← Chapters

အခန်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အခန်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အခန်း (၂၀၅) : စွမ်းအင်အနှစ်သာရပုံဆောင်ခဲ

"ဒါဆို အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထဲကို ၀င်ပြီးရင်ဘာလုပ်ရမှာလဲ။ ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲကိုရော ချက်ချင်း၀င်ရမှာလား"

ကျိုးဟောင်မှာ တကယ်တော့ အစိမ်းရောင်သစ်တောမှ နွေဦးဆောင်းလေပြေသိုင်း၏ နောက်ဆက်တွဲသိုင်းများမလိုအပ်ပေ။ သူ၏ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အကူအညီဖြင့် လိုအပ်သည်များကိုရနိုင်လေသည်။ သို့သော်လည်း သတင်းအချက်အလက်များဆက်လက်ရရှိနိုင်မည့်အခွင့်အရေး ကိုတော့ လက်မလွှတ်ချင်ပေ။

"ဘယ်ဟုတ်ပါ့မလဲ။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဟွာရှားမြို့ရဲ့ ထိပ်တန်းအဖွဲ့အစည်းပဲလေ။ အဖွဲ့၀င်တွေက အမြဲတမ်းကျင့်ကြံရေးကိုသာ အာရုံစိုက်ကြပြီး တခါတလေမှတာ၀န်တွေဆောင်ရွက်ရတာဖြစ်တယ်"

" ထူးခြားဖြစ်စဉ်တွေမရှိရင် အက်ကွဲကြောင်းထဲကို ချက်ချင်း၀င်ရောက် တိုက်ခိုက်ဖို့မလိုပါဘူး။ ဒါပေမဲ့ အတိုင်းအတာတခုထိကျင့်ကြံပြီးနောက် အက်ကွဲကြောင်းအပြင်ဘက်မှာ ရှင့်ရဲ့ကျင့်ကြံရေးအခြေအနေကဆက်လက်မတိုးတက်လာတော့ရင်တော့ ရှင်ကိုယ်တိုင် အက်ကွဲကြောင်းထဲ ၀င်ရောက်ကျင့်ကြံချင်လာပါလိမ့်မယ်"

"ရှင်သိထားရမှာက ကျင့်ကြံခြင်းက ရေဆန်မှာရွက်လွှင့်သလိုပဲ။ ရှင်တိုးတက်မှုမရှိလာရင် နောက်မှ ကျန်နေခဲ့လိမ့်မယ်"

"ပြီးတော့ ကောင်းကင်နဲ့မြေကြီးတို့ကြားက စွမ်းအင်အနှစ်သာရကို ကျင့်ကြံဖို့ဆိုတာကလည်း အရမ်းမလွယ်ကူပဲ နောက်ကောက်ကျကျန်နေခဲ့နိုင်တယ်"

ကျိုးဟောင်က စိတ်ရှည်လက်ရှည် နဲ့ လင်ရှုယင်ပြောသည်ကိုနားထောင်ပေးနေလေသည်။

ထိုအကြောင်းအရာများက စစ်နန်ရွှင်း၏ မှတ်စုစာအုပ်ထဲတွင်မပါ၀င်ခဲ့ပေ။ထိုအ‌ကြောင်းအရာများကအခြေခံအကြောင်းအရာများဖြစ်သောကြောင့် စစ်နန်ရွှင်းကသူ၏စာအုပ်ထဲတွင် ထည့်သွင်းမရေးသားခဲ့ခြင်းဖြစ်နိုင်သည်။

"ဒါဆို ကျုပ်က အက်ကွဲကြောင်းကြီးရဲ့အနက်ရှိုင်းဆုံးနေရာထဲကို မ၀င်ရောက်ဘဲ ပြင်ပမှာကျင့်ကြံခြင်းက ကျုပ်ရဲ့ ကျင့်ကြံခြင်းရလာဒ်ကို ဆက်လက်တိုးမြှင့်ဖို့မဖြစ်နိုင်ဘူးပေါ့"

ကျိုးဟောင်သည် ဒီလို ကန့်သတ်ချက်မျိုးက မဖြစ်သင့်‌ကြောင်းခံစားမိသည်။ ဟိုးအစတုန်းက ဒီလိုမျိုးဖြစ်ခဲ့ရင်တောင်မှ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ကျွမ်းကျင်သူတွေက အခုအချိန်မှာ အဖြေတစ်ခုခုကို ရှာတွေ့သင့်ပြီဖြစ်သည်။

"ဖြစ်နိုင်ပါတယ် အဲ့လိုမဖြစ်အောင် ဆက်ထိန်းထားနိုင်ဖို့ နည်းလမ်းတခုရှိတယ်။ဒါလေးကိုကြည့်ကြည့်"

လင်ရှုယင်က သူမ၏လျှို့ဝှက်အိတ်ထဲမှ ဖောက်ထွင်းပြီးမြင်နိုင်လောက်အောင်ကြည်လင်သော အပြာနုရောင်ပုံဆောင်ခဲလေးကို ထုတ်ပြလေသည်။

