← Chapters

အခန်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အခန်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အခန်း (၁၈၄) : ဖွင့်ဟ၀န်ခံခြင်း

သွေးကဲ့သို့ အနီရောင်အခိုးအငွေ့များ ပျောက်ကွယ်သွားချိန်၌ အဖြူရောင်သံမဏိအရိုး ဝံပုလွေသေဆုံးသွားသည့်နေရာတွင် မီးခိုးရောင်ကဒ်တခုပေါ်ပေါက်လာလေသည်။

ထိုကဒ်ပေါ်ရှိ နံပါတ်မှာ ၅၀ ဖြစ်ကြောင်း ရှင်းလင်းစွာမြင်လိုက်ရသည်။ကျိုးဟောင်က ထိုကဒ်ကို ရယူလိုက်သည့်အခိုက်အတန့်မှာပဲ ပုံရိပ်ယောင်အခန်းငယ်တိုင်းက ကျောင်းသားများဆီသို့ အသိပေးချက်တခု၀င်ရောက်လာခဲ့လေသည်။

"ခုနှစ်ခုမြောက် လေ့ကျင့်စခန်းမှ ကျိုးဟောင်ဆိုသည့် ကျောင်းသားသည် ပထမဆုံး ကဒ်၅၀လုံး စုဆောင်းနိုင်ခဲ့ပြီး အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအား ရရှိသွား ပါပြီ"

ထိုသတင်းပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ကျောင်းသားများအားလုံး တုံပြန်ပုံမတူကြပေ။

ဒီတခေါက် လပတ် အရည်အချင်းစစ်စာမေးပွဲတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ များပြားလွန်းပြီး ကျောင်းသားများ၏ ဦးနှောက်များမှာလည်း အမှီလိုက်နိုင်ဖို့ ခက်ခဲနေကြပေသည်။

ထိုကိစ္စထဲတွင် ရှုလင် နှင့် ကျိယွီဖန်တို့၏ လုပ်ဆောင်ချက်များကို ကျောင်းသားများ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။သို့သော်လည်း ရှုလင်နှင့် ကျိယွီဖန်တို့၏ စွမ်းရည်မှာသူတို့ထင်ထားသည်ထက်ပိုခဲ့ပြီး ကျိုးဟောင်၏စွမ်းဆောင်ရည်ကတော့ အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။

အခုဆို ကျောင်းသားအများစုက ကျိုးဟောင်သည်တမင် အားနည်းချင်ယောင်ဆောင်နေခဲ့သည်လို့ ထင်လာကြသည်။

ဒါ့အပြင် ကျိုးဟောင်က ဟိုးအရင်ထဲက သန်မာခဲ့ပြီးသားဖြစ်ပြီး သူတို့အထင်သေးပြီးလျော့တွက်လာအောင် တမင် အားနည်းပြီး ပျော့ညံ့ချင်ယောင်ဆောင်ခဲ့သည်လို့လည်း ခန့်မှန်းလာကြသည်။

ရှေ့တန်းအခြေစိုက်လေ့ကျင့်ရေးစခန်းသို့ရောက်သည့်တလအတွင်း ဒီလောက်ထိသန်မာလာဖို့က မဖြစ်နိုင်ပေ။

"လခွမ်း ဒီကောင်တကယ်ကြီးသူ့အစွမ်းတွေကိုလျှိုထားတာပဲ"

ကျိုးဟောင်၏ အမှတ်စုစုပေါင်းမှာ ၈၆၀၀ကျော်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့၏ယူဆချက်များမှန်ကန်ပြီလို့ဆိုနိုင်လေသည်။

ဒါ့အပြင် အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းကြောင့် ကျိုးဟောင်မှာ ဆက်လက်ပြီးဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့ပေ။

ကျောင်းသားအများအပြားမှာလည်း အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းနှင့်ပတ်သက်ပြီး သူတို့ အထင်အမြင်လွဲခဲ့သည်များကို ပြန်တွေးမိနေကြသည်။

တောတွင်းတနေရာ၌ ကျိယွီဖန်မှာ အံ့ကိုခပ်တင်းတင်းကြိတ်ထားလေသည်။ သူသည် ထိုအခြေအနေအပေါ်အလွန်အမင်းဒေါသထွက်နေလေသည်။

ကျိုးဟောင်မှာ သူ၏အင်အားကို ဖုံးကွယ်ထားကြောင်း ကျိယွီဖန်က ဟိုးအရင်ကတည်းက သတိထားခဲ့မိသည်။

ဒီတခေါက် ကျိုးဟောင်အင်အားအစစ်အမှန်ကို ထုတ်ပြလာခြင်းကလည်းအနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအား ရယူချင်သောကြောင့်ဖြစ်သည်။

ကျိယွီဖန်လည်း လောကနိယာမကို သဘောပေါက်လာပြီး သူသည် မျက်စိနဲ့မြင်ရတာကိုပဲ ယုံကြည်နေခဲ့ခြင်းဖြစ်လေသည်။

သူနှင့် အခြားလူများ၏ အမြင်တွင် ကျိုးဟောင်မှာ အားနည်းသလိုဖြစ်နေခဲ့သော်လည်း တကယ့်အစစ်အမှန်တွင် ကျိုးဟောင်က တန်းတူအနေအထားသာမက သူတို့ထက် သာလွန်သော အဆင့်တွင်ရောက်ရှိနေခဲ့လေပြီ။

ကျိယွီဖန် တယောက် အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအား နားလည်နိုင်စွမ်းကလည်း အခြားလူများဆီမှ ကြားသိခဲ့ရခြင်းကြောင့်ဖြစ်လေသည်။

သူ့အားပြောပြခဲ့သူများကလည်းအနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအား ကျွမ်းကျင်အောင်မကျင့်ကြံနိုင်ခဲ့သူများဖြစ်လေသည်။

