← Chapters

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း (၂၅၀) : ကိုယ့်ကိုယ်ကို အထင်ကြီးဟန်ထပ်ဆောင်ခြင်း

ကျိုးဟောင်အနေဖြင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိ ၁၂ဦးဆီမှ ဖိတ်ကြားခြင်းခံခဲ့သော်လည်း ဒီတကြိမ်တော့ သူ့အနေဖြင့် ထို၁၂ဦးထဲမှ သခင်ကြီး ၂ယောက်နှင့်သာ တွေ့ခဲ့ရလေသည်။

တယောက်မှာ သူတွေ့ခဲ့ဖူးသည့် ကောင်းကင်ဘုရင်ကျူးဖြစ်ပြီး နောက်တယောက်မှာတော့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းတခုလုံး၏ အကြီးအကဲဖြစ်သည် ၀န်ကြီးကျန်း ဖြစ်လေသည်။

ခုမှစ၀င်သည့် အဖွဲ့၀င်သစ်မဆိုထား နှင့် လင်ရှုယွင် နှင့် အခြားလက်ရွေးစင်အဖွဲ့၀င်များ အနေနဲ့တောင် ၀န်ကြီး ကျန်းအား တွေ့ဆုံဖို့ ခက်ခဲလေသည်။

အကြောင်းမှာ ၀န်ကြီးကျန်းမှာ အရမ်းစွမ်းလွန်း၍မဟုတ်ဘဲ သူ့အနေဖြင့် လုပ်ကိုင်စရာကိစ္စအများအပြားရှိသောကြောင့်ဖြစ်လေသည်။

ကျိုးဟောင်အနေဖြင့် ယခု သခင်ကြီး ၂ယောက်နှင့်သာ ဆုံနေရသောလည်းတခြား သခင်ကြီး ၁၀ယောက်လည်း ကြည့်‌ရှူနေမည်မှာ သေချာလေသည်။

"ဥက္ကဌကျိုး ကျုပ်အနေနဲ့ ရှည်ရှည်ဝေးဝေးမပြောနေတော့ဘူး။ သင့်ကို ကျုပ်တို့ဖိတ်ကြားခဲ့တာက အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းနှင့်ပူးပေါင်းပြီး ခင်ဗျားရဲ့စွမ်းရည်တွေကိုလေ့လာစမ်းသပ်ဖို့ပဲ"

၀န်ကြီးကျန်းက ကျိုးဟောင်အား လက်ဆွဲနှုတ်ဆက်ပြီးပြန်ထိုင်လိုက်သည်နှင့် အဓိက အချက်အား တန်းပြောလေသည်။

ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် အားကောင်းလှပေသည်။ သူတို့အနေဖြင့် ကျိုးဟောင်ဆီမှ တခုခုရှာတွေ့ခဲ့ပါက ဟွာရှားမြို့ရှိ သိုင်းပညာရှင်များ အားလုံးအတွက် အကျိုးအမြတ်များစွာရရှိနိုင်လေသည်။

"ကောင်းပြီလေ ကျုပ်အတွက်တော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး"

ကျိုးဟောင်က ခေါင်းညိတ်ပြီးပြန်ပြောလိုက်သည်။

၀န်ကြီးကျန်းကလည်း ခေါင်းပြန်ညိတ်ပြလိုက်သည်။ ကျိုးဟောင်အနေဖြင့် လိုလိုလားလား လာရောက်ပူးပေါင်းကြောင်းသူသိလေသည်။

တကယ်လို့ ကျိုးဟောင်ဆီမှာ လျှို့ဝှက်သိုင်းပညာများရှိနေပါက သူတို့အနေဖြင့် လျှို့ဝှက်သိုင်းပညာကိုတော့ ပုံတူကူးဖို့မဖြစ်နိုင်ပေ။

မဟုတ်ပါက ကျိုးဟောင်သူတို့ဆီသို့ အလွယ်တကူလာမည်မဟုတ်ပေ။ လာခဲ့ရင်လည်း သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်လာမည်ဖြစ်သည်။

သူတို့အနေဖြင့် ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းရည်အား ပုံတူမပွားရင်တောင်မှ ကျိုးဟောင်၏ အမျိုးမျိုးသော စွမ်းဆောင်ရည်များကိုတော့ တိတိကျကျသိနိုင်ခွင့်ရှိလေသည်။

တဖက်မှာလည်း ကျိုးဟောင်က ထိုသို့ ဖြစ်ပျက်နိုင်သည်ကို ကြိုတင်စဉ်းစားလာခဲ့သောကြောင့် ၀န်ကြီး ထုတ်ပြောသည်နှင့် သူချက်ချင်း လက်ခံခဲ့ခြင်းဖြစ်လေသည်။

