← Chapters

အခန်း ၁၉၆-၁၉၈

Vol. 14 Ch. 196-198

အခန်း ၁၉၆-၁၉၈

Vol. 14 Ch. 196-198

အခန်း (၁၉၆) : ကျားအသိုက်ထဲသို့

"ဒီတော့ ဒီနေရာကစိတ်လှည့်စားအသံအင်းဆက်တွေပုန်းတဲ့နေရာပေါ့"

ဗဟိုဧရိယာအတွင်း အချိန်ခဏမျှသွားပြီးနောက် ကျိုးဟောင်မှာရုတ်တရက်ပျော်ရွှင်သွားလေသည်။

သူယခင်ကမျက်ခြေပြတ်သွားခဲ့သော စိတ်လှည့်စားအသံအင်းဆက်များအားရှာတွေ့ပြီဖြစ်သည်။ ၎င်းတို့မှာအရေအတွက်အလွန်မများသော်လည်း အတော်အတန်တော့များသေးပေသည်။

စိတ်လှည့်စားအသံအင်းဆက်အုပ်တစ်အုပ်လျှင် ကံကြမ္မာအမှတ် တစ်သောင်းတန်ပေရာ ဤနေရာတွင်ကျန်ရှိနေသော စိတ်လှည့်စားအသံအင်းဆက်အုပ်အားသတ်ပြီးပါက အနည်းဆုံး ကံကြမ္မာအမှတ် ၃သန်းရပေလိမ့်မည်။

စင်စစ် ယခုအချိန်ကာလအတောအတွင်း ဤစိတ်လှည့်စားအသံအင်းဆက်များမှာ ရှေ့တန်းရှိအခြားကျင့်ကြံသူများအတွက် ခေါင်းကိုက်စရာပြဿနာဖြစ်နေခဲ့ပေသည်။

ထိုပညာရှင်များထံတွင် ကျိုးဟောင်ကဲ့သို့ထူးခြားသာလွန်သောသိုင်းမရှိပေရာ သူတို့၏ စိတ်လှည့်စားအသံအင်းဆက်များအားသတ်သည့်နည်းလမ်းမှာ အလွန်အားနည်းပြီး အလွန်လည်းအန္တရာယ်များပေသည်။

စိတ်လှည့်စားအသံအင်းဆက်များမှာ စိတ်ပိုင်းဆိုင်ရာထိုးဖောက်တိုက်ခိုက်မှုတွင် အကျွမ်းကျင်ဆုံးဖြစ်ပေရာ ရှင်းရှင်းဆိုရလျှင် သတိထားစောင့်ကြပ်ရန်မှာမဖြစ်နိုင်ပေ။

ကျိုးဟောင်၏ယခုလုပ်ရပ်မှာ ခဲတစ်လုံးဖြင့်ငှက်နှစ်ကောင်ပစ်ခြင်းပင်။

ဘန်း!

ကျိုးဟောင်မှာ ပုံမှန်အတိုင်းပင်လက်ချောင်းဖြင့်ထိုးလိုက်လေရာ ပတ်ဝန်းကျင်ရှိလေဟာနယ်မှာ ချက်ချင်းဆိုသလိုပင် တုန်ခါလာလေသည်။

တစ်ခဏအတွင်းမှာပင် စွမ်းအားကြီးကာ ကြီးစိုးနိုင်ပြီး ကြမ်းကြုတ်ရက်စက်သောအားတစ်ခုက စိတ်လှည့်စားအသံအင်းဆက်များအား ထိုးဖောက်သွားပြီး နေရာမှာပင် ထိုသတ္တဝါအမြောက်အမြားအားသတ်ပစ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည်လည်း ကံကြမ္မာအမှတ် ၁သောင်းရသွားလေသည်။

ယခင်က သူရခဲ့သောအတွေ့အကြုံဖြင့် ကျိုးဟောင်မှာ ယခုအချိန်တွင် စိတ်လှည့်စားအသံအင်းဆက်များအား ဖြေရှင်းရာ၌ ပိုမိုကျွမ်းကျင်လာပြီဖြစ်သည်။

ဘေးရှိစိတ်လှည့်စားအသံအင်းဆက်များမှာ ဘာမျှမသိလိုက်ခင်မှာပင် ကျိုးဟောင်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီဖြစ်သည်။

လမ်းတစ်လျှောက်တွင် ကျိုးဟောင်မှာစိတ်လှည့်စားအသံအင်းဆက်များအားသတ်ရုံသာမက သူအလျင်အမြန်ဖြေရှင်းနိုင်သော အခြားမျိုးနွယ်ခြားများကိုလည်း သတ်ပေသည်။

လက်ရှိအရေးကြီးဆုံးကိစ္စမှာ အထွတ်အထိပ်မူလအဆင့်အထက်ရှိ ကျင့်ကြံရေးနည်းလမ်းပင်ဖြစ်သည်။

သိုင်းပညာရှင်တစ်ယောက်၏ သွေးအနှစ်သာရကျင့်ကြံရေးသိုင်းမှာ ၎င်းတို့အားအက်ကွဲကြောင်းပြင်ပတွင် လွတ်လပ်စွာသွားလာနိုင်အောင်ပံ့ပိုးပေးသော်လည်း အက်ကွဲကြောင်းအတွင်းဝင်ဖို့မှာတော့ မလုံလောက်သည်မှာ သိသာပေသည်။

ထို့အပြင် အချိန်များကုန်လွန်လာသည်နှင့်အမျှ အက်ကွဲကြောင်းပြင်ပတွင်ရှင်သန်ရန်မှာ ခက်သထက်ခက်လာပေသည်။

