← Chapters

အခန်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အခန်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အခန်း (၂၂၃): အချိန်ကိုက်ပဲ

သို့သော် သူကလွဲပြီး အားလုံးပြန်ရောက်နေကြောင်းသတိထားမိလိုက်သည်။

လူတိုင်းက သူ့အား မျက်လုံးပြူးပြီးကြည့်နေကြလေသည်။ ကျိယွီဖန်လည်း ဝေခွဲမရဖြစ်နေလေသည်။ကျိုးဟောင်တို့အဖွဲ့မှာ လူပိုများလာပြီး သွားလာရပိုမိုခက်ခဲ‌ပေမည်မဟုတ်လား။

ကံကောင်းထောက်မစွာဖြင့် ကျိယွီဖန် ပြန်ရောက်ပြီးနောက် ယန်ယွေ့ လူတိုင်းအား ရှေ့တန်းခံတပ်စခန်းဆီသို့ ပြန်ခေါ်ရန် စတင်ပြင်ဆင်လေသည်။

ဂျက်လေယာဉ်များမှာ အလွန်ပင်မြန်ဆန်လှပြီး ခုနှစ်ခုမြောက်လက်ရွေးစင်လေ့ကျင့်ရေးစခန်းနှင့် ၇ခုမြောက်အက်ကွဲကြောင်းအသစ်မှာလည်း သိပ်မဝေးပေ။ သိပ်မကြာခင်မှာပဲ သူတို့အားလုံး လေ့ကျင့်ရေးစခန်းသို့ပြန်ရောက်လာကြလေသည်။

ရင်းနှီးသော နေရာပတ်၀န်းကျင်သို့ပြန်ရောက်လာမှပဲ ကျောင်းသားအားလုံးသက်ပြင်းချနိုင်ကြလေသည်။

" အား နောက်ဆုံးတော့ငါတို့ပြန်လာနိုင်ခဲ့ပြီ"

"ဟုတ်တယ်။ လေ့ကျင့်ရေးနေရာက အရမ်းအန္တရာယ်များပြီး အချိန်တိုင်းနီးပါး သေတော့မလို ခံစားနေရတယ်"

"အခြားလူတွေလိုပဲ ငါတို့လည်းရှေ့လျှောက်သေချာကျင့်ကြံမှရမယ်။ ကျိုးဟောင် ၊လုကျန်း ၊ ကျိယွီဖန် နဲ့ရှုလင်တို့ကို ကြည့်ဦး သူတို့ဆို ဒီလေ့ကျင့်ရေးနယ်ထဲမှာ အခက်အခဲမရှိသွားလာနိုင်ကြတယ်"

ကျောင်းသားအတော်များများမှာ အသက်လုတိုက်ပွဲတိုက်ခဲ့ရသကဲ့သို့ခံစားနေရလေသည်။ ထိုခံစားချက်ကပင်သူတို့အား အပြင်းအထန်ကျင့်ကြံလိုစိတ်များပေါ်လာစေခဲ့သည်။

ဒဏ်ရာရ ကျောင်းသားများမှာလည်း ကုသရေးအတွက်ပြင်ဆင်နေကြလေသည်။

ဒီတကြိမ်တွင် လုကျန်းတယောက်ထဲဒဏ်ရာရခဲ့ခြင်းမဟုတ်ပေ။ ကျိယွီဖန်မှာလည်း တယောက်ထဲသွားလာဖို့ကြိုးစားရင်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လက်တဖက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့လေသည်။

လုကျန်း နှင့် ကျိယွီဖန်တို့၏ ဒဏ်ရာနှင့်ယှဉ်ပါက ရှုလင်နှင့်ယွင်ယန်တို့၏ ဒဏ်ရာမှာ စာမဖွဲ့လောက်ပေ။

အဆင့်များတွက်ချက်စီစစ်ပြီးချိန်နောက်မှာတော့ မျှော်လင့်ထားသလိုပင် ကျိုးဟောင်ကပထမနေရာရရှိခဲ့လေသည်။ ဒီတခေါက်တွင် ကျိုးဟောင်မှာ ပိုမိုကြမ်းတမ်းပြီး အမှတ် ၂၆၀၀၀ ကျော်အထိစုဆောင်းနိုင်ခဲ့လေသည်။ ဒါ့အပြင် ဒုတိယနေရာက လူနှင့် အမှတ် ၂သောင်းလောက်ဖြတ်ထားနိုင်ခဲ့လေသည်။

ကျိုးဟောင်မှာ လင်ရှုယင်နှင့်တွေ့ဆုံခဲ့ပြီး စိတ်လှည့်စားအသံအင်းစက်များကို သတ်ရမည်ဖြစ်သောကြောင့် သူ၏ချပ်၀တ်ရှိ အာရုံခံကိရိယာများအားပိတ်ထားခဲ့ရသည်။ မဟုတ်ပါက သူ၏အမှတ်များမှာ ဒီထက်ပိုများမည်ဖြစ်လေသည်။