သူလည်း ၀န်ကြီးကျန်းနေရာတွင်ဖြစ်ပါက ဒီလိုပဲ ပြုလုပ်မိမည်ဖြစ်လေသည်။

သို့သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည် နှင့် အထူးနည်းစနစ်များကို အစိမ်းရောင်တိမ်တိုက်သုတေသနကျောင်းအနေဖြင့် ပုံတူကူးဖို့ မဖြစ်နိုင်ပေ။ အလကား အချိန်ကုန်မည့် လုပ်ရပ်ဖြစ်ပေသည်။

ဒါပေမဲ့ သူထိုကဲ့သို့ပြောပြပြီး လက်မခံခဲ့ပြန်ရင်လည်း သူ့အား အတ္တကြီးသည့် တကိုယ်ကောင်းသမားလို့မြင်သွားကြမည်ဖြစ်သည်။

"ဒီမှာ အက်ကွဲကြောင်းနံပါတ်၁မှာ ရွတ်ရွတ်ချွန်ချွန်တိုက်ခဲ့သည့်အတွက် ဆုကြေး ရောင်စုံပုံဆောင်ခဲ ၂ထောင်"

ကောင်းကင်ဘုရင် ကျူးက ကျိုးဟောင်အား ငွေရောင်သေတ္တာလေး ကမ်းပေးရင်းပြောလိုက်သည်။

ထိုငွေရောင်သေတ္တာလေးမှာ အက်ကွဲကြောင်းထဲမှလာသည့် နည်းပညာတခုဖြစ်လေသည်။ မဟုတ်ရင်သေတ္တာသေးသေးက ရောင်စုံပုံဆောင်ခဲ ၂ထောင်ဘယ်ဆံ့မည်နည်း။

ကျိုးဟောင်အား သဘောတွေ့သွားအောင် ရောင်စုံပုံဆောင်ခဲ ၂၀၀၀ထုတ်ပေးပြီး ကျိုးဟောင်အားသတိလျော့သွားအောင်လုပ်ပြီး မေးခွန်းတခုမေးလိုက်သည်။

" မင်းမှာ ပုံဆောင်ခဲတွေကို ပေါင်းစည်းဖို့သုံးတဲ့ နည်းစနစ်များရှိလား"

၀န်ကြီးကျန်းက စွမ်းအင်ဘားများပြုလုပ်ထားသည့်နည်းစနစ်အကြောင်း သွေးတိုးစမ်းမေးကြည့်လေသည်။

"ကျုပ်ရဲ့ပေါင်းစည်းရေးနည်းစနစ်‌က အဆင်ပြေပြေဖြစ်နေရခြင်းမှာ ဆောင်းဦးနွေသစ်စိမ်းသိုင်းနဲ့ ကျုပ်ရဲ့ လိုက်ဖက်ညီမှုက မြင့်မားနေတာကြောင့်ပါ။ စစတုန်းက လိုက်ဖက်ညီမှုက ၇၀ကျော်သာ ရှိခဲ့သော်လည်း ကျုပ်အပြင်းအထန်ကျင့်ကြံပြီးနောက်မှာတော့ ၉၀ကျော်အထိရှိလာခဲ့ပြီ။

ကျိုးဟောင်က အမှန်တရားများကြားထဲတွင် အလိမ်အညာလေးများ ညှပ်ပြောလိုက်လေသည်။

"ဘာ.... သင့်ရဲ့ လိုက်ဖက်ညီမှု က ၉၀အထိရှိလာပြီဟုတ်လား"

၀န်ကြီးကျန်း နှင့် ကောင်းကင်ဘုရင် ကျူးတို့နှစ်ယောက်လုံး အံ့ဩတကြီး မတ်တပ်ထရပ်လိုက်ကြလေသည်။

တယောက်၏ ကောင်းကင်ဘုံအဆင့် လျှို့ဝှက်ကျင့်စဉ် နှင့် လိုက်ဖက်ညီမှု ၉၀အထိရှိသွားပါက သူသည် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ဟုဆိုနိုင်ပြီဖြစ်လေသည်။

ကျိုးဟောင်အား သူတို့အနေဖြင့် ကောင်းကင်ဘုံအဆင့် တ၀က်သိုင်းပညာရှင်လို့သာ သူတို့ သိထားခဲ့ကြသည်။

