← Chapters

အခန်း ၁၈၇-၁၈၉

Vol. 13 Ch. 187-189

အခန်း ၁၈၇-၁၈၉

Vol. 13 Ch. 187-189

အခန်း (၁၈၇) : ခက်ခဲတဲ့ စိတ်လှည့်စားအသံအင်းဆက်များ

"စီနီယာကျိုး ဂရုစိုက်ပါ ဒီစိတ်လှည့်စားအသံအင်းဆက်တွေက ခုခံအားအတော်လေးကောင်းပြီး အရမ်းအပုန်းတော်တယ်"

"အကြိမ်တိုင်းနီးပါး ကျွန်တော်တို့သတိမထားမိဘဲနဲ့ ရုတ်တရက်ကြီးအနားမှာပေါ်လာတာမျိုးတောင်ရှိတယ်"

ကျိုးဟောင်တိုက်ခိုက်တော့မည့်အချိန်မှာပင် ဒုတာဝန်ခံရှစ်ကျီနှင့် အခြားမူလအဆင့်ပညာရှင် ၂ယောက်မှာ ကျိုးဟောင်အား အလျင်အမြန်သတိပေးလာလေသည်။

"စိတ်ချပါ ငါ့ကိုလွှဲထားလိုက်"

သူတို့မသိလိုက်သည်မှာ ကျိုးဟောင်မှာဤအချက်အား သူစောင့်ကြည့်နေရင်း သတိထားမိသည်မှာ ကြာလှပြီဖြစ်ကြောင်းကိုပင်။ ထို့အပြင် ဤစိတ်လှည့်စားအသံအင်းဆက်များ၏ ခုခံမှုမှာဖြုံလောက်စရာဖြစ်သော်လည်း ၎င်းမှာအတိုင်းအတာရှိကြောင်းကိုလည်း ကျိုးဟောင်သိလိုက်ပေသည်။

မူလအဆင့်ပညာရှင်များ၏တိုက်ခိုက်မှုကိုအကြိမ်ကြိမ်ခံရပြီးနောက် အချို့စိတ်လှည့်စားအသံအင်းဆက်များမှာပေါက်ကွဲသွားကြပေသည်။

တစ်နည်းဆိုရသော် အကယ်၍လူတစ်ယောက်တွင် စွမ်းအားအလုံအလောက်ရှိပါက တစ်ချက်တည်းဖြင့် စိတ်လှည့်စားအသံအင်းဆက်အများအပြားကိုသတ်နိုင်ပေသည်။

ကောင်းကင်တွင် အမဲစက်ပေါင်း ၂ထောင် ၃ထောင်နီးပါးရှိပေရာ ဤအဓိပ္ပာယ်မှာ ထိုနေရာတွင်အင်းဆက်အုပ် ၂ထောင် ၃ထောင်နီးပါးရှိမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။

ကျိုးဟောင်မှာ စစ်မြေပြင်သို့ဝင်သွားပြီးနောက် ကြုံသလိုပင်လက်သီးဖြင့်ထိုးချလိုက်ပြီး ဘုရင်အဆင့်အင်းဆက်ဘုရင် ၃ကောင်အား ဖောက်ခွဲပစ်လိုက်လေသည်။

သို့သော်ယခုတစ်ခေါက်ကျိုးဟောင်၏ပစ်မှတ်မှာ ဤဘုရင်အဆင့်အင်းဆက်များမဟုတ်ဘဲ ပို၍ကိုင်တွယ်ရခက်သော စိတ်လှည့်စားအသံအင်းဆက်များပင်ဖြစ်သည်။

အကယ်၍ ယခုတစ်ခေါက်တိုက်ခိုက်ခံနေရသည်မှာ စိတ်လှည့်စားအသံအင်းဆက်များဆိုပါက အခြားမူလအဆင့်ပညာရှင်များ ကိုင်တွယ်နိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စိတ်လှည့်စားအသံအင်းဆက်များမှာ ကိုင်တွယ်ရန်ခက်သည်ဆိုသော်လည်း မူလအဆင့်ပညာရှင်များ၏ လေးငါးကြိမ်ဆက်တိုက်တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်မရှိသေးပေ။

အရေးကြီးဆုံးအချက်မှာ လက်ရှိတွင်မူလအဆင့်ပညာရှင်အများစုမှာ စွမ်းအားတူအင်းဆက်မျိုးနွယ်သားရဲများ၏ တားဆီးခြင်းကိုခံနေရပြီး စိတ်လှည့်စားအသံအင်းဆက်များအား စွမ်းအားအပြည့်နှင့်မတိုက်ခိုက်နိုင်ခြင်းပင်။ နောက်တစ်ချက်မှာ မူလအဆင့်အောက်သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုများမှာ စိတ်လှည့်စားအသံအင်းဆက်များအတွက် ကလိထိုးသလောက်သာရှိပေသည်။

ထို့အပြင် ကောင်းကင်ပေါ်တွင်အမဲရောင်အစက်ပေါင်း ၃ထောင်နီးပါးရှိပေရာ မူလအဆင့်ပညာရှင်များဆိုလျှင်တောင် ဤအင်းဆက်များအားသတ်ရန် အချိန်အတော်လိုပေလိမ့်မည်။

"စီနီယာကျိုးပဲ"