"အရောင်ရှိပုံဆောင်ခဲလား"

ကျိုးဟောင်က ချက်ချက်မေးလိုက်လေသည်။

"မဟုတ်ဘူး ဒီပုံဆောင်ခဲမှာ ကောင်း‌ကင်နှင့် မြေကြီးတို့ရဲ့ စွမ်းအင်အနှစ်သာရတွေပါ၀င်တယ်"

ထိုစကားကိုကြားသောအခါ ကျိုးဟောင်၏ ရင်ခုန်သံများမြနဆန်သွားလေသည်။

ကျိုးဟောင်သည် လင်ရှုယင်၏လက်ထဲမှ အပြာရောင်ပုံဆောင်ခဲကို သေချာကြည့်လိုက်ပြီး ထိုအပြာရောင်ပုံဆောင်ခဲလေးထဲတွင် အလွန်စွမ်းအားကြီးမားသောစွမ်းအင်များ ပါ၀င်နေလေသည်။

အရင်တုန်းက အခြေအနေဖြင့်ကျိုးဟောင်ဆိုရင်တော့ ထိုစွမ်းအင်ကိုဘာလဲသိမည်မဟုတ်ပေ။ အခုတော့ အဲ့လိုပဲ ကျိုးဟောင်က ထိုစွမ်းအင်များမှာ ‌သွေးအနှစ်သာရထက်အဆင့်မြင့်တဲ့ စွမ်းအင်အနှစ်သာရဖြစ်ကြောင်းသိရှိနေခဲ့လေသည်။

"ဒီပုံဆောင်ခဲမှာပါတဲ့ ကောင်းကင်နဲ့မြေကြီးတို့၏ စွမ်းအားတွေကို စွမ်းအင်အနှစ်သာရလို့ခေါ်ပြီး ဒီပုံဆောင်ခဲကိုတော့ အနှစ်သာရပုံဆောင်ခဲလို့ခေါ်ကြတယ်"

"ဒီအနှစ်သာရပုံဆောင်ခဲတွေကို အရည်အသွေးအမှတ်တွေနဲ့လဲလှယ်လို့ရတယ်။ ပြီးတော့အမျိုးအစားလေးမျိုးရှိတယ်။ အဆင့်နိမ့်၊အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့် နဲ့ ထိပ်တန်းအဆင့်ဆိုပြီး ပုံဆောင်ခဲအမျိုးအစားတွေရှိတယ်"

ကျိုးဟောင်က လင်ရှုယင်ပြောပြသည်ကိုနားထောင်ရင်း ပုံဆောင်ခဲလေးအား ထိကြည့်လုပ်သောအခါသူမက အဖိုးတတ်ရတနာလေးကဲ့သို့ ပြန်လည်သိမ်းယူလိုက်လေသည်။

ကျိုးဟောင်က မကျေချမ်းစွာပြုံးလိုက်သည်။ သူသည် ထိုပုံဆောင်ခဲအား အလကားရယူလိုစိတ်မရှိပေ။ ဒီအတိုင်းအနီးကပ်သေချာကြည့်ချင်လိုစိတ်သာရှိလေသည်။

"ဒါက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကို ၀င်ရင်ရမည့် အကျိုးကျေးဇူးပဲ။ အဖွဲ့အစည်းထဲ၀င်ပြီး တာ၀န်တွေထမ်းဆောင်ရင် အရည်းအသွေးအမှတ်တွေရလိမ့်မယ်။ အရည်အသွေးအမှတ်တွေ မရှိဘဲနဲ့တော့ အနှစ်သာရပုံဆောင်ခဲတွေကို လဲလှယ်ရယူနိုင်မှာမဟုတ်ဘူး"

"ဘယ်လိုလဲ ရှင်သေချာစဉ်းစားကြည့်ပြီးပြီလား"

သူမ မရှင်းပြရင်တောင်မှ ဒီအနှစ်သာရပုံဆောင်ခဲတွေက ဘယ်လောက်အသုံး၀င်ကြောင်းကျိုးဟောင်သိလိမ့်မည်လို့သူမ ယုံကြည်နေလေသည်။

ဒီအနှစ်သာရပုံဆောင်ခဲနဲ့သာဆိုရင် အထွတ်အထိပ် မူလအဆင့်ပညာရှင်ရဲ့ ကျင့်ကြံနှုန်းမှာ ကြောက်မက်ဖွယ်လျင်မြင်လာပြီး ကောင်းကင်ဘုံအဆင့် ပညာရှင်တယောက်လျင်မြန်စွာဖြစ်လာနိုင်လေသည်။

ဒါ့အပြင် ပထမအဆင့်လောက်သာရှိတဲ့ ကောင်းကင်ဘုံပညာရှင်တွေလည်း အက်ကွဲကြောင်းထဲကို မ၀င်ရောက်ဘဲ ကျင့်ကြံနှုန်းတိုးမြှင့်လိုလျှင်လည်း ဒီအနှစ်သာရပုံဆောင်ခဲများကို ကြိမ်းသေပေါက်လိုအပ်လေသည်။

