← Chapters

အခန်း ၂၅၃-၂၅၅

Vol. 17 Ch. 253-255

အခန်း ၂၅၃-၂၅၅

Vol. 17 Ch. 253-255

အခန်း (၂၅၃) : အဆုံးမရှိသောဘဝ အဆုံးမရှိသောတိုက်ပွဲ

ကျိုးဟောင်၏စွမ်းအားမှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်နှင့် ကံကြမ္မာအမှတ်တို့အပေါ်တွင် မှီခိုနေပေသည်။

ထို့ကြောင့် အစိမ်းရောင်တိမ်တိုက်သင်တန်းကျောင်းတွင်အချက်အလက်များစွာကိုစမ်းသပ်ပြီးသော်လည်း အဓိပ္ပာယ်ရှိသောရလဒ်အားမရသေးခြင်းပင်ဖြစ်သည်။

ဝန်ကြီးကျန်းနှင့် ကျူးဇောင်တို့မှာဤကဲ့သို့သောရလဒ်အား အစောကတည်းကမျှော်မှန်းထားပေရာ စိတ်ပျက်သွားခြင်းမရှိပေ။

အကယ်၍ကျိုးဟောင်မှာသာ တကယ်ဖော်ထုတ််၍ရသော လျှို့ဝှက်နည်းပညာရှိပြီး ပမာဏအများအပြားပုံတူကူးနိုင်သည်ဆိုပါက ကျိုးဟောင်မှာသေချာပေါက် အစိမ်းရောင်တိမ်တိုက်ဌာနကို ဤမျှလောက်အလျင်အမြန်ရောက်လာမည်မဟုတ်ပေ။

စမ်းသပ်မှုပြီးဆုံးသွားသည်နှင့် ကျိုးဟောင်မှာ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းအားပြန်သွားလေသည်။

နံပါတ် ၁ အက်ကွဲကြောင်းတိုက်ပွဲတွင် စွမ်းအင်ကုန်ဆုံးမှုမှာကြီးမားသော်လည်း ရရှိခဲ့သည့်အကျိုးကျေးဇူးမှာလည်းမနည်းပေ။

ယခုအချိန်တွင် ကျိုးဟောင်၌ကံကြမ္မာအမှတ် သန်း၈၀ ကျော်ရှိနေပြီဖြစ်ပြီး သန်း ၉၀ပြည့်ရန်သိပ်မလိုတော့ပေ။

ယခင်ကအတွေ့အကြုံအရဆိုပါက အကယ်၍ရှားပါးအဆင့်စွမ်းအင်ဘားအရေအတွက်ပိုရချင်ပါက တစ်ကြိမ်တွင်အနည်းဆုံး ကံကြမ္မာအမှတ်သန်း ၃၀ နီးပါးသုံးရမည်ဖြစ်သည်။

ထို့ကြောင့်ကျိုးဟောင်မှာ ‌ဒေါသပုံချစရာနေရာရှာဖို့ဆုံးဖြတ်လိုက်လေသည်။

မိစ္ဆာသားရဲ၊ အင်းဆက်မျိုးနွယ်နှင့် စက်ရုပ်မျိုးနွယ်များအားသတ်ပြီးနောက် ကံကြမ္မာအမှတ် သန်း၉၀အားစုဆောင်းနိုင်ခဲ့ပေသည်။

ဤသို့ဆိုပါက ရှားပါးအဆင့်စွမ်းအင်ဘား ၃သုတ်ရနိုင်ပေသည်။

ဤတိုက်ပွဲတွင် ရှားပါးအဆင့်စွမ်းအင်ဘား ၏အသုံးဝင်မှုမှာ သိသာသည်ဟုပြောလို့ရပေသည်။

အကယ်၍ ယခုတစ်ကြိမ်၌သူ့ထံတွင်ရှားပါးအဆင့်စွမ်းအင်ဘား အလုံအလောက်မရှိပါက ဒုက္ခအကြီးအကျယ်ရောက်မည်ဖြစ်သည်။