ကောင်းကင်ဘုံအဆင့် တ၀က် နှင့် ကောင်းကင်ဘုံအဆင့်မှာ မိုးနဲ့မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ကျိုးဟောင်၏ ဆောင်းဦးနွေသစ်စိမ်းသိုင်းနှင့် လိုက်ဖက်ညီမှုမှာ အလွန်မြင့်နေသောကြောင့် ဒီလို အင်အားမျိုးထုတ်နိုင်ကြောင်းရှင်းပြီးသားဖြစ်သွားလေသည်။

ဒါ့အပြင် ကျိုးဟောင်ပြောပုံအရ သူ၏ လိုက်ဖက်ညီမှုမှာလည်း ထပ်ပြီးတိုးလာနိုင်ချေရှိလေသည်။

ထိုအခြေအနေတွင် ကျိုးဟောင်မှာ စွမ်းအင်အနှစ်သာရကို အသုံးပြုပြီး စွမ်းအင်ပုံဆောင်ခဲမှ သွေးအနှစ်သာရများကို ထုတ်ယူနိုင်သည်ဆိုသည့်အချက်မှာ အံ့ဩစရာမဟုတ်တော့ပေ။

....................................................................................

အခန်း(၂၅၀)ပြီးပါပြီ။

အခန်း (၂၅၁) : ရဲရင့်စွာ မှန်းဆခြင်း

ကျိုးဟောင်၏ ခန္ဓာကိုယ်မှာ အစဉ်အမြဲတိုးတက်ပြောင်းလဲနေပြီး ဆောင်းဦးနွေသစ်စိမ်းသိုင်းနှင့် လိုက်ဖက်ညီမှုမှာ ၁၀၀အထိ ရှိနေပြီဖြစ်သည့်အကြောင်းကို သူတို့မသိခဲ့ကြပေ။

ဒါ့အပြင်ကျိုးဟောင်မှာ ကျိယွီဖန်နှင့်အခြားသူများကဲ့သို့ ထူးခြားကိုယ်ခန္ဓာပိုင်ဆိုင်ခဲ့ဖူးသူမဟုတ်သော်လည်း သူ၏ကျင့်ကြံရေးနည်းစနစ်များက လိုက်ဖက်ညီမှုအပေါ် သက်ရောက်မှုရှိနေခဲ့လေသည်။

သူသည် မူလအဆင့်ကောင်စီ၏ ဥက္ကဌဖြစ်သောကြောင့် လျှို့ဝှက်အချက်အလက် အတော်များများအား သိရှိခွင့်ရလေသည်။

ဟွာရှားမြိုသမိုင်းတွင် လျှို့ဝှက်ကျင့်စဉ်နှင့် လိုက်ဖက်ညီမှု ၁၀၀%အထိ ရှိဖူးသူ မရှိကြောင်းကိုလည်း သူသေချာသိလေသည်။

တဦးတယောက်တောင်မှ မရှိခဲ့ဖူးပေ။

ထိုအချက်အလက်များအရ ကျိုးဟောင်မှာ ဘယ်လောက်တောင် စွမ်းအားကြီးကြောင်းသိရှိနိုင်လေသည်။

ကျိုးဟောင်မှာ ဆောင်းဦးနွေသစ်စိမ်းသိုင်း နှင့် ဒြပ်စင်ငါးသွယ် မဟာယန်မှတ်တမ်းနှစ်ခုလုံးအား ကျွမ်းကျင်‌အဆင့်အထိကျင့်ကြံနိုင်ခဲ့လေသည်။

ထိုအကြောင်းများကိုသာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက သိရှိသွားပါက သူ့အား အပိုင်းပိုင်းဖြတ်ပြီးလေ့လာဖို့ကြိုးစားကြမည်ဖြစ်‌သည်။

ကျင့်စဉ်အပေါ် လိုက်ဖက်ညီ ၈၀%အထိ ရောက်သွားသည့် သိုင်းပညာရှင်တယောက်မှာ ခွန်အားများအတော်ပင် တိုးတက်လာမည်ဖြစ်သည်။

ကျိုးဟောင်အနေဖြင့် သူ၏ လိုက်ဖက်ညီမှုမှာ ဘာကြောင့် ဒီလောက်မြင့်နေသလဲဆိုတဲ့အကြောင်းအား သိချင်နေခဲ့ပြီး ထိုကဲ့သို့ သိရမှသာ သူ့အနေဖြင့် ထိုလျှို့ဝှက်ချက်ကို ထုတ်ပြမည်ဖြစ်သည်။

သို့သော်လည်း ထိုကိစ္စကို သူ့အနေဖြင့် အချိန်တိုအတွင်းဆောင်ရွက်နိုင်ဖို့မဖြစ်နိုင်ပေ။

"ဟူး ငါဒီတခေါက်ခရီးထွက်လာတာ အလကားအချိန်ကုန်သွားပြီလား"

...