ရှေ့တန်းတွင်တိုက်နေသောမူလအဆင့်ပညာရှင်များနှင့်သိုင်းပညာရှင်များမှာကျိုးဟောင်အားတွေ့လိုက်ရသောအခါ သူတို့၏စိတ်ဓာတ်ခွန်အားမှာ ချက်ချင်းဆိုသလိုပင်တက်လာလေသည်။

သို့သော် ယခုတစ်ခေါက်ဒုက္ခကိုတွေးမိပြီး အားလုံးမှာမစိုးရိမ်ဘဲမနေနိုင်ပေ။

စီနီယာကျိုး၏စွမ်းအားမှာ မခန့်မှန်းနိုင်ပေ။ သို့သော် စီနီယာကျိုးမှာယခင်ကစိတ်လှည့်စားအသံအင်းဆက်များနှင့် မကြုံဖူးပေ။ လက်ရှိတွင် စီနီယာကျိုး၌အစီအစဉ်မရှိနိုင်လောက်သေးပေ။

ဘုန်း!

စင်စစ် ကျိုးဟောင်တွင်မည်သည့်အစီအစဉ်မှမရှိပေ။ စစ်မြေပြင်ကိုရောက်လာပြီး ဖြိုခွဲသောနည်းလမ်းအားတန်းသုံးလိုက်ခြင်းဖြစ်သည်။

လက်သီးတစ်ချက်ဖြင့် အားပြင်းသောလေလှိုင်းများမှာ ဟင်းလင်းပြင်တွင်ပဲ့တင်ထပ်သွားပေသည်။

ရိုးရှင်းပြီးကြမ်းတမ်းသော နည်းလမ်းပင်။

ကျိုးဟောင်၏လက်သီးရှေ့ရှိ စိတ်လှည့်စားအသံအင်းဆက်များမှာ အားလုံးလွင့်ထွက်သွားကြလေသည်။

သို့သော် ကျိုးဟောင်အံ့ဩသွားသည်မှာ ဤအင်းဆက်များမှာသူ့လက်သီးဖြင့် ဖျက်ဆီးခံရပြီးနောက်ပိုင်းတောင် မသေသွားခြင်းပင်။

တစ်နည်းဆိုရသော် သူ၏စွမ်းအားမှာအခြားမူလပညာရှင်များထက်သန်မာပြီး ကြောက်စရာကောင်းသော်လည်း ဤစိတ်လှည့်စားအသံအင်းဆက်များအား တစ်ချက်တည်းဖြင့် ချက်ချင်းမသတ်နိုင်ပေ။

ကျိုးဟောင်အား ပိုသိချင်စိတ်ဖြစ်စေသောအရာမှာ ဤစိတ်လှည့်စားအသံအင်းဆက်များထံမှ အထူးစွမ်းအင်အတက်အကျရှိသောသဲလွန်စမျိုးကို သူတကယ်ခံစားမိခြင်းပင်ဖြစ်သည်။ ဤစွမ်းအင်အတက်အကျမှာ ပုံမှန်အားဖြင့် လူတစ်ယောက်မှ အနန္တထိုးဖောက်လက်ချောင်းသိုင်းအားကျင့်ကြံသည့်အချိန်တွင် ထွက်ပေါ်လာတတ်သောစွမ်းအင်အတက်အကျမျိုးပင်။

၎င်းမှာသွေးအနှစ်သာရထက်ပင် ပို၍စွမ်းအားကြီးသောအရာပင်။

ထိုအကြောင်းအားတွေးရင်း ကျိုးဟောင်၏မျက်လုံးများမှာ အရောင်တောက်သွားလေသည်။

ထို့အပြင် ယခုအချိန်၌သူထံတွင်အားကိုးစရာဘာမှမရှိပေ။ သူ အနန္တထိုးဖောက်လေ့ကျင့်သိုင်းအားကျင့်ကြံနေသည်မှာ အထင်ကြီးလောက်စရာအဆင့်မဟုတ်သော်လည်း အသုံးတော့ဝင်သေးသည်။ မည်သို့ပင်ဖြစ်စေ ဤသိုင်းအားသူအကြာကြီးလေ့လာထားခဲ့ပေသည်။

အဝေးရှိဒုတာဝန်ခံရှစ်နှင့်အခြားလူများမှာ ကျိုးဟောင်ပင် စိတ်လှည့်စားအသံအင်းဆက်များအား ချက်ချင်းမသတ်နိုင်သည်ကိုမြင်ပြီး ပို၍မျှော်လင့်ချက်ပျက်သွားသလိုခံစားနေကြရပေသည်။

ဤအချိန်အတောအတွင်း ရှေ့တန်းခံတပ်၏အခြေအနေမှာ ပိုပိုခက်ခဲလာလေသည်။ အကယ်၍ သူတို့ထံတွင်ဤစိတ်လှည့်စားအသံအင်းဆက်များကို သတ်ရန်အလွန်ထိရောက်သောနည်းလမ်းသာမရှိပါက ခံတပ်တစ်ခုလုံး စိတ်လှည့်စားအသံအင်းဆက်အုပ် ၃ထောင်ကျော်ကြောင့် ကြီးကြီးမားမားဆုံးရှုံးရမည်ဖြစ်သည်။

ဝှီးး..

