အခန်း ၂၀၈-၂၁၀
Vol. 14 Ch. 208-210
အခန်း (၂၀၈) : ဒီကလေးကမတူဘူး
ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာစိတ်ထဲမှခါးသီးစွာပြုံးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲပို၍အပြစ်ရှိသလိုပင် ခံစားလိုက်ရပေသည်။
ဤလမ်းတွင် သူယခင်ကကြီးမားသောအထောက်အပံ့တစ်ခု သေချာပေါက်ပေးခဲ့သော်လည်း အဆုံးတွင် အစိမ်းရောင်တိမ်တိုက်အဖွဲ့ထဲမဝင်၍ တကယ်ကြီးဂုဏ်ပြုအမှတ်အမြောက်အများအား ဆုံးရှုံးလိုက်ရလေသည်။
"ဒါကိုအရင်ဆုံးဖြေရှင်းဖို့ကြိုးစားကြတာပေါ့ လုံးဝမဖျက်ဆီးနိုင်ရင်အကူအညီတောင်းလို့ရတယ်"
ခေတ္တမျှစဉ်းစားပြီးနောက် လင်ရှုယင်မှာဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
စင်စစ် သူမသည်သူမကိုယ်သူမအလွန်အမင်းယုံကြည်မှုရှိပေသည်။ သူမသည်ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းအား အချိန်အကြာကြီးကျင့်ကြံခဲ့သူဖြစ်သည်။
ကျိုးဟောင်မှာ ယခင်ကစိတ်လှည့်စားအသံအင်းဆက်အများအပြားအားသတ်ခဲ့သော်လည်း ထိုအရာများမှာ ပထမအဆင့်သန္ဓေပြောင်း သားရဲများသာဖြစ်သည်။
ပထမအဆင့်သန္ဓေပြောင်းသားရဲနှင့် တတိယအဆင့်သန္ဓေပြောင်းသားရဲတို့ကြားရှိကွာခြားချက်မှာမိုးနှင့်မြေပမာကွာခြားပေသည်။
"ကောင်းပြီလေ"
နှစ်ယောက်မှာ ချက်ချင်းပင်သက်ဆိုင်ရာနယ်မြေများဆီရောက်လာကြပြီး စိတ်လှည့်စားအသံအင်းဆက်များအား စတင်အမဲလိုက်လေတော့သည်။
သိပ်မဝေးသောနေရာသို့ ရှောင်ကျင့်ထျန်နှင့် ဒုတာဝန်ခံရှစ်တို့လည်းရောက်ရှိလာကြပေသည်။
စိမ်းစိုကျယ်ပြန့်ပြီး ထူထပ်သောတောအုပ်ထဲတွင်....
ဒုတာဝန်ခံရှစ်ကျီမှာ တိတ်တဆိတ်ပင်သက်ပြင်းချလိုက်လေသည်။ ဤဗိုလ်မှူးရှောင်ကျန့်ထျန်မှာ တကယ့်ကိုပျင်းရိဖွယ်ကောင်းလှပေသည်။
ယခုအချိန်တွင် ရှောင်ကျန့်ထျန်၏စိတ်ထဲတွင် လင်ရှုယင်နှင့်ကျိုးဟောင် စိတ်လှည့်စားအသံအင်းဆက်များအားသတ်နေသည့်မြင်ကွင်းအားကြည့်ရန် သူ့အားဤနေရာသို့ခေါ်လာချင်စိတ်မှာ အမှန်တကယ်ဖြစ်ပေါ်နေပုံရသည်။
ရှောင်ကျန့်ထျန်၏ပါရမီမှာ အလွန်ထူးခြားလှပေသည်။ ယခုအခြေအနေတွင် သူနှင့်ဒုတာဝန်ခံရှစ်ကျီဘေးတွင် လှည့်ပတ်နေသောအထူးလှိုင်းများမှာ သူတို့၏အငွေ့အသက်များအား လုံးဝဖုံးကွယ်ပေးထားလေသည်။
ထို့ကြောင့် သူတို့ဤနေရာတွင်ပေါ်လာသည့်အချိန်၌ ကျိုးဟောင်နှင့်လင်ရှုယင်မှာ လုံးဝသတိမထားမိခြင်းဖြစ်သည်။
"လောင်ရှစ် သေချာကြည့် ဒါကခင်ဗျားအတွက်လည်းကောင်းတယ်"
"ဒီနှစ်ယောက်က အခုကောင်းကင်ဘုံအဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်နေတဲ့ သိုင်းပညာရှင်တွေလို့ပြောလို့ရတယ်"
"သူတို့ရဲ့တိုက်ပွဲကနေ ငါတို့လည်းအများကြီးကြည့်ပြီး သင်ယူလို့ရတယ်"