အဆင့်များကြေငြာပြီးနောက် အားလုံးကိုယ်စီ အဆောင်များသို့ ပြန်လာကြလေသည်။ ကျိုးဟောင်နှင့် ရှုလင်ကတော့ ထုံးစံအတိုင်းအတူတူတွဲလျှောက်ရင်းပြန်လာလေသည်။

သူတို့နှစ်ယောက်ကို တွဲမြင်လိုက်တိုင်းယောကျာ်းလေးများမှာ မနာလိုဖြစ်နေရုံမှအခြား ဘာမှမတတ်နိုင်ပေ။

သူတို့အားလုံး ကျိုးဟောင်အား မနာလိုကြသော်လည်းဘာမှ မပြောရဲကြပေ။ ကျိုးဟောင်၏လက်ရှိအခြေအနေအရ သူတို့စကားမှားသွားပါက ဘယ်လိုသေသွားမှန်းတောင်သိမည်မဟုတ်ပေ။

"နင် အခုသန်မာလာနေပြီဖြစ်သော်လည်း သိုင်းပညာရှင်တယောက်ရဲ့ လမ်းကြောင်းကရှည်လျားလှတယ်။ အခုနင်ဦးဆောင်ထားနိုင်ပြီဆိုသော်လည်း ရပ်နေလို့တော့မဖြစ်ဘူးနော်"

ရှုလင်ကထုံးစံအတိုင်းဆုံးမနေလေသည်။

"နားလည်ပါတယ်။ ဒါပေမဲ့ နင် ငါ့ကိုသင်ခန်းစာပေးချင်ရင်တော့ ငါ့ကိုအရင်ဆုံးကျော်အောင်လုပ်ဦး"

ကျိုးဟောင်က ပြောရင်း သူ့လက်ကိုဆန့်ပြီး ရှုလင်၏ပုခုံးလေးအားပုတ်ဖို့ကြိုးစားလိုက်သည်။

ရှုလင်ကမျက်စောင်းလေးထိုးဖို့ ကြည့်လိုက်သောအခါ ကျိုးဟောင်က သူ့လက်ကိုပြန်ရုတ်လိုက်သည်။

ဒါပေမဲ့ ထိုအခိုက်အတန့်လေးမှာပဲ ရှုလင်က သူ့အား ရုတ်တရက် ဖက်ထားပေးလိုက်လေသည်။

အခြားသူများက ကျိုးဟောင်အောင်မြင်တာကိုသာမြင်ကြသော်လည်း သူမကတော့ ကျိုးဟောင်၏ မိသားစုနောက်ခံ၊ အထူးရုပ်သွင်ခန္ဓာ၊ တခြားထူးချွန်သည့်အရာများ မရှိဘဲ ကျိုးဟောင်သေချာကြိုးစားလုပ်ဆောင်ခဲ့သည်ကို သိလေသည်။

ဘာတခုမှ မရှိဘဲ ဒီအခြေအနေထိရောက်အောင် ကျိုးဟောင်ကျင့်ကြံခဲ့ရသည်မှာ ဘယ်လောက်ခက်ခဲကြောင်း တခြားသူများ မှန်းဆနိုင်မည်မဟုတ်ပေ။

ကျိုးဟောင်မှ ရှုလင်ဘာကြောင့် ဒီလောက်တက်ကြွနေသလဲ စဉ်းစားမရပေ။ သို့သော်လည်း သူချက်ချင်းပင် ရှုလင်အား ပြန်ဖက်လိုက်လေသည်။ဒီအခွင့်အရေးအား လက်လွှတ်ခံခြင်းက မိုက်မဲသော လုပ်ရပ်ပင်ဖြစ်မည်။

ကျိုးဟောင်၏ကျင့်ကြံရေးလမ်းကြောင်းမှာ တကယ်တော့ အရမ်းမခက်ခဲခဲ့ပေ။ သို့သော် အခွင့်အရေးပေးတိုင်း ဖြစ်ထွန်းအောင်လုပ်ဖို့က ခက်ခဲပေသည်။ ကျိုးဟောင်ကတော့ ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့လေသည်။

ဗီလာသို့ပြန်ရောက်ပြီးနောက် ကျိုးဟောင်က နောက်ဘာလုပ်မလဲ မစဉ်းစားခင် ရေချိုးပြီး အ၀တ်အစားလဲနေလေသည်။

ကောင်းကင့်ဘုံအဆင့် ကျင့်စဉ်အားရရှိခဲ့ပြီးနောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ဖြစ်မည့် တံခါးတချပ်အား ဖွင့်နိုင်ခဲ့ပြီဖြစ်လေသည်။

သို့သော်လည်း ကောင်းကင်ဘုံအဆင့် သိုင်းပညာရှင်တယောက်ဖြစ်လာဖို့က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အခက်အခဲများဖြင့်ပြည့်နှက်နေလေသည်။

