← Chapters

အခန်း ၂၂၉-၁၃၁

Vol. 16 Ch. 229-131

အခန်း ၂၂၉-၁၃၁

Vol. 16 Ch. 229-131

အခန်း (၂၂၉) : သခင်ကြီးရဲ့ကောင်းကင်ဘုံ ဒင်္ဂါးပြားတွေက အဆုံးမရှိပဲ

ဒါ့ကြောင့် ကမ္ဘာမြေပေါ်တွင် တယောက်ယောက်က သူ၏စွမ်းအင်အနှစ်သာရကို ပြန်ဖြည့်တင်းလိုပါက အနှစ်သာရ ပုံဆောင်ခဲများကိုသာ မှီခိုနေရလေသည်။

အရောင်ရှိ ပုံဆောင်ခဲများ နှင့် အနှစ်သာရပုံဆောင်ခဲများကို လဲလှယ်နိုင်စွမ်းမှာ အလွန်ကွာခြားချက်ကြီးမားလေသည်။ အရောင်စုံပုံဆောင်ခဲ အတုံး ၁၀၀ကိုမှ အနှစ်သာရ ပုံဆောင်ခဲ ၁တုံးသာ ရနိုင်လေသည်။

ဒါ့အပြင် အနှစ်သာရပုံဆောင်ခဲများကိုလည်း ကျင့်ကြံရေးပစ္စည်းအဖြစ် လုံး၀အသုံးပြုလို့မရဘဲ ငွေကြေးအဖြစ်လည်း အသုံးပြုရသေးပေသည်။

သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ချန်နယ်ထဲရှိ သုံးစွဲသူတယောက် ရှားပါးအဆင့်စွမ်းအင်ချောင်းများရဖူးကြောင်းပြောလာလေသည်။

"သခင်ကြီးက ရှားပါးအဆင့် စွမ်းအင်ချောင်းကို လက်ဆောင်ပေးဖို့စဉ်းစားနေတာပဲ။ ကျုပ်မျှော်နေမယ်နော်"

"သခင်ကြီး အဆရဖို့ ဘယ်နှချောင်းလောက်သုံးရမလဲ"

ကျိုးဟောင်ချန်နယ်ထဲသို့ စရောက်ကတည်းက ချန်နယ်က နတ်မိမယ်ယွဲ့လင်နဲ့ မသက်ဆိုင်တော့သလိုဖြစ်နေလေသည်။

သုံးစွဲသူ အဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ်လူတိုင်းက ကျိုးဟောင်ကို သာ အမေးအဖြေလုပ်နေကြလေသည်။

"ဟ သခင်ကြီးက သူဘယ်လောက်ပေးရင် အဆ ရမလဲဆိုတာကို သိခဲ့ရင် နတ်မိမယ်ယွဲ့လင်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ နံပါတ်တစ်ဖြစ်တာကြာပေါ့"

အသုံးပြုသူ တယောက်က အခြေအနေကို သဘောပေါက်ပြီး အခြားသူများ ဆုံးမနေလေသည်။

"အရူးကောင် မင်းကိုယ်ကိုယ်မင်း သခင်ကြီးအကြောင်းသိတယ်ထင်နေတာလား။ သခင်ကြီးက ဘယ်လောက်ပေးရမလဲ ဆိုတာမသိတာတောင်မှ အဆတွေအေးဆေးယူနိုင်တယ်။ မင်းသဘောပေါက်လား"

တခြားအသုံးပြုသူတယောက်က ၀င်ရောက်ငြင်းခုန်လေသည်။

ဒါက ထီလက်မှတ်၀ယ်သကဲ့သို့ဖြစ်နေလေသည်။ တစုံတယောက်က ပထမဆုကို လိုချင်ရင်တောင်မှ သူ့အနေဖြင့် ထီလက်မှတ်အားလုံးကိုတော့ ၀ယ်ယူဖို့မဖြစ်နိုင်ပေ။

"ကျေးဇူးပြု၍ သခင်ကြီးအား မနှောင့်ယှက်ကြပါနဲ့ရှင့်။ သခင်ကြီးက ကျွန်မကို အများကြီးကူညီခဲ့ပြီးပါပြီ။ ဒါ့အပြင် သခင်ကြီးက ၀င်ကြည့်ယုံလေးနဲ့တင် ကျွန်မ ချန်နယ်ကို ထင်ပေါ်အောင်လုပ်ပေးနိုင်ခဲ့ပြီ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

နတ်မိမယ်ယွဲ့လင်က လောဘကြီးသူတယောက်မဟုတ်ပေ။ ကျိုးဟောင်က သူမအား အဆင့် ၈သောင်းအထက်ရောက်အောင် ကူညီပေးခဲ့ရုံနဲ့တင် ကျေနပ်နေပြီဖြစ်လေသည်။

