏ အမှတ်များမှာဆက်တိုက်ကိုမြင့်တက်လာခြင်းအရ သူအရှုးအမူး သတ်ဖြတ်နေပုံရလေသည်။ ထိုကဲ့သို့ပြုမူနေခြင်းကြောင့် သူ့အမှတ်များမှာ ရှုလင်ကိုပင်ကျော်တက်သွားလေသည်။

သို့သော်လည်း ရှုလင်ကတော့ ကျိယွီဖန် နှင့် မတူဘဲ သူမ၏အကောင်းဆုံး အခြေအနေကို အမြဲထိန်းသိမ်းထားလေသည်။ သူမသည် စွမ်းအားမြင့် နတ်ဆိုးသားရဲများဖြင့် ယှဉ်ဆိုင်ရလျှင် ဘယ်လိုအနိုင်ယူရမလဲ သို့မဟုတ် ဘယ်လို အမြန်ပြန်ဆုန်မလဲဆိုတာကို အမြဲချင့်ချိန်တတ်သည်။

ဒါကြောင့်မို့ ရှုလင်မှာ ယခုအချိန်ထိ အကောင်းဆုံးပုံစံမှာရှိနေသေးလေသည်။

ကျိယွီဖန်ကတော့ အဲ့လိုမဟုတ်ဘဲ အသည်းအသန်လိုက်လံသတ်ဖြတ်နေသောကြောင့် သူ့အခြေအနေမှာဆိုးရွား‌လာပြီး မကြာမီပင် သူခြေကုန်လက်ပန်းကျကာ သူ၏တိုက်ခိုက်ရေးစွမ်းရည်များဆုံးရှုံးသွားတော့မည်ဖြစ်သည်။

ပုံရိပ်ယောင်အခန်းငယ်များ၏ အပြင်တွင်ရှိသော ယန်ဟွေ့ နှင့် ရှန်းကျီတို့မှာ မျက်မှောင်ကြုတ်နေကြလေသည်။

လက်ရွေးစင်သိုင်းပညာရှင်တယောက်မှာ အင်အားနှင့် သတ္တိမှာ အရေးကြီးသော်လည်း ဉာဏ်ရှိဖို့လည်း လိုအပ်ပေသည်။

ဘယ်လောက်ဘဲ သန်မာကြမ်းတမ်းပါစေ တကယ့်သိုင်းပညာရှင်တယောက်ကဲ့သို့ မစဉ်းစားမတွေးခေါ်နိုင်ပါက လူမိုက်သာသာဖြစ်နေမည်ဖြစ်လေသည်။

ထိုအချက်သည် လေ့ကျင့်ရေးစခန်းများက အထူးသေချာပြုစုပျိုးထောင်ပေးသော အချက်များထဲကတခုဖြစ်လေသည်။

ယခု ကျိယွီဖန်၏လုပ်ရပ်က က ယန်ဟွေ့ နှင့် ရှန်းကျီတို့အားစိတ်ပျက်စေလေသည်။

ကျိုးဟောင်ဘက်မှာလည်း အခက်အခဲတွေ့နေပုံရလေသည်။ သူသည် မီးခိုးရောင်ကဒ်များ ၄၀ကျော် စုဆောင်းခဲ့သော်လည်း သူရရှိခဲ့သည်များမှာ နံပါတ်တူကဒ်များ အများအပြားပါနေလေသည်။

ဒီအတိုင်းဆို ဒီစမ်းသပ်ချက်မပြီးဆုံးခင် သူကဒ်များအကုန်လိုက်စုဖို့ လွယ်ကူမည်မဟုတ်ပေ။

ကျိုးဟောင်မှာ အရင်တုန်းက သာမန်လူတယောက်ကဲ့သို့ပင် လူတိုင်းနှင့်ဖော်ရွေ ရင်းနှီးချင်ခဲ့သည်။ သို့သော်လည်း သူပြန်ရသည်က အထင်အမြင်သေးခြင်းနှင့် ဖယ်ကျဉ်ခြင်းတို့ပင်ဖြစ်သည်။