ဒါကြောင့် ဘယ်လိုအခြေအနေဖြစ်ဖြစ် မည်သူမဆို ဒီအနှစ်သာရ‌ပုံဆောင်ခဲများအား ငြင်းဆိုကြမည်မဟုတ်ပေ။

ကျိုးဟောင်၏ အမူအရာများကိုကြည့်ပြီး သေချာပေါက်အစိမ်းအရောင်တိမ်တိုက်အဖွဲ့အစည်းထံ၀င်ရောက်လိမ့်မည်လို့ လင်ရှုယင်ယုံကြည်နေလေသည်။

"အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှာ တာ၀န်တခုကဘယ်လောက်ကြာတတ်လဲ ပြီးတော့ သူတို့ကဘာတွေလဲ"

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းနှင့် ဆက်သွယ်ရန်ဆုံးဖြတ်လိုက်သည်။

လင်ရှုယင်ပြောပုံအရ အရမ်းစွမ်းအားကြီးတဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်တွေက အက်ကွဲကြောင်းအပြင်ဘက်မှာ သိပ်အများကြီးမရှိတော့သောကြောင့် သူစိတ်ပူနေဖို့မလိုပေ။

"အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက တာ၀န်တွေကိုမဖြန့်ဝေပေးဘူး။ တာ၀န်ကို လုပ်ဆောင်မယ့်သူတွေက ကိုယ်တိုင်ပဲရွေးချယ်ကြရတယ်။ လူတယောက်က တလအတွင်း အနည်းဆုံး ကြယ်တစ်ပွင့် တာ၀န်၁၀ခု ဒါမှမဟုတ် ကြယ်ငါးပွင့်တာ၀န်၂ခုပြီးမြောက်ရမယ်။ ရှင့်စိတ်ကြိုက်တာ၀န်တွေကိုရွေးချယ်လို့ရတယ်။ ရှင်တာ၀န်တွေကနေ ကြယ်၁၀လုံးထိ စုနိုင်နေသရွေ့...."

"ထားပါ အဲ့လိုလုပ်ရမယ်လည်းမသတ်မှတ်ထားပါဘူး"

လင်ရှုယင်က စကားကိုအကုန်မပြောခဲ့ပေ။

...

ရှေ့တန်းခံတပ်လိုင်း၏အဝေး‌တနေရာတွင် ဒုတာ၀န်ခံ ရှစ်ကျိ မှာ ကြောက်မယ်ဖွယ်လက်သည်းရာဒဏ်ရာအမှတ်ကြီးနဲ့လူတယောက်နှင့်အတူရပ်နေလေသည်။

ထိုသူမှာ လှံတချောင်းကဲ့သို့ ထည်ဝါတဲ့ဟိတ်ဟန်ရှိပြီး သူ့ဆီမှာ အသူရာချောက်နက်ကြီးကဲ့သို့ အရှိန်အဝါများလည်းရှိနေလေသည်။ သူထိုနေရာမှာရပ်နေခြင်း ရှေ့တန်းခံစစ်လိုင်းရှိ စစ်သားများ နှင့် သိုင်းပညာရှင်များမှာ စိတ်သက်သာရာ ရနေကြလေသည်။

ထိုသူမှာ ဟွာရှား စစ်တပ်၏ နတ်စစ်သူကြီးလေးဦးထဲမှ တဦီးဖြစ်သည့် ရှောင်ကျန့်ထျန် ဖြစ်လေသည်။

ထိုလူ၏သိုင်းပညာသည် အားကောင်းပြီး သူ၏စစ်ရေးအောင်မြင်မှုများမှာ ထူးချွန်သော်လည်း သူသည် သာမန်သိုင်းပညာရှင်များကဲ့သို့ မရိုးစင်းပေ။ သူ၏ ပင်ကိုယ်စရိုက်သည် အလွန်ထူးခြားပြီး လျှို့ဝှက်စွာ အတင်းအဖျင်းပြောတတ်သည့်အကျင့်ရှိလေသည်။

ဥပမာအားဖြင့်၊ ယခုအချိန်တွင်သူ့ရှေ့တွင်ရှိသော လင်ရှုယင် နှင့် ကျိုးဟောင်တို့ကို ကြည့်ပြီး ရှောင်ကျန့်ထျန်က သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အလွန်လိုက်ဖက်သည်ဟု ခံစားမိနေလေသည်။

လင်ရှုယင် သည် ထက်မြက်ပြီး အလွန် အစွမ်းထက်သော်လည်း သူမသည် အလွန်မာနကြီးကြောင်း သိထားရမည်ဖြစ်သည်။

ပုံမှန်အားဖြင့်သူမသည် အမျိုးသားသိုင်းပညာရှင်တယောက်နှင့် ၁၀မိနစ်လောက်စကားပြောပြီးသည်နှင့် ဒေါသများထွက်နေသော်လည်း ယခုမူ ကျိုးဟောင်နှင့်အချိန်အတော်ကြာအောင်ပြောဆိုနေသော်လည်း စိတ်မရှည်သည့်အမူအရာမတွေ့ရသေးပေ။

ဘယ်လိုတောင်ရှားပါးလိုက်တာသလဲ....

