← Chapters

အခန်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အခန်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အခန်း (၂၁၁) : သတင်းထူး

"နေရာအနှံ့အပြားမှာ ချိုင့်ဝှမ်းအက်ကွဲကြောင်း တွေထပ်ထပ်တိုးလာနေတယ်။ အရင်က အက်ကွဲကြောင်းတွေမရှိခဲ့တဲ့နေရာတွေမှာတောင် ခုဆို အက်ကွဲကြောင်းတွေပေါ်လာခဲ့တယ်"

"ကျွန်တော်သိရှိရသလောက်ကတော့ ဟွာရှားမြို့နေရာအနှံ့မှာ အလွန်အန္တရာယ်များတဲ့ အက်ကွဲကြောင်း ၁၃ခုလောက်ထပ်ပေါ် ပေါက်လာခဲ့တယ်"

မျက်နှာလေးထောင့်နှင့်အသက်လတ်အရွယ်လူက စကားဆုံးအောင်ပြောပြီးနောက် အားလုံးကို တချက်ကြည့်လိုက်လေသည်။

"၁၃ခုတောင်လား အတော်များတာပဲ"

တခြားပညာရှင်များမှာလည်း ထိတ်လန့်သွားကြခဲ့ကြလေသည်။ ဟွာရှားမြို့မှာ အခက်အခဲနှင့်ရင်ဆိုင်နေရပြီဖြစ်သည်။ အက်ကွဲကြောင်း၏ အတွင်းမှာ ရော အပြင်မှာ ရော လူအင်အားမလုံလောက်ပေ။

ယခုလို အက်ကွဲကြောင်း အသစ် ၁၃ခုထပ်တိုးလာသောကြောင့် ကာကွယ်ရေးလိုင်းများမှာ ကျိန်းသေပေါက် ၀န်ပိ‌လေပြီ။

"အက်ကွဲကြောင်းတွေမှာ တခြားမျိုးနွယ်ခြားတွေရောပေါ်လာပြီလား"

ပညာရှင်‌တယောက်က အဓိကကျသော မေးခွန်းကိုမေးလိုက်လေသည်။

အက်ကွဲကြောင်းများ ပေါ်ပေါက်လာသော်လည်း တချို့အက်ကွဲကြောင်းများတွင် မျိုးနွယ်ခြားတို့၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ထိုကဲ့သို့ ဘာမှမပေါ်လာသော အက်ကွဲကြောင်းကိုတော့ အထူးသတိထားစောင့်ကြပ်ရန်မလိုအပ်ပေ။

"ဟုတ်တယ်။ အခုပေါ်လာတဲ့ အက်ကွဲကြောင်း ၁၃ခုလုံးမှာ နေထိုင်နေတဲ့ မျိုးနွယ်ခြားတွေရှိနေတယ်"

ထိုစကားကိုကြားလိုက်သောအခါ ဆွေးနွေးခန်းတခုလုံး ဖိအားဒဏ်ကို ခံစားလိုက်ရပြီးတိတ်ဆိတ်သွားကြလေသည်။သူတို့အတွက် အချိန်အများကြီး မကျန်တော့ပေ။

ဒါ့ကြောင့်သူတို့အတွက် အလျင်အမြန်ပြင်ဆင်ဖို့လိုအပ်နေလေပြီ။ သူတို့မမျှော်လင့်ထားသော အပြောင်းအလဲများသာဖြစ်လာပါက လူငယ်သိုင်းပညာရှင်များ အတွက် အရွယ်ရောက်ချိန်တောင်ရတော့မည်မဟုတ်ပေ။ သူတို့အတွက် အကူအကယ်မဲ့သလို ခံစားနေရလေသည်။

"ငါတို့အခုလောလောဆယ် အရေးကြီးတဲ့အရာ ၃ခုကို ခပ်မြန်မြန်လုပ်ရမယ်။ ပထမတချက်အနေနဲ့ လက်ရွေးစင် လေ့ကျင့်ရေးစခန်းက အရည်အချင်းရှိသူတွေကို အလျင်အမြန်ပြုစုပျိုးထောင်ကြရမယ်။ သူတို့က နောင်အနာဂတ်မှာ ငါတို့လူသားမျိုးနွယ်အတွက် ထောက်တိုင်တွေပဲ"

"ဒုတိယအချက်အနေနဲ့ ဟွာရှားမြို့မှာရှိတဲ့ သိုင်းပညာရှင်တွေအားလုံးကို ရွှေ့ပြောင်းပြီး ရနိုင်သမျှအထောက်အပံ့တွေအကုန်ယူပြီး ဒီအက်ကွဲကြောင်း ၁၃ကြောင်းကို ခုခံဖို့ပြင်ဆင်ရမယ်"

"နောက်ဆုံးအချက်အနေနဲ့ အက်ကွဲကြောင်းရဲ့ အတွင်းပိုင်းအနက်ထဲမှာ ရှိနေတဲ့ သိုင်းပညာရှင်တွေအနဲ့ မျိုးနွယ်ခြားတွေကို အမဲလိုက်တဲ့တာ၀န်ကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်ပြီး ဖိအားဒဏ်တွေကို လျော့ချရမယ်"

မျက်နှာလေးထောင့်နှင့်လူက တိတ်ဆိတ်နေသော ဆွေးနွေးခန်းကို လှုံ့ဆော်လိုက်ပြီး သူစဉ်းစားထားသမျှကိုပြောလိုက်လေသည်။

တခြားပညာရှင်များလည်း အသိပြန်၀င်လာပြီး တညီတညွတ်ထဲခေါင်းညိတိလိုက်ကြလေသည်။

.....

