← Chapters

အခန်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အခန်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အခန်း (၁၉၀) : လက်ဆောင်ကြီးတစ်ခု

ဤအချိန်တွင် ဒုတာဝန်ခံရှစ်ကျီ၊ နည်းပြယန်ဟွေ့နှင့် စစ်မြေပြင်ရှိအခြားမူလပညာရှင်များအားလုံးမှာ အလွန်အမင်းစိုးရိမ်နေကြပေသည်။

အကယ်၍ကျိုးဟောင်သာအောင်မြင်ပါက ဤဘေးကျပ်နံကျပ်အခြေအနေမှာအလိုအလျောက်ဖြေရှင်းပြီးသားဖြစ်သွားမည်ဖြစ်သည်။အကယ်၍ ကျရှုံးသွားပါက အသေအကျေတိုက်ခိုက်ပြီး အခြားတပ်ကူများကိုစောင့်ရုံသာရှိသည်။

သို့သော် တပ်ကူများရောက်လာလျှင်တောင် ယခုတစ်ကြိမ်တွင် ကြီးမားသောသေကျေပျက်စီးမှုများအား ခံစားရဦးမည်သာဖြစ်သည်။

အားလုံးအလွန်အမင်းစိုးရိမ်နေကြသည့်အချိန်တွင် ကျိုးဟောင်မှာခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်နှင့် စတင်တိုက်ခိုက်နေပြီဖြစ်သည်။

အစကကျိုးဟောင်ထင်သည်မှာ ဤခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ သေချာပေါက်မခန့်မှန်းနိုင်လောက်အောင်ကြောက်မက်ဖွယ်စွမ်းအားကြီးမည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အား စွမ်းအားအပြည့်နှင့်တိုက်ပြီးနောက် ကျိုးဟောင်သိခဲ့ရသည်မှာ ဤသတ္တဝါမှာ၎င်း၏အထွတ်အထိပ်အဆင့်တွင် ရှိနေပါကအလွန်ကြောက်မက်ဖွယ်ကောင်းမည်ဆိုသည့်အချက်ကိုပင်။

သို့သော်ယခုအချိန်တွင် ဤသတ္တဝါမှာအလွန်အမင်းအားနည်းနေသောအခြေအနေတွင်ရောက်နေသည်မှာ သိသာပေသည်။

ထို့အပြင် ဤခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ ဥဥရန်ကြိုးစားနေခြင်းမဟုတ်ဘဲ ဒဏ်ရာအပြင်းအထန်ရထားခြင်းဖြစ်ကြောင်း ကြည့်လိုက်တာနှင့်သိပေသည်။

သူတို့ကြားခဲ့ရသောသတင်းမှာလည်း ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်ကိုယ်တိုင်လွှင့်ထားသော သတင်းဖြစ်ရန်များပေသည်။

၎င်း၏ရည်ရွယ်ချက်မှာ မူလအဆင့်ပညာရှင်များကိုရှုပ်ထွေးစေပြီး လူသားမျိုးနွယ်များမှာ အချိန်အကြာကြီးသူ့သတင်းအတိုင်းကျိုးနွံကာ ၎င်းအားလုံးဝပစ်မှတ်ထားစရာမလိုကြောင်းယုံကြည်စေရန်ဖြစ်သည်။

ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာအကြောင်းအရင်းကိုနားလည်သွားလေသည်။

အက်ကွဲကြောင်းထဲတွင် အလွန်အမင်းစွမ်းအားကြီးသောမျိုးနွယ်ခြားများ နယ်စပ်ကိုဖြတ်ကျော်လာခြင်းမှကာကွယ်ရန် လူသားပညာရှင်များမှာ ရှေ့တန်းကိုကာကွယ်နေကြပေသည်။

ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ ဤပိတ်ဆို့ထားမှုမှ လွတ်မြောက်လာခြင်းဖြစ်ပေလိမ့်မည်။

သို့သော် ၎င်းမှာအတားအဆီးမှဖြတ်ကျော်လာနိုင်သော်လည်း နယ်စယ်တွင်စောင့်ကြပ်နေသောလူသားပညာရှင်များကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပုံပင်။

ဥဥမည်ဟူသောသတင်းမှာ အလိမ်အညာသာဖြစ်သည်။ အမှန်မှာ ဤသတ္တဝါသည်၎င်း၏စွမ်းအားကိုပြန်ရလိုပြီး ပစ်မှတ်ထားမခံရလိုခြင်းဖြစ်သည်။

"မုန်းစရာပုရွတ်ဆိတ် သေစမ်း"

ကျိုးဟောင်ရှေ့ရောက်လာပြီးနောက် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ ချက်ချင်းဆိုသလိုပင် ဒေါသဖြစ်လာလေသည်။

ကျိုးဟောင်၏ခန့်မှန်းမှုမှာ ယေဘုယျအားဖြင့်မှန်ပေသည်။ ၎င်းမှာတကယ့်ကိုအကာအကွယ်မှချိုးဖောက်ထွက်လာပြီး အပြင်းအထန်ဒဏ်ရာရခဲ့ခြင်းပင်။

သို့သော် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်လုံးဝမထင်မှတ်ထားသည်မှာ ယခုလိုအခြေအနေတွင် အက်ကွဲကြောင်းအပြင်ဘက်ရှိ ဤလူသားမျိုးနွယ်ပုရွတ်ဆိတ်များမှာ တကယ်ကြီးအကာအကွယ်အဆင့်ဆင့်ကိုချိုးဖောက်ပြီး တိုက်ရိုက်တိုက်ခိုက်ရဲမည်ဆိုတာပင်ဖြစ်သည်။

ဝုန်း

ဘုန်း... ဘုန်း...