ဤစိတ်လှည့်စားအသံအင်းဆက်အုပ် ၃၀၀မှာ ကျိုးဟောင်အတွက်စိန်ခေါ်မှုတစ်ရပ်မဟုတ်ပေ။

သို့သော် အနန္တထိုးဖောက်လက်ချောင်းသိုင်းအားအကြိမ်အများကြီး ဆက်တိုက်သုံးပြီးနောက် ကျိုးဟောင်၏လက်မှာ အတော်လေးနာပြီးထုံလာပေသည်။

အခြေခံအုတ်မြစ်မှာခိုင်မာပြီး သွေးအနှစ်သာရအားကောင်းကာ ရုပ်ပိုင်းဆိုင်ရာလည်းသန်မာသော ကျိုးဟောင်ပင်ဤကဲ့သို့သော နောက်ဆက်တွဲရလဒ်မျိုးကိုခံစားရပေရာ အကယ်၍အခြားသာမန်သိုင်းပညာတစ်ယောက်သာ ဤသိုင်းအားသုံးပါက ယခုအချိန်တွင် ထိုပုဂ္ဂိုလ်မှာ အောက်ပိုင်းလုံးဝသေသွားလောက်ပြီဖြစ်သည်။

စိတ်လှည့်စားအသံအင်းဆက်အမြောက်အမြားအားသတ်ပြီးနောက် ကျိုးဟောင်မှာကံကြမ္မာအမှတ်သန်း ၁၀၀ ထံသို့ သေချာပေါက်ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။

ကံမကောင်းသည်မှာ ယခင်ကထွက်ပြေးသွားသော စိတ်လှည့်စားအသံအင်းဆက်အများစုအား ယခုအချိန်အထိမည်သည့်နေရာတွင်မျှ ရှာမတွေ့သေးခြင်းပင်။ အခြားစိတ်လှည့်စားအသံအင်းဆက်များမှာ အက်ကွဲကြောင်းထဲသို့ ပြန်ပြေးသွားခြင်းပေလား သို့မဟုတ် အခြားနေရာသို့ထွက်ပြေးသွားခြင်းလားဆိုသည်ကို မည်သူမျှမသိနိုင်ပေ။

"ဟမ့်"

ကျိုးဟောင်မှာအက်ကွဲကြောင်းကိုကြည့်ပြီး စဉ်းစားနေလေသည်။

မနီးမဝေးရှိ အက်ကွဲကြောင်းထဲတွင် တွင်းအကြီးကြီးရှိပေသည်။

ဤတွင်းကြီးဖြစ်ပေါ်လာခဲ့ရခြင်းမှာ မျိုးနွယ်ခြား၏တိုက်ပွဲကြောင့်လား သို့မဟုတ် အခြားတစ်ခုခုကြောင့်လားဆိုသည်အား မည်သူမျှမသိပေ။

ပတ်ဝန်းကျင်ရှိမြေဆီလွှာများမှာ လတ်လတ်ဆတ်ဆတ်ရှိ‌နေဆဲဖြစ်ပေရာ ဤတွင်းနက်ကြီးမှာ ပေါ်လာသည်မှာသိပ်မကြာလောက်သေးပေ။

ကျိုးဟောင်၏အာရုံအားဖမ်းစားသွားသည့်အရာမှာ တွင်း၏အနက်ပိုင်းရှိသတ္တုအပိုင်းအစများပင်ဖြစ်သည်။

သတ္တုအပိုင်းအစများ၏ အသားနှင့် ပုံသဏ္ဍာန်ကိုကြည့်ပါက ၎င်းမှာသေချာပေါက် အတော်လေးအဆင့်မြင့်သော ပျက်စီးနေသောချပ်ဝတ်တစ်ခုပင်ဖြစ်သည်။

ယခုလက်ရှိတွင် ချပ်ဝတ်ပေါ်လာသောဧရိယာမှာ အက်ကွဲကြောင်းထဲရှိသိုလှောင်ရေးအခန်းဖြစ်နိုင်ပေသည်။

ချပ်ဝတ်မှာမြေကြီးထဲတွင်နစ်မြုပ်နေသည်မှာ အတော်ကြာပြီဖြစ်လေရာ အတော်လေးအရောင်မှိန်နေပြီဖြစ်သည်။ သို့သော် ၎င်းမှာပျက်စီးပြီးအရောင်မှိန်နေသည့်အခြေအနေမှာတောင် သာမန်ထက်ထူးကဲသောခံစားချက်မျိုးပေးစွမ်းနေဆဲပင်။

"ငါဝင်သွားပြီး ကြည့်ကြည့်ရမလား"

ကျိုးဟောင်မှာတွေဝေနေပေသည်။

သူ၏ခွန်အားနှင့်ဆိုပါက ချပ်ဝက်အပျက်အားဝင်ယူပြီးပြန်ထွက်လာရန်မှာ အချိန်မည်မျှမှကြာမည်မဟုတ်ပေ။

သို့သော် အက်ကွဲကြောင်း၏အနက်ပိုင်းတွင်ခန့်မှန်း၍မရသော အကြောင်းအရင်းများများစွာရှိပေသည်။ ဘာမဆိုဖြစ်သွားနိုင်သည်ဖြစ်ရာ ကျိုးဟောင်မှာသတိမလွတ်ဝံ့ပေ။

ဤအရာမှာ မျိုးနွယ်ခြားများမှ သူ့အားထောင်ချောက်ထဲသို့မျှားခေါ်ရန် ငါးစာထားထားခြင်းလည်းဖြစ်နိုင်ပေသည်။

မြေကွက်လပ်အပြည့် ကန့်လန့်ဖြတ်ထားသကဲ့သို့ရှိနေသည့် ကြောက်မက်ဖွယ်ရာအက်ကွဲကြောင်းမှာ ကြီးမားသောအမာရွတ်ကြီးတစ်ခုပမာပင်။