ယခုသူမက ကျိုးဟောင်အား သူငယ်ချင်းကောင်းကဲ့သို့ မှတ်ယူထားဖို့ ဘာမှ ထပ်မတောင်းဆိုတော့ပေ။

ဒါ့အပြင် ကျိုးဟောင် လျှို့ဝှက်ဆန်းကြယ်သေတ္တာ တွေရဲ့ ခေါင်းဆောင်တယောက်ကဲ့သို့ဖြစ်နေပြီး သူ့အနေဖြင့် ဘယ်ချန်နယ်ကိုပဲသွားသွား ထိုချန်နယ်အား နာမည်ကြီးစေလိမ့်မည်ဖြစ်လေသည်။

နတ်မိမယ်ယွဲ့လင် ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုသူ အမြဲတဖွဲဖွဲရှိနေသော်လည်း ကျိုးဟောင် ကြီးမားသောအပြောင်းအလဲတစ်ခုကို ပြုလုပ် ပေးနေဆဲဖြစ်သည်။ ထို့အပြင် ကျိုးဟောင် သည် ဝင်ရောက်ပြီးနောက် လူအများ၏ အာရုံစိုက်မှုကိုလည်း ရခဲ့လေသည်။

" နတ်မိမယ် ယွဲ့လင် မင်းအထင်မမှားနဲ့။ ဒီလောက်ဒင်္ဂါးပြားအနည်းငယ်လောက်က သခင်ကြီးအတွက်ဘာမှမဟုတ်ဘူး"

"ဟုတ်တယ် အမှန်ပဲ"

"သခင်ကြီးရဲ့ကောင်းကင်ဘုံ ဒင်္ဂါးပြားများတွေက အဆုံးမရှိပဲ"

ထိုအသုံးပြုသူများ၏ စာကို ဖတ်ပြီး ကျိုးဟောင်တယောက်သွေးအန်ချင်သလိုပါဖြစ်သွားလေသည်။

သခင်ကြီးမှာ အဆုံးမရှိတဲ့ ကောင်းကင်ဘုံဒင်္ဂါးပြားတွေရှိတယ်လို့ ဘယ်သူပြောတာလဲ။

နောက်ဆုံးတခေါက်တုန်းက ကျိုးဟောင်အနေဖြင့်သူ့၏ ကျင့်ကြံရေးနည်းစနစ်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရန် ကောင်းကင်ဘုံဒင်္ဂါးပြားများအား အကုန်လုံးသုံးစွဲခဲ့ရသည်။

မကြာသေးမီကပင် ကျိုးဟောင်အနေဖြင့်ဒင်္ဂါးပြားများ ပြန်ရရန် မျိုးနွယ်ခြားများအား သတ်ဖြတ်ခဲ့ရပြီး ရောင်စုံပုံဆောင်ခဲများပြန်စုရလေသည်။ ပြီးမှ ရောင်စုံပုံဆောင်ခဲများကို ကောင်းကင်ဘုံဒင်္ဂါးပြားများအဖြစ် ပြန်လည်ဖြည့်သွင်းခဲ့ရလေသည်။

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်တုံ့ဆိုင်းမနေတော့ဘဲ ကံကြမ္မာအမှတ် ၁၀သန်းအား စွမ်းအင်‌ ချောင်းအတွက် အသုံးပြုလိုက်လေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းအားလုံးက ချိတ်ဆက်နေခြင်းကြောင့် အခြားချန်နယ်များရှိ အသုံးပြုသူများမှာလည်း စွမ်းအင်ချောင်းများပေးနေကြလေသည်။

ဒါ့ကြောင့် စွမ်းအင်အချောင်းများ အနောက်ရှိ နံပါတ်များမှာ မယုံနိုင်စရာကောင်းလောက်အောင်ပြောင်းလဲနေလေသည်။

ထိုအခိုက်အတန့်မှာပဲ စွမ်းအင်အချောင်းများ နောက်ရှိ နံပါတ်မှာ ၅၀ ဖြစ်သွားလေသည်။ တနည်းဆိုရလျှင် ကျိုးဟောင်အနေဖြင့် စွမ်းအင်အချောင်း၅၀ ပေးပါက ဆုလာဒ်ကိုရရှိမည်ဖြစ်လေသည်။

သို့သော်လည်း နံပါတ်၅၀မှာ အသက်ရှူချိန်ခဏလေးအတွင်း၌ပင် တခြားနံပါတ်တခုအဖြစ်ပြောင်းလဲသွားလေသည်။

ထိုအခြေအနေတွင် နောက်ရှိ နံပါတ်မှာ အရမ်းမများပေ။ ကျိုးဟောင်အနေဖြင့် သူ၏ လက်မြန်မှုအပေါ်မှီခိုဖို့လိုအပ်နေလေသည်။

