အခန်း ၂၀၂-၂၀၄
Vol. 14 Ch. 202-204
အခန်း (၂၀၂) : စိတ်ကူးပုံဖော်ခြင်း
သူအမှန်တကယ်မျှော်လင့်နေသောမေးခွန်းကို မေးလာသောကြောင့် ကျိုးဟောင်တယောက် ရင်ခုန်သံများမြန်လာလေသည်။
တကယ်တော့ န၀မအဆင့်အထွဋ်အထိပ်ကျွမ်းကျင်သူတိုင်း မဟာချိုင့်ဝှမ်းအက်ကွက်ကြောင်းထဲသို့ ဆင်းရသည်မှာ အစဉ်အလာတခုမဟုတ်ဘဲ အထက်တန်းအဆင့်တခုခုမှ ချမှတ်ထားသော သဘောတူညီချက်တခုဖြစ်နိုင်လေသည်။
ဒါမှမဟုတ် အနည်းဆုံးတော့ ဒီ အစိမ်းရောင် လျှို့ဝှက်ဆန်းကြယ်တိမ်တိုက်အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိနေလေသည်။
ဒီနေ့မတိုင်ခင်အထိ ကျိုးဟောင်မှာ န၀မအဆင့်မူလပညာရှင်အထက်တွင် ဘာအဆင့် ၊ဘာနယ်ပယ်ရှိကြောင်း အဖြေမထုတ်နိုင်ဖြစ်နေခဲ့သည်။
သို့သော် ယခု အကြောင်းတိုက်ဆိုင်မှုတခုကြောင့် သူနှင့်ကိုက်ညီသော ကျင့်စဉ်ကို ရရှိယုံသာမက န၀မအဆင့်မူလပညာရှင့်အဆင့်အထက်ရှိနယ်ပယ်ကိုပါ သိရှိနိုင်ခွင့်ပေါ်ပေါက်လာလေပြီ။
ကျိုးဟောင်မှာ ထိုကျင့်စဉ်ကိုကြည့်ပြီး သူသည် လင်ရှုယင်ထက်ပင် န၀မအဆင့်မူလပညာရှင်၏အထက်တွင်ရှိသောနယ်ပယ်အကြောင်းပိုသိလာသလိုတောင်ခံစားလာရလေသည်။
လင်ရှုယင်က ကျိုးဟောင်အား မျက်မှောင်ကြုတ်ပြီးစောင့်စားနေစဉ်မှာပဲ ကျိုးဟောင်က သူ့လက်ကိုမြှောက်ကို တနေရာကို လက်ညိုးထိုးလိုက်လေသည်။
ကျိုးဟောင်၏လက်ညိုးမှ ဖိအားတခုပေါ်ပေါက်လာပြီး ဗလာနယ်ကိုဖြတ်သန်းကာ မီတာ ရာနှင့်ချီဝေးသောနေရာရှိ အင်းစက်မျိုးနွယ်တကောင်အား သတ်ဖြတ်ပြီးသားဖြစ်သွားလေသည်။
" ဒါဆိုရှင်က..."
ကျိုးဟောင်ယခုအသုံးပြုလိုက်သော နည်းစနစ်မှာအရင် အက်ကွဲကြောင်းအပြင်ဘက်ရှိအင်းစက်များနှင့် နတ်ဆိုးများကိုရှင်းလင်းခဲ့သော လူတယောက်၏ နည်းစနစ်နှင့်တူနေကြောင်း သူမရှာဖွေသိရှိသွားလေသည်။
"မဖြစ်နိုင်တာ... သူက စွမ်းအင်အနှစ်သာရကို အသုံးပြုခဲ့တာဖြစ်ပြီး ရှင်က ဒီအတိုင်း သွေးအနှစ်သာရကိုသာ သုံးလိုက်တာပဲ။ ကောင်းကင်နှင့်မြေကြီးရဲ့ အနှစ်သာရစွမ်းအင်ကို ရှင် အသက်သွင်းနိုင်ခဲ့တာကလည်း လျှို့ဝှက်နည်းပညာကြောင့်သာဖြစ်တယ်"
အစကတော့ လင်ရှုယင်မှာ အနည်းငယ်ထိတ်လန့်သွားသော်လည်း အခုတော့ လုံး၀ကိုတုန်လှုပ်ချောက်ချားနေခဲ့လေသည်။
ဘာတွေဖြစ်ကုန်တာလဲ...
ကျိုးဟောင်အနေဖြင့် ကျင့်စဉ်ကို တန်းမသုံးစွဲသင့်ပဲ လျှို့ဝှက်နည်းဥပဒေများ နှင့် အခြေခံအုတ်မြစ်များကို အရင်ကျင့်ကြံပြီးမှ သုံးတာမျိုး ဖြစ်သင့်တယ်မဟုတ်လား..