ဒုတာဝန်ခံရှစ်ကျီမှာ စိတ်ထဲတွင်သရော်နေသကဲ့သို့ ရှောင်ကျန့်ထျန်၏စပ်စုသောအမူအရာမှာလည်း စကားပြောနေရင်း လေးနက်နေသောအမူအရာပြောင်းသွားလေသည်။
ထိုအချိန်တွင် ဒုတာဝန်ခံရှစ်ကျီမှာရုတ်တရက်ထိတ်လန့်သွားပေသည်။ နောက်ဆုံးတွင် သူနားလည်ခဲ့ပြီဖြစ်သည်။
စင်စစ်တွင်ရှောင်ကျန့်ထျန်မှာ စပ်စုလိုစိတ်များခြင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သောကောင်းကင်ဘုံအဆင့်ပညာရှင်များထံမှ သင်ယူလိုခြင်းဖြစ်သည်။
အလားတူပင် ဤသည်မှာအလွန်ရှားပါးသောအခွင့်အရေးဖြစ်ကြောင်းကိုလည်း သူချက်ချင်းပင်သဘောပေါက်လိုက်လေသည်။
ကျိုးဟောင်နှင့်လင်ရှုယင်တို့အား အနီးကပ်စောင့်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
ကျိုးဟောင်ဘက်ခြမ်းတွင် ကျိုးဟောင်နှင့် စိတ်လှည့်စားအသံအင်းဆက်များမှာ ထပ်မံတိုက်ခိုက်နေပြီဖြစ်သည်။
ကျိုးဟောင်မှာ ဤစိတ်လှည့်စားအသံအင်းဆက်များနှင့်ရင်းနှီးနေပြီဟုပြောလို့ရပေရာ ကျိုးဟောင်၏အငွေ့အသက်မှာ ဤစိတ်လှည့်စားအသံအင်းဆက်များအတွက် အလွန်ရင်းနှီးနေပေသည်။
ကျိုးဟောင်ပေါ်လာသည်နှင့် များစွာသောစိတ်လှည့်စားအသံအင်းဆက်များမှာ ကျိုးဟောင်အားစတင်တိုက်ခိုက်လေတော့သည်။
ပထမဆင့်သန္ဓေပြောင်း စိတ်လှည့်စားအသံအင်းဆက်များနှင့်ကြုံပြီးနောက် ၎င်းတို့အားဖျက်ဆီးရန် အနန္တထိုးဖောက်လက်ချောင်းသိုင်းကိုသာ သုံးရန်လိုတော့သည်။
သို့သော် သူယခင်ကခွန်အားအတိုင်းဆက်သုံးနေပါက ဒုတိယအဆင့်သန္ဓေပြောင်းစိတ်လှည့်စားအသံအင်းဆက်များအား သတ်ရန်မလွယ်ကူပေ။
ကံကောင်းသည်မှာ ယခုသူ့လက်ထဲတွင်တရားဝင်ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အတော်လေးခက်ခဲသောအခြေအနေတွင် သူ၏စွမ်းအင်အနှစ်သာရ အားလိုသလိုသုံးနိုင်ပေသည်။
လင်ရှုယင်ဘက်တွင် သူမသည်ကျိုးဟောင်အကူအညီတောင်းမည်ကိုစောင့်ရင်း ဒုတိယအဆင့်သန္ဓေပြောင်း စိတ်လှည့်စားအသံအင်းဆက်များအား တိုက်ခိုက်နေလေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းအားရထားသည်မှာ မည်မျှမှမကြာသေးပေ။ သူ၏ခန္ဓာကိုယ်တွင်းတွင်သိုလှောင်ထားသော အနှစ်သာရစွမ်းအားပင် များများစားစားမရှိသေးပေ။
ဒုတိယအဆင့်သန္ဓေပြောင်း စိတ်လှည့်စားအသံအင်းဆက်များနှင့်ရင်ဆိုင်ရသည့်အချိန်တွင် သူ၏သွေးအနှစ်သာရစွမ်းအားမှာ အသုံးမဝင်တော့ပေ။
အကယ်၍မည်သည့်အမှားအယွင်းမျှမရှိပါက ကျိုးဟောင်မှာဤမျှလောက်အထိတောင့်ခံနိုင်မည်မဟုတ်ပေ။
ဤလူမှာ ယခင်ကလည်းအလွန်လျှို့ဝှက်ဆန်းကြယ်သည့်ပုံဖြင့် သူမအားအလွန်အမင်းမကျေမနပ်ဖြစ်စေခဲ့ပေရာ ယခုတစ်ကြိမ်တွင်သူမကျိုးဟောင်အား အနည်းငယ်လောက်ပညာပြရမှဖြစ်ပေမည်။
