← Chapters

အခန်း ၂၃၅-၂၃၇

Vol. 16 Ch. 235-237

အခန်း ၂၃၅-၂၃၇

Vol. 16 Ch. 235-237

အခန်း (၂၃၅) : အခြေအနေအားပြောင်းပြန်လှန်ခြင်း

ကျိုးဟောင်မှာအလွန်စွမ်းအားကြီးပေရာ သူရောက်ရှိလာသည်နှင့်ပင် အခြေအနေအားအတိုင်းအတာတစ်ခုအထိ ပြောင်းလဲလိုက်နိုင်ပြီဖြစ်သည်။

"ဒါက အစိမ်းရောင်တိမ်တိုက်ဌာနကိုဝင်တာမကြာသေးတဲ့ ဥက္ကဌကျိုးပဲ သူကမူလအဆင့်ကောင်စီရဲ့အကျိုးဆောင်ဥက္ကဌဆိုလည်းဟုတ်တယ်"

အစည်းအဝေးခန်းထဲရှိ ကျိုးဟောင်အားသိသော အထက်လူကြီးတစ်ယောက်မှ ချက်ချင်းပင်ထပြောလိုက်လေသည်။

"သေစမ်း"

ထိုလူမှာစကား‌ဆုံးသည်နှင့် သူ့ရာထူးအဆင့်အတန်းနှင့်ပင် မျက်စိရှေ့ရှိမြင်ကွင်းအားကြည့်ပြီးထိတ်လန့်နေပေသည်။

အကြောင်းအရင်းမှာ ကျိုးဟောင်မှာမြို့ဝင်ပေါက်မျှော်စင်ပတ်လည်ရှိ မျိုးနွယ်ခြားအများအပြားအားသတ်ပစ်ပြီးနောက် တကယ်ပင်‌တွေ‌ဝေမှုမရှိဘဲ မျိုးနွယ်စစ်တပ်၏အတွင်းပိုင်းသို့ဝင်ရောက်သွား၍ဖြစ်သည်။

ယခုလိုလုပ်ရပ်မှာအလွန်အန္တရာယ်များပြီး ဘယ်တော့မှပြန်မလာနိုင်သည်အထိ ဖြစ်သွားနိုင်ပေသည်။

အခြားရွေးချယ်မှုမရှိတာမျိုးမဟုတ်ပါက စစ်မြေပြင်တွင်မည်သည့်သိုင်းပညာရှင်မျှ ဤကဲ့သို့လုပ်ခွင့်မရှိပေ။

အစည်းအဝေးခန်းထဲရှိ အထက်လူကြီးများမှာ စိုးရိမ်နေကြလေသည်။

သို့သော် ထပ်မံဖြစ်ပျက်သည့်ကိစ္စမှာ သူတို့၏မျှော်မှန်းချက်ထက်ကျော်လွန်နေပေသည်။

ဤကဲ့သို့ဖြစ်ရသည့်အကြောင်းအရင်းမှာ ကျိုးဟောင်မှာလမ်းတစ်လျှောက်သတ်ဖြတ်ပြီးလမ်းရှင်းကာ မျိုးနွယ်ခြားစစ်တပ်ကြားထဲဝင်သွားပြီးနောက် သူ၏သတ်ဖြတ်မှုမှာလျင်မြန်ရုံသာမက ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း ဝရုန်းသုန်းကားဖြစ်သွားစေလေသည်။

သူ၏စွမ်းအားမှာ တကယ့်ကိုကြောက်မက်ဖွယ်ရာအဆင့်တစ်ခုအထိရောက်နေပြီဖြစ်သည်။

လက်ရှိကျိုးဟောင်မှာ အထွတ်အထိပ်မူလအဆင့်ပညာရှင်ပင်မဟုတ်တော့ပေ။ သူ့အားကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်ဟုပင် သတ်မှတ်လို့ရပြီဖြစ်သည်။

ကျိုးဟောင်၏ မျိုးနွယ်ခြားစစ်တပ်၏အလယ်တွင်အဆက်မပြတ်သတ်ဖြတ်မှုကြောင့် အခြားသိုင်းပညာရှင်များ၏ဖိအားမှာ လျော့ကျလာပေသည်။

မူလကပြောမပြနိုင်လောက်အောင်ရှုပ်ထွေးပြီး ရှုံးနိမ့်နေသောအခြေအနေမှာ တဖြည်းဖြည်းချင်းတည်ငြိမ်လာပြီဖြစ်သည်။

"သတ်"

"ဒီမျိုးနွယ်ခြားတွေကိုသတ်"

"တိုက်ကြ"

နံပါတ် ၁ အက်ကွဲကြောင်း အနီးတစ်ဝိုက်ရှိ စစ်သားများနှင့်သိုင်းပညာရှင်များအားလုံးမှာ တိုက်ခိုက်လိုစိတ်အပြည့်ဖြစ်နေကြပေသည်။