ကျိယွီဖန် တယောက် သူ၏ဒေါသများကို ရင်ထဲတွင် မျိုသိပ်လိုက်ပြီး မြေပေါ်တွင်ခြေချိတ်ထိုင်ချလိုက်ပြီး ဒဏ်ရာများပြန်လည်သက်သာအောင်အားထုတ်နေလေသည်။

ထို့နောက် သူသည်အသည်းအသန် အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းကဒ်များအား လိုက်လံစုဆောင်းနေလေသည်။

သို့သော်လည်း စမ်းသပ်ချက်မှာ ပြီးဆုံးခါနီးအချိန်ဖြစ်နေပြီး သူအခြေအနေမှာလည်း အကောင်းဆုံးပုံစံသို့ ပြန်မရောက်ရှိသေးပေ။

ဒီလိုနောက်ဆုံး အချိန်အကန့်အသတ်၌ မီးခိုးရောင်ပဒ်များကို လိုက်လံစုဆောင်းပြီးအနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအား ရယူရန်ကြိုးစားမှုက အရမ်းခက်ခဲနေလေသည်။

ထိုအချိန်တွင် အခြားပုံရိပ်ယောင်အခန်းငယ်ထဲမှ ထူးချွန်ကျောင်းသားများမှာ အေးအေးလူလူဖြင့် အဖြစ်အပျက်များကို လက်ခံလိုက်ကြလေသည်။

ဒီတခေါက် အဆင့်သတ်မှတ်ချက်တိုက်ပွဲက သူတို့နှင့် အခြားသူများ အဆင့်ဘယ်လိုကွားခြားသလဲ သဘောပေါက်စေခဲ့ပြီး ပိုမိုကြိုးစားရန်လည်း လှုံဆော်နိုင်ခဲ့လေသည်။

ကျိုးဟောင်မှာ သူ၏ အင်အားအစစ်အမှန်ကို အချိန်အတော်ကြာဖုံးကွယ်ထားခဲ့ပြီး လုကျန်းမှာလည်း ခုနှစ်ခုမြောက်လက်ရွေးစင်လေ့ကျင့်ရေးစခန်းသို့ရောက်သည့်အချိန်မှ စ၍ တဟုန်ထိုးတိုးတက်လာခဲ့လေသည်။

လုကျန်းမှာ ထူးခြားသော ရုပ်သွင်ခန္ဓာမရှိသည့်အပြင် ထောက်ပံ့ပေးမည့် အင်အားကြီးမိသားစုနောက်ခံလည်း မရှိခဲ့ပေ။ သူသည် ကျင့်ကြံရေးနည်းစနစ်များကို အားကိုးပြီး သူ့လက်ရှိအဆင့်ထိရောက်အောင်ကြိုးစားခဲ့လေသည်။

လုကျန်းတောင်ဒီလိုမျိုးတိုးတက်နိုင်ခဲ့ရင် သူတို့လည်းလုပ်နိုင်လိမ့်မည်လို့ ကျောင်းသားအများစုက ဆုံးဖြတ်လိုက်ကြလေသည်။

ပုံရိပ်ယောင်တောနက်ထဲတွင် ရှိနေသော ကျိုးဟောင်မှာ နတ်ဆိုးသားရဲများအား သတ်ဖြတ်နေခြင်းကို ရပ်တန့်ခဲ့လေသည်။

စင်စစ်တွင် ထိုနတ်ဆိုးသားရဲများမှာ ပုံရိပ်ယောင်အချက်အလက်များသာဖြစ်ပြီး ဆက်လက်သတ်ဖြတ်နေပါက အဓိပ္ပာယ်မဲ့ အားကုန်ခံနေသလိုဖြစ်နေမည်။

ယခုတွင် သူ၏အာရုံများက အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအပေါ်တွင်သာ ကျရောက်နေလေသည်။

လျှို့ဝှက်သိုင်းအများစုတွင် အဆင့်များ ခွဲခြားထားသော်လည်း ဒီအနန္တထိုးဖောက်လက်ချောင်းသိုင်းမှာတော့ အဆင့်သတ်မှတ်ချက်များမရှိပေ။

ဒါ့အပြင် ဒီအနန္တထိုးဖောက်လက်ချောင်းသိုင်းက ရှေ့တန်းခံတပ်များမှ ဆင်းသက်လာသောသိုင်းပညာတခုမဟုတ်ဘဲ အက်ကွဲကြောင်းကြီးဆီမှ ထွက်ပေါ်လာခဲ့သော လျှို့ဝှက်သိုင်းတခုဖြစ်လေသည်။

ဒါကိုတီထွင်ခဲ့သူက အက်ကွဲကြောင်းထဲမှာနေထိုင်တဲ့သက်ရှိတွေလား ဒါမှမဟုတ် ထိုအက်ကွဲကြောင်းထဲကို ၀င်ရောက်သွားတဲ့ မူလအဆင့် ပညာရှင်တွေလားဆိုသည်ကိုတော့ မည်သူမှ မရှိကြပေ။

ပြိုင်ပွဲအဆုံးသတ်ချိန်တဖြေးဖြေးနီးလာသောကြောင့် ကျိုးဟောင်မှာအနန္တထိုးဖောက်လက်ချောင်းအားသေချာလေ့လာနေလေသည်။

ဒီလျှို့ဝှက် အနန္တထိုးဖောက်လက်ချောင်းမှာ စိတ်ကူးယဉ်ဖန်တီးထားတာမျိုးမဟုတ်ပေ။ ထိုသိုင်းအား အနှစ်ချုပ်ကြည့်ရင် ခက်ခဲခြင်း၊ ပြင်းထန်ခြင်း၊ ရိုးရှင်းခြင်း နှင့် မာကျောခက်ထန်ခြင်းဟူသော စကားလုံးလေးလုံးထွက်လာခဲ့သည်။

သို့သော်လည်းကျိုးဟောင်အတွက် နားမလည်သေးသော ပဟေဠိများကျန်နေသေးလေသည်။သူချက်ချင်းပင် လျှို့ဝှက်လက်ချောင်းသိုင်းအား အသုံးပြုရန်ကြိုးစားကြည့်လိုက်သည်။