သူမသည်စိတ်ထဲမှတွေးရင်း လင်ရှုယင်မှာဘေးသို့ကြည့်လိုက်လေသည်။
"သေစမ်း"
အမြဲတစေ မိန်းမပီသစွာနေခဲ့သောလင်ရှုယင်ပင် စိတ်ထဲမှဆဲရေးမိသွားလေသည်။
ဤကျိုးဟောင်မှာတကယ့်ကို မကောင်းဆိုးဝါးပင်ဖြစ်သည်။
ကျိုးဟောင်မှာ ဆောင်းဦးနွေသစ်စိမ်းသိုင်းအားရထားသည်မှာမကြာသေးသော်လည်း ယခုအချိန်တွင်တကယ်ကြီးအသုံးပြုနိုင်နေပေသည်။
မှန်ပေသည်။ ကျိုးဟောင်သည်ဆောင်းဦးနွေသစ်စိမ်းသိုင်းအား အသုံးပြုနေနိုင်ပြီဖြစ်သည်။ ထို့အပြင် သူသည်၎င်းအားတိုက်ပွဲထဲတွင်အသုံးပြုနေခြင်းဖြစ်သည်။ သူသည် မိုးနှင့်မြေကြားရှိအနှစ်သာရစွမ်းအားအားထုတ်ယူရန် လက်တစ်ဖက်ဖြင့် ကျင့်ကြံရေးသိုင်းအားလှည့်ပတ်ပြီး ကျန်လက်တစ်ဖက်ဖြင့်တိုက်ခိုက်နေပေရာ တကယ့်မကောင်းဆိုးဝါးပမာပင်ဖြစ်ပေသည်။
ဒုတာဝန်ခံရှစ်ကျီမှာလည်း အဝေးမှကြည့်ရင်းအံ့ဩနေလေသည်။
မည်သို့ပင်ဖြစ်စေ ဒုတာဝန်ခံရှစ်ကျီမှာ ကောင်းကင်ဘုံအဆင့်နှင့်ပတ်သက်ပြီး အနည်းအကျဉ်းသိပေသည်။
ယခု ကျိုးဟောင်၏စွမ်းဆောင်ရည်ကိုကြည့်ပြီးနောက် ချက်ချင်းပင်မှင်တက်သွားလေသည်။
ကောင်းကင်ဘုံအဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသောပညာရှင်တစ်ယောက်က ဤမျှကြောက်စရာကောင်းမှန်း သူတို့မယုံရဲပေ။
"အဟွတ် အဟွတ်...."
"ခင်ဗျားအရမ်းအံ့ဩနေစရာမလိုပါဘူး ဒီကလေးကမတူဘူး"
"ကျုပ် ကောင်းကင်ဘုံအဆင့်ကိုခြေလှမ်းတစ်ဝက်ရောက်နေတဲ့ ပညာရှင်တွေအများကြီးမြင်ဖူးပေမဲ့ သူ့လိုလူမျိုးကိုတော့ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
ဒုတာဝန်ခံရှစ်ကျီ၏ကြက်သေသေနေသော အမူအရာကိုကြည့်ပြီး ရှောင်ကျန့်ထျန်မှနှစ်သိမ့်လိုက်လေသည်။
ရှောင်ကျန့်ထျန်မှာလည်း သေချာပေါက်အလွန်မှင်တက်နေပေသည်။
အကယ်၍ကျိုးဟောင်သာ ပုံမှန်ထက်အနည်းငယ်သာပို၍သန်မာလာခြင်းဖြစ်ပါက လက်ခံနိုင်သေးသော်လည်း ယခုမူကျိုးဟောင်မှာ အလွန်အမင်းကို ပုံမှန်မဟုတ်ပေ။
....................................................................................
အခန်း(၂၀၈) ပြီးပါပြီ။
အခန်း (၂၀၉) : အရှုံးကိုဘယ်တော့မှ ဝန်မခံဘူး
အကယ်၍ဒီတိုင်းဆက်သွားပါက အနာဂတ်တွင် ကျိုးဟောင်မှာအဆင့်မည်မျှအထိရောက်မည့် ပညာရှင်တစ်ယောက်ဖြစ်လာမည်လဲ
သိပ်မဝေးသောအကွာအဝေးရှိလေထဲတွင် ကျိုးဟောင်မှာတိုက်ခိုက်ရင်း ကျေနပ်နေပေသည်။
ယခုတစ်ကြိမ်တွင် သူတကယ်ကိုချမ်းသာပြီဖြစ်သည်။ ဤဒုတိယအဆင့်သန္ဓေပြောင်းစိတ်လှည့်စားအသံအင်းဆက်များမှာ အလွန်အမင်းတန်ဖိုးရှိပေသည်။
သူစိတ်လှည့်စားအသံအင်းဆက်အုပ်တစ်အုပ်ကိုသတ်တိုင်း ကံကြမ္မာအမှတ် ၅သောင်းရပေရာ သူ၏ကံကြမ္မာအမှတ်မှာ ၅ဆအထိတန်းတိုးသွားပေသည်။
