အခန်း ၁၃၂-၁၃၄
Vol. 16 Ch. 132-134
အခန်း (၂၃၂) : တစ်ခုခုထပ်ဖြစ်ပြန်ပြီ
တိုက်ရိုက်ထုတ်လွှင့်မှုမှထွက်လာပြီးနောက် ကျိုးဟောင်ထင်ထားသည့်အတိုင်းပင် နတ်မိမယ်ယွဲ့လင်ထံမှစာဝင်လာလေသည်။
နတ်မိမယ်ယွဲ့လင် : "ထွက်သွားတာမြန်လိုက်တာ ကျွန်မအခုမှအကသင်ပြီးတော့ ရှင့်ကိုကပြမလို့"
ထိုကဲ့သို့သောစကားမျိုးအားမမျှော်လင့်ထားပေရာ ကျိုးဟောင်မှာမှင်တက်သွားလေသည်။
သို့သော် အစောပိုင်းကသူဆုရရန်သာအလုပ်ရှုပ်နေ၍ နတ်မိမယ်ယွဲ့လင်ဘာပြောလိုက်မှန်းကို သတိမထားမိပေ။
အစောပိုင်းက သူမပို့လိုက်သောစာတွင်ဘာရေးထားမှန်းပင် သတိမထားမိပေ။
မည်သို့ပင်ဖြစ်စေ ကံကြမ္မာအမှတ် ၁၀သန်းမှာ စက္ကန့် ၆၀သာအချိန်ရပေရာ ၁စက္ကန့်ကိုပင်ဖြုန်းတီးလိုက်လို့မဖြစ်ပေ။
ကျိုးဟောင်မှာ ခေတ္တမျှစဉ်းစားပြီး စာပြန်လိုက်သည်။
ငါကသာမန်လူတစ်ယောက်ပါပဲ : "အာ အဲဒါကိုမသိလိုက်ဘူး ဒါဆိုလည်းရတယ်လေ အခုပဲပြန်လာလိုက်မယ်"
နတ်မိမယ်ယွဲ့လင် : "အာ ဒါက...."
ငါကသာမန်လူတစ်ယောက်ပါပဲ : "ဟဟ ဒီတိုင်းနောက်လိုက်တာပါ နောက်မှပဲထပ်လာခဲ့မယ်"
နတ်မိမယ်ယွဲ့လင် : "ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ လက်ဆောင်တွေပေးပေးလို့ကျေးဇူးအများကြီးတင်ပါတယ် ကျွန်မအရမ်းကျေးဇူးတင်မိပါတယ် ရှင်လည်းအစစအရာရာအဆင်ပြေပါစေ"
ငါကသာမန်လူတစ်ယောက်ပါပဲ : "နတ်မိမယ် မင်းကသိပ်အပြောချိုတာပဲ ငါနောက်မှထပ်လာခဲ့တော့မယ်"
ပြောပြီးသည်နှင့် ကျိုးဟောင်မှာ ချက်ချင်းပင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှ ထွက်လိုက်လေသည်။
လက်ရှိလောကကိုပြန်ရောက်လာပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင် သာမန်အဆင့်စွမ်းအင်ဘားတစ်ခုအားထုတ်လိုက်လေသည်။
သာမန်အဆင့်စွမ်းအင်ဘားမှာ အကြည်ရောင်အတောင့်လေးဖြစ်ပြီး အထူးတလည်ပုံစံမျိုးမပေါ်ပေ။
ပါးစပ်ထဲဝါးလိုက်သည့်အချိန်တွင် ကြွပ်ကြွပ်ရွရွပုံစံရှိသော်လည်း သာမန်အဆင့်စွမ်းအင်ဘား၏ပြန်လည်ဖြည့်တင်းသောအကျိုးသက်ရောက်မှုမှာ အလွန်နည်းပေသည်။
စနစ်ထဲရှိသိမ်းဆည်းရေးကျောပိုးအိတ်အားဖွင့်ပြီးနောက် ကျိုးဟောင်မှာရှားပါးအဆင့်စွမ်းအင်ဘားတစ်ခုအား ထုတ်ယူလိုက်လေသည်။
သာမန်အဆင့်စွမ်းအင်ဘားနှင့်မတူဘဲ ဤရှားပါးအဆင့်စွမ်းအင်ဘားတွင် တကယ်ကိုအလွန်များပြားသော အနှစ်သာရစွမ်းအားစီးဆင်းမှုရှိပေသည်။
ထို့အပြင် ရှားပါးအဆင့်စွမ်းအင်ဘားမှာ စားလို့ရရုံသာမက လက်ထဲတွင်ဆုပ်ကိုင်ထားပြီး ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းအား လှည့်ပတ်ခြင်းဖြင့်သန့်စင်ကာ စုပ်ယူနိုင်ပေသည်။
ကျိုးဟောင်မှာ ဒြပ်စင်၅သွယ်မဟာယန်မှတ်တမ်း ကျင့်ကြံရေးသိုင်းအားလှည့်ပတ်လိုက်ပြီးနောက် ဤရှားပါးအဆင့်စွမ်းအင်ဘားတွင်ပါဝင်သော သန့်စင်သောစွမ်းအင်အနှစ်သာရများအား သူ့ခန္ဓာကိုယ်မှစုပ်ယူသွားပြီဖြစ်သည်။
မကြာမီကျိုးဟောင်၏မျက်လုံးထဲတွင် အံ့ဩနေသောအရိပ်အယောင်ပေါ်လာလေသည်။
"ဒါကအရမ်းအသုံးဝင်တာပဲ အနှစ်သာရပုံဆောင်ခဲနဲ့ယှဉ်လို့ရတယ်"
ယခုအချိန်တွင် ကျိုးဟောင်မှာစိတ်လှုပ်ရှားနေပေသည်။ ယခင်က သူအစိမ်းရောင်တိမ်တိုက်ဌာနခွဲတွင် တာဝန်ပေါင်းမြောက်မြားစွာလုပ်ခဲ့သော်လည်း အနှစ်သာရပုံဆောင်ခဲအပိုင်းအစ အနည်းငယ်သာရခဲ့ပေသည်။