ကျိုးဟောင်မှာထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော် ယခုတစ်ခါမှာ ပထမတစ်ကြိမ်ကလိုလက်သီးဖြင့်မဟုတ်ဘဲ လက်နှစ်ချောင်းဖြင့်သာ ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးအနှစ်သာရစွမ်းအားမှာ သူ့ကိုယ်တွင်းရှိအထူးသွေးကြောတွင်း လှည့်ပတ်ကာအလျင်အမြန်စုစည်းလာလေသည်။

တစ်ခဏအတွင်း အလွန်အမင်းအားကောင်းသောခွန်အားနှင့်သွေးအနှစ်သာရစွမ်းအားတို့မှာ ပေါက်ကွဲထွက်လာသည်။

ဤလှုပ်ရှားမှုဖြင့် သူ့ရှေ့ရှိစိတ်လှည့်စားအသံအင်းဆက်များမှာ သူ့လက်ချောင်း ၂ချောင်းကြောင့်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်ကိုကြည့်ပြီး ကျိုးဟောင်မှာအံ့ဩနေလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ကံကြမ္မာအမှတ်မှာ ၁သောင်းကျော်တိုးသွားလေသည်။

တစ်နည်းဆိုရသော် အကယ်၍သူသာ စိတ်လှည့်စားအသံအင်းဆက်အုပ်တစ်အုပ်ကိုသတ်ပါက ကံကြမ္မာအမှတ် ၁သောင်းကျော်ရပေလိမ့်မည်။

ယခုဤနေရာတွင် အနက်ရောင်အစက် ၃ထောင်နီးပါးရှိပေရာ အဓိပ္ပာယ်မှာ သူကံကြမ္မာအမှတ်အများအပြားရှာနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။

ကျိုးဟောင်မှာ ချက်ချင်းဆိုသလိုပင် ဟိတ်ကြီးဟန်ကြီးလုပ်မနေတော့ဘဲ သူလေ့ကျင့်ထားသော အနန္တလက်ချောင်းသိုင်းကိုသုံးကာ အင်းဆက်အုပ်အားသတ်လေတော့သည်။

ကျင့်ကြံခြင်းနှင့်ပိုက်ဆံရှာခြင်းနှစ်ခုလုံးတွင် အာမခံချက်ရှိပေသည်။

"သေစမ်း ဒါဘယ်လိုသိုင်းမျိုးလဲ"

ကျိုးဟောင်မှာ စိတ်လှည့်စားအသံအင်းဆက်အုပ်တစ်အုပ်အား လက်နှစ်ချောင်းရွယ်ပြီးဖျက်ဆီးလိုက်သည်ကိုကြည့်ပြီး မူလအဆင့်ပညာရှင်တစ်ယောက်မှာ အလွန်အမင်းထိတ်လန့်နေသောပုံဖြင့် ပြောလာလေသည်။

ဤစိတ်လှည့်စားအသံအင်းဆက်များမှာ ဖြေရှင်းရန်မည်မျှခက်ကြောင်း သူတို့အားလုံးကြုံဖူးပေသည်။ သို့သော်ယခုတော့ စီနီယာကျိုးမှာ ထိုသတ္တဝါများအား အလွယ်လေးဖျက်ဆီးနေပေသည်။

ယခုလိုစွမ်းအားကြီးသောတည်ရှိမှုမျိုးအား မလေးစားရန်မှာခက်ပေသည်။

"စီနီယာကျိုးလို့မပြောရဘူး သူတကယ်ကြီးဒီလိုပြိုင်ဘက်ကင်းသိုင်းကို ကျင့်ထားတာပဲ"

မူလအဆင့်ပညာရှင်တစ်ယောက်မှဆိုလိုက်သည်။ ဤလျှို့ဝှက်သိုင်းမှာအလွန်စွမ်းအားကြီးပေရာ အားလုံးမှာအဝေးမှနေ၍ပင် ဤသိုင်းသည်မည်မျှကြောက်ဖို့ကောင်းကြောင်းကို မြင်နိုင်ပေသည်။

"ဒါ....ဒါကအနန္တထိုးဖောက်လက်ချောင်းသိုင်းထင်တယ်"

မူလအဆင့်ပညာရှင်များကြားတွင် ဒုတာဝန်ခံရှစ်ကျီမှာ ဗဟုသုတအကြွယ်ဝဆုံးဖြစ်သည်။

အကြာကြီးစောင့်ကြည့်နေပြီးနောက် သူဇဝေဇဝါဖြင့်ပြောလာလေသည်။

အနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ ကမ္ဘာဂြိုဟ်ပေါ်တွင် ရှိနေသည်မှာအချိန်ကြာလှပြီဖြစ်သော်လည်း သိုင်းပညာရှင်အနည်းစုသာ ထိုသိုင်းအားကျွမ်းကျင်ပြီး မူလအဆင့်ပညာရှင်ထဲတွင်ကျိုးဟောင်မှာ အနန္တထိုးဖောက်လက်ချောင်းသိုင်းအား ယခုလိုနည်းလမ်းဖြင့်သုံးနိုင်သော ပထမဆုံးလူဖြစ်သည်။

"‌ဒါတကယ် အနန္တထိုးဖောက်လက်ချောင်းသိုင်းပဲ ဒီလျှို့ဝှက်သိုင်းက တကယ်ကြီးအောင်မြင်အောင်ကျင့်ကြံလို့ရတာပဲ ပြီးတော့ပိုပြီးတော့တောင်စွမ်းအားကြီးသေးတယ်"

မူလအဆင့်ပညာရှင်တစ်ယောက်မှာ မျှော်လင့်ချက်တွေ့လိုက်ရသလို စိတ်လှုပ်ရှားစွာဖြင့် ပြောလာလေသည်။