....................................................................................

အခန်း(၂၀၅)ပြီးပါပြီ။

အခန်း (၂၀၆) : ‌ဆုံးရှုံးခြင်း

"ရှောင်လောင် ခင်ဗျားထွက်လာတော့ မြောက်ပိုင်းခံတပ်စခန်းက အဆင်ပြေရဲ့လား"

ဒုတာ၀န်ခံရှစ်ကျီမှာ လင်ရှုယင်နှင့် ကျိုးဟောင်တို့အကြောင်းအတင်းပြောချင်နေသော်လည်း ‌ခံတပ်စခန်းအတွက်စိတ်ပူနေသေးလေသည်။

ရှောင်ကျန့်ထျန် မှာ နတ်စစ်သူကြီးလေးဦးထဲမှ တဦးဖြစ်ပြီး ကျိုးဟောင်ကဲ့သို့ အထွတ်အထိပ် မူလအဆင့်ပညာရှင်တယောက်လည်းဖြစ်လေသည်။

အချိန်အကြာကြီး မြောက်ပိုင်း ခံတပ်စခန်းအား တောင့်ခံပေးထားခဲ့သော လူတဦးလည်းဖြစ်လေသည်။

သို့သော်လည်း လတ်တလောတွင် ဒီဘက်အခြမ်းရှိ အက်ကွဲကြောင်း၌ မူမမှန်သည့်ကိစ္စများဆက်တိုက်ပေါ်ပေါက်နေသောကြောင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ရှောင်ကျန့်ထျန်အား ဒီနေရာသို့လွှတ်လိုက်ခြင်းဖြစ်လေသည်။

ပထမဆုံးအ‌နေဖြင့်သူ ဘာတွေဖြစ်ပျက်နေသလဲ နဲ့ ဘာကြောင့်ဖြစ်သလဲကို ချင့်ချိန်ရှာဖွေကြည့်ခဲ့ပြီး ဒုတိယချက်အနေနှင့် လိုအပ်ပါက အကူအညီချက်ချင်းပေးရန်အဆင့်သင့်ပြင်ထားလေသည်။

"မြောက်ပိုင်းအတွက်စိတ်ပူမနေပါနဲ့ ။ နှစ်တွေအများကြီးကြာပြီးနောက်မှာ ငါတို့စစ်တပ်က ပညာရှင်တွေကို‌ အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့တယ်"

"တကယ့်ပြဿနာက ဒီဘက်အခြမ်းမှာပဲ။ ငါရှိနေတာတောင် အခြေအနေတွေက အကောင်းဘက်မှာရှိနေလိမ့်မယ်လို့ မပြောနိုင်သေးဘူး"

သို့သော်လည်း ရှောင်ကျန့်ထျန်၏ အမူအရာမှာ သူ့စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

သူသည် အဝေးတနေရာရှိ ကျိုးဟောင်နှင့် လင်ရှုယင်တို့ကိုကြည့်ပြီး အတင်းအဖျင်းပြောချင်စိတ်များ ထကြွနေလေသည်။ အက်ကွဲ‌ကြောင်းအခြေအနေအပေါ်လည်း စိုးရိမ်စိတ်မရှိနေပုံမပေါ်ပေ။

လင်ရှုယင်က ကျိုးဟောင်အား စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်လိုက်သည်ကိုမြင်သောအခါ သူမထိန်းနိုင်တော့ပဲ ထရယ်လေတော့သည်။

ရှစ်ကျီလည်း ရှောင်ကျန့်ထျန်အား စိတ်ဇဝေဇ‌ဝါဖြစ်သော အမူအရာဖြင့်ကြည့်နေလေသည်။ သူတခုခုပြောချင်သော်လည်း အမှားအယွင်းပါသွားမည်ဆိုးသောကြောင့် ချင့်ချိန်ရင်းစိတ်ရှုပ်နေလေသည်။

ကျိုးဟောင်တို့ဘက်တွင်တော့ ကျိုးဟောင်က တိကျတဲ့အဖြေမပေးသေးဘဲ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအကြောင်းကိုရသလောက်မေးနေလေသည်။ နောက်ဆုံး လင်ရှုယင် ဒေါသထွက်မှ တိတိကျကျအဖြေပေးလိုက်လေသည်။

" ဟုတ်ပြီ ဟုတ်ပြီ။ ငါအဖွဲ့အစည်းထဲ၀င်ပါ့မယ် ကဲ လုပ်ထုံးလုပ်နည်းတွေက ဘာလဲ"

ကျိုးဟောင်မှာ အစိမ်းအရောင်တိမ်တိုက်အဖွဲ့အစည်းထဲကို ၀င်ခြင်းကသူ့အတွက် အန္တရာယ်မရှိကြောင်းသိရှိခဲ့လေသည်။သူ့အတွက် တလကို ကြယ်ဆယ်လုံးရှိတဲ့ တာ၀န်တွေပြီးရန်သာလိုအပ်လေသည်။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ မစ်ရှင်များမှာ မျိုးနွယ်ခြားကို ကင်းထောက်ရန် နှင့် တိုက်ခိုက်ရေးမစ်ရှင်များသာဖြစ်လေသည်။