ထို့အပြင် နံပါတ် ၁ အက်ကွဲကြောင်းသည်လည်း သေချာပေါက်ရှုံးနိမ့်သွားမည်ဖြစ်သည်။

ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာ နံပါတ် ၇ အက်ကွဲကြောင်းဆီသွားရန်ဆုံးဖြတ်လိုက်လေသည်။ ယခုအချိန်တွင် သူ၏ကံကြမ္မာအမှတ်များမှာသိပ်ကွာခြားမှုမရှိသေးပေ။ နံပါတ် ၇ အက်ကွဲကြောင်းဆီသွားပြီး မျိုးနွယ်ခြားများအားသတ်ကာ နံပါတ် ၇ အက်ကွဲကြောင်း၏ဖိအားကိုလျှော့ချပေးခြင်းသည်လည်း သူ့အတွက်ကိစ္စမရှိပေ။

နံပါတ် ၇ အက်ကွဲကြောင်းရှိ ရှောင်ကျန်းထျန်နှင့်အခြားလူများမှာ ကျိုးဟောင်ရောက်ရှိလာသည်ကို ကြိုဆိုကြလေသည်။

သို့သော် အားလုံးမှာကျိုးဟောင်၏ပုံစံကိုကြည့်ပြီးအံ့ဩနေကြလေသည်။ မည်သို့ပင်ဖြစ်စေ ယခင်ကပျံ့နေသောသတင်းအရ မူလကောင်စီမှဥက္ကဌကျိုးမှာ သိပ်မကြာသေးမီကမှ နံပါတ် ၁ အက်ကွဲကြောင်းတွင် စိတ်ကျေနပ်သည်အထိ မျိုးနွယ်ခြားများအားသတ်ဖြတ်ခဲ့သည်ဟု ကြားခဲ့ရပေသည်။

ထို့နောက်သိပ်မကြာခင်မှာပင် အနှစ်သာရစွမ်းအင်ပြန်ရပြီး အက်ကွဲကြောင်းသို့ပြန်ရောက်လာကာ မျိုးနွယ်ခြားများအား ထပ်မံပျက်စီးစေခဲ့ပြန်သည်။

ဤကဲ့သို့သော စွမ်းအင်ပြန်လည်ပြည့်နှုန်းမှာတကယ်ပင် အထင်ကြီးစရာကောင်းပေသည်။

ကျိုးဟောင် မျိုးနွယ်ခြားများအားစိတ်အားထက်သန်စွာသတ်နေသည်ကိုကြည့်ပြီး သိုင်းပညာရှင်အများစုမှာ ကျိုးဟောင်သည် မျိုးနွယ်ခြားများအား အလွန်မုန်းတီးသူဟုခံစားလာရသည့်အပြင် ဤမူလအဆင့်ကောင်စီ၏ဥက္ကဌကျိုးမှာ သေချာပေါက်တိုက်ပွဲအားရူးသွပ်သူတစ်ယောက်ဟုလည်း ခံစားနေရပေသည်။

မည်ကဲ့သို့သောအခြေအနေရောက်သည်ဖြစ်စေ အချိန်မရွေးတိုက်ခိုက်နိုင်ပေသည်။

သူသည်အမြဲတမ်းတိုက်ခိုက်နေရင်တိုက်ခိုက်နေပြီး မဟုတ်ပါက တိုက်ပွဲရှိရာနေရာကိုသွားနေတတ်ပေသည်။

အားလုံး သူ၏စိတ်အားထက်သန်မှုအားခန့်မှန်းနေစဉ်မှာပင် ကျိုးဟောင်မှာ နံပါတ် ၇ အက်ကွဲကြောင်းရှိ မျိုးနွယ်ခြားအားလုံးကိုသတ်ပြီး လုံလောက်သောကံကြမ္မာအမှတ်များအား စုဆောင်းပြီးပြီဖြစ်သည်။

ကျိုးဟောင်မှာ ချက်ချင်းပင်အားပြန်ပြည့်ပြီး ပျော်ရွှင်သွားလေသည်။

ကျိုးဟောင်၏ပုံစံကိုမြင်ပြီးသောအခါ ရှောင်ကျန်းထျန်နှင့်အခြားသူများအတွက် ကျိုးဟောင်မှာတိုက်ပွဲအားရူးသွပ်သူတစ်ယောက်ဖြစ်ကြောင်းမှာ ပိုလို့ပင်သေချာသွားလေသည်။

