← Chapters

အခန်း ၂၂၆-၂၂၈

Vol. 16 Ch. 226-228

အခန်း ၂၂၆-၂၂၈

Vol. 16 Ch. 226-228

အခန်း (၂၂၆) : လူသားမျိုးနွယ်အတွက်စစ်မှန်တဲ့ကျောထောက်နောက်ခံပဲ

"လခွမ်း"

"ဒါ ....ဒါက...."

"ဟာ ကောင်းကင်ဘုံအဆင့်သခင်ကြီးတယောက်က ကမ္ဘာပေါ်မှာ ပုန်းခိုနေတာလား"

"ဘယ်လိုတောင် သန်မာလိုက်သလဲ"

"ဥက္ကဌကျိုးက အရမ်းသန်မာတာပြီး အထင်ကြီးစရာပဲ"

အစက ကျိုးဟောင်အား စိုးရိမ်နေကြသောလူများက ကျိုးဟောင်၏စွမ်းအားကို ကြည့်ပြီး သူတို့ စိတ်ပူပန်နေဖို့ မလိုကြောင်းနားလည်သွားကြသည်။

မူလအဆင့်ကောင်စီ၏ ဥက္ကဌကျိုးမှာ အမှန်တကယ်ကို အံ့ဖွယ်ကောင်းလှပေသည်။ လူတယောက်တည်းဖြင့် ရန်သူတသောင်းအား တိုက်ခိုက်နိုင်စွမ်းရှိလေသည်။

ကျိုးဟောင်ပေါ်လာပြီးနောက် အင်အားကြီးမျိုးနွယ်ခြားမှာလည်းရှေ့ဆက်မတိုးလာနိုင်ကြတော့ပေ။

တခြားတဖက်မှာလည်း နောက်အင်ကွဲကြောင်းတခု၏ပြဿနာကိုဖြေရှင်းပေးပြီးနောက် ပင်ပန်းနွမ်းလျနေသော လင်ရှုယင်သည် ဂျက်လေယာဉ်ပေါ်မှ ခုန်ဆင်းချလာခဲ့ပြီး သူမတတ်နိုင်သလောက်‌ မျိုးနွယ်ခြားများအားရှင်းပစ်ရန် ပြင်ဆင်နေလေသည်။

ဒီမျိုးနွယ်ခြားများအား အကုန်သတ်ပြီးမှ သူမအေးဆေးအနားယူနိုင်မည်ဖြစ်သည်။ သို့သော်လည်း သူမသည် ကောင်းကင်ထက်မှ အရှိန်အဝါများ ထုတ်လွှတ်ပြီးခုန်ဆင်းလာကာ အထွတ်အထိပ်မူလအဆင့်နတ်ဆိုးတကောင်အား သတ်ဖြတ်ပြီးချိန်၌ တုန်လှုပ်သွားခဲ့ရသည်။

"ဘာတွေဖြစ်ကုန်တာလဲ...."

သူမကြားသိခဲ့သည့် သတင်းအချက်အလက်မှာ ခြောက်ခုမြောက်အက်ကွဲကြောင်း၏ ခံစစ်ကို ဆုံးရှုံးလိုက်ရသည့်အကြောင်းဖြစ်ပြီး အခုတော့ ဒီနေရာတွင်ရှိသော စွမ်းအားကြီး မျိုးနွယ်ခြားများအကုန်လုံးရှင်းလင်းခံထားရလေသည်။

ဒါ့အပြင် ဒီလောက်ကျယ်၀န်းလှသည့် သစ်ပင်ကြီးတွေကရော ဘာတွေလဲဆိုပြီး အံ့ဩနေခဲ့လေသည်။

"သစ်ပင်ပင်လယ်လား နေ..နေစမ်းပါဦး"

သစ်ပင်ပင်လယ်ဖြစ်ကြောင်းသိရှိပြီးနောက် လင်ရှုယင်သည် ကျိုးဟောင်ရယူခဲ့သော လျှို့ဝှက်ကျင့်ကြံရေးကျင့်စဉ်မှာ ဆောင်းဦးနွေသစ်စိမ်းသိုင်းဖြစ်ကြောင်းပြန်အမှတ်ရသွားသည်။