ထို့နောက် သူတစုံတရာအားသဘောပေါက်သွားခဲ့သည်။ သူအနန္တထိုးဖောက်လက်ချောင်းကို အသုံးပြုရန်ကြိုးစားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် ကြီးမားပြင်းထန်သော အင်အားအပိုတခု ရိုက်ခတ်လာသည်ကို ခံစားမိလိုက်သည်။

ထိုအင်အားမှာ သိုင်းပညာရှင်တို့၏ သွေးအနှစ်သာရ အစွမ်း နှင့်မတူဘဲ အဆင့်မြင့်စွမ်းအင်လှိုင်းတခုကဲ့သို့ဖြစ်နေလေသည်။

အခုတော့ သူသည် န၀မအဆင့်မူလပညာရှင်မှာ လူသားတို့၏ နောက်ဆုံးကန့်သတ်ချက်မဟုတ်ဘဲ ထိုထက်သာလွန်သော အဆင့်များရှိသေးကြောင်းဝိုးတဝါးရိပ်မိလိုက်သည်။

သွေးအနှစ်သာရစွမ်းအားထက်ပင် ပိုမိုအားကောင်းသည့် ထိုအကျွမ်းတဝင်မရှိသော စွမ်းအားမှာ အဆင့်မြင့်သိုင်းပညာရှင်သာလျှင် ကျွမ်းကျင်နိုင်သည့် ခွန်အားတစ်ခုဖြစ်ဖွယ်ရှိသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့်လျှို့ဝှက်နည်းပညာဖြစ်သော အနန္တထိုးဖောက်လက်ချောင်းသည် လူအများစုထင်ထားသည်ထက် ပိုမို၍ရှုပ်ထွေးနိုင်လေသည်။

....................................................................................

အခန်း(၁၈၄)ပြီးပါပြီ။

အခန်း (၁၈၅) : ဒါတော့အရမ်းများသွားပြီ

နောက်တနာရီလောက်ကြာချိန်၌ လပတ် စွမ်းရည်အကဲဖြတ်စာမေးပွဲမှာ ပြီးဆုံးသွားခဲ့လေသည်။

ခုနှစ်ခုမြောက် လေ့ကျင့်ရေးစခန်းရှိ ကျောင်းသားများမှာ ပင်ပန်းနေကြလေသည်။ အခုဆို အဆင့်သတ်မှတ်ချက်ဇယားမှာလည်း ဆုံးဖြတ်ပြီးသားဖြစ်နေလေသည်။

ကျိုးဟောင်မှာ နှိုင်းယှဉ်မရသော စွမ်းဆောင်ရည်ဖြင့် အမှတ် ၉၀၀၀ကျော်စုဆောင်းနိုင်ခဲ့ပြီး အဆင့်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့လေသည်။

ရှုလင်ကတော့ အမှတ် ၃ထောင်ကျော်စုဆောင်းနိုင်ခဲ့ပြီး ဒုတိယနေရာတွင်ရပ်တည်နေလေသည်။ သူမ၏အမှတ်စုစုပေါင်းမှာ ကျိုးဟောင်အမှတ်၏ သုံးပုံတပုံသာရှိလေသည်။

အခြားကျောင်းသားများ၏ အမှတ်များကတော့ ပိုပို၍နည်းသွားလေသည်။

အဆုံးသတ်မှာတော့ ကျိုးဟောင်က ပထမ၊ ရှုလင် က ဒုတိယ၊ ကျိယွီဖန်က တတိယ၊ ယွင်ယန်က စတုတ္ထ နှင့် လုကျန်း(အနက်ရောင်မြင်း) ကတော့ ပဉ္စမနေရာရယူနိုင်ခဲ့လေသည်။

လုကျန်း၏ လက်ရှိ အင်အားမှာ ယွင်ယန်ထက်သာလွန်သည်။ သို့သော်လည်း သူသည် အကဲဖြတ်စာမေးပွဲ ပြီးဆုံးခါနီးအချိန်၌ အဆင့်မြင့်နတ်ဆိုးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရသွားခဲ့ရသည်။

ကျိုးဟောင်မှာသူ့အား လူများဝိုင်းအုံနေကြသော်လည်း ပုံရိပ်ယောင်ခန်းမထဲမှ တည်ငြိမ်စွာ ပင်ထွက်လာခဲ့လေသည်။

ရှုလင် ၊ကျန်းယိ ၊ ယွင်ယန်နှင့်အခြားလူများအပြင် မူလအဆင့်ပညာရှင်များ၊ ယန်ဟွေ့နှင့်ရှန်းကျီ တို့ပါ ကျိုးဟောင်ဘေးသို့ရောက်လာကြလေသည်။

ကျိုးဟောင်မှာ အလွန်စွမ်းအားကြီးပြီး လေ့ကျင့်စခန်းခုနှစ်လုံးထဲတွင် ထိပ်ဆုံးကျောင်းသားဖြစ်နိုင်ခြေရှိလေသည်။ ဒါ့အပြင် ကျိုးဟောင်မှာ ကျိုးဟောင်မှာ လေ့ကျင့်ရေးစခန်းသို့ ရောက်သည်မှာ တလမျှသာရှိသေးလေသည်။

"ပြောပါဦး ကျောင်းသားကျိုးဟောင်ဘာတွေဖြစ်ကုန်တာလဲ"

ဌာနမှူး ရှစ်ကျီကကျိုးဟောင်အား စူးရှစွာကြည့်ပြီးမေးလိုက်သည်။

အဆင့်သတ်မှတ်ချက်တိုက်ပွဲ မပြီးခင်ကတည်းက သူတို့သည် ကျိုးဟောင်၏ အသေးစိတ်အချက်အလက်များကို စစ်ဆေးခဲ့ကြပြီးဖြစ်သည်။