အဆုံး၌တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူဆုလာဘ်တစ်ခါသာရပြီး အနှစ်သာရပုံဆောင်ခဲနှင့်ယှဥ်နိုင်သော ရှားပါးအဆင့်စွမ်းအင်ဘား အခု ၁၀၀တန်းရခဲ့ပေသည်။
ရှားပါးအဆင့်စွမ်းအင်ဘားများအား ၄ခုဆက်တိုက်စုပ်ယူပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းမှကုန်ဆုံးနေသောအနှစ်သာရစွမ်းအားမှာ ပြန်လည်ပြည့်ဝလာလေသည်။
သူ၏လက်ရှိစွမ်းအားနှင့်ဆိုပါက သူ၏ကုန်ဆုံးသွားသောအနှစ်သာရစွမ်းအားအား ရှားပါးအဆင့်စွမ်းအင်ဘား ၄ခုစုပ်ယူလိုက်ရုံဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်ကို ကျိုးဟောင်နားလည်လိုက်ပေသည်။
သို့သော်အချိန်ကုန်ဆုံးလာပြီး သူ၏ကျင့်ကြံရေးအဆင့်တိုးလာသည်နှင့်အမျှ ရှားပါးအဆင့်စွမ်းအင်ဘားစုပ်ယူမှုမှာလည်း တိုးလာမည်ဖြစ်သည်။
ကျိုးဟောင်မှာ ဤရှားပါးအဆင့်စွမ်းအင်ဘား ၁၀၀ရရှိရန် ကံကြမ္မာအမှတ်သန်း ၃၀အားသုံးစွဲလိုက်ရပေသည်။
တစ်နည်းဆိုရသော် အကယ်၍နောက်တစ်ကြိမ်တွင် သူရှားပါးအဆင့်စွမ်းအင်ဘားများအားပိုရချင်ပါက ကံကြမ္မာအမှတ်သန်း ၃၀အား တန်းသုံးလိုက်ရုံပင်ဖြစ်သည်။
သူ၏အနှစ်သာရစွမ်းအား ပြန်လည်ဖြည့်တင်းပြီးနောက် ကျိုးဟောင်မှာဆက်လက်ကျင့်ကြံနေပေသည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ကျိုးဟောင်၌အရင်းအမြစ်မရှားပါးပေရာ သူ၏စွမ်းအားအား လိုချင်သလောက်မြှင့်တင်လို့ရပေသည်။
မူလကကျိုးဟောင်ထင်သည်မှာ လုံလောက်သောအရင်းအမြစ်ရှိပါက တစ်ခါတည်းဖြင့် သေချာကျင့်ကြံနိုင်မည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူကြာကြာလေ့မကျင့်ရသေးခင်မှာပင် အစိမ်းရောင်တိမ်တိုက်ဌာနမှအရေးပေါ်အမိန့်တစ်ခုအား လက်ခံရလိုက်လေသည်။
ကျိုးဟောင်မှာဆက်သွယ်ရေးကိရိယာအားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
ဘာကြောင့်မှန်းမသိ ဤမျိုးနွယ်ခြားသက်ရှိများမှာ ယခုရက်ပိုင်းအတွင်းအလွန်ဂနာမငြိမ်ဖြစ်လာလေသည်။
မမျှော်လင့်ထားဘဲ ကိစ္စတစ်ခုခုထပ်ဖြစ်ပြန်ပေပြီ။
အကူအညီလိုအပ်နေသော အက်ကွဲကြောင်းစုစုပေါင်း ၅ခုရှိပေသည်။ ထိုအက်ကွဲကြောင်းများမှာ နံပါတ် ၁၊ ၃၊ ၇၊ ၉နှင့် ၁၁ခုမြောက်အက်ကွဲကြောင်းများဖြစ်သည်။
နံပါတ်၁ အက်ကွဲကြောင်း၏အခြေအနေမှာ အဆိုးဆုံးဖြစ်သည်။ ပြောစကားများအရ ရှေ့တန်းရှိသိုင်းပညာရှင်အရေအတွက်၏တစ်ဝက်ခန့်မှာ စစ်ပွဲတွင် သေဆုံးသွားကြပြီဖြစ်သည်။ ကျန်ရှိနေသောလူများမှာ သွေးသံရဲရဲစစ်ပွဲအားဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပြီး အဖွဲ့ဝင်များအားဆုံးရှုံးနေရဆဲပင်ဖြစ်သည်။
ယခင်ကမလှုပ်ရှားခဲ့ဖူးသော သခင်ကြီးများပင် ယခုတစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြပေရာ ယခုတစ်ကြိမ်အခြေအနေမှာမည်မျှအန္တရာယ်များကြောင်း စိတ်ကူးကြည့်လို့ရပေသည်။
ဟွာရှားမြို့အနှံ့တွင် စစ်သားများအားအရေးတကြီး တပ်ဖြန့်ထားပေသည်။
သို့သော် ကမ္ဘာဂြိုဟ်ပေါ်တွင်ပညာရှင်အရေအတွက်မှာ အလွန်နည်းပါးပေသည်။ ယခုတစ်ကြိမ်တွင် အက်ကွဲကြောင်း ၅ခုသာအန္တရာယ်ကျရောက်ပြီး ထိခိုက်နေခြင်းဖြစ်သည်။
အကယ်၍အက်ကွဲကြောင်း ၁၃ခုလုံးသာ အန္တရာယ်ကျရောက်လာပါက.....