တိုက်ပွဲမှာအလွန်ဆိုးဝါးသော်လည်း အားလုံးမှာ အနိုင်ရမည်ဟု တဖြည်းဖြည်းချင်းစတင်ခံစားလာကြရပေသည်။

"ဒီမျိုးနွယ်ခြားမကောင်းဆိုးဝါးတွေကိုသတ်ကြ"

"သတ်"

အားလုံးစိတ်လှုပ်ရှားနေသည့်အချိန်တွင် အတွေ့အကြုံရှိသော ထျယ်ရူယွင်မှာ သူ၏တည်ငြိမ်မှုနှင့်ဆင်ခြင်တုံတရားအား ထိန်းသိမ်းထားဆဲပင်ဖြစ်ပြီး စနစ်တကျပင်အမိန့်ပေးလိုက်သည်။

"ဥက္ကဌကျိုးအတွက် ကာပေးပြီးတော့ အစီအစဉ်တွေမချရသေးခင် တပ်ပြန်ဆုတ်ကြမယ်"

ထျယ်ရူယွင်မှာ နံပါတ် ၁ အက်ကွဲကြောင်းမှတာဝန်ရှိပုဂ္ဂိုလ်ဖြစ်ပြီး အဠမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိချပ်ဝတ်မှာ ပျက်စီးလုနီးနီးဖြစ်နေပြီဖြစ်သည်။

"စစ်သေနာပတိချုပ် ကျွန်တော်တို့အခုဘာလို့ တပ်ပြန်ဆုတ်နေတာလဲ"

မူလအဆင့်ပညာရှင်အများစုမှာ ပဟေဠိဖြစ်သွားကြလေသည်။

ယခုသူတို့ဘက်ကအခြေအနေမှာ ပိုမိုကောင်းမွန်လာပြီဖြစ်ပေရာ ယခုလိုအခြေအနေတွင် မျိုးနွယ်ခြားများအားသတ်ပစ်ပြီးမှ အက်ကွဲကြောင်းဆီသို့ပြန်သင့်ပေသည်။

"ခုတစ်ခေါက် ဒီမျိုးနွယ်ခြားတွေဒီလောက်ကြီးတဲ့ ဆူဆူညံညံဖြစ်ရပ်မျိုးဖန်တီးပေမဲ့ ထိပ်တန်းအဆင့်ပညာရှင်များများစားစားမပါဘူး ဒီကိစ္စမှာသေချာပေါက် ပြဿနာတစ်ခုခုရှိတယ်"

"အားလုံးကို တစ်ယောက်ပြီးတစ်ယောက်မြို့ဆီပြန်ဆုတ်ဖို့ပြောလိုက် အချိန်ကိုအကောင်းဆုံးအသုံးချပြီး ခံတပ်အကာအကွယ်ကို အပြည့်အဝပြန်ပြင်"

"ငါတို့မြို့ကိုကာကွယ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကိုခုခံနေနိုင်သရွေ့ အခြားအက်ကွဲကြောင်းတွေပေါ်ရှိနေတဲ့ ဖိအားကိုလျှော့ချပေးနိုင်လိမ့်မယ်"

"တကယ်တော့ ငါတို့ဘက်ကအခြေအနေတည်ငြိမ်သွားရင် ငါတို့ဘက်ကလူတွေလွှတ်ပြီး သူတို့ကိုသွားကူပေးလို့တောင်ရတယ်"

ထျယ်ရူယွင်၏စကားများအားကြားပြီးနောက် မူလပညာရှင်များမှာသဘောပေါက်သွားကြပြီး စီစဉ်မှုများပြုလုပ်ရန်ချက်ချင်းပင်ထွက်ခွာသွားကြလေတော့သည်။

စီစဉ်ပြီးနောက် ထျယ်ရူယွင်နှင့်အခြားလူများ ကျိုးဟောင်ရှိရာနေရာသို့ အပြေးအလွှားသွားကြလေတော့သည်။

ထိုကဲ့သို့ပြုလုပ်ခြင်းမှာ အလွန်အန္တရာယ်များသော်လည်းလက်ရှိတွင် ကျိုးဟောင်၏လုံခြုံရေးက သူတို့ထက်ပိုအရေးကြီးပေသည်။ သူတို့သည်ကျိုးဟောင်အားကာကွယ်ပြီး အန္တရာယ်ကင်းကင်းဆုတ်ခွာပါ့မည်ဟု သစ္စာပြုထားကြပေသည်။

ကျိုးဟောင်မှာမြင်သမျှအားလုံးအားသတ်နေသည်ဖြစ်ရာ သူ၏စွမ်းအင်ကုန်ဆုံးမှုသည်လည်း အလွန်ကြီးမားမည်မှာ ဧကန်ပင်ဖြစ်သည်။ လက်ရှိတွင် သူ့ထံ၌ အနှစ်သာရစွမ်းအားများများစားစားမကျန်တော့ပေ။