အက်ကွဲကြောင်း၏ အပြင်ဘက်တွင် ကောင်းကင်ဘုံအဆင့်တယောက်အတွက် ရရှိနိုင်မည့်အထောက်အပံ့များမှာ အလွန်နည်းပါးလှသည်။

အက်ကွဲကြောင်းထဲ ၀င်ရောက်နေထိုင်ရန်အတွက်ကလည်း အမျိုးမျိုးသော အခြေအနေ နှင့် အခက်အခဲများစွာရှိနေသေးလေသည်။

အကောင်းဆုံးအဖြေက လျှို့ဝှက်ဆန်းကြယ်သေတ္တာများနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်နေလေသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာများ နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွက်ကျလည်း အနှစ်သာရပုံဆောင်ခဲများ ၊ စွမ်းအင်ပုံဆောင်ခဲ များနှင့် ကံကြမ္မာအမှတ်များ လိုအပ်နေပြန်သည်။

"ဟူး... ငါက ဘယ်ကနေ စွမ်းအင်ပုံဆောင်ခဲတွေနဲ့ ကံကြမ္မာ အမှတ်တွေရနိုင်မလဲ"

ကျိုးဟောင်တယောက်အိပ်ရာထက်တွင် စဉ်းစားရင်းခေါင်းကိုက်နေခဲ့သည်။

၇ခုမြောက်အက်ကွဲကြောင်းအတွင်း မျိုးနွယ်ခြားအများအပြားနှင့် သားရဲလှိုင်းတိုက်ခိုက်မှုအချို့ကို ကိုင်တွယ်နိုင်ခဲ့ခြင်းက ကံကောင်းသည်လို့ဆိုရမည်။

အခြားအချိန်များတွင်ရှေ့တန်း ကာကွယ်ရေးတပ်များက တိုက်ခိုက်ရန်လိုအပ်သည့် မျိုးနွယ်ခြားကို ရှင်းလင်းခဲ့ကြပြီးဖြစ်လေသည်။ ဒါကသူနှင့်တော့မသက်ဆိုင်ပေ။

ဒါ့အပြင်သူက လက်ရှိ ဂုဏ်ထူးဆောင် ဥက္ကဌတယောက်ဖြစ်နေသည့်အတွက် အခြားသူများ၏အလုပ်အား အတင်းလုယူလုပ်ဆောင်ရန်မသင့်တော်ပေ။

မည်သည့်ရှေ့တန်းခံတပ်လိုင်းမဆို သူပါးစပ်ဟာလိုက်ပါက လိုလိုလားလားပင် မျိုးနွယ်ခြားများအား သုတ်သင်ဖို့ဖိတ်ခေါ်မည်ကိုတော့ ကျိုးဟောင်မသိခဲ့ပေ။

အထူးသဖြင့် အက်ကွဲကြောင်းများတွင် အပြောင်းအလဲများစွာဖြစ်ခဲ့ပြီး အထူးသတိထားရမည့် အက်ကွဲကြောင်းအသစ်၁၃ခုပါရှိနေလေသည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်ပြီး၏စဉ်းစားနေစဉ်မှာပဲ သူ၏ ဆက်သွယ်ရေးစက်ကလင်းလာခဲ့သည်။ဒုတာ၀န်ခံရှစ်ကျီဆီမှ ခေါ်ဆိုမှုဖြစ်နေလေသည်။

" ဥက္ကဌကျိုး ကျုပ်တောင်းပန်ပါတယ်..."

ရှစ်ကျီ၏ စကားသံကို ကြားလိုက်ရသောအခါ ကျိုးဟောင်ပြုံးမိသွားလေသည်။

တောင်းပန်နေဖို့မလိုအပ်ပေ။ ရှစ်ကျီကသူ့အား တကယ့်ကိုအချိန်ကိုက် ဆက်သွယ်ခဲ့ခြင်းဖြစ်ပေသည်။

....................................................................................

အခန်း(၂၂၃)ပြီးပါပြီ။

အခန်း (၂၂၄): နတ်‌ဆိုးမိစ္ဆာငရဲ

အရင်က ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်ကျင့်စဉ်အတွက် သူ့မှာရှိသမျှ စွမ်းအင်ပုံဆောင်ခဲများနှင့် ကံကြမ္မာအမှတ်များကို အသုံးပြုခဲ့ရသည်။

ယခုမျိုးနွယ်ခြားများ ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် သူ့အတွက် ငွေအနံ့များ ရရှိနေခဲ့လေပြီ။