စွမ်းအင်အချောင်းများအနောက်ရှိ နံပါတ်မှာ ၁၇၉အထိ ရောက်သွားချိန်တွင် ကျိုးဟောင်က ထိုအကုန်လုံးကိုပေးပစ်ပြီး ကြိုးစားကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။

ကျိုးဟောင်ကချက်ချင်းပဲ လှုပ်ရှားလိုက်လေသည်။ နောက်ဆုံးတော့ ဆုလာဘ်က တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကြေငြာလာလေသည်။

သို့သော်လည်း အဆမှာ သိပ်မများသောကြောင့် တိုက်ရိုက်ထုတ်လွင့်ခန်းတခုလုံး တွင် ကြေငြာချက်စာများ သိပ်မတက်ပေ။

"ဝိုး.... သခင်ကြီးက စလှုပ်ရှားပြီပဲ"

" ပထမတကြိမ်မှာပဲ သခင်ကြီးက ကောင်းကင်ဘုံဒင်္ဂါး ၁.၇၅ သန်းသုံးလိုက်တာပဲ။ အံ့ဩဖို့ကောင်းလိုက်တာ"

"သခင်ကြီးက ဒီလောက်ပမာဏလေးကို ခေါင်းထဲထည့်နေမှာမဟုတ်ဘူး"

အသုံးပြုသူများ၏မှတ်ချက်များကို ကြည့်ပြီး ကျိုးဟောင်တချက်မဲ့ပြုံးပြုံးလိုက်သည်။

ခုအချိန်သူအလိုအပ်ဆုံးက ရှားပါ အဆင့် စွမ်းအင်အချောင်းများဖြစ်လေသည်။ ကံမကောင်တာက စွမ်းအင်အချောင်း၁ ချောင်းကိုဒင်္ဂါး ၁သောင်းကျသင့်နေလေသည်။

ထိုပမာဏသည် သာမန်သုံးစွဲသူတယောက်မတတ်နိုင်သည့်ပမာဏဖြစ်ပြီး အဆင့်မြင့်သုံးစွဲသူများအတွက်သာတတ်နိုင်လေသည်။

စွမ်းအင်အချောင်းများ‌အနောက်ရှိ နံပါတ်များမှာ ဆက်တိုက်ပြောင်းလဲနေလေသည်။ နံပါတ်များရပ်သွားသည်နှင့် တပြိုင်နက် သူမလှုပ်ရှားခင်မှာပင် အခြားချန်နယ်တခုက အသုံးပြုသူတယောက်က ဆုလာဒ်ကိုရရှိသွားလေသည်။

သို့သော်လည်း ဒါသည် သူမတတ်နိုင်သောကိစ္စဖြစ်လေသည်။ သူ့အနေဖြင့် ဆက်တိုက်ပေးနေဖို့လိုအပ်လာလေသည်။သူ့ဆီတွင် ကောင်းကင်ဘုံဒင်္ဂါး ဘီလီယံ ၆၀ကျော်ရှိသောကြောင့် စိတ်ပူစရာတော့မလိုပေ။

....................................................................................

အခန်း(၂၂၉)ပြီးပါပြီ။

အခန်း (၂၃၀) : ကမ္ဘာနှင့်ချီသော ပိုက်ဆံများ ဖြုန်းတီးခြင်း

နတ်မိမယ်ယွဲ့လင်၏ ချန်နယ်ထဲတွင်ရှိသော အသုံးပြုသူများအားလုံး ပွက်လောရိုက်ကြလေသည်။ ကျိုးဟောင်က ပိုက်ဆံများကို ဆက်တိုက်သုံးပစ်နေသောကြောင့်ဖြစ်လေသည်။

အစတုန်းက ကျိုးဟောင်က အချိန်အနည်းငယ်လောက်စောင့်သေးသော်လည်း ယခုမူ ချက်ချင်းပင်ပေးပစ်နေလေသည်။

နံပါတ်ဘယ်လောက်ပင်ဖြစ်စေ သူမြင်မြင်သမျှအကုန်လုံးပေးပစ်နေလေသည်။

"ဒင်...ဂုဏ်ပြုပါတယ် ငါသည် သာမန်လူတယောက်သာဖြစ်သည်ဆိုသည့် အသုံးပြုသူသည် စွမ်းအင်ချောင်းများပေးခြင်းဖြင့် ဆုလာဒ်၁၀ဆအားရရှိပါသည်"

"ဒင်....ဂုဏ်ပြုပါတယ် ငါသည် သာမန်လူတယောက်သာဖြစ်သည်ဆိုသည့် အသုံးပြုသူသည် စွမ်းအင်ချောင်းများပေးခြင်းဖြင့် ဆုလာဒ်အဆ၂၀အားရရှိပါသည်"