ယခု အားလုံးမြို့ဆီပြန်လည်ဆုတ်ခွာသွားပြီး စစ်သေနာပတိချုပ်ထျယ်နှင့်အဖွဲ့ သူ့ဆီလာသည်ကိုမြင်ရတော့မှသာ ကျိုးဟောင်မှာသက်ပြင်းချနိုင်တော့သည်။

ဤသည်မှာ သူ့အတွက်ပိုက်ဆံနှင့်ကံကြမ္မာအမှတ်များရရန်အတွက် ကောင်းမွန်သောအခွင့်အရေးဖြစ်သည်မှာ ဧကန်ပင်ဖြစ်သည်။

ပြဿနာမှာ သူ၏လက်ရှိခွန်အားအရ ကိုယ်တွင်းရှိအနှစ်သာရစွမ်းအားမှာ အကန့်အသတ်ရှိပေရာ ယခုအတိုင်းဆက်သွားနေပါက ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

"ဥက္ကဌကျိုး မြို့ကိုအရင်ပြန်ပြီးမှ ဘာဆက်လုပ်ရမလဲဆွေး‌နွေးကြတာပေါ့ ခင်ဗျားအရင်သွားနှင့်ပါ ကျွန်တော်တို့ကာပြီးပြန်ဆုတ်ခဲ့မယ်"

တိုက်ခိုက်နေရင်း ထျယ်ရူယွင်၏ကြမ်းတမ်းသောအသံမှာ ထွက်ပေါ်လာပေသည်။

ကျိုးဟောင်မှာတွေဝေမနေတော့ပေ။ သူ၏လက်ရှိအခြေအနေမှာမကောင်းပေရာ အနားယူပြီးစွမ်းအားပြန်လည်ဖြည့်တင်းရန်လိုပေသည်။

ကျိုးဟောင်မြို့၏မျှော်စင်သို့ပြန်ရောက်သည့်အချိန်တွင် ရှေ့တန်းမြို့အနီးရှိ ခံတပ်အကာအကွယ်၏ ပ‌ဏာမပြင်ဆင်မှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ခံတပ်အကာအကွယ်ရှိပါက အားလုံးတွင်အသက်ရှူချိန်ရှိပေသည်။

မကြာမီ သွေးသံရဲရဲတိုက်ပွဲအားအချိန်ကြာမြင့်စွာတိုက်ခိုက်ခဲ့သောသိုင်းပညာရှင်များမှာ ရှေ့တန်းရှိမြို့ဆီသို့ပြန်ရောက်လာကြလေသည်။

အောက်ဘက်ရှိမျိုးနွယ်ခြားများမှာ ခံတပ်အကာအကွယ်အားစတင်တိုက်ခိုက်လာပြီး အရေအတွက်သည်လည်း တိုးလာခဲ့ပေသည်။

ကံကောင်းသည်မှာ အစောပိုင်းကစစ်ပွဲတွင် စက်ရုပ်မျိုးနွယ်များ၏ ပိတ်ဆို့ရေးကိရိယာများမှာ ကျိုးဟောင်၏လက်ချက်ဖြင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီဖြစ်ပေရာ ပိတ်ဆို့ရေးကိရိယာအသစ်များမရောက်လာမီအချိန်အထိ သူတို့အတွက်ဘေးကင်းပေသည်။

ရှေ့တန်းရှိမြို့များ၏ ခံတပ်အကာအကွယ်များမှာအလွန်ခိုင်ခံ့ပြီး သာမန်တိုက်ခိုက်မှုအများစုအား ခုခံနိုင်ပေသည်။

"ဥက္ကဌကျိုး ဒီတစ်ခေါက်အခြေအနေကိုထိန်းလိုက်နိုင်တာ အားလုံးခင်ဗျားကျေးဇူးကြောင့်ပါ မဟုတ်ရင် နံပါတ် ၁ အက်ကွဲကြောင်းကို ဆုံးရှုံးလိုက်ရမှာ"

ရှေ့တန်းခံတပ်ရှိအစည်းအဝေးခန်းထဲတွင် ထျယ်ရူယွင်မှာ ကျိုးဟောင်၏အချိန်မီကယ်တင်ပေးမှုအား ကျေးဇူးတင်စကားဆိုနေပေသည်။

"ဒီမျိုးနွယ်ခြားတွေရဲ့တိုက်ခိုက်မှုကို ယာယီတွန်းလှန်နိုင်တာက အားလုံးကြိုးစားမှုရဲ့ရလဒ်ပါ ကျုပ်ကကျုပ်လုပ်နိုင်တာကိုပဲလုပ်ခဲ့တာပါ"

ကျိုးဟောင်မှာ နှိမ့်ချပြောခြင်းမဟုတ်သလို ကြွားဝါပြောနေခြင်းလည်းမဟုတ်ပေ။ သူသည်အမှန်တရားကို ပြောနေခြင်းသာဖြစ်ပေသည်။

....................................................................................

