← Chapters

အခန်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အခန်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အခန်း (၁၉၉) : ထိတ်လန့်လောက်စရာ စွမ်းအင်ထိန်းချုပ်မှု

ကျိုးဟောင်မှာ ကြီးကျယ်သောယန်မှတ်တမ်းအားကျင့်ကြံပြီးနောက် ကျိုးဟောင်၏အာရုံ ၅ပါးမှာ တကယ့်ကိုအရည်အသွေးအရပြောင်းလဲသွားကြောင်းကို ခံစားမိလိုက်လေသည်။

ယခင်က သူ၏အုတ်မြစ်မှာအတော်လေးခိုင်မာသော်လည်း လောကကြီးအတွင်းရှိ အလွန်အမင်းအားနည်းသောအနှစ်သာရစွမ်းအားအား ခံစားမိရန်မှာ အလွန်ခက်ခဲ‌နေဆဲပင်ဖြစ်သည်။

သို့သော် ယခုမူအခြေအနေများမှာမတူတော့ပေ။ အနှစ်သာရစွမ်းအားမှာအလွန်အမင်းအားနည်းသော်လည်း သူခံစားမိပေသည်။

ထို့အပြင် သူ၏ကျင့်ကြံရေးသိုင်းအားလှည့်ပတ်လိုက်ရုံဖြင့် မိုးနှင့်မြေကြားရှိအနှစ်သာရစွမ်းအားအား သူ၏သွေးအနှစ်သာရစွမ်းအားနှင့်ပေါင်းစပ်ကာ အရည်အသွေးအားမြှင့်တင်ကာ သူတစ်ယောက်သာပိုင်ဆိုင်သော အနှစ်သာရစွမ်းအားအား ဖန်တီးနိုင်ပေသည်။

ခလွပ် ခလွပ်

ခလွပ် ခလွပ်

ကျိုးဟောင်မှာ ကြီးကျယ်သောယန်မှတ်တမ်းအားကျင့်ကြံနေရင်း ခြေလက်များ၊ အရိုးများနှင့် သွေးကြောများမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့် ပြင်းထန်သောအော်သံများအား အချိန်တိုင်းကြားနေရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အတွင်းရောအပြင်ပါ ပြောင်းလဲမှုများဖြစ်ပေါ်နေပေသည်။

ကျိုးဟောင်မှာ ကြီးကျယ်သောယန်မှတ်တမ်းအား တစ်ရက်နှင့်တစ်ညတိုင်တိုင် လေ့ကျင့်နေပေသည်။

နောက်တစ်နေ့မနက်တွင် ကျိုးဟောင်ကျင့်ကြံမှုမရပ်တန့်မီ တောနက်ထဲရှိနေအလင်းရောင်မှာ ကျိုးဟောင်အပေါ်ဖြာကျလာလေသည်။

ဤနေရာတွင် တစ်ရက်နှင့်တစ်ညလေ့ကျင့်နေသော်လည်း အနှစ်သာရစွမ်းအားမှာ သူ၏ကိုယ်တွင်းတွင် အဆက်မပြတ်လှည့်ပတ်နေပေရာ ကျိုးဟောင်မှာစွမ်းအင်အပြည့်နှင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းကာအလွန်အမင်းသက်သောင့်သက်သာရှိသလို ခံစားနေရပေသည်။

"အရင်တုန်းက အနန္တထိုးဖောက်လက်ချောင်းသိုင်းသုံးဖို့ အရမ်းခက်တာမထူးဆန်းတော့ဘူး"

ကျိုးဟောင်မှာ ခါးသီးစွာပြုံးလိုက်သည်။ ကြီးကျယ်သောယန်မှတ်တမ်းအားကျင့်ကြံပြီးနောက် မကြာသေးမီကသူအလွန်အဆင့်မြင့်သည်ဟုထင်ခဲ့သော အနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ သာမန်သိုင်းပညာတစ်ခုအပြင်မပိုတော့ပေ။

၎င်းမှာ အနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ ကြီးစိုးနိုင်စွမ်းနှင့် ကြောက်မက်ဖွယ်စွမ်းအား မရှိ၍မဟုတ်ဘဲ အနှစ်သာရစွမ်းအားက အလွန်စွမ်းအားကြီးနေ၍ဖြစ်သည်။

ကွာခြားချက်မှာ ဒီဇယ်နှင့် မီးသွေးကြားရှိကွာခြားချက်နှင့်ပင် မယှဉ်နိုင်ပေ။

ဘန်း!