အချို့အင်းဆက်မျိုးနွယ်၊ မိစ္ဆာမျိုးနွယ်၊ စက်ရုပ်မျိုးနွယ်နှင့် အတော်လေးရှားပါးသောမျိုးနွယ်ခြားသက်ရှ်ိများအားလုံးမှာ အက်ကွဲကြောင်းတစ်ဝိုက်တွင် လှည့်လည်ကာလျှောက်သွားနေတတ်ကြပေသည်။

ဤမျိုးနွယ်ခြားများမှာ မျိုးနွယ်ခြားများ၏တကယ့်ပညာရှင်များမဟုတ်သကဲ့သို့ မျိုးနွယ်ခြားတို့၏တကယ့်ပညာရှင်များမှာလည်း ဤကဲ့သို့လှည့်လည်ကာလျှောက်သွားရိုးမရှိပေ။

အက်ကွဲကြောင်းထဲဝင်ကြည့်ရန်ဆုံးဖြတ်ပြီးနောက် ကျိုးဟောင်မှာဧရိယာအား တိတ်တဆိတ်လေ့လာလိုက်သည်။

အက်ကွဲကြောင်းသည် အလွန်အမင်းအန္တရာယ်များသည့်နေရာဖြစ်ကြောင်းမှာ သံသယဝင်စရာပင်မလိုပေ။

ကျိုးဟောင်မှာ အက်ကွဲကြောင်းထဲမှပျံ့နှံ့လာသောတစ်ခုထက်မကသော စွမ်းအားကြီးအငွေ့အသက်တို့အား ခံစားမိပေသည်။

ဤစွမ်းအားကြီးသောသက်ရှိများမှာ အက်ကွဲကြောင်း၏ဝင်ပေါက်နှင့် အတော်လေးဝေးကွာသောနေရာတွင်ရှိနိုင်သော်လည်း သူတို့၏အရှိန်ဖြင့်ဆိုပါက ဝင်ပေါက်သို့ရောက်လာရန်မှာ မည်မျှမှကြာမည်မဟုတ်ပေ။

အချိန်အတိုင်းအတာတစ်ခုအထိစောင့်နေပြီးနောက် ကျိုးဟောင်၏အကြည့်မှာပြောင်းလဲသွားသည်။

ကြီးမားသော ပိုးတောင်မာကြီးမှာ အက်ကွဲကြောင်း၏ဝင်ပေါက်ကိုဖြတ်သွားရင်း အလွန်အမင်းစွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တို့အားထုတ်လွှတ်နေလေသည်။

ဤသတ္တဝါကြီးမှာ ပြည့်ဝဘုရင်အဆင့်ပိုးတောင်မာဖြစ်ပြီး ၎င်း၏အမည်မှာစပါးအုံးစိမ်းချပ်ဝတ်ပိုးတောင်မာဖြစ်သည်။ ၎င်း၏ပုံပန်းသွင်ပြင်မှာအလွန်စက်ဆုပ်ဖွယ်ကောင်းသော်လည်း အငွေ့အသက်မှာတော့ အတော်လေးစွမ်းအားကြီးပေသည်။

ယေဘုယျကျကျပြောရလျှင် အကယ်၍ကျိုးဟောင်သာ ဤအချိန်တွင်ဝင်သွားပါက မလိုလားအပ်သောပြဿနာအားဖြစ်ပေါ်လာနိုင်ခြေ အလွန်များပေသည်။

သို့သော်ကျိုးဟောင်မှာ ယခုအချိန်သည်အက်ကွဲကြောင်းတွင်းဝင်ရန်အကောင်းဆုံးအချိန်ဟု ထင်ပေသည်။

ဤကဲ့သို့တွေးရခြင်းအကြောင်းအရင်းမှာ ထိုပိုးတောင်မာကြီးမှာကြောက်မက်ဖွယ်ရာစွမ်းအားရှိသော်လည်း အခြားမျိုးနွယ်ခြားပညာရှင်များကဲ့သို့မဟုတ်ဘဲ အာရုံခံစားမှုမှာအလွန်နှေးကွေးပေသည်။

ထို့အပြင် ထိုသတ္တဝါ၏စွမ်းအားကြီးသောအငွေ့အသက်မှာ သူ့အားဖုံးကွယ်ထားနိုင်သည့်အတွက် ကျိုးဟောင်သာသေချာဂရုစိုက်ပါက အခြားစွမ်းအားကြီးမျိုးနွယ်ခြားများမှာ သူ့အားလုံးဝရှာမတွေ့နိုင်ပေ။ ၎င်းမှာကာကွယ်ရေးအလွှာအပိုတစ်ခုရှိနေသလိုပင်ဖြစ်သည်။

.................................................................................

အခန်း(၁၉၆) ပြီးပါပြီ။

အခန်း (၁၉၇) : အဖိုးတန်သော တိုက်ခိုက်ရေးမှတ်စုစာအုပ်

ဘုရင်အဆင့် စပါးအုံးစိမ်းချပ်ဝတ်ပိုးတောင်မာကြီးမှာ နောက်လှည့်ပြီး အက်ကွဲကြောင်း၏အနက်ပိုင်းသို့ဝင်သွားသည်နှင့် ကျိုးဟောင်၏ပုံရိပ်မှာ ချက်ချင်းဆိုသလိုပင် အလင်းတန်းအဖြစ်ပြောင်းကာ ကြီးမားသောအက်ကွဲကြောင်းထဲသို့ လျှပ်တစ်ပြက်ဝင်ရောက်သွားလေတော့သည်။

၎င်း၏အာရုံခံနိုင်စွမ်းမှာမည်မျှပင်နှေးကွေးသည်ဖြစ်စေ နီးကပ်လာသောအန္တရာယ်အားအလျင်အမြန်ပင် ခံစားမိလိုက်လေသည်။

သို့သော် ဘုရင်အဆင့် စပါးအုံးစိမ်းချပ်ဝတ်ပိုးတောင်မာမှာ သတိထားပြီးနောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် နောက်၌ဘာမျှရှိမနေပေ။