အခန်း(၂၃၅) ပြီးပါပြီ။

အခန်း (၂၃၆) : တယောက်စီ၏အထင်အမြင်များ

"ဟား...ဟား ဥက္ကဌကျိုးက တကယ့်ကိုရိုးသားတဲ့သူပဲ။ ကျုပ်သဘောကျတယ်"

နှုတ်ခမ်းမွှေးနှင့် မူလအဆင့်ပညာရှင်က ရယ်ပြီးပြောလေသည်။

သူ၏ခန္ဓာကိုယ်ရှိ အရှိန်အဝါမှာ အလွန်ပြင်းထန်လှသည်။ သူ့အနေဖြင့် မကြာသေးမီကပင် လျှို့ဝှက်နည်းစနစ်တခုကို အသုံးပြုခဲ့ပြီး ပြန်ပြီးမသက်သာသေးပုံရလေသည်။

သေလုနီးပါး တိုက်ပွဲတခုကို တိုက်ခိုက်ခဲ့ရပြီးနောက် သူတို့မှာ ပြန်လည်စိတ်‌တည်ငြိမ်လာကြသည်။ ဒါ့ကြောင့် သူတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောရင်းရီမောနေကြလေသည်။

များသောအားဖြင့် မူလအဆင့်ပညာရှင်အများစုမှာ ဟိတ်ဟန်ရှိကြပြီး ကျိုးဟောင်ကဲ့သို့ ‌ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်သူရှားလေသည်။

"ကောင်းပြီ အခု ငါတို့ မျိုးနွယ်ခြားတွေရဲ့ တိုက်ခိုက်လာမှုကို ဘယ်လိုပြန်ဖြေရှင်းကြမလဲ"

"ငါတော့ အက်ကွဲကြောင်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ သိချင်မိတယ်။ အက်ကွဲကြောင်းအပြင်ဘက်ကို ထွက်လာတဲ့ မျိုးနွယ်ခြားတွေကလည်း အရမ်းများပြားလာတယ်"

" ငါတို့ ကာကွယ်ရေးအတားအဆီးတွေအတွက် တပ်ကူတွေဆက်ယူဖို့ လိုအပ်လိမ့်မယ်"

"သူတို့ ကာကွယ်ရေးအတားအဆီးတွေကို မကျော်ဖြတ်နိုင်သရွေ့ တိုက်ခိုက်မှုတွေကငါတို့ဆီကို မသက်ရောက်နိုင်တော့ဘူး"

"ဒါကဖြစ်နိုင်တဲ့အချက်ပဲ။ ဒါပေမဲ့ ငါတို့အနေနဲ့ ကာကွယ်ရေးအတားအဆီးတွေရဲ့ မာကျောမှုကိုပဲ တိုးမြှင့်ပေးနိုင်မှာ မျိုးနွယ်ခြားတွေအများအပြားစုပေါင်းတိုက်လာရင်တော့ အန္တရာယ်တော့ ကျရောက်နိုင်ဦးမှာပဲ"

ဆွေးနွေးခန်းထဲတွင် မူလအဆင့်ပညာရှင်များက သူတို့၏ အထင်အမြင်များကိုပြောရင်းဆွေးနွေးနေကြလေသည်။

ချက်ချင်းပဲ ကာကွယ်ရေးအတားအဆီးတွေရဲ့ မာကျောမှုကို မြှင့်တင်ဖို့က အကောင်းဆုံးအဖြေအဖြစ် လက်ခံလိုက်ကြသည်။

"ဒါကလည်း အကောင်းဆုံးအဖြေတော့မဟုတ်သေး‌ဘူး။ ဒိုင်းလွှာက မျိုးနွယ်ခြားတွေရဲ့လှံချက်တွေကို မခံနိုင်ဘူး။ ဘယ်လောက်ပဲ မာကျောတဲ့ ဒိုင်းလွှာဖြစ်နေပါစေ နောက်ဆုံးကျ တစစီ ကွဲသွားရတာပဲ။ အထူးသဖြင့် စက်ယန္တရားမျိုးနွယ်တွေ ရှိနေတာကြောင့် သူတို့ရဲ့ ဖျက်ဆီးလုပ်ကြံရေးစက်တွေလည်း ပါလာဦးမှာပဲ"

ဆွေးနွေးပြီးနောက် လူတိုင်းက ကျိုးဟောင်အား လှည့်ကြည့်လိုက်ကြလေသည်။

လူတိုင်းက အားကျိုးမာန်တက်ဆွေးနွေးနေကြစဉ်တွင် အသန်မာဆုံးဖြစ်သော ကျိုးဟောင်က သူ၏ အမြင်ကို ဘာမှ မပြောဘဲ ထိုင်ပြီးသာ နားထောင်နေခဲ့လေသည်။