"ငါသာသေချာလေ့ကျင့်ရင် ငါလည်းဒုတိယစီနီယာကျိုးဖြစ်ဖို့ အခွင့်အရေးရှိလာနိုင်တယ်"

မူလအဆင့်ပညာရှင်တစ်ယောက်မှာ တစ်ယောက်တည်းတွေးနေလေသည်။

"အများကြီးစဉ်းစားမနေနဲ့ အနန္တထိုးဖောက်လက်ချောင်းသိုင်းကိုကျင့်ကြံဖူးတဲ့ စွမ်းအားကြီးသိုင်းပညာရှင်တွေအများကြီးရှိတယ် လက်ရှိအချိန်ထိအောင်မြင်ခဲ့တဲ့လူကတော့ နည်းနည်းပဲရှိတယ်"

ထိုစကားမှာကျင့်ကြံသူ၏နှလုံးသားထဲရှိမီးစလေးအား ရေအေးဖြင့်လောင်းချလိုက်သကဲ့သို့ ချက်ချင်းပင် မျှော်လင့်ချက်မီးတောက်လေးအားငြိမ်းသွားစေလေသည်။

....................................................................................

အခန်း(၁၈၇) ပြီးပါပြီ။

အခန်း (၁၈၈) : ခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်

ဘန်း!

ကျိုးဟောင်မှာ သူ့လက်ချောင်းအားချိန်ရွယ်လိုက်သည်နှင့် မမြင်နိုင်သောလှိုင်းများမှာ ချက်ချင်းပင်လေဟာနယ်ဆီသို့တိုးထွက်သွားပြီး အရပ်မျက်နှာအနှံ့ရူးသွပ်စွာပျံ့နှံ့သွားပေသည်။

ဤလေလှိုင်းများ၏ပြင်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အကွာအဝေးနီးပါက တတိယမြောက်အဆင့်အောက်မူလပညာရှင်များကိုပင် ချက်ချင်းဒဏ်ရာရစေနိုင်ပေသည်။

ကျိုးဟောင်တိုက်ခိုက်လိုက်သည်နှင့် ပုံမှန်လျှို့ဝှက်သိုင်းများဖြင့်သတ်၍မသေသော စိတ်လှည့်စားအသံအင်းဆက်များမှာ ဆီအိုးထဲပြုတ်ကျသွားသော ပြောင်းဖူးစေ့များပမာ ပေါက်ကွဲသွားကြလေသည်။

လေထဲတွင် ကျိုးဟောင်ရှိနေသောဘက်၌ ရံဖန်ရံခါမီးရှူးမီးပန်းများဖောက်နေသည့်ပမာထင်ရပေသည်။

သို့သော် တကယ်တမ်းတွင် ဤအရာများမှာ မီးရှူးမီးပန်းများမဟုတ်ဘဲ စိတ်လှည့်စားအသံအင်းဆက်များပေါက်ကွဲရာမှထွက်ပေါ်လာသော မီးတောက်များဖြစ်သည်။

ထိုအရာကိုကြည့်ရင်း ဤအနန္တထိုးဖောက်လက်ချောင်းသိုင်းမှာတကယ့်ကို ချိုင့်ဝှမ်းအက်ကွဲကြောင်းမှထွက်ပေါ်လာသော လျှို့ဝှက်သိုင်းဖြစ်ကြောင်း ကျိုးဟောင်၏စိတ်ထဲတွင်ပိုသေချာလာလေသည့်အပြင် ၎င်း၏အဆင့်မှာလည်း အတော်လေးမြင့်ပေသည်။

၎င်းမှာအနည်းဆုံးအထွဋ်အထိပ်မူလပညာရှင်အဆင့်အထက်တွင်ရှိပေသည်။

တိတိကျကျပြောရလျှင် ဤလျှို့ဝှက်သိုင်း၏အဆင့်မှာ အတော်လေးမြင့်ပေရာ ဆရာသခင်အဆင့်နှင့်မဟာဆရာသခင်အဆင့်သိုင်းပညာရှင်များဆိုပါက ဤသိုင်းအားကျင့်ကြံပြီးနောက် ဒုက္ခိတဖြစ်ရန်မှာ အလွန်လွယ်ကူလှပေသည်။

ဆရာသခင်နှင့် မဟာဆရာသခင်အဆင့်မဆိုထားနှင့် မူလအဆင့်ပညာရှင်များ၏ ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် ‌‌သွေးအနှစ်သာရကပင် အနန္တထိုးဖောက်လက်ချောင်းသိုင်း၏ အနိမ့်ဆုံးလိုအပ်ချက်ကိုမပြည့်မှီသေးပေ။

ဤသိုင်းအား ကျိုးဟောင်ကျင့်ကြံနိုင်သည်မှာ သူ့အုတ်မြစ်မှာအလွန်သန်မာ၍သာဖြစ်သည်။

သန်မာပြီးကျစ်လျစ်သောအုတ်မြစ်၊ အလွန်သန့်စင်ပြီးသိပ်သည်းသောသွေးအနှစ်သာရစွမ်းအား နှင့် ခွန်အားကြီးသောရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြောင့်သာ သူဤသိုင်းအားကျင့်ကြံပြီးအသုံးပြုနိုင်ခြင်းပင်။

တစ်ချိန်တည်းမှာပင် သူအနန္တထိုးဖောက်လက်ချောင်းသိုင်းအားသုံးလိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် ပို၍အဆင့်မြင့်သောစွမ်းအားတစ်ခုပေါ်လာပေသည်။

အကယ်၍သူ့ယူဆချက်မမှားပါက ယခုလိုအဆင့်မြင့်စွမ်းအားတစ်ခုနှင့်အလားတူ လိုက်လျောညီထွေသော အဆင့်မြင့်ကျင့်ကြံရေးသိုင်းတစ်ခု သေချာပေါက်ရှိပြီး ဤကျင့်ကြံရေးသိုင်းမှာလည်း သွေးအနှစ်သာရကျင့်ကြံရေးသိုင်းနှင့် လုံးဝမတူညီသောအဆင့်တွင်ရှိပေသည်။

ဘန်း...ဘန်း..ဘန်း...