လင်ရှုယင်က ကျိုးဟောင်အနေဖြင့် ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲသို့ မသွားသရွေ့ ကောင်းကင်ဘုံနယ်ပယ်အကြောင်း သိနိုင်မည်မဟုတ်ကြောင်းသေချာနေခဲ့သည်။
ထိုသို့အတွေးရှိခဲ့သောကြောင့် လင်ရှုယင်မှာ ယခုလိုကျိုးဟောင်လုပ်လိုက်သောအခါ အံ့အားသင့်သွားခဲ့လေသည်။
သူမသည် ကျိုးဟောင်မှာ ထိုကျင့်စဉ်ကိုမြင်ပြီး ထိတ်လန့်ကာ အမူအရာတွေပျက်သွင်းသွားမည်လို့ ထင်ထားခဲ့သော်လည်း ယခုမူ ထိတ်လန့်ပြီး အမူအရာပျက်သွင်းသွားရသူမှာ သူမသာ ဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ"
ကျိုးဟောင်မှာ လင်ရှုယင် ဘာတွေးနေလဲကို သိသော်လည်း မသိချင်ယောင်ဆောင်ပြီးမေးလိုက်လေသည်။
"ရှင် ...ရှင် အရင်က ကျွမ်းကျင်ပညာရှင် တယောက်နဲ့ အတူကျင့်ကြံဖူးတာလား ဒါမဟုတ် တပည့် ဖြစ်ခဲ့ဖူးတာလား"
လင်ရှုယင်က သူမ၏ဆံပင်ကို ပြင်ဆင်နေရင်းမေးလိုက်လေသည်။
ဒါက သူမအတွက် ဖြစ်နိုင်ခြေ အရှိဆုံးသော တွက်ချက်မှုဖြစ်လေသည်။ ဒါ့အပြင် သူမသည် အကြောင်းအရင်းအမျိုးမျိုးကို စိတ်ကူးပုံဖော်ကြည့်နေလေသည်။
ဥပမာ ကျိုးဟောင်သည် အရင်က ကောင်းကင်ဘုံအဆင့် ပညာရှင်တယောက်၏ တပည့် ဖြစ်ခဲ့ဖူးပြီး သူ၏ကျင့်စဉ်များ ထိုပညာရှင်နှင့်ဆင်တူနေခဲ့ခြင်းဖြစ်သည်လို့ စိတ်ကူးကြည့်နေလေသည်။
ပိုပြီးတိုက်ဆိုင်သည်က ကျိုးဟောင်ပေါ်လာပြီး မကြာမီပင် သူမက ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်၏ သဲလွန်စများကို ရှာတွေ့ခဲ့လေသည်။
ထိုအဓိပ္ပာယ်မှာ ဆရာ တပည့်နှစ်ယောက် မကြာသေးမီက တွေ့ဆုံခဲ့ကြပြီးပြီလို့ သူမ ကောက်ချက်ချလေသည်။
သူမဒီလောက် စိတ်ကူးယဉ်တတ်လိမ့်မည်လို့ ကျိုးဟောင်မထင်ခဲ့ပေ။
"ငါအရင်က မူလအဆင့်အထက်မှာ ဘာရှိမလဲဆိုတာသေချာမသိခဲ့ဘူး။ ဒါပေမဲ့ အနန္တထိုးဖောက်လက်ချောင်းလျှို့ဝှက်သိုင်း ကို ကျင့်ကြံပြီးချိန်မှာတော့ ငါထင်တာတခုခုတော့ မှန်နေပြီလို့သိလာခဲ့တယ်"
ကျိုးဟောင်ကပြောပြလိုက်သည်။ သို့သော်လည်း လင်ရှုယင်၏ စိတ်အပြောင်းအလဲ မြန်မှုကြောင့် ကျိုးဟောင်လည်း ပြောစရာစကားမဲ့သွားခဲ့သည်။
သူမ ကထပ်ခါတလဲလဲ အထွတ်အထိပ်မူလပညာရှင်အဆင့်အထက်က အကြောင်းကို သိနေပြီးသားလားလို့ မေးနေခဲ့သည်။
နောက်ဆုံးချိန်ထိ သူမက ကောင်းကင်ဘုံအဆင့် ပညာရှင်ရဲ့ တပည့်မှတ်လားလို့ပါ ပြောနေကြောင့် ပြောစရာစကားမရှိအောင်ဖြစ်နေရသည်။
လင်ရှုယင်ကတော့ ကျိုးဟောင်မှာ တိုက်ရိုက်ပြန်မဖြဘဲ နှုတ်ဆိတ်နေခြင်းမှာ သူမပြောတာမှန်သောကြောင့်ဖြစ်မည်လို့တွေးနေလေသည်။
ကျိုးဟောင်က ဘာမှပြန်မငြင်းဆိုခြင်းကြောင့် သူမပြောတာမှန်နေပြီလို့ကောက်ချက်ချနေလေသည်။
ကျိုးဟောင်က ရုတ်တရက်ပေါ်လာပြီး ရှေ့တန်းခံတပ်လိုင်းမှာ တက်ကြွစွာ ပါ၀င်နေခြင်းမှာ သူ့ဆရာနှင့်ပြန်ဆုံချင်လို့ဖြစ်မည်လို့ သူမတွေးနေခဲ့သည်။