ကျိုးဟောင်မှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ဆွေးနွေးခန်းထဲဘာတွေဖြစ်ပျက်သွားမှန်းမသိဘဲ လေ့ကျင့်ရေးကွင်း၌ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ပြီးမည့်အချိန်ကိုစောင့်နေလေသည်။

ဆော့ဖ်ဝဲလ်ထဲတွင် အခွင့်အလမ်းအသစ်များပေါ်လာနိုင်လေသည်။ ကျိုးဟောင်မှာ ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်မှုတွင် ဘာတွေပြောင်းလဲသွားမလဲ မသိသော်လည်း သူ့တွင် အမှတ် သန်း၁၀၀ရှိနေသောကြောင့် စိတ်မပူပေ။

လျှို့ဝှက်ဆန်းကြယ်သေတ္တာများ နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များရှိနေသရွေ့ သူ့ကံကြမ္မာအမှတ်များကို အသုံးပြု၍ ရှားပါးပစ္စည်းများ ကို ရယူနိုင်လေသည်။

တညတာ ကုန်ဆုံးသွားပြီး နောက်တနေ့ နေ့လည်လောက်တွင် ကျိုးဟောင်က ဆော့ဖ်ဝဲလ်အား ဖွင့်ကြည့်လိုက်လေသည်။

ကျိုးဟောင်ဖွင့်ကြည့်နေသည့်အချိန်မှာပဲ အခြားအသုံးပြုသူများမှာလည်း ဆော့ဖ်ဝဲလ်ထဲ ၀င်ရောက်လာကြလေသည်။

သို့သော်လည်း ဆော့ဖ်ဝဲလ်မှာ ဘာမှ အခွင့်အလမ်းအသစ်များ ပါမလာသောကြောင့် လူတိုင်းစိတ်ပျက်သွားကြသည်။ အရင်တိုင်းကအတိုင်းပင် ဘာမှ သိပ်ပြောင်းလဲမှု မရှိပေ။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏စကားပြောခန်းတွင် လူအများအပြား အပြစ်တင်ပြောဆိုနေကြလေသည်။

"ဘယ်လို အဆင့်မြှင့်တင်မှုကြီးလဲ ။ ဘာမှလည်း ပြောင်းလဲသွားတာမရှိဘူး"

"ပြောင်းလဲသွားတာမရှိဘူးလို့တော့ပြောလိုမရပါဘူး။ ကြားခံစာမျက်နှာကိုကြည့်လိုက် ခုဆို အပိုင်း၄ပိုင်းတောင်ဖြစ်သွားပြီ။ တတိယမြောက်အကန့်မှာ တခုခုတော့ရှိမယ်ထင်တယ်"

"တတိယမြောက်အကန့်က ဗလာကြီးမဟုတ်ဘူးလား"

တခြားသူများ ‌ငြင်းခုန်ပြောဆိုနေချိန်၌ ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ အဆင့်မြှင့်တင်ထားမှုကို သေချာစစ်နေလေသည်။

ဆော့ဖ်ဝဲလ်၏ ရှေ့ဆုံးစာမျက်နှာတွင် ဖောက်ထွင်းမြင်ရသော အကန့် ၄ခု ပေါ်လာလေသည်။

ဘယ်ဘက်ထိပ်ဆုံးထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သေတ္တာများရှိသော စာမျက်နှာရှိပြီး ညာဘက်ထိပ်ဆုံးထောင့်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းရှိလေသည်။

ဘယ်ဘက်အောက်ဆုံးထောင့် လူအများပြောနေသော တတိယမြောက်အကန့်တခုပေါ်နေလေသည်။ဒါပေမဲ့ ထိုစာမျက်နှာအကန့်က တခုခုထူးခြားသည့်အရာအတွက် ဖြစ်နိုင်လေသည်။

စကားပြောခန်းတွင်တော့ အသုံးပြုသူအများအပြားက ထိုအကန့်မှာ ဘာမှမရှိဘဲ ဗလာကြီးဖြစ်နေသည်လို့ပြောဆိုနေကြလေသည်။

သို့သော်လည်း ကျိုးဟောင်ဆီတွင်တော့ "ဈေးဆိုင်(အသက်မသွင်း‌ရသေး)" ဟုပြသနေလေသည်။

ထိုအကန့်ကိုဖွင့်ရန်အတွက် ကောင်းကင်ဘုံဆော့ဖ်ဝဲလ်တွင် အချို့သော လိုအပ်ချက်များပြည့်မှီရန်လိုအပ်ကြောင်းထင်ရှားလေသည်။