တွင်းထဲတွင်မည်သည့်ပြောင်းလဲမှုကိုမျှ မခံစားရပေ။

ဘာမျှမရှိကြောင်းအတည်ပြုပြီးမှ ဘုရင်အဆင့် စပါးအုံးစိမ်းချပ်ဝတ်ပိုးတောင်မာကြီးမှာ ရှေ့ဆက်သွားလေတော့သည်။ တစ်ဖက်တွင်ကျိုးဟောင်မှာ အက်ကွဲကြောင်းပြင်ပရှိထူထပ်သောသစ်တောထဲတွင် ပျော်ရွှင်စွာပေါ်လာပြီး သူ၏လက်ထဲတွင်လည်း ပျက်စီးနေသောချပ်ဝတ်တစ်စုံပါလာလေသည်။

ပျက်စီးနေသောချပ်ဝတ်ထဲတွင် အရိုးများနှင့် အရိုးမှုန့်များရှိနေပေသည်။

ဤချပ်ဝတ်၏ပိုင်ရှင်အသက်ရှိစဉ်က အလွန်စွမ်းအားကြီးသောမျိုးနွယ်ခြားပညာရှင်နှင့်တွေ့ခဲ့သည်မှာ သိသာပေသည်။

သူ၏ခန္ဓာကိုယ်မှာ မျိုးနွယ်ခြား၏သိုင်းဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးခံရပေရာ သူ၏ပျက်စီးသွားသောချပ်ဝတ်ပင် ပြင်းထန်စွာဖျက်ဆီးခံထားရပေသည်။

ကံကောင်းသည်မှာ ချပ်ဝတ်တွင်ပါရှိသော သိုလှောင်ရေးအိတ်က အလွန်ခိုင်မာနေခြင်းပင်။ ချပ်ဝတ်ပျက်စီးသွားသည့်အခြေအနေတွင်တောင် သိုလှောင်ရေးအိတ်မှာမထိမခိုက်ရှိနေဆဲပင်။

စင်စစ်ဤလူသားပညာရှင်မှာ သူမသေမီအချိန်တွင် နောက်မျိုးဆက်များအတွက်အမွေအနှစ်တို့အား ဤသိုလှောင်ရေးအိတ်ထဲတွင်ချန်ခဲ့ချင်၍လည်း ဖြစ်နိုင်ပေသည်။

ဤသည်မှာ ယခုအချိန်အတောအတွင်း လူသားများ ရှေးအမွေအနှစ်တို့အား ဆက်ခံနေနိုင်သည့်အကြောင်းအရင်းပင်ဖြစ်သည်။

မည်မျှမှအားမစိုက်လိုက်ဘဲ ကျိုးဟောင်မှာသိုလှောင်ရေးအိတ်အား ဖွင့်လိုက်လေသည်။

ဤသိုလှောင်ရေးအိတ်ထဲတွင် တိုက်ခိုက်ရေးမှတ်စုစာအုပ်တစ်အုပ်ရှိနေပေသည်။

‌ဤသည်မှာအလွန်အမင်းတန်ဖိုးရှိသော ပစ္စည်းပင်။ ဤစာအုပ်ထဲတွင် ယခင်ပိုင်ရှင်မြင်ဖူး ကျင့်ကြံခဲ့ဖူးသောအရာများအပြင် အက်ကွဲကြောင်းထဲတွင်တိုက်ခိုက်ခဲ့ဖူးသောအတွေ့အကြုံများကိုပါ မှတ်တမ်းတင်ထားလေသည်။

ကျိုးဟောင်မှာ ဤမှတ်စုစာအုပ်မှာ စစ်နန်ရွှင်းဟူသောပညာရှင်တစ်ယောက် ချန်ခဲ့သောအရာဖြစ်ကြောင်းကိုပင် သိလိုက်ရပေသည်။

သူ၏မူလကခန့်မှန်းချက်မှာမှန်ပေသည်။ သူ့ဘဝ၏နောက်ဆုံးအချိန်တွင် စစ်နန်ရွှင်း သူ့ထံတွင်ရှိနေသောအရင်းအမြစ်များအား ထိန်းသိမ်းထားရန်စဉ်းစားနေဆဲပင်ဖြစ်သည်။

စစ်နန်ရွှင်း၏ဆန္ဒအရဆိုပါက သူသည်သူ့ထံတွင်ရှိနေသောအရင်းအမြစ်များအား နောက်မျိုးဆက်အတွက်ချန်ခဲ့လိုခြင်းပင်ဖြစ်သည်။

ကျိုးဟောင်မှာ နှမြောစွာဖြင့်ခေါင်းသာယမ်းမိတော့သည်။ စစ်နန်ဂိုဏ်းမှာ လွန်ခဲ့သောနှစ် ၆၀ကစစ်ပွဲအတွင်း သုတ်သင်ခံလိုက်ရပြီဖြစ်သည်။

ယနေ့ခေတ်၏သမိုင်းစာအုပ်များထဲတွင် ဤတိုက်ခိုက်ရေးဂိုဏ်း၏ ကြီးမားသောကဏ္ဍအကြောင်းအား ဖော်ပြထားပေသည်။

စစ်နန်ရွှင်း၏ပိုင်ဆိုင်မှုများအား ‌ရွေးထုတ်ပြီးနောက် ကျိုးဟောင်မှာစိတ်ချရသောနေရာရှာကာ စတင်စစ်ဆေးလေတော့သည်။

နောက်ဆုံးတွင် ကျိုးဟောင်မှာသူရှာနေသောအရာအားတွေ့လိုက်လေသည်။

အထွတ်အထိပ်မူလအဆင့်ပညာရှင်များတောင်မှ သိုင်းပညာရှင်များကျင့်ကြံသော သွေးအနှစ်သာရအား ကျင့်ကြံကြပေသည်။