ကျိုးဟောင်မှာ ‌ဤသတ္တဝါအားနည်းနေတုန်း အပြတ်ရှင်းရမည်ဖြစ်ကြောင်းကို ကောင်းကောင်းသိပေသည်။

လက်ရှိတွင် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ အလွန်အမင်းအားနည်းနေပေရာ ယခုအချိန်သည် ၎င်းအားသတ်ရန် သေချာပေါက်အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။

မဟုတ်ပါက ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်ပြန်သက်သာသွားသည်နှင့် လူသားမျိုးနွယ်များအတွက်ဒုက္ခမှာ သေချာပေါက်ဆုံးတော့မည်မဟုတ်ပေ။

ခလွပ်.. ခလွပ်..

တိုက်ပွဲစပြီးနောက် ကျိုးဟောင်မှာအပျော်လွန်သွားလေသည်။

ယခုတစ်ခေါက်တွင် သူရွှေတုံးပိုက်မိခြင်းဖြစ်သည်။ ဤခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ အက်ကွဲကြောင်းထဲမှလူသား စီနီယာများ၏ လက်ဆောင်ဟုယူဆလို့ရပေသည်။

ဤကင်းမြီးကောက်မှာအတင့်ရဲကာ လုပ်ရဲကိုင်ရဲရှိပေသည်။ ၎င်းမှာဒဏ်ရာအပြင်းအထန်ရထားသည့်အခြေအနေတွင်ပင် အင်းဆက်မျိုးနွယ်များကိုအမိန့်ပေးကာ ပြဿနာရှာရဲပေသည်။

ကျိုးဟောင်၏တိုက်ခိုက်မှုကြောင့် ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများဆက်တိုက်ပေါက်ကွဲလာပြီး ဤအက်ကွဲကြောင်းများအားလုံးမှာ ယခင်ကအပြည့်အဝမသက်သာသေးသော ဒဏ်ရာများပင်ဖြစ်သည်။

မြောက်မြားစွာသောဒဏ်ရာများမှာ ပြန်လည်ကွဲထွက်လာပြီးနောက်ပိုင်း ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ အကြိမ်ကြိမ်အော်ဟစ်လာလေသည်။

ဤစွမ်းအားကြီးအင်းဆက်၏ ဉာဏ်ရည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ ၎င်းသည်ကျိုးဟောင်၏ပြိုင်ဘက်မဟုတ်မှန်းသိသည်နှင့် တိုက်ရင်းပြန်ဆုတ်ကာ အက်ကွဲကြောင်းထဲပြန်လည်ထွက်ပြေးချင်ပုံပင်။

ယခုလိုအခြေအနေမျိုးတွင် ကျိုးဟောင်မှာဤသတ္တဝါအားအလွယ်တကူလွှတ်ပေးနိုင်မည်လော။

ကျိုးဟောင်မှာတွေဝေမနေဘဲ အားအပြည့်ဖြင့်တိုက်ခိုက်လိုက်လေသည်။

သွေးအနှစ်သာရမှာကောင်းကင်သို့ထိုးတက်သွားကာ ပျံ့ကျဲသွားလေရာ ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါစေနိုင်သောစွမ်းအားကြီးသော စွမ်းအားတစ်ခုမှာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားလေသည်။

နာရီဝက်ကြာပြီးနောက် အင်းဆက်မျိုးနွယ်များထံမှဝမ်းပန်းတနည်းငိုကြွေးသံများထွက်ပေါ်လာပေသည်။ အက်ကွဲကြောင်းထဲရှိ လူသားပညာရှင်များလက်ထဲမှလွတ်မြောက်လာသော ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်သည်လည်း ယခုတစ်ကြိမ်တွင် ကျိုးဟောင်၏သတ်ဖြတ်မှုကိုခံလိုက်ရပေပြီ။

ဤသို့ဖြစ်ရသည့်အကြောင်းပြချက်မှာ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင် လုံလောက်သောသတင်းအချက်အလက်မရှိ၍သာဖြစ်သည်။ ၎င်းမှာ လူသားများကြားတွင် ကျိုးဟောင်လိုပညာရှင်မျိုးတည်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မဟုတ်ပါက ၎င်းမှာစွန့်စားပြီးတန်းထွက်လာမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယခုတစ်ခေါက်လာသည့်လူမှာကျိုးဟောင်မဟုတ်ဘဲ အခြားမူလအဆင့်ပညာရှင်တစ်ယောက်သာဆိုပါက မည်သူဖြစ်ဖြစ် ထိုသတ္တဝါ၏အာဟာရဖြည့်စွက်စာသာဖြစ်သွားမည်ဖြစ်သည်။

ကျိုးဟောင်မှာ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အားသတ်ပြီးနောက် အင်းဆက်မျိုးနွယ်သားရဲအုပ်မှာ ချက်ချင်းပင်ထိန်းချုပ်မှုမဲ့ကာကစဉ့်ကလျားဖြစ်ကုန်လေသည်။ အင်းဆက်သားရဲအများအပြားမှာ မျိုးနွယ်တူချင်း သေအောင်နင်းသတ်ခံရ၍တစ်မျိုး၊ အငမ်းမရဝါးမျိုဖျက်ဆီးခြင်းခံရ၍တစ်ဖုံ သေဆုံးကုန်ကြလေသည်။