ဤအရေးကိစ္စအားဆွေးနွေးနေသည်မှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့တစ်ခုတည်းမဟုတ်ပေ။ အချို့အက်ကွဲကြောင်းများမှာလည်း အမျိုးမျိုးသောချန်နယ်များမှတစ်ဆင့်ကျိုးဟောင်အား အကူအညီတောင်းနေကြပြီဖြစ်သည်။
ပြီးခဲ့သည့်စစ်ပွဲနောက်ပိုင်း ကျိုးဟောင်မှာအားလုံး၏ခိုင်မာသောအထောက်အပံ့ဖြစ်လာပြီဖြစ်ပေရာ ကျိုးဟောင်ရှိနေပါက အားလုံးအန္တရာယ်ကင်းသည်ဟုပင်သတ်မှတ်ထားကြပေသည်။
ကျိုးဟောင်မှာမူ ဤသိုင်းပညာရှင်များ၏ဖိတ်ကြားမှုများအား သဘောတူလက်ခံခဲ့ခြင်းမရှိပေ။
....................................................................................
အခန်း(၂၃၂) ပြီးပါပြီ။
အခန်း (၂၃၃) : ဥက္ကဌကျိုးက အရမ်းအဆင်အခြင်မဲ့လွန်းတယ်
ကျိုးဟောင်မှာဆက်လက်လေ့ကျင့်နေရင်း အစိမ်းရောင်တိမ်တိုက်ဌာန၏အမိန့်အား စောင့်နေလေသည်။
အဆုံး၌ အစိမ်းရောင်တိမ်တိုက်ဌာနအစား ဒုတာဝန်ခံရှစ်ကျီ၏ခေါ်ဆိုမှုသာဝင်ရောက်လာလေသည်။
"ဥက္ကဌကျိုး ကျွန်တော်တကယ်အားနာပါတယ် ဒါပေမဲ့ကမ္ဘာဂြိုဟ်ပေါ်ကပညာရှင်အရေအတွက်က အကန့်အသတ်ရှိလို့ ဒီတစ်ကြိမ်လည်း စီနီယာကျိုးကိုပဲထပ်ပြီးဒုက္ခပေးရဦးမယ်"
ဒုတာဝန်ခံရှစ်ကျီမှာ ထိုစကားအားပြောပြီးနောက်ဘာမှမတတ်နိုင်သလိုခံစားလိုက်ရသော်လည်း သူ့ထံတွင်အခြားရွေးချယ်စရာလည်းမရှိပေ။
နံပါတ်၁အက်ကွဲကြောင်းရှိအခြေအနေမှာ ထပ်မံနှောင့်နှေးနေလို့မရတော့ပေ။
"ဒုတာဝန်ခံရှစ်ကျီ ဘာအရေးပေါ်ကိစ္စရှိလို့လဲ"
ကျိုးဟောင်မှာ ရှစ်ကျီအပေါ်လေးစားပေသည်။ ယခုအစိမ်းရောင်တိမ်တိုက်ဌာနမှာအမိန့်မပေးသေး၍ သူပုဂ္ဂိုလ်ရေးအလုပ်အနည်းငယ်လုပ်လို့ရပေသည်။
စင်စစ် အစိမ်းရောင်တိမ်တိုက်ဌာနမှာအလွန်နှေးကွေးပြီး အမိန့်တစ်ခုပေးရန်အချိန်အကြာကြီးယူနေရခြင်းမဟုတ်ဘဲ အစိမ်းရောင်တိမ်တိုက်ဌာန၏အထက်လူကြီးများမှာလည်း ယခုအချိန်တွင် ဘာလုပ်ရမှန်းမသိဖြစ်နေခြင်းသာဖြစ်သည်။
ကျိုးဟောင်မှာ တိုက်ပွဲအကြီးစားအားတိုက်ထားသည်မှာ သိပ်မကြာသေးပေရာ သူ၏အနှစ်သာရစွမ်းအားများမှာ ပြန်လည်မပြည့်ဝသေးဘူးဟုယူဆလို့ရပေသည်။
ထို့ကြောင့်ရာထူးကြီးပုဂ္ဂိုလ်များမှာ ကျိုးဟောင်အားလှည့်လည်သွားပြီး စစ်ပွဲတွင်ထပ်မံပါဝင်ရန် မတောင်းဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် အချိန်အကြာကြီးတွေဝေနေပြီးနောက် အမိန့်မပေးဖို့ရန်ဆုံးဖြတ်နေကြဆဲဖြစ်သည်။
တစ်ဖက်တွင် ကျိုးဟောင်မှာရှစ်ကျီထံမှအခြေအနေအလုံးစုံအား သိရှိပြီးပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဘာကြောင့်မှန်းမသိ အက်ကွဲကြောင်းအများစုမှာ ကြိုတင်စီစဉ်ထားသကဲ့သို့ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခံနေရပေသည်။
အထူးသဖြင့် နံပါတ်၁အက်ကွဲကြောင်းဧရိယာတွင် မျိုးနွယ်ခြားပေါင်းစုံမှာ အဆက်မပြတ်ပေါ်ထွက်လာပြီး အခြေအနေမှာအလွန်အမင်းဆိုးဝါးနေပေသည်။
ကျိုးဟောင်လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် အစိမ်းရောင်တိမ်တိုက်ဌာနမှစာတစ်စောင်ကိုလည်း လက်ခံရရှိလိုက်လေသည်။