ကျိုးဟောင်မှာ ကြုံသလိုပင်လက်သီးတစ်ချက်ထိုးလိုက်ရာ မိုင်တစ်ရာကျော်အကွာအဝေးတွင် တစ်ရက်နှင့်တစ်ညလုံးငြိမ်သက်စွာလှဲနေသော မိစ္ဆာသားရဲမှာ ချက်ချင်းပင်အသားစများအဖြစ်အပိုင်းပိုင်းအစစကြေမွသွားကာ ထိုအသားစများမှာ ကောင်းကင်‌တွင်ပြည့်နှက်သွားလေသည်။

"စွမ်းအားကြီးလိုက်တာ"

ကျိုးဟောင်မှာ သူ့ခန္ဓာကိုယ်တွင်းတွင် တဝေါဝေါစီးဆင်းနေသောမြစ်တစ်စင်းပမာရှိနေသော အင်အားကြီးစွမ်းအားကိုခံစားမိပြီး သက်ပြင်းမချဘဲမနေနိုငိတော့ပေ။

ဤသည်မှာအစသာရှိသေးသည်။ ကျိုးဟောင်မှာ ယခုမှကောင်းကင်ဘုံအဆင့်အား ဝင်ရောက်ရန်ပြင်ဆင်နေဆဲသာရှိသေးသည်။

အကယ်၍သူ၏စွမ်းအားကသာ ကောင်းကင်ဘုံအဆင့်၏ ပထမအဆင့်သို့တကယ်ရောက်သွားပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တကယ့် အရည်အသွေးအရပြောင်းလဲမှုနှင့်တိုးတက်မှုများဖြစ်ပေါ်လာမည်မှာ ဧကန်ပင်ဖြစ်သည်။

ထို့နောက် ကျိုးဟောင်မှာထွက်မသွားခင် အကြိမ်ပေါင်းများစွာထပ်မံတိုက်ခိုက်လိုက်ပြီး မိစ္ဆာသားရဲအများအပြားအား သတ်ခဲ့လေသည်။

ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းအနီးတစ်ဝိုက်တွင် ကာကွယ်ရေးခံတပ်၏ရှေ့တန်းရှိပညာရှင်များနှင့် သိုင်းပညာရှင်များမှာ ဤဧရိယာအားရံဖန်ရံခါ ကင်းလှည့်လေ့ရှိပေသည်။

အထူးသဖြင့် အစောပိုင်းကလို ကြီးမားသောလှုပ်ရှားမှုဖြစ်ပြီးနောက်ပိုင်းတွင်ဖြစ်သည်။ ထိုလှုပ်ရှားမှုမှာ ဤဧရိယာအားကင်းလှည့်ရန်တာဝန်ယူထားသောပညာရှင်များကိုပင် ဆွဲဆောင်နိုင်လေသည်။

ထိုဧရိယာထဲတွင် ထက်မြက်လျင်မြန်သောပုံရိပ်တစ်ခုပေါ်လာလေသည်။

၎င်းမှာ ရဲစွမ်းသတ္တိအပြည့်နှင့် ကျက်သရေရှိသော အမျိုးသမီးမူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။

ကျိုးဟောင်မှာရှေ့တန်းခံတပ်အား အကြိမ်များစွာရောက်ဖူးသော်လည်း ဤအမျိုးသမီးမူလအဆင့်ပညာရှင်ကိုတော့ မမြင်ဖူးပေ။

၎င်းမှာ လင်ရှုယင် အမည်ဝှက် ညတေးသီငှက်ဖြစ်ပြီး ရှေ့တန်းရှိအထူးတပ်ဖွဲ့မှ တိုက်ပွဲဝင်စစ်သည်တစ်ယောက်ဖြစ်ပေသည်။

သူမသည်လှည့်လည်သွားလာနေပြီး ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင် အတည်တကျမနေပေ။ ထို့ကြောင့် သူမအားအက်ကွဲကြောင်း၏ အတွင်းဧရိယာနှင့် ပြင်ပဧရိယာတွင် မကြာခဏဆိုသလိုတွေ့နိုင်ပေသည်။

သိပ်မကြာသေးမီက စီနီယာကျိုးဟုခေါ်သောလူတစ်ယောက် ဤအက်ကွဲကြောင်းဒေသတွင်ပေါ်လာပြီး မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင်အကြီးအကဲပင်ဖြစ်လာသည်ဟု သူမကြားထားပေသည်။ ထိုကိစ္စကြောင့် လင်ရှုယင်သည်လည်း စုံစမ်းရန်အမိန့်ပေးခံထားရပေသည်။

သို့သော် ထိုစီနီယာကျိုးဆိုသူမှာ ဖမ်းရခက်ပေရာ သူမအချိန်မှားရောက်သွားပြီး ထိုပုဂ္ဂိုလ်အားမတွေ့ခဲ့ရပေ။

အစ်......

လင်ရှုယင်မှာ ထိုဧရိယာအတွင်းအချိန်ခဏလောက် ခြေဦးတည့်ရာလမ်းလျှောက်သွားပြီးနောက် မယုံကြည်နိုင်စရာတစ်ခုခုမြင်လိုက်ရသကဲ့သို့ သူမ၏လှပသောမျက်လုံးလေးများမှာ ရုတ်တရတ်ပြူးကျယ်လာလေသည်။

မြောက်များစွာသော မိစ္ဆာသားရဲများ၊ အင်းဆက်မျိုးနွယ်များနှင့် အခြားစွမ်းအားကြီးမျိုးနွယ်ခြားများမှာ ဤနေရာတွင် အသတ်ခံထား‌ရပေသည်။

ထို့အပြင် ထိုတိုက်ခိုက်မှုမှာ နှလုံးသို့ထိုးဖောက်သွားပြီး အတွင်းကလီစာများအားလုံးအားကြေမွသွားစေသော ထိတ်လန့်ဖွယ်ရာတိုက်ခိုက်မှုပင်ဖြစ်သည်။