ကျိုးဟောင်ဘက် တိတ်ဆိတ်နေခဲ့ခြင်းကြောင့် ဒုတာ၀န်ခံရှစ်ကျီက ပို၍အားနာနေခဲ့လေသည်။

ကျိုးဟောင်ကသူတို့မူလအဆင့်ကောင်စီရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌ ဖြစ်ပြီး တလကို အရောင်ရှိပုံဆောင်ခဲ ၂၀၀ရရှိနေသူလည်းဖြစ်လေသည်။အခုကျိုးဟောင်မှာ နှစ်ရက်သုံးရက်တခါလောက် ရှေ့တန်းခံစစ်လိုင်းကိုလာပြီး တိုက်ခိုက်ပေးနေရလေသည်။ ဘယ်သူ့အတွက်မဆို ဒါကကောင်းသောအရာမဟုတ်ပေ။

မူလအဆင့်ပညာရှင်တယောက်မှာ အလွန်တန်ဖိုးရှနလေသည်။ အထွတ်အထိပ် ပညာရှင်တယောက်ကို အမြဲတမ်း အကူညီဖို့အမိန့်ပေးနေခြင်းကို မဖြစ်သင့်ပေ။

ဒါပေမဲ့အခု ကြုံတွေ့နေရသည့် ခြောက်ခုမြောက်အက်ကွဲကြောင်း၏ ကပ်ဘေးကြီးကိုတော့ ကျိုးဟောင်ကလွဲ၍ မည်သူမှ ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။

"ရှင့်ရဲ့ဖုန်းကို ပေးစမ်း။ ဒီလိုအချိန်ကျမှ ဘာလို့တုံ့ဆိုင်းနေတာလဲ"

ရှစ်ကျီ ၏ဘေးတွင်ရှိသော စုမုန့်ယင်းက ရှစ်ကျီဘာတွေးနေသလဲဆိုတာကိုသိသောကြောင့်ပြောလိုက်သည်။ ဒီလိုအချိန်တွင် ဘာမှ ‌စိတ်နှောင့်နှေးနေဖို့မလိုအပ်ပေ။

"ဥက္ကဌကျိုး ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်ပြီး အလိုမကျဖြစ်သွားမှာကို ကျွန်မတို့နားလည်ပါတယ်။ဒါပေမဲ့ ဒီဘက်မှာလည်း ကျွန်မတို့တတ်နိုင်တာဘာမှမရှိလို့ပါ"

"တကယ်လို့ကောင်းကင်ကြီးပြိုကျလာရင်တောင် တယောက်ယောက်ကတော့ ထိန်းကိုင်ပေးထားဖို့လိုအပ်တယ်လေ။ စွမ်းအားကြီးလာလေလေ တာ၀န်ယူရတာများလာလေလေပါပဲ"

" တောင်းဆိုချင်တာရှိရင်လည်း ကျွန်မတို့ဆွေးနွေးလို့ရပါတယ် ဒါပေမဲ့ ခြောက်ခုမြောက် အက်ကွဲကြောင်းရဲ့အ‌ခြေအနေကတော်တော်ဆိုးနေလို့ပါ။ ကျွန်မတို့က ခင်ဗျားကို ဒီကအခြေအနေကို အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဖြေရှင်းမပေးနိုင်ခင်မှာ ခဏလောက်ထိန်းထားပေးစေချင်ရုံပါ"

စုမုန့်ယင်းက ကျိုးဟောင်အား ရှေ့ထွက်လာပြီး ခြောက်ခုမြောက် အက်ကွဲကြောင်းကြီး၏ အခြေအနေအား လာထိန်းပေးဖို့ ပြောကြားနေလေသည်။

ကျိုးဟောင်စိတ်မသက်မသာဖြစ်သွားခဲ့သည်။ သူဘာတခွန်းမှ မပြောရသေးပါပဲ ဘာလို့ ရှစ်ကျီ နှင့် စုမုန့်ယင်းက သူမကူညီပေးချင်ဘူးလို့ထင်နေရတာလဲ...

ယခုမူ ကျိုးဟောင်မှာ ဗီလာမှာ အချိန်ဖြုန်းနေရခြင်းထက် ရှေ့တန်းခံတပ်လိုင်းတွင် တိုက်ခိုက်နေရသည်ကို ပိုမိုနှစ်သက်လေသည်။

"ငါနားလည်ပါတယ်။ ဒါနဲ့ ၆ခုမြောက်အက်ကွဲကြောင်းက ဘယ်နေရာမှာလဲ"

သူအခုတရုတ်တွင် အန္တရာယ်ရှိသော အက်ကွဲကြောင်း ၁၃ ခုထပ်ပေါ်နေကြောင်းသိရှိခဲ့လေသည်။

သို့သော်လည်း သူနှင့်နီးသော ၇ခုမြောက်အက်ကွဲကြောင်းကိုသာ သိ‌ပြီး အခြား အက်ကွဲကြောင်းများတည်နေရာကိုတော့ မသိသေးပေ။

"ဒီကအခြေအနေတွေနဲ့ တည်နေရာကိုဩဒိနိတ်တွေကို ခင်ဗျားရဲ့ ဆက်သွယ်ရေးစက်ကို ကျွန်မပို့ပေး လိုက်ပါမယ်"