ဒီသစ်ပင်လယ်က ဆောင်းဦးနွေသစ်စိမ်းသိုင်းထဲတွင်ပါ၀င်သော နတ်ဆိုးသစ်ပင်ပင်လယ်အကွက်ဖြစ်နိုင်ကြောင်း သတိထားမိလိုက်သည်။ အဘယ့်ကြောင့်ဆို သူမငယ်စဉ်က သူမ၏အဖိုးသည် ထိုသိုင်းပညာကိုသုံးပြီး သစ်ပင်ငယ်တပင်အား ဖန်တီးပြခဲ့ဖူးလေသည်။

သူမ သိထားခဲ့သည်က နတ်ဆိုးသစ်ပင်ပင်လယ်သိုင်းက ဥယျာဉ်ပန်းမာန်များ ဖန်တီးဖို့အတွက်သာဖြစ်ပြီး ယခုလို ကြောက်မက်ဖွယ်ကောင်းလိမ့်မည်လို့ မထင်ထားခဲ့ပေ။

လင်ရှုယင်ရောက်ရှိလာချိန်၌ ကျိုးဟောင်မှာ အားနည်းနေခဲ့ပြီဖြစ်သည်။ ဒီနေရာတွင်ရှိသော မျိုးနွယ်ခြားများစွာအား ရှင်းလင်းရန် သူ၏စွမ်းအင်အနှစ်သာရကို အကုန်အသုံးပြုခဲ့ရပြီး လက်ရှိတွင်သူ၏စွမ်းအင်အနှစ်သာရမှာ ကုန်ခမ်းနေခဲ့လေပြီ။

သို့သော်လည်း ကျိုးဟောင်မှာ အကျိုးအမြတ်အကြီးကြီးတော့ပြန်ရခဲ့လေသည်။ မျိုးနွယ်ခြားအများအပြားကို သတ်ခဲ့ခြင်းကြောင့် ကံကြမ္မာ အမှတ်သန်း၄၀ကျော်လောက်စုဆောင်းနိုင်ခဲ့သည့်အပြင် ဆုလာဘ်အဖြစ်လည်း အရောင်ရှိပုံဆောင်ခဲများရမည်ဖြစ်လေသည်။

ပျက်စီးနေသော မြို့၏မျှော်စင်ပေါ်တွင်ရှိနေသော ကျိုးဟောင်ကိုကြည့်ပြီး လင်ရှုယင်တယောက် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဘယ်လောက်ဘဲ ကောင်းကင်ကိုအံတုနေမည့်သူဖြစ်ပါစေ ကျိုးဟောင်အနေဖြင့် အရမ်းကြီးသော ကြောက်မက်ဖွယ်ကောင်းလှအောင် ကြမ်းတမ်းနေဦးမည်မဟုတ်ပေ။

သိပ်မကြာခင် ကျိုးဟောင်သည် သူမဆီမှ ဆောင်းဦးနွေ သစ်စိမ်းလျှို့ဝှက်ကျင့်ကြံရေးသိုင်းအား ရယူခဲ့ပြီး နတ်ဆိုးသစ်ပင်ပင်လယ်အား ဒီလောက်အကျယ်အ၀န်းအထိ အသုံးပြုနိုင်ခဲ့လေသည်။

လင်ရှုယင်တုန်လှုပ်သွားသည်နှင့်ယှဉ်ရင် ခြောက်ခုမြောက်‌ ရှေ့တန်းခံတပ်စခန်းရှိ သိုင်းပညာရှင်များနှင့် စစ်သားများ၏ စိတ်လှုပ်ရှားမှုက အများကြီးပိုများလေသည်။

အစတုန်းက မျိုးနွယ်ခြားတပ်များက ခံတပ်မြို့မျှော်စင်အထိတိုက်ခိုက်လာနိုင်သောကြောင့် ဒီခြောက်ခုမြောက်ခံတပ်စခန်းအား ဆုံးရှုံးလိုက်ရပြီလို့တွေးထားခဲ့ကြလေသည်။

သို့သော်လည်း ကျိုးဟောင်ရောက်လာပြီး မျိုးနွယ်ခြားများအား သူ့နည်းသူ့ဟန်ဖြင့် ဟန့်တားနိုင်ခဲ့လေသည်။ သူတို့မျက်လုံးဖြင့်ကိုယ်တိုင်မြင်ခဲ့ရတာတောင်မှ မယုံကြည်နိုင်ပဲ တုန်လှုပ်နေကြသေးလေသည်။

"အပျက်အစီးတွေကို အမြန်ရှင်းလင်းပြီး အကာအကွယ်ခံတပ်လိုင်းကို အမြန်ပြန်ပြင်ကြ...."