လူတိုင်းက သူ့အား ဝိုင်းကြည့်နေသောကြောင့် ကျိုးဟောင်မှာ မျက်မှောင်ကြုတ်မိလိုက်သည်။

ကျိုးဟောင်အနေဖြင့် ဘယ်လိုလုပ် နည်းစနစ်များကို သိနိုင်ပါ့မလဲ။ သူသိသော တခုတည်းသောနည်းစနစ်မှာ သူ၏ ခွန်အားဖြင့် ဖိနှိပ် အနိုင်ယူခြင်းဖြစ်လေသည်။

သူသန်မာနေသရွေ့ မည်သူ့မျိုးနွယ်ခြားပင်လာလာ သူ၏ အင်အားဖြင့် တိုက်ခိုက်အနိုင်ယူမည်ဖြစ်လေသည်။

သို့သော်လည်း လွယ်လွယ်ကူကူတော့ အနိုင်ယူဖို့မဖြစ်နိုင်တော့ပေ။

သူ မကလို့ ဟွာရှားရှိ မည်သည့်သိုင်းပညာရှင်မဆို အရာရာတိုင်းအား အလွယ်တကူ ဖိနှိပ်နိုင်ဖို့ မလွယ်လှပေ။

ဒီလိုအခြေအနေဖြစ်လာပါက နည်းဗျူဟာများကို အာရုံစိုက်ဖို့လိုအပ်လာပြီဖြစ်သည်။ သို့သော် ကျိုးဟောင်အနေဖြင့် ဘာနည်းဗျူဟာ ဘာနည်းစနစ်များကိုမှ မသိပေ။ သူသည် တခြားမူလအဆင့်ပညာရှင်များပြောသည်ကို သာ နားထောင်နေဖို့ ရွေးချယ်ထားလေသည်။

"ဥက္ကကျိုးရော ဒီပြဿနာကို ဘယ်လို လုပ်ရင်ဖြေရှင်းနိုင်မယ်ထင်သလဲ"

ထျယ်ရူယွင် က ကျိုးဟောင်မှာ ငြိမ်ပြီး ဘာမှမပြောသောကြောင့် တခုခုကိုစဉ်းစားနေပုံရတယ်ထင်ပြီး မေးလိုက်လေသည်။

ကျိုးဟောင်မှာ အန္တရာယ်များစွာကိုတိုက်ခိုက်အနိုင်ယူခဲ့သူဖြစ်သောကြောင့် သူ့တွင် ထက်မြက်သော အတွေးအခေါ်များ ရှိလိမ့်မည်လို့ထင်နေကြလေသည်။

ထျယ်ရူယွင်က ယခုလိုမေးလာသောကြောင့် ကျိုးဟောင်အနေဖြင့် မှင်တက်သွားလေသည်။ သူ့ဆီတွင် နည်းဗျူဟာများ စဉ်းစားထားပါက အစထဲက ထုတ်ပြောလိုက်ပြီးသားဖြစ်မည်။

အားလုံးက မျှော်လင့်စောင့်စားနေသော မျက်နှာများဖြင့် ကြည့်နေသောကြောင့် သူ့အနေဖြင့် တခုခုတော့ပြောဖို့လိုအပ်လာလေသည်။

"အဟမ်း လင်ရှုယွင် ရဲ့ အထင်အမြင်ကိုပဲ အရင်နားထောင်လိုက်ကြရအောင်"

ကျိုးဟောင်က အားလုံး၏ အာရုံစိုက်မှုကို လင်ရှုယွင်ဆီသို့ပြောင်းလိုက်လေသည်။

လူတိုင်း၏ မျက်နှာ ပေါ်ရှိ စိတ်ပျက်သွားမှုများကို မဖုံးကွယ်ထားနိုင်ကြပေ။ အစက သူတို့အားလုံးမှာ ကျိုးဟောင်က နှိမ့်ချနေတတ်သူလို့ ထင်ခဲ့ကြသော်လည်း တကယ်မှာ ငတုံးတယောက်ဖြစ်နေကြောင်း သဘောပေါက်သွားကြသည်။

အတန်ငယ် မှင်တက်သွားကြပြီးနောက် ထျယ်ရူယွင် က ချောင်းဟန့်လိုက်လေသည်။

"အဟမ်း အဟမ်း ဥက္ကကျိုးကြည့်ရတာ စဉ်းစားလို့မရသေးတဲ့ ပုံပဲ။ ကျုပ်တို့ လင်ရှုယွင်၏ အမြင်ကိုပဲ အရင်နားထောင်ကြ‌တာပေါ့"

အားလုံးက စိတ်အားထက်သန်စွာဖြင့် လင်ရှုယွင်အားကြည့်လိုက်ကြလေသည်။

လင်ရှုယွင်မှာ ဘေးမှာ ထွက်ထိုင်နေကာ ပြန်လည်သက်သာအောင်အနားယူနေခဲ့ပြီး ဆွေးနွေးမှုတွင် မပါ၀င်ခဲ့ပေ။