လေးခုမြောက်အကန့်လေးကတော့ သိမ်းဆည်းရေးအိတ်ဖြစ်လေသည်။ အခြားအရာများကတော့ အရင်တိုင်းဘာမှ မပြောင်းလဲပေ။

ထိုအချိန်မှာပဲ ကျိုးဟောင်ဆီသို့ စာတစောင်ကျ‌လာလေသည်။ ဖွင့်ကြည့်လိုက်သောအခါ နတ်မိမယ် ယွဲ့လင်ဆီမှ စာဖြစ်နေလေသည်။

"သခင်ကြီး တတိယမြောက်အကန့်ကိုမြင်ရလား ရှင့်။ တချို့လူတွေကတော့မြင်ရတယ်လို့ပြောကြတယ်။ ကျွန်မကတော့ အဲ့လိုကံကောင်းတဲ့အထဲမပါဘူးထင်ပါတယ်"

ကျိုးဟောင်နှင့်တဖြေးဖြေးရင်းနှီးလာပြီးနောက် နတ်မိမယ်ယွဲ့လင်မှာ စကားပြောကို အနည်းငယ် အပျော်သဘော ပြောတတ်လာလေသည်။

"မင်းလည်းပဲ မမြင်ရဘူးလား"

ကျိုးဟောင်မှာ အနည်းငယ်အံ့ဩသွားလေသည်။ သူအစကထင်ခဲ့သည်မှာ ထိုအကန့်ကို မြင်ရဖို့ ငွေကြေးသုံးစွဲသည့်ပမာဏနှင့် ဆိုင်မည်လို့တွေးနေခဲ့လေသည်။

အဘယ့်ကြောင့်ဆို ယခုစကားပြောခန်းတွင် ထိုအကန့်အား မမြင်ရဘူးလို့ပြစ်တင်နေကြသူများမှာ အဆင့်နိမ့်သုံးစွဲသူများဖြစ်ကြလေသည်။

သို့သော်လည်း နတ်မိမယ် ယွဲ့လင်လိုသူကပါ မမြင်ရသောကြောင့် ဒီတတိယအကန့်မှာ ငွေကြေးသုံးစွဲမှု ပမာဏပေါ် မူတည်မနေတော့ပေ။

"သတင်းထူး သတင်းကြီးဟေ့"

ကျိုးဟောင်နှင့် နတ်မိမယ် ယွဲ့လင်တို့ စကားပြောနေစဉ်မှာပဲ စိန်အဆင့်သုံးစွဲသူတယောက်က စကားပြောခန်းထဲသို့၀င်ပြောလာလေသည်။

"ဆရာကြီး....ဘာသတင်းထူးတာလဲ ဆရာကြီး"

....................................................................................

အခန်း(၂၁၁)ပြီးပါပြီ။

အခန်း (၂၁၂) : ဒဏ္ဍာရီအဆင့်ပစ္စည်းအပိုင်းအစ

စိန်အဆင့်အသုံးပြုသူများမှာ သူတို့အတွက် အကျိုးရှိမှ ပေါ်လာတတ်သောလူစားများ ဖြစ်ကြသည်။ဒါပေမဲ့ အခုတော့ ထိုစိန်အဆင့်အသုံးပြုသူက သတင်းထူးကိုပင် ဝေမျှလာလေသည်။

ကျိုးဟောင်၏ စိတ်လှုပ်ရှားမှုမှာလည်း မြင့်တက်လာပြီး ဘာသတင်းထူးလဲဆိုတာကို စိတ်၀င်စားနေလေသည်။

"တတိယမြောက်အကန့်က ဈေးဆိုင်ပဲ။ လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကနေ ရှားပါးအဆင့်ပစ္စည်း ၅ခုရမှ အဲ့ဈေးဆိုင်အကန့်က ပေါ်လာမှာဖြစ်တယ်"

"ငါ့သူငယ်ချင်းတွေရဲ့အဖြေနဲ့ ငါ့စမ်းသပ်မှု အရ‌တော့ နှစ်၀က်အတွင်း ရှားပါး အဆင့်ပစ္စည်း အခုတစ်ရာကို စုဆောင်းနိုင်မှု ဈေးဆိုင်ရဲ့လုပ်ငန်းစဉ်ကိုအသက်သွင်းနိုင်လိမ့်မယ်"

ထိုစကား‌များကြောင့် စကားပြောခန်း တခုလုံး ပွက်လောရိုက်ကုန်လေသည်။

" ချီးပဲ ဘယ်လိုတောင် ယုတ္တိမရှိလိုက်သလဲ။ နှစ်၀က်အတွင်းရှားပါးပစ္စည်း အခုတစ်ရာစုရမယ်ပေါ့။ ငါ့ကို လာနောက်နေတာလား"