တုန်လှုပ်နေကြသေးသော သိုင်းပညာရှင်များ နှင့်စစ်သားများကို မူလအဆင့်ပညာရှင်များက သွေးများဖြင့်ဖုံးလွှမ်းနေသော လမ်းပေါ်တွင် လျှောက်ကာ ညွှန်ကြားသတိပေးနေကြလေသည်။

ရွှေရောင်ဓားရှည်အားကိုင်ဆောင်ရင်း အမိန့်ပေးနေသော မူလအဆင့်ပညာရှင်မှာ နာမည်ကြီး တင်းဖုန်ဖြစ်လေသည်။

ဟွာရှားမြို့ရှိ မူလအဆင့်ပညာရှင်များထဲတွင် သူက ထိပ်ဆုံး နံပါတ်တစ်ဖြစ်လေသည်။

"ဥက္ကကျိုး... အချိန်မှီလာရောက်ကယ်တင်ခဲ့လို့ကျေးဇူးတင်ပါတယ်"

တင်းဖုန်၏တကိုယ်လုံးမှ သတ်ဖြတ်လိုစိတ်အရှိန်အဝါမှထွက်နေပြီး သူ၏အသံမှာလည်း ဇီးကွက်တကောင်ကဲ့သို့ နား၀င်မချိုလှပေ။

ဒါ့အပြင်တင်းဖုန်က အခြားပညာရှင်များနှင့်မတူဘဲ သူ၏စွမ်းအား များ မရေမတွက်နိုင်သော သေခြင်း၊ရှင်ခြင်းတိုက်ပွဲအတွေ့အကြုံများမှလာခြင်းဖြစ်လေသည်။

သူကျိုးဟောင်ရှေ့မှာ ရပ်နေရုံနဲ့တင် များပြားလှသောတိုက်ခိုက်သတ်ဖြတ်လိုစိတ်များကို ကျိုးဟောင်ခံစားမိလေသည်။

" ရပါတယ်ကိစ္စမရှိပါဘူး"

ကျိုးဟောင်ကအေးဆေးပြန်ဖြေလိုက်သည်။

ကျိုးဟောင်ဒီကိုလာခဲ့ခြင်းမှာ ပြဿနာကို ဖြေရှင်းပေးချင်ယုံသာမက သူ့ကံကြမ္မာအမှတ်များကြောင့်လည်းပါ၀င်လေသည်။

ဒီတခေါက်တိုက်ပွဲမှ သူ့အတွက် ကံကြမ္မာအမှတ် သန်း၄၀ကျော်လောက်စုဆောင်းနိုင်ခဲ့ပြီး စစ်ပွဲတပွဲဆီမှ ရရှိသော ကံကြမ္မာအမှတ်များထဲတွင် ဒီတခေါက်ကအများဆုံးဖြစ်လေသည်။

"ဥက္ကဌကျိုး ကျုပ်လေးစားအားကျရတဲ့ သိုင်းပညာရှင်‌က များများစားစားမရှ်ိပါဘူး"

"ကျုပ်က လေ့ကျင့်ရေးစခန်းနဲ့ ခံတပ်အခြေစိုက်စခန်းတွေက ရွှေရောင်ချပ်၀တ်နဲ့ သိုင်းပညာရှင်တွေကိုတောင်သိပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဥက္ကဌကျိုးကိုတော့ကျုပ်အသိအမှတ်ပြုပါတယ်"

"မျိုးနွယ်ခြားသောင်းနဲ့ချီကို တယောက်ထဲ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ခင်ဗျားက လူသားမျိုးနွယ်အတွက် စစ်မှန်တဲ့ကျောထောက်နောက်ခံပဲ"

တင်းဖုန်က ဟန်မဆောင်ဘဲ အရှိအတိုင်းကို စိတ်လှုပ်တရှားပြောနေလေသည်။

"လူကြီးမင်း တင် ရှင်ဘာကိုဆိုလိုတာလဲ"

ကျိုးဟောင်၏ဘေးတွင်ရပ်နေသော လင်ရှုယင်က မကျေမနပ်ပြောလေသည်။

ကျိုးဟောင်မှာ နယ်လှည့်သွားလာနေသည့်ကျင့်ကြံသူသာဖြစ်ပြီး လင်ရှုယင်ကတော့ သိုင်းပညာလေ့ကျင့်ရေးစခန်းထွက်ဖြစ်လေသည်။ တင်းဖုန်၏စကားများက လေ့ကျင့်ရေးစခန်းမှာဘွဲ့ရလာသည့်သိုင်းပညာရှင်များအား စော်ကားနေသကဲ့သို့ဖြစ်လေသည်။

....................................................................................