သိုင်းပညာရှင်တစ်ယောက်၏ သွေးအနှစ်သာရမှာ စွမ်းအားကြီးသောအခြေခံစွမ်းအင်တစ်ခုဖြစ်သော်လည်း အဆင့်တစ်ခုအထိရောက်ပါက သွေးအနှစ်သာရမှာ ပိုမိုအားကောင်းသော ကျင့်ကြံရေးနည်းစနစ်အား အထောက်အပံ့ပေးနိုင်စွမ်းမရှိတော့ပေ။

၎င်းမှာ အကယ်၍လူတစ်ယောက်သည်အိမ်တစ်လုံးဆောက်ချင်ပါက ကြွေပြားများအုတ်များကိုသုံးရမည်ဖြစ်သော်လည်း မထိုးဖောက်နိုင်သော ခံတပ်တည်ဆောက်မည်ဆိုပါက အရည်အသွေးမြင့်မားသောသတ္တုစပ်နှင့် အဆင့်မြင့်သောပစ္စည်းများသုံးရမည်ဖြစ်သည်။

နဝမမြောက်မူလအဆင့်ပညာရှင်အထက် ကျင့်ကြံရေးအဆင့်အား ကောင်းကင်ဘုံအဆင့်ဟုခေါ်တွင်ပေသည်။

ကောင်းကင်ဘုံအဆင့်ရှိသောသိုင်းပညာရှင်တစ်ယောက်မှာ သာမန်သိုင်းပညာရှင်များကျင့်ကြံသော သွေးအနှစ်သာရကိုမကျင့်ကြံတော့ဘဲ အနှစ်သာရစွမ်းအားကိုသာ ကျင့်ကြံကြပေသည်။

အနှစ်သာရစွမ်းအားမှာ အခြေအမြစ်မရှိထွက်ပေါ်လာသောအရာမဟုတ်ဘဲ သိုင်းပညာရှင်များကျင့်ကြံသော သွေးအနှစ်သာရမှ အဆင့်မြင့်ကာအသွင်ပြောင်းလဲသွားသောစွမ်းအားတစ်မျိုးဖြစ်သည်။

ထိုအသွင်ပြောင်းလဲမှု၏နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းမှာ သိုင်းပညာရှင်တစ်ယောက်၏သွေးအနှစ်သာရမှာ အဆဆယ်ချီ သို့မဟုတ် ရာချီအထိပင် အဆပေါင်းများစွာ သန့်စင်ရမည်ဖြစ်သည်။

ထို့နောက်ထိုလူမှာ အက်ကွဲကြောင်းအနက်ပိုင်းရှိချီအနှစ်သာရအားရရှိရန် သန့်စင်မှုမြင့်မားသောသွေးအနှစ်သာရနှင့် မိုးနှင့်မြေ၏အလွန်အမင်းကြွယ်ဝသောအနှစ်သာရစွမ်းအားတို့အား ပေါင်းစပ်ရမည်ဖြစ်သည်။

ခန္ဓာကိုယ်အခြေအနေ၊ သွေးမျိုးရိုး၊ ကျင့်ကြံရေးသိုင်းနှင့် သွေးအနှစ်သာရသိပ်သည်းဆ ကွာခြားချက်ကြောင့် သိုင်းပညာရှင်များ၏ သွေးအနှစ်သာရပြင်းအားမှာလည်း မတူညီကြပေ။

ကျိုးဟောင်မှာ စစ်နန်ရွှင်း၏ ကျင့်ကြံရေးမှတ်စုစာအုပ်ထဲတွင် စစ်နန်ရွှင်းကျင့်ကြံခဲ့သောကျင့်ကြံရေးသိုင်းအား လျင်မြန်စွာပင်ရှာတွေ့သွားလေသည်။

ဤကျင့်ကြံရေးသိုင်းအား ကြီးကျယ်သောယန်မှတ်တမ်း ဟုခေါ်တွင်ပြီး စစ်နန်ရွှင်း၏ ကြီးကျယ်သောယန်မှတ်တမ်းအား အကဲဖြတ်မှုအရ ဤကျင့်ကြံရေးသိုင်းမှာ အလွန်သာမန်ဆန်ပေသည်။ သို့သော် သူ၏စွမ်းရည်မှာကန့်သတ်ချက်ရှိပြီး ပိုမိုမြင့်မားသောကျင့်ကြံရေးသိုင်းအား မကျင့်ကြံနိုင်ခဲ့ပေ။

ကြီးကျယ်သောယန်မှတ်တမ်း နှင့်ပတ်သက်ပြီး စစ်နန်ရွှင်း၏အသေးစိတ်ကျသောရှင်းပြချက်များကိုဖတ်ပြီးနောက် ကျိုးဟောင်မှာကူကယ်ရာမဲ့သလို သက်ပြင်းသာချနိုင်တော့သည်။

လောကကြီးရှိပစ္စည်းကောင်းအားလုံးကို သူပဲရရန်မှာ ကျိုးဟောင်အတွက် တကယ်ကိုမဖြစ်နိုင်ပေ။

ကောင်းကင်ဘုံအဆင့် ကျင့်ကြံရေးသိုင်းတစ်ခုရရန်ပင် အလွန်ခက်ခဲနေပြီဖြစ်ရာ ယခုလိုအချိန်တွင် ချေးများမနေသင့်ပေ။

သို့သော် ကြီးကျယ်သောယန်မှတ်တမ်းမှာ တကယ့်ကိုအဆင့်မြင့်ပြီးသာမန်ဆန်ပေသည်။ ကျိုးဟောင်လိုချင်သည်မှာ ဤမျှအဆင့်သာရှိသောကျင့်ကြံရေးသိုင်းမျိုးမဟုတ်ပေ။