သူ့အနေဖြင့်ကံကြမ္မာအမှတ်များစုဆောင်းလိုပါက မျိုးနွယ်ခြားများအား မဖြစ်မနေသတ်ရမည်ဖြစ်သည်။ဒါကြောင့် အခုအခြေအနေက ခဲတလုံးဖြင့် ငှက်၂ကောင်ပစ်သကဲ့သို့ပင်။

" ဒါကလွယ်ပါတယ်။ ကျွန်မ ရှင့်ကို အစိမ်းရောင်တိမ်တိုက်အဖွဲ့ရဲ့ လျှို့ဝှက်ဆက်သွယ်ရေးအဖွဲ့၀င်မှတ်တမ်းမှာစာရင်းသွင်းပေးမယ်။ ပြီးရင် ရှင့်ရဲ့ ဆက်သွယ်ရေးစက်က နေတဆင့် ဆက်သွယ်လို့ရလိမ့်မယ်"

"ဒါပေမဲ့ လျှို့ဝှက်ဆက်သွယ်ရေးလိုင်းကို ၀င်ရောက်နေစဉ်မှာတော့ ရှင့်အနေနဲ့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာရမယ်။ ရှင်အဲ့တာတွေကို အလွတ်မှတ်မိနေရင်တော့ပိုကောင်းတာပေါ့"

လင်ရှုယင်ကပြောနေရင်းနှင့်ပင် ကျိုးဟောင်အားအခြေခံအချက်အလက်များရအောင်ပြုလုပ်ပေးပြီး အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ လျှို့ဝှက်ဆက်သွယ်ရေးနယ်ပယ်အား ဖွင့်ပေးနေလေသည်။

မကြာမီပင် သိုင်းပညာရှင်များနှင့်ဆိုင်သည့်ပုံမှန်စည်းကမ်းချက်များအပြင် လျှို့ဝှက်စည်းမျဉ်းများကိုပါတွေ့လိုက်ရလေသည်။ သူကဒီအတိုင်းအကုန်လုံးကိုသဘောတူလိုက်လေသည်။

.....

ကျိုးဟောင် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထဲ ပါ၀င်လာသည့်အကြောင်းကိုလည်း အစိမ်းရောင်အဖွဲ့အစည်းဌာနချုပ်၌ဆွေးနွေးနေကြလေသည်။

သို့သော်လည်းဆွေးနွေးခန်းထဲတွင် လူတယောက်မှာ မရှိဘဲ ဆွေးနွေးနေသူများမှာလည်း ပုံရိပ်ယောက်ရုပ်သွင်များဖြစ်နေလေသည်။

ထို‌‌ ဆွေးနွေးနေကြသည့်အဖွဲ့၀င် ၁၂ယောက်မှာ အစိမ်းရောင်အဖွဲ့အစည်းဌာနချုပ် ထဲတွင် ရှိမနေဘဲ တာ၀န်များကြောင့် တယောက်‌တနေရာဆီ ရောက်နေ၍သာ ပုံရိပ်ယောင်ရုပ်သွင်များဖြစ်နေကြလေသည်။

" လင်ရှုယင် ပို့တဲ့ အချက်အလက်တွေနဲ့ ရုပ်သံဖိုင်ကိုတွေ့ပြီးပြီလား"

အသံဩဩတခုထွက်လာခဲ့သည်။

"ငါတွေ့ပြီးပြီး ဥက္ကဌကျိုးက တကယ်ကို အံ့မခန်းပဲ"

နောက်ထပ်ပညာရှင်တယောက်ပြောလိုက်သည်။

"ဟုတ်တယ် သူက စွမ်းအင်အနှစ်သာရကို မကျင့်ကြံရသေးဘဲနဲ့ အနန္တလက်ချောင်းလျှို့ဝှက်သိုင်းကို ကျင့်ကြံပြီးသွားပြီ။ ဒီအစည်းအဝေးအခန်းထဲမှာ ထိုင်ခုံအပိုထပ်ထည့်ရမယ်လို့ငါထင်နေမိတယ်"

ထိုစကားကိုကြားသောအခါ အခြားသူများက အံ့ဩသွားသော်လည်း သူတို့ချက်ချင်းနားလည်လိုက်ကြသည်။

ကျိုးဟောင်၏ ပြင်းထန်မာကျောမှုက အမှန်တကယ်ကို ထူးခြားဆန်းကြယ်လွန်းသည်။ သူတို့၁၂ယောက်ထဲမှ တချို့မှာ တရုတ်သိုင်းပညာရှင်များအတွက် စံနမူနာယူစရာ အထင်ကရပုဂ္ဂိုလ်များဖြစ်ခဲ့ဖူးသည်။