ဒါကြောင့် အခု သူဟန်ဆောင်နေတာကို ရပ်တန့်ဖို့ဆုံးဖြတ်လိုက်ပြီး အထူးလေ့ကျင့်ရေးစခန်း ၇ခုလုံးတွင် နံပါတ်တစ် ကျွမ်းကျင်သူက သူဖြစ်ကြောင်းထုတ်ပြရန်စဉ်းစားထားသည်။

ထို့ကြောင့် မီးခိုးရောင်ကဒ်၅၀အား အပြင်းအထန်လိုက်လံစုဆောင်းနေခြင်းဖြစ်လေသည်။သို့သော်လည်း ကဒ်၄၀လောက်စုဆောင်းခဲ့သော်လည်း နံပါတ်တူကဒ်များပါနေသောကြောင့် ငါးအရိုးစူးသကဲ့သို့ပင် စိတ်မသက်မသာဖြစ်နေလေသည်။

....................................................................................

အခန်း(၁၈၂)ပြီးပါပြီ။

အခန်း (၁၈၃) : ကြောက်မက်ဖွယ်အရာတခုဖြစ်ပွားခြင်း

ကျိုးဟောင်အတည်လုပ်ဖို့ဆုံးဖြတ်လိုက်သည်နှင့် အနီးအနားတွင် ရှိသော သားရဲများမှာ ဟယ်ရီကိန်းမုန်တိုင်းတိုက်သကဲ့သို့ အကုန်ရှင်းလင်းခံလိုက်ရလေသည်။

ဘယ်လိုအဆင့်ဖြစ်ဖြစ် ဘယ်လောက်များတဲ့ နတ်ဆိုးသားရဲတွေဖြစ်ဖြစ်ကျိုးဟောင်က ဂရုစိုက်မနေတော့ဘဲ အညှာအတာကင်းစွာ သတ်နေခဲ့လေသည်။

ကျိယွီဖန်သည် က အစက သူ့အသက်ကိုရင်းပြီး လုပ်မယ်ဆိုရင် ကျိုးဟောင်အားနောက်ကောက်ချနိုင်မည်လို့တွေးထားခဲ့လေသည်။

သို့သော်လည်း သူတွေ့လိုက်ရသည်က ကျိုးဟောင်၏အမှတ်များဖြင့် အရှိန်ပြင်းပြင်းဖြင့် တိုးတက်လာနေပြီး သူ့အားလိုက်မှီတော့မည်ဖြစ်လေသည်။

သူဘယ်လိုပဲကြိုးစားကြိုးစား ဘယ်လိုနည်းလမ်းတွေဘဲ သုံးသုံး မရတော့ပဲ ကျိုးဟောင်က သူ့အားကျော်တက်သွားခဲ့လေသည်။

ဖူးး...

ပုံရိပ်ယောင် အခန်းငယ်ထဲရှိ ကျိယွီဖန်၏ပါးစပ်မှ သွေးများထွက်လာသည်အထိ သူဒေါသထွက်နေခဲ့လေသည်။

သူသည် ကျိုးဟောင်၏ အနိုင်ယူခြင်းကို နောက်တကြိမ်ခံလိုက်ရပြန်လေပြီ။ သူ၏သိုင်းပညာရှင်တယောက်၏ မာနမှာလည်း ကျိုးဟောင်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရလေသည်။

ခုနှစ်ခုမြောက်လေ့ကျင့်ရေးစခန်းရှိ ကျောင်းသားများမှာလည်း အဆင့်သတ်မှတ်ချက်ဇယားကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေကြလေသည်။ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို သူတို့နားမလည်နိုင်ဖြစ်နေကြလေသည်။

အချိန်တလအတွင်းမှာပဲ ကျိုးဟောင်ကဘာလို့ဒီလောက်ကြောက်မက်ဖွယ်သန်မာလာရတာလဲ....