ယခုလိုစွမ်းအားထိန်းချုပ်မှုမျိုးက အလွန်ထိတ်လန့်စရာကောင်းလှပေသည်။

"အက်ကွဲကြောင်းအနက်ပိုင်းက သခင်ကြီးတစ်ယောက်ယောက်ထွက်လာတာများလား"

လင်ရှုယင်မှာထိတ်လန့်တကြား တွေးလိုက်မိသည်။ သူမထိုကဲ့သို့တွေးရသည့်အကြောင်းအရင်းမှာ သိုင်းပညာရှင်တစ်ယောက်၏ သွေးအနှစ်သာရစွမ်းအားမှာ အလွန်စွမ်းအားမြင့်သော်လည်း ဤမျှလောက်လွှမ်းမိုးနိုင်စွမ်းမရှိ၍ဖြစ်သည်။

ဤမျိုးနွယ်ခြားများ၏ ရင်ဘတ်တွင် ဆံချည်တစ်မျှင်စာအထူသာရှိသော အပေါက်ငယ်လေးတစ်ပေါက်သာတွေ့ရသော်လည်း ဤအပေါက်လေးမှတစ်ဆင့်အင်အားကြီးအားတစ်ခုဖြတ်သန်းသွားပြီးနောက် ဤသတ္တဝါများ၏အတွင်းကလီစာများနှင့် သွေးကြောများအား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေမှန်း သိနိုင်ပေသည်။

အထွတ်အထိပ်မူလအဆင့်ထက်ကျော်လွန်သော ပညာရှင်တစ်ယောက်သာ ယခုလိုမျိုးလုပ်နိုင်တာဖြစ်သည်။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ သာမန်ကောင်းကင်အဆင့်ပညာရှင်တစ်ယောက်မဟုတ်ပေ။ အကောင်းဆုံးထဲမှအကောင်းဆုံး တစ်ယောက်သာဖြစ်နိုင်ပေသည်။

မကြာမီပင် လင်ရှုယင်မှာသူမရှာတွေ့ခဲ့သောသတင်းအချက်အလက်အား ကောင်းကင်ကွန်ယက်အဖွဲ့အား ပြန်ပို့လိုက်လေသည်။

ကောင်းကင်ကွန်ယက်အဖွဲ့မှာ စစ်မှန်သော အဆင့်အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အတိအကျဆိုရပါက ဟွာရှားစစ်တပ်မှ ပညာရှင်များ၏စွမ်းအားမှစ အရာအားလုံးအား ကောင်းကင်ကွန်ယက်အဖွဲ့မှ စီမံပေးခြင်းဖြစ်သည်။

သို့သော် ကောင်းကင်ကွန်ယက်အဖွဲ့၏အဆင့်မှာအလွန်မြင့်ပေရာ သာမန်သိုင်းပညာရှင်များမသိနိုင်ပေ။ သိသည့်သိုင်းပညာရှင်အချို့မှာလည်း ပြန်လည်ရှင်းပြနိုင်သည်အထိ သေချာမသိပေ။

ကောင်းကင်ကွန်ယက်စနစ်ထဲကလူမဟုတ်ပါက ကျိုးဟောင်ကဲ့သို့သောပညာရှင်တစ်ယောက်ပင် ကောင်းကင်ကွန်ယက်အဖွဲ့အကြောင်း ဘာမှသိမည်မဟုတ်ပေ။

ကျိုးဟောင်မှာ အစောပိုင်းကဤနေရာတွင်လုပ်ခဲ့သော သူ၏ကြုံသလိုစမ်းသပ်ချက်တစ်ခုက ကောင်းကင်ကွန်ယက်အဖွဲ့နှင့် လင်ရှုယင်ထံမှအားကြီးသောတုံ့ပြန်မှုတစ်ခုအားအစပျိုးလိုက်မိမှန်းမသိခဲ့ပေ။

.................................................................................

အခန်း(၁၉၉) ပြီးပါပြီ။

အခန်း (၂၀၀) : အထွတ်အထိပ်မူလအဆင့်ပညာရှင် လင်ရှုယင်

ကောင်းကင်ကွန်ယက်အဖွဲ့၏ ရာထူးမြင့်လူများမှာ လင်ရှုယင်ပို့ပေးလိုက်သောသတင်းအချက်အလက်အပေါ်အခြေခံပြီး သုံးသပ်မှုတစ်ခုအား လျင်မြန်စွာလုပ်လိုက်လေသည်။

ယုံကြည်အားထားရသော သတင်းအရ အက်ကွဲကြောင်းအနက်ပိုင်းမှ ပညာရှင်တစ်ယောက်မှာ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်နောက်လိုက်ရင်း အက်ကွဲကြောင်းအနီးရောက်လာသည်ဟု ပြောကြပေသည်။

လင်ရှုယင်မြင်ခဲ့ရသည်မှာ ထိုစီနီယာလုပ်ခဲ့တာဖြစ်နိုင်သည်။

သို့သော် ထိုကဲ့သ်ို့သောသခင်ကြီးများမှာ ဟွာရှားနယ်၏ကျောရိုးများဖြစ်ကြသောကြောင့် ကောင်းကင်ကွန်ယက်အဖွဲ့မှဤကိစ္စအားစုံစမ်းစရာမလိုပေ။