သို့သော်ကျိုးဟောင်မှာ စွမ်းအင်အနှစ်သာရကို မကျင့်ကြံရသေးဘဲ အနန္တလက်ချောင်းသိုင်းအား ကျင့်ကြံ‌နိုင်ခဲ့သောကြောင့် အနာဂတ်တွင် သူတို့အထဲ၌ နေရာတခုကို ရယူနိုင်မည်မှာ သေချာလေသည်။

တောင်ပိုင်းအက်ကွဲကြောင်း ခံတပ်စခန်း၌

ကျိုးဟောင် နှင့် လင်ရှုယင်တို့မှာလည်း စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကိုပြီးမြောက်သွားကြပြီး ကျိုးဟောင်အတွက် ကြယ်တပွင့် မစ်ရှင်တခုရရှိခဲ့လေသည်။

ကျိုးဟောင်မှာ အရင်ကပိုက်ဆံများ သုံးစွဲထားခဲ့သောကြောင့် ငွေလိုအပ်နေပြီး ကြယ်တစ်ပွင့် မစ်ရှင်အား တချက်ကြည့်ပြီး လက်ခံလိုက်လေသည်။

ထိုမစ်ရှင်မှာ စိတ်ထွေပြားစေသော အင်းစက် အကောင် ၃၀အားသတ်ရမည်ဖြစ်လေသည်။ အရင်တုန်းက ကျိုးဟောင်မှာ ထိုအင်းစက်များကို မရေမတွက်အောင်သတ်ခဲ့ဖူးသေးသည်။ သို့သော်လည်း အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထဲ မရောက်သေးသောကြောင့် ဘာအရည်အသွေးအမှတ်မှ မရခဲ့ပေ။

အရည်အသွေးအမှတ် ၁၀၀ က အနှစ်သာရပုံဆောင်ခဲ ၁တုံးနှင့်လဲလှယ်နိုင်သည်။ ကြယ်တပွင့်မစ်ရှင် ပြီးဆုံးခဲ့ပါက အရည်အသွေးအမှတ် ၁၀မှတ်ရရှိမည်ဖြစ်သည်။

ကျိုးဟောင်မှာ အရင်တုန်းစိတ်ထွေပြားစေသောအင်းစက် အကောင် ၂ထောင်လောက်သတ်ခဲ့ဖူးလေသည်။သူသာ အဲ့တုန်းက အဖွဲ့၀င်ဖြစ်ခဲ့ပါက အမှတ်၆၀၀လောက်ရရှိခဲ့ကာ အနှစ်သာရပုံဆောင်ခဲ ၆တုံးလောက်ရနိုင်ခဲ့လေသည်။

လင်ရှုယင်က ခုနတုန်းက အနှစ်သာရပုံဆောင်ခဲအားပေးမထိခဲ့သည့်ပုံအရ ထိုပုံဆောင်ခဲမှာ အလွန်တန်ဖိုးကြီးကြောင်းသိနိုင်လေသည်။ ကျိုးဟောင်မှာ ထိုအကြောင်းကိုတွေးပြီး စိတ်မကျေမချမ်းဖြစ်နေလေသည်။

....................................................................................

အခန်း(၂၀၆)ပြီးပါပြီ။

အခန်း (၂၀၇) : သန္ဓေပြောင်းလဲသွားသော စိတ်လှည့်စားအသံအင်းစက်များ

"ရှင်အရင်က ဒီအသံလှိုင်းအင်းစက်တွေကို သတ်ခဲ့ဖူးတာပဲ။ အဲ့တော့ သူတို့ကိုရှာရတာသိပ်မခက်လောက်ပါဘူး"

လင်ရှုယင်သည် ကျိုးဟောင်မှာ စိတ်လှည့်စားအသံအင်းစက်များကို ရှာဖွေရအခက်တွေ့နေသည်ကိုကြည့်ပြီးအံ့ဩသွားလေသည်။ အရင်တုန်းက သူဒီအင်းစက်တွေကိုသတ်ခဲ့ဖူးသည့်အပေါ်မှာတောင် သံသယ၀င်လာလေသည်။

"ဒီလူက တခြားတယောက်လုပ်ခဲ့ပေးတာအပေါ်၀င်ပြီးနာမည်ကောင်းယူထားတာလား ဒါမှမဟုတ် အသံအင်းစက်တွေအကုန်လုံးကိုတယောက်ထဲလက်ဝါးကြီးအုပ်သတ်ဖြတ်ချင်လို့ မပြောပြတာများလား"

လင်ရှုယင်မှာ အတွေးတွေများနေခဲ့ပြီး ထိုသို့တွေးရင်း ကျိုးဟောင်အား မနှစ်မျို့သလိုဖြစ်လာလေသည်။

"အရင်က ဒီနေရာမှာ အသံအင်းစက်တွေ ၃သောင်းလောက်ရှိနေခဲ့တာ အဲ့ဒါကြောင့် ရှာဖွေရအရမ်းလွယ်ကူခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ရှားပါးလာပြီး ရှာတွေ့နိုင်ဖို့ ကံတရားကိုအားထားခဲ့ရတယ်"

"ရှင်ရဲ့ အထူးနည်းလမ်းတွေနဲ့တောင် ရှာမတွေ့တာ ကျွန်မ ကဘယ်လိုလုပ်သိမှာလဲ"