အစိမ်းရောင်တိမ်တိုက်ဌာန : "အနှစ်သာရစွမ်းအား ဘယ်လောက်လောက်ပြန်ရပြီလဲ တကယ်လို့အနှစ်သာရပုံဆောင်ခဲအလုံအလောက်ရှိမယ်ဆိုရင် ပြန်ပြည့်ဖို့အချိန်ဘယ်လောက်လောက်ကြာမလဲ"
ယခုတစ်ခေါက်တွင် အစိမ်းရောင်တိမ်တိုက်ဌာနသည်လည်း ပိုက်ဆံအများကြီးသုံးရန်ပြင်ဆင်နေသည်မှာ သိသာပေသည်။
သူတို့သည်အချိန်အကြာကြီးတွေဝေနေကြသော်လည်း ယခုအခြေအနေအားဖြေရှင်းနိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ ကျိုးဟောင်တစ်ယောက်သာရှိသည်။
ကျိုးဟောင်သာအက်ကွဲကြောင်း၏ ပြဿနာအားအောင်မြင်စွာဖြေရှင်းနိုင်ပါက ရှေ့တန်းရှိပညာရှင်တစ်ယောက်အား အခြားအက်ကွဲကြောင်းများထံသို့အကူအညီပေးရန် လွှတ်ပေးနိုင်ပေသည်။
"ကျုပ်ပြန်ကောင်းနေပါပြီ ဒါပေမဲ့ဒီအနှစ်သာရပုံဆောင်ခဲတွေကို ပေးစရာမလိုပါဘူး"
"ကျုပ်အကြံပေးချင်တာကတော့ ဒီအနှစ်သာရပုံဆောင်ခဲတွေကိုပိုက်ဆံရအောင်ရောင်းပြီး စစ်ပွဲမှာသေသွားတဲ့သိုင်းပညာရှင်တွေရဲ့မိသားစုတွေကို ပေးလိုက်ပါ"
ထိုစကားအားပြောပြီးနောက် ကျိုးဟောင်မှာတိုက်ခိုက်ရန်ပြင်ဆင်နေပြီဖြစ်သည်။
အကယ်၍ အစိမ်းရောင်တိမ်တိုက်ဌာမှဘာမျှမပြောလျှင်တောင် သူသိပေသည်။
ယခုတစ်ကြိမ်သူသွားရမည့်နေရာမှာ သေချာပေါက် အန္တရာယ်အများဆုံးနံပါတ် ၁ အက်ကွဲကြောင်းသာဖြစ်သည်။
"ဘာ ပြန်တောင်ပြည့်သွားပြီလား"
အစိမ်းရောင်တိမ်တိုက်ဌာနတွင် ကျိုးဟောင်အားဆက်သွယ်ရန်တာဝန်ယူထားသည့်သိုင်းပညာရှင်မှာ လုံးဝကိုကြက်သေသေသွားလေသည်။
ယခုလိုအချိန်တိုအတောအတွင်း ကျိုးဟောင်၏ အနှစ်သာရစွမ်းအားမှာ ပြန်လည်ပြည့်ဝသွားပေပြီ။
ဤသည်မှာ သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေပေသည်။
သူလည်းစိတ်သက်သာရာရပြီးပျော်ရွှင်သွားသောကြောင့် အလျင်အမြန်ပင်ပြောလိုက်သည်။
"နံပါတ် ၁ အက်ကွဲကြောင်းကအခုအန္တရာယ်ရှိနေတယ် အဖွဲ့အစည်းက စီနီယာကျိုး နံပါတ် ၁အက်ကွဲကြောင်းကို ချက်ချင်းသွားရောက်ကူညီပေးစေလိုပါတယ်"
"တကယ်လို့ တောင်းဆိုချင်တာရှိရင် အချိန်မရွေးဖုန်းခေါ်လိုက်ပါ"
ယခုတစ်ကြိမ်တွင် အစိမ်းရောင်တိမ်တိုက်ဌာန၏စိတ်ရင်းမှာ အလွန်စစ်မှန်ပေသည်။ ကျိုးဟောင်၏တောင်းဆိုမှုမှာ အလွန်အကျွံမဖြစ်သရွေ့ ကျိုးဟောင်အားစိတ်ကျေနပ်အောင်လုပ်ဆောင်ပေးမည်သာဖြစ်သည်။
"အခုလောလောဆယ်တော့ ကျုပ်ဘာမှမလိုသေးဘူး အချိန်မရှိဘူး ကျုပ်နံပါတ် ၁အက်ကွဲကြောင်းဆီ အရင်သွားပြီးကြည့်ကြည့်လိုက်ဦးမယ်"
ကျိုးဟောင်စကားဆုံးသည်နှင့် အစိမ်းရောင်တိမ်တိုက်ဌာနမှသိုင်းပညာရှင်သည်လည်း အသံတိတ်သွားလေသည်။
ဒုတာဝန်ခံရှစ်ကျီမှာ ကျိုးဟောင် နံပါတ်၁ အက်ကွဲကြောင်းသို့ ကူညီပေးရန်သွားရောက်မည့်အကြောင်း သိရှိပြီးနောက် မျက်ရည်ပင်ကျလာလေသည်။ သူ၏ပုံစံမှာ ယခုတစ်ကြိမ်တွင် ကျိုးဟောင်အသက်ရှင်လျက်ပြန်မလာနိုင်မည်ကို စိုးရိမ်နေသလိုပင်။
၇ခုမြောက်ရှေ့တန်းအခြေစိုက်စခန်းမှ နံပါတ် ၁အက်ကွဲကြောင်းသို့သွားရောက်ရမည့် အကွာအဝေးမှာသေချာပေါက် မဝေးပေရာ အရှိန်အပြည့်ဖြင့်ပျံပါက ကျိုးဟောင်အတွက် ထိုအကွာအဝေးမှာ အလွယ်တကူရောက်နိုင်ပေသည်။