ကျိုးဟောင်အား ဝိုင်းမေးကြစဉ်မှ သူမလည်း ပြန်အာရုံစိုက်လာလေသည်။ သို့သော် ကျိုးဟောင်က သူမဘက်အား လွှဲချလိုက်မည်လို့ မထင်ထားခဲ့ပေ။

"ကျွန်မတို့ အခုအဖြေတခုရနေပြီးသားမဟုတ်လား။ အကာအကွယ်ကိုပဲ သေချာ ပြင်ဆင်ကြတာပေါ့"

"အဲ့အချိန်အတွင်းမှာ ကျွန်မတို့ဆီက ပညာရှင်အချို့ကို တခြား အက်ကွဲကြောင်းတွေဆီပို့ပြီး အကူအညီပေးနိုင်မယ်ထင်တယ်"

"တခြား အက်ကွဲကြောင်းတွေ အကုန်လုံး တည်ငြိမ်သွားတော့မှ ကျွန်မတို့ သိုင်းပညာရှင်အားလုံးကို ပြန်လည်စုစည်းပြီး မျိုးနွယ်ခြားတွေကို တဖွဲပြီး တဖွဲ့ကျဆုံးသွားအောင် စုပေါင်းအနိုင်ယူကြမယ်"

လင်ရှုယွင်က ပြောလို့ပြီးသွားသည့်နောက်မှာ ကျိုးဟောင်ဆီတွင် အကြံတခုခုများရှိသလားအထင်ဖြင့် လှည့်ကြည့်လိုက်သည်။ သူမအတွက်တော့ ဒါက အကောင်းဆုံးစဉ်းစားမိတဲ့အကြံပင်ဖြစ်သည်။

"ငါလုံး၀ထောက်ခံတယ်"

ကျိုးဟောင်မှာ စဉ်းစားဖို့ကိုပျင်းနေခဲ့လေသည်။ ဒါ့အပြင် လင်ရှုယွင်၏ အကြံက တကယ်လည်းကောင်းမွန်ပေသည်။

ယခု ကျိုးဟောင်၏ စွမ်းအင်အနှစ်သာရမှာ တဖြေးဖြေးပြန်ပြည့်လာပြီဖြစ်သည်။ ရှားပါးစွမ်းအင်ချောင်း ၁၀၀မှာ သူ၏ယုံကြည်မှုရဲ့ အရင်းအမြစ်ဖြစ်လေသည်။

....................................................................................

အခန်း(၂၃၆)ပြီးပါပြီ။

အခန်း (၂၃၇) : ဥက္ကကျိုးက ရဲရင့်လိုက်တာ

ဒီ စွမ်းအင်ဘားများ အကူအညီကြောင့် သူ့အနေဖြင့် အင်ပြည့်အားပြည့်တိုက်ခိုက်မှုကို အခါ ၂၀လောက်လုပ်နိုင်မည်ဖြစ်သည်။

သူဘယ်သူလဲ ပေါ်သွားမှာ ကြောက်နေရတာမျိုး နှင့် အထူးအာရုံစိုက်ခံရခြင်းမျိုးမရှိပါက သူ့အနေဖြင့် ဒီအက်ကွဲကြောင်းပြဿနာအား တယောက်ထဲဖြေရှင်းနိုင်လေသည်။

"ထပ်ဆောင်းအနေနဲ့ အကာအကွယ်တွေ ပြုလုပ်နေစဉ်မှာ မူလအဆင့်ပညာရှင်တွေက အနီးအနားမှာ ရှိနေတဲ့ မျိုးနွယ်ခြားကို သတ်ပြီး သူတို့ရဲ့အရေအတွက်လျော့ချဖို့လုပ်ပေးရမယ်"

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်ကပြောလိုက်သည်။ လူတိုင်းက စောင့်စားနေသည့်အချိန်တွင် သူတခုခုမပြောပါက အဆင်ပြေတော့မည်မဟုတ်ပေ။

"အဲ့အတိုင်းလုပ်ကြတာပေါ့"

လူတိုင်းက ဆုံးဖြတ်လိုက်ကြလေသည်။

မကြာမီတွင် ကျိုးဟောင်နှင့် အခြားလူများသည် မြို့၏ ကာကွယ်ရေးခံတပ်၏ အပေါ်ရှိ မြို့ရိုးများတွင် ပြန်ပေါ်လာကြလေသည်။

မူလအဆင့်ပညာရှင်များ ပြန်လည်ရောက်ရှိလာကြသောကြောင့် အစက အနားယူနေသော စစ်သားများနှင့် သိုင်းပညာရှင်များမှာ လည်း ပြန်လည်ရောက်ရှိလာကြလေသည်။

"ငါထွက်ပြီး အခြေအနေတချက်ကြည့်လိုက်ဦးမယ်"