ကျိုးဟောင်မှာ စိတ်ပျက်သလိုခံစားလာရသည်။ သူသည် အနှစ်သာရ ပုံဆောင်ခဲများနှင့် လဲလှယ်ရန် အရည်အသွေးအမှတ်များ အလောတကြီး လိုချင်နေခဲ့လေသည်။

ကောင်းကင်ဘုံအဆင့်အကြောင်းတဖြေးဖြေးနားလည်လာပြီးနောက် သူ၏ အနှစ်သာရပုံဆောင်ခဲများ လိုချင်တပ်မက်မှုမှာပိုပြီးပြင်းထန်လာလေသည်။

အကြောင်းမှာ သူသည် ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲသို့၀င်ပြီး ရှုလင် အဆိပ်ပြဿာနာကို အလုံးစုံဖြေရှင်းပေးလိုသောကြောင့်ဖြစ်လေသည်။

တကယ်လို့ သူသည် အနှစ်သာရပုံဆောင်ခဲများ၏ အကူအညီဖြင့် ကောင်းကင်ဘုံအဆင့်ကို အလျင်အမြန်တက်လှမ်းနိုင်ပါက အက်ကွဲကြောင်းထဲသို့ စောစီးစွာ၀င်ရောက်နိုင်မည်ဖြစ်သည်။

သူသည် သတိမမူပဲ အလောတကြီးမ၀င်ရောက်လိုပေ။ သူ့ကိုယ်ကိုယ်သူကာကွယ်နိုင်သည့်ခွန်အားရှိမှသာ၀င်ရောက်မည်ဖြစ်ပြီး သူထိုအက်ကွဲ ကြောင်းထဲတွင်လည်း ပိတ်မိမနေလိုပေ။

လင်ရှုယင်က ကျိုးဟောင်စကားကို မယုံဘဲ သူ၏အထူးနည်းလမ်းများကို သူမ နှင့် မမျှဝေချင်ဘူးလို့သာထင်နေလေသည်။

အရင်တိုက်ခိုက်ကရလဒ်အရ ၈၀%သော အသံအင်းစက်များမှာ ကျိုးဟောင်လက်ချက်ဖြင့်သေကုန်ကြပြီဖြစ်သည်။

လင်ရှုယင်သည် ဒါကိုမသိဘဲ ကျိုးဟောင်ကိုသာ အပြစ်မြင်နေခဲ့လေသည်။ အချိန်တခုကြာအောင်သွားလာပြီးနောက် ကျိုးဟောင်၏မျက်လုံးများအရောင်တောက်လာသည်။

" ဟမ်း ...ကြည့်ရတာ ငါသူတို့ကိုရှာတွေ့ပြီထင်တယ်"

ကျိုးဟောင်က တချိန်က သူ့လက်က လွတ်သွားသော ထိုအသံအင်းစက်များကို တချက်ကြည့်လိုက်သည်။

"ကျွန်မသိသားပဲ ရှင့်မှာ အထူးနည်းလမ်းတွေရှိတယ်ဆိုတာ"

လင်ရှုယင်က ပြောလိုက်ပြီး စိတ်ထဲမှ သူမနှင့် မမျှဝေသည့်အတွက်ကျိန်ဆဲနေလေသည်။

သူမသည် လိုချင်တာကို ရနိုင်ဖို့ ဒေါသကိုသာအားကိုးနေရသည်လို့ တွေးမိလေသည်။အခုလည်း သူမစိတ်ဆိုးလာမှာသာ ကျိုးဟောင်မှာ ခြုံပုတ်များကို လျှောက်မရိုက်တော့ဘဲ အသံများအင်းစက်များရှိသည့်နေရာကိုပြသသည်လို့ထင်နေလေသည်။

ကျိုးဟောင်မှာ တကယ်တော့ ရိုးသားစွာလုပ်နေခဲ့ခြင်းဖြစ်သည်။ သူ့တွင် ကျယ်ပြန့်သော အာရုံနိုင်စွမ်းရှိသော်လည်း သူ့အာရုံခံနိုင်သည့်ဧရိယာအတွင်းရောက်မှသာ သိနိုင်စွမ်းရှိလေသည်။သို့သော်လည်း လင်ရှုယင်၏ စိတ်အခြေအနေက သူရှင်းပြလည်း ယုံမည်မဟုတ်ပေ။

"ဒီနေရာမှာ စိတ်လှည့်စားအသံအင်းစက် ၆၀၀ ကျော်ရှိတယ်။ ငါတို့ တ၀က်လောက်သတ်နိုင်ရင် ဒီလအတွက် လုပ်ရမယ့် တာ၀န် ကို ပြီးမြောက်သွားနိုင်မယ်ထင်တယ်"

ကျိုးဟောင် မှာ လင်ရှုယင်ကိုကြည့်ပြီးမေးလိုက်သည်။

"အမှန်ပဲ။ ဒါပေမဲ့ ဒီစိတ်ထွေပြားစေတဲ့ အသံအင်းစက်တွေက အရင်ကရှင်သတ်ဖူးတာတွေနဲ့မတူဘူး"