"ဒင်...ဂုဏ်ပြုပါတယ် ငါသည် သာမန်လူတယောက်သာဖြစ်သည်ဆိုသည့် အသုံးပြုသူသည် စွမ်းအင်ချောင်းများပေးခြင်းဖြင့် ဆုလာဒ်၁၀ဆအားရရှိပါသည်"

ကျိုးဟောင်သည် တရစပ်ဆင်တိုက်ပေးပစ်နေခြင်းကြောင့် သူ့အနေဖြင့် ဆုလာဘ်များဆက်တိုက်ပြန်ရနေလေသည်။

သို့သော်လည်း ကျိုးဟောင်အား စိတ်အနှောင့်အယှက် ဖြစ်စေသည့်အချက်မှာ ရှားပါးအဆင့် စွမ်းအင်ချောင်းများမှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရှားပါးပစ္စည်းကဲ့သို့ ရရှိနှုန်းအလွန်နည်းပါးလေသည်။

အချိန်အတော်ကြာသည်အထိ ရှားပါးအဆင့်စွမ်းအင်ချောင်းတချောင်းမှ မရရှိသေးပေ။

နတ်မိမယ်ယွဲ့လင်၏ ချန်နယ်ထဲရှိ အခြားအသုံးပြုသူများမှာလည်း မျက်မှောင်ကြုတ်နေကြလေသည်။တိုက်ရိုက်ထုတ်လွှင့်ချန်နယ်တိုင်းတွင်ထိပ်တန်းအဆင့် သခင်ကြီးများ ရှိတတ်ကြသော်လည်း ကျိုးဟောင်ကဲ့သို့ လက်ဆောင်အများအပြားပေးသောသူမျိုးတော့မရှိပေ။

ကျိုးဟောင်က လက်ဖွာတတ်သောလူမျိုးမဟုတ်ပေ။ သို့သော်လည်း ကံကြမ္မာ အမှတ် ၁၀သန်းက သူ့အား စက္ကန့်၆၀ဆိုသော အချိန်သာပေးနိုင်လေသည်။ ဒါကြောင့်သူနှောင့်နှေးနေလို့မဖြစ်ပေ။

ပထမစက္ကန့်၆၀ကုန်ဆုံးသွားပြီးနောက် ကျိုးဟောင်မှာ ဆက်လက်လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။ နောက်ထပ် ကံကြမ္မာ အမှတ်၁၀သန်းမှာလည်း ချက်ချင်းအငွေ့ပျံသွားလေသည်။

နတ်မိမယ်ယွဲ့လင်၏ ချန်နယ်တွင်လည်း ကျိုးဟောင်ကြောင့် ပွက်လောရိုက်နေကြလေသည်။

သူတို့မှာ ကျိုးဟောင်၏ ပိုက်ဆံသုံးစွဲပုံကို ကြားဖူးကြသော်လည်း ယခုလို မျက်မြင်ကိုယ်တွေ့ကြုံရသောအခါ ပါးစပ်အဟောင်းသားဖြစ်ပြီး ရင်သပ်ရှုမောဖြစ်နေကြလေသည်။

ကျိုးဟောင်၏ ကြမ်းတမ်းပြီး အဆင်ခြင်မဲ့သုံးစွဲပုံကအလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလေသည်။

" ဒီပစ္စည်းက ရဖို့တော်တော်ခက်တာပဲ"

ကံကြမ္မာအမှတ်သန်း ၂၀ ဆက်တိုက်သုံးခဲ့တာတောင်မှာ ရှားပါး အဆင့် စွမ်းအင်ချောင်းတချောင်းတောင်မရသောကြောင့် ကျိုးဟောင်စိတ်ဓာတ်ကျလာလေသည်။

သို့သော်လည်း ဒါက လူတိုင်းအတွက် အခက်အခဲဖြစ်နေလေသည်။ သူသည် နတ်မိမယ်ယွဲ့လင်၏ ချန်နယ်ထဲသို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ရှားပါးအဆင့်စွမ်းအင်အချောင်းများရရှိသူတယောက်မှ မတွေ့သေးပေ။

နတ်မိမယ်ယွဲ့လင်လည်း စိတ်လှုပ်ရှားပြီး သူမ၏လက်သီးလေးများကို ကျစ်ကျစ်ပါအောင်စုပ်ထားလေသည်။ သူမဆုံးရှုံးနေသည့်အချိန်တွင် အံဖွယ်ဖြစ်ရပ်တခုကရောက်လာသောကြောင့်ဖြစ်ဘေသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက သူမ၏ ချန်နယ်မှာအဆင့်တဖြေးဖြေးကျလာနေပြီး သူမအတွက်ထိန်းထားနိုင်ဖို့ ခက်ခဲနေလေသည်။