ကာကွယ်ရေးဂိတ်ပေါ်သို့ ရောက်ပြီးမကြာခင်မှာပဲ ကျိုးဟောင်က အချိန်ဆွဲမနေတော့ဘဲ ပြောလိုက်လေသည်။

သူထွက်ပြီး ဒီမျိုးနွယ်ခြားများကို သတ်တိုင်းသူ့အတွက် ကံကြမ္မာ အမှတ်အများအပြားရလေသည်။

သို့သော်လည်း တိုက်ပွဲမှာ မပြီးသေးသောကြောင့် သူ့အနေဖြင့် မမျှော်လင့်ထားသော အန္တရာယ်များနှင့်ကြုံနိုင်လေသည်။

"သတိထားနော်"

လင်ရှုယွင်က ထူးထူးဆန်းဆန်း ပင် နူးညံ့နေပြီး ကျိုးဟောင်အား စိတ်ပူပြီးသတိပေးလိုက်လေသည်။

ကျိုးဟောင်လည်း လင်ရှုယွင်၏ ဂရုစိုက်မှုကြောင့် ခဏလောက်မှင်တက်သွားလေသည်။

သို့သော်သူ့အနေဖြင့် လင်ရှုယွင်အား စနောက်ဖို့အချိန်မရှိပေ။ ရှားပါးစွမ်းအင်ဘားများကို ရရန် ကံကြမ္မာအမှတ်အမြောက်အမြားလိုအပ်သောကြောင့် သူ့အနေဖြင့် ကံကြမ္မာအများအပြားစုဆောင်းရန် လိုအပ်နေလေသည်။

အက်ကွဲကြောင်းနံပါတ်၁ တွင် မျိုးနွယ်ခြားအများအပြားပေါ်ပေါက်လာခြင်းက သူ့အတွက် ကံကြမ္မာအမှတ်များစုဆောင်းဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်လေသည်။

"ဥက္ကကျိုး ချီတက်သွားပြန်ပြီ"

"ဥက္ကကျိုး ကအံဩစရာပဲ"

" အထင်ကြီးဖို့ကောင်းလိုက်တာ..."

အစိမ်းရောင်အလင်းတန်းကြီး ထပ်ထွက်သွားတာကို မြင်လိုက်သောကြောင့် မြို့ခံတပ်ပေါ်ရှိ စစ်သားများနှင့် သိုင်းပညာရှင်များ စိတ်လှုပ်ရှားသွားကြလေသည်။

လူတိုင်းက ကျိုးဟောင်၏ သူရဲကောင်းဆန်တဲ့ လုပ်ဆောင်ချက်များကို မြင်တွေ့ခဲ့ကြဖူးလေသည်။

အကာအကွယ်အတားအဆီးရဲ့ အပြင်ကိုရောက်သည် နှင့် ကျိုးဟောင်က သူ၏ အင်အားအပြည့်အားထုတ်လွှင့်လိုက်လေသည်။

ရှားပါး စွမ်းအင်ချောင်း ၄ချောင်းလောက်သုံးစွဲပြီးနောက် သူ၏ စွမ်းအင်အနှစ်သာရမှာ ပြန်ပြည့်သွားခဲ့လေသည်။

ကျိုးဟောင်၏ အင်ပြည့်အားပြည့် တိုက်ခိုက်ချက်များက ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဘုန်း....

ကျိုးဟောင်ထိုးလိုက်တိုင်း အစိမ်းရောင်လက်သီးတန်းကြီးလေထဲတွင်ပေါ်လာခဲ့ပြီး ထိုလက်သီးတန်းတလျှောက်ရှိ မျိုးနွယ်ခြားများမှာလည်း အစိတ်အစိတ်အမွှာမွှာဖြစ်သွားလေသည်။

အကာအကွယ်၏အပြင်ဘက်၌ သူ၏ တည်ရှိမှုက မျိုးနွယ်ခြားများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး မျိုးနွယ်ခြားအများအပြားက သူ့ကို သတ်ရန်စုရုံးရောက်ရှိလာကြလေသည်။

အချိန်ခဏအတွင်းမှာပဲ အင်းစက်မျိုးနွယ် ၊ နတ်ဆိုးမျိုးနွယ် နှင့် စက်ယန္တရားမျိုးနွယ်မှ မရေမတွက်နိုင်သော မျိုးနွယ်ခြားများက ကျိုးဟောင်အား ဘက်ပေါင်းစုံမှ ဝိုင်းတိုက်ကြလေသည်။

ဘမ်း.....