အမှန်တကယ်တော့ အစိမ်းရောင် တိမ်တိုက်အဖွဲ့အစည်းက ထိုကဲ့သို့အရာမျိုးကို သိပ်ဂရုမစိုက်ပေ။
သိုင်းပညာရှင်တိုင်းတွင် သူတို့ရဲ့ သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ချက်များရှိတတ်ပေသည်။
သိုင်းပညာရှင်များ က သူတို့လုပ်ဆောင်ရမည့်ကိစ္စများကို ခေါင်းမရှောင်သရွေ့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက သိုင်းပညာရှင်များ၏ ဘ၀နေထိုင်မှုအပေါ်၀င်မစွက်ဖက်ပေ။
"သို့သော်လည်း ကျိုးဟောင်မှာ ထိုကဲ့သို့ ကျွမ်းကျင်လှသည့် ဆရာတယောက်ရှိပါက မူလအဆင့်အထက်က အဆင့်မှာ ကောင်းကင်ဘုံအဆင့်ဖြစ်ကြောင်းကို သူသိနေလိမ့်မဟုတ်လား။"
ထိုသို့တွေးမိသည်နှင့် လင်ရှုယင်မှာ သူမစိတ်ကူးဖော်ထားသမျှပျောက်ကွယ်သွားလေသည်။
ဒါပေမဲ့ ဒီလိုလည်းဖြစ်နိုင်တာပဲလို့ သူမထပ်တွေးနေပြန်သည်။ ကျိုးဟောင်၏ဆရာမှာ ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲသို့ မ၀င်ခင်က ကောင်းကင်ဘုံအဆင့် မရောက်သေးသောကြောင့် ကျိုးဟောင်မှာလည်း ထိုအဆင့်ကို မသိခြင်းဖြစ်နိုင်သည်။
ပြီးမှ သူတို့ဆရာတပည့်နှစ်ယောက်တွေ့ဆုံပြီး သူ့ဆရာ၏ အမွေကို ကျိုးဟောင်က ဆက်ခံခဲ့ပုံရသည်။ ဒါကြောင့် သူမသည် ကောင်းကင်ဘုံ အဆင့်ပညာရှင်တယောက်၏ ခြေရာလက်ရာများကို ရှာတွေ့ခဲ့ခြင်းဖြစ်လေသည်။
ထိုအတွေးက ဖြစ်နိုင်သည်လို့ လင်ရှုယင်တွေးနေလေသည်။
ဒါကအဓိပ္ပာယ်ရှိလေသည်။ အကြောင်းကိစ္စမရှိဘဲကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်က ချိုင့်ဝှမ်းအက်ကွဲကြောင်းအနက်ထဲမှ ပြန်တက်လာစရာအခြေအနေမရှိပေ။
သူ့ရဲ့အဖိုးတန်တပည့်လေးကို စိတ်ပူ၍သာ ပြန်တက်လာခြင်းဖြစ်နိုင်ပေသည်။
"ဟေး ဘာလို့ ဘာမှပြန်မပြောတာလဲ"
ကျိုးဟောင်က အတွေးလွန်နေသော လင်ရှုယင်၏မျက်နှာလေးရှေ့သို့ လက်ဝှေ့ယမ်းပြီးမေးလိုက်သည်။
ဒီအမျိုးသမီးမှာ အခြားသူများနှင့်စကားပြောနေရင်းအာရုံပြောင်းလွယ်လွန်းသည်။
"အဟမျး အဟမျး..."
" အလုပ်ကိစ္စပဲပြောကြရအောင်"
လင်ရှုယင်၏ မျက်နှာ အနည်းငယ်ပြောင်းလဲသွားပြီး သူမသည် ယခုလိုလာရသည့် အရေးကြီးကိစ္စကို မေ့လုနီးပါးဖြစ်နေလေသည်။
....................................................................................
အခန်း(၂၀၂)ပြီးပါပြီ။
အခန်း (၂၀၃) : ဖုံးကွယ်ထားသော အင်အား
"ရှင်စိတ်ထင်နေတာမှန်တယ် ဒါမှမဟုတ် ရှင်ကိုယ်တိုင်က ထူးခြားနေတာလည်းဖြစ်နိုင်တယ်။ စွမ်းအင်အနှစ်သာရကို မကျင့်ကြံခင်မှာ အဲ့အတွက် လိုအပ်တဲ့ လျှို့ဝှက်နည်းစနစ်တွေကို အရင်ကျင့်ကြံထားဖို့လိုအပ်တယ်"
ချောင်းဟန့်ပြီးနောက်မှာပဲ လင်ရှုယင်က စွမ်းအင်အနှစ်သာရအကြောင်းကို အမှန်တကယ်ပြောပြလာခဲ့လေသည်။
"စွမ်းအင် အနှစ်သာရ..."