စုမုန့်ယင်း၏ အသံထဲတွင် အံဩနေမှုများပြည့်နေလေသည်။ သူမလွယ်လွယ်နှင့် ကျိုးဟောင်အား ခေါ်ထုတ်နိုင်မည်လို့ မထင်ထားခဲ့ပေ။

ခေါ်ဆိုမှုပြီးသွားပြီးနောက်ဆွေးနွေးခန်းထဲရှိ ယန်ဟွေ့ ၊ ရှစ်ကျီ နှင့် အခြား မူလအဆင့်၇ယောက်တို့က စုမုန့်ယင်းအား လက်မထောင်ပြလိုက်ကြလေသည်။

ကျိုးဟောင်၏အကူအညီနဲ့သာဆိုရင် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ အကူအညီမလာခင်အချိန်ထိ အချိန်ဆွဲထားနိုင်မည်မှာသေချာလေသည်။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ပညာရှင်များ ရောက်လာပါက သေချာပေါက် မျိုးနွယ်ခြားများအားဖိနှိပ်နိုင်မည်ဖြစ်‌သည်။

ဗီလာထဲသို့ ကျိုးဟောင်၏ အသွင်အပြင်မှာ ပျောက်ကွယ်သွားပြီး သက်တံသဖွယ် အလင်းတန်းကြီးက ခြောက်ခုမြောက် အက်ကွဲကြောင်းဆီသို့ဦးတည်သွားနေလေသည်။

သူသည် ခုနက အခြေအနေက အရေးပေါ်ဖြစ်နေသည့် သတင်းအချက်အလက်ကြောင့် အလွန်လျင်မြန်သောအဟုန်ဖြင့်သွားနေလေသည်။

တခြားတဖက်မှာလည်း အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ပညာရှင်များကိုလည်းစေလွှတ်ဖို့ပြင်ဆင်နေလေသည်။

ကျိုးဟောင်သည်လည်း အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အဖွဲ့၀င်တယောက်ဖြစ်သောကြောင့် ထိုအဖွဲ့ကပညာရှင်များမှာ ဘယ်လောက် အစွမ်းထက်ကြောင်း သိလေသည်။

တကယ်လို့ လင်ရှုယင်ကဲ့သို့လူမျိုး ၁၀ယောက်လောက်သာရောက်လာပါက မည်သူ့ မျိုးနွယ်ခြားမှ တောင့်ခံနိုင်မည်မဟုတ်ပေ။ သူ့အတွက်လည်း ဘာမှ လုပ်စရာကျန်တော့မည်လည်း မဟုတ်ပေ။

ကျိုးဟောင်မသိခဲ့သည်က လင်ရှုယင်သည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်လေသည်။

အက်ကွဲကြောင်းအပြင်ဘက်တွင် လင်ရှုယင်တို့လိုလူမျိုး ၁၀ယောက်မပြောနှင့် ၆ယောက်လောက်သာကျန်တော့လေသည်။ကျိုးဟောင်အပါအဝင်မှ ၇ယောက်သာရှိလေသည်။

အဖွဲ့အစည်းရှိအခြားပညာရှင်များက အထွတ်အထိပ်မူလပညာရှင်များ နှင့် အခြား‌အောက်အဆင့်များဖြစ်လေသည်။ သူတို့၏ အင်အားများမှာ ရှစ်ကျီတို့လောက်သာရှိပြီး အများကြီးတော့ သိပ်မကွာပေ။

ခြောက်ခုမြောက် အက်ကွဲကြောင်းမှာ နတ်ဆိုးမိစ္ဆာငရဲသဖွယ်အခြေအနေဆိုးဝါးနေပြီး မျိုးနွယ်ခြားမျိုးစုံက ကာကွယ်ရေးခံတပ်လိုင်းကို မြို့များကို ၀င်ကာ သိုင်းပညာရှင်များ နှင့် စစ်သားများကို အရူးအမူးတိုက်ခိုက်နေလေသည်။

"သတ်ကြ..."

"သတ်ကြစမ်း.. အဲ့အကောင်တွေကို အကုန်သတ်ပြီး ပြန်မောင်းထုတ်ကြ။ ငါတို့တောင့်ခံထားရမယ်။တောင့်ထားကြ....."

မူလအဆင့်ပညာရှင်တယောက်မှာ ချပ်ဝတ်အား လေဆာဖြင့် အဖောက်ခံထားရပြီး ၀မ်းဗိုက်တွင် လက်သီးအရွယ်‌အပေါက်ကြီး နှင့်ဖြစ်နေသော်လည်း အကောင်းဆုံးကြိုးစားပြီး တိုက်ပွဲကိုအမိန့်ပေးနေလေသည်။

"အခြေအနေက တကယ့်ကိုဆိုးရွားတင်းမာနေတာပဲ"