၀န်ကြီးကျန်းမှာ အချိန်ခဏလောက်တုန်လှုပ်နေခဲ့ပြီးနောက် ပြုံးလိုက်လေသည်။ ဒီတခါ သူ့အပြုံးမှာ နှစ်လိုဖွယ်အပြုံးမျိုးတော့မဟုတ်ပေ။

ကျိုးဟောင်အနေဖြင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏သုတေသနစခန်းတွင် အစမ်းသပ်ခံမည်လို့သဘောတူခဲ့သောကြောင့် မည်သည့်ရလဒ်ကိုမဆို ၀န်ကြီးကျန်းအနေဖြင့် သိနိုင်မည်ဖြစ်သည်။

ကျိုးဟောင်၏ အကြီးမားဆုံး လျှို့ဝှက်ချက် ၂ခုထဲမှ တခုဖြစ်သည့် သူ၏ ကြောက်မယ်ဖွယ်ခွန်အားကိုတော့ တုပပြုလုပ်ရန်မဖြစ်နိုင်ပေ။

အခြားလျှို့ဝှက်ချက်တခုကတော့ ကျိုးဟောင်အနေဖြင့် စွမ်းအင်ဘားများကို ဘယ်လို ပေါင်းစပ်ပြုလုပ်သလဲဆိုသည့်အချက်ပင်ဖြစ်သည်။

၀န်ကြီးကျန်းသည် အစက ကျိုးဟောင်တွင် လျှို့ဝှက်စာအုပ်ဘာညာရှိသည်ဟုထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ကြောက်မက်ဖွယ်စွမ်းအားများကိုသာ အားကိုးပြီး ပြုလုပ်ထားကြောင်းသိလိုက်ရလေသည်။

သူတို့အနေဖြင့် ကျိုးဟောင်လုပ်သလို ပြုလုပ်ချင်ပါက ကျိုးဟောင်ကဲ့သို့လုပ်နိုင်စွမ်း ရှိသော ကောင်းကင်ဘုံအဆင့်တ၀က်ရောက်နေသူတယောက်ရှာရမည်ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံအဆင့်တ၀က် ဉာဏ်ကြီးရှင်များအနေဖြင့် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းနိုင်ရင်တောင်မှ စွမ်းအင်ဘားကဲ့သို့ ပုံဆောင်ခဲများကို ပြုလုပ်နိုင်မည်မဟုတ်ပေ။

"မင်းအနေနဲ့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထံ ပူးပေါင်းပြီး ဟွာရှားမြို့ရှိ သိုင်းပညာလောကကိုသာမက ကမ္ဘာတဝှမ်းလုံးကိုပါ အကျိုးအမြတ်ရှိစေမယ့် စွမ်းအင်တုံးတွေ ပြုလုပ်ပေးခဲ့သည်အထိ ထက်မြက်တဲ့သူဖြစ်သော်လည်း ကောင်းကင်ဘုံအဆင့်အထိရောက်အောင်တော့ တက်လှမ်းဖို့လိုမယ်"

၀န်ကြီးကျန်းက စိတ်အားထက်သန်စွာပြောပြလေသည်။ သူ့အနေဖြင့် ကျိုးဟောင်ဆီမှ စွမ်းအင်အတုံးများ အများအပြားရလိုသော်လည်း ကျိုးဟောင်၏ ကျင့်ကြံရေးလမ်းစဉ်အပေါ်ကိုတော့ အနှောင့်အယှက်မဖြစ်စေလိုပေ။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကျန်း"

သူလည်း ၀န်ကြီးကျန်း၏သဘောထားကို နားလည်သောကြောင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

သို့သော်လည်း သူတို့ခေါ်နေသည့် စွမ်းအင်ပေါင်းစည်းပုံဆောင်ခဲများမှာ သာမန်ပလက်တီနမ်အဆင့် စွမ်းအင်ဘားများသာ ဖြစ်ပြီး ကျိုးဟောင်ပေါင်းစပ်ဖန်တီးထားခြင်းမဟုတ်ပေ။

သူ့အနေဖြင့် ပေါင်းစပ်ဖန်တီးဖို့အတွက် အချိန်ဖြုန်းနေစရာမလိုဘဲ ကံကြမ္မာအမှတ်များစုဆောင်းပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ လက်ဆောင်များသွားပေးရန်သာလိုလေသည်။

"တကယ်တော့ မင်း အနေနဲ့ ကောင်းကင်ဘုံအဆင့်ကို မရောက်ခဲ့ရင်တောင်မှ ရနိုင်မယ့်အကျိုးအမြတ်တွေရှိပါတယ်"