ယခုလိုနှုန်းဖြင့်ဆိုပါက သူနောက်ထပ်ကံကြမ္မာအမှတ် ၁၅သန်းရမည်ဖြစ်သည်။
အကယ်၍လင်ရှုယင်သာသူနှင့်မပြိုင်ပါက အရေအတွက်မှာ နှစ်ဆဖြစ်သွားမည်ဖြစ်သည်။
သို့သော် သိုင်းပညာရှင်တစ်ယောက်မှာ သီးသန့်ဖြစ်တည်နေသောလူတစ်ယောက်မဟုတ်ပေ။
လင်ရှုယင်ထံတွင် ပင်ကိုစရိုက်နှင့်ပတ်သက်၍ ပြစ်ချက်အချို့ရှိသော်လည်း အဆင်ပြေသေးပေသည်။ ကျိုးဟောင်မှာ ၎င်းအားမိတ်ဆွေတစ်ယောက်ဖွဲ့ရသည့် အဖိုးအခဟုသာသတ်မှတ်ပေသည်။
တောနက်ထဲရှိ ရှောင်ကျန့်ထျန်မှာ သူတို့ဤပြိုင်ပွဲအားဆက်ကြည့်နေပါက သူတို့နှလုံးသားများမှာ မခံနိုင်တော့မည်ကိုစိုးရိမ်ကာ ခဏမျှစူးစမ်းပြီးနောက် ဒုတာဝန်ခံရှစ်ကျီဖြင့် ပြန်ရန်ဆုံးဖြတ်လိုက်လေသည်။
မတတ်နိုင်ပေ။ ကျိုးဟောင်ဖြစ်စေ လင်ရှုယင်ဖြစ်စေ နှစ်ယောက်လုံးမှာ သာမန်ထက်ကျော်လွန်ကြပေသည်။
မခံချင်စဖွယ်ကောင်းလှပေသည်။
အထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်အနေနှင့် သူသည်ကျိုးဟောင်နှင့် လင်ရှုယင်အား မယှဉ်နိုင်သေးပေ။
လက်ရှိတွင်ကျိုးဟောင်သုံးနေသည့်အရာမှာ ဆောင်းဦးနွေသစ်စိမ်းသိုင်းမဟုတ်ဘဲ ကြီးကျယ်သောယန်မှတ်တမ်းသာဖြစ်သည်။
အပြင်ပန်းတွင် သူသည်ဆောင်းဦးနွေသစ်စိမ်းသိုင်းအားသုံးနေသော်လည်း စင်စစ်တွင် သူအသုံးပြုသောအနှစ်သာရစွမ်းအားအား ကြီးကျယ်သောယန်မှတ်တမ်းဖြင့် အစောပိုင်းကတည်းက သန့်စင်ထားခြင်းဖြစ်သည်။
ကံမကောင်းသည်မှာ လင်ရှုယင်မှာ ဤကိစ္စများအားမသိခြင်းပင်ဖြစ်သည်။
လင်ရှုယင်သည်လည်းအလွန်ထိတ်လန့်နေပြီး ကျိုးဟောင်အားမယုံကြည်နိုင်သလိုသာ ကြည့်နေလေသည်။
တစ်နာရီမျှတိုက်ခိုက်ပြီးနောက် သူမသည်ဘေးဘက်သို့ဆုတ်ကာ အသက်ရှူတည်ငြိမ်အောင်လုပ်ဆောင်လိုက်သည်။
အဆုံး၌ကျိုးဟောင်မှာ ဘာမှမဖြစ်သည့်အတိုင်းဆက်လက်တိုက်ခိုက်ဆဲပင် ကြည့်ရသည်မှာ မည်သည့်စွမ်းအားမျှသုံးသည့်ပုံမပေါ်ပေ။
ကွာခြားချက်မှာအလွန်ပင် မနှစ်မြို့စရာကောင်းလှပေသည်။
အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် ကျိုးဟောင်မှာသူတာဝန်ယူထားသော စိတ်လှည့်စားအသံအင်းဆက်အုပ် ၃၀၀ကျော်အားရှင်းပစ်ပြီးပြီဖြစ်သည်။ ထို့နောက် သူသည်ဘေးသို့အားကျနေသောမျက်လုံးတို့ဖြင့် လှည့်ကြည့်လိုက်သည်။
ကျိုးဟောင်၏အကြည့်အား မြင်လိုက်ရသောအခါ လင်ရှုယင်မှာချက်ချင်းပင်ထိတ်လန့်သွားလေသည်။
"စဉ်းတောင်မစဉ်းစားနဲ့ ဒါတွေအားလုံးကျွန်မဟာတွေ"
အပြောနှင့်အတူသူမသည် သူမအပြည့်အဝပြန်မကောင်းသေးသည်ကိုလျစ်လျူရှုကာ အင်းဆက်အုပ်စုထဲသို့ ထပ်မံတိုးဝင်သွားလေသည်။
"တကယ်တော့ မင်းသာငါ့ကိုပစ္စည်းတွေပေးမယ်ဆိုရင် ငါတစ်စိတ်တစ်ပိုင်းကူသတ်ပေးလို့ရတယ် နောက်ဆုံးဂုဏ်ပြုအမှတ်တွေက မင်းဟာပဲ"