လေထဲရှိကျိုးဟောင်မှာ အကြိမ်တစ်ရာကျော်ဆက်တိုက်တိုက်ခိုက်ပြီး အင်းဆက်အုပ်ရာကျော်ကိုဖျက်ဆီးပြီးနောက် သူ့ပုံရိပ်မှာရှေ့တန်း၏ခံတပ်လိုင်းရှိ မြို့တံတိုင်းပေါ်တွင်ပေါ်လာလေသည်။

"စီနီယာကျိုး အဆင်ပြေရဲ့လား"

ကျိုးဟောင်ပြန်လာသည်ကိုမြင်ပြီး ‌ဒုတာဝန်ခံရှစ်ကျီ ၊ ယန်ဟွေ့နှင့်အခြားပညာရှင်များမှာ စိုးရိမ်တကြီးစုဝေးလာကြလေသည်။

သူတို့ဒဏ်ရာရသည်မှာကိစ္စမရှိသော်လည်း ကျိုးဟောင်သာဒဏ်ရာရသွားပါက သူတို့ဒုက္ခအကြီးအကျယ်ရောက်ပေလိမ့်မည်။

ဤနေရာတွင်မူလအဆင့်ပညာရှင်အမျအပြားရှိသည်ဆိုသော်လည်း အခြားမူလအဆင့်ပညာရှင်များမှာ စိတ်လှည့်စားအသံအင်းဆက်များကို ထိထိရောက်ရောက်သတ်နိုင်သောအစွမ်းမျိုးမရှိပေ။

ဒုတာဝန်ခံရှစ်လို အဌမအဆင့်မူလမဟာဆရာသခင်တောင် ဤစိတ်လှည့်စားအသံအင်းဆက်များကိုသတ်နိုင်ရန် လေးငါးကြိမ်ဆက်တိုက် တိုက်ခိုက်မှရမည်ဖြစ်သည်။

ဤအချိန်အတောအတွင်း မူလအဆင့်ပညာရှင်များအတွက် စိတ်လှည့်စားအသံအင်းဆက်များ၏တိုက်ခိုက်မှုကိုခံရရန်မှာ အလွန်လွယ်ကူပေသည်။

တတိယမြောက် မူလအဆင့်ပညာရှင်များမှာ အားမနည်းသော်လည်း သူတို့၏စိတ်စွမ်းအားမှာတော့ အလွန်အားကောင်းသည့်ထဲတွင်မပါပေ။

အကယ်၍ ထိုပညာရှင်များသာ စိတ်လှည့်စားအသံအင်းဆက်များ၏ ဆက်တိုက်တိုက်ခိုက်မှုကိုခံရပါက ဒဏ်ရာအပြင်းအထန်ရရန်မှာ အလွန်လွယ်ကူလှပေသည်။

အင်းဆက်အုပ်စုများမှာအလွန်များပေရာ ကျင့်ကြံသူများမှာစစ်မြေပြင်တွင် ဒဏ်ရာအပြင်းအထန်ရသွားသည်နှင့် စွမ်းအားကြီးအင်းဆက်အုပ်၏တိုက်ခိုက်မှုကို သေချာပေါက်ခံရကာ အဝိုင်းခံရပြီး သေချာပေါက်သေမည်ဖြစ်သည်။

"ငါအဆင်ပြေပါတယ် ဒါပေမဲ့ဒီနည်းလမ်းကအရမ်းထိရောက်မှုနည်းတယ်"

"ပြီးတော့ ဒီအနန္တထိုးဖောက်လက်ချောင်းသိုင်းကတခြားသိုင်းတွေနဲ့မတူသလို မူလအဆင့်တွေကျင့်ကြံနိုင်တဲ့လျှို့ဝှက်သိုင်းလည်းမဟုတ်ဘူး ဒါပေမဲ့ အထူးခန္ဓာကိုယ်ရှိတဲ့တစ်ချို့သိုင်းပညာရှင်တွေတော့ ကျင့်ကြံလို့ရမယ်လို့ ငါသေချာပေါက်ယုံတယ်"

ကျိုးဟောင်မှာ ပြန်လာပြီးပေါ့ပေါ့ပါးပါးပင်ပြောလိုက်လေသည်။

ကျိုးဟောင်မှာ အနန္တထိုးဖောက်လက်ချောင်းသိုင်းအားသုံးနိုင်သည်ဆိုသော်လည်း ထိုသိုင်းအားအစစ်အမှန်မကျွမ်းကျင်သေးပေ။