လေထဲရှိ စိတ်လှည့်စားအသံအင်းဆက်များမှာလည်းရူးသွပ်စွာပြန်ဆုတ်ခွာသွားကြလေသည်။ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်သာမရှိပါက လူသားမျိုးနွယ်ပညာရှင်များမှာ ဤသတ္တဝါများအားဖြေရှင်းရန် လက်အားသွားပြီဖြစ်သည်။ အကယ်၍ ထိုသတ္တဝါများဤနေရာတွင်ဆက်နေပါက ကိုယ့်သေတွင်းကိုယ်တူးရုံမျှသာရှိပေသည်။

"သူတို့နောက်လိုက်ကြ"

ယခုတစ်ကြိမ်တွင် လူသားမျိုးနွယ်တိုက်ခိုက်ရေးပညာရှင်များမှာ နှစ်ခါပင်မတွေးဘဲ အင်းဆက်များနောက်လိုက်ကြလေသည်။

ယခုမူအင်းဆက်များမှာ ခေါင်းဆောင်မရှိတော့ပေရာ ဆန်ပြုတ်အိုးကြီးပမာဖြစ်နေပေသည်။

အကယ်၍ယခုအချိန်တွင် လူသာများမှာထိုသတ္တဝါများနောက်လိုက်ပါက စိုးရိမ်စရာမရှိပဲ အေးဆေးသတ်လို့ရပေသည်။

မူလကအင်းဆက်မျိုးနွယ်နောက်တွင်ရှိနေသောကျိုးဟောင်မှာ ယခုမူသုတ်သင်ရေးနတ်ဘုရားတစ်ပါးပမာပင်။

သူ့မျက်လုံးထဲတွင် မြောက်များစွာသောအင်းဆက်အုပ်ကြီးမှာလုံးဝကြောက်စရာမကောင်းဘဲ အားလုံးမှာကံကြမ္မာအမှတ်များသာဖြစ်‌နေပေသည်။

....................................................................................

အခန်း(၁၉၀) ပြီးပါပြီ။

အခန်း (၁၉၁) : တစ်ခါတည်းရှေ့တိုးနောက်ဆုတ်လုပ်မယ်

ထို့နောက် မူလပညာရှင်အများအပြားမှာ ကျိုးဟောင်တစ်ယောက်တည်း ခံတပ်ကိုစောင့်ကြည့်ပေးနေသည်ကိုတွေ့လိုက်ရလေသည်။ အင်းဆက်အုပ်များနောက်ရှိ မြောက်မြားစွာသောအင်းဆက်မျိုးနွယ်များမှာလည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။

ထိုအချိိန်တွင် ကျိုးဟောင်၏ကံကြမ္မာအမှတ်များသည်လည်း ရူးသွပ်စွာတိုးလာပြီဖြစ်သည်။

ရှေ့တန်းရှိမူလအဆင့်ပညာရှင်များသည်လည်း စိတ်အေးသွားကာသက်ပြင်းချနေကြပေသည်။

ယခင်က ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်နှင့် စိတ်လှည့်စားအသံအင်းဆက်များ၏အန္တရာယ်ကြောင့် လူတိုင်းမှာတိုက်ပွဲအတွင်း ပြောမပြတတ်အောင်သောကရောက်ပြီး ကြောက်ရွံ့နေကြခြင်းဖြစ်သည်။

ယခုမူ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ ကျိုးဟောင်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီဖြစ်ပြီး စိတ်လှည့်စားအသံအင်းဆက်များမှာလည်း ရူးသွပ်စွာထွက်ပြေးနေကြပြီဖြစ်လေရာ ယခုအချိန်သည် ၎င်းတို့အားသတ်ရန်အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။

မူလအဆင့်ပညာရှင်များနှင့်မဟာဆရာသခင်များနောက်မှလိုက်ကြသည်မှာ ဤအင်းဆက်မျိုးနွယ်များအားမောင်းထုတ်ပြီး အားလုံးကိုသတ်ပစ်ချင်ရုံသာဖြစ်သည်။

သို့သော်ပညာရှင်အားလုံးမှာ ချင့်ချိန်ကာစဥ်းစားကြဆဲပင်ဖြစ်သည်။ တဖြည်းဖြည်းနှင့် အင်းဆက်အုပ်များမှာကျိုးဟောင်၏တည်နေရာမှထွက်ခွာသွားသောအခါ သူတို့သည်လည်းဆက်မလိုက်တော့ဘဲရပ်လိုက်ကြလေသည်။

အကယ်၍သူတို့သာဆက်လိုက်နေပါက သူတို့လည်းအခြားအန္တရာယ်များနှင့်ရင်ဆိုင်ရနိုင်ပေသည်။

"စီနီယာကျိုး ဒီတစ်ခေါက်အားလုံးစီနီယာကျိုးရဲ့ကျေးဇူးကြောင့်ပါ"

ယခင်ကကျိုးဟောင်အား မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ်အဆိုပြုစဉ်က မူလအဆင့်ပညာရှင်အများစုမှာထောက်ခံခဲ့ကြသည်။ သို့သော် မကန့်ကွက်သော်လည်းအသံတိတ်နေသူအချို့လည်းရှိခဲ့ပေသည်။