လင်ရှုယင်မှာ ဤနေရာအားစစ်ဆေးနေချိန်တွင် ကျိုးဟောင်မှာအဝေးတစ်နေရာမှ သူမအားစောင့်ကြည့်နေသည်ကိုမသိပေ။

ကျိုးဟောင်ထွက်သွားတော့မည့်အချိန်မှာပင် ပညာရှင်တစ်ယောက်လာနေသည်ကို ခံစားမိလိုက်လေသည်။

ကျိုးဟောင်မူလကထင်သည်မှာ သူမသည်ရှေ့တန်းခံတပ်ရှိ မူလအဆင့်ပညာရှင်တစ်ယောက်သာဖြစ်သည်ဟု ထင်ထားခြင်းဖြစ်သည်။ တစ်ဖက်လူမှာ သူလုံးဝမရင်းနှီးသော အမျိုးသမီးမူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်မည်ဟုမထင်ထားခဲ့ပေ။ ထို့အပြင်တစ်ဖက်လူမှာ အတော်လေးစွမ်းအားမြင့်ပြီး အထွတ်အထိပ်မူလအဆင့်ပညာရှင်အဆင့်အား ရောက်လုနီးပြီဖြစ်သည်။

ဒုတာဝန်ခံရှစ်ကျီ၊ နည်းပြယန်ဟွေ့နှင့် အခြားလူများ၏ပြောစကားအရ အထွတ်အထိပ်အဆင့်မူလပညာရှင်အားလုံးမှာ အက်ကွဲကြောင်းထဲဝင်သွားကြပြီဟုဆိုသော်လည်း ယခုမူထိုသို့ဟုတ်ဟန်မတူပေ။

"ဘယ်သူလဲ"

လင်ရှုယင်တွင် အာရုံခံနိုင်စွမ်းမြင့်သောကိုယ်ခန္ဓာရှိပေသည်။ အစောပိုင်းကသူမအလွန်ထိတ်လန့်နေ၍ ပတ်ဝန်းကျင်ရှိသဲလွန်စများအား ရှာဖွေသည့်နေရာတွင်သာ အာရုံစိုက်ထားခြင်းဖြစ်သည်။ ယခုမူ သူမသည်အသိပြန်ဝင်လာပြီဖြစ်ရာ ကျိုးဟောင်ရှိသောဘက်အား ချက်ချင်းပင်လှည့်ကြည့်ကာမေးလိုက်လေသည်။

သို့သော်ကျိုးဟောင်ထွက်သွားသည်မှာ ကြာလှပြီဖြစ်ပေရာ သူမဘာမျှမမြင်လိုက်ရပေ။

လင်ရှုယင်မှာ လက်ရှိတွင်ဘာကြောင့်မှန်းမသိ ပဟေဠိဖြစ်နေပေသည်။ လက်ရှိအချိန်တွင် သူမသည်ကောင်းကင်ကွန်ယက်အဖွဲ့မှ ရာထူးကြီးပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ရန်သာရှိသည်။

သို့သော် မိန်းမတို့၏အလိုလိုသိစိတ်အရ ယခုတစ်ခေါက် ကောင်းကင်ကွန်ယက်အဖွဲ့မှရာထူးကြီးပုဂ္ဂိုလ်များ၏ ယူဆချက်မှာမှားယွင်းနေကြောင်းကို သူမခံစားမိပေသည်။

မည်သို့ပင်ဖြစ်စေ မကြာခင်ကရထားသောသတင်းအရ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်မှာ မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင်အကြီးအကဲဖြစ်သော စီနီယာကျိုး၏သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင် အက်ကွဲကြောင်းအနက်ပိုင်းမှလူသားပညာရှင်များမှာ ဘာကြောင့်အက်ကွဲကြောင်းပြင်ပသို့လာပြီး ဤမျိုးနွယ်ခြားများအားကြုံသလိုသတ်ဖြတ်နေမည်လဲ။

လင်ရှုယင်၏အတွေးအရဆိုပါက ဤမျိုးနွယ်ခြားများအား ကြုံသလိုလိုက်လံသတ်နေသော စွမ်းအားမြင့်ပညာရှင်တစ်ယောက်ထံမှ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်နိုင်ပေသည်။

ဤအတွေးမှာအလွန်အဓိပ္ပာယ်မရှိသော်လည်း ဤမျှလောက်အံ့ဖွယ်ကောင်းလောက်အောင် သူ၏စွမ်းအားကိုထိန်းချုပ်နိုင်သောစွမ်းအားကြီးသိုင်းပညာရှင်တစ်ယောက်မှာ လေ့ကျင့်ရန်ဤမျိုးနွယ်ခြားများအား ဘာကြောင့်လိုအပ်မည်နည်း။