သူ ထိုသိုင်းအားအချိန်တစ်ခုအထိအသုံးပြုပြီးနောက် အနားယူရန်လိုအပ်သေးပေသည်။

ဤစိတ်လှည့်စားအသံအင်းဆက်တစ်အုပ်တိုင်းမှာ သူ့အားကံကြမ္မာအမှတ် ၁သောင်းကျော်ပေးပေသည်။

လက်ရှိတွင် အင်းဆက်အုပ်ပေါင်း ၂ထောင်ကျော် ၃ထောင်နီးပါးရှိပေရာ အခြေခံကျကျပြောရလျှင် ကျိုးဟောင်မှာကံကြမ္မာအမှတ် သန်း ၃၀နီးပါးစုဆောင်းလို့ရပေသည်။

သို့သော် ဤအင်းဆက်များမှာဖြေရှင်းရန်အလွန်ခက်ပေရာ ဤစိတ်လှည့်စားအသံအင်းဆက်များအားမသတ်မီ အင်းဆက်မျိုးနွယ်၏တိုက်ခိုက်မှုအား တွန်းလှန်နိုင်မည့်နည်းလမ်းကို အရင်ဆုံးစဉ်းစားရမည်ဖြစ်သည်။

"ဘာရယ် စီနီယာကျိုးပြောချင်တာက ဒီဟာက အထွတ်အထိပ်မူလအဆင့်ကိုကျော်မှ ကျင့်ကြံနိုင်တဲ့သိုင်းမျိုးလား"

ဒုတာဝန်ခံရှစ်ကျီ၏မျက်လုံးများမှာမယုံကြည်နိုင်မှုများဖြင့်ပြည့်နေလေသည်။ နှစ်ပေါင်းများစွာစူးစမ်းလေ့လာမှုအပြီး ခံတပ်တိုင်းတွင်အနန္တထိုးဖောက်လက်ချောင်းသိုင်းနှင့်ပတ်သက်သောခန့်မှန်းချက်များရှိလာသည်မှာ သာမန်ပင်။

သို့သော်ဤအနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ အထွတ်အထိပ်မူလအဆင့်အထက်ရှိသော လျှို့ဝှက်သိုင်းမျိုးဖြစ်မည်ဟုမည်သူမျှမမျှော်လင့်ထားခဲ့ပေ။

"ဟုတ်တယ်"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ သူ၏ခန့်မှန်းမရလောက်အောင်ခိုင်မာသောအုတ်မြစ်နှင့် သိပ်သည်းသောသွေးအနှစ်သာရစွမ်းအားနှင့်ဆိုလျှင်တောင် အနန္တထိုးဖောက်လက်ချောင်းသိုင်းအား သုံးရန်မှာ သူ့အတွက်ခက်ခဲနေဆဲပင်ဖြစ်သည်။

အနန္တထိုးဖောက်လက်ချောင်းသိုင်းအားကျင့်ကြံသော အခြားသိုင်းပညာရှင်များမှာ မိမိဒုက္ခမိမိရှာခြင်း တစ်နည်း ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်။

လက်ရှိအချိန်တွင် ဤအနန္တထိုးဖောက်လက်ချောင်းသိုင်းမှု ဘယ်လိုနည်းနှင့်ကမ္ဘာမြေပေါ်ရောက်လာသလဲဆိုတာကိုပင် တွေးကာသိချင်နေမိလေသည်။

"စီနီယာကျိုး ဘာလို့ဒီလိုပြောရတာလဲ"

....................................................................................

အခန်း(၁၈၈) ပြီးပါပြီ။

အခန်း (၁၈၉) အင်းဆက်အုပ်ကြားထဲဝင်ရောက်ခြင်း

မူလပညာရှင်များကြားတွင်ကျိုးဟောင်၏ဂုဏ်ဒြပ်မှာ အလွန်မြင့်ပြီး ယခုအချိန်တွင်သူသည် မူလအဆင့်ကောင်စီ၏ဂုဏ်ထူးဆောင်အကြီးအကဲဖြစ်နေပြီဖြစ်သည်။ သို့သော် ယခုကိစ္စမှာကိစ္စကြီးဖြစ်ပေရာ အခြားမူလပညာရှင်များမှာဤကိစ္စနှင့်ပတ်သက်ပြီး သူ့အားမေးရန်လိုအပ်နေဆဲပင်ဖြစ်သည်။

"ငါဒီ အနန္တထိုးဖောက်လက်ချောင်းသိုင်းကို မတော်တဆရခဲ့တာ"

"ရပြီးနောက်ပိုင်း အချိန်တစ်ခုအထိ ‌ကျင့်ကြံခဲ့တယ် အဲဒီအချိန်တုန်းက ငါတစ်ခုခုကိုသဘောပေါက်ခဲ့ပေမဲ့ မသေချာသေးဘူး"

"ခုနက ငါစိတ်လှည့်စားအသံအင်းဆက်တွေကိုသတ်ဖို့ အနန္တထိုးဖောက်လက်ချောင်းသိုင်းကိုသုံးလိုက်တဲ့အချိန်တုန်းက ငါ့ခန္ဓာကိုယ်ထဲမှာပိုပြီးအဆင့်မြင့်တဲ့စွမ်းအင်တွေတိုးလာတာကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်"

ကျိုးဟောင်မှာပြောရင်း သွေးအနှစ်သာရနှင့်မတူသော မမြင်နိုင်သောစွမ်းအားအချို့အားဆွဲထုတ်လိုက်သည်။