အခန်း(၂၂၆)ပြီးပါပြီ။

အခန်း (၂၂၇) : တိုက်ပွဲထဲတွင် ကျော်ကြားလာခြင်း

"ဟားဟားဟား..."

ထိုအချိန်တွင် အနားတွင်ရှိသော အခြားသိုင်းပညာရှင်များက ထရယ်ကြလေသည်။

တင်းဖုန်လည်း အတန်ငယ်ရှက်သွားလေသည်။ သူသည် ကြမ်းတမ်းပြီး ဒဲ့တိုးပြောတတ်သောလူဖြစ်လေသည်။ သူသည် ကျိုးဟောင်အား ချီးကျူးလိုစိတ်ဖြင့်သတိမထားဘဲ ပြောလိုက်သော်လည်း အခြားလူများအပေါ်တော့စော်ကားလိုစိတ်မရှိပေ။

လင်ရှုယင် ရောက်ပြီး မကြာခင်မှာပဲ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှလူများလည်း ကူညီရန်ရောက်လာကြလေသည်။

သို့သော်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါအားလုံး အံ့ဩသွားကြလေသည်။

"တင်းလောင် ဘာတွေဖြစ်ကုန်တာလဲ"

အခြားမူလအဆင့်ပညာရှင်များလည်းရောက်လာကြပြီး တင်းဖုန်အား နားမလည်စွာမေးနေကြလေသည်။

တင်းဖုန်မှာ မူလအဆင့်ပညာရှင်ဖြစ်နေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး မူလအဆင့်ပညာရှင်အတော်များများကလည်း သူနှင့်ရင်းနှီးကြလေသည်။

တင်းဖုန်၏ကိုယ်တွင်သွေးအလိမ်းလိမ်းဖြင့်ညစ်ပေနေပြီး သူ၏ဓားမှာလည်း တွန့်လိမ်နေခြင်းကိုကြည့်ခြင်းအားဖြင့် တိုက်ပွဲမှာ ဘယ်လောက်ပြင်းထန်ကြောင်းသူတို့သိနိုင်သည်။

သို့သော် ဘယ်လိုကြောင့် တိုက်ပွဲပြီးသွားသလဲ။

တင်းဖုန်က တိုက်ပွဲအကြောင်းက အခုမှ သေချာပြောပြလေသည်။ သူတို့အားလုံး တင်းဖုန်အကြောင်းကိုသေချာသိကြပြီး မဟုတ်မမှန်ပြောဆိုမည့်လူမ‌ဟုတ်ကြောင်းလည်းသိလေသည်။

သူတို့အားလုံး တင်းဖုန်၏ စကားကို ကြားသောအခါ မယုံကြည်နိုင်သောမျက်လုံးများဖြင့် ကျိုးဟောင်အားလှည့်ကြည့်ကြလေသည်။

"ဥက္ကဌကျိုး..."

"ဒါ...ဒါအမှန်ပဲလား"

"မင်းဆိုလိုတာက ဥက္ကဌကျိုးက မျိုးနွယ်ခြားတစ်တပ်လုံးကို တယောက်ထဲ ရင်ဆိုင်ခဲ့တယ်လို့ပြောချင်တာလား"

သန်မာပြီးကြမ်းလှပါသည်ဆိုသော မူလအဆင့်သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြလေသည်။

သူတို့အားလုံး ပြီး‌ခဲ့သော တိုက်ပွဲက ဘယ်လောက်အန္တရာယ်များပြီး ပြင်းထန်ကြောင်းသဘောပေါက်နားလည်သွားကြလေသည်။

ဒီလောက်ကြောက်စရာကောင်းသည့်အခြေအနေမှာတောင် ကျိုးဟောင်က မျိုးနွယ်ခြားတပ်ကြီးအား တယောက်ထဲ ရင်ဆိုင်ဖြေရှင်းခဲ့လေသည်။