ယခုမူ သူမ၏အဆင့်က ဒုံးပျံသဖွယ် တဟုန်ထိုး မြင့်တက်နေလေသည်။အဓိက အကြောင်းအရင်းကတော့ ကျိုးဟောင်လက်ဆောင်များကို ဆက်တိုက်ပေးနေခဲ့ပြီး အခြား အားပေးသူများကလည်း ကျိုးဟောင်ကို အားကျတာ သူတို့ပါလိုက်ပြီးလက်ဆောင်များပေးနေကြသောကြောင့်ဖြစ်လေသည်။

ကျိုးဟောင်က လျှို့ဝှက်ဆန်းကြယ်သေတ္တာကဏ္ဍတွင်ပုံရိပ်ကြီးမားသူတဦးဖြစ်လေသည်။ဒါ့အပြင်အသုံးပြုသူများကြားတွင် ပထမဆုံးသော ဒဏ္ဍာရီအဆင့်ပစ္စည်းအား ရခဲ့ဖူးသူဖြစ်လေသည်။

ယခုလိုအချက်များကြောင့် ကျိုးဟောင်အနေဖြင့် မည်သူ့ချန်နယ်ကိုမဆို ၀င်ကြည့်ပါက လူအများအားဆွဲဆောင်နိုင်စွမ်းရှိလေသည်။

"သခင်ကြီး နတ်မိမယ်ယွဲ့လင်၏ ချန်နယ်က အဆင့် ၆၅၀၀၀ကိုရောက်သွားပါပြီ"

"သူမက ထုတ်လွှင့်သူ ၅ထောင်လောက်ကိုကျော်တက်သွားတာပဲ "

"သခင်ကြီး ခင်ဗျားက အတော် အထင်ကြီးဖို့ကောင်းတာပဲ"

ကျိုးဟောင်က အရူးအမူးလက်ဆောင်များပေးနေချိန်တွင် အခြားသူများကလည်း သူပေးသလို လက်‌ဆောင်များလိုက်ပေးကြလေသည်။

သို့သော်လည်း ကောင်းကင်ဘုံက လျစ်လျူရှုထားသကဲ့သို့ သူတို့ခဗျာ ဆုလာဒ်ကြီးကြီးမားမားမရခဲ့ကြပေ။

" သခင်ကြီးဘယ်လောက်ရသလဲကြည့်ပြီး မင်းဘယ်လောက်ရလဲ ပြန်ယှဉ်ကြည့်လိုက်ရင် အဓိပ္ပာယ်မရှိသလိုခံစားရတယ်။ ဒါပေမဲ့ သခင်ကြီးလည်း ဆုလာဘ်အတော်များများကို လွတ်ခဲ့တာပဲ"

"သခင်ကြီးကိုကြည့်ရတာ ရှားပါးစွမ်းအင်ချောင်းကို လိုချင်နေပုံတယ်။ အဲ့တာကလည်း တနေ့လုံးမှ တခါသာ ပေါ်လာတတ်ပြီး ထပ်မပေါ်လာလေ့မရှိဘူး"

နတ်မိမယ်ယွဲ့လင်၏ ချန်နယ်တွင်ရှိသော အသုံးပြုသူများက ကျိုးဟောင်အားကြည့်ပြီးအားကျနေကြလေသည်။ သူတို့အားလုံး ကျိုးဟောင်ကဲ့သို့ ကြောက်ခမန်းလိလိ ချမ်းသာချင်နေကြလေသည်။

သို့သော်လည်း ကျိုးဟောင်အနေဖြင့် ရှားပါးစွမ်းအင်ချောင်းကို အသည်းအသန်လိုချင်နေသောကြောင့် သူတို့အား ဂရုမစိုက်အားပေ။

သူ့ကံကြမ္မာ အမှတ်များကပေးသော စက္ကန့်၆၀ဆိုသော အချိန်မှာအလွန်နည်းလှပေသည်။ ကျိုးဟောင်အနေဖြင့် ဘာမှမရ‌သေးပဲ နောက်ထပ်စက္ကန့်၆၀ထပ်မံကုန်ဆုံးသွားပြန်လေသည်။

"သခင်ကြီး တခြားတခုခုပြောင်းလုပ်ကြည့်ပါလား"

"ဟုတ်တယ်သခင်ကြီး။ ရှားပါးအဆင့် စွမ်းအင်ချောင်းတွေက တနေ့လုံးမှ တခါပဲပေါ်လာတတ်တာ ထပ်ပေါ်လာတော့မယ်မထင်ဘူး"

အခြားအသုံးပြုသူများက ကျိုးဟောင်အနေဖြင့် ရှားပါးစွမ်းအင်ချောင်းအားလိုချင်နေသည်လို့ထင်နေကြလေသည်။

ယခု ကျိုးဟောင်အနေဖြင့် ကောင်းကင်ဘုံဒင်္ဂါးပြားများ ၅၀ ဘီလီယံလောက်သုံးပြီးသော်လည်း သာမန်စွမ်းအင်ချောင်းများကိုသာ ရရှိခဲ့ပြီး ရှားပါးအဆင့်ကိုတော့ မရသေးပေ။

ကျိုးဟောင်က ကျန်နေသေးသော ကံကြမ္မာ အမှတ် သန်း ၂၀ ကြည့်ပြီး ခဏလောက်တွေဝေနေလေသည်။

....................................................................................