ကျိုးဟောင်မှာ တည်ကြည်သော အမူအရာဖြင့်လေထဲမှ ဝဲပြီးဆင်းသက်လာလေသည်။

မျိုးနွယ်ခြားများ၏ တိုက်ခိုက်မှုမှာ သူထင်ထားသည်ထက် မြန်ဆန်ပြီး ပိုမိုပြင်းထန်နေလေသည်။

သူတခါ မျိုးနွယ်ခြားက ခံတပ်လိုင်းကိုဖောက်ထွင်းပြီး ခံတပ်လိုင်းအနားရှိ မြို့အား ၀င်ရောက်စီးနင်းတာမျိုးမတွေ့ခဲ့ဖူးပေ။

မျိုးနွယ်ခြားများ၏သွေး များနှင့် စစ်သားများ၏ သွေးများမှာ အထပ်မြင့်အဆောက်အအုံများပေါ်မှ ရေတံခွန်အလား စီးကျနေလေသည်။

လူတိုင်းက မျိုးနွယ်ခြားများအား မြို့၏ကာကွယ်ရေးဂိတ်အပြင်ဘက်သို့ပြန်လည် တွန်းထုတ်နေကြသော်လည်း လှိုင်းလုံးတဖွယ် ဆက်တိုက်တက်လာသော မျိုးနွယ်ခြားများကြောင့် အားလုံး ဘာမှ မတတ်နိုင်ဖြစ်နေကြလေသည်။

..................................................................................

အခန်း(၂၂၄)ပြီးပါပြီ။

အခန်း (၂၂၅) : တစ်သောင်း နှင့်တစ်ယောက်ရင်ဆိုင်ခြင်း

"ရား...."

ကျိုးဟောင်က ဟစ်ကြွေးလိုက်ပြီး သူ့စွမ်းအင်အနှစ်သာရ ကို အမြန်လှည့်ပတ်လိုက်ပြီး သစ်မိစ္ဆာလက်ဝါးသိုင်း နှင့် ဆောင်းဦးနွေသစ်စိမ်းသိုင်းတို့အား တခါထဲအသုံးပြုလိုက်လေသည်။

ရုတ်တရက်ဆိုသလို ကောင်းကင်ထက်မှ လက်ဝါး ရိုက်ချက် တခု ကျလာလေသည်။

မြောက်မြားစွာသောစက်ယန္တရားမျိုးနွယ်၏ လုပ်ကြံသတ်ဖြတ်ရေးစက်ယန္တရားများ နှင့် နတ်ဆိုးမျိုးနွယ်မှသတ္တဝါများအားလုံး အစိတ်အစိတ်အမွှာမွှာဖြစ်အောင် ကောင်းကင်မှကျလာသော လက်ဝါးကြီးက ဖိချေလိုက်လေသည်။

ကောင်းကင်ဘုံအဆင့် စွမ်းအင်အနှစ်သာရအားအသုံးပြုလိုက်ခြင်းကြောင့် ပေါ်လာခြင်းဖြစ်လေသည်။ ဒီလို အဆင့်နိမ့် မျိုးနွယ်ခြားသတ္တဝါများအပေါ် ကောင်းကင်ဘုံအဆင့်နည်းစနစ်များအသုံးပြုခြင်းက အလွန်အကျွံများဖြစ်နေသလား။

စိတ်အားငယ်နေကြသော သိုင်းပညာရှင်များ နှင့်စစ်သားများ အားလုံးလည်း အံ့အားသင့်ကုန်ကြလေသည်။

"ဘာတွေဖြစ်ကုန်တာလဲ ဘယ်အဆင့်ပညာရှင်ရဲ့တိုက်ခိုက်မှုလဲ"

ကျိုးဟောင်က ဘုရင့်အဆင့်နတ်ဆိုးသားရဲနှစ်ကောင်၊ ဘုရင်အဆင့်အင်းစက်ကြီးတကောင် နှင့် စစ်သားများအား ခြိမ်းခြောက်နေသော လုပ်ကြံသတ်ဖြတ်ရေးယန္တရား နှစ်ကောင်ကိုပါ သတ်ခဲ့လေသည်။

ပိုပြီးစိတ်၀င်စားစရာကောင်းသည်မှာ ကျိုးဟောင်သုံးလိုက်သော လက်ဝါးသိုင်းက မြေပြင်ပေါ်တွင် ဘတ်စကတ်ဘောကွင်း အရွယ်လောက် ချိုင့်ခွက်အရာကြီးထင်သွားစေလေသည်။

ဒါ့အပြင် သစ်သားစွမ်းအင်အနှစ်သာရမှာ အလွန်ကြွယ်၀ပြီး ချိုင့်ခွက်အတွင်း၌ သစ်ပင်ပန်းမာန် နှင့် မြက်စိမ်းများ ချက်ချင်းပေါက်ရောက်လာခဲ့လေသည်။

" ဒါက ဥယျာဉ်မှူး ရဲ့ကျင့်ကြံရေးနည်းစနစ်များလား"