အခြားသိုင်းပညာရှင်များဆိုပါက ယခုလိုတိုက်ပွဲကြီးတိုက်ပြီးပါက အားကုန်နေလောက်ပြီဖြစ်သော်လည်း ကျိုးဟောင်၏မျက်နှာတွင်တော့ တကယ့်ကိုကျေနပ်နေသောအမူအရာကိုသာမြင်ရပေသည်။

စင်စစ် ပညာရှင်များ၏လောကမှာ သူတို့နားလည်နိုင်သောအရာမဟုတ်ပေ။

အားလုံးကျိုးဟောင်အကြောင်းပြောနေကြဆဲမှာပင် ကျိုးဟောင်မှာအနားယူရန်ဗီလာသို့ပြန်သွားပြီဖြစ်သည်။

ဤသို့လုပ်ရသည့် အကြောင်းပြချက်မှာရှားပါးအဆင့်စွမ်းအင်ဘားများအား သုံးစွဲလိုက်ပြီဖြစ်သောကြောင့်သာဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲဝင်ပြီးနောက် ကျိုးဟောင်မှာသူလိုချင်သည့်နေရာဆီတန်းသွားလိုက်ပေသည်။

နတ်မိမယ်ယွဲ့လင်တိုက်ရိုက်ထုတ်လွှင့်မှု၏ ကျော်ကြားမှုမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတဖြည်းဖြည်းချင်းတိုးလာသော်လည်း သူမထံတွင်အားပေးအည့်အမာခံအဆင့်မြင့်အသုံးပြုသူများများစားစားမရှိပေရာ သူမ၏လက်ရှိအဆင့်သည်အန္တရာယ်များသောအခြေအနေတွင် ရှိနေသေးပေသည်။

ကျိုးဟောင်ဂိမ်းထဲဝင်လာသည့်အချိန်တွင် နတ်မိမယ်ယွဲ့လင်မှာတိုက်ရိုက်ထုတ်လွှင့်မှုရှိအသုံးပြုသူများအား သီချင်းဆိုပြနေတာဖြစ်သည်။

သူမ၏အသံမှာချိုသာပြီး အလွန်နူးညံ့ပေရာ နားဝင်ချိုလှပေသည်။

အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူအားလုံးကြားတွင် အသံ၊ ရုပ်ရည်နှင့် အရှိန်အဝါအားဖြင့်နတ်မိမယ်ယွဲ့လင်အားကျော်နိုင်သူမှာ အလွန်နည်းပါးလှပေသည်။

သို့သော် အချို့အဆင့်မြင့်အသုံးပြုသူများမှာ မကြာခဏဆိုသလိုယုတ္တိမရှိသော တောင်းဆိုမှုများလုပ်ကြပေသည်။ နတ်မိမယ်ယွဲ့လင်မှာ ဤတောင်းဆိုမှုများအားလိုက်လျောခြင်းမရှိပေရာ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် အဆင့်မြင့်အသုံးပြုသူအရေအတွက် အလွန်နည်းပေသည်။

"ကြိုဆိုပါတယ် ကြိုဆိုပါတယ် သခင်ကြီးရောက်လာပြန်ပြီဟေ့ @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ဝင်ရောက်လာသည်နှင့် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုထံနျူကလီးယားဗုံးပစ်ချလိုက်သကဲ့သို့ ချက်ချင်းဆိုသလိုပင် တိုက်ရိုက်ထုတ်လွှင့်သောအခန်းတစ်ခုလုံးစည်ကားလာလေသည်။

"သခင်ကြီးကိုမျှော်နေတာ @ငါကသာမန်လူတစ်ယောက်ပါပဲ"

"ဒီတစ်ခါရော သခင်ကြီးပိုက်ဆံတွေအများကြီးသုံးဦးမှာလား @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်မှာတိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ဝင်ရောက်လာသည်နှင့် အဓိကဇာတ်ဆောင်ဖြစ်လာလေသည်။ ယခုပုံစံအားကြည့်ရသည်မှာ ဤအသုံးပြုသူများမှာ နတ်မိမယ်ယွဲ့လင်ကိုကြည့်ရန်မဟုတ် ဘဲကျိုးဟောင်ကိုသာကြည့်ရန်လာကြသလိုပင်။

"သခင်ကြီး ရှားပါးအဆင့်စွမ်းအင်ဘားယူဖို့လာတာလား"