အခန်း(၂၃၀)ပြီးပါပြီ။

အခန်း (၂၃၁) : အကုန်လုံးသာသုံးပစ်လိုက်စမ်းပါ

သာမန်အဆင့်စွမ်းအင်‌ချောင်းမဆိုထားနှင့် ပလက်တီနမ်အဆင့်စွမ်းအင်‌‌ ချောင်းများကိုပင် ကျိုးဟောင်မှာသိပ်မသုံးပေ။

ယခုလက်ရှိ သူအလိုချင်ဆုံးအရာမှာ ရှားပါးအဆင့်စွမ်းအင်‌ အချောင်းတစ်ခုသာဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ကံကြမ္မာအမှတ် ၁၀သန်းမှာသူ့အတွက် ရှားပါးအဆင့်စွမ်းအင်‌ချောင်းတစ်ခုရရန်ပင် လုံလောက်သည့်ပုံမပေါ်ပေ။

ယခုလက်ရှိတွင်သူ့ထံ၌ ကံကြမ္မာအမှတ် သန်း ၂၀ကျော်ကျန်သေးပေသည်။ ထိုကံကြမ္မာအမှတ်များအား ညီတူညီမျှတစ်ဝက်စီခွဲကာ ၁၀သန်းနှစ်ကြိမ်သုံး၍ရသလို တစ်ကြိမ်တည်းနှင့်အကုန်ကုန်သွားအောင်သုံးလိုက်လျှင်လည်းရပေသည်။ သို့မဟုတ် ကျန်ရှိသောအမှတ်များကိုစုထားပြီး နောက်ထပ်သန်း ၅၀ပြည့်မှ သုံးလည်းရပေသည်။

ကံကြမ္မာအမှတ် ၁၀သန်းမှာ "ပြီးမြောက်နိုင်သောအိပ်မက်များ" ဟူသောအဆင့်သာရှိပြီး သန်း၅၀မှာမူ "ကံကြမ္မာသခင်မ၏ကောင်းချီး"ဟူသော အဆင့်ရှိပေသည်။

ကံကြမ္မာအမှတ်ပိုများလျှင် ထပ်ဆောင်းအကျိုးသက်ရောက်မှုများလည်းရှိပေရာ ကံကြမ္မာအမှတ်သန်း ၂၀ ၏အကျိုးသက်ရောက်မှုနှင့် ၁၀သန်း၏အကျိုးသက်ရောက်မှုမှာ သေချာပေါက်မတူပေ။

သို့သော်သူ့အတွက် ကံကြမ္မာအမှတ်သန်း ၂၀ဖြင့်အရည်အသွေးအရပြောင်းလဲရန်မှာမဖြစ်နိုင်ပေ အရေအတွက်ကိုသာပြောင်းလဲနိုင်ပေလိမ့်မည်။

"ငါတစ်ဝက်ပဲခွဲလိုက်တော့မယ်"

ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာ သန်း၂၀ကိုအညီအမျှခွဲရန် ဆုံးဖြတ်လိုက်လေသည်။

ယခုတစ်ကြိမ်အသုံးပြုပြီးသည့်အချိန်အထိ ရှားပါးအဆင့်စွမ်းအင်ချောင်းမရပါက ကံကြမ္မာအမှတ် သန်း၅၀အားစုပြီးမှသာ နောက်တစ်ကြိမ်ထပ်မံကြိုးစားမည်ဖြစ်သည်။

ကမ္ဘာဂြိုဟ်ပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရစွမ်းအားမှာ အလွန်နည်းပါးလှပေသည်။ ၎င်းကိုစုပ်ယူပြီးပါက အလျင်အမြန်ပြန်လည်ရရှိရန်မှာ အလွန်ခက်ခဲပေသည်။

ထပ်မံပြောရလျှင် ရှားပါးအဆင့်စွမ်းအင်တောင့်များအား ကျင့်ကြံရေးအရင်းအမြစ်အနေဖြင့် သုံးစွဲနိုင်ပေသည်။

အကယ်၍ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်အား ကမ္ဘာဂြိုဟ်ပေါ်တွင်ကျင့်ကြံလိုပါက သေချာပေါက်ကျင့်ကြံရေးအရင်းအမြစ်ပမာဏ အများအပြားလိုအပ်မည်ဖြစ်သည်။

နောက်ထပ်ကံကြမ္မာအမှတ် ၁၀သန်းအား ချက်ချင်းပင်သုံးလိုက်ပြီးနောက် ကျိုးဟောင်မှာနောက်တစ်ကြိမ် တရစပ်လက်ဆောင်ပေးမှုအား စတင်တော့သည်။

" 'ငါကသာမန်လူတစ်ယောက်ပါပဲ' မှ စွမ်းအင်ဘား ၉၉တောင့်အားလက်ဆောင်ပေးပါသည်...."