လင်ရှုယင်မှာ ကျိုးဟောင်နှင့် သဘောထားမတူဘဲ ရှောင်ကျန့်ထျန် နှင့် အခြားလူများဆီအကူညီတောင်းရန်ပြင်နေလေသည်။

ကျိုးဟောင်လည်း ထိုအသံအင်းစက်များမှာ ဒုတိယအဆင့်အထိ သန္ဓေပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်သည်။

ဒီကမ္ဘာမြေပေါ်ရှိ အပင် နှင့် တိရစ္ဆာန်များအားလုံး မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်းဖြစ်ပေါ်တတ်လေသည်။

ပထမဆုံးအဆင့် သန္ဓေပြောင်းလဲခြင်းမှာ အပင် နှင့် တိရစ္ဆာန်များကို ရင်ဆိုင်ရခက်ခဲသည့် အခြေအနေသို့ရောက်သွားစေသည်။

သို့သော်လည်း ဒုတိယ သို့မဟုတ် တတိယအဆင့်သို့‌သန္ဓေပြောင်းလဲသွားပါက ကြောက်မယ်ဖွယ်အရာများဖြစ်သွားလေသည်။နတ်ဆိုးမျိုးနွယ် နှင့် အင်းစက်မျိုးနွယ်များအတွက်လည်း ထိုကဲ့သို့ဖြစ်ပြီး စက်ယန္တရားမျိုးနွယ်များကတော့ ဒုတိယနှင့် တတိယအဆင့် သန္ဓေပြောင်းခြင်းမျိုးမဖြစ်နိုင်ကြပေ။

နောက်ဆုံးအကြိမ်တုန်းက ကျိုးဟောင်ကြောင့် စိတ်ထွေပြား အသံအင်းစက်အများအပြားသေကြေခဲ့ကြပြီး ထိုအဖြစ်အပျက်က အသံအင်းစက်များ၏ ဒေါသကိုပေါက်ကွဲစေခဲ့ကာ ဒီလို သန္ဓေပြောင်းခြင်းဖြစ်ပေါ်စေခဲ့လေသည်။

ပုံမှန်အခြေအနေအတွင် အသံအင်းစက်များမှာ ပျားပုတုန်းအရွယ်လောက်သာရှိသည့်ခရမ်းရောင်သလင်းကျောက်ဖြင့် အင်းစက်လေးများဖြစ်လေသည်။

ယခုမူ သူတို့၏ ခရမ်းရောင်ဖျော့ဖျော့ သလင်းကျောက်များမှာ ခရမ်းရင့်ရောင်သို့ပြောင်းလဲနေလေသည်။ တချို့ အသံအင်းစက်များဆိုလျှင်အနီရောင်သို့ပါ ပြောင်းလဲနေပြီး တတိယသန္ဓေပြောင်းအဆင့်ဖြစ်နေလေသည်။ဒါကြောင့် လင်ရှုယင် စိတ်ပူပန်နေရခြင်းဖြစ်လေသည်။

"ဒေါသကြောင့် ဒီလို အနီရောင်အဖြစ်ပြောင်းသွားတယ်မထင်ဘူးလား"

ကျိုးဟောင်မှာ လင်ရှုယင်ကိုကြည့်ပြီးမေးလိုက်သည်။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ စီနီယာတယောက်အနေဖြင့် တချို့အချက်အလက်များကိုသိနေနိုင်မည်လို့ ယူဆလေသည်။

"ကျွန်မ ရှင့်ကို ဒါတော့ပြောနိုင်တယ်။ ဒီချိုင့်ဝှမ်းအက်‌ကွဲကြောင်း၏ အစပ်နားမှာဆိုရင် သန္ဓေပြောင်းလဲခြင်းဖြစ်ပေါ်ကဖို့ကအရမ်းလွယ်ကူတယ်။ အဆင့်နိမ့်မျိုးနွယ်ခြားတွေသာမက ဒီလို အဆင့်မြင့် စိတ်ထွေပြား‌စေသောအသံအင်းစက်တွေတောင် ဒါကိုရှောင်လွှဲလို့မရဘူး"

"ဒါကြောင့် အဆင့်မြင့်မျိုးနွယ်ခြားတွေ ဒီအက်ကွဲကြောင်းအစပ်နားမှာပေါ်ပေါက်လာရင် အလျင်အမြန်ရှာဖွေပြီးသုတ်သင်ရတယ်။ မဟုတ်ရင်ဒီလို အခြေအနေတွေဖြစ်လာလိမ့်မယ်"

"အတွင်းပိုင်း သတင်းအချက်အလက်တွေအရဆို စတုတ္ထအဆင့်ရှိ သ‌န္ဓေပြောင်းသွားတဲ့ မျိုးနွယ်ခြားကိုသတ်ဖြတ်ခဲ့ရသည့်အဖြစ်တွေရှိတယ်"

..................................................................................

အခန်း(၂၀၇)ပြီးပါပြီ။

All Chapters