အရင်တုန်းက ကျိုးဟောင်၏ အင်အားမှာ သန်မာမျှသာဖြစ်ပြီး လိုအပ်ချက်များလည်း ရှိနေခဲ့လေသည်။ သူသည်အမြဲအတန်း၏ အောက်ဆုံးအဆင့်တွင်သာ ရှိနေခဲ့သူဖြစ်လေသည်။

သို့သော်လည်း ယခုအခါ ကျိုးဟောင်သည် ရှုလင်နှင့် အခြား ထူးချွန်ကျောင်းသားများထက်သာလွန်သော အင်အားကိုထုတ်ပြခဲ့လေသည်။ ထိုအခြင်းအရာက မယုံကြည်နိုင်စရာဖြစ်နေလေသည်။

"တကယ်တော့ကျွန်တော် အထွဋ်အထိပ်မူလအဆင့်ပညာရှင်တယောက်ရဲ့ လမ်းညွှန်ပြသမှုကို ရရှိခဲ့လို့ပါ။ သူ့နာမည်ကတော့ ကျိုး ဖြစ်ပါတယ်"

ဒီတခေါက်စွမ်းဆောင်ရည်ကြောင့် အားလုံး အံ့ဩမှင်တက်သွားမည်ဖြစ်ကြောင်း ကျိုးဟောင်းသိခဲ့သည်။ ဒါကြောင့်သူ သည် အကြောင်းပြချက်ကောင်းတခုကို အချိန်ယူစဉ်စားခဲ့လေသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"လူတိုင်းမှာ လူသိမခံချင်တဲ့ လျှို့ဝှက်ချက်ဆိုတာရှိတာပဲ။ ကျွန်တော့်အင်အားတွေကို ဖုံးကွယ်ထားခြင်းက ဘာစည်းကမ်းချက်ကိုမှ မချိုးဖောက်ခဲ့ဘူးလို့ထင်တယ်"

ကျိုးဟောင်၏ အဖြေကြောင့် ယန်ဟွေ့နှင့် ရှန်းကျီတို့ မျက်မှောင်ကြုတ်သွားကြလေသည်။သို့သော်လည်း သူတို့ နှစ်ယောက်လုံး စိတ်သက်သာရာရသွားကြသည်။

ထိုအခြင်းအရာကဖြစ်နိုင်ချေရှိလေသည်။ ကျိုးဟောင်မှာ စီနီယာကျိုး၏ လမ်းညွှန်ပြသပေးမှုကြောင့် ယခုလို စွမ်းအားကြီးမားလာသည်မှာ ဖြစ်နိုင်လေသည်။ဒါ့အပြင် စီနီယာကျိုးမှာ အထွဋ်အထိပ် မူလအဆင့်ပညာရှင်တယောက်ဖြစ်လေသည်။

ဘေးပတ်လည်တွင်ရှိသော ကျောင်းသားများကလည်း ထိုစကားကိုကြားခဲ့လေသည်။ သူတို့အားလုံးနားလည်သဘောပေါက်သွားကြီး သူတို့၏ မျက်နှာတွင် များစွာသော စိတ်ခံစားမှုများရောယှက်နေသေးသည်။

သူတို့၏ ဖိအားပြည့်နေသော နှလုံးသားများမှာခဏလောက် နှစ်သိမ့်ပေးလိုက်သလိုဖြစ်ပြီးစိတ်အေးသွားကြသည်။ သို့သော်လည်း ခဏာအကြာတွင် ကျိုးဟောင်အပေါ် ခံစားချက်များ ပြန်လည် အချဉ်ပေါက်လာကြပြန်လေသည်။

သူတို့သည် စီနီယာကျိုး၏ လမ်းညွှန်ပြသမှုကို မခံရသောကြောင့် မနာလိုမုန်းတီးသော မျက်လုံးများဖြင့်ကျိုးဟောင်အား စိုက်ကြည့်နေကြလေသည်။

ကျိယွီဖန်လည်း ခုနကပေါက်ကွဲလုမတတ်ဖြစ်နေသော စိတ်များပြန်လည်ငြိမ်ကျသွားလေသည်။ အထွဋ်အထိပ်မူလအဆင့်ပညာရှင်၏ လမ်းညွှန်ပေးမှုဖြင့် ကျိုးဟောင်မှာ ယခုလိုအစပိုင်းတွင် တဟုန်ထိုးသန်မာလာခဲ့ခြင်းမှာဖြစ်နိုင်သည်။

သို့သော်လည်း ကျင့်ကြံခြင်းက ခရီးရှည်လမ်းစဉ်ကြီးဖြစ်ပြီး ကြိုးစားအားထုတ်မှု ၊ ကိုယ်ရည်ကိုယ်သွေး နှင့် ကြွယ်၀ချမ်းသာမှုအပေါ်လည်း မှီခိုနေသေးလေသည်။

ကျိုးဟောင်တွင် ထိုအခြင်းအရာများ ဘာတခုမှမရှိကြောင်း ကျိယွီဖန်သိ‌သည်။ ကျိုးဟောင်ထိပ်မှာ ဦး‌ဆောင်နေခြင်းကလည်း တခဏမျှသာဖြစ်လေသည်။

တကယ်လို့သူ့မှာ အချိန်သာပိုရခဲရင် ကျိုးဟောင်အား သူ့ခြေဖဝါးအောက်တွင် နင်းခြေထားနိုင်လိမ့်မည်လို့တွေးနေလေသည်။

တခြားကျောင်းသားများကလည်း ကျိယွီဖန်ကဲ့သို့တွေးနေကြလေသည်။ကျိုးဟောင်၏ ဦးဆောင်နိုင်မှုမှာ တခဏသာ ဖြစ်ပြီး သူတို့ လိုက်မှီအောင်ကြိုးစားပြီး နောက်ကောက်ချပစ်မည်လို့တွေးတောနေခဲ့ကြလေသည်။