သို့သော် ဤဖြေရှင်းချက်မှလွဲအခြားဆီလျော်သောဖြေရှင်းချက်အား သူမမစဉ်းစားတတ်ပေ။

ကျိုးဟောင်၏ပုံရိပ်မှာ လင်ရှုယင်၏အဝေးတစ်နေရာတွင် ထပ်မံပေါ်ထွက်လာပေသည်။

သူမူလကတွေးထားသည်မှာ ကြီးကျယ်သောယန်မှတ်တမ်းအားကျင့်ကြံပြီးနောက်သူ၏အင်အားများကိုထုတ်လွှတ်ကာ လောကကြီးအားလွှမ်းမိုးပစ်မည်ဟုတွေးထားခြင်းဖြစ်သည်။

ယခုတွင် လူမသိသူမသိနေပြီးတိတ်တိတ်လေးပိုက်ဆံရှာနေတာက ပိုကောင်းမည်ဟု တွေးမိပေသည်။

ဟွာရှား၌ပင်သူမသိသော လင်ရှုယင်ကဲ့သို့သောတည်ရှိမှုမျိုး ရှိပေရာ တစ်လောကလုံးဆိုပါက ပြောနေစရာပင်မလိုပေ။

ဖြစ်ပွားခဲ့သောစစ်ပွဲများတွင် ကျိုးဟောင်မှာသူ၏သွေးအနှစ်သာရနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အားကိုးရန်ရည်ရွယ်ထားပြီး ပုံမှန်အခြေအနေတွင် စွမ်းအင်အနှစ်သာရအားသုံးရန် အစီအစဉ်မရှိပေ မဟုတ်ပါက ပြဿနာအများအပြားဖြစ်လာနိုင်ပေသည်။

"ဟမ်"

ကျိုးဟောင်ပေါ်လာပြီး သိပ်မကြာမီပင် သူ၏ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ဒုတာဝန်ခံရှစ်ကျီပို့လိုက်သောစာတစ်စောင်အား လက်ခံရရှိလိုက်လေသည်။ စာထဲတွင် ဒုတာဝန်ခံရှစ်ကျီမှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့မှ စုံစမ်း‌ရေးမှူးက သူနှင့်တွေ့ဆုံချင်သည့်အကြောင်းကိုရှင်းပြထားလေသည်။

"ငါခုနကတွေ့ခဲ့တဲ့မိန်းမက အစိမ်းရောင်တိမ်တိုက်အဖွဲ့က စုံစမ်းရေးမှူးလား"

ကျိုးဟောင်မှာတွေးရင်း အံ့ဩသွားလေသည်။

ထိုကိစ္စအားစဉ်းစားပြီးနောက် သူဤထူးခြားဆန်းကြယ်သောမိန်းမနှင့်တွေ့ဆုံပြီး ဤလောကရှိရာထူးမြင့်လူများအကြောင်း ပိုမိုလေ့လာရန်ဆုံးဖြတ်လိုက်လေသည်။

သူ၏ခန္ဓာကိုယ်ရှိအငွေ့အသက်နှင့် အနှစ်သာရစွမ်းအားများအား ထုတ်လွှတ်ပြီးနောက် ကျိုးဟောင်မှာသူ၏ပုံပန်းသွင်ပြင်ကိုလည်း ပြောင်းလဲလိုက်သည်။ ထို့နောက် ကျိုးဟောင်၏ပုံရိပ်မှာ လှုပ်ရှားသွားကာ ရှေ့တန်းခံတပ်ဆီဦးတည်သွားသော အစက်အပျောက်တစ်ခုအဖြစ် ပျောက်ကွယ်သွားလေသည်။

ထိုနေရာအားရောက်ပြီးနောက် တကယ့်ကို သူအစောပိုင်းကတွေ့ခဲ့သော မိန်းမအားတွေ့လိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် လင်ရှုယင်သည်လည်း ကျိုးဟောင်အားလှည့်ကြည့်လိုက်ပေသည်။

လင်ရှုယင်သည်လည်း ကျိုးဟောင်နှင့်တွေ့ရသည်ကို အံ့ဩနေပေသည်။

ကောင်းကင်ကွန်ယက်အဖွဲ့၏သတင်းဌာနတွင် ဟွာရှားမြို့၏ပညာရှင်များသာမက လောကကြီးရှိပညာရှင်များအားလုံး၏အကြောင်းများမှာ မှတ်တမ်းရှိပေရာ ယခုတွင်မူ ကျိုးဟောင်မှာအလွန်လျှို့ဝှက်ဆန်းကြယ်သောလူဖြစ်သည်မှာ သေချာပေသည်။ ကျိုးဟောင်မှာ ရုတ်တရက်ထွက်ပေါ်လာသော အထွတ်အထိပ်အဆင့် မူလပညာရှင်တစ်ယောက်ဖြစ်ပြီး သူနှင့်ပတ်သက်သောမည်သည့်သတင်းမျှမရှိပေ။

မှန်ပေသည်။ ဒုတာဝန်ခံရှစ်ကျီနှင့် အခြားလူများမှာ ချဲ့ကားပြောနေခြင်းမဟုတ်မှန်း လင်ရှုယင်တစ်ယောက်သေချာသိပေသည်။ ကျိုးဟောင်အဝေးလေဟာနယ်မှဖြတ်သန်းလာပြီး ယခုရောက်ရှိလာသည်အထိ ကျိုးဟောင်မှာ သေချာပေါက်အထွတ်အထိပ်မူလအဆင့်ပညာရှင်ဖြစ်မှန်း သူမ ကြည့်ရုံဖြင့်သိပေသည်။