ကျိုးဟောင်မှာ စစ်နန်ရွှင်း၏မှတ်စုစာအုပ်ထဲမှတစ်ဆင့် အခြားတစ်ခုကိုလည်းသိခဲ့ရပေသည်။

၎င်းမှာ အက်ကွဲကြောင်း၏အနက်ပိုင်းတွင် အလွန်အမင်းစွမ်းအားကြီးသော လူသားမျိုးနွယ်ပညာရှင်များ တကယ်ရှိသည်ဟူသော အချက်ပင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များမှု အဖွဲ့အစည်းတစ်ခုအနေနှင့် အတူတကွရှိနေကြပြီး စွမ်းအားကြီးမျိုးနွယ်ခြားများအား ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။

သို့သော် ပိုမိုအားနည်းပြီး အက်ကွဲကြောင်း၏ရှေ့တန်းတွင်မနေသော သိုင်းပညာရှင်များလည်းရှိပေသည်။

ဥပမာပြောရလျှင် စစ်နန်ရွှင်းနှင့်အခြားလူများ၏တာဝန်မှာ အက်ကွဲကြောင်းမှတစ်ဆင့်လူသားလောကသို့ဝင်ရောက်လာနိုင်ခြေများသောမျိုးနွယ်ခြားများအား သတ်ရန်ဖြစ်သည်။

၎င်းမှာ အက်ကွဲကြောင်း၏အနက်ပိုင်းတွင်ကာကွယ်ရေးပထမတန်းရှိပြီး စစ်နန်ရွှင်းနှင့်အခြားလူများရှိသော ကာကွယ်ရေး‌ဒုတိယတန်းတွင်တော့ ကျူးကျော်လာသော မျိုးနွယ်ခြားများအား ထိန်းချုပ်ထားရန်သာဖြစ်သည်။

သို့သော် စစ်နန်ရွှင်း၏မှတ်တမ်းအရ ဤကာကွယ်ရေးခံတပ် ၂ခုမှာ ကြီးမားသောဖိအားများနှင့်ကြုံနေရသည်မှာ နှစ်ပေါင်း ၆၀ကျော်နေပြီဖြစ်သည်။

ရလဒ်အနေနှင့် နဝမမြောက်မူလအဆင့်နှင့် အထွတ်အထိပ်မူလအဆင့်အားရောက်ရှိနေသော လူသားသိုင်းပညာရှင်တိုင်း ချက်ချင်းပင်အက်ကွဲကြောင်းထဲဝင်ကာ စစ်ပွဲတွင်ပါဝင်ကြရခြင်းပင်ဖြစ်သည်။

ဤသည်မှာ ရှေ့တန်းရှိကြီးမားသောဖိအားအား လျှော့ချရန်ဖြစ်သကဲ့သို့ မျိုးဆက်သစ်သိုင်းပညာရှင်များသန်မာလာစေရန် အချိန်ပိုပေးခြင်းလည်းဖြစ်ပေသည်။

ကျိုးဟောင်မှာယခင်ကထင်သည်မှာ ဤအထွတ်အထိပ်မူလအဆင့်ပညာရှင်များမှာ အက်ကွဲကြောင်းထဲဝင်ရောက်ပြီး အခြေအနေအားလုံးဝပြောင်းလဲဖို့ရန်အတွက် ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့တက်လှမ်းရန်ကိစ္စနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်နေကြခြင်းဖြစ်မည်ဟု တွေးထင်နေခြင်းဖြစ်သည်။

ယခုတွင်မူ ၎င်းမှာရှေ့တန်းခံတပ်ရှိဖိအားမှာအလွန်ကြီးမားပြီး စစ်ပွဲအခြေအနေမှာအလွန်ပြင်းထန်နေ၍ဖြစ်ကြောင်းအား သိလိုက်ရပေသည်။

စစ်နန်ရွှင်း၏ ကျင့်ကြံရေးမှတ်စုအားဖတ်ပြီးနောက် ကျိုးဟောင်မှာ ကိစ္စအားလုံးအားရုတ်တရက်ကြီး သူ့ရှေ့တွင်ဖွင့်ချပြလိုက်သကဲ့သို့ခံစားလိုက်ရပေသည်။ ယခင်ကသူမရှင်းလင်းခဲ့သောကိစ္စအားလုံး ယခုအချိန်တွင်ရှင်းလင်းသွားပြီဖြစ်သည်။

ဤခရီးစဉ်၏အကြီးမား‌ဆုံးအကျိုးအမြတ်မှာတော့ စစ်နန်ရွှင်းကိုယ်တိုင် မကျေမနပ်ပြောခဲ့သော ကြီးကျယ်သောယန်မှတ်တမ်း ဖြစ်နေဆဲဟူသောအချက်မှာတော့ ဧကန်ပင်ဖြစ်သည်။

...................................................................................

အခန်း(၁၉၇) ပြီးပါပြီ။

အခန်း (၁၉၈) : အရမ်းကိုကောင်းလွန်းတယ်

သို့သော် စစ်နန်ရွှင်းမှာ ဤကျင့်ကြံရေးသိုင်းအား မကျေမနပ်ပြောခဲ့သည်ဆိုလျှင်တောင် သူကောင်းကင်ဘုံအဆင့်၏ တတိယအဆင့်ထိကျင့်ကြံနိုင်ခဲ့သည်မှာ ကြီးကျယ်သောယန်မှတ်တမ်းကြောင့်ပင်ဖြစ်သည်။

စစ်နန်ရွှင်း၏အရိုးမှုန့်များနှင့် ကြေမွနေသောချပ်ဝတ်အားမြှုပ်နှံပြီးနောက် ကျိုးဟောင်မှာ ကြီးကျယ်သောယန်မှတ်တမ်းအားစတင်လေ့ကျင့်ရန် ပြင်လေတော့သည်။