ကျိုးဟောင်က မသိချင်ယောင်ဆောင်ပြီးမေးလိုက်လေသည်။
"ဟုတ်တယ် စွမ်းအင်အနှစ်သာရပဲ။ န၀မမူလပညာရှင်အဆင့်ရဲ့အထက်မှာ ကောင်းကင်ဘုံနယ်ပယ်ဆိုပြီးရှိတယ်"
"ထိုအဆင့်ထိကျွမ်းကျင်တတ်မြောက်သွားတဲ့ သိုင်းပညာရှင်တွေကိုတော့ ကောင်းကင်ဘုံအဆင့် ပညာရှင်များလို့ခေါ်ကြတယ်။ အဲ့နယ်ပယ်မှာ အဆင့် ၁၂ဆင့်ထိရှိပြီး ရှည်လျားတဲ့ ကျင့်ကြံရေးလမ်းစဉ်ပဲဖြစ်တယ်"
"ကောင်းကင်ဘုံအဆင့်ကို တတ်မြောက်သွားတဲ့ ပညာရှင်တွေက သွေးအနှစ်သာရ အစား စွမ်းအင်အနှစ်သာရကိုပြောင်းလဲကျင့်ကြံကြတယ်"
လင်ရှုယင်က ပြောနေရင်းနှင့် သူမ၏ နှင်းလိုဖြူဖွေးသောလက်လေးကိုဆန့်ထုတ်လိုက်သည်။ သူမခန္ဓာမှ ရေခဲပြာရောင်အရှိန်အဝါများ လှုပ်ရှားသွားပြီးသူမ၏လက်ဖဝါးထက်တွင် လှပသောနတ်ဆိုးရံရွှေတော်လေးတပါး လှုပ်ရွလာလေသည်။
ထိုနတ်ဆိုးရံရွှေတော်လေးမှာ လှပသော်လည်း အန္တရာယ်များကြောင်းကျိုးဟောင်ခံစားမိသည်။
"ဒါဆို မင်းက ကောင်းကင်ဘုံအဆင့်ပညာရှင်ပေါ့"
ကျိုးဟောင်က မယုံနိုင်စွာဖြင့်မေးမြန်းလိုက်လေသည်။ဒါပေမဲ့ သူအာရုံခံကြည့်ရသလောက်တော့ လင်ရှုယင်က စွမ်းအင်အနှစ်သာရကို သေချာမကျင့်ကြံရသေးပေ။
"ဘယ်ဟုတ်ပါ့မလဲ"
"တကယ်လို့ ကျွန်မသာ ကောင်းကင်ဘုံအဆင့်ပညာရှင်ဆိုရင် ဒီနေရာမှာ ရှိနေပါ့မလား"
လင်ရှုယင်က ဆတ်ခနဲပြန်ပြောလိုက်ပြီး သူမ၏ လျှို့ဝှက်အိတ်ထဲမှ လျှို့ဝှက်စာအုပ်တအုပ်ထုတ်ပြီးကျိုးဟောင်အားပေးလိုက်လေသည်။
" အံဩမနေနဲ့ဦး။ ဒါက ဟွာရှားမှာရှိတဲ့ အထွဋ်အထိပ်န၀မအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်တဲ့ ပညာရှင်တိုင်းကိုပေးတဲ့လက်ဆောင်ပဲ။ ဒါက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံရေးနည်းစနစ်တွေပဲ။ ကိုယ့်ဟာကိုပဲ ယူပြီး သေချာကြည့်လိုက်တော့"
လင်ရှုယင်က စကားပြောပြီးသွားနောက် ကျိုးဟောင်၏အမူအရာမှာ မပြောင်းလဲသွားသောကြောင့် ပဟေဠိဖြစ်နေလေသည်။
အမှန်တကယ်လို ကောင်းကင်ဘုံအဆင့် ကျင့်စဉ်များကို အလွယ်တကူရရှိခဲ့သောကြောင့် အလွန်အမင်း ပျော်ရွှင်နေသင့်လေသည်။
ဒါမှမဟုတ် သူ့ရဲ့ ဆန်းကြယ်လှတဲ့ဆရာက သူ့ကို ကောင်းကင်ဘုံအဆင့်ကျင့်စဉ်တွေများပေးခဲ့လေသလား။
ဒါကတော့ မဖြစ်နိုင်သေးပေ။ အကြောင်းမျာ သူမရရှိခဲ့သည့် သဲလွန်စများအရကျိုးဟောင်နဲ့ သူ့ဆရာတို့ အချိန်အကြာကြီးသေချာမတွေ့ကြရသေးပေ။
ဒါ့အပြင် ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ အက်ကွဲကြောင်းထဲရှိ တာ၀န်များကို အချိန်ကြာမြင့်စွာပစ်ထားလို့မရပေ။
ကျိုးဟောင်က လင်ရှုယင်ပေးသော ပစ္စည်းကိုသေချာကြည့်လိုက်ပြီး ထိုအထဲတွင် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်၃ခုအား မှတ်တမ်းတင်ထားလေသည်။
ပထမကျင့်စဉ်မှာ ယွမ်ဖွင့်ခြင်းအနုပညာဖြစ်ပြီး လျှို့ဝှက်စာစဉ်၏ဖော်ပြချက်အရ ထိုကျင့်စဉ်မှာ အကျယ်ပြန့်ဆုံး ကောင်းကင်ဘုံအဆင့်ကျင့်စဉ်ဖြစ်လေသည်။
သို့သော်လည်း ထိုကျင့်စဉ်တွင် ထူးခြားသော ဝိသေသလက္ခဏာများမရှိဘဲ ကျင့်သူသော ပညာရှင်အများစုနှင့်ကိုက်ညီမှုရှိလေသည်။