"ဥက္ကဌကျိုး ဒါကစုံစမ်းရေးမှူးလင်ရှုယင်ပါ"

"ဒါက မူလအဆင့်ကောင်စီရဲ့ဂုဏ်ထူးဆောင်ဥက္ကဌ ဥက္ကဌကျိုးပါ"

ကျိုးဟောင်ရောက်ရှိပြီးနောက် ရှစ်ကျီမှာ သူနှင့်လင်ရှုယင်အားမိတ်ဆက်ပေးလေသည်။

"‌ဥက္ကဌကျိုး မင်္ဂလာပါ ပုံမှန်ဆိုရှင်ဘယ်ဒေသမှာကျင့်ကြံလဲ ပြောပြလို့ရမလား"

လင်ရှုယင်မှာကွေ့ဝိုက်မနေဘဲ သူမမေးလိုသောမေးခွန်းအား တန်းမေးလိုက်လေသည်။

"ကျုပ်ကဒီတိုင်း မြေရိုင်းဒေသအချို့မှာလေ့ကျင့်နေရုံပါပဲ ထပ်ပြီးစုံစမ်းစစ်ဆေးစရာမလိုပါဘူး"

ကျိုးဟောင်၏အဖြေမှာ ပြစ်ချက်မရှိပေ။ လောကကြီးတွင်ထိုကဲ့သို့သောနေရာပေါင်းများစွာရှိပေသည်။

....................................................................................

အခန်း (၂၀၀) ပြီးပါပြီ။

အခန်း (၂၀၁): စမ်းသပ်ခြင်း

"အို...တကယ်လား"

လင်ရှုယင် ၏ လှပသော မျက်လုံးလေးများ လှုပ်ရှားသွားခဲ့သည်။ ကျိုးဟောင်က အရမ်းသတိကြီးလိမ့်မည်လို့ သူမ မထင်ထားခဲ့ပေ။

ပညာရှင်အများစုမှာ လျှို့ဝှက်ချက်များစွာရှိကြသော်လည်း ယခုလို ယေဘုယျပုံမှန်အကြောင်းအရာများကိုတော့ မပြောပြနိုင်စရာ အကြောင်းမရှိပေ။

ကျိုးဟောင်ကတော့ ဒီလိုမဟုတ်ဘဲ သူ၏နောက်ကြောင်းနှင့် သူ၏လုပ်ပုံကိုင်ပုံများက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ သူက သူ၏ ကျင့်ကြံသည့်နယ်ပယ်ကို‌တောင် ထုတ်ဖော်မပြသပေ။

လင်ရှုယင် အတွက်ကျိုးဟောင်က လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသူတယောက်အဖြစ်ခံစားမိစေခဲ့သည်။

ဒုတာ၀န်ခံ ရှစ်ကျီလည်း ဘာမှမတတ်နိုင်တော့ဘဲ အနည်းငယ်ရှက်သွားခဲ့သည်။ သူတို့နှစ်ယောက်အား မိတ်ဆက်ပေးခြင်းက အခုလိုတွေဖြစ်လာလိမ့်မည်လို့ သူမထင်ထားခဲ့ပေ။

လင်ရှုယင်နှင့် ကျိုးဟောင်တို့၏ နေထိုင်သည့်ပုံစံမှာ အလွန်ဆင်တူပြီးအရမ်းလည်း လျှို့ဝှက်ကြလေသည်။

ကွာခြားသွားသည်က ကျိုးဟောင်သည် လွတ်လပ်သောသိုင်းပညာရှင်တယောက်ဖြစ်ပြီး လင်ရှုယင် ကတော့ ဟွာရှားမြို့ရှိ အဆင့်မြင့်အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ဖြစ်လေသည်။

အစိမ်း‌ရောင်တိမ်တိုက်အဖွဲ့အစည်း မှာ အလွန် ကန့်သတ်ချက်များပြီး ဟွာရှားမြို့ရှိ စစ်တပ် နှင့် သိုင်းပညာရှင်များကို အမိန့် တွေပေးနေသည့်အဖွဲ့အစည်းဖြစ်‌ကြောင်း‌လောက်သာ ဒုတာ၀န်ခံ ရှစ်ကျီသိလေသည်။

သို့သော်၊ သူ၏အထောက်အထားနှင့် အခြားအကြောင်းများကြောင့် ဒုတာ၀န်ခံရှစ်ကျီ သည် နောက်ထပ်အချက်အလက်များကို မရယူနိုင်ခဲ့ကြောင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဒုတာ၀န်ခံ ရှစ်ကျီလည်း ကျိုးဟောင်နှင့် လင်ရှုယင် တို့ကို မိတ်ဆက်ပေးပြီးနောက် ပါးပါးနပ်နပ်ရှောင်ထွက်သွားခဲ့လေသည်။

သူတို့နှစ်ယောက်နောက်ထပ်ဆွေးနွေးကြမည့်အကြောင်းအရာများမှာ သူ့လိုအဆင့်နှင့် သူတယောက်မသိသင့်ဘူးလို့ယူဆခဲ့သောကြောင့်ဖြစ်လေသည်။