သို့သော်လည်း သူတို့အားလုံး ကျိုးဟောင်အပေါ်အထင်များမှားနေခဲ့ကြပေသည်။ ကျိုးဟောင်မှာ သူတို့လိုက်မမှီနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့သည် မှာ ဟိုးအရင်ကတည်းဖြစ်ကြောင်းကိုတော့ ဘယ်သူမှ မသိရှိကြပေ။

ကျိုးဟောင်ကိစ္စနှင့်ပတ်သက်၍ ယန်ဟွေ့ နှင့် ရှန်းကျီတို့မှာ လေးနက်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ကျိုးဟောင်အား ဘာမှ ထပ်မမေးတော့ပေ။အဲ့ဒီအစား သူတို့နှစ်ယောက်မှာ ကျောင်းသားများတိုက်ခိုက်ရေးအချက်အလက်များကို စီစစ်နေလေသည်။

နည်းပြ ဟန်ဟွေ့ နှင့် ရှန်းကျီတို့ ထွက်သွားပြီးနောက် ကျိုးဟောင်မှာ သူ့သူငယ်ချင်းများ၏ ဝိုင်း၀န်းမေးမြန်းခြင်းကိုခံနေရလေသည်။

"ကောင်းပြီ ကျိုးဟောင် နင်က ခွန်အားကိုသေချာ ဖုံးထားနိုင်တာပဲ။ ငါတို့ဆီကိုတခါမှကို ထုတ်မပြဖူးဟုတ်လား"

ရှုလင်က ကျိုးဟောင်၏ ခါးကို ဆွဲဆိတ်လိုက်ပြီး ရန်တွေ့နေလေသည်။

သူမမှာ ကျိုးဟောင်အား စိုးရိမ်နေရင်းဖြင့် အချိန်တွေကုန်ခဲ့ရလေသည်။ သူမအား ဒီလိုအား ဒီလိုအရေးကြီးသောအရာကို ဖုံးကွယ်ထားရဲတယ်လို့ တွေးပြီးစိတ်ဆိုးနေလေသည်။

ကျိုးဟောင်လည်း မှားသွားကြောင်း ၀န်ခံလိုက်ပြီး သူမကိုစိတ်ပြေသွားအောင်တောင်းပန်လိုက်မှ ဆွဲဆိတ်နေတာကိုလွှတ်ပေးလေသည်။

"ကျိုးဟောင် မင်းအတော်သန်မာတာပဲ"

"ကျိယွီဖန်‌က အမှတ် ၂၈၀၀ကျော်ပဲစုဆောင်းနိုင်ချိန်မှာ မင်းက အမှတ် ၉၀၀၀ကျော်ရနိုင်ခဲ့တာပဲ"

ယွမ်ချန်းက သူ့နဖူးတွင် လေးစားမှုဆိုတော့စာသားပေါ်လာမတတ် ကျိုးဟောင်အားကြည့်ရင်းပြောလေသည်။

ခွန်အားကို ဖုံးကွယ်ခြင်းသည် အမှန်တကယ်တွင် ကျောင်းသားများနှင့် သိုင်းပညာရှင်အများစု အသုံးပြုလေ့ရှိသည့် လှည့်ကွက်တစ်ခုဖြစ်လေသည်။ ဘ၀ တွင် သေရေးရှင်ရေးနှင့်ကြုံတွေ့မှ ထုတ်သုံးသင့်သည့် ဝှက်ဖဲကောင်းတချပ်လည်းဖြစ်လေသည်။

သို့သော်လည်း ကျိုးဟောင်ကတော့ ဖုံးကွယ်မှု အလွန်ကောင်းခဲ့သည်။ သူသည် လေ့ကျင့်ရေးစခန်း ၇ခုလုံးတွင် အထူးချွန်ဆုံးကျောင်းသားဖြစ်နေသော်လည်း သိုဝှက်စွာနေထိုင်‌ခဲ့သည်။ သူသည် အရမ်းကိုရိုးရှင်းလွန်းသည်။

"ဟားဟား ....ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းတို့လည်းသေချာ ကြိုးစားပြီးကျင့်ကြံရင် ဒီလို အဆင့်ဖြစ်လာနိုင်တာပဲ"

ကျိုးဟောင်မှာ သူ၏ အစွမ်းအစများ ပေါ်သွားခဲ့သည့်အပေါ် သိပ်ဂရုမစိုက်ပေ။သူလက်ရှိရောက်နေသော အဆင့်ကြောင့် ဒီလို အသေးအဖွဲ့လေးများကို ဂရုစိုက်နေဖို့ မလိုအပ်ပေ။

သူလက်ရှိစိတ်၀င်စားနေသည်က အထွဋ်အထိပ် မူလအဆင့်အထက်ရှိသော နက်နဲသိမ်မွေ့သောနယ်ပယ်အကြောင်းပင်ဖြစ်လေသည်။

....................................................................................

အခန်း(၁၈၅)ပြီးပါပြီ။

အခန်း (၁၈၆) : ရှေ့တန်းရှိနောက်ထပ်ပြောင်းလဲမှု

ထိုလောကအား တကယ်မစူးစမ်းမီ တိုးတက်အောင်လုပ်သင့်သောအရာအားလုံးအား ဘက်ပေါင်းစုံမှတိုးတက်အောင်လုပ်ရမည်မှာ အမှန်ပင်။

အဆုံး၌ ကျိုးဟောင်မှာသူ၏ကံကြမ္မာအမှတ်များကိုအားကိုးရန် လိုအပ်နေပါသေးသည်။

ကျိုးဟောင်အားဂုဏ်ပြုပြီးနောက် ယွင်ယန်၊ ယွမ်ချန်း နှင့်အခြားလူများမှာပါးပါးနပ်နပ်ထွက်သွားကြပြီး ရှုလင်နှင့်ကျိုးဟောင်တို့နှစ်ယောက်တည်းကိုသာ ချန်ခဲ့ကြလေသည်။