ကောင်းကင်ဘုရင် ကျူးက ပြုံးပြီးပြောလိုက်လေသည်။

"ဟမ် မင်းဘာကိုဆိုလိုချင်တာလဲ ကောင်းကင်ဘုံဘုရင်ကျူး"

၀န်ကြီး ကျန်းမှာ အံ့ဩလွန်းသောကြောင့် မျက်လုံးများပြူးသွားလေသည်။

"ဟုတ်တယ် ကောင်းကင်ဘုံအဆင့်ကို ထိုးဖောက်ဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ဘူး။ တကယ်လို့မရောက်ခဲ့ရင်တောင်မှ မင်းအတွက် အခွင့်အလမ်းတွေရှိပါသေးတယ်"

ကောင်းကင်ဘုံဘုရင်ကျူး ဘာကိုဆိုလိုမှန်း ၀န်ကြီးကျန်းလည်းသဘောပေါက်သွားလေသည်။သူ့လို‌နှစ်လေး ၊ငါးဆယ်ကျင့်ကြံခဲ့သည့်သူတောင်မှ ထိုစကားကြောင့်စိတ်လှုပ်ရှားသွားရသည်။

ကျိုးဟောင်ကတော့ သူတို့နှစ်ယောက်ဘာကိုပြောချင်နေကြမှန်း နားမလည်ပေ။

"စီနီယာတို့ ဘာကို ဆိုလိုချင်တာလဲဗျ"

ကျိုးဟောင်က ဇဝေဇဝါမေးလိုက်လေသည်။ အဆင့်မြှင့်တက်လာခြင်းက ပိုကောင်းသော အရာမဟုတ်ပေလား။

ကျိုးဟောင်၏ ထူးခြားကိုယ်ခန္ဓာကြောင့် သူ့အနေဖြင့် အချိန်တိုအတွင်းဝောာ့ မရောက်ရှိနိုင်ပေ ဒါ့အပြင် အက်ကွဲကြောင်းထဲ၀င်ရောက်လေ့ကျင့်ရန်အတွက်လည်း အဆင်မပြေသေးပေ။

သူ့ရှေ့တွင်ရှ်ိသော ၀န်ကြီးကျန်း ကောင်းကင်ဘုရင်ကျူး နှင့်အခြားသူများမှာ အက်ကွဲကြောင်းထဲသို့ ၀င်ရောက်လေ့ကျင့်ဖူးကြသူများဖြစ်လေသည်။

ချိုင့်ဝှမ်းအက်ကွဲကြောင်းမှာ အလွန်အန္တရာယ်များပြားသော်လည်း ကောင်းကင်ဘုံအဆင့်ပညာရှင်များအတွက် အစပျိုးလို့ကောင်းသည့်နေရာတခုလည်းဖြစ်ပေသည်။

ကျိုးဟောင်အနေဖြင့် သူ့အားဘာလို့ဒါတွေပြောပြနေလည်း နားမလည်သေးပေ။

"အဟမ်း မင်းအနေနဲ့ မသိသေးတာတွေရှိ သေးတာပဲ ဒါပေမဲ့ ငါပြောပြပါ့မယ်။ လူသားမျိုးနွယ်ရဲ့ ပညာရှင်တွေနဲ့ မျိုးနွယ်ခြားတို့ရဲ့ ပညာရှင်တွေကြားမှာ သဘောတူညီချက်တခုရှိတယ်။ ချိုင့်ဝှမ်းအက်ကွဲကြောင်းတွေဆိုတာ နှစ်ဖက်လုံးအတွက် လေ့ကျင့်ရေးမြေပြင်တွေပဲ"

"လေ့ကျင့်ရေးမြေပြင်တွေမှာတော့ နှစ်ဖက်လုံးက ပညာရှင်တွေ တဖက်နဲ့ တဖက် ၀င်ရောက်နှောင့်ယှက်တာမျိုးမလုပ်ကြဘူး"

"ဒါပေမဲ့ လေ့ကျင့်ရေးမြေပြင်က အက်ကွဲကြောင်းရဲ့အတွင်းပိုင်းမှာဖြစ်ပြီး အပြင်ဘက်အပိုင်းတွေမဟုတ်ဘူး။ ဒါကြောင့် တိုက်ပွဲတွေက အက်ကွဲကြောင်းအပြင်ဘက်မှာဖြစ်ကြတာများတယ်"