" 'ငါကသာမန်လူတစ်ယောက်ပါပဲ' မှ စွမ်းအင်ဘား ၅၉တောင့်အားလက်ဆောင်ပေးပါသည်...."

" 'ငါကသာမန်လူတစ်ယောက်ပါပဲ' မှ စွမ်းအင်ဘား ၄၄တောင့်အားလက်ဆောင်ပေးပါသည်...."

"မိုက်တယ် မိုက်တယ် သခင်ကြီးတော့ထပ်စပြန်ပြီဟေ့ @ငါကသာမန်လူတစ်ယောက်ပါပဲ..."

"လုပ်လိုက်စမ်းပါ သခင်ကြီး မင်းဒါကိုသေချာပေါက်ရရမယ်"

"ငါတော့ သူရှားပါးအဆင့်စွမ်းအင်ဘားရမယ်လို့မထင်ဘူး သာမန်အဆင့်စွမ်းအင်ဘားအများ‌ကြီးတော့ရလောက်တယ်"

"ရက်စက်လိုက်တာကွာ သူအများကြီးသုံးနေတာပဲ"

လက်ဆောင်ပေးနေသူမှာ သူတို့မဟုတ်သော်လည်း အသုံးပြုသူအများအပြားမှာ စိတ်လှုပ်ရှားနေကြဆဲပင်။

နတ်မိမယ်ယွဲ့လင်မှာဘာကြောင့်မှန်းမသိ အပြစ်ရှိသလိုခံစားလာရလေသည်။ ကျိုးဟောင်မှာ ရှားပါးအဆင့်စွမ်းအင်ဘားအားတကယ်လိုချင်နေခြင်းဖြစ်သော်လည်း ၎င်းအားရရန်ရာခိုင်နှုန်းမှာ အလွန်နည်းပေသည်။

နတ်မိမယ်ယွဲ့လင် : "သခင်ကြီး ဒါမှမဟုတ်နောက်တစ်ခါမှကြိုးစားကြည့်ပါလား ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက နည်းနည်းမရှင်းမလင်းဖြစ်နေလောက်တယ်......"

နတ်မိမယ်ယွဲ့လင်မှာ စိတ်ထဲတွင်ကျိုးဟောင်ရှားပါးအဆင့်စွမ်းအင်ဘား ရပါစေဆုတောင်းရင်း မဝံ့မရဲပြောလိုက်လေသည်။

မမျှော်လင့်ဘဲ နတ်မိမယ်ယွဲ့လင်၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာရုတ်တရက် ရှားပါးအဆင့်စွမ်းအင်ဘား ၁၀၀အားရသွားလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားလုံး၏မျက်နှာပြင်ထက်တွင် ရွှေရောင်စာတန်းတစ်ခုမှာ ချက်ချင်းဆိုသလိုပင်ပေါ်လာလေသည်။

ရှားပါးအဆင့်စွမ်းအင်ဘားသည်လည်း ရှားပါးအဆင့်ပစ္စည်းဖြစ်ပေသည်။ သို့သော် ရှားပါးအဆင့်ပစ္စည်းများကြားတွင် ဤပစ္စည်း၏အဆင့်မှာနိမ့်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအားလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

ယခင်က ရှားပါးအဆင့်စွမ်းအင်ဘားရရှိကြောင်းကြေညာချက်များ မျက်နှာပြင်ပေါ်တွင်ပေါ်လာဖူးပေသည်။ သို့သော် ၎င်းကြေညာချက်များမှာပုံမှန်အားဖြင့် ပမာဏအနည်းငယ် သို့မဟုတ် ၁၀ခုကျော်သာဖြစ်ပြီး ကျိုးဟောင်လိုမျိုး အခု ၁၀၀တန်းရသွားသူ မည်သူမျှမရှိပေ။

ကျိုးဟောင်မှာချက်ချင်းပင်နားလည်လိုက်သည်။ ကံကြမ္မာနံပါတ်များရွှေရောင်ပြောင်းသွားသည့်အချိန်၌ သူရှားပါးအဆင့်စွမ်းအင်ဘားများရရှိနိုင်ပေသည်။

အစောပိုင်းက သူမြင်နေရသောကံကြမ္မာနံပါတ်များမှာ ဘာကြောင့်အခြားကံကြမ္မာနံပါတ်များနှင့် မတူရသလဲဟုအံ့ဩနေတာဖြစ်သည်။