ကျိုးဟောင်မှာ ခေတ္တမျှစဉ်းစားပြီးပြောလိုက်သည်။
စင်စစ်တွင် သူမည်သည့်ပစ္စည်းမှမလိုအပ်ပေ။ သူတကယ်လိုအပ်သည်မှာ ကံကြမ္မာအမှတ်များသာဖြစ်သည်။ သို့သော် ပစ္စည်းများအားမလိုချင်ဘူးဟုပြောလိုက်ပါက ပို၍ထူးဆန်းသွားမည်ဖြစ်သည်။
"အိပ်မက်မက်နေလိုက်"
ကျိုးဟောင်မှာ ပစ္စည်းကိုသာယူပြီးဂုဏ်ပြုအမှတ်များအား လင်ရှုယင်အားပေးမည်ဟုကမ်းလှမ်းသည်ကိုတောင် လင်ရှုယင်မှာ စိတ်မဝင်စားပေ။
ဤသည်မှာ ပညာရှင်တစ်ယောက်၏မာနပင်။
ကျိုးဟောင်မှာလည်း ကူရာမဲ့ပြီးလင်ရှုယင်ဒုက္ခရောက်နေသည်ကို ထိုင်ကြည့်နေရုံသာတတ်နိုင်ပေသည်။
သူမ၏ကျင့်ကြံရေးအရှိန်မှာ ကျိုးဟောင်နှင့်ယှဉ်ပါကအလွန်နိမ့်ကျပြီး ကျင့်ကြံရေးသိုင်းနှင့်လိုက်ဖက်မှုမှာ ပို၍ပင်ဆိုးဝါးသေးသည်။
သို့သော် ကျိုးဟောင်မှာဤအမျိုးသမီးမှာ မည်မျှခေါင်းမာပြီးဇွဲကောင်းကြောင်းကိုမြင်လိုက်ရပေသည်။ သူမ၏အနှစ်သာရစွမ်းအားများမှာ အကြိမ်ကြိမ်ကုန်ခမ်းလုနီးပါးဖြစ်နေသော်လည်း သူမသည်ဤစိတ်လှည့်စားအသံအင်းဆက်များနှင့် ဆက်လက်တိုက်ခိုက်နေဆဲပင်ဖြစ်သည်။
တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ကျိုးဟောင်မှာလင်ရှုယင်အားလှောင်လိုစိတ် တစ်စက်မျှရှိမနေပေ။
သူ၏ပါရမီမှာ လင်ရှုယင်အားထိတ်လန့်စေသကဲ့သို့ လင်ရှုယင်၏ခေါင်းမာမှုနှင့်ဇွဲကောင်းမှုမှာလည်း ကျိုးဟောင်အားတုန်လှုပ်စေခဲ့ပေသည်။
"မြင်ပြီမလား ကျွန်မရှင့်အကူအညီလုံးဝမလိုဘူး"
လင်ရှုယင်မှာဂုဏ်ယူစွာဖြင့် နှုတ်ခမ်းတွန့်ကာပြုံးလိုက်သည်။ သူမ၏အနှစ်သာရစွမ်းအားများမှာကုန်ခန်းလုနီးပါးဖြစပြီး သွေးကြောများမှာ ဒဏ်ရာရသွားသော်လည်း သူမသည်အရှုံးအားဝန်ခံလိုစိတ်မရှိသေးပေ။
တစ်လျှောက်လုံး သူမသည်ပြိုင်ဘက်ကင်းများကြားတွင်အတော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့ပြီး အတော်လေးပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပေသည်။ ထို့ကြောင့် သူမသည်အခြားသူထက်နိမ့်ကျကြောင်းအလွယ်တကူဝန်ခံမည်မဟုတ်သလို အလွယ်တကူအရှုံးပေးမည့်လူလည်းမဟုတ်ပေ။
တာဝန်အားအပြီးသတ်ပြီးနောက် သူတို့နှစ်ယောက်မှာ အချင်းချင်းနှုတ်ဆက်ပြီးလမ်းခွဲသွားကြလေသည်။
နေဝင်သွားသည့်အချိန်တွင် ကျိုးဟောင်မှာရှေ့တန်းခံတပ်လိုင်း အပြင်ဘက်ဆုံးရှိ လေ့ကျင့်ရေးကွင်းသို့ပြန်ရောက်နေပြီဖြစ်သည်။
ရှုလင်နှင့်အခြားလူများမှာလည်း ထိုနေရာတွင်လေ့ကျင့်ဆဲဖြစ်သည်။
ယခုကျိုးဟောင်မှာ မူလအဆင့်ပညာရှင်များနှင့်ပတ်သက်သော သတင်းအချကိအလက်များအားသိခဲ့ရပြီဖြစ်သည်။ လက်ရှိတွင်အရေးကြီးသည့်ကိစ္စမှာ အနှစ်သာရစွမ်းအားအားဆက်လက်ကျင့်ကြံပြီး ကျင့်ကြံရေးအဆင့်အားတိုးတက်လာအောင်ပြုလုပ်ရန်ဖြစ်သည်။