လင်ရှုယင်သည် ဒုတာ၀န်ခံရှစ်ကျီထွက်သွားသည်ကိုမြင်လိုက်သောကြောင့် ပြောစရာစကားမဲ့သွားခဲ့လေသည်။

သူတို့မျာ ဌာနတခုတည်းကမဟုတ်ရင်တောင်မှ တရုတ်အစိုးအရအတွက် ဆောင်ရွက်ပေးနေသော လုပ်ဖော်ကိုင်ဖက်များဖြစ်လေသည်။

ဒါ့အပြင် အရေးကြီး လျှို့ဝှက်သတင်းများလည်း မဟုတ်သောကြောင့် မူလအဆင့် ပညာရှင်တယောက်ဖြစ်သောရှစ်ကျီအနေဖြင့် နားထောင်ခွင့်ရှိလေသည်။

သို့သော်လည်း ရှစ်ကျီထွက်သွားသောကြောင့် သူမသည် ပိုနက်နဲသော မေးခွန်းများကို မေးရန် ဆုံးဖြတ်လိုက်သည်။

" ရှင် ဒီလို အထွဋ်အထိပ်အဆင့်ကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

သူမက ကျိုးဟောင်အား သေချာ စူးစိုက်ကြည့်ပြီးမေးလိုက်သည်။

သူမသည် သိမြင်နားလည်နိုင်ခြင်း ကိုယ်ခန္ဓာရုပ်သွင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် တကယ်လို့ကျိုးဟောင်လိမ်ညာခဲ့ပါက သူမချက်ချင်း သိနိုင်လေသည်။

"သိပ်မကြာသေးပါဘူး"

ကျိုးဟောင်က ပေါ့ပေါ့ပါးပါးပင်ပြန်ပြောလိုက်ပြီး လင်ရှုယင်က သူ့အားဘာကြောင့်ခေါ်သလဲကို တွေးဆနေခဲ့သည်။

လက်ရှုယင် ၏ အထောက်အထားမှာ သာမန်မဟုတ်ကြောင်းသူသတိထားမိသည်။ သူမသည် သာမန် စုံစမ်းထောက်လှမ်းရေးမှူးတယောက်မဖြစ်နိုင်ပေ။

ဒါ့အပြင် သူသည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း‌အကြောင်းသိပ် မရင်းနှီးပေ။ ဒုတာ၀န်ခံ ရှစ်ကျီတောင်မှ ထိုအဖွဲ့အစည်းအကြောင်း သိပ်သိပုံမရပေ။

ကျိုးဟောင်မပေါ်လာခင်တုန်းက ဒုတာ၀န်ခံ ရှစ်ကျီ နှင့် အခြားလူများက မြေမျက်နှာပြင်တဝှမ်းတွင် အသန်မာဆုံးသူ များဖြစ်ကြလေသည်။

ထိုကဲ့သို့ ရှစ်ကျီလို လူမျိုးတောင် မသိသည့် ကိစ္စမှာ သူ့အတွက် လည်း အလွန်ဆန်းကြယ်နေပေသည်။

"ရှင်က ဘယ်လိုစကားပြောဆိုရမလဲ မသိဘူးပဲ"

လင်ရှုယင် က မျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။ သူမသည် သူမ၏အလှတရားအပေါ် အမြဲတမ်း ယုံကြည်မှုရှိနေလေသည်။

အထူးသဖြင့် အခြားသူများက သူမအပေါ် စိတ်၀င်စားမှုရှိကြသောကြောင့်ဖြစ်ပြီး အမျိုးသားကျွမ်းကျင်ပညာရှင်များကြားတွင် သူမအားအေးစက်စက်ပြန်ဆက်ဆံသူများမှာ အလွန်ရှားပါးလေသည်။

ကျိုးဟောင်ကတော့ အလွန်အေးစက်လှသည့် ရေခဲတောင်ကြီးပမာ ပြုမူနေလေသည်။

သို့သော်လည်း ကျိုးဟောင်ကအဲ့လိုဆက်ဆံလေလေ သူမ၏ ကျိုးဟောင်အပေါ်စိတ်ဝင်စားမှုက ပိုပြီး မြင့်တက်လာလေလေဖြစ်နေသည်။

လင်ရှုယင်က ကျိုးဟောင်ကို စေ့စေ့စပ်စပ် စုံစမ်းပြီး သူ၏ လျှို့ဝှက်များအကုန်လုံးကို ဖော်ထုတ်မည်လို့ ဆုံးဖြတ်ထားလေသည်။

အမှန်တကယ်တော့ ကျိုးဟောင်မှာ ထိုမိန်းမ ဘယ်လောက်အန္တရာယ်များလဲ မသိခဲ့ပေ။ သူအေးတိအေးစက်ဆက်ဆံပုံကြောင့် သူမက သူ့အား စေ့စေ့စပ်စပ်စုံစမ်းဖို့ စိတ်ပြင်ဆင်ထားလေသည်။

"ဘာလို့ အဲ့ဒါတွေ မေးတာလဲ"