ကျိုးဟောင်မှာ သူသုံးလိုက်သော လက်ဝါးရာကြီးကိုကြည့်ပြီး ရယ်ရခက်ငိုရခက်ဖြစ်နေလေသည်။

ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းကို ကျင့်ကြံပြီးနောက် သူ့တွင် သစ်သားအနှစ်သာရစွမ်းအင်အား ပိုင်ဆိုင်နေပြီဖြစ်သည်။

ဒါ့ကြောင့် သူ့အနေဖြင့် လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ဆောင်းဦးနွေသစ်စိမ်းသိုင်းအား အသုံးပြုရန်အခက်အခဲမရှိပေ။

သို့သော်လည်း ဒါသည် သူ့အတွက် ပထမဆုံးအကြိမ် သစ်မိစ္ဆာ လက်ဝါးသိုင်းအား အသုံးပြုခြင်းဖြစ်ပြီး ရလဒ်က ကြောက်ခမန်းလိလိပင်။

တကယ်လို့ သူ့အနေဖြင့်လွင်တီးခေါင်မြေအား ရောက်နေရင်တောင်မှ လက်ဝါးအချက်အနည်းငယ်လောက်ရိုက်လိုက်ရုံဖြင့် ထိုနေရာအား သာယာစိုပြေသောအိုအေစစ်လေး ဖြစ်စေနိုင်လေသည်။

"စစ်ကူရောက်လာပြီဟေ့.."

"အားလုံး ဘာမှမစိုးရိမ်ကြနဲ့။ ဒါမူလအဆင့်ကောင်စီရဲ့ဥက္ကဌ စီနီယာကျိုးပဲ"

ကျိုးဟောင်သုံးလိုက်သော လက်ဝါးကြီးက လူအတော်များများအား ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။

စစ်သားအတော်များများ နှင့် သိုင်းပညာရှင်များမှာလည်း ကျိုးဟောင်အား သိပ်မရင်းနှီးကြသောကြောင့်လည်းဖြစ်လေသည်။

တကယ်လို့ ကျိုးဟောင်က လက်ဝါးတချက်ထဲဖြင့် မျိုးနွယ်ခြား အများအပြားအား သတ်နိုင်ပါက ထိုလက်ဝါးချက်ဖြင့် ရှေ့တန်းခံတပ်ရှိနံရံများကိုအား ဖျက်ဆီးနိုင်စွမ်းရှိလို့ဆိုလိုခြင်းပင်။

ကျိုးဟောင်မှာ တကယ့်ကို မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင် ဥက္ကဌဖြစ်ရုံမက မကြာခဏလည်း ၇ခုမြောက်အက်ကွဲကြောင်း၏တိုက်ပွဲများတွင်လည်း မကြာခဏပါ၀င်တတ်သူဖြစ်ကြောင်း သိရှိသွားတော့လည်း သိုင်းပညာရှင်များ နှင့် စစ်သားများမှာလည်း စိတ်လှုပ်ရှားလာကြလေသည်။ သူတိုအောင်နိုင်တော့မည်လို့လည်း ခံစားလာကြလေသည်။

မကြာသေးမီ သူတို့မှာအဆင့်မြင့်တိုက်ခိုက်ရေးပညာများ မရှိသောကြောင့် တဆင့်ပြီးတဆင့် ဆုတ်ခွာနေခဲ့ရပြီး စက်ယန္တရားမျိုးနွယ်၏ လေဆာအမြောက်များကလည်း ဒုက္ခပေးနေခဲ့လေသည်။

ယခုမူ ဥက္ကဌကျိုး ရောက်လာသောကြောင့် အခြေအနေမှာ ပိုမို ငြိမ်သက်လာပြီဖြစ်လေသည်။လူတိုင်းက ကျိုးဟောင်မှာ တိုက်ပွဲမြေပြင်အား ထိုးဖောက်တိုက်ခိုက်တော့မည်လို့တွေးထင်နေလေသည်။

သို့သော် ကျိုးဟောင်၏စွမ်းအင်အနှစ်သာရမှာ အကန့်အသတ်ရှိပြီး တိုက်ပွဲအတွင်းဆက်တိုက်အသုံးပြု၍မရပေ။

သူရဲ့အသုံးပြုနိုင်တဲ့အချိန်အတိုင်းအတာကို အကောင်းဆုံး အသုံးချပြီးတပ်ကူမလာခင်အထိသူတတ်နိုင်သလောက်မျိုးနွယ်ခြားများကို ထိန်းချုပ်ရှင်းလင်းရမည်လို့စဉ်းစားထားသည်။

သူစတင်ပြီး သတ်ဖြတ်လိုက်သည်နှင့် သူ၏ ကံကြမ္မာအမှတ်များမှာ ဆက်တိုက်မြင့်တက်လာနေလေသည်။

ဒီမတိုင်ခင်က သူ့ကံကြမ္မာအမှတ်များ အကုန် ကုန်ခမ်းသွားခဲ့သောကြောင့် သူခွန်အားသန်မာလာခဲ့သော်လည်း တခုခုလိုနေသလို ဖြစ်နေခဲ့လေသည်။