ထိုလူများမှာကျိုးဟောင်၏စွမ်းအားကိုအသိအမှတ်ပြုသော်လည်း ကျိုးဟောင်၏ဆောင်ရွက်ချက်များမှာ မူလအဆင့်ကောင်စီ၏ဂုဏ်ထူးဆောင်အကြီးအကဲဖြစ်လာရန်တော့ မလုံလောက်ဘူးဟု ခံစားကြရ၍သာဖြစ်သည်။

သို့သော်ယခုအချိန်တွင်မူ မူလအဆင့်ပညာရှင်အားလုံးမှာ ကျိုးဟောင်အားလေးနက်စွာယုံကြည်လေးစားပြီး မည်သည့်ကန့်ကွက်မှုမျှမရှိတော့ပေ။

ယုံကြည်အားကိုးမှုအပြင် အားလုံးမှာကျိုးဟောင်အားလေးလေးနက်နက်လေးစားကြပေသည်။ ကျိုးဟောင်၏အင်အားမှာ သူတို့၏နှလုံးသားထဲရှိလေးစားမှုအား ပြင်းထန်သောလှိုင်းလုံးများ တစ်ခါတည်းဖြင့်မြင့်တက်လာသကဲ့သို့ ဖြစ်လာစေလေသည်။

ယခုတစ်ကြိမ်ဘေးကျပ်နံကျပ်ကာလအားဖြေရှင်းနိုင်ခဲ့သည်မှာ ကျိုးဟောင်တစ်ယောက်တည်း ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အား သတ်ခဲ့၍သာဖြစ်သည်။

အကယ်၍ကျိုးဟောင်ကြောင့်သာမဟုတ်ပါက ရှေ့တန်းခံတပ်လိုင်းမှာ ယခုတစ်ကြိမ်တွင် ရှုံးနိမ့်သွားနိုင်ပေသည်။

"စီနီယာကျိုးက ဒီတစ်ခေါက်အများကြီးသတ်ခဲ့တာပဲ ကျွန်တော်တို့ပိုက်ဆံကိုအကောင့်ထဲမလွှဲခင် အရင်တွက်မှရမယ်"

မူလအဆင့်ပညာရှင်တစ်ယောက်မှာ ကျိုးဟောင်၏အရှေ့တွင် အလွန်ရိုရိုကျိုးကျိုးပုံဖြင့်ပေါ်လာပြီး သူ့မျက်နှာတွင်လည်း လေးစားအားကျမှုတို့ဖြင့်ပြည့်နေလေသည်။

ယခုတစ်ခေါက်အင်းဆက်များ၏အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ အလွန်ရုတ်တရက်ဆန်လှပေသည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် စိတ်လှည့်စားအသံအင်းဆက်နှင့် ခရမ်းရောင်ကောင်းကင်သလင်းကျောက်အင်းဆက်ဘုရင်ကဲ့သို့သော မထင်မှတ်ထားသောတည်ရှိမှုများပါ ရှိနေလေသည်။

တိုက်ပွဲကြီးပေါ်ပေါက်လာပြီးနောက် ကျိုးဟောင်ကဲ့သို့သော အထွတ်အထိပ်မူလအဆင့်ပညာရှင်မှာ အနီးရှိခံတပ်အားထိန်းချုပ်ထားမှန်းသိသော်လည်း လူတိုင်းမှာလျှော့တွက်နေကြဆဲပင်ဖြစ်သည်။

အထူးသဖြင့် တိုက်ပွဲစတင်ပြီးသိပ်မကြာမီမှာပင် မူလအဆင့်ပညာရှင်များမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြလေသည်။ ဒုတာဝန်ခံရှစ်ကျီပင်ဒဏ်ရာရသွားပေရာ အားလုံးအပေါ်ပို၍ဖိအားများလာစေလေသည်။

ကံကောင်းစွာဖြင့် ကျိုးဟောင်မှာတိုက်ပွဲတွင်ပါဝင်လာပြီးနောက် သူသည်တစ်ခါတည်းနှင့် သူ၏အံ့ဖွယ်အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်းအားသုံးကာ စိတ်လှည့်စားအသံအင်းဆက်အများအပြားကို ရှင်းပစ်ခဲ့လေသည်။

အဆုံးတွင် အင်းဆက်အုပ်ထဲဝင်ပြီး ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အား သတ်ပေးခဲ့သေးသည်။

ယခုတစ်ခေါက်တွင် ကျိုးဟောင်ရလိုက်သည့်အကျိုးကျေးဇူးများမှာ အလွန်ကြီးမားပြီး ထိုအရာအားလုံးမှာလည်း သူနှင့်ထိုက်တန်ပေသည်။

"ကိစ္စမရှိပါဘူး"

"မင်းတို့တွေစစ်မြေပြင်ကိုရှင်းလိုက်ကြ ငါဒီစိတ်လှည့်စားအသံအင်းဆက်တွေကို လုံးဝရှင်းပစ်နိုင်မလားလို့ အခွင့်အရေးရှာကြည့်လိုက်ဦးမယ်"

ကျိုးဟောင်၏အတွေးထဲတွင် ကံကြမ္မာအမှတ် သန်း၃၀ကျော်မှာရှိနေဆဲပင်။

ယခုတစ်ကြိမ်အင်းဆက်အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ သူ့တံခါးဝထိရောက်လာသော ဆုလာဘ်ဖြစ်ပေရာ ဘယ်လိုကြောင့်များဤဆုလာဘ်အားအလွယ်တကူ လက်လွှတ်နိုင်မည်နည်း