"သခင်ကြီး ငါ့ကိုလည်းသင်ပေးပါ ဈေးများများပေးပြီးဝယ်လို့ရတဲ့ လျှို့ဝှက်နည်းလမ်းရှိလား"

နတ်မိမယ်ယွဲ့လင် : "ကြိုဆိုပါတယ် သခင်ကြီး @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်၏ရောက်ရှိလာမှုမှာ နတ်မိမယ်ယွဲ့လင်အားအလွန်ပျော်သွားစေလေသည်။

ဤအချိန်အတောအတွင်း သူမကျိုးဟောင်အားအနှောင့်အယှက်ပေးမိမည်ကိုစိုးရိမ်၍ သိပ်မဆက်သွယ်ဖြစ်ပေ။

စင်စစ်တွင် ကျိုးဟောင်မှာသူမအားများစွာကူညီခဲ့ပြီးပြီဖြစ်သည်။ ကျိုးဟောင်ပေါ်လာချိန်တိုင်းသူမ၏အဆင့်မှာ သိသိသာသာတက်လာပေသည်။

ထို့ကြောင့်ယခု ကျိုးဟောင်သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရောက်လာသည့်အချိန်တွင် ဘာလက်ဆောင်မှမပေးဘဲ စကားပြောရုံဆိုလျှင်တောင် သူမကျေနပ်ပေသည်။

ငါကသာမန်လူတစ်ယောက်ပါပဲ : "ခုတစ်လောအလုပ်များနေလို့ ဒီကိုသိပ်မရောက်ဖြစ်ဘူး @နတ်မိမယ်ယွဲ့လင်"

ကျိုးဟောင်သည်လည်း နတ်မိမယ်ယွဲ့လင်အားစာပြန်လိုက်လေသည်။ သူပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲများနှင့်အလုပ်ရှုပ်နေခဲ့ပေရာ အချိန်မရ၍ နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုဆီမရောက်ပေ။

"နတ်မိမယ်ယွဲ့လင် မြန်မြန်သခင်ကြီးအတွက် ကပြလိုက်"

"ဟုတ်တယ် ဟုတ်တယ် ထိပ်ဆုံး ၅သောင်းအတွင်းကိုဝင်ချင်ရင် ဒါကမလွယ်ဘူးလား"

"နတ်မိမယ်ယွဲ့လင် နောက်ဆုံးမှအခြေအနေကောင်းလာတာ အခွင့်အရေးကိုကောင်းကောင်းဖမ်းဆုပ်ရမယ်"

တိုက်ရိုက်ထုတ်လွှင့်မှုတွင် အားလုံးမှာနတ်မိမယ်ယွဲ့လင်အား အကြံဉာဏ်များအဆက်မပြတ်ပေးနေကြလေသည်။

ကျိုးဟောင်ကဲ့သို့သောသခင်ကြီးမှာ ဂုဏ်သရေရှိဧည့်သည့်တစ်ယောက်ဖြစ်ပေရာ ထိပ်ဆုံး ၁၀၀အတွင်းရှိသော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများထဲကိုပင် သွားလို့ရပေသည်။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တစ်ခုလုံးတွင် ကျိုးဟောင်တစ်ယောက်သာ ဒဏ္ဍာရီအဆင့်ပစ္စည်းရရှိခဲ့ခြင်းဖြစ်သည်။

ကျိုးဟောင်သည် တကယ့်ကို ဒဏ္ဍာရီထဲတွင်နေထိုင်သူဖြစ်သည်။

...................................................................................

အခန်း(၂၅၃) ပြီးပါပြီ။

အခန်း (၂၅၄) : ထိန်းချုပ်ရန်မလိုသောကြွယ်ဝမှု

စင်စစ်တွင် သူတို့မသိခဲ့သည်ကြမှာ ကျိုးဟောင်သာဆန္ဒရှိပါက သူ့အတွက်ယခုထက်ပိုရရန် သိပ်မခက်ခဲဘူးဟူသောအချက်ကိုပင်ဖြစ်သည်။

နတ်မိမယ်ယွဲ့လင် : "ကျွန်မခုမှအကအသစ်သင်ထားတာ သခင်ကြီးကြည့်ချင်လား"