ရှုလင်လည်း အံ့ဩနေခဲ့လေသည်။ သူမသည် အစက ကျိုးဟောင်၏ရလဒ်အတွက် စိတ်ပူပန်နေခဲ့လေသည်။

သူမအခုတော့သိခဲ့ရလေပြီ။ ကျိုးဟောင်သည် ပုံရိပ်ယောင်အခန်းငယ်ထဲ၀င်ခါနီးအချိန်တုန်းက တည်ငြိမ်နေခဲ့ခြင်းမှာ ဟန်ဆောင်နေခြင်းမဟုတ်ဘဲ သူ၏ခွန်အားအပေါ် ယုံကြည်မှု ရှိနေခြင်းကြောင့် တည်ငြိမ်နေခဲ့ခြင်းဖြစ်လေသည်။

ဒီလထဲမှာ သူမသည် အတော်တိုးတက်လာခဲ့သည်။ ကျိယွီဖန် နှင့် အခြားသူများမှာလည်း အပြိုင်အဆိုင်တိုးတက်လာခဲ့သည်။

ခုတော့ ကျိုးဟောင်သည်လည်း တိုးတက်လာခဲ့ပြီး အခြားသူများထက်ပင် မြန်ဆန်စွာ တိုးတက်လာကြောင်းသူမတွေ့လိုက်ရလေပြီ။

ရှုလင်၏မျက်လုံးလှလှလေးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။ သူမအဆင့်တစ်ရတာထက်ပင်ပို၍ပျော်ရွှင်စိတ်လှုပ်ရှားနေလေသည်။

သို့သော်လည်း သူမပို၍အားစိုက်ထုတ်လာလေသည်။ကျိုးဟောင်က သူမအား ကြီးကြီးမားမား အံ့ဩအောင်လုပ်နိုင်ခဲ့သော်လည်း ပထမနေရာအား လွယ်လွယ်နှင့် မပေးလိုက်လိုပေ။

တကယ်လို့ ကျိုးဟောင်သာ အဆင့်တစ်ရသွားပါက သူဘယ်လောက် ဘ၀င်မြင့်နေမယ်ဆိုတာ သူမသိလေသည်။ ဒါ့ကြောင့် သူမသည် ကျိုးဟောင်ဆီမှပထမနေရာကို လုမယူနိုင်ရင်တောင် သူဘ၀င်မြင့်မနေစေရန် အမှီလိုက်ဖို့လိုအပ်လေသည်။

တကယ်တော့ ကျိုးဟောင်အနေဖြင့် သူ့မာနကို ထိန်းချုပ်နိုင်ဖို့ ရှုလင်ကိုမလိုအပ်ခဲ့ပေ။ အခုချိန်ထိသူ့မှာ ပြောစရာမရှိသေးပေ။

ကျိုးဟောင်သည် ကဒ်၅၀ထဲမှ ၄၉ကဒ်အထိစုဆောင်းနိုင်ခဲ့ပြီဖြစ်သော်လည်း သူ့အတွက်သွေးအန်ချင်စရာအခြေအနေဖြစ်နေလေသည်။

သူဘယ်လောက်ပဲ နတ်ဆိုးသားရဲတွေကို သတ်သတ် နံပါတ် ၅၀ပါသော ကဒ်‌ကို မရနိုင်သေးပေ။ သူ့တွင်ရှိပြီးသားကဒ်များကို သာ ထပ်ရနေလေသည်။

ဒီလိုသာ ဆက်ဖြစ်နေရင် အခြားနံပါတ်ဖြင့် ကဒ်များ ၃စုံ ၄စုံလောက်စုမိသည့်တိိုင်အောင် နံပါတ်၅၀ပါသောကဒ်ကိုရနိုင်မည်မဟုတ်ပေ။

ဒီစမ်းသပ်မှု တွင် နံပါတ် ၅၀ဖြင့် ကဒ်မပါသလားလို့တောင် သူသံသယ၀င်မိသည်။ မဟုတ်ရင် ဒီလောက်ခက်ခဲနေမည်မဟုတ်ပေ။

သူ့အင်အားမှာ ကျိယွီဖန် နှင့် အခြားကျောင်းသားများထက်သာလွန်လေသည်။ သူ့အတွက်တောင် နံပါတ်၅၀ကဒ်ကို ရှာရခက်နေလျှင် အခြားကျောင်းသားများလည်း ရဖို့ မလွယ်နိုင်ချေ။

....