ယခုတစ်ကြိမ်တွင်ပထမဆုံးရောက်ရှိသူမှာ ကျိုးဟောင်မဟုတ်တော့ပေ။ လင်ရှုယင်နှင့်အခြားလူများမှာ ကျိုးဟောင်ထက်အရင်ရောက်နှင့်ကာ ရွပ်ရွပ်ချွံချွံဖြင့်တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
"တကယ့်ကို သေကြေဒဏ်ရာရတဲ့လူအရမ်းများနေတာပဲ"
နံပါတ် ၁ အက်ကွဲကြောင်းသို့ ရောက်ရှိပြီးနောက် ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်မိသည်။
မူလကသူတို့ထင်ထားခဲ့သည်မှာ အစိမ်းရောင်တိမ်တိုက်ဌာနနှင့် ဒုတာဝန်ခံရှစ်ကျီ၏စကားများမှာ ချဲ့ကားပြောဆိုသည်ဟုသာ ထင်မြင်ခဲ့ခြင်းဖြစ်သည်။
ယခုမူ နံပါတ် ၁ အက်ကွဲကြောင်းရှိအခြေအနေမှာ တကယ့်ကိုဆိုးဝါးနေမှန်း နောက်ဆုံး၌သိလိုက်ရပြီဖြစ်သည်။
ဤနေရာတွင်ပေါ်လာသော မျိုးနွယ်ခြားများစွာရှိပေသည်။ အချို့စွမ်းအားကြီးမျိုးနွယ်ခြားများမှာ စစ်သားများနှင့်အဆင့်နိမ့်သိုင်းပညာရှင်များကိုပင် စတင်သတ်ဖြတ်နေကြပြီဖြစ်သည်။
ကြောက်မက်ဖွယ်ရာအကောင်းဆုံးကိစ္စမှာ ဤနေရာတွင်ပေါ်လာသောမျိုးနွယ်ခြားအားလုံးမှာ အနည်းဆုံးဒုတိယအဆင့်သန္ဓေပြောင်းကောင်များဖြစ်နေခြင်းပင်ဖြစ်သည်။
သူတို့အားလုံး၏ခွန်အားများမှာစွမ်းအားကြီးပြီး ကြီးစိုးနိုင်စွမ်းရှိပေသည်။
ကျိုးဟောင်ရောက်ရှိသွားသည်နှင့် ပင်ပန်းနေပြီဖြစ်သောသိုင်းပညာရှင်များမှာ မျှော်လင့်ချက်ရှိသလိုခံစားလိုက်ရပြီး အံ့ဩထိတ်လန့်သွားကြလေသည်။
ယခုတစ်ကြိမ်ရန်သူများမှာ တကယ့်ကိုအလွန်စွမ်းအားကြီးလှပေသည်။ အစိမ်းရောင်တိမ်တိုက်ဌာနမှပညာရှင် ၃ယောက်မှာ အစောပိုင်းကရောက်ရှိလာခဲ့ပေသည်။ သို့သော် ထိုပညာရှင် ၃ယောက်ပူးပေါင်းလာသည့်အချိန်တွင်ပင် အခြေအနေကိုအပြည့်အဝတည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးပေ။
အားလုံး ဤလျှို့ဝှက်ဆန်းကြယ်သော ဥက္ကဌကျိုးအား မျှော်လင့်ချက်ထားသည်မှာ သဘာဝပင်ဖြစ်သည်။
စီနီယာကျိုးမှာ ဤမတိုင်ခင်ကအံ့ဖွယ်ဖြစ်ရပ်ပေါင်းများစွာဖန်တီးခဲ့သည်ဟု ပြောကြပေသည်။
ဒုတိယ သို့မဟုတ် တတိယအဆင့်အထိသန္ဓေပြောင်းပြီးသော မျိုးနွယ်ခြားမြောက်မြားစွာဖြင့် ရင်ဆိုင်ရသည့်အခြေအနေတွင် ဤနေရာရှိပြဿနာအား အပြည့်အဝဖြေရှင်းရန်မှာ အဆင့်မြင့်သိုင်းပညာရှင်အမြောက်အမြားလိုအပ်ပေသည်။
သို့သော်ဟွာရှားတွင် အဆင့်မြင့်အဆင့်သိုင်းပညာရှင်များမှာ ရှားပါးလှပေသည်။
အားလုံး စိတ်သက်ရာရကာသက်ပြင်းချနေသည့်အချိန်တွင် ကျိုးဟောင်မှာမျိုးနွယ်ခြားအုပ်စုအားသတ်ဖြတ်နေပြီဖြစ်သည်။
"ဥက္ကဌကျိုး မဖြစ်ဘူး"
"မကောင်းတော့ဘူး"
"သွားပြီ ဥက္ကဌကျိုးကအရမ်းလောလွန်းတယ်"
ကျိုးဟောင်သည် မျိုးနွယ်ခြားများအားသတ်ဖြတ်ရင်းလမ်းရှင်းကာ မျိုးနွယ်ခြားအုပ်စု၏အနက်ပိုင်းထဲသို့ဝင်ရောက်သွားသည်ကိုကြည့်ပြီး သိုင်းပညာရှင်အားလုံး၏အမူအရာမှာ လေးနက်သွားလေတော့သည်။
....................................................................................