ကျိုးဟောင်ကချက်ချင်းပင် လျှို့ဝှက်စာစဉ်၏ဖော်ပြချက်များအတိုင်း လိုက်နာလိုက်ပြီး ကိုယ့်ကိုယ်ကျင့်ကြံသုံးသပ်မှုပြုလုပ်လိုက်လေသည်။
ထို့နောက်သူချက်ချင်းပင် ထို ယွမ်ဖွင့်လှစ်ခြင်းအနုပညာက အမှိုက်သာသာဖြစ်ကြောင်းသဘောပေါက်သွားသည်။ ထိုကျင့်စဉ်က သူ၏ ကြီးကျယ်သောယန်မှတ်တမ်းနှင့်ယှဉ်ရင် အသေးအဖွဲ့သာသာဖြစ်နေလေသည်။
ကြီးကျယ်သောယန်မှတ်တမ်း၏ အရင်ကပိုင်ရှင်ဖြစ်သော စစ်နန်ရွှင်း ကသူ့ရဲ့ ကြီးကျယ်သောယန်မှတ်တမ်း အပေါ်တွင် မကျေနပ်နိုင်ဘဲ ညဉ်းတွားခဲ့ဖူးသည်။ သူ့ကိုသာ ဒီယွမ်ဖွင့်လှစ်ခြင်းအနုပညာအားကျင့်ခိုင်းပါက သေချာပေါက်ထဆဲလိမ့်မည်ဖြစ်သည်။
အတိအကျတိုင်းတာမယ်ဆိုလျှင် ယွမ်ဖွင့်လှစ်ခြင်းအနုပညာ၏ အကျိုးသက်ရောက်မှုက ကြီးကျယ်သောယန်မှတ်တမ်းနှင့် ယှဉ်ရင် ၂၀%လောက်သာ ရှိလေသည်။ထိုကျင့်စဉ်ကဘာလို့ကျယ်ပြန့်ပြီးအသုံးများသလဲဆိုတာစဉ်းစားလိုမရပေ။
ထိုကျင့်စဉ်ကို ကျင့်ကြံသော ကောင်းကင်ဘုံအဆင့်ပညာရှင်ကလည်း ကောင်းကင်ဘုံအဆင့်နယ်ပယ်ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်နိုင်လေသည်။
ဒါကသေချာပေါက်အသုံးမ၀င်သောကျင့်စဉ်ပင်။
ကျိုးဟောင်၏အာရုံများကဒုတိယကျင့်စဉ်ဆီသို့ရောက်သွားလေသည်။ထိုကျင့်စဉ်၏နာမည်မှာပြောင်မြောက်လှသည်။ ထိုကျင့်စဉ်ကို "နတ်ဘုရားတို့၏လေဓားသိုင်း"ဟုခေါ်လေသည်။ ၎င်းသည် ဓားရေးအတတ်ပညာအပေါ်အခြေခံပြီး ကျင့်ကြံရသည့်ကျင့်စဉ်ဖြစ်လေသည်။
ကျိုးဟောင်မှာ သူကိုယ်တိုင်ထပ်ပြီး စမ်းသပ်ကြည့်လိုက်ပြီးနောက် စိတ်ပျက်သွားလေသည်။
"နတ်ဘုရားတို့၏လေဓားသိုင်း" မှာ "ယွမ်ဖွင့်လှစ်ခြင်းအနုပညာ" ထက်ပိုကောင်းသော်လည်း အရမ်းအကောင်းကြီးတော့ဖြစ်မနေသေးပေ။
"ဟမ် နတ်ဘုရားတို့၏လေဓားသိုင်း နဲ့ ယွမ်ဖွင့်လှစ်ခြင်းအနုပညာ တို့က ရှင်နဲ့ အံမကိုက်ဘူးလား"
လင်ရှုယင်က စပ်စုပြီးမေးလိုက်သည်။
ဟွာရှားမြို့တွင်ရှိသော အထွတ်အထိပ်မူလအဆင့်ပညာများအတွက် ထောက်ပံ့ထားသော ကျင့်စဉ်၃ခုအနက် ပထမ ၂ခုမှ လူအများအသုံးပြုနိုင်သည့်ကျင့်စဉ်များဖြစ်သည်။
အထွတ်အထိပ်မူလပညာရှင်အများအပြားမှာ ပထမကျင့်စဉ်၂ခု နှင့် လိုက်ဖက်ညီမှုရှိကြသည်။ သို့သော်လည်း ကျိုးဟောင်၏ အမူအရာများအရ သူသည် ပထမ ကျင့်စဉ်၂ခုအပေါ် သဘောမကျသည့်ပုံပေါက်နေလေသည်။
"ငါ့အတွက် ယွမ်ဖွင့်လှစ်ခြင်း အနုပညာနှင့် နတ်ဘုရားတို့၏လေဓားသိုင်းက အံကိုက်မှုရှိပါတယ်။ ဒါပေမဲ့ ငါဒီ ဆောင်းဦးနွေသစ်စိမ်းသိုင်း ကို တချက်ကြည့်ချင်သေးလို့ပါ"
နာမည်အရတော့ ဆောင်းဦးနွေသစ်စိမ်းသိုင်းက ပထမ ၂ခုထက်တော့ ပိုပြီး အကျိုးသက်ရောက်မှု ကောင်းမည့်ပုံပင်။
သူ၏ယွမ်ဖွင့်လှစ်ခြင်းကျင့်စဉ်က အထွဋ်အထိပ်သို့ရောက်နေခဲ့လေပြီ။ ဒီ ဆောင်းဦးနွေသစ်စိမ်းသိုင်းက ဘယ်လောက်ပဲ ကောင်းကင်ဘုံအဆင့်ဖြစ်နေပါစေ သူ၏ကျင့်ကြံပုံအဆင့်များကို ကျိုးဟောင်မပြောင်းလဲလိုပေ။
ဒါ့အပြင် ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်သို့ရောက်နေခဲ့ပြီဖြစ်ပြီး အကြောင်းအရာများကိုလည်း ပိုပိုပြီးနားလည်လာခဲ့လေသည်။
..............................................................................