"ဘယ်လိုတောင်စွမ်းအားကြီးတာလဲ"

"သူက လူသားရောဟုတ်ရဲ့လား"

"မြတ်စွဘုရား သူကတကယ့်ကိုပြိုင်ဘက်ကင်းပဲ"

"ဒါက မူလအဆင့်ကောင်စီဥက္ကဌတယောက်ရဲ့ ဂုဏ်ကျက်သရေလား"

"စောက်ရမ်းကြမ်းလွန်းတယ်"

သိုင်းပညာရှင်များ နှင့် စစ်သားများမှာ ကျိုးဟောင်၏ တိုက်ပွဲကိုကြည့်ပြီး အံ့အားသင့်နေကြလေသည်။

ကျိုးဟောင်မှာ သိုးအုပ်ထဲသို့၀င်သွားသော ကျားတကောင်ကဲ့သို့ မြင်မြင်သမျှသတ်ဖြတ်နေခဲ့လေသည်။ ယခုချိန်ထိ ကျိုးဟောင်အား ယှဉ်တိုက်နိုင်သည့် မျိုးနွယ်ခြားတကောင်တလေမှ မရှိသေးပေ။

ကျိုးဟောင်၏ တည်ရှိမှုက တိုက်ပွဲ၏အာရုံကို ဖမ်းစားနေခဲ့ပြီး တိုက်ပွဲမြေပြင်ရှိ မျိုးနွယ်ခြားများ၏တိုက်ခိုက်ရေးစွမ်းအားများက ကျိုးဟောင်ဆီသို့စုပြုံရောက်လာလေသည်။

"မကောင်းတော့ဘူး။ မျိုးနွယ်ခြားတွေက ဥက္ကဌကျိုးကို ဝိုင်းတိုက်နေကြပြီ။ လာငါတို့သူ့ကိုသွားကူကြရအောင်"

"အမြန်သွားကြမယ် ဥက္ကဌကျိုး တခုခုဖြစ်လို့မရဘူး"

အစတုန်းက လူတိုင်းက ကျိုးဟောင်အား အံ့ဩပြီးကြည့်နေကြသော်လည်း အခုတော့ သူတို့ကျိုးဟောင်အတွက် စိတ်ပူလာကြလေပြီ။

မျိုးနွယ်ခြားများကလည်း ငတုံးများမဟုတ်ကြပေ။ သူတို့အတွက် ဘာက ပြဿနာပေးနေသလဲဆိုတာကို ကောင်းကောင်းသိပြီး ထိုပြဿနာအား ဖြေရှင်းရန်ကြိုးစားနေကြလေသည်။

ကျိုးဟောင်သာ တခုခုဖြစ်သွားပါက ဟွာရှားမြို့အတွက် ဆုံးရှုံးမှုကြီးမားသွားမည်ဖြစ်သည်။

" နတ်ဆိုးသစ်ပင် ပင်လယ်..."

မရေတွက်နိုင်သော မျိုးနွယ်ခြားက လှိုင်းလုံးသဖွယ်သူ့ဆီဆက်တိုက်၀င်လာသောကြောင့် သူ၏ စွမ်းအင်အနှစ်သာရကို ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တော့ပေ။

နတ်ဆိုးသစ်ပင်ပင်လယ်သိုင်းကို အသုံးပြုလိုက်ပြီးနောက် အနားရှိ သစ်သားစွမ်းအင်များ အားလုံးကို သူ့ဆီသို့ ဆွဲယူလိုက်လေသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော နွယ်ပင်များ နှင့်အခြား သစ်ပင်များ အရူးအမူးပေါက်ဖွားလာကြပြီး မျိုးနွယ်ခြားသတ္တဝါများအား ဖောက်ထွက်သွားပြီး ၎င်းတို့၏ အသက်အာဟာရဓာတ်များကို စုပ်ယူပစ်လိုက်ကြလေသည်။

ကျိုးဟောင်ကိုယ်ထဲရှိ စွမ်းအင်အနှစ်သာရကို ဆက်တိုက်အသုံးပြုနေသောကြောင့် သစ်ပင်ပင်လယ်ကြီးမှာ ပိုမိုမြင့်မားကျယ်ပြန့်လာလေသည်။

များစွာသော နတ်ဆိုးမျိုးနွယ်များ ၊ အင်းစက်မျိုးနွယ်များ နှင့် စက်ယန္တရားမျိုးနွယ်များမှာ လည်း နတ်ဆိုးသစ်ပင်ပင်လယ်၏ ဝါးမျိုခြင်းကို ခံနေရလေသည်။ကျိုးဟောင်‌အနားရှိဧရိယာတွင်လည်း အားလုံးရှင်းလင်းသွားလေသည်။

....................................................................................

အခန်း(၂၂၅)ပြီးပါပြီ။

All Chapters