"စီနီယာကျိုး ဒါအရမ်းအန္တရာယ်များတယ်"

ဒုတာဝန်ခံရှစ်ကျီမှာ ချက်ချင်းပင်ကန့်ကွက်လာလေသည်။ အခြားမူလအဆင့်ပညာရှင်များမှာလည်း အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။

သူတို့မှာလူသားမျိုးနွယ်၏ ဤအထွတ်အထိပ်မူလအဆင့်ပညာရှင်အား အထင်ကြီးလေးစားကြပေသည်။ သူတို့မျက်လုံးထဲတွင် ကျိုးဟောင်မှာလုံးဝတစ်ကိုယ်ကောင်းမဆန်ဘဲ ရက်ရောသောပညာရှင်တစ်ယောက်ဖြစ်သည်။

သူတို့မှာ လူသားမျိုးနွယ်ရှင်သန်ရေးအတွက် ယခုလိုပညာရှင်များမှာမရှိမဖြစ်လိုအပ်ကြောင်းကို ချက်ချင်းတွေးလိုက်မိလေသည်။

ကျိုးဟောင်၏အမူအရာမှာတည်ငြိမ်နေသော်လည်း အစောပိုင်းက လောကကြီးကိုပင်တုန်လှုပ်စေခဲ့သောတိုက်ပွဲကြီးမှာ မည်မျှအန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း အားလုံးတွေးကြည့်လို့ရပေသည်။

ယခုအချိန်တွင်မူလအဆင့်ပညာရှင်များအား ပိုမိုထိတ်လန့်ပြီးရှက်စေသည့်ကိစ္စမှာ ကျိုးဟောင်မှာအနားမယူလိုခြင်းပင်ဖြစ်သည်။ ထိုအစားသူသည်နွမ်းနယ်နေသော ခန္ဓာကိုယ်အားဖိအားပေးပြီးဆက်လက်တိုက်ခိုက်ကာ နောက်ဆုံးပုန်းကွယ်နေသောအန္တရာယ်အား သူတတ်နိုင်သလောက် ဖြေရှင်းလိုပေသည်။

"စီနီယာကျိုး"

ထိုအချိန်၌ မူလအဆင့်ပညာရှင်များမှာ သူတို့၏ဒဏ်ရာမှာမည်မျှပြင်းထန်နေပါစေဂရုမစိုက်ဘဲ အားလုံးမတ်တတ်ရပ်လာကြလေသည်။

ယခုတစ်ကြိမ်တွင်တော့ သူတို့လည်ကျိုးဟောင်နှင့်ဘေးချင်းယှဉ်တိုက်ရမှဖြစ်ပေမည်။ သေသွားခဲ့လျှင်တောင်နောင်တမရပေ။

ကျိုးဟောင်မှာအားလုံးအား သူ့ကိုဆက်စောင့်မနေရန်ပြောချင်ပေသည်။ မည်သို့ပင်ဖြစ်စေ အကယ်၍သူထပ်ပြီးကြန့်ကြာနေပါက ထိုကံကြမ္မာအမှတ်များမှာရှိတော့မည်မဟုတ်ပေ။

ထို့အပြင် အကယ်၍မူလအဆင့်ပညာရှင်အများကြီးနှင့် အတူသွားပါက အခြားကျင့်ကြံသူများကြောင့် သူ့ကံကြမ္မာအမှတ်များမည်မျှဆုံးရှုံးရမည်ကို မည်သူမျှမသိနိုင်ပေ။ ကျိုးဟောင်မှာ ဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။

ထိုကဲ့သို့တွေးလိုက်မိသည်နှင့် ကျိုးဟောင်မှာဘာကြောင့်မှန်းမသိ အသည်းကွဲသလိုခံစားလိုက်ရ‌လေသည်။ ထို့ကြောင့် သေချာပေါက်ထိုကဲ့သို့သောကိစ္စမျိုးအား ဖြစ်ခွင့်မပေးရန် ဆုံးဖြတ်လိုက်လေသည်။

....................................................................................

အခန်း(၁၉၁) ပြီးပါပြီ။

အခန်း (၁၉၂) : ဒါကသိုင်းပညာရှင်တွေလုပ်သင့်တဲ့ကိစ္စပဲ

ထိုကဲ့သို့တွေးလိုက်မိသည်နှင့် ကျိုးဟောင်မှာဘာကြောင့်မှန်းမသိ အသည်းကွဲသလိုခံစားလိုက်ရ‌လေသည်။ ထို့ကြောင့် သေချာပေါက်ထိုကဲ့သို့သောကိစ္စမျိုးအား ဖြစ်ခွင့်မပေးရန် ဆုံးဖြတ်လိုက်လေသည်။

"မင်းတို့ရဲ့ရည်ရွယ်ချက်ကိုငါနားလည်ပါတယ်

"ဒါပေမဲ့စဉ်းစားကြည့် တကယ်လို့မင်းတို့တစ်ခုခုဖြစ်ရင် ဘယ်သူကရှေ့တန်းခံတပ်လိုင်းကိုကာကွယ်နိုင်မှာလဲ"