အခန်း(၂၀၃)ပြီးပါပြီ။
အခန်း (၂၀၄) : အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း
" ငါသိပြီ"
ကျိုးဟောင်ပြောစကားကိုကြားသောအခါ လင်ရှုယင်လည်းစိတ်အေးသွားလေသည်။တကယ်လို့ ကျိုးဟောင်သာ ပထမကျင့်စဉ်၂ခုနဲ့ လိုက်ဖက်ညီမှု နည်းနေပါက တကယ့်ကို ဒုက္ခများမည်ဖြစ်လေသည်။
ထိုကျင့်စဉ်၂ခုမှာ အလွန် ယေဘုယျဆန်ပြီး လူအများနှင့် ကိုက်ညီသော ကျင့်စဉ်များဖြစ်သည်။တကယ်လို့ ထိုကျင့်စဉ်၂ခုနှင့် လိုက်ဖက်ညီမှု နည်းပါးနေပါက ကျင့်ကြံရန်လွယ်ကူမည့်နောက်ထပ်ကျင့်စဉ်များ မရှိနိုင်တော့ပေ။
"ငါတခုကိုရွေးလိုက်မယ်"
ကျိုးဟောင်က ကိုယ်တိုင်စမ်းကြည့်ပြီးနောက် ဆောင်းဦးနွေသစ်စိမ်းသိုင်းကို ရွေးချယ်လိုက်သည်။
သူ၏ထိုကျင့်စဉ်အပေါ် လိုက်ဖက်ညီမှု ရမှတ်မှာ ၇၀ အထက်ရှိပြီး ယွမ်ဖွင့်လှစ်ခြင်းကျင့်စဉ်ကတော့ ၁၀၀အထိရှိလေသည်။
သို့သော်လည်း ကျိုးဟောင်ကဆောင်းဦးနွေသစ်စိမ်းသိုင်းကိုသာ ရွေးချယ်လိုက်လေသည်။
"ရှင်သေချာလား"
လင်ရှုယင်က ကျိုးဟောင်အား တအံတဩမေးလိုက်သည်။ဆောင်းဦးနွေသစ်စိမ်းသိုင်းမှာ အရမ်း အဆင့်မနိမ့်ပေ။ ထိုသိုင်း နှင့် သိုင်းပညာရှင်အများစုမှာ လိုက်ဖက်ညီမှု ရမှတ်မှာ ၁ ကနေ ၃၀ အထိသာ ရှိကြသည်။
လိုက်ဖက်ညီမှု ရမှတ် ၃၅ကျော်သည့် သိုင်းပညာရှင်များသာလျှင် ထိုသိုင်းအား အောင်မြင်အောင်ကျင့်ကြံနိုင်ကြသည်။
"ငါသေချာပါတယ်"
ကျိုးဟောင်က မထူးဆန်းသလိုပင်ပြောလိုက်သည်။ တကယ်တော့ သူသည် ထိုသိုင်းအား ကျင့်ကြံမည့်အစီအစဉ်မရှိပေ။
"ဟုတ်ပါပြီ ဒါပေမဲ့ ရှင့်ရဲ့ လိုက်ဖက်ညီမှုရမှတ်က ၃၅အထက်ရှိမှတော့ဖြစ်မယ်။ ဒီကျင့်စဉ်အပေါ်လိုက်ဖက်ညီမှုရမှတ်ဘယ်လောက်ရှိမယ်ထင်လဲ"
လင်ရှုယင်ကပြောနေရင်းနှင့်ပင် စမ်းသပ်သည့်ကိရိယာအားထုတ်လိုက်လေသည်။
" ငါ့အထင် ၇၀လောက်တော့ရှိမယ်ထင်တယ် "
ကျိုးဟောင်ကပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်ပြီး လင်ရှုယင်၏ပစ္စည်းများနှင့် စတင် အစမ်းသပ်ခံလေသည်။
"ဪ အမှတ် ၇၀လား.... နေ ...နေစမ်းပါဦး ရှင်ဘာပြောလိုက်တယ်"
လင်ရှုယင်မှာ ဆွံ့အသွားခဲ့လေသည်။ ကျိုးဟောင်ကဒီလိုမျိုး အလွယ်တကူပြောထွက်လိမ့်မည်လို့ သူမမထင်ထားပေ။ သူ့မှာ ကိုက်ညီမှု ရမှတ် ၅၀လောက်ရှိရင်တောင်မှ အတော်အထင်ကြီးဖို့ကောင်းနေပြီဖြစ်သည်။ ဒါကို သူက စဉ်းတောင်မစဉ်းစားဘဲ ၇၀လောက်ရှိမည်လို့ပြောခဲ့လေသည်။
"ဟမ်...."