သူယခုလိုလုပ်ရခြင်းမှာ ဤနေရာတွင်ရှိနေသောလူများထဲမှတစ်ယောက်ယောက်မှာ ဤစွမ်းအားအားသိလောက်မလား ကြည့်ချင်၍သာဖြစ်သည်။

ကျိုးဟောင်မှာကောင်းကင်ပေါ်သို့ခြေတစ်လှမ်းတည်းဖြင့်တက်လာသူဟု ပြောလို့ရပေသည်။ထို့ကြောင့် သူသည်စွမ်းအားကြီးသော်လည်း ဗဟုသုတအရာတွင်တော့ အတော်လေးအတွေ့အကြုံနည်းပေသည်။

ဒုတာဝန်ခံရှစ်ကျီနှင့်အခြားသိုင်းပညာရှင်များအားလုံးမှာ ပညာရေးအရလေ့ကျင့်ပေးခြင်းခံထားရသူများဖြစ်ပြီး ဗဟုသုတနှံ့စပ်ကြပေသည်။

"ဒါက...."

သို့သော် ကျိုးဟောင်မှာစိတ်ပျက်သွားခဲ့ရသည်။

ရှစ်ကျီအပါအဝင်ဤနေရာတွင်ရှိနေသော မည်သည့်မူလပညာရှင်မှ ယခုစွမ်းအားမှာမည်သည့်စွမ်းအားဖြစ်ကြောင်းကို မသိကြပေ။

ဤအဆင့်မြင့်စွမ်းအင်မှာ မည်ကဲ့သို့သောစွမ်းအင်ဖြစ်ကြောင်းအားလုံးမသိကြသော်လည်း သူတို့သည်ကျိုးဟောင်အားအပြည့်အဝယုံကြည်နေကြဆဲပင်။

တစ်ချိန်တည်းမှာပင် ဘာကြောင့် တခြားနည်းလမ်းများက ဤစိတ်လှည့်စားအသံအင်းဆက်များအပေါ် အကျိုးသက်ရောက်မှုအကန့်အသတ်ရှိပြီး အနန္တထိုးဖောက်လက်ချောင်းသိုင်း၏ သက်ရောက်မှုကသာ သိသာကြောင်းကိုလည်း နားလည်သွားကြပေသည်။

စင်စစ်တွင်လျှို့ဝှက်သိုင်း ၂ခုလုံးမှာတူညီသောအဆင့်တွင်ရှိနေ၍သာဖြစ်သည်။

"စီနီယာကျိုး ကျွန်တော်တို့အခုဘယ်လိုလုပ်သင့်တယ်ထင်လဲ"

ယခင်က ကျိုးဟောင်မှာစစ်မြေပြင်ပေါ်ရှိဖိအားပမာဏအများအပြားကို လျှော့ချပေးခဲ့ပေသည်။

ယခုမူ ကျိုးဟောင်မှာကိုယ့်ကိုယ်ကိုယ်ထိန်းညှိရန် မြို့တံတိုင်းသို့ပြန်ဆုတ်လာရပေသည်။ အခြားမူလအဆင့်ပညာရှင်များအပေါ်ကျရောက်နေသော ဖိအားမှာ တိုးလာပေရာ သေလုနီးပါးဖြစ်နေသောမူလအဆင့်ပညာရှင်များပင်ရှိလေသည်။

"လက်ရှိအစီအစဉ်ကကတော့ တတ်နိုင်သမျှအမြန်ဆုံးပြန်ဆုတ်နိုင်မဲ့နည်းလမ်းစဉ်းစားဖို့ပဲ"

"ငါတို့ဒီအင်းဆက်အုပ်တွေကို တွန်းလှန်နိုင်သရွေ့ လက်ဦးမှုကငါတို့လက်ထဲမှာရှိတယ် ငါအချိန်မရွေးတိုက်ခိုက်ပြီး ဒီစိတ်လှည့်စားအသံအင်းဆက်တွေကို တဖြည်းဖြည်းချင်းရှင်းပစ်လို့ရတယ်"

ကျိုးဟောင်မှာတွေဝေမနေဘဲ သူ့အတွေးအားပြောပြလိုက်လေသည်။

ဒုတာဝန်ခံရှစ်ကျီ၊ ယန်ဟွေ့နှင့် အခြားမူလအဆင့်ပညာရှင်များမှာခေါင်းညိတ်လာကြလေသည်။ ကျိုးဟောင်ပြောစသောစကားမှာအဓိပ္ပာယ်ရှိပေသည်။ သို့သော်ယခုတစ်ကြိမ်၌ ပြန်ဆုတ်ခွာရန်မှာလည်း အလွန်ခက်လှပေသည်။

"စီနီယာကျိုး ဒီတစ်ခေါက်စိတ်လှည့်စားအသံအင်းဆက်အုပ်တွေ ရုတ်တရက်ထွက်လာရတဲ့အကြောင်းအရင်းကဘာကြောင့်လဲဆို ခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်က ဥဥတော့မှာမလို့ သူအာဟာရပြန်ဖြည့်ဖို့ လူသားမျိုးနွယ်သိုင်းပညာရှင်တွေရဲ့ အသွေးအသားတွေအများကြီးလိုလို့ပဲ"

ဒုတာဝန်ခံရှစ်ကျီမှာ ဆက်မပြောပေ။

အကယ်၍သူတို့သာ အင်းဆက်အုပ်အားအမြန်ချေမှုန်းချင်ပါက ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အား သတ်ရပေမည်။

ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်၏စွမ်းအားမှာ အထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်ထက် လုံးဝနိမ့်ကျမနေပေ။