"ငါတို့အနေနဲ့ အချိန်အတော်အကြာအထိ စွမ်းအားကြီး ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တွေကို စုစည်းပြီး မျိုးနွယ်ခြားတွေကို အက်ကွဲကြောင်းထဲ ပြန်တိုက်ထုတ်ပြီး လေ့ကျင့်ရေးအတွက် နေရာအသစ်နဲ့ တိုက်ပွဲမြေပြင်အသစ်တွေကို ဖန်တီးနိုင်ဖို့ အခွင့်အရေးကိုစောင့်နေခဲ့တယ်"

"အဲ့လိုလုပ်နိုင်ခဲ့မယ်ဆိုရင် ငါတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံရေးနေရာအသစ်တွေကို ဖန်တီးနိုင်မည့်အပြင် ကမ္ဘာမြေပေါ်က နေထိုင်သူတွေအတွက်လည်းလုံခြုံမှုကို ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်"

"ငါတို့အနေနဲ့ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ နှစ်အတော်ကြာကြိုးစားပြင်ဆင်လာခဲ့ပေမဲ့ မပြီးမြောက်သေးတဲ့ အဆင့်တွေရှိနေသေးတယ်"

၀န်ကြီးကျန်း က ကျိုးဟောင်အား စိတ်လှုပ်တရှားကြည့်ရင်းရှင်းပြနေလေသည်။

....................................................................................

အခန်း(၂၅၁)ပြီးပါပြီ။

အခန်း (၂၅၂) : ရောင်နီဦး

ကောင်းကင်ဘုံအဆင့်တ၀က် ပညာရှင်တွေကို အချိန်တိုအတွင်း ပြုစုပျိုးထောင်ဖို့ဆိုတာ တကမ္ဘာလုံးမှာ ရှိတဲ့ အရင်းအမြစ်အကုန်သုံးရင်တောင်မှ မဖြစ်နိုင်တဲ့ အိပ်မက်တခုပဲဖြစ်သည်။

ဒါ့ကြောင့် လူသားတွေနှင့် မျိုးနွယ်ခြားတို့၏ တိုက်ပွဲများမှာ လူသားတို့၏ နယ်မြေထဲတွင်သာ ဖြစ်ပွားပြီး မျိုးနွယ်ခြားတို့၏ နယ်ပယ်ထဲတွင်တော့ မဖြစ်ပွားဖူးပေ။

ဒါပေမဲ့ ၀န်ကြီးက မျှော်လင့်ချက်ရောင်ခြည်လေးကို ရှာတွေ့ခဲ့လေသည်။

သူတို့အနေဖြင့် ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် အချိန်နှင့်အရင်းအနှီးများစွာ ကုန်ခဲ့ပြီး အထူးလေ့ကျင့်ရေးစခန်း ၇ခုနှင့်တောင်မှ လက်ရွေးစင်မျိုးဆက်သစ်ပညာရှင်အများအပြား မမွေးထုတ်နိုင်သေးပေ။

သို့သော်လည်း ကောင်းကင်ဘုံအဆင့်တ၀က်ရှိသည့် ပညာရှင်များကို မွေးထုတ်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

အထူးသဖြင့် ကျိုးဟောင်၏ အခြေခံကျင့်ကြံရေးအုတ်မြစ်မှာ အလွန်ခိုင်ခံ့တောင့်တင်းပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်ခမန်းလိလိ ပြင်းထန်လေသည်။

ယခု သူ၏စွမ်းအင်အနှစ်သာရကို အသုံးပြုပြီး ပေါင်းစပ်ပုံဆောင်ခဲများကို ထုတ်လုပ်နိုင်သည့်ပုံကို ကြည့်ခြင်းအားဖြင့် ကျိုးဟောင်၏စွမ်းအင်အနှစ်သာရမှာ အဆုံးမရှိပုံရလေသည်။ ဒါ့အပြင်သူ၏စွမ်းအင်အနှစ်သာရအား ကောင်းကောင်းထိန်းချုပ်နိုင်ပြီး သူ၏စွမ်းအင်လမ်းကြောင်းလေးများအား သန့်စင်‌နိုင်ပုံရလေသည်။

သူတို့အနေဖြင့် ကျိုးဟောင်အတွက်ဘာမှလုပ်ပေးစရာမလိုပေ။ ဒီအတိုင်းဆို အနာဂတ်တွင် ကျိုးဟောင်က အသန်မာဆုံး ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်လာနိုင်လေသည်။

ထိုအချိန်ရောက်လာပါက ကျိုးဟောင်သည် ကမ္ဘာပေါ်ရှိ ချိုင့်ဝှမ်းအက်ကွဲကြောင်းအားလုံးအား ရှင်းလင်းပေးနိုင်မည့်သူဖြစ်လာလေမည်။