သူမသည်ကျိုးဟောင်အား အထင်မြင်သေးခဲ့သော်လည်း မကြာမီပင် သူမမှားကြောင်းသိရှိသွားလေသည်။
စမ်းသပ်ချက်ရလဒ်အရ ကျိုးဟောင်မှာလိမ်ပြောနေခြင်းမဟုတ်ပေ။ သူ၏ လိုက်ဖက်ညီမှု ရမှတ်မှာ ကြောက်မယ်ဖွယ်ကောင်းစွာ ၇၅မှတ်အထိ ကျော်လွန်နေခဲ့လေသည်။
သူမသည် ချက်ချင်းပင် ကျိုးဟောင်အား ရှုပ်ထွေးသော အမူအရာများဖြင့်ကြည့်လိုက်လေသည်။
အထင်မြင်သေးခြင်း ၊ ထိတ်လန့်ခြင်း ၊ မနာလိုခြင်း.....
ကောင်းကင်ဘုံအဆင့်ကို စတင်ကျင့်ကြံကတည်းက လင်ရှုယင်သည် လျှို့ဝှက်ကျင့်စဉ်များနှင့် လိုက်ဖက်ညီမှုမှာ အလွန်အရေးကြီးကြောင်းနားလည်ခဲ့သည်။
သူမယခုကျင့်ကြံနေသည့် ကျင့်စဉ်နှင့် သူမ၏လိုက်ဖက်ညီမှုရမှတ်မှာ ၆၀သာရှိလေသည်။ ကျိုးဟောင်တွင် ဒီလောက်ကောင်းမွန်လှသည့် လိုက်ဖက်ညီမှုရှိမည်လို့ သူမ မထင်ထားခဲ့ပေ။
သူမသည် မနာလိုခြင်းများစွာဖြင့်ပင် ကျိုးဟောင်အား နားလည်နိုင်စွမ်း ပုံဆောင်ခဲအား ကမ်းပေးလိုက်သည်။
"ဒါဘာလဲ"
ဒီလို အဖြူရောင်အလင်းတွေဖြာနေသည့် ကျောက်တုံးမျိုးအား ကျိုးဟောင်မတွေ့ရှိခဲ့ဖူးပေ။
ကျိုးဟောင်မှာ ကျောက်တုံးကိုကြည့်ရင်း ဒီချိုင့်ဝှမ်းအက်ကြောင်းကြောင်းကြီး၏ အတွင်းကော အပြင်ကောတွင် သူမသိသေးသည့်အရာများစွာရှိနေကြောင်းနားလည်လိုက်သည်။
"ဒါက ကောင်းကင်ဘုံအဆင့်ပညာရှင်တွေ ချန်ထားခဲ့တဲ့ နားလည်နိုင်စွမ်း ပုံဆောင်ခဲပဲ"
လင်ရှုယင်ကပြောလေသည်။
ဒီနားလည်နိုင်စွမ်း ပုံဆောင်ခဲတွင် ကောင်းကင်ဘုံပညာရှင်တို့၏ သိနားလည်မှုများကို ထည့်သွင်းထားသည့်ဆေးရည်ကြည်ပါရှိလေသည်။
ထိုပုံဆောင်ခဲများသည် ကျင့်စဉ်တူညီသော ဂျူနီယာများအတွက် များစွာအထောက်အကူပြုလေသည်။
ကံမကောင်းစွာဖြင့် စစ်နန်ရွှင်းက ထိုကဲ့သို့ ပုံဆောင်ခဲမျိုး ချန်မထားခဲ့ပေ။
ကျိုးဟောင်၏ ကြီးကျယ်သောယန်မှတ်တမ်းအပေါ် လိုက်ဖက်ညီမှုမှာ တကယ်လို့ စစ်နန်ရွှင်းက သူ့အတွက် နားလည်နိုင်စွမ်းပုံဆောင်ခဲထားခဲ့ရင်တောင် မှ သူ့အတွက်ကျင့်ကြံနိုင်ရန် ကန့်သတ်ချက်များရှိနေလေသည်။
အနာဂတ်တွင် သူသည် ဒီကြီးကျယ်သောယန်မှတ်တမ်း ကျင့်စဉ်အား အောင်မြင်အောင် ကျင့်ကြံပြီး တကယ်လို့ စစ်နန်ရွှင်းတွင်သားစဉ်မြေးဆက်များကျန်သေးပါက သူတို့အတွက် နားလည်နိုင်စွမ်း ပုံဆောင်ခဲများထားခဲ့မည်ဆိုပြီး ဆုံးဖြတ်လိုက်သည်။
"ရှင် အစိမ်းရောင်တိမ်တိုက်အဖွဲ့ထဲ၀င်ဖို့စဉ်းစားကြည့်ပါလား "