အခန်း(၂၃၃) ပြီးပါပြီ။
အခန်း (၂၃၄) မျှော်လင့်ချက်ရှိပြီ
ကျိုးဟောင်သည်အလွန်စွမ်းအားကြီးမှန်း သူတို့သိပေသည်။ သူသာတိုက်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ပါက အားလုံးပူးပေါင်းလိုက်လျှင် မျိုးနွယ်ခြားများအား ချေမှုန်းနိုင်မည့်အခွင့်အရေးမှာ အလွန်များပေသည်။
သို့သော်ယခုလိုတစ်ယောက်တည်းတိုက်ခိုက်နေပါက အခြေအနေအားပြောလို့မရပေ။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်မျိုးနွယ်ခြားများမှာ စွမ်းအားကြီးပြီးအရေအတွက်လည်းများပေသည်။
"ဥက္ကဌကျိုးကို သွားကူညီကြရအောင်"
ခေတ္တမျှမှင်တက်နေပြီးနောက် သိုင်းပညာရှင်များမှာ ချက်ချင်းပင်သတိဝင်လာကြလေသည်။
ယခုအချိန်တွင် သူတို့အလဟဿထိုင်ကြည့်နေလို့မဖြစ်ပေ။ ကျိုးဟောင်အားကယ်တင်ရပေမည်။
ကျိုးဟောင်သည် သူတို့၏မျှော်လင့်ချက်ဖြစ်သည်။
နံပါတ် ၁ အက်ကွဲကြောင်းရှိ စစ်သားများနှင့်သိုင်းပညာရှင်များမှာတိုက်ခိုက်ရင်း ကျိုးဟောင်နောက်ထပ်အံ့ဖွယ်ဖြစ်ရပ်တစ်ခုအားဖန်တီးပြီး မျိုးနွယ်ခြားများအားသတ်ဖြတ်ကာ လုံခြုံစွာပြန်လာရန် စောင့်မျှော်နေကြပေသည်။
သို့သော် ထပ်မံဖြစ်ပျက်လာသည့်ကိစ္စမှာ အားလုံးအား မုချအံ့အားသင့်သွားစေပေသည်။
ကျိုးဟောင်မျိုးနွယ်ခြားများအားသတ်ပြီးလမ်းရှင်းကာ မျိုးနွယ်ခြားအုပ်ထဲဝင်သွားပြီးနောက် ချက်ချင်းဆိုသလိုပင်မျိုးနွယ်ခြားအများအပြား၏ ဝန်းရံမှုအားခံလိုက်ရပေသည်။
သို့သော်ဤမျိုးနွယ်ခြားများ၏ဝန်းရံမှုအားခံရပြီးနောက် ကျိုးဟောင်မှာအန္တရာယ်မဖြစ်သည့်အပြင် ပတ်ပတ်လည်ရှိဝံပုလွေအုပ်အားသတ်ဖြတ်နေသော ကြမ်းကြုတ်သောကျားတစ်ကောင်ပမာ စတင်သတ်ဖြတ်လေတော့သည်။
သူ့အနီးနားသို့ချဉ်းကပ်လာသော မျိုးနွယ်ခြားအားလုံးမှာ လက်သီးဖြင့်ထိုးရုံ ခြေဖြင့်ကန်ရုံလောက်ဖြင့် အသတ်ခံရလျှင်ခံရ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရကာ သေလုဆဲဆဲအခြေအနေသို့ရောက်သွားကြတာချည်းပင်ဖြစ်သည်။
တိုက်ပွဲအစမှယခုအချိန်အထိ ကျိုးဟောင်မှာ ဤစွမ်းအားကြီးသော ဒုတိယနှင့် တတိယအဆင့်သန္ဓေပြောင်းမျိုးနွယ်ခြားများအား သက်သောင့်သက်သာပင် လက်တစ်ဖက်တည်းဖြင့်ရှင်းလင်းပစ်နေခြင်းပင်ဖြစ်သည်။
"သေစမ်း"
"ဥက္ကဌကျိုးကအရမ်းစွမ်းအားကြီးတာပဲ"
"မိုက်လိုက်တာ သူတစ်ယောက်တည်းမျိုးနွယ်ခြားအုပ်ထဲကို တိုက်ခိုက်ရင်းဝင်သွားတာများ လူမနေတဲ့နေရာထဲဝင်သွားသလိုမျိုး လွတ်လွတ်လပ်လပ်ပဲ"