ကျင့်ကြံရေးသိုင်းနှင့်ပတ်သက်သော ပြဿနာကိုတော့ ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။
ကျိုးဟောင်လက်ရှိကျင့်ကြံနေသော ကြီးကျယ်သောယန်မှတ်တမ်းမှာ မဆိုးဝါးသော်လည်း ထိပ်တန်းအဆင့်ကျင့်ကြံရေးသိုင်းတော့မဟုတ်ပေ။
ကြီးကျယ်သောယန်မှတ်တမ်းအား ကျိုးဟောင်အသုံးပြုသည့်အချိန်၌ သာမန်ထက်သာလွန်ရသောအကြောင်းပြချက် ၂ချက်ရှိပေသည်။ ပထမတစ်ချက်မှာ ကျိုးဟောင်နှင့် ကြီးကျယ်သောယန်မှတ်တမ်း၏လိုက်ဖက်မှုမြင့်မားသောကြောင့်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သိုင်းပညာရှင်ကျိုးဟောင်ကြုံတွေ့ခဲ့သော သာမန်ကျင့်ကြံရေးသိုင်းအားလုံးနှင့်ယှဉ်ပါက ကြီးကျယ်သောယန်မှတ်တမ်းမှာ မူလကတည်းက သာမန်ထက်ကျော်လွန်နေ၍ပင်ဖြစ်သည်။ ထို့ကြောင့် ကြီးကျယ်သောယန်မှတ်တမ်းနှင့်ပတ်သက်ပြီးလက်ရှိတွင် မည်သည့်ပြဿနာမှမရှိသေးပေ။
သို့သော်ကျိုးဟောင်၏စွမ်းအားဆက်လက်တိုးလာသည်နှင့်အမျှ သူသည်ပိုမိုအဆင့်မြင့်သောသိုင်းပညာရှင်များနှင့် သေချာပေါက် ဆက်ဆံလာရမည်ဖြစ်သည်။
ထိုအချိန်တွင် ကြီးကျယ်သောယန်မှတ်တမ်းမှာ သေချာပေါက်အသုံးမဝင်နိုင်တော့ပေ။
မဟုတ်ပါက ကြီးကျယ်သောယန်မှတ်တမ်း၏မူလပိုင်ရှင် စစ်နန်ရွှင်းမှာ ဤကျင့်ကြံရေးသိုင်းနှင့်ပတ်သက်ပြီး မပြီးနိုင်မဆုံးနိုင် မကျေမနပ်ပြောခဲ့မည်မဟုတ်ပေ။
ယခုအချိန်တွင် ကျိုးဟောင်မှာကံကြမ္မာအမှတ် သန်း ၁၀၀အားစုဆောင်းပြီးပြီဖြစ်သည်။ မည်မျှအဆင့်မြင့်သော ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးနည်းလမ်းဖြစ်ပါစေ အရယူနိုင်ပေသည်။
ဤသည်မှာ သူနှင့်ကြီးကျယ်သောယန်မှတ်တမ်း၏ လိုက်ဖက်မှုမှာအလွန်မြင့်၍သာဖြစ်သည်။ ကြီးကျယ်သောယန်မှတ်တမ်းအား ကျင့်ကြံမှုနှင့်ပတ်သက်ပါက ကျိုးဟောင်၏ကျင့်ကြံမှုမှာ သူနှင့်အဆင့်အတန်းတူသူများထက် အနည်းဆုံးနှစ်ဆင့်နီးပါးမြင့်ပေသည်။
အကယ်၍သူသာ ယခုတစ်ကြိမ်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကိုသုံးပြီး ကြီးကျယ်သောယန်မှတ်တမ်းအားအဆင့်မြှင့်နိုင်ပါက ကွာခြားချက်မှာပို၍ပင် ကြီးမားသွားလိမ့်ပေမည်။
သူကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်အဆင့်သို့ ရောက်သည့်အချိန်၌ သူ၏အဆင့်မှာအခြေခံအဆင့်တွင်သာရှိသည်ဆိုလျှင်တောင် သူ၏စွမ်းအားမှာတော့မကြုံစဖူးအလွန်စွမ်းအားကြီးမည်ဖြစ်သည်။
ထိုအချိန်တွင် အက်ကွဲကြောင်းထဲဝင်ရောက်မည့်ကိစ္စ၌လည်း အများကြီးအန္တရာယ်ကင်းသွားမည်မှာ သံသယဖြစ်စရာပင်မလိုပေ။
....................................................................................