ကျိုးဟောင်ပြောလိုက်သည်နှင့် မူလအဆင့်ပညာရှင်များမှာ ခေါင်းငိုက်စိုက်ကျသွားကြသည်။

သူတို့၏စိတ်အားထက်သန်မှုအတွက် သေချာပေါက် ကျိုးဟောင်နှင့်ဘေးချင်းယှဉ်တိုက်လိုသော်လည်း လူသားမျိုးနွယ်နှင့်လူသားမျိုးနွယ်၏အနာဂတ်အတွက် သူတို့တကယ်ထွက်သွားလို့မ‌ရပေ။

အကယ်၍သူတို့သာတစ်ခုခုဖြစ်ပါက ရှေ့တန်းခံတပ်မှာ အဆုံးသတ်သွားမည်ဖြစ်သည်။

"ကောင်းပြီ ငါတို့သိုင်းပညာရှင်တွေကလျင်မြန်ပြတ်သားတယ်"

"အားလုံး စစ်မြေပြင်ကိုရှင်းလင်းပြီး အသက်ရှင်ကျန်နေသေးတဲ့ အင်းဆက်တွေကိုရှင်းပစ်ကြ ငါသေချာပေါက်အန္တရာယ်ကင်းကင်းနဲ့ပြန်လာခဲ့မယ်"

ကျိုးဟောင်မှာပြောပြီးသည်နှင့် တွေဝေမနေတော့ဘဲကောင်းကင်ပေါ်သို့ပျံတက်သွားလေသည်။

အကယ်၍သူထပ်မံကြန့်ကြာနေပါက အလွန်နောက်ကျသွားပေလိမ့်မည်။

မိုးကုပ်စက်ဝိုင်းတွင်ပျောက်ကွယ်သွားသည့် ကျိုးဟောင်၏ပုံရိပ်ကိုကြည့်ပြီး မူလအဆင့်ပညာရှင်အများအပြားမှာ သွေးများဆူပွက်လာသကဲ့သို့ခံစားလာရလေသည်။ အချို့အမျိုးသမီး မူလအဆင့်ပညာရှင်များမှာ ငိုကြွေးနေကြပေသည်။

စီနီယာကျိုးမှာ တကယ့်ကိုအလွန်စွန့်လွှတ်အနစ်နာခံလွန်းပေသည်။

ထိုအချိန်တွင်အားလုံးတွေးနေသည့်အရာအား ကျိုးဟောင်မှာမသိတော့ပေ။ သူသည်ယခုအချိန်တွင် ဉာဏ်ထက်စွာဖြင့် စကားအနည်းငယ်နှင့် အခြားမူလအဆင့်ပညာရှင်များကိုဖြေရှင်းနိုင်ခဲ့ခြင်းအား စိတ်ထဲတွင်ကြိတ်ပျော်နေလေသည်။

ထိုသို့မဟုတ်ဘဲ သူထပ်မံနှောင့်နှေးနေပါက ဤစိတ်လှည့်စားအသံအင်းဆက်များဘယ်ကိုပျံပြေးသွားသလဲဆိုသည်ကို သိရတော့မည်မဟုတ်ပေ။

ကျိုးဟောင်မှာနောက်ကလိုက်လာပြီး သူ၏တိုက်ခိုက်မှုများမှာလည်း မုန်တိုင်းတစ်ခုသဖွယ်ပြင်းထန်လှပေသည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်စိရှေ့ဝင်လာသောသိုးအုပ်အား သတ်ပစ်နေသော ကြမ်းကြုတ်သောကျားတစ်ကောင်ပမာပင်။ စိတ်လှည့်စားအသံအင်းဆက်ဖြစ်စေ အခြားအင်းဆက်မျိုးနွယ်များဖြစ်စေ အားလုံးတန်းသတ်ခံရပေသည်။

ထို့အပြင် ဤအရာများမှာအားလုံးသူ၏ကံကြမ္မာအမှတ်များဖြစ်ပေရာ မသတ်ပါက ဖြုန်းတီးလိုက်သလိုဖြစ်မည်ဖြစ်သည်။

ကျိုးဟောင်တက်ကြွစွာတိုက်ခိုက်နေသည့်အချိန်တွင် ရှေ့တန်းရှိမူလအဆင့်ပညာရှင်အားလုံးမှာ အတော်လေးစိုးရိမ်နေကြပြီဖြစ်သည်။

အားလုံးမှာ ကျိုးဟောင်ပြန်အလာကိုစောင့်မျှော်နေကြလေသည်။

အားလုံးမျှော်လင့်နေကြသည့်အတိုင်းပင် စိတ်ကျေနပ်အားရသည်အထိသတ်ပြီး ကံကြမ္မာအမှတ်အများအပြားကိုစုဆောင်းလာသောကျိုးဟောင်မှာ ဘာကြောင့်မှန်းမသိနွမ်းနယ်စွာပြန်လာလေသည်။

ယခုတစ်ခေါက်တွင် ကျိုးဟောင်မှာအင်းဆက်များအားသတ်ရသောကြောင့် တကယ်ကြီးပင်ပန်းလာခြင်းဖြစ်သည်။ အဓိကအကြောင်းပြချက်မှာ သူနောက်မှလိုက်သတ်ရ၍ဖြစ်သည်။ ထို့အပြင် အင်းဆက်အုပ်များမှာလည်း အလွန်များပြားလှပေသည်။