"တခြားလူတွေမလုပ်နိုင်ရင်တောင်မှ @ငါသည်သာမန်လူတယောက်ပါ ကတော့ လုပ်နိုင်လိမ့်မယ်ထင်တယ်"

"လခွမ်း သခင်ကြီး ငါသည်သာမန်လူတယောက်ခင်ဗျာ ကျုပ်ကို နည်းလမ်းလေးပြသပေးပါဦး"

"သခင်ကြီး ငါသည်သာမန်လူတယောက်ရေ လျှို့ဝှက်နည်းလမ်းများကို ပြောပြဦး လောကကိုအကျိုးပြုပေးပါလား"

"သခင်ကြီးရေ တခုခုပြန်ပြောပါဦး"

စကားပြောခန်းတွင် သုံးစွဲသူများက ကျိုးဟောင် အားအရူးအမူး ခေါ်နေကြလေသည်။ သူတို့အားလုံး ကျိုးဟောင်ကဲ့သို့ ကံကောင်းချင်နေကြလေသည်။

ကျိုးဟောင်လည်း နှလုံးခုန်သံများ မြန်ဆန်နေလေသည်။ တကယ်လို့သူသာ နှစ်၀က်အတွင်း ရှားပါး ပစ္စည်း အခုတစ်ရာကိုသာ စုဆောင်းနိုင်ပါက ဈေးဆိုင်လုပ်ငန်းစဉ်အား ပထမဆုံးအသက်သွင်းနိုင်မည့်လူဖြစ်လာလေမည်။

သူ့အား တဆာဆာခေါ်နေသော လူများ စိတ်မပျက်စေလိုရန် ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သေတ္တာစာမျက်နှာသို့ သွားလိုက်လေသည်။

ဆော့ဖ်ဝဲလ်မှာ အဆင့်မြှင့်တင်မှုပြုလုပ်ထားသော်လည်း ဒီသေတ္တာများအတွက်ကတော့ အရင်အတိုင်း ဘာမှ မပြောင်းလဲပေ။

အစတွင် ကျိုးဟောင်မှာ ကံကြမ္မာအမှတ်များကို မသုံးဘဲ ဒီအတိုင်းဖွင့်လိုက်လေသည်။ စနစ်က သူ့အား နှင်းဆီပွင့်များသာ ပေးခဲ့လေသည်။

ကျိုးဟောင်မှာ ပြီးခဲ့သော တိုက်ပွဲအတွင်း ကင်းမြှီးကောက် အရှင်သခင် နှင့် စိတ်လှည့်စားအသံအင်းဆက်များကို သတ်နိုင်ခဲ့ခြင်းကြောင့် အရောင်ရှိ ပုံဆောင်ခဲ အတုံး ၃၀၀လောက်ပိုင်ဆိုင်ခဲ့လေသည်။ဒါ့ကြောင့် လက်ရှိသူ့လက်ထဲတွင် ပိုက်ဆံအများအပြားရှိနေခဲ့လေသည်။

ဒါ့အပြင် သူစုဆောင်းထားခဲ့ခြင်းကြောင့် သူ့လက်ထဲတွင် အရောင်ရှိ ပုံဆောင်ခဲ ၅၀၀လောက်ရှိနေလသည်။ အရင်တုန်းက သူ့လက်ထဲတွင် ဒီလောက်ပမာဏရှိနေပါက အလွန်ပျော်ရွှင်နေမည်ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံအဆင့်သို့ရောက်ပါက ထို အရောင်ရှိပုံဆောင်ခဲများမှာ ဘာမှ အသုံးမ၀င်တော့ပေ။ အကြောင်းမှာ အရောင်မဲ့ ပုံဆောင်ခဲ အတုံး ၁၀၀တောင်မှ စွမ်း‌အင်ပုံဆောင်ခဲ တတုံးနှင့်သာ လဲလှယ်နိုင်လေသည်။

ကျိုးဟောင်က လက်ရှိ သူ့ပိုက်ဆံကြွယ်၀မှုကို အားပြုပြီး ‌ရွှေရောင်သေတ္တာများ နှင့် ပလက်တီနမ်သေတ္တာအချို့ကို ကံကြမ္မာ အမှတ်များမသုံးဘဲ ဖောက်ကြည့်နေလေသည်။

ထို့နောက် အသုံးပြုသူများကြားတွင် ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်မှုကြောင့် ဘာအပြောင်းအလဲမှမဖြစ်ပေါ်သေးတာကို သူသတိပြုမိလိုက်သည်။

ယခုအချိန်ထိ ဈေးဆိုင်လုပ်ငန်းစဉ်အား မည်သူမှ အသက်မသွင်းနိုင်ကြသေးပေ။ မြင်နေရပြီး အသုံးမပြုနိုင်ခြင်းကြအတော် စိတ်အနှောက်အယှက်ဖြစ်စေလေသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာများ အများအပြားဖွင့်ပြီးနောက် ကျိုးဟောင်မှာ နှင်းဆီပွင့်များ ၊ အနံ့ပြင်းသောတို့ဟူးများ နှင့် လက်ဖက်ဥများ ရခဲ့လေသည်။