လူတိုင်း၏ပါးစပ်ဖျားတွင် မူလအဆင့်ကောင်စီဥက္ကဌကျိုးဟောင်ကစွဲနေလေသည်။

တိုက်ပွဲပြီးနောက် ကျိုးဟောင်ကအချိန်အကြာကြီးဖြုန်းမနေဘဲ ၇ခုမြောင်လေ့ကျင့်ရေးစခန်းရှိရာသို့ပြန်လာခဲ့လေသည်။

ကျိုးဟောင်ဗီလာသို့‌ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျိုးဟောင်၏ တိုက်ပွဲသတင်းက တောမီးပမာ သိုင်းပညာရှင်အားလုံးဆီသို့ပျံ့နှံ့သွားလေသည်။

အစက ကျိုးဟောင်၏ ၇ခုမြောက်ရှေ့တန်းခံတပ်စခန်း၌လုပ်ဆောင်ချက်များကိုသာကြားဖူးကြသော်လည်း ယခုတိုက်ပွဲကြောင့် ကျိုးဟောင် ၏ သတင်းမှာ ဟွာရှားမြို့ရှိ သိုင်းပညာရှင်များအကြားကျော်ကြားသွားခဲ့လေသည်။

ဒုတာ၀န်ခံ ရှစ်ကျီ နှင့်အခြားသူများလည်းကျိုးဟောင်၏ သတင်းကိုကြားသောအခါ ၀မ်းသာနေခဲ့ကြလေသည်။

အခြေအနေတဖြေးဖြေးဆိုးဝါးလာနေသည့်အချိန်တွင် ကျိုးဟောင်၏ တည်‌ရှိနေမှုက သူတို့အတွက် စိတ်ဓာတ်မြှင့်တင်ပေးသကဲ့သို့ဖြစ်နေလေသည်။

ဗီလာထဲ၌ ကျိုးဟောင်က ကောင်းကင်ဘုံ‌ လမ်းကြောင်း ဆော့ဖ်ဝဲလ်အားဖွင့်ကြည့်နေခဲ့လေသည်။

သူသည် ကံကြမ္မာအမှတ်သန်း ၄၀ကျော်စုဆောင်းနိုင်ခဲ့အပြင် အမျိုးမျိုးသော နတ်ဆိုးမျိုးနွယ်၊ အင်းစက်မျိုးနွယ် ၊ စက်ယန္တရားမျိုးနွယ် နှင့် အခြားမျိုးနွယ်များတို့၏ အဖိုးတန်ကုန်ကြမ်းပစ္စည်းများ လည်း ရခဲ့သောကြောင့် အရောင်ရှိပုံဆောင်ခဲ ၆၀၀ကျော် လဲလှယ်နိုင်ခဲ့လေသည်။

"သွေးအနှစ်သာရနဲ့ယှဉ်ရင် စွမ်းအင်အနှစ်သာရကအများကြီးပို စွမ်းတာပဲ"

"ဒါပေမဲ့ အက်ကွဲကြောင်းအပြင်ဘက်မှာက စွမ်းအင်အနှစ်သာရက အရမ်းနည်းပါးတယ်။ ကျင့်ကြံရတာလည်း အချိန်ကြာသလို ပြန်လည်သက်သာအောင်လုပ်ရတာလည်း အချိန်ကြာတာပဲ"

ကျိုးဟောင်က အရောင်ရှိ ပုံဆောင်ခဲ ၆၀၀အား ကောင်းကင်ဘုံ ဒင်္ဂါးပြားသန်း၆၀ အဖြစ်ပြောင်းလဲပြီးနောက် လျှို့ဝှက်သေတ္တာဖွင့်ရင်ကောင်းမလား ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်ခန်းဆီပဲသွားရမလား စဉ်းစားနေလေသည်။

စဉ်းစားနေရင်းနဲ့ပင် သူသည် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းဆီ မ‌ရောက်တာကြာပြီဖြစ်ကြောင်းသတိရသွားသည်။ဒီကြားထဲတွင် သူ့အနေဖြင့်လက်ရှိလောကတွင် လုပ်စရာများ ရှိနေခဲ့လေသည်။

နတ်မိမယ် ယွဲ့လင်တိုက်ရိုက်ထုတ်လွှင့်ခန်း၌ သူမ၏မျက်နှာအားပြသခဲ့တုန်းက လူစိတ်ဝင်စားမှု အများအပြားရခဲ့သော်လည်း ယခုမူပြန်လည် အေးစက်သွားလေသည်။