အခြေခံသိုင်းပညာရှင်ကျင့်ကြံရေးသိုင်းများနှင့်မတူဘဲ သွေးအနှစ်သာရကျင့်ကြံရေးသိုင်းများမှာ အခြေခံကျကျပြောရလျှင်မည်သူမဆိုကျင့်ကြံနိုင်ပေသည်။ အလွန်သီးသန့်ဆန်ပြီး ကောင်းမွန်သောအရည်အသွေးရှိသည့်အချို့ကျင့်ကြံရေးသိုင်းများမှလွဲ အချို့ကျင့်ကြံရေးသိုင်းများမှာတော့ အမျိုးသားများအတွက်သာမက အမျိုးသမီးများအတွက်ပါ ကျင့်ကြံရန်သင့်တော်ပေသည်။

အနှစ်သာရစွမ်းအားကျင့်ကြံရေးသိုင်းအားကျင့်ကြံရသည်မှာ မတူညီပေ။ သိုင်းပညာရှင်တိုင်းတွင် မတူညီသောအနှစ်သာရစွမ်းအားကျင့်ကြံရေးသိုင်းများနှင့် လိုက်ဖက်ညီသောအမှတ်ရှိကြပေသည်။

မကျင့်ကြံမီ ထိုပုဂ္ဂိုလ်မှာမိမိကိုယ်ကိုစစ်ဆေးရမည်ဖြစ်သည်။ အကယ်၍ထိုလူ၏လိုက်ဖက်ညီမှုအမှတ်က ၆၀အောက်ဆိုပါက ကျင့်ကြံရာ၌ အောင်မြင်မှုအများကြီးမရနိုင်ပေ။

ကြီးကျယ်သောယန်မှတ်တမ်းအား သေချာစစ်ဆေးပြီးနောက် ဘာကြောင့်မှန်းမသိကျိုးဟောင်မှာ ကူကယ်ရာမဲ့သွားသလိုခံစားလိုက်ရပေသည်။

ယခုအချိန်တွင် သူ့၌ရွေးချယ်စရာမရှိပေ။ သူနှင့်ကြီးကျယ်သောယန်မှတ်တမ်းကြားရှိ လိုက်ဖက်မှုမှာမြင့်မားရန်သာမျှော်လင့်နိုင်တော့သည်။ မဟုတ်ပါက အလွန်ခံစားရခက်ပေလိမ့်မည်။

စစ်နန်ရွှင်း၏ ကျင့်ကြံရေးမှတ်စုထဲတွင်ကြီးကျယ်သောယန်မှတ်တမ်းအားကျင့်ကြံခဲ့သူများမှာ စစ်နန်ရွှင်းအပါအဝင် သိုင်းပညာရှင် ၃ယောက်ရှိပေသည်။

စစ်နန်ရွှင်းနှင့် ကြီးကျယ်သောယန်မှတ်တမ်း၏ လိုက်ဖက်သောအမှတ်မှာ ၇၀ ဖြစ်ပေရာ သူ၏ကျင့်ကြံရေးအရှိန်မှာလည်း လက်ခံနိုင်လောက်သောအတိုင်းအတာရှိပေသည်။

အခြားနှစ်ယောက်ထဲတွင် တစ်ယောက်မှာလိုက်ဖက်သောအမှတ် ၃၀ရှိပြီး အတင်းအကြပ်ဖိအားပေးကာ လေ့ကျင့်သည်ဟုယူဆလို့ရပေသည်။

ဤသည်မှာ အနှစ်သာရစွမ်းအားကျင့်ကြံရေးသိုင်းမှာ အလွန်အမင်းရှားပါး၍သာဖြစ်သည်။

လိုက်ဖက်သောအမှတ် ၃၀မှာသိပ်မမြင့်သော်လည်း အနှစ်သာရစွမ်းအားကျင့်ကြံရေးသိုင်းအများစုနှင့် လိုက်ဖက်မှု ၀ ရာခိုင်နှုန်းသာရှိသော သိုင်းပညာရှင်များလည်း အများအပြားရှိပေသည်။

ကျန်တစ်ယောက်မှာ လိုက်ဖက်သောအမှတ် ၈၅ရှိသည်။ စစ်နန်ရွှင်း၏ ဤလူအပေါ်အကဲဖြတ်မှုမှာ ၎င်း၏ကျင့်ကြံရေးအရှိန်မှာ အလွန်မြန်သည်ဟုရေးထားပေသည်။ ကြီးကျယ်သောယန်မှတ်တမ်း မှာအလွန်အမင်းစွမ်းအားမကြီးသော်လည်း ထိုပုဂ္ဂိုလ်၏လက်ထဲတွင်တော့ တကယ့်ကိုတောက်ပခဲ့သည်ဟု ပြောလို့ရပေသည်။

အကြမ်းဖျဉ်းအကဲဖြတ်မှုလုပ်ပြီးနောက် ကျိုးဟောင်သည် မကျင့်ကြံမီ မိမိကိုယ်ကိုအကဲဖြတ်မှုအားစတင်လုပ်ဆောင်လေတော့သည်။

ယခုအချိန်တွင် သူသည်ပြဿနာတစ်ခုအားစိတ်ပူနေဆဲပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လိုက်ဖက်သောအမှတ် ၀ ရသူမှာမရှားပါးပေ။

အကယ်၍သူ၏လိုက်ဖက်သောအမှတ်မှာ ၀ဖြစ်ပါက ရယ်နင့်ဖွယ်ရာဖြစ်ပေတော့မည်။

မိမိကိုယ်ကိုစမ်းသပ်ရေးနည်းလမ်းအရ ကျင့်ကြံရေးသိုင်းအား လှည့်ပတ်ပြီးနောက် ကျိုးဟောင်မှာ တောက်ပသောအလင်းစက်ကလေးများပေါ်လာသည်ကို ခံစားမိလိုက်လေသည်။