ဆော့ဖ်ဝဲလ်၏ ဈေးဆိုင်လုပ်ငန်းစဉ်က သူ့အား လက်ယပ်ခေါ်နေသလို ခံစားမိနေလေသည်။

ဒါကြောင့် ကျိုးဟောင်မှာ ထပ်မံ ဇာချဲ့မနေတော့ဘဲ ကံကြမ္မာ အမှတ် သန်း၁၀၀အား သုံးစွဲလိုက်လေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ကံကောင်းခြင်းနတ်သမီးရဲ့ လွှမ်းမိုးမှုက ဘယ်လောက်ကြောက်စရာကောင်းကြောင်းပြသလိုက်လေသည်။

ကံကြမ္မာ အမှတ်သန်း ၁၀၀အား စုဆောင်းရန်မှာ တကယ်တော့မလွယ်ကူလှပေ။ သူ့အတွေ့အကြုံအရ ဒီလောက်ကံကြမ္မာအမှတ်တွေ သုံးခြင်းကြောင့် ရလဒ်မှာ ပေါက်ကွဲထွက်လာမည်လို့ ခံစားမိသည်။

ခဏလေးအတွင်း၌ပင် သူ၏ ကံကြမ္မာ အမှတ်သန်း ၁၀၀မှာ ချက်ချင်းကုန်ဆုံးသွားလေသည်။ထိုအချိန်၌ ကျိုးဟောင်မှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအား မုန်တိုင်းတိုက်သကဲ့သို့ အပြင်းအထန်ဖွင့်လေတော့သည်။

"ဒင်... အဆင့်မြင့်ပစ္စည်း -မြစိမ်းရောင်ရေဓား အား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

"ဒင်... အဆင့်မြင့်ပစ္စည်း - အစင်းသုံးကြောင်းအား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

"ဒင်... အဆင့်မြင့်ပစ္စည်း -နွေဦးမိုးစက်ဓားသိုင်း အား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

"ဒင်... ရှားပါးပစ္စည်း - မိုးမခနတ်သစ်စေ့ အား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

"ဒင်...ရှားပါးပစ္စည်း - စာမဲ့ကောင်းကင်ဘုံစာအုပ် အား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

"ဒင်...ဒဏ္ဍာရီလာပစ္စည်း - နတ်ဆိုးနှိမ်‌နှင်းရေး‌မြှား အပိုင်းအစ(၁/၁၀၀) အား ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ပစ္စည်းအား သိမ်းဆည်းရေးအိတ်ထဲထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြု၍သတိပြုပါ"

.....

‌သုံးစွဲသူများကစကားပြောခန်းထဲတွင် ကျိုးဟောင်အကြောင်းပြောဆိုဆွေးနွေးကြနေကြသည့်အချိန်ပဲ အသိပေးစာများတက်လာလေသည်။

ဒီတကြိမ်တွင် ကျိုးဟောင်မှာ အဆင့်မြင့်ပစ္စည်း ၈၀လောက်ရရှိခဲ့လေသည်။ အဆင့်မြင့်ရှားပါးပစ္စည်း ၇ခုရရှိသည့်အကြောင်း အသိပေးစာသာပေါ်ပေါက်လာ‌သော်လည်းစကားပြောခန်းတခုလုံး အုံကြွသွားလေသည်။

"အားး သခင်ကြီး...သခင်ကြီး ဘယ်လိုများလုပ်လိုက်တာလဲ"

"ဂါးးးး သခင်ကြီး ငါသည်သာမန်လူတဦးသာဖြစ်သည် ခင်ဗျာ... ကျုပ်ကိုနည်းလမ်းလေး မစ ရင် ကျေးဇူးဆပ်ပါ့မယ်ဗျာ"

"ငါအတော် မနာလိုဖြစ်မိတယ်။ သခင်ကြီးက တခါထဲနဲ့ အဆင့်မြင့်ရှားပါးပစ္စည်း ၇ခုတောင်ရခဲ့တာပဲ။ ခင်‌ဗျား လျှို့ဝှက်ဆန်းကြယ်သေတ္တာဘယ်နှခုလောက်ဖွင့်လိုက်ရလဲ"

လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ အဆင့်မြင့်ပစ္စည်းများကို ရရှိနိုင်နှုန်းမှာ မမြင့်မားသော်လည်း အသုံးပြုသူများမှာ တချိန်မဟုတ် တချိန်တော့ရနိုင်ပေသည်။

သို့သော် ရှားပါးအဆင့်ပစ္စည်းများကတော့ ရနိုင်နှုန်းသိပ်နည်းလေသည်။ သေတ္တာအများအပြားဖွင့်ရင်တောင်မှ တခုလောက်ရရန်မလွယ်ကူပေ။

"သခင်ကြီး ဒဏ္ဍာရီလာပစ္စည်းက ဘာလဲခင်ဗျ"

...................................................................................