ဘာကြောင့်မှန်းမသိ နတ်မိမယ်ယွဲ့လင်မှာရုတ်တရက် အနည်းငယ်ရှက်ရွံ့လာသလိုခံစားလိုက်ရပြီး သူမ၏နှလုံးသားမှာလည်း နားလည်ရခက်စွာတဒုတ်ဒုတ်ခုန်နေပေသည်။

ကျိုးဟောင်ကြောင့်သာမဟုတ်ပါက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သူမ၏မျက်နှာကိုပင်မပြပေ။

သူမ၏အကမှာအလွန်လှသော်လည်း သူမသည်ကပြရန်ကိုတော့ရှက်လေသည်။

ငါကသာမန်လူတစ်ယောက်ပါပဲ : "သေချာတာပေါ့"

ကျိုးဟောင်မှာဖြစ်သလိုပင်စာပြန်လိုက်ပြီးနောက် တကယ်တမ်းကြည့်တောင်မကြည့်တော့ပေ။

အခုသူကံကြမ္မာအမှတ် သန်း ၃၀ သုံးပြီးပြီဖြစ်ပြီးရှားပါးအဆင့်စွမ်းအင်ဘားမဲအား စတင်နှိုက်တော့မည်ဖြစ်သည်။

"နတ်မိမယ်ယွဲ့လင် မြန်မြန် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲစလိုက်တော့"

ကျိုးဟောင်မှာလှုပ်ရှားရန်ရည်ရွယ်ချက်ရှိသည်ကိုမြင်သောအခါ အသုံးပြုသူတစ်ယောက်မှ ချက်ချင်းပင်အကြံပေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် နတ်မိမယ်ယွဲ့လင် စွမ်းရည်စိန်ခေါ် ပြိုင်ပွဲစလိုက်တော့"

တိုက်ရိုက်ထုတ်လွှင့်မှုရှိ စွမ်းရည်စိန်‌ခေါ်ပြိုင်ပွဲဆိုသည့်လုပ်ဆောင်ချက်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် အဆင့်မြှင့်ပြီးမှသာပေါ်လာခြင်းဖြစ်သည်။

စွမ်းရည်စိန်ခေါ်ပြိုင်ပွဲမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သူများမှာ သူတို့၏ကြယ်အဆင့်အားအဆင့်မြှင့်တင်နိုင်ပြီး သက်ဆိုင်ရာဆုလာဘ်များရယူနိုင်ပေသည်။

ကြယ်အဆင့်မြင့်လေ ရရှိမည့်ဆုလာဘ်သည်လည်းကြီးလေဖြစ်သည်။

သို့သော်ယခင်က နတ်မိမယ်ယွဲ့ လင်မှာရှုံးနိမ့်ခဲ့တာများပေသည်။ ယခုအချိန်ထိ သူမသည်ကြယ်တစ်ပွင့်အစီအစဥ်မှူး အဆင့်သာရှိသေးသည်။

အားလုံး၏သတိပေးချက်ကိုကြားသောအခါ နတ်မိမယ်ယွဲ့လင်မှာခေတ္တမျှတွေဝေနေပြီး ကျိုးဟောင်၏အမြင်အားမေးမြန်းလိုက်လေသည်။

နတ်မိမယ်ယွဲ့လင် : "သခင်ကြီး ကျွန်မအခု စွမ်းရည်စိန်ခေါ်ပြိုင်ပွဲစလို့ရမလား @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်၏သုံးစွဲမှုအဆင့်အရ သူမအတွက် စွမ်းရည်စိန်‌ခေါ်ပြိုင်ပွဲစတင်ရန်မှာသေချာပေါက် ပြဿနာမရှိပေ။ သို့သော်နတ်မိမယ်ယွဲ့လင်မှာ သူမသဘောနှင့်သူမလုပ်သည်ကို ကျိုးဟောင်သဘောမကျမည်ကိုလည်း စိုးရိမ်လေသည်။

ငါကသာမန်လူတစ်ယောက်ပါပဲ : "ရတယ်လေ"

ကျိုးဟောင်မှာ ပလက်တီနမ်အဆင့်စွမ်းအင်ဘားများအား ရူးသွပ်စွာမှာယူနေလေသည်။ မည်သို့ပင်ဖြစ်စေ သူကံကြမ္မာအမှတ်သန်း ၃၀အား သုံးပြီးပြီဖြစ်ပေရာ ပိုက်ဆံကိုတော့ပြန်ယူရပေလိမ့်မည်။ မဟုတ်ပါက အကြီးအကျယ်ရှုံးမည်ဖြစ်သည်။