သူမအဆင့်မှာ ၇သောင်းနှင့်၈သောင်းကြားတွင်ရှိနေခဲ့သော်လည်း ပြီးခဲ့သောရက်ပိုင်းကစ၍ တဖြေးဖြေးကျလာခဲ့လေသည်။

ထိုအခြေအနေကြောင့် နတ်မိမယ်ယွဲ့လင်မှာ မဲ့ပြုံးပြုံးမိလေသည်။ ကျိုးဟောင်က သူမအား အကြီးအကျယ် တခါကူညီခဲ့သောကြောင့် ဒီ‌ရက်ပိုင်း၌ ကျိုးဟောင်အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့်စာမပို့ခဲ့ပေ။

နတ်မိမယ်ယွဲ့လင်၏စိတ်ထဲမှာတော့ ကျိုးဟောင်လိုမျိုးအထူးကံကောင်းလှတဲ့ သခင်ကြီးက သူမအားမေ့နေလောက်ပြီလို့တွေးနေခဲ့လေသည်။

"ဟေး... တကယ်လို့ သခင်ကြီးသာ မလာရင်တော့ နတ်မိမယ်ယွဲ့လင်ရဲ့ ထုတ်လွှင့်ချန်နယ်ကတော့ အဖြုတ်ချခံရတော့မှာပဲ"

စနောက်သော မှတ်ချက်တခုတက်လာခဲ့သည်။

"ဟားဟား ညီကိုရေ ငါတို့ရဲ့ ရှိတာလေးတွေစုပေါင်းပြီး ကူညီကြရအောင် မဟုတ်ရင် သူမအဆင့်က ၇၅၀၀၀အောက်ရောက်တော့မယ်"

နတ်မိမယ်ယွဲ့လင်၌ သာယာပြီးနား၀င်ပီတိဖြစ်သော အသံချိုချိုလေးရှိသည့်အပြင် သူမ၏မျက်နှာလေးကလည်း မြို့အချင်းချင်းစစ်ဖြစ်နိုင်စေသော အလှတရားရှိလေသည်။

သခင်ကြီးတယောက်၏ အကူအညီမရရင်တောင်မှ သူမ၏ အမာခံပရိသတ်များ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကျန်နေသေးလေသည်။

ထိုအချိန်မှာပင် နတ်မိမယ်ယွဲ့လင်အား သူ့ပရိတ်သတ်များက ‌လက်ဆောင်အသေးလေးများပေးရင်း သူတို့လည်း ကံတရား၏ဖေးမမှု ရမလားတွေးနေကြလေသည်။

ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်ခန်း၌ အသိပေးစာတခု ပေါ်လာခဲ့လေသည်။

" ငါသည်သာမန်လူတယောက်သာဖြစ်သည်ဆိုသည့် အသုံးပြုသူသည် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့၀င်ရောက်ခဲ့ပါသည်"

ထိုစာသား‌အားမြင်သောအခါ နတ်မိမယ်ယွဲ့လင်၏မျက်နှာ ၌ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားလေသည်။

....................................................................................

အခန်း(၂၂၇)ပြီးပါပြီ။

အခန်း (၂၂၈) : သတိထားတာ ပိုကောင်းလိမ့်မယ်

နတ်မိမယ်ယွဲ့လင်က ကျိုးဟောင်ကသူမအားမေ့သွားလောက်ပြီလို့ထင်နေခဲ့လေသည်။ သူမ၏ချန်နယ်ထဲသို့ ထပ်ရောက်လယမည်လို့လည်း မထင်ထားခဲပေ။

"ကြိုဆိုပါတယ် သခင်ကြီး ငါသည်သာမန်လူတယောက်"

နတ်မိမယ်ယွဲ့လင်၏ လှပသောမျက်၀န်းလေးတွင် စိတ်လှုပ်ရှားမှုများပြည့်နေလေသည်။

"ဟားဟား အံ့ဩစရာပဲ။ သခင်ကြီးက နတ်မိမယ်ယွဲ့လင်ကိုတွေ့ဖို့ ထပ်လာခဲ့တာပဲ"