ကျိုးဟောင်ပင်ပန်းနွမ်းနယ်စွာပြန်လာသည်ကိုမြင်သောအခါ မူလအဆင့်ပညာရှင်များမှာ စိုးရိမ်တကြီးဖြင့် သူ့အားလာရောက်ကြိုဆိုကြပြီး အားလုံးမှာကျိုးဟောင်အား အလွန်လေးစားဟန်ဖြင့်ကြည့်နေကြလေသည်။

ဤပုဂ္ဂိုလ်မှာ လူသားမျိုးနွယ်၏အထွတ်အထိပ်အဆင့်ပညာရှင်ဖြစ်သကဲ့သို့ လူသားမျိုးနွယ်၏ကျောရိုး လူသားမျိုးနွယ်၏မျှော်လင့်ချက်ပေ။

ဤပုဂ္ဂိုလ်မှာ ကောင်းကင်အားထောင်ကန်ပေးထားသော အဖြူရောင်ကျောက်စိမ်းတိုင်၊ ပင်လယ်အားမတင်ပေးထားသော ခရမ်းရွှေရောင်တိုင်ပင်ဖြစ်သည်။ ဤပုဂ္ဂိုလ်မှာ သူရဲကောင်းဟူသောအနက်အဓိပ္ပာယ်၏ပြယုဂ်၊ အားလုံး၏ ဂုဏ်ယူဖွယ်ရာကျက်သရေဆောင်ပင်။

အားလုံး၏လေးစားနေသောအမူအရာကိုကြည့်ပြီး ကျိုးဟောင်မှာကြက်သေသေသွားလေသည်။ သူအင်းဆက်မျိုးနွယ်အနည်းငယ်ကိုပိုသတ်ခဲ့ရုံသာဖြစ်သည်ကို ဘာကြောင့်အားလုံးက ယခုလိုအမူအရာမျိုးဖြစ်နေကြသည်လဲ

သူသည်အားလုံး၏မျက်လုံးထဲတွင် သွေးဆာနေသောမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေ၍လား။

ကျိုးဟောင်မှာစိတ်ထဲရှိအတွေးစတို့အား အမြန်ဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အင်းဆက်မျိုးနွယ်များမှာအသတ်ခံရသင့်ပေသည်။

မူလအဆင့်ပညာရှင်အများစုမှာ အကောင်းဆုံးကြိုးစားပြီး ကျိုးဟောင်အား ဂုဏ်ပြုပွဲလုပ်‌ပေးရန်အတွက် ဖိတ်ကြားကြသော်လည်း ကျိုးဟောင်မှာငြင်းဆိုနေဆဲပင်။

မည်မျှရယ်စရာကောင်းပါသနည်း ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင် မနက်ဖြန်လေ့ကျင့်ရဦးမည်ဖြစ်သည်။ ညလုံးပေါက်နီးပါးအလုပ်လုပ်ပြီးနောက် ပြန်ကာအနားယူပြီး တစ်ရေးတစ်မောအိပ်ရမည့်အချိန်ရောက်ပြီဖြစ်သည်။

"စီနီယာကျိုး"

"အောင်မြင်မှုအပေါ်ယစ်မူးမနေဘူး"

"‌‌ဒါကငါတို့သိုင်းပညာရှင်တွေလုပ်သင့်တဲ့အရာပဲ"

ဒုတာဝန်ခံရှစ်ကျီမှာ ကျိုးဟောင်ဒီတိုင်းထွက်သွားသည်ကို ကြည့်နေလေသည်။

အခြားမူလအဆင့်ပညာရှင်များမှာလည်း ခေါင်းညိတ်နေကြသည်။ စီနီယာကျိုးမှာ မူလအဆင့်၏အထွတ်အထိပ်အားရောက်အောင်ကျင့်ကြံနိုင်သည်မှာ မထူးဆန်းတော့ပေ။ ဤသည်မှာ စစ်မှန်သောပညာရှင်တစ်ယောက်၏ စိတ်ထားနှင့်လောဘပင်ဖြစ်သည်။

ဒုတာဝန်ခံရှစ်ကျီနှင့်အခြားလူများမှာ ကျိုးဟောင်၏ခမ်းနားသောစွမ်းဆောင်မှုနှင့် သဘောထားကြီးမှုကိုသက်ပြင်းချနေစဉ်တွင် ကျိုးဟောင်၏ပုံရိပ်မှာဖျက်ခနဲပျောက်ကွယ်သွားပြီး သူ့ဗီလာဆီပြန်သွားပြီဖြစ်သည်။

ယခုတစ်ခေါက်တွင် သူအများအပြားရခဲ့ပေသည်။

ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ပုံရိပ်ယောင်မျက်နှာပြင်အားဖွင့်ပြီး ညာဘက်ထောင့်အောက်ခြေကိုကြည့်လိုက်လေရာ အလွန်ပျော်ရွှင်သွားလေသည်။

ကံကြမ္မာအမှတ် : ၈၉၄၅၂၀၁၀ (လက်ရှိအဆင့် ကံကောင်းခြင်းနတ်သမီး၏ကောင်းချီး)

ယခုတစ်ကြိမ်တွင်ကျိုးဟောင်မှာ စိတ်လှည့်စားအသံအင်းဆက်အားလုံးကို မသတ်နိုင်ခဲ့သော်လည်း အင်းဆက်သားရဲများကိုသတ်ပြီး ကံကြမ္မာအမှတ် သန်း ၃၀ တန်းရခဲ့ပေသည်။