ကျိုးဟောင်၏ကြီးမားသော အရည်အသွေးကိုမြင်ပြီး လင်ရှုယင်က သွေးဆောင်ကြည့်လေသည်။
"အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းဆိုတာဘာလဲ"
ဒီမေးခွန်းကို ကျိုးဟောင်မေးချင်နေခဲ့သည်မှာ ကြာလှလေပြီ။
" အစိမ်းရောင်တိမ်တိုက်အဖွဲ့ဆိုတာ ဟွာရှားမြို့ရဲ့စစ်တပ်နဲ့ သိုင်းပညာရှင်တွေအားလုံးကို တိုက်ရိုက်စီမံအုပ်ချုပ်နေတဲ့ အဆင့်မြင့်အဖွဲ့အစည်းတခုပဲဖြစ်တယ်။သိုင်းပညာရှင်တယောက်က အထွတ်အထိပ်မူလအဆင့်ရောက်အောင်ကျင့်ကြံနိုင်ခဲ့လို့ရှိရင် ထိုသိုင်းပညာရှင် က အကဲဖြတ်စမ်းသပ်မှုကို လာရောက်ဖို့ ဖိတ်ခေါ်ခြင်းခံရတယ်"
"အကဲဖြတ်စစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့ပြီးရင်တော့ အချို့ သိုင်းပညာရှင်တွေက ချိုင့်ဝှမ်း အက်ကွဲကြောင်းထဲကို၀င်ပြီး ကျင့်ကြံဖို့ရွေးချယ်ကြတယ်။တချို့ကလည်း အက်ကွဲကြောင်းကြီးရဲ့အပြင်ဘက်မှာ ယာယီနေကြပြီး အစိမ်းရောင်တိမ်တိုက်အဖွဲ့ထဲ၀င်ပြီးလုပ်ကိုင်ကြတယ်"
လင်ရှုယင်က ရိုးရှင်းစွာပင်ရှင်းပြလေသည်။
"ငါ၀င်မပြိုင်ဖို့ ရွေးချယ်ခွင့်ရှိလား"
ကျိုးဟောင်က တဲ့တိုးမေးလိုက်သည်။သူမလိုလားအပ်သော ပြဿနာများ မဖြစ်ချင်ပေ။
"ရပါတယ် ဒါပေမဲ့ အခြေခံအဆင့် ကျင့်စဉ်တွေပဲ မင်းရရှိလိမ့်မယ်"
" တကယ်လို့မင်းအစိမ်းရောင်တိမ်တိုက်အဖွဲ့ထဲမ၀င်လို့ရှိရင် မင်း ထိုက်တန်တဲ့ ရမှတ်တွေမရဘဲနေလိမ့်မယ်။ အဲ့ဒါက မင်းကို နောက်ထပ် လျှို့ဝှက်ကျင့်စဉ်တွေမရနိုင်တာမျိုးဖြစ်စေနိုင်တယ်"
လင်ရှုယင်သည် ကျိုးဟောင်သေချာပေါက် အဖွဲ့အစည်းထဲ၀င်လိမ့်မည်ဟု တွေးနေခဲ့လေသည်။
ကျိုးဟောင်မှာ ဆောင်းဦးနွေသစ်စိမ်းသိုင်း နှင့် လိုက်ဖက်ညီမှုရမှတ် ၇၅မှတ်အထိရှိနေသောကြောင့် နောက်ထပ် ကျင့်စဉ်များလိုချင်နေလိမ့်မည်လို့ သူမ ထင်နေခဲ့သည်။
သို့သော်လည်း လင်ရှုယင် မသိခဲ့သည်မှာ ကျိုးဟောင်တွင် ဆောင်းဦးနွေသစ်စိမ်းသိုင်းထက် ပိုမိုအဆင့်မြင့်သော ကြီးကျယ်သောယန်မှတ်တမ်းး ရှိနေလေသည်။ဒါ့အပြင် လိုက်ဖက်ညီမှု ရမှတ်မှာလည်း ၁၀၀ မှတ်အထိရှိနေခဲ့လေသည်။
လင်ရှုယင်သာ ထိုအကြောင်းကိုသိခဲ့ပါက သူမဒီလို ယုံကြည်ချက်ရှိတော့မည်မဟုတ်ပေ။
..............................................................................
အခန်း(၂၀၄)ပြီးပါပြီ။