"ဒါသတင်းကောင်းပဲ သခင်ကြီးရောက်လာပြီဆိုတော့ နတ်မိမယ်ယွဲ့လင်ရဲ့အဆင့်က ထပ်ပြီးမြင့်တက်လာဦးမှာပေါ့"

"သခင်ကြီး ကျုပ်ကိုလည်း နည်းလမ်းလေးတွေမစပါဦးဗျာ"

"နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပေါ့ ငါသည်သာမန်လူတယောက်သာဖြစ်သည်"

"သခင်ကြီးက တကယ့်ကိုအထင်ကြီးဖွယ်ပဲ။ နောက်ဆုံးတခေါက် လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်တုန်းက ဒဏ္ဍာရီအဆင့်ပစ္စည်းတခုနဲ့ ရှားပါးပစ္စည်း၇ခု ရခဲ့တာပဲ"

"လခွမ်း တကယ်ကြီးလား အထင်ကြီးစရာပဲ"

"ငါအဲ့တာကိုမသိလိုက်ဘူးပဲ"

တိုက်ရိုက်ချန်နယ်ထဲရှိ အသုံးပြုသူများမှာလည်း ဆူညံ့လာကြလေသည်။

ကျိုးဟောင်ပေါ်ပေါက်လာမှုက တည်ငြိမ်နေသော ရေကန်ထဲသို့ ခဲတလုံးပစ်ချလိုက်သကဲ့သို့ နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း တဖန်ပြန်အသက်၀င်လာလေသည်။

နတ်မိမယ်ယွဲ့လင်ထက်ပင် အခြားအသုံးပြုသူများပိုပြီး စိတ်လှုပ်ရှားနေလေသည်။

" သခင်ကြီးပြောပြပါဦး ဒဏ္ဍာရီအဆင့်ပစ္စည်းကဘယ်လိုလဲ"

"သခင်ကြီးရေ လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်နည်းလေးပြောပြပါဦး"

အသုံးပြုသူအများအပြားက နတ်မိမယ်ယွဲ့လင်၏ ချန်နယ်ထဲသို့ရောက်လာကြလေသည်။ လူတိုင်းက ဒဏ္ဍာရီအဆင့်ပစ္စည်း နှင့် ရှားပါးပစ္စည်း ၇ခု ရရှိခဲ့သည့် ဒီရှားပါးသခင်ကြီးအား စိတ်၀င်စားနေကြလေသည်။

"သခင်ကြီး ပြီးခဲ့တဲ့တခေါက်တုန်းက လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဘယ်လောက်တောင်ဖွင့်ခဲ့တာလဲ"

"သခင်ကြီး ခင်ဗျားက ပစ္စည်းကောင်းတွေကို တခါထဲ ရခဲ့တာပဲ။ မနာလိုဖြစ်မိတယ်ဗျာ"

"သခင်ကြီး ကျုပ်ကို လျှို့ဝှက်ဆန်းကြယ်သေတ္တာ ဖွင့်နည်းလေး သင်ပေးစမ်းပါ ကျုပ်ပိုက်ဆံအများကြီးပုံပေးပါ့မယ်ဗျာ"

"ဘစ်ရှော့သာ အနားမှာရှိလို့ကတော့ နတ်မိမယ်ယွဲ့လင်ရဲ့အဆင့်က ၇သောင်းအထက်ကိုရောက်သွားမှာအသေအချာပဲ"

အသုံးပြုသူအများအပြား က စိတ်လှုပ်တရှားပြောဆိုနေကြလေသည်။

ကျိုးဟောင်က လက်ဆောင်ပစ္စည်းများ ကြည့်နေစဉ်မှာပဲ အသုံးပြုသူအများအပြား ထပ်မံရောက်လာကြလေသည်။

ပလက်တီနမ်အဆင့် လက်ဆောင်မှာ ၆မျိုးအထိရှိလေသည်။ ၎င်းတို့မှာ စွမ်းအင်အချောင်း ၊ သွေးမျိုးရိုးဆေးလုံး ၊ ကျင့်ကြံရေးနည်းစနစ်စာမျက်နှာများ ၊ နားလည်နိုင်စွမ်းကျောက်ဆေးလုံး ၊ နတ်ဘုရားကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် အယူအဆစာလိပ်များဖြစ်လေသည်။

အမျိုးအစားမှာ ထပ်မံပြောင်းလဲသွားခြင်းမရှိသော်လည်း လက်ဆောင်တခု၏အချက်အလက်များကတော့ ပြောင်းလဲသွားလေသည်။