"တကယ်တော့ တစ်ဖက်က‌တွေးကြည့်မယ်ဆို လက်ရှိအခြေအနေအရ နင့်ရဲ့တကယ့်စွမ်းအားကိုဖုံးကွယ်ထားတာကလည်းမှန်ပါတယ်"

"ဘာပဲဖြစ်ဖြစ် မိစ္ဆာမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နဲ့ စက်ရုပ်မျိုးနွယ်တွေက နေရာတိုင်းမှာရှိနေတာ အရင်ကထိပ်တန်းပါရမီရှင်အများစုဆိုလည်း တကယ်အရွယ်မရောက်သေးခင်အသတ်ခံခဲ့ကြရတာ"

"ပြီးတော့ ဒီတစ်ခေါက်နင်ရထားတဲ့လျှို့ဝှက်သိုင်းကလည်း ပေါပေါပဲပဲမဟုတ်ဘူး"

"ဒီလျှို့ဝှက်သိုင်းက အဆင့်သတ်မှတ်လို့မရတဲ့ လျှို့ဝှက်သိုင်းဆိုပေမဲ့ ငါ့မိသားစုထဲကအကြီးအကဲတွေရဲ့ပြောစကားအရတော့ အနန္တထိုးဖောက်လက်ချောင်းသိုင်းရဲ့အဆင့်က ကြောက်စရာကောင်းလောက်အောင်မြင့်တယ်"

"ငါသိသလောက်တော့ ဒီလျှို့ဝှက်သိုင်းက ခန္ဓာကိုယ်အတွက်အရမ်းအန္တရာယ်များတယ် အထူးခန္ဓာကိုယ်ပိုင်ထားတဲ့ သိုင်းပညာရှင်တစ်ချို့တစ်လေအတွက်ကလွဲလို့ သာမန်သိုင်းပညာရှင်တွေကျင့်ကြံဖို့မသင့်တော်ဘူး"

ရှုလင်သည်ဗီလာဆီ ကျိုးဟောင်နှင့်အတူလမ်းလျှောက်လာရင်း အနန္တထိုးဖောက်လက်ချောင်းသိုင်းနှင့်ပတ်သက်၍ သူမ သိသမျှအားလုံးကိုပြောပြနေလေသည်။

"စိတ်မပူပါနဲ့ ငါအနန္တထိုးဖောက်လက်ချောင်းသိုင်းကို ဒီတိုင်းစိတ်ကူးပေါက်ရင်ကြည့်ဖို့စုထားရုံပါ"

ကျိုးဟောင်မှာ သာမန်အတိုင်းပြုံးလိုက်ပြီး ဤသိုင်းအားသူကျင့်ကြံရန်အတွေးမရှိကြောင်းကို ဖော်ပြနေလေသည်။

စင်စစ်တွင် ဤအနန္တထိုးဖောက်လက်ချောင်းသိုင်းအား သူသေချာလေ့ကျင့်ရန်ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။

ကျိုးဟောင်ထံမှထိုကဲ့သို့ပြောစကားအားကြားသောအခါ ရှုလင်သည်လည်းစိတ်အေးသွားသည်။ သို့သော်သူမသည်အလျင်အမြန်ပင်ပြောလိုက်သည်။

"ပြီးတော့ အရင်ကပြောတာ နင်အခု ဒီလိုစွမ်းအားကြီးတဲ့အင်အားမျိုးရှိနေတာက အထွတ်အထိပ်အဆင့်မူလပညာရှင်စီနီယာကျိုးကြောင့်လို့ပြောခဲ့တယ်"

"ဒါပေမဲ့ ကျင့်ကြံရေးဆိုတာက ရှည်လျားတဲ့ခရီးတစ်ခုပဲ တကယ်လို့နင်တိုးတက်မလာရင် နောက်မှာပဲကျန်ခဲ့လိမ့်မယ်"

"နင်သတိပေါ့လို့မဖြစ်ဘူး။ ဒီလ လုကျန်းက ထိပ်ဆုံး ၁၀ယောက်ထဲပါလာတာပဲကြည့် တကယ်လို့နင်ဂရုမစိုက်ရင် နောက်ကောက်ကျကျန်ခဲ့ဖို့က အလွယ်လေးပဲ"

ရှုလင်ပြောသောစကားမှာ အဓိပ္ပာယ်ရှိပေသည်။ တကယ်တမ်းတွင်ရှုလင်က စကားများသောလူမဟုတ်ပေ။ သူမယခုလိုစကားအများကြီးပြောနေရခြင်းမှာ ကျိုးဟောင်အားတကယ်ဂရုစိုက်ပြီး အားပေးချင်၍သာဖြစ်သည်။

ကျိုးဟောင်မှာစွမ်းအားကြီးသည်ဆိုသော်လည်း သူသည်ကျိယွီဖန်နှင့်သူမတို့လိုသိုင်းပညာရှင်များနှင့်မတူပေ။ ကျိုးဟောင်တွင်အထူးခန္ဓာကိုယ် တစ်နည်း သွေးမျိုးရိုးပါရမီဟူသော အရာများမရှိပေ။

သူ့ကျင့်ကြံရေးတိုးတက်လာသည်နှင့် ဤအားနည်းချက်များမှာ အလွန်အမင်းသိသာလာမည်ဖြစ်သည်။

"စိတ်မပူပါနဲ့ နောက်ကိုငါ့ရဲ့ပထမနေရာက အတော်လေးတည်ငြိမ်လာမှာပါ။ မိန်းမလှလေးရှုလင် နင်ငါ့ကိုဆုပေးသင့်တယ်မဟုတ်ဘူးလား"

ကျိုးဟောင်မှာဟာသနှောပြောရင်း သူ့မျက်နှာကိုလည်းရှုလင်၏မျက်နှာလေးနားတိုးကပ်သွားလေသည်။

"သေလိုက်လေ.."