ကျိုးဟောင်၏အမဲလိုက်အမူအကျင့်မှာ အားလုံးအား အကြီးအကျယ်စိတ်ဓာတ်ခွန်အားတက်စေပေသည်။ သိုင်းပညာရှင်နှင့်စစ်သားများမှာ ပင်ပန်းသည်ဟုမခံစားရတော့ပေ။ ယခင်ကနာကျင်နေသည်ဟုခံစားနေရသော ခြေများခါးများမှာလည်းမနာတော့ဘဲ နောက်ထပ် ၃ရက် ၃ညတိုင်တိုင် တိုက်ခိုက်နိုင်သောခွန်အားများရလာသကဲ့သို့ပင် ခံစားလာရလေသည်။
ကျိုးဟောင်၏စွမ်းအားမှာ သူတို့စိတ်ကူးထားသည်ထက် ပို၍သန်မာပေသည်။
နံပါတ် ၁ အက်ကွဲကြောင်းအတွက် မျှော်လင့်ချက်ရှိပြီဖြစ်သည်။
အစိမ်းရောင်တိမ်တိုက်ဌာန၏ အမိန့်ပေးခန်းတွင် အစိမ်းရောင်တိမ်တိုက်ဌာနမှရာထူးကြီးပုဂ္ဂိုလ် ၁၂ယောက်မှာ အားလုံး အပူအိုးပေါ်ရှိပုရွတ်ဆိတ်များပမာပူပန်နေကြပြီး ကူကယ်ရာမဲ့သကဲ့သို့ခံစားနေရပေသည်။
ထိုအချိန်တွင်ထိတ်လန့်စရာကောင်းသောရှေ့တန်းခံတပ်ရှိဗီဒီယိုအား ပြန်လည်ပြသနေပေသည်။
"ဒုက္ခပဲ ဒုက္ခပဲ ဒီမျိုးနွယ်ခြားတွေဘာဖြစ်သလဲမသိဘူး ကြည့်ရတာအားလုံးရူးသွားကြတဲ့ပုံပဲ"
အစည်းအဝေးအခန်းထဲတွင် အစိမ်းရောင်တိမ်တိုက်ဌာနမှရာထူးကြီးပုဂ္ဂိုလ်များမှာ ခေါင်းကိုက်နေကြပြီဖြစ်သည်။ အားလုံးမှာရင်ဘတ်ပေါ်ကျောက်တုံးဖိထားသကဲ့သို့ လေးလံနေသည့်ခံစားချက်အားခံစားနေရပေရာ အသက်ပင်မရှူနိုင်ပေ။
အက်ကွဲကြောင်းများစတင်ကာ သန္ဓေပြောင်းကတည်းက တင်းကြပ်စွာစောင့်ကြပ်ရသော အက်ကွဲကြောင်းအရေအတွက်မှာ ၁၃ခုအထိတိုးလာခဲ့ပေရာ ပြဿနာများမှာလည်း မရပ်မနားဆက်တိုက်ပါလာခဲ့ပေသည်။
"နံပါတ် ၁ အက်ကွဲကြောင်းက တိုက်ပွဲဗီဒီယိုပြန်ရပြီ"
စစ်ပွဲမှတ်တမ်းဗီဒီယိုအားလက်ခံရရှိပြီးနောက် အားလုံးမှာစကားပြောနေသည်ကိုရပ်ပြီး ချက်ချင်းပင်စစ်ဆေးလိုက်ကြလေသည်။
လက်ရှိတွင်အစိုးရိမ်ရဆုံးနှင့်အန္တရာယ်အရှိဆုံးနေရာမှာ နံပါတ် ၁ အက်ကွဲကြောင်းပင်ဖြစ်သည်။
ဤနေရာတွင်ရှိနေသောလူများအားလုံးမှာလည်းအလွန်အရေးကြီးသောတာဝန်များရှိနေကြပေရာ သွားရောက်ကူညီဖို့ရာအချိန်မရှိပေ။
သူတို့သည် တပ်သားများအားစီမံပြီးအစီအစဉ်ဆွဲရန်တာဝန်ယူထားရပေသည်။ အကယ်၍သူတို့သာတစ်ခုခုဖြစ်သွားပါက ကာကွယ်ရေးခံတပ်တစ်ခုလုံးမှာရှုပ်ထွေးသွားပြီး တိုက်ခိုက်မှုတောင်မပြုနိုင်ဘဲရှုံးနိမ့်သွားနိုင်ပေသည်။
ဗီဒီယိုအစပိုင်းကိုကြည့်ကာ အားလုံးမှာ ပိုမိုစိတ်ဓာတ်ကျသွားသလိုပင်ခံစားလိုက်ရလေသည်။
ဗီဒီယိုထဲတွင် နံပါတ် ၁ အက်ကွဲကြောင်း၏တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သော အဠမမြောက်မူလအဆင့်ပညာရှင် ထျယ်ရူယွင်မှာ မျိုးနွယ်ခြားအုပ်ထဲ၌သွေးသံရဲရဲဖြင့် အဆက်မပြတ်တိုက်ခိုက်နေသည်မှာ တိမ်တိုက်တစ်ခုပမာပင်။ နံပါတ် ၁ အက်ကွဲကြောင်းရှိစစ်သားများနှင့်သိုင်းပညာရှင်များမှာလည်း ဇွဲရှိရှိဖြင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေကြပေသည်။