"ကောင်းကင်ဘုံအဆင့်ကို မတက်လှမ်းနိုင်သေးဘဲနဲ့ အက်ကွဲကြောင်းထဲကို ၀င်လို့တော့မဖြစ်ဘူး အဲအစား ကျင့်ကြံရေးလမ်းစဉ်တွေအား အသက်ဓာတ်တွေလား မင်းကြိုက်ရာ တောင်းဆိုနိုင်တယ်"

" တကယ်လို့ မင်းတောင်းဆိုရင် ရဲဘော်လင်ရှုယွင်ကိုတောင် မူလအဆင့်ကောင်စီ ဌာနချုပ်ကိုလာပြီး အကူအညီပေးဖို့စေလွှတ်ပေးမယ်"

၀န်ကြီးကျန်း က သူတတ်နိုင်တာသမျှကို ပြောပြနေပြီး လင်ရှုယွင်ကို သုံးပြီး ကျိုးဟောင်အား သွေးဆောင်ဖို့တောင် ကြိုးစားနေလေသည်။

တခြား တဖက်ရှိ ဆွေးနွေးခန်းတွင် ရှိနေသော ကောင်းကင်ဘုံဘုရင် လင်က ပျော်ရွှင်နေဟန်ရှိလေသည်။

သူ့အနေဖြင့် ၀န်ကြီးကျန်းက သူ့သမီးအား ရောင်းစားနေသည်လို့ မမြင်ဘဲ သူအဖြစ်ချင်ဆုံးအရာအား ဆောင်ရွက်ပေးနေသကဲ့သို့ မြင်နေလေသည်။

သူ့အနေဖြင့် အသည်းအသန်ကြိုးစားရင်တောင်မှ အသန်မာဆုံး ကောင်းကင်ဘုံအဆင့်တ၀က် သမက်လောင်းကို ရနိုင်မည်မဟုတ်ပေ။ ဒါ့ကြောင့် သူ့အနေဖြင့် ထိုကိစ္စအပေါ် သဘောမကျစရာအကြောင်းမရှိပေ။

"အဟမ်း အဟမ်း ငါ့မှာ ဘာလို့ သမီးချောချောလေးမရှိရတာလဲ"

ကောင်းကင်ဘုရင်လင် က ဘ၀င်ခိုက်နေချိန်တွင် အခြား ကောင်းကင်ဘုံပညာရှင်များက မခံမရပ်နိုင်ဖြစ်နေကြလေသည်။ သူတို့တွင် သားများသာရှိကြပြီး တချို့တွင် သားသမီးတယောက်မှ မရှိပေ။

တချို့တွင်တော့ သမီးများရှိသော်လည်း အကုန်လုံး လက်ထပ်ပြီးသားဖြစ်နေကြလေသည်။

ဆွေးနွေးခန်းတခုလုံးတွင် လူလွတ် သမီးရှင်နှစ်ယောက်သာ ရှိလေတော့သည်။

တယောက်က ကောင်းကင်ဘုံဘုရင် လင် ဖြစ်ပြီး နောက်တယောက် က သူနှင့်သိပ်မတည့်‌‌သောကောင်းကင်ဘုံဘုရင် လီ ဖြစ်သည်။

ယခုမူ ကောင်းကင်ဘုရင်လင်၏ သမီးမှာ ပထမဆုံး ဖော်ပြခြင်းခံရသောကြောင့် လီထိုက်၀မ်အနေဖြင့် ဘာမှ မပြောနိုင်‌ပေ။

သို့သော် လီထိုက်၀မ်ကသူ၏ သမီးအား ကျိုးဟောင်နှင့် စီစဉ်ပေးရန် ‌ပြင်ဆင်ထားခဲ့သည်ကိုတော့ ဘယ်သူမှ မသိကြသေးပေ။

ယခုလက်ရှိ ၀န်ကြီးကျန်းတောင်မှ တချိန်က အသန်မာဆုံး ကောင်းကင်ဘုံအဆင့်တ၀က်အား ရောက်လုနီးဖြစ်ခဲ့ဖူးသည်။

သူတို့အနေဖြင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိများ ဖြစ်သော်လည်း သူတို့ ၃ယောက်လောက်ပေါင်းတိုက်ရင်တောင်မှ ၀န်ကြီး ကျန်းအား သရေသာစွမ်းဆောင်နိုင်မည်ဖြစ်သည်။

နောက်ဆုံးတော့ ကျိုးဟောင်လည်း သဘောပေါက်သွားခဲ့သည်။ သူ့အနေဖြင့် ကောင်းကင်ဘုံအဆင့်ကို အလျင်အမြန်ရောက်ဖို့က ၀န်ကြီးကျန်း၏ပြောစကားများအရ မ‌ဖြစ်နိုင်ကြောင်းသူတွေးမိသည်။

ဒါပေမဲ့ လင်ရှုယွင် က ဘာလို့ကူညီဖို့လာမှာလဲ...