ရှုလင်မှာကျိုးဟောင်အားကန်လိုက်သော်လည်း ကန်ချက်မှာကျိုးဟောင်ဆီမရောက်လိုက်ပေ။

ထိုအစားသူမသည်ခြေတစ်လှမ်းရှေ့တိုးကာ သူမနှင့်ကျိုးဟောင်ကြားကအကွာအဝေးကိုနီးကပ်စေလိုက်ပြီး သူမ၏နှင်းဆီနီရောင်နှုတ်ခမ်းပါးလေးမှာ ကျိုးဟောင်၏ပါးအား ဖွဖွလေးထိလိုက်လေသည်။ ထို့နောက်သူမ၏ပုံရိပ်မှာလှုပ်ရှားသွားပြီး သူမနေထိုင်ရာဗီလာ၏ဝရံတာဆီတန်းရောက်သွားလေသည်။

ဝင်လုနီးပြီးဖြစ်သောနေမင်း၏ နေဝင်ဆည်းဆာအလင်းမှာ ရှုလင်၏လှပသောမျက်နှာလေးအပေါ်ဖြာကျနေပြီး သူမအားပို၍ညှို့ယူနိုင်ပြီး နှစ်လိုစဖွယ်ဖြစ်အောင် ပံ့ပိုးပေးနေပေသည်။

ကျိုးဟောင်မှာအစောပိုင်းက တခဏတာအနမ်းအား ယခုတိုင်ခံစားနေရဆဲပင်။

........

ညဘက်၌ ကျိုးဟောင်မှာဗီလာ၏အိပ်ရာထဲတွင်လှဲကာ အနန္တထိုးဖောက်လက်ချောင်းသိုင်းအကြောင်းကိုစဉ်းစားနေလေသည်။

ဤအနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ တကယ့်ကိုအထွတ်အထိပ်မူလအဆင့်အထက်ရှိသော လျှို့ဝှက်သိုင်းဖြစ်သည်မှာသံသယဝင်စရာမရှိပေ။ ယုတ္တိရှိရှိပြောရလျှင် ဤကဲ့သို့သောလျှို့ဝှက်သိုင်းတစ်ခုသည် ကမ္ဘာဂြိုဟ်၏အဆင့်နိမ့်သိုင်းပညာရှင်များကြားတွင် ယခုလိုလှည့်ပတ်မနေသင့်ပေ။ အကြောင်းမှာ ၎င်းသည်အသုံးမဝင်ဘဲ အန္တရာယ်ရှိသောအရာတစ်ခုဖြစ်၍ပင်ဖြစ်သည်။

သို့သော် ဤပြဿနာမှာသူအဖြေရှာနိုင်သောအရာမဟုတ်ပေ။ သူယခုရင်ဆိုင်နေရသောပြဿနာမှာ ကံကြမ္မာအမှတ်များကိုစုဆောင်းပြီး အထွတ်အထိပ်မူလအဆင့်အထက်ရှိအဆင့်ကို စူးစမ်းရှာဖွေရန်ဖြစ်သည်။

ကျိုးဟောင် အနန္တထိုးဖောက်လက်ချောင်းသိုင်းအားလေ့လာနေစဉ် စီနီယာကျိုးအနေနှင့်အသုံးပြုသော ဆက်သွယ်ရေးကိရိယာ၌ ရုတ်တရက်ဆိုသလို ဒုတာဝန်ခံရှစ်ကျီထံမှအချက်ပြစာအား လက်ခံရလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ကျိုးဟောင်မှာ မှင်တက်သွားကာ ကိစ္စတစ်ခုခုထပ်ဖြစ်လို့များလားဟုတွေးမိလေသည်။

သို့သော်သူ့၌စဉ်းစားနေရန်အချိန်မရှိပေ။ ကျိုးဟောင်မှာ ဒုတာဝန်ခံရှစ်ကျီပို့ပေးသော မြေပုံညွှန်းအတိုင်းလိုက်လာလေရာ ချိုင့်ဝှမ်းအက်ကွဲကြောင်းတစ်ခု၏ရှေ့တွင် ပေါ်လာလေသည်။

သူရောက်သွားချိန်တွင် တကယ်ကြီးကိစ္စတစ်ခုခုဖြစ်သွားခဲ့သည်ကိုတွေ့လိုက်ရလေသည်။

မိစ္ဆာမျိုးနွယ်၊ အင်းဆက်မျိုးနွယ်၊ စက်ရုပ်မျိုးနွယ် နှင့်အခြားမျိုးနွယ်များမှာ ညဘက်တွင်ငြိမ်နေရမည့်အစား ပိုမိုလှုပ်ရှားလာကြပေသည်။

မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ အလွန်ပေါများလှသော အင်းဆက်မျိုးနွယ်များမှာ လက်ရှိတွင် ခံတပ်လိုင်းအားရူးသွပ်စွာတိုက်ခိုက်နေကြလေသည်။

နေ့ဘက်က စွမ်းအားအပြည့်ဖြင့်တက်ကြွနေသော ဒုတာဝန်ခံရှစ်ကျီတောင် ဒဏ်ရာအပြင်းအထန်ရပြီး အသက်ရှူနှုန်းကိုထိန်းရန် နောက်ပြန်ဆုတ်နေရလေသည်။

မူလက ရှစ်ကျီနှင့်အခြားလူများမှာ ကျိုးဟောင်အားမနှောင့်ယှက်လိုပေ။ ကျိုးဟောင်မှာ မည်မျှပင်လူသားမျိုးနွယ်တစ်ဦးဖြစ်သည်ဖြစ်စေ ခံတပ်ကိုအမြဲတမ်းကာကွယ်ပေးနေရန် သူ့ထံတွင်တာဝန်မရှိပေ။

သို့သော် ဤကိစ္စမှာအတော်လေးပြဿနာများပေရာ နောက်ဆုံးအားကိုးရာအနေဖြင့် ကျိုးဟောင်အားအကူအညီတောင်းရန်သာတတ်နိုင်တော့သည်။

"စီနီယာကျိုး"

"စီနီယာကျိုး"