အခန်း(၂၁2ပြီးပါပြီ။

အခန်း (၂၁၃) : ရှစ်ခုမြောက်ကမ္ဘာ့အံဖွယ်

သာမန်သုံးစွဲသူများမှာ အဆင့်မြင့်ပစ္စည်းရာနဲ့ချီအား တအံတဩကြည့်နေကြပြီး သူတို့အတွက် ဒီလောက်များသော အဆင့်မြင့်ပစ္စည်းများကို ခုမှ ပထမဆုံးတွေ့ဖူးခြင်းဖြစ်လေသည်။

အဆင့်မြင့်သုံးစွဲသူများကတော့ ရှားပါးပစ္စည်း ၇ခုကိုသေချာကြည့်နေကြပြီး တပြိုင်နက် ရှားပါးပစ္စည်း ၇ခုရယူနိုင်ခဲ့ခြင်းမှာ ရှစ်ခုမြောက်ကမ္ဘာ့အံဖွယ်အလားပင်ဖြစ်နေသည်။

ထိပ်တန်းအဆင့်အသုံးပြုသူအနည်းငယ်ကတော့ ဒဏ္ဍာရီလာရှားပါးပစ္စည်းအပိုင်းအစအား စိတ်၀င်စားနေကြလေသည်။

ဒါသည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တွင် ပထမဦးဆုံးအကြိမ် ဒဏ္ဍာရီလာ ရှားပါးပစ္စည်းပေါ်ပေါက်လာခြင်းဖြစ်လေသည်။ ပေါ်လာသည်ကလည်း အပိုင်းအစတခုဖြစ်နေသော်လည်း ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

"သခင်ကြီး 'ငါသည်သာမန်လူတယောက်သာဖြစ်သည်' ဘာလို့ ပြန်မပြောတာလဲ။ နောက်ဆုံးကအဆင့်မြင့် ဒဏ္ဍာရီလာ ပစ္စည်းဆိုတာကရောဘာလဲ"

အသုံးပြုသူအများအပြား ‌ဇဝေဇဝါဖြစ်နေကြလေသည်။

ကျိုးဟောင်သည်လည်း အံ့ဩနေခဲ့လေသည်။သြူအတွက်လည်း ဒါက ပထမဆုံးအကြိမ် ဒဏ္ဍာရီလာ ရှားပါးပစ္စည်းအား ရခဲ့ခြင်းဖြစ်လေသည်။ပိုပြီးဟာသဖြစ်နေသည်က ရခဲ့သည့် ဒဏ္ဍာရီလာပစ္စည်းက အပိုင်းအစတခုသာဖြစ်နေခြင်းပင်။

ထိုအပိုင်းအစမှာသာမန်မဟုတ်ပေ။ အပိုင်းအစ အခု၁၀၀ တိတိပေါင်းစပ်မှရရှိမည့် နတ်ဆိုးနှိမ်နင်းရေးမြှား ဖြစ်လေသည်။

သို့သော်လည်း ကျိုးဟောင်မှာ စိန်အဆင့်အသုံးပြုသူပြောသည့်သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ရှားပါးပစ္စည်း ၇ခုရရှိပြီးသည့်နောက်မှာ ဈေးဆိုင်အကန့်ကပိုမိုထင်ရှားလာလေသည်။စည်းမျဉ်းအရ သူ့အနေဖြင့် ရှားပါးအဆင့်ပစ္စည်း ၁၀၀ကနေ ၁၂၀အထိစုဆောင်းနိုင်မှ ဈေးဆိုင်၏ လုပ်ငန်းစဉ်မှာ အသက်၀င်လာမည် ဖြစ်လေသည်။

ကံကြမ္မာအမှတ်သန်း ၁၀၀လောက် သုံးခဲ့‌ပြီးနောက် သူပြန်ရခဲ့သည်မှာ မယုံကြည်နိုင်လောက်အောင်ကြီးမားလေသည်။

သူ့သိမ်းဆည်းရေးအိတ်မှာ အဆင့်မြင့်ပစ္စည်းများဖြင့်ပြည့်နှက်နေလေသည်။ သို့သော်လည်း သူ့အနေဖြင့်ထို အဆင့်မြင့်ပစ္စည်းလောက်ကို စိတ်မ၀င်စားတော့ပဲ အချို့ကို ပင် သူများအား လက်ဆောင်ပေးချင်နေလေသည်။

သူစိတ်၀င်စားနေသည်က ရှားပါးအဆင့် ပစ္စည်း ၇ခုနှင့် ဒဏ္ဍာရီလာ အဆင့်ပစ္စည်းဖြစ်လေသည်။

နတ်ဆိုးနှိမ်နင်ရေး‌မြှား အပိုင်းအစ (၁/၁၀၀) မှာ အထွတ်အထိပ်အဆင့် စွမ်းအင်အနှစ်သာရအသုံးပြုရသည့် လက်နက်တခုဖြစ်လေသည်။ အပိုင်းအစအခု ၁၀၀ကို စုပေါင်းပြီးမှ ရရှိလာမည်ဖြစ်သည်။