ယခုပမာဏသည် ပြီးခဲ့သည့်အကြိမ်အနည်းငယ်အတွင်းသူရခဲ့သမျှထဲတွင်အများဆုံးဟုမဆိုသာသော်လည်း လက်ရှိပမာဏမှာလည်း အတော်လေးများပေသည်။

ထို့အပြင် စိတ်လှည့်စားအသံအင်းဆက်တစ်ဝက်လောက်မှာ လွတ်မြောက်သွား၍မဟုတ်ပါက ယခုတစ်ကြိမ်တွင်ထိုသတ္တဝါအားလုံးအားသတ်ခြင်းမှ ကံကြမ္မာအမှတ်သန်း ၅၀နီးပါးရရှိနိုင်ပေသည်။

အင်းဆက်မျိုးနွယ်များမှာ မိစ္ဆာမျိုးနွယ်များနှင့် စက်ရုပ်မျိုးနွယ်များထက်အမျိုးအစားပိုများပေသည်။ အင်းဆက်မျိုးနွယ်များကိုယ်တိုင်ပင် သူတို့မျိုးနွယ်တွင်အမျိုးအစားမည်မျှရှိကြောင်းကို မသိလောက်ပေ။

စိတ်လှည့်စားအသံအင်းဆက်ကဲ့သို့သော အင်းဆက်များမှာအမြဲအက်ကွဲကြောင်းများထဲတွင်သာနေထိုင်ပြီး အပြင်ထွက်ခဲပေသည်။

ထို့ကြောင့် ကျိုးဟောင်အပါအဝင်ရှေ့တန်းခံတပ်ရှိပညာရှင်များမှာလည်း စိတ်လှည့်စားအသံအင်းဆက်များဖြင့်တိုက်ခိုက်ဖူးသောအတွေ့အကြုံမရှိကြပေ။

မဟုတ်ပါကယခုတစ်ကြိမ်တွင် စိတ်လှည့်စားအသံအင်းဆက်အများအပြားအား လွတ်မြောက်ခွင့်ပြုမည်မဟုတ်ပေ။

ကျိုးဟောင်မှာသူ၏ကံကြမ္မာအမှတ်များကိုကြည့်ပြီး အတွေးထဲနစ်မျောနေလေသည်။

ယခုလိုကံကြမ္မာအမှတ်ပမာဏအများအပြားသာရှိပါက လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်သည်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လက်ဆောင်ပေးသည်ဖြစ်စေ ကြီးကြီးမားမားတစ်ခုခုလုပ်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

သို့သော် စိတ်လှည့်စားအသံအင်းဆက်များအားသတ်ရာမှရလာသောအတွေ့အကြုံအရ မိစ္ဆာမျိုးနွယ်၊ အင်းဆက်မျိုးနွယ် စက်ရုပ်မျိုးနွယ်သာမက မည်သည့်မျိုးနွယ်ခြားမဆို အက်ကွဲကြောင်းအပြင်ဘက်တွင်အလွန်အားနည်းကြောင်းကို ကျိုးဟောင်သိလိုက်ရပေသည်။

ထို့ကြောင့် ပုံမှန်အခြေအနေတွင် အက်ကွဲကြောင်းအပြင်ဘက်၌ အထွဋ်အထိပ်မူလအဆင့်ပညာရှင်များမှာ ကြီးစိုးနိုင်နေခြင်းဖြစ်သည်။

အထွဋ်အထိပ်မူလအဆင့်ပညာရှင်ထက်ကျော်လွန်သော ပညာရှင်များမှာတော့ အက်ကွဲကြောင်းထဲဝင်ကာကျင့်ကြံရင်း ပို၍သန်မာသောမျိုးနွယ်ခြားများကို ခုခံနေကြပေသည်။

ဤအဓိပ္ပာယ်မှာ နဝမမြောက်မူလအဆင့်မဟာဆရာသခင်တစ်ယောက်၏စွမ်းအားမှာ အလွန်နည်းပါးပေသည်။ အက်ကွဲကြောင်းထဲတွင်တိုက်ခိုက်ဖို့ဆိုပါက လက်ရှိအဆင့်ထက်တိုးတက်အောင်လုပ်ရမည်ဖြစ်သည်

ဥပမာပြောရလျှင် ယနေ့ဖြစ်ခဲ့သောအဖြစ်အပျက်အရ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဖြစ်စေ စိတ်လှည့်စားအသံအင်းဆက်များဖြစ်စေ ၂မျိုးလုံးမှာအက်ကွဲကြောင်းထဲတွင် အလွန်ပေါများနိုင်ပေသည်။ အက်ကွဲကြောင်းထဲရှိ မူလအဆင့်ပညာရှင်များမှာ ထိုသတ္တဝါများအားအလွယ်တကူဖြေရှင်းနိုင်ပေသည်။

သို့သော် အက်ကွဲကြောင်းအပြင်ဘက်ရှိမူလအဆင့်ပညာရှင်များအတွက်မူ ထိုသတ္တဝါများမှာကြောက်မက်ဖွယ်ကောင်းပြီး ဖြေရှင်းရခက်ပေသည်။

ယခုကျိုးဟောင်အတွက်အရေးကြီးဆုံးကိစ္စမှာ သူ့ခွန်အားအားအမြန်ဆုံးတိုးလာအောင်လုပ်ရန်သာဖြစ်သည်။

....................................................................................

အခန်း(၁၉၂) ပြီးပါပြီ။

All Chapters