ထိုလက်ဆောင်က စွမ်းအင်အချောင်းများဖြစ်လေသည်။ ဒီပလက်တီနမ်အဆင့် လက်ဆောင် စွမ်းအင်အချောင်းများက သာမန် စွမ်းအင်အ‌ချောင်းများအား အဆင့်မြှင့်တင်ပေးထားခြင်းဖြစ်လေသည်။

ထိုစွမ်းအင် အချောင်းများကို အသုံးပြုလိုက်ပါက သုံးစွဲသူ၏ ကုန်ခမ်းသွားသော သွေးအနှစ်သာရ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရုံသာမက ကျင့်ကြံခြင်းအဆင့်ကိုလည်း တိုးမြှင့်ပေးနိုင်လေသည်။

ဆော့ဖ်ဝဲလ်အဆင့်မမြှင့်ခင်တုန်းက ပလက်တီနမ်အဆင့် စွမ်းအင်ချောင်းဖြစ်စေ ရိုးရိုးစွမ်းအင်ချောင်းဖြစ်စေ ကျိုးဟောင်အတွက် အနည်းငယ်သာအသုံး၀င်လေသည်။

အဆင့်မြှင့်တင်မှုပြီးနောက်မှာတော့ အပြောင်းအလဲတချို့ရှိခဲ့လေသည်။ အသုံးပြုသူများသည် စွမ်းအင်အချောင်းများကို လက်ဆောင်ပေးခြင်းဖြင့် အဆင့်မြင့် နှင့် ရှားပါးအဆင့် စွမ်းအင်အချောင်းများကို ရရှိနိုင်လေသည်။

"တယောက်ယောက်ရှားပါးအဆင့် စွမ်းအင်အချောင်းတွေရဖူးလား"

ကျိုးဟောင်က စကားပြောခန်းထဲတွင်မေးလိုက်လေသည်။ ပြထားသောအချက်အလက်များမှာ အသေးစိတ်မပါသောကြောင့် ကျိုးဟောင်အနေဖြင့် မေးရုံသာရှိတော့လေသည်။

"သခင်ကြီး ကျုပ်အရင်က တခုရဖူးတယ်။ ရဖို့ရာခိုင်နှုန်းက အရမ်းနည်းပေမဲ့ သုံးရတာတော့ တော်တော်ကောင်းတယ်"

"သာမန် စွမ်းအင်ချောင်းတွေနဲ့ ယှဉ်ရင် အဆင့်မြင့်စွမ်းအင်ချောင်းတွေက အဆင့်မြင့်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပိုကောင်းတယ်"

ရှားပါး အဆင့် စွမ်းအင်ချောင်းတွေက ရဖို့ အခွင့်အရေးအရမ်းနည်းပုံရသည်။ နတ်မိမယ်ယွဲ့လင်၏ ချန်နယ်တွင်လူအများအပြားရှိနေသော်လည်း ရဖူးသူမရှိသလောက်နည်းနေလေသည်။

သို့သော်လည်း ထို သုံးစွဲသူ၏ ပြောကြားချက်အရ သူလိုအပ်နေသော အရာမှာ ဒါပဲဖြစ်ကြောင်း ကျိုးဟောင်သဘောပေါက်သွားလေသည်။

ကမ္ဘာမြေပေါ်တွင် စွမ်းအင်အနှစ်သာရနှင့်ပတ်သက်သည်မှာ အလွန်နည်းပါးပြီး အက်ကွဲကြောင်းထဲတွင်တော့ ပိုနက်လေလေ ပိုများလေလေဖြစ်လေသည်။

သို့သော်လည်း အက်ကွဲကြောင်းထဲတွင် ပိုနက်လာလေလေ ပိုပြီး အန္တရာယ်လည်း များလာလေလေဖြစ်လေသည်။

ကျိုးဟောင် သူ့အနေဖြင့် ကောင်းကင်ဘုံအဆင့်ကိုရောက်မှအက်ကွဲကြောင်းထဲ၀င်မည်လို့ ဆုံးဖြတ်ထားလေသည်။ ဒါက သူ့အတွက်ပိုအန္တရာယ်ကင်းသော လမ်းလည်းဖြစ်‌သည်။

....................................................................................

အခန်း(၂၂၈)ပြီးပါပြီ။

All Chapters