လက်ရှိတွင် နတ်ဆိုးနှိမ်နင်းရေးမြှားမှာ အပိုင်းအစအဆင့်အခြေအနေတွင်သာရှိပြီး အချက်အလက်အနည်းငယ်သာ ကျိုးဟောင်သိရလေသည်။ သို့သော်လည်း ကျိုးဟောင်မှာ အလွန်အံ့ဩတုန်လှုပ်သွားရလေသည်။

ထို နတ်ဆိုးနှိမ်နင်းရေးမြှားမှာ အထွတ်အထိပ်အဆင့် စွမ်းအင်အနှစ်သာရအသုံးပြုရသည့် လက်နက်ဖြစ်နေမည်လို့ သူမထင်ထားခဲ့ပေ။

စွမ်းအင်အနှစ်သာရကို အသုံးပြုရသည့်လက်နက်များမှာ ကောင်းကင်ဘုံအဆင့်ပညာရှင်အတွက်သီးသန့်အထူးပြလုပ်ထားသည့်အရာများဖြစ်လေသည်။

သာမန်သိုင်းပညာရှင်များအနေဖြင့် ထိုလက်နက်များကို ၀ယ်ယူနိုင်စွမ်း နှင့် အသုံးပြုပိုင်ခွင့် မရှိပေ။

စွမ်းအင်အနှစ်သာရအသုံးပြုရသည့်လက်နက်များကို အဆင့်နိမ့် ၊ အလယ်အလတ်အဆင့် ၊ အဆင့်မြင့် နှင့် အထွတ်အထိပ်အဆင့်ဆိုပြီး ခွဲခြားထားလေသည်။

နတ်ဆိုးနှိမ်နင်းရေးမြှား ၏အပိုင်းအစအားလုံးကိုသာ စုစည်းနိုင်ပါက ကျိုးဟောင်အနေဖြင့် အထွတ်အထိပ်အဆင့် စွမ်းအင်အနှစ်သာရလက်နက်တခုကိုပိုင်ဆိုင်နိုင်‌မည်ဖြစ်သည်။

သိုသော်လည်း နတ်ဆိုးနှိမ်နင်းရေးမြှားမှာ အလွန်ကောင်းမွန်သော်လည်း အပိုင်းအစများစွာကို လိုက်လံစုဆောင်းရမည့် ခရီးရှည်ကြီးဖြစ်နေလေသည်။

သူ့အနေဖြင့် နတ်ဆိုးနှိမ်နင်းရေးမြှား၏ အပိုင်းအစများကို လိုချင်ပါက ကံကြမ္မာအမှတ်သန်း ၁၀၀ကျော် ထပ်မံအသုံးပြုရလေမည်။

ဒီလောက်ကံကြမ္မာအမှတ်တွေရရန် ကျိုးဟောင်အနေဖြင့် မျိုးနွယ်ခြားအမြောက်အမြားသတ်ရန်လိုအပ်လေသည်။ ဒီလောက် အများအပြားသတ်နိုင်မည့်အခွင့်အလမ်းဘယ်ကရမည်နည်း။

ကမ္ဘာတဝှမ်းရှိ ချိုင့်ဝှမ်းအက်ကွဲကြောင်းများတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည့် အကြောင်းနှင့် ဟွာရှားမြို့မှာတင်နောက်ထပ် အက်ကွဲကြောင်းအသစ်၁၃ခုထပ်ပေါ်လာသည့်အကြောင်းများကိုတော့ ကျိုးဟောင်မသိသေးပေ။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းများက ထိုကိစ္စအတွက် ခေါင်းကိုက်နေကြပြီး ကျိုးဟောင်ကတော့ သူသတ်ရန် မျိုးနွယ်ခြားမှာ မလုံလောက်မှာကိုစိတ်ပူနေလေသည်။

နတ်ဆိုးနှိမ်နင်းရေးမြှားအား ကြည့်ပြီးနောက် ကျိုးဟောင်က စာမဲ့ကောင်းကင်ဘုံစာအုပ်အား တချက်ကြည့်လိုက်လေသည်။

ထိုစာမဲ့ကောင်းကင်ဘုံစာအုပ်မှာ လက်ရှိတွင် သူ့အတွက် အလိုအပ်ဆုံးအရာဖြစ်နေလေသည်။ အကြောင်းမှာ စာမဲ့ကောင်းကင်ဘုံစာအုပ်က သူ၏ ကြီးကျယ်သောယန်မှတ်တမ်းအား နောက်တဆင့် သို့ရောက်အောင်လုပ်ပေးနိုင်စွမ်းရှိလေသည်။