ထို့အပြင်လက်ရှိတွင် တစ်ဖက်ကပြိုင်ဘက်မှာ အင်းဆက်အုပ်နောက်တွင်ပုန်းနေပေရာ သူတို့ချဉ်းကပ်သွားရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ယခုလိုအခြေအနေမျိုးတွင် ကျိုးဟောင်တောင်ဘာမှမလုပ်နိုင်ပေ။

"ပြောချင်တာက ငါတို့ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်ကိုအရင်ရှင်းပစ်ရမယ်ဆိုတဲ့သဘောလား"

ကျိုးဟောင်မှ ‌ဒုတာဝန်ခံရှစ်ကျီအားမေးလိုက်လေသည်။

ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ အက်ကွဲကြောင်းဧရိယာတွင် ထိပ်တန်းအဆင့်အင်းဆက်ဘုရင်များထဲမှတစ်မျိုးဖြစ်ပြီး အလွန်စွမ်းအားကြီးပေသည်။

၎င်းမှာဥဥတော့မည်ဖြစ်သောကြောင့် စစ်မြေပြင်၏ရှေ့တန်းတွင်ပေါ်လာမည်မဟုတ်ပေ။ ထို့အပြင် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင် ဥဥရန်ကြာချိန်မှာအလွန်ကြာမြင့်ပြီး ဥဥပြီးနောက်ပိုင်းတွင် အားနည်းသွားမည်ဖြစ်သည်။

ထို့ကြောင့်သာခံတပ်လိုင်းအပေါ်တွင်ရှိနေသောဖိအားမှာ အလွန်မများခြင်းဖြစ်သည်။

မဟုတ်ပါက မိစ္ဆာသားရဲများနှင့် စက်ရုပ်မျိုးနွယ်မှ အခြားမျိုးနွယ်ခြားများမရှိလျှင်တောင် ဤနေရာတွင်ရှိနေသော ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်တစ်ကောင်နှင့်ပင် အားလုံးခေါင်းကိုက်ရမည်ဖြစ်သည်။

"ဟုတ်တယ် တကယ်လို့ကျွန်တော်တို့သာ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်ကိုသတ်နိုင်ရင် ဒီအင်းဆက်အုပ်တွေထိန်းချုပ်မှုမဲ့ပြီး လျော့ရဲနေတဲ့သဲပုံလိုဖြစ်ပြီး သိပ်မကြာခင်ပြန်ဆုတ်သွားလိမ့်မယ်"

ဒုတာဝန်ခံရှစ်ကျီမှာခေါင်းညိတ်ပြကာ အားတင်းပြီးမတ်တတ်ရပ်လိုက်သည်။

"စီနီယာကျိုး ခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်ကိုဖြေရှင်းဖို့ ကျွန်တော်စီနီယာကျိုးနဲ့အတူလိုက်ခဲ့မယ်"

သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ချထားပြီးသောဟန်မျိုးပေါ်နေပေသည်။ ကျိုးဟောင်မှာ ခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်အား သေချာပေါက်ဖြေရှင်းမည်ဖြစ်ကြောင်းကို ရှစ်ကျီသိပေသည်။

ထို့အပြင် ရှစ်ကျီသည်လည်း သူတို့အနိုင်ရနိုင်မည့်အခွင့်အရေးကို တိုးလာစေရန်အတွက် ကျိုးဟောင်နှင့်ဘေးချင်းယှဉ်တိုက်လိုပေသည်။

သို့သော် အဆုံးတွင်ကျိုးဟောင်မှာပြန်လာနိုင်ပြီး သူကတော့သေချာပေါက်ပြန်လာနိုင်မည်မဟုတ်ပေ။

ယခုလက်ရှိအခြေအနေတွင်ရှိနေသော ခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်ပင် ပြောပြလို့မရလောက်အောင်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ၎င်းသည်သူတို့ လုံးဝကိုင်တွယ်နိုင်သောအရာမျိုးမဟုတ်ပေ။

"မလိုဘူး မင်းတို့တွေဒီအင်းဆက်တွေကိုဆက်ပြီးတားထားလိုက်။ ငါခရမ်းရောင်ကောင်းကင်သလင်းကျောက် ကင်းမြီးကောက်ဘုရင်ကိုသွားသတ်လိုက်မယ်။ တကယ်လို့ငါမသတ်နိုင်ရင်တောင် ငါအဲဒီကောင်ကိုအက်ကွဲကြောင်းထဲပြန်မောင်းထည့်လို့ရသေးတယ်"

စကား‌ဆုံးသည်နှင့် ကျိုးဟောင်၏ပုံရိပ်မှာအသံနှင့်အတူပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်ရှိလူများမှာ ကျိုးဟောင်၏ပုံရိပ်လျင်မြန်စွာပျောက်ကွယ်မသွားခင် အဝေးသို့ဖျက်ခနဲရောက်သွားသည်ကိုသာမြင်လိုက်ရသည်။

မကြာမီပင် ကောင်းကင်နှင့်မြေကြီးကိုပင်တုန်ခါ‌စေနိုင်သော ကြောက်မက်ဖွယ်တိုက်ပွဲကြီးတစ်ခုမှာ အင်းဆက်အုပ်နောက်မှထွက်ပေါ်လာခဲ့‌လေသည်။

....................................................................................

အခန်း(၁၈၉) ပြီးပါပြီ။

All Chapters