ယခုမူ ထိုသို့ဖြစ်ရသည့်အကြောင်းပြချက်အားသူသိသွားပေပြီ။

"သေစမ်း ဒီသခင်ကြီးကမိုက်လိုက်တာ ချက်ချင်းပဲ သူ့ကံကိုပြောင်းပြီး အခြေအနေကိုပြောင်းပြန်လှန်ပြီးတော့ ရှားပါးအဆင့်စွမ်းအင်ဘားရသွားတယ်"

"ငါတော့ရှားပါးအဆင့်စွမ်းအင်ဘားအခု ၁၀၀ရတဲ့လူကို ပထမဆုံးမြင်ဖူးတာပဲ သခင်ကြီးလို့မပြောရဘူး"

ငါကသာမန်လူတစ်ယောက်ပါပဲ : "အရမ်းအထင်ကြီးနေပါပြီ ဒီတိုင်းကံကောင်းသွားတာပါ"

ကျိုးဟောင်မှာစိတ်ကောင်းဝင်နေသဖြင့် စာပြန်လိုက်သည်။

နတ်မိမယ်ယွဲ့လင်မှာ အလွန်မှင်တက်သွားလေသည်။ ဤကိစ္စမှာ တကယ်ပင်တိုက်ဆိုင်မှုတစ်ခုပင်လား။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကျိုးဟောင်ရှားပါးအဆင့်စွမ်းအင်ဘားရပြီးနောက် ပလက်တီနမ်အဆင့်အသုံးပြုသူများနှင့် စိန်အဆင့်သခင်ကြီးများမှာလည်းစောင့်ကြည့်ရန် ရူးသွပ်စွာဖြင့် အလောတကြီးဝင်ရောက်လာကြပေသည်။

"သေစမ်း သခင်ကြီးလို့မပြောရဘူး @ငါကသာမန်လူတစ်ယောက်ပါပဲ"

"မင်း‌ဆီကကောင်းတဲ့ကံလေး နည်းနည်းလောက်မျှပေးပါ @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်၏ပေါ်ပေါက်လာမှုကြောင့် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ စတင်ပြီးအလွန်စည်ကားလာလေသည်။

ကျိုးဟောင်၏ရူးသွပ်စွာသုံးစွဲမှုနှင့် အသုံးပြုသူအသစ်များထံမှလက်ဆောင်များကြောင့် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်မှာ ၆သောင်းနားသို့ ချဉ်းကပ်နေပြီဖြစ်သည်။

"သခင်ကြီး ရှားပါးအဆင့်စွမ်းအင်ဘား ၁၀၀ရဖို့ လက်ဆောင်ဘယ်လောက်ပေးလိုက်ရလဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"

စိန်အဆင့်သခင်ကြီးတစ်ယောက်မှ ကျိုးဟောင်အားသိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။

ထိုအချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုရှိအခြားလူများမှာ အပြေးအလွှားဖြေလာကြလေသည်။

ဖြစ်ရပ်တစ်ခုလုံးအား သူတို့စောင့်ကြည့်ခဲ့ပေရာ အားလုံးကိုသိကြပေသည်။

ငါကသာမန်လူတစ်ယောက်ပါပဲ : "ငါအရင်သွားတော့မယ် နောက်တစ်ခေါက်မှထပ်လာခဲ့မယ် @နတ်မိမယ်ယွဲ့လင်"

ကျိုးဟောင်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြာကြာဆက်နေရန်အစီအစဉ်မရှိပေ။ ရှားပါးအဆင့်စွမ်းအင်ဘားရပြီးပြီဖြစ်သည့်အတွက် ၎င်း၏အကျိုးသက်ရောက်မှုအားစမ်းသပ်ရပေဦးမည်။

"ဝါး ဝါး တစ်ခုခုကတော့သံသယဖြစ်စရာကောင်းနေပြီဟေ့ သခင်ကြီးကအားလုံးကိုလျစ်လျူရှုပြီး နတ်မိမယ်ယွဲ့လင်တစ်ယောက်ကိုပဲ နာမည်ခေါ်ပြီးစာပို့သွားတယ်"

"သေချာပေါက် သံသယဖြစ်စရာတစ်ခုခုတော့ဖြစ်နေပြီ"

"‌ဒါဘယ်လိုဖြစ်နိုင်မှာလဲ....ငါတန်ဖိုးထားရတဲ့နတ်မိမယ်လေးက ပါတောင်သွားပြီတဲ့"

"သေစမ်း"

ဝံပုလွေအူသံများကြားတွင် ကျိုးဟောင်မှာအဝတ်အစားများအား ဖုတ်ခါပြီး တိတ်ဆိတ်စွာထွက်သွားလေသည်။

....................................................................................

အခန်း(၂၃၁) ပြီးပါပြီ။

All Chapters