အခန်း(၂၀၉) ပြီးပါပြီ။
အခန်း (၂၁၀) : စနစ်အဆင့်မြှင့်တင်ခြင်း
ကျိုးဟောင်မှာချက်ချင်းပင် သူ့ကံကြမ္မာအမှတ်များအားကြည့်လိုက်သည်။
ကံကြမ္မာအမှတ်များ : ၁၀၂၀၁၂၀၃၀ (သခင်မကံကြမ္မာ၏နှစ်သက်မှု)
ကျိုးဟောင်မှာ ချက်ချင်းပင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်ပဟေဠိသေတ္တာအား ဖွင့်ရန်ပြင်လိုက်သည်။
ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်သည့်အခါ ချက်ချင်းဆိုသလိုပင်ကြက်သေသွားလေသည်။
ယခုအချိန်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ မျက်နှာပြင်မှာ ကြယ်ရောင်ဖြင့်လင်းနေသောကောင်းကင်ပမာမဲနက်နေပြီး အမဲရောင်မျက်နှာပြင်၏အလယ်ဗဟိုတွင် ရွှေရောင်စာကြောင်းတစ်ကြောင်းရှိနေသည်။
"စနစ်အဆင့်မြှင့်တင်ခြင်းအားလုပ်ဆောင်နေပါသည်။ အဆင့်မြှင့်တင်ခြင်းမှာတစ်ရက်အတွင်း ပြီးဆုံးနိုင်ပါသည်။ ကျေးဇူးပြု၍စောင့်ဆိုင်းပေးပါ"
ချက်ချင်းဆိုသလိုပင် ကျိုးဟောင်မှာစိတ်ပျက်သွားသလိုခံစားလိုက်ရပေသည်။
သူ၏အကြည့်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ စကားပြောမျက်နှာပြင်အားရောက်သွားပြီး မကြုံစဖူးအလွန်အမင်းစည်ကားနေသည်ကိုတွေ့လိုက်ရလေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ လက်ရှိတွင်အဆင့်မြှင့်တင်နေဆဲဖြစ်ပေရာ အသုံးပြုသူအားလုံးမှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားဖွင့်မရသလို တိုက်ရိုက်ထုတ်လွှင့်မှုလည်းလုပ်မရပေရာ အားလုံးမှာမကျေမနပ်ပြောနေကြလေသည်။
"ချီးပဲ ခုလိုဖြစ်နေတာယုံတောင်မယုံနိုင်ဘူး"
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ အသုံးပြုသူအများစုမှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အပေါ်တွင်ကြီးစွာမှီခိုနေရပေရာ ၎င်းအားနေ့စဥ်အသုံးပြုရန်လိုသည်မှာပုံမှန်ပင်ဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရှိ တိုက်ရိုက်ထုတ်လွှင့်သူများအတွက်မှာတော့ တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်ရက်တာရပ်နားလိုက်ရသည်မှာ အမြတ်တစ်ရက်လျော့သွားသည်ဟူသောသဘောပင်ဖြစ်သည်။ သက်ရောက်မှုမှာကြီးမားလှပေသည်။
"မင်းတို့လက်မခံချင်ရင်တောင်ဘာမှလုပ်မရဘူး စနစ်ကအဆင့်မြှင့်နေတယ် မင်းတို့ဘယ်လောက်ပဲမလိုချင်ပါစေ သုံးမရဘူး"
"ဒါမျိုးအရင်ကတစ်ခါမှမဖြစ်ဖူးဘူး ငါတကယ်သတိလက်လွတ်ဖြစ်သွားတယ်"
"ပြီးသွားပြီ ပြီးသွားပြီ ငါလျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ဖို့အလျင်လိုနေတာ ဒါကအရေးကြီး....."
အသုံးပြုသူအများအပြားမှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ စကားပြောခန်းတွင် တောက်လျှောက်စကားပြောနေကြလေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ရုတ်တရက်အဆင့်မြှင့်တင်မှုမှာ အသုံးပြုသူအများအပြားအပေါ် အလွန်ပြင်းထန်သောအကျိုးသက်ရောက်မှုမျိုးရှိသည်မှာ သံသယဖြစ်စရာမလိုပေ။
နတ်မိမယ်ယွဲ့လင်မှသက်ပြင်းချကာပြောလာသည်။
"ဟင်း ဒီတစ်ခေါက်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အဆင့်မြှင့်ပြီးရင် ဘယ်လိုဖြစ်လာမလဲမသိဘူး"
ချက်ချင်းပင်အသုံးပြုသူအများအပြားမှာစကားဝိုင်းနောက်လိုက်ကာ သူတို့အမြင်အားပြောလာကြလေသည်။
"အဆင့်မြှင့်ပြီးရင် အတော်များများကပိုကောင်းလာပြီးရိုးရှင်းလာလိမ့်မယ် လုပ်ဆောင်ချက်အသစ်တွေလည်းပါလာနိုင်တယ်"
အသုံးပြုသူတစ်ယောက်မှ မှတ်ချက်ပေးလာလေသည်။
ကျိုးဟောင်သည်လည်းခေါင်းညိတ်လိုက်မိသည်။ ယခင်ကကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ မဆိုးသော်လည်း ခြုံပြောရလျှင်အတော်များများများမှာဆင်တူပြီး ရှုပ်ထွေးပေသည်။
ထပ်ပြောရလျှင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏လုပ်ဆောင်ချက်မှာ အတော်လေးငြီးငွေ့ဖွယ်ကောင်းပေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ယခုတစ်ကြိမ်အဆင့်မြှင့်တင်မှုတွင် ဤပြဿနာများအား ဖြေရှင်းနိုင်ဖို့မျှော်လင့်မိပေသည်။