သို့သော် ယခုတစ်ကြိမ်မျိုးနွယ်ခြားအရေအတွက်မှာအလွန်များပေရာ သတ်၍မကုန်နိုင်သလိုပင်။
မဟာဆရာသခင်များ၊ ဆရာသခင်များ အဆင့်နိမ့်မူလအဆင့်ပညာရှင်များနှင့် အလယ်အလတ်မူလအဆင့်ပညာရှင်များမှာ တစ်ရှိန်ထိုးတက်လာသောမျိုးနွယ်ခြားအုပ်ထဲတွင် အဆက်မပြတ်ပျောက်ကွယ်သွားကြပေသည်။
နောက်ပိုင်း၌ ထိုမျိုးနွယ်ခြားများကြားတွင် ပိတ်ဆို့ရေးကိရိယာများထပ်မံပေါ်ထွက်လာပြီး ၎င်းတို့မှာအလွန်စွမ်းအားကြီးပေသည်။
ထို့နောက် ရှေ့တန်းရှိခံတပ်အကာအကွယ်မှာ ကြာကြာတောင့်မခံနိုင်တော့ဘဲ တစ်စစီပျက်စီးသွားလေတော့သည်။
ခံတပ်အကာအကွယ်မရှိတော့သည့်အချိန်တွင် ပိုမိုဆိုးဝါးသောစစ်ပွဲလည်းဖြစ်ပွားလာလေတော့သည်။
ပြန်လည်ထုတ်လွှင့်နေသောမြင်ကွင်းအားကြည့်ကာ အစိမ်းရောင်တိမ်တိုက်ဌာနရှိအထက်လူကြီးများမှာ အလွန်အမင်းစိုးရိမ်နေကြလေသည်။ လေထုမှာလည်းအလွန်အမင်းလေးနက်လာလေသည်။
ယခုတစ်ခေါက်နံပါတ် ၁ အက်ကွဲကြောင်းရှိတိုက်ပွဲမှာမကြုံစဖူး အလွန်အမင်းဆိုးရွားလှပေသည်။
သိုင်းပညာရှင်များထဲမှတစ်ယောက်ဖြစ်သော အသက် ၂၀ ဝန်းကျင်ခန့်လူငယ်လေးတစ်ဦးမှာ မျိုးနွယ်ခြားများ၏လက်ချက်ဖြင့် ကလီစာများထုတ်ယူခံထားရသည့်အချိန်မှာပင် မျိုးနွယ်ခြားတစ်ကောင်အားဖက်တွယ်ထားပြီး ဗုံးတစ်လုံးအားဖောက်ခွဲပစ်လိုက်လေသည်။
ယခုလိုမြင်ကွင်းများမှာ စစ်ပွဲ၏နေရာတိုင်းတွင် အဆက်မပြတ်ဖြစ်ပေါ်နေပေသည်။
ယခုလိုပုံအတိုင်းသွားပါက နံပါတ် ၁ အက်ကွဲကြောင်း၏ ဆုံးရှုံးမှုမှာမှန်းဆ၍ပင်မရနိုင်လောက်ပေ။
အစိမ်းရောင်တိမ်တိုက်ဌာန၏ ရာထူးကြီးပုဂ္ဂိုလ်များမှာ မိဘဆုံးရှုံးလိုက်ရသောလူများပမာ ခေါင်းများအားငုံ့ကာ မျှော်လင့်ချက်မရှိတော့သကဲ့သို့ခံစားနေရသည့်အချိန်တွင် ဗီဒီယိုထဲ၌အစိမ်းရောင်ပုံရိပ်တစ်ခုပေါ်ပေါက်လာလေသည်။
ထိုအစိမ်းရောင်ပုံရိပ်မှာ အကူအညီပေးရန်အလောတကြီးဝင်လာပြီးနောက် အချိန်တိုအတွင်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ စွမ်းအားကြီးမျိုးနွယ်ခြားအများအပြားအား သုတ်သင်ပစ်လိုက်လေသည်။
ထိုအစိမ်းရောင်ပုံရိပ်၏လက်ထဲတွင် တတိယမြောက်မူလအဆင့်အောက် မျိုးနွယ်ခြားပညာရှင်များမှာ အလွယ်တကူသတ်ပစ်လို့ရသည့် ခွေးနှင့်ကြက်များပမာပင်။
"ဒီလူကဘယ်သူလဲ"
ထိုအချိန်၌ အစိမ်းရောင်တိမ်တိုက်ဌာနရှိရာထူးကြီးပုဂ္ဂိုလ်များ၏စိတ်ထဲတွင် အားတက်လာသကဲ့သို့ ခံစားလိုက်ရပေသည်။
....................................................................................
အခန်း(၂၃၄) ပြီးပါပြီ။