အားကောင်းသော စွမ်းအင်လှိုင်းများကြောင့် မျိုးနွယ်ခြားများခဗျာ ဘာမှ လုပ်ခွင့်မရလိုက်ကြပေ။

ကျိုးဟောင်၏တိုက်ပွဲကို အနီးကပ်မြင်ရသူများမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။

"အင်အားကြီးပြီး မယုံကြည်နိုင်လောက်အောင်အစွမ်းထက်တာပဲ"

ကျိုးဟောင်မှာ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်ရှိယုံသာမက သူ၏ လှုပ်ရှားမှုများမှာလည်း အလွန်မြန်ဆန်ပြီး သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာလည်း ကြွယ်၀လေသည်။

အရေးကြီးအချက်မှာ ကျိုးဟောင်အနေဖြင့် ဒီလောက်အန္တရာယ်များသော အခြေအနေဖြင့် ကြုံတွေ့ရတာတောင်မှ သွေးကြောင်သွားခြင်းမရှိပေ။

ယခုကျိုးဟောင် အင်ပြည့်အားပြည့်သုံးပြီး တိုက်ခိုက်နေသည့်နည်းစနစ်က ဆောင်ဦးနွေသစ်စိမ်းသိုင်းဖြစ်သည်။ သို့သော် သူသည် ဒြပ်စင်ငါးသွယ် မဟာယန်မှတ်တမ်းကိုလည်း အသုံးပြုသေးသောကြောင့် သူ၏ တိုက်ခိုက်ရေးအင်အားမှာပိုပြီး ပေါက်ကွဲထွက်နေလေသည်။

ဒါပေမဲ့ ဒြပ်စင်ငါးသွယ် မဟာယန်မှတ်တမ်းကိုတော့ ဝှက်ဖဲအဖြစ်ချန်ထားသေးလေသည်။ ဒီတိုက်ပွဲအနေအထားအရ သူ့အနေဖြင့် ဆောင်းဦးနွေသစ်စိမ်းသိုင်းသုံးရုံဖြင့် လုံလောက်လေသည်။

ကျိုးဟောင်က မျိုးနွယ်ခြားများကြားတွင် ဘယ်ညာ လှည့်ပတ်တိုက်ခိုက်နေလေသည်။

"အထင်ကြီးဖို့ကောင်းလိုက်တာ"

" ဥက္ကဌကျိုးက သန်မာပြီး လွှမ်းမိုးနိုင်စွမ်းရှိတာပဲ"

" ဥက္ကဌကျိုး ကျုပ်တို့ရဲ့သန်မာမှုကိုပြသလိုက်စမ်းပါ"

သိုင်းပညာရှင်များစွာကလည်း ကျိုးဟောင်၏တိုက်ပွဲကိုကြည့်ရင်း သွေးများဆူပွက်မတက် စိတ်လှုပ်ရှားနေကြလေသည်။

ထျယ်ရူယွင် နှင့် အခြား သိုင်းပညာရှင်များကလည်း ပြန်လည်သက်သာအောင် ခဏလောက်နားနေကြပြီးနောက် ခံတပ်ပေါ်မှ အသီးသီးဆင်းလာကြပြီး လမ်းတလျှောက်ရှိ မျိုးနွယ်ခြားကိုသတ်ဖြတ်ကြလေသည်။

ကျိုးဟောင်လိုမျိုး ပုဂ္ဂိုလ်ကတောင်အကာအကွယ်အပြင်ထွက်ပြီး အခြေအနေကို ထိန်းသိမ်းပေးစဉ်မှာ သူတို့အနေဖြင့် အကာအကွယ်နောက်တွင် ပုန်းနေဖို့ အစီအစဉ်မရှိပေ။

ထိတ်လန့်ဖွယ်တိုက်ပွဲကြီးပြန်စတင်လေပြီ။

အမွှေးတိုင် တတိုင်စာလောက် ကုန်သည့်အချိန်လောက်တွင် လူအတော်တော်များများမှာ ထိတ်လန့်နေသည့် အမူအရာကို မထိန်းချုပ်ထားနိုင်ကြတော့ပေ။

မီးကုန်ယမ်းကုန်တိုက်ရသော တိုက်ပွဲတွင် သူတို့၏ သွေးအနှစ်သာရမှာ အလျင်အမြန်ပင် ကုန်ခမ်းသွားရလေသည်။

အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် မူလအဆင့်ပညာရှင်အများစုမှာ အကာအကွယ်နောက်သို့ပြန်သွားပြီး အင်အားများပြန်လည်ပြည့်လာစေရန် အနားယူကြရလေသည်။

သာမန် မူလအဆင့်ပညာရှင်တွေ ၂ခါလောက်အနားယူပြီးချိန်လောက်မှ လင်ရှုယွင် နှင့် အစိမ်းရောင်တိမ်တိုက် အဖွဲ့အစည်းမှ ပညာရှင်များက အနားယူရန်ရောက်လာကြလေသည်။

သာမန် မူလအဆင့်ပညာရှင် နှင့် ယှဉ်ရင် လင်ရှုယွင် နှင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ပညာရှင်များမှာ ၂ဆလောက်ပိုမိုသန်မာလေသည်။

....................................................................................

အခန်း(၂၃၇)ပြီးပါပြီ။

All Chapters