မကြာမီပင် ကျိုးဟောင်မှာအရေးကြီးကိစ္စတစ်ခုအား သတိရသွားလေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ကြေညာချက်တွင်ပြောထားသည်မှာ နောက်တစ်ရက်တွင်အဆင့်မြှင့်တင်မည်ဟုသာပြောထားပြီး ဘယ်အချိန်စမြှင့်တင်မလဲဆိုတာကိုတော့ မပြောထားပေ။
ယခင်က သူသည်လင်ရှုယင်နှင့် တာဝန်များထမ်းဆောင်နေ၍ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ အဆင့်မြှင့်တင်မှုအား အာရုံမစိုက်မိပေ။
ကျိုးဟောင်မှာချက်ချင်းပင်စာရိုက်ကာ အများပြည်သူစကားပြောရာနေရာတွင်မေးလိုက်လေသည်။
ငါကသာမန်လူတစ်ယောက်ပါပဲ "ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရဲ့အဆင့်မြှင့်တင်မှုက ဘယ်အချိန်စမလဲသိကြလား"
ကျိုးဟောင်မေးပြီးနောက် လူအများအပြားမှာလည်း ထိုမေးခွန်းကိုသာစတင်မေးလာကြလေတော့သည်။
အစောပိုင်းက အားလုံးမှာမကျေမနပ်ပြောရုံဖြင့်သာအလုပ်ရှုပ်နေကြပြီး ဤပြဿနာမှာ သူတို့စိတ်အပူရဆုံးပြဿနာဖြစ်မည်ဟု မမျှော်လင့်ထားကြပေ။
အားလုံးအတွက် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏အရေးပါမှုမှာ ကိုယ်တွေ့ပင်ဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အဆင့်မြှင့်ပြီးနောက် လုပ်ဆောင်ချက်အသစ် သို့မဟုတ် အခွင့်အလမ်းအသစ်များပါလာပါက သူသေချာပေါက် အစကတည်းကလက်လွှတ်ခံမည်မဟုတ်ပေ။
ဤမေးခွန်း၏အဖြေကိုသိသော အချို့အသုံးပြုသူများမှာ မဖြေဘဲနေကြပြီး အခြားလူများလည်း မဖြေရန်တိတ်တဆိတ်မျှော်လင့်နေကြပေသည်။
သို့သော် ၎င်းမှာမဖြစ်နိုင်ပေ။
"သခင်ကြီး ကျွန်တော်သိတယ် ဒီနေ့ နေ့လယ် ၁၂နာရီကစဝာာ ကျွန်တော်သုံးနေရင်းနဲ့ စနစ်အဆင့်မြှင့်တင်မှုသတိပေးချက်က ရုတ်တရက်ပေါ်လာတာ
@ ငါကသာမန်လူတစ်ယောက်ပါပဲ"
"ဝါး သခင်ကြီးပေါ်လာပြီ ဒါကမဟုတ်မှသခင်ကြီးကရှားပါးအဆင့်ပစ္စည်းတွေအများကြီးရလို့များလား ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က အခုသခင်ကြီးကိုအပြစ်ဒဏ်ပေးတော့မှာလား
@ငါကသာမန်လူတစ်ယောက်ပါပဲ"
ကျိုးဟောင်မှာပေါ်လာသည်နှင့် ချက်ချင်းပင်ရုတ်ရုတ်သဲသဲဖြစ်လာစေလေသည်။
အသုံးပြုသူအများအပြားမှာ ကျိုးဟောင်တစ်ခုခုသိနိုင်သည်ဟုတွေးကာ ကျိုးဟောင်နှင့် ရူးသွပ်စွာဆက်သွယ်လာကြလေသည်။
သို့သော် ကျိုးဟောင်မှာဘာမှမသိပေ သူခုတစ်လောတကယ့်လက်တွေ့ဘဝတွင် အများအပြားရနေပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲဝင်ရန် အချိန်ပင်မရှိပေ။
တကယ့်အကြောင်းအရင်းမဆိုထားနှင့် ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် မည်သည့်အချိန်မှစတင်၍ အဆင့်မြှင့်သလဲဆိုတာတောင်မသိပေ။
သူလိုချင်သောသတင်းအချက်အလက်အားရပြီးနောက် ကျိုးဟောင်မှာဆော့ဖ်ဝဲလ်ထဲမှအလျင်အမြန်ထွက်လိုက်ပြီး ဆက်လက်ကျင့်ကြံလေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ အဆင့်မြှင့်တင်နေဆဲမှာပင် အစိမ်းရောင်တိမ်တိုက်ဌာနခွဲ၏အစည်းအဝေးခန်းထဲတွင် အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပနေလေသည်။
ယခင်နှင့်မတူဘဲ သူတို့၃ယောက်မှာနေရာအား လေးနက်သောအမူအရာဖြင့်ရောက်နေကြပြီဖြစ်ပြီး ကျန်၉ယောက်မှာ လိုင်းပေါ်မှတက်ရောက်ကြပေသည်။
"အားလုံးပဲ လိုရင်းကိုပဲပြောကြတာပေါ့"
လေးထောင့်ကျကျမျက်နှာပုံစံရှိပြီး အမဲရောင်ဘောင်ကွပ်မျက်မှန်တပ်ဆင်ထားပြီး တရုတ်ရိုးရာသင်တိုင်းဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်မှာ ထိုင်လိုက်ပြီးသည်နှင့် ချက်ချင်းပင်စကားပြောလာလေသည်။
အခြားလူ ၁၁ယောက်မှာ ကန့်ကွက်ခြင်းမရှိဘဲ စိတ်ရှည်စွာဖြင့်နားထောင်နေကြပေသည်။
"ယုံကြည်ရတဲ့သတင်းအရ ခုတစ်လောကမ္ဘာမြေပေါ်ကအက်ကွဲကြောင်းတွေအားလုံးမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုရှိတယ်လို့ သတင်းရတယ်"
....................................................................................
အခန်း(၂၁၀) ပြီးပါပြီ။