ခံတပ်လိုင်းရှိသိုင်းပညာရှင်အများအပြားမှာ ကျိုးဟောင်အားတွေ့သောအခါ ဦးညွှတ်နှုတ်ဆက်လာကြ‌ပြီး တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်ကြလေသည်။

ရှစ်ကျီသည်လည်း ဦးညွှတ်နှုတ်ဆက်လာပေသည်။ ကျိုးဟောင်မှာအလွန်စွမ်းအားကြီးကြောင်းကိုသူသိသော်လည်း ယခုလိုမြန်မြန်ရောက်လာမည်ဟုတော့ထင်မထားခဲ့ပေ။

"စီနီယာကျိုး ညဘက်ဒီလောက်နောက်ကျနေမှဒီကိုလာခိုင်းပြီးဒုက္ခပေးရတာ အားနာပါတယ်"

ရှစ်ကျီမှာ စိတ်ထဲတွင်အတော်လေးအပြစ်ပြုမိသကဲ့သို့ခံစားနေရပေသည်။

"ကိစ္စမရှိဘူး ဘာဖြစ်တာလဲ မင်းကြည့်ရတာ ဘာပြင်ပဒဏ်ရာမှရှိပုံမပေါ်ဘူး"

ကျိုးဟောင်မှာလက်ကာပြပြီးမထူးဆန်းသလိုပြောလိုက်သည်။ ဤမျိုးနွယ်ခြားများသည် သူ့အတွက်ပြောရလျှင် အားလုံးမှာအဖိုးတန်သောကံကြမ္မာအမှတ်များဖြစ်ပေရာ အခွင့်အရေးရှိနေသရွေ့ သူသေချာပေါက်ငြင်းဆိုမည်မဟုတ်ပေ။

"ဒါကစိတ်လှည့်စားအသံအင်းဆက်တွေပါ ဒီအင်းဆက်တွေကစိတ်ပိုင်းဆိုင်ရာစွမ်းအားကို အထူးတိုက်ခိုက်ပြီးတော့ ကိုင်တွယ်ဖို့အရမ်းခက်တယ်"

"ကျွန်တော်သတိလွတ်ပြီး စိတ်လှည့်စားအသံအင်းဆက်တွေရဲ့ချုံခိုတိုက်ခိုက်ခံခဲ့ရလို့ ကျွန်တော့်စိတ်စွမ်းအားက ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်"

ဒုတာဝန်ခံရှစ်ကျီမှာ ဆိုးဝါးနေသောအမူအရာဖြင့်ပြောလာလေသည်။ ပုံမှန်အားဖြင့် ဤစိတ်လှည့်စားအသံအင်းဆက်များမှာ ချိုင့်ဝှမ်းအက်ကွဲကြောင်းမှထွက်ပြီး ကမ္ဘာဂြိုဟ်ပေါ်ဝင်မလာကြပေ။

ယခင်ကလူသားမျိုးနွယ်များ ချိုင့်ဝှမ်းအက်ကွဲကြောင်းကိုစူးစမ်းလေ့လာစဉ်က စိတ်လှည့်စားအသံအင်းဆက်များနှင့်ကြုံခဲ့ဖူးသော်လည်း ယခုလိုအက်ကွဲကြောင်းအပြင်ဘက်တွင်ကြုံရသည်မှာတော့ ဤအကြိမ်သည်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

အချိန်ခဏအတွင်းတွင်ပင် ပညာရှင်အမြောက်အမြားမှာ စိတ်လှည့်စားအသံအင်းဆက်များ၏တိုက်ခိုက်မှုကိုခံရပြီး သိပ်မကြာမီပင် နာကျင်နေဟန်ရှိသောမူလအဆင့်ပညာရှင် ၂ယောက်မှာကယ်တင်ခံလိုက်ရလေသည်။

"ငါသွားကြည့်လိုက်မယ်"

ကျိုးဟောင်မှာ ထိုအရာများအားညအမှောင်တွင်မြင်ပြီးပြီဖြစ်သည်။ ကောင်းကင်ပေါ်တွင် တကယ်ကြီး အမဲရောင်အစက်များရှိနေပြီး ထိုသေးငယ်သောအစက်တစ်ခုစီတိုင်းမှာ စိတ်လှည့်စားအသံအင်းဆက်ရာချီအုပ် သို့မဟုတ် ထောင်ချီအုပ်ကိုကိုယ်စားပြုပေသည်။

လူသားမျိုးနွယ်မှ မူလအဆင့်ပညာရှင်များနှင့် အင်းဆက်မျိုးနွယ်များအားတိုက်ခိုက်သည့်အချိန်တိုင်း စိတ်လှည့်စားအသံအင်းဆက်များမှာ ဝင်ရောက်နှောင့်ယှက်ပေသည်။

ထို့အပြင် ဤစိတ်လှည့်စားအသံအင်းဆက်များမှာအလွန်သေးငယ်သော်လည်း ခုခံမှုအားမှာတော့ထိတ်လန့်စရာပေ။

မူလအဆင့်ပညာရှင်တစ်ယောက်မှ ရုတ်တရက်တိုက်ခိုက်လိုက်ပြီး သေးငယ်သောအမဲစက်လေးအားကွဲသွားစေသော်လည်း ဤတိုက်ခိုက်မှုမှာ စိတ်လှည့်စားအသံအင်းဆက်အုပ်အား အုပ်စုကွဲသွားစေရုံသာရှိပြီး ထိုအုပ်ထဲရှိအင်းဆက်တစ်ကောင်မှမသေသွားခဲ့ပေ။

ထိုအခြင်းအရာကိုကြည့်ခြင်းဖြင့် ဤစိတ်လှည့်စားအသံအင်းဆက်များ၏ခုခံမှုမှာသာမန်ထက်မည်မျှကျော်လွန်ကြောင်းကို မြင်နိုင်ပေသည်။

...................................................................................

အခန်း(၁၈၆) ပြီးပါပြီ။

All Chapters