ကျိုးဟောင်က ပြန်မေးလိုက်ပြီး စကားစကို ပြန်ဖော်လိုက်လေသည်။

အကြောင်းမှာ သူသည် ထို အကြောင်းအရာအ‌ပေါ် စိုးရိမ်စိတ်ရှိနေသောကြောင့်ဖြစ်လေသည်။

လင်ရှုယင်က သူဒီအထွဋ်အထိပ်အဆင့်ကိုရောက်နေတာဘယ်လောက်ကြာပြီလဲလို့မေးပုံအရ သူမမှာ ထိုကိစ္စအတွက် နောက်ထပ်မေးခွန်းများရှိနေသည်မှာသေချာသည်။

"ဟမ် ဒီအတိုင်းမေးကြည့်တာပါ"

ကျိုးဟောင်မှာ သတိကြီးပြီး အလွန်အေးစက်သောကြောင့် လင်ရှုယင်မှာ ပိုပြီး စိတ်ကြီး၀င်လာလေသည်။

သူမ၏ အစက အဓိကတာ၀န်မှာ အထွတ်အထိပ် မူလအဆင့်ပညာရှင်အဆင့်အထက်တွင် ရှိသော ကျင့်စဉ်များပေးရန်ဖြစ်လေသည်။

အထွတ်အထိပ် မူလပညာရှင်အဆင့်၏အထက်တွင်ရှိသော နယ်ပယ်မှာ ကောင်းကင်ဘုံအဆင့် နယ်ပယ်ဖြစ်ပြီး ထိုအဆင့်ထိ ရောက်အောင်ကျင့်ကြံနိုင်ပါက သွေးအနှစ်သာရအပေါ်အခြေပြုပြီး ကျင့်ကြံရသော ကျင့်စဉ်များက အသုံးမ၀င်တော့ပေ။

အချက်အလက်များအရ သွေးအနှစ်သာရကို ဘယ်လောက်ပဲကျင့်ကြံပါစေ ထို ကောင်းကင်ဘုံအဆင့်ကိုတော့ တက်လှမ်းနိုင်မည်မဟုတ်ပေ။

"ဟမ်..."

ကျိုးဟောင်လည်း ဆွံ့အသွားခဲ့သည်။

ဒီအမျိုးသမီးက အတော်ကို မာနကြီးလွန်းလေသည်။

ကျိုးဟောင်မှာ စိတ်အားထက်သန်ပုံမပေါ်သော်လည်း တစ်ဖက်သား၏မေးခွန်းကိုတော့ အမှန်အတိုင်းဖြေနေဆဲဖြစ်သည်။

အမှန်တကယ်လည်း သူသည်အထွဋ်အထိပ် မူလအဆင့်ပညာရှင်ဖြစ်လာသည်မှာ မကြာသေးပေ။

ကျိုးဟောင် ၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရတော့ အခါ လင်ရှုယင်က အနည်းငယ် ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

လင်ရှုယင်သည် အခြားမူလအဆင့်ပညာရှင်များထက် ကျိုးဟောင်က ပို၍ပျော်စရာကောင်းလိမ့်မည်ဖြစ်ကြောင်းကို သိနေခဲ့ပြီးသားဖြစ်လေသည်။

ထိုအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်သည့်အခြားပညာရှင်များမှာ အိုမင်းရင့်ရော်နေသော ‌စစ်သူကြီးဟောင်းများ နှင့် ကျင့်ကြံရေးကို အရှုးအမူးစွဲလမ်းနေသော သိုင်းပညာရှင်များဖြစ်လေသည်။

သို့သော် ကျိုးဟောင်ကတော့ အခြားသူများနှင့် ကွဲပြားနေလေသည်။

"အထွဋ်အထိပ် မူလပညာရှင်အဆင့်ရဲ့အပေါ်မှာရှိနေတဲ့အဆင့်ကို ဘာဖြစ်မယ်လို့ ရှင်ထင်လဲ"

ခဏလောက် တွေးတောနေပြီးနောက် လင်ရှုယင်က စကားလမ်းကြောင်းစလိုက်လေသည်။

သူမသည် ကျိုးဟောင်က ကိုယ်ပညာအကြောင်းဘယ်လောက်နားလည်သလဲကိုလည်း သိချင်နေ‌သည်။ကျိုးဟောင်၏ ပြောစကားကိုကြည့်ပြီး ဖော်ထုတ်သွားမည်လို့လည်း သူမ ဆုံးဖြတ်ထားခဲ့သည်။

နောက်ဆုံးမှာတော့ သူမသည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ကျိုးဟောင်အားလွှဲပြောင်းပေးခိုင်းလိုက်သော ကျင့်စဉ်အားထုတ်‌ပေးလိုက်ပြီး ကျိုးဟောင်အား သူမအပေါ်လေးစားမှုများတိုးလာစေရန်ပြုလုပ်လိုက်လေသည်။

တကယ်တော့ ဒီလူဟာ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်စက်ဆက်ဆံခံခဲ့ လေသည်။

မစ္စလင် ဘ၀တွင် ဒီလို အေးစက်တဲ့ မျက်နှာနှင့်ဆက်ဆံခြင်းကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။ ဒီနေ့တော့ ဒီကောင်လေးကို သင်ခန်းစာတစ်ခုခု သင်ပေးမှဖြစ်မည်။

..............................................................................

အခန်း(၂၀၁)ပြီးပါပြီ။

All Chapters