ဘာမှစဉ်းစားမနေဘဲ ကျိုးဟောင်က ချက်ချင်းအသုံးပြုလိုက်လေသည်။

သူ၏ ကြီးကျယ်သောယန်မှတ်တမ်း အား စာမဲ့ကောင်းကင်ဘုံစာအုပ်ပေါ်တွင် ရိုက်နှိပ်လိုက်ပြီး တခဏအတွင်းမှာပဲ သူ၏ ကြီးကျယ်သော ယန်မှတ်တမ်းမှာ အဆင့်မြင့် " ဒြပ်စင်ငါးသွယ်ကမဟာယန်မှတ်တမ်း" အဖြစ်ပြောင်းလဲသွားလေသည်။

"တန်သားပဲ"

ပြည့်နေသော သိမ်းဆည်းရေးအိတ်အားကြည့်ပြီး ကျိုးဟောင်ပြုံးလိုက်သည်။

အချိန်တော်တော်များများတွင် ကျိုးဟောင်က သူရသော ပစ္စည်းများအတွက် ရောင့်ရဲတတ်ခဲ့သည်။ သို့သော် ဒီတကြိမ်တွင် သူမျှော်မှန်းထားသည်ထက်ပိုမိုရရှိခဲ့လေပြီ။

သူကံကြမ္မာအမှတ်များပိုစုနိုင်လေလေ ကောင်းကင်ဘုံဆော့ဖ်ဝဲလ်အား အံတုနိုင်လေလေဖြစ်လေသည်။

အခုချိန်ထိ စကားပြောခန်းထဲတွင် ပွက်လောရိုက်နေဆဲဖြစ်လေသည်။ ကျိုးဟောင်၏ ဒဏ္ဍာရီလာပစ္စည်းနှင့်ပတ်သက်ပြီးပြောနေကြလေသည်။

ရွှေရောင်အဆင့်နှင့် ပလက်တီနမ်အဆင့် သုံးစွဲသူများက ကျိုးဟောင်အား အရူးအမူးခေါ်နေကြလေသည်။ စိန်အဆင့်အသုံးပြုသူများကတောင် လောဘတကြီး ငိုကြွေးပြနေကြလေသည်။

ပုံမှန်အားဖြင့် စိန်အဆင့်အသုံးပြုသူများမှာ ငွေသုံးကြမ်းကြသူများဖြစ်လေသည်။သို့သော်လည်း ကျိုးဟောင်မှာ ရှားပါးပစ္စည်း ၇ခုနှင့် ဒဏ္ဍာရီလာပစ္စည်းတခုကို တပြိုင်နက်ထဲရရှိသည့် ပထမဆုံး လူဖြစ်နေလေသည်။

"ငါသည်သာမန်လူတယောက်သာဖြစ်သည် ဆိုတဲ့ ညီကိုရေ လျှို့ဝှက်ဆန်းကြယ်သေတ္တာ ဘယ်နှလုံးဖွင့်ခဲ့တာလဲ"

"ငယ်ရွယ်သောဆရာ၏တူလေး" ဟူသောအိုင်ဒီ နဲ့ စိန်အဆင့်အသုံးပြုသူက ကျိုးဟောင်အားခေါ်ပြီးမေးထားလေသည်။

"ရှားပါးပစ္စည်း ၇ခု နဲ့ ဒဏ္ဍာရီအဆင့် ပစ္စည်း ၁ခုကို တခါထဲနဲ့ရခဲ့တာပဲ။ နောက်ကွယ်မှာ တခုခုတော့ဖြစ်နေပြီ"

"ငါတော့ မနာလိုဖြစ်နေပြီ။ တော်တော့ကို မနာလိုဖြစ်နေပြီ။ ရှားပါးပစ္စည်း ၇ခုမပြောနဲ့ တခုလောက်ရရင်တောင် ငါအတော်ပျော်မိမှာပဲ"

"သခင်ကြီးရေ ဒဏ္ဍာရီအဆင့်ပစ္စည်းကဘာလဲဟင်။ ကျုပ်တို့ကိုသိအောင်ပြပေးပါဦး"

လူတိုင်းနီးပါး စိတ်၀င်စားနေကြသည်မှာ ကျိုးဟောင်ရရှိခဲ့သော ဒဏ္ဍာရီအဆင့်ပစ္စည်းပင်ဖြစ်လေသည်။

ရှားပါးအဆင့်ပစ္စည်းရရှိနိုင်သည့်အခွင့်အရေးမှာ အလွန်နည်းသော်လည်း ရံဖန်ရံခါ တွေ့ရတတ်လေသည်။ သို့သော် ဒီလို ဒဏ္ဍာရီအဆင့်ပစ္စည်းမျိုးကိုတော့ တခါမှ မမြင်ဖူးကြပေ။

တခြားအသုံးပြုသူများမှာ ကျိုးဟောင်ကဲ့သို့ဖြစ်မလားဆိုပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်နေကြလေသည်။ သို့သော်ကျိုးဟောင်တ‌ယောက်တည်းကသာ ဖွင့်လိုက်တိုင်း သူလိုချင်သော ပစ္စည်းကိုရနေခြင်းဖြစ်လေသည်။

...................................................................................

အခန်း(၂၁၃)ပြီးပါပြီ။

All Chapters