ထိုအချိန်မှာ ပင် ကျိယွီဖန်၏ ခန္ဓာကိုယ်တခုလုံး စုတ်ပြတ်နေပြီး မလှုပ်ရှားနိုင်ဖြစ်နေလေပြီ။သူဓားတရမ်းရမ်းဖြင့် ရှေ့လျှောက်လျှောက်လှမ်းလာပုံက အလောင်းကောင်ကြီးလမ်းလျှောက်နေသကဲ့သို့ဖြစ်နေခဲ့သည်။

စင်စစ်တွင် ကျိယွီဖန်၏ အင်အားမှာ သာမန်မဟုတ်ပေ။ သူ့လက်ထဲရှိဓားမှာ ခုနှစ်ခုမြောက် လေ့ကျင့်ရေးစခန်းကို ၀င်နိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့‌သောအရာဖြစ်သည်။သူ့လက်တွင် သာမန် နတ်ဆိုးသားရဲများမှာ အလွယ်တကူပင် အသတ်ခံလိုက်ရလေသည်။

တိမ်ဝိညာဉ် ကျားသစ်ပျံအား သတ်ပြီးနောက် နံပါတ် ၅၀ဖြင့် ကဒ်မှာ သူ့ဘေးနားတွင်ပေါ်လာခဲ့လေသည်။ သူကထိုကဒ်ကို ဂရုမစိုက်သလို ကောက်ယူလိုက်လေသည်။သူသည် ကဒ်များစုဆောင်းဖို့ အစီအစဉ်မရှိဘဲ ကောက်ယူနေမိခဲ့ခြင်းဖြစ်လေသည်။

သူသည် ယခုအချိန်တွင် ထုံထိုင်းဝေဝါးနေသော်လည်း သူ့တွင် နံပါတ်၅၀ဖြင့် ကဒ်များ ဆယ် ကကဒ်ကျော်ရှိနေကြောင်းကိုတော့ ဝိုးတဝါးမှတ်မိနေသေးသည်။

တခြားတဖက်မှာတော့ ကျိုးဟောင်က ကျန်နေသောကဒ်ကို ရဖို့အတွက် ကံကြမ္မာအမှတ်များအား လျှို့ဝှက်စွာ အသုံးပြုရန်စဉ်းစားနေလေသည်။

သို့သော်လည်း ဒီလိုကိစ္စအတွက် ကံကြမ္မာ အမှတ်များသုံးခြင်းက လွန်ကဲနေသလို ခံစားနေရပြီး တကယ်အသုံး၀င်ပါမလားဆိုတာလည်း မသေချာပေ။

အဆင့်သတ်မှတ်ချက်တိုက်ပွဲ ပြီးဆုံးချိန်နီးကပ်လာသည်နှင့် အမျှ သူ၏ အမဲလိုက်နှုန်းမှာ ပိုပိုပြီး မြန်ဆန်လာလေသည်။

သူထင်ထားသကဲ့သို့ပင် နံပါတ်၁ ကနေ ၄၉ကဒ်ထိသူစုဆောင်းနိုင်ခဲ့သော်လည်း နံပါတ် ၅၀၏ အရိပ်အယောင်ကိုပင်မတွေ့ရပေ။

ဘမ်း...

ကျိုးဟောင်၏ ကန်ချက်ကြောင့် အဖြူရောင်သံမဏိအရိုးဝံပုလွေကြီးမှာ လေထဲသို့မြောက်တက်သွားကာ မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသွားလေသည်။

ကျိုးဟောင်က ရှေ့သို့ဆက်သွားရန်ပြင်ဆင်လိုက်သည်။ သို့သော် သူ့အကြည့်ကတစုံတခုအပေါ်ရောက်သွားပြီး သူ့မျက်နှာတွင် အံ့ဩဖွယ်အမူအရာများပြည့်သွားလေသည်။

....................................................................................

အခန်း(၁၈၃)ပြီးပါပြီ။

All Chapters