ဤတောက်ပသောအလင်းစက်များမှာ အဆုံးမရှိသောအမှောင်ထုထဲမှ ကြယ်ပွင့်များပမာပင်။

သေးငယ်သောအလင်းစက်တစ်ခုပေါ်လာပြီးနောက်မှသာ ကျိုးဟောင်မှာသက်ပြင်းချနိုင်တော့သည်။

သေးငယ်သောအလင်းစက်တစ်စက်သာပေါ်လျှင်တောင် ကြီးကျယ်သောယန်မှတ်တမ်းနှင့် လိုက်ဖက်သောအမှတ်မှာ ၀ အထက်ရှိပေသည်။ အနည်းဆုံး လိုက်ဖက်သောအမှတ် ၀ ရသကဲ့သို့ နေရခက်သောအခြေအနေမျိုးမရှိတော့ပေ။

အချိန်ခဏကြာပြီးနောက် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက်အလင်းစက်များမှာ တစ်ခုပြီးတစ်ခုပေါ်လာလေသည်။

၁၀မိနစ်ကြာပြီးနောက် ကျိုးဟောင်၏ခန္ဓာကိုယ်မှာ တုန်ယင်လာလေသည်။

"သေစမ်း"

သူ၏ထိုးထွင်းသိမြင်မှုအမှောင်လောကရှိ အလင်းစက်တစ်ရာကိုကြည့်ပြီး ကျိုးဟောင်မှာအသံမထွက်ဘဲမနေနိုင်တော့ပေ။

အနှစ်သာရစွမ်းအားကျင့်ကြံရေးသိုင်းများအားလုံးထဲတွင် ကြီးကျယ်သောယန်မှတ်တမ်းမှာ ပထမအဆင့်ကျင့်ကြံရေးသိုင်းသာဖြစ်သည်။ အကယ်၍လိုက်ဖက်ညီမှုပြည့်စုံပါက အမှတ် ၁၀၀ရမည်ဖြစ်သည်။

ယခုအချိန်တွင် ကျိုးဟောင်ပင်ဘာကြောင့်မှန်းမသိမယုံကြည်နိုင်သလို ခံစားနေရ‌ပေသည်။ သူနှင့်ကြီးကျယ်သောယန်မှတ်တမ်းကြားရှိ လိုက်ဖက်မှုမှာ တကယ့်ကိုအမြင့်ဆုံးအဆင့်အထိရောက်နေပေသည်။

သူ့ထံတွင် ပုန်းကွယ်နေသောပါရမီရှိနေသည်လား သူမသိပေ။

ကျိုးဟောင်၏မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။ တစ်လျှောက်လုံး သူ၏ကံကြမ္မာကိုပြောင်းရန် ကျိုးဟောင်မှာ ကံကြမ္မာအမှတ်များအားသုံးခဲ့ပေသည်။

အဆုံး၌ ယခုတစ်ခေါက်သူ၏ကံကြမ္မာအမှတ်အားမသုံးဘဲနှင့်တောင် ကံကောင်းနေပေပြီ။

မကျင့်ကြံမီ မိမိကိုယ်ကိုစစ်ဆေးမှုအားဖြည့်စွက်ပြီးနောက် ကျိုးဟောင်မှာမစောင့်နိုင်တော့ဘဲ ကြီးကျယ်သောယန်မှတ်တမ်းအား စတင်လေ့ကျင့်လေတော့သည်။

ယခုအချိန်တွင် ကျိုးဟောင်မှာကျင့်ကြံရန် ကြီးကျယ်သောယန်မှတ်တမ်းအားသုံးလိုက်သည့်အခါ စစ်နန်ရွှင်းဖော်ပြခဲ့သော အတားအဆီးများမှာ လုံးဝပေါ်မလာဘဲ အက်ဖ်ဝမ်းလမ်းကြောင်းပေါ်တွင် ပြေးနေရသကဲ့သို့ သက်သောင့်သက်သာခံစားနေရပေသည်။

ကြီးကျယ်သောယန်မှတ်တမ်းမှာ စစ်နန်ရွှင်းလိုသိုင်းပညာရှင်လက်ထဲတွင် ချို့တဲ့နိုင်သော်လည်း ကျိုးဟောင်၏လက်ထဲတွင်တော့ အံ့ဖွယ်ရတနာပင်ဖြစ်သည်။

ဤကျင့်ကြံရေးသိုင်း၏မူလဇစ်မြစ်အား သူမသိသော်လည်း သူ့လိုသိုင်းပညာရှင်အတွက် သေချာဖန်တီးပေးထားသလိုပင်။

သွေးအနှစ်သာရအားထုတ်ယူရန် ကြီးကျယ်သောယန်မှတ်တမ်းအားသုံးရသည်မှာ ကျိုးဟောင်အတွက် အလွန်လွယ်ကူပေသည်။ သူ၏ခြေလက်များ၊ အရိုးများ သွေးကြောများနှင့် ဆဲလ်များပင် ပူးပေါင်းပေးနေသလို ခံစားရပေသည်။

"ကောင်းတယ်"

ထိုအချိန်တွင် ကျိုးဟောင်၏မျက်နှာတွင် ကျေနပ်သည်ထက်ပိုသောအရိပ်အယောင်မျိုးပေါ်လာပေသည်။ ဤသည်မှာ စစ်မှန်သောကျင့်ကြံရေးပင်ဖြစ်သည်။

မူလက ဤကျင့်ကြံရေးသိုင်းမှာ စစ်နန်ရွှင်းပြောသကဲ့သို့ တကယ်အလုပ်မဖြစ်မည်ကို အနည်းငယ်စိုးရိမ်နေသော်လည်း ယခုကိုယ်တိုင်လေ့ကျင့်လိုက်သည့်အချိန်တွင် ဤကျင့်ကြံရေးသိုင်းမှာ အလွန်ကောင်းကြောင်း သိလိုက်ရပြီဖြစ်သည်။

....................................................................................

အခန်း(၁၉၈) ပြီးပါပြီ။

All Chapters