လင်ရှုယွင်က အလှပဆုံးအဖြစ် ဟွာရှားမြို့ရှိ သိုင်းပညာရှင်များကြားတွင် ကျော်ကြားသော်လည်း သူ့စိတ်ထဲတွင်တော့ သူမအပေါ် ဘာခံစားချက်မှမရှိပေ။

ဒါ့အပြင် သူ့အနေဖြင့် လင်ရှုယွင်ကို အကြိမ်အနည်းငယ်သာဆုံဖူးပြီး နှစ်ကြိမ်သာ အတူတွဲတိုက်ဖူးလေသည်။

ဒါပေမဲ့ ၀န်ကြီးကျန်း နှင့် ကောင်းကင်ဘုရင်ကျူးတို့က သူနှင့် လင်ရှုယွင်အား လိုက်ဖက်သည်ဟုတွေးထင်နေကြလေသည်။

ကျိုးဟောင်အနေဖြင့် ထိုကိစ္စအတွက် အချိန်ခဏလောက် ပြောစရာမဲ့သွားခဲ့သည်။

၀န်ကြီးကျန်း က သူများ၏သမီးအား အသုံးချဖို့ အခွင့်ကောင်းယူရန်ကြိုးစားနေခြင်းလား။

"ကောင်းပြီ ငါသွားရတော့မယ်။ ကျိုးဟောင်ကိုသုတေသနဌာနကိုခေါ်သွားပေးပါဦး ကောင်းကင်ဘုရင်ကျူး"

ကျိုးဟောင်ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ၀န်ကြီးကျန်းက ဆုံးဖြတ်ချက်ချလိုက်လေသည်။

၀န်ကြီးကျန်း ထွက်သွားမှပဲ ကျိုးဟောင်ရော ကျူးဇောင်ရော နှစ်ယောက်လုံးစိတ်သက်သာရာရသွားကြသည်။

"သွားကြရအောင် ညီနောင်ကျိုး အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းဌာနချုပ်ကို ကျုပ်လိုက်ပြပါ့မယ်"

ကောင်းကင်ဘုရင်ကျူးက သူ့အား အပြင်လူတယောက်လို သဘောမထားဘဲ တရင်းတနှီးသူ့ပခုံးအားဖက်ကာ ပြောလိုက်လေသည်။

ထိုသို့ဆက်ဆံရသည့်အကြောင်းမှာ ကျိုးဟောင်က သူရဲ့ငွေတွင်းကြီးဖြစ်နေသောကြောင့်ဖြစ်လေသည်။

ကျိုးဟောင်က သူ့အား ပေါင်းစပ်ပုံဆောင်ခဲများအများကြီးမထောက်ပံ့သေးသော်လည်း သူ့အား ကမ္ဘာအနှံ့မှ ၀ယ်သူအများအပြားက လာရောက်ချိတ်ဆက်ထားပြီးဖြစ်လေသည်။

မကြာမီအချိန်တွင် ပေါင်းစပ်ပုံဆောင်ခဲများမှာ ဟွာရှားမြို့သာမက ကမ္ဘာအဝှမ်းပျံ့နှံ့သွားမည်ဖြစ်သည်။ ထိုအချိန်တွင် သူ့အတွက် ကျိုးဟောင်က ငွေထုတ်စက်ကြီးပမာဖြစ်လာပေမည်။

"ညီနောင်ကျူး ကျုပ်အကူအညီလိုတာရှိလို့လား"

ကျိုးဟောင်မှာ ကျူးဇောင်က အရမ်းတရင်းတနှီးဆက်ဆံ နေသောကြောင့် မေးလိုက်သည်။

သူသည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထဲရှိ ထိပ်တန်းအရာရှိတဦးဖြစ်လေသည်။ ကျိုးဟောင်ဘယ်လောက်ပဲ သန်မာပါစေ သူတို့နှစ်ယောက်ကြားတွင် ရာထူးကွာခြားချက်ကြီးမားလေသည်။

"မင်းအကူအညီတော့လောလောဆယ်မလိုသေးပါဘူး။ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဒီထက်ပိုနက်ရှိုင်းစေချင်လို့ပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါကအမြဲမျှတပါတယ်။ မင်းရသင့်တာတွေအားလုံး တပြားတစေ့တောင်မလျော့ပဲရစေရမယ်လို့ငါအာမခံပါတယ်"

....................................................................................

အခန်း(၂၅၂)ပြီးပါပြီ။

All Chapters