"ဒင်! ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ၁၀ဆဖြင့်မြှောက်ထားသော ဆုလာဘ်အားရရှိသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"

"ဒင်! ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၂၀ ဖြင့်မြှောက်ထားသော ဆုလာဘ်အားရရှိသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"

"ဒင်! ပလက်တီနမ်အဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ဆ ၂၀ ဖြင့်မြှောက်ထားသော ဆုလာဘ်အားရရှိသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"

ကျိုးဟောင်မှာလက်ဆောင်များအားမုန်တိုင်းပမာဆက်တိုက်ပေးနေပြီး အနိုင်ရရှိသည့်စာတန်းများမှာလည်း ဆက်တိုက်ပေါ်လာနေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိအသုံးပြုသူအများအပြားမှာ ပလက်တီနမ်အဆင့်စွမ်းအင်ဘားများအားလက်ဆောင်ပေးနေပေရာ ကျိုးဟောင်မှာအကြိမ်တိုင်းတွင်အနိုင်ရနေခြင်းမဟုတ်ပေ။

သို့သော် ကျိုးဟောင်မှာနံပါတ်အတိအကျအားမြင်နိုင်သည့်အတွက် သူရရှိသည့်အကျိုးကျေးဇူးမှာ အလွန်ကြီးမားပေသည်။

အခြားအသုံးပြုသူများမှာ ရေရေရာရာမသိဘဲခန့်မှန်းကြခြင်းဖြစ်သော်လည်း ထွက်လာသည့်ရလဒ်မှာကာယကံရှင်၏ လက်အမြန်နှုန်းနှင့်ကံအပေါ်တွင်လည်းမူတည်ကြောင်းကို ကျိုးဟောင်သိပေသည်။

ကျိုးဟောင်ဆုမရသည့်အခြေအနေများမှာ နံပါတ်ပေါ်လာသည့်အချိန်တွင် အခြားအသုံးပြုသူများဖြင့် သွား၍ကိုက်ညီနေသောအခြေအနေမျိုးဖြစ်သည်။ ထိုအရာသည် ရံဖန်ရံခါသူဆုမရရသောအကြောင်းပြချက်ပင်ဖြစ်သည်။

အကယ်၍ သူသာပိုမိုဈေးကြီးသောလက်ဆောင်အားရွေးချယ်ပါက ယခုလိုမဖြစ်လောက်ပေ။

သို့သော်မတတ်နိုင်ပေ။ သူယခုလိုအပ်နေသည့်အရာမှာ ရှားပါးအဆင့်စွမ်းအင်ဘားသာဖြစ်သည်။

အကယ်၍သူသာလက်ဆောင်ပေးရန် အခြားပစ္စည်းတစ်ခုရွေးလို့ရပါက သူလည်း ရှားပါးအဆင့်စွမ်းအင်ဘားရရန် ယခုလိုအခြားအသုံးပြုသူအဖွဲ့နှင့် ယှဉ်ပြိုင်နေစရာမလိုပေ။

"ဒင်! 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည် သင်သည်ရှားပါးအဆင့်စွမ်းအင်ဘားလက်ဆောင်ပေးပြီး ၁၀ဆ ဖြင့်မြှောက်ထားသော ဆုလာဘ်အားရရှိပါသည်"

သတင်းထွက်လာသည်နှင့် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာထပ်မံပြီး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

ဤသည်မှာ ယနေ့အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားလုံး၌ ရှားပါးအဆင့်စွမ်းအင်ဘား ပထမဆုံးအကြိမ်ပေါ်လာခြင်းဖြစ်သည်။

ယခုလိုရှားပါးအဆင့်စွမ်းအင်ဘားမှာ ရရန်မလွယ်ပေ။ နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှားပါးအဆင့်စွမ်းအင်ဘားကျပြီးနောက် အသုံးပြုသူအများအပြားနှင့်သခင်ကြီးများမှာလည်းရောက်လာကြပြီး အားကြိုးမာန်တက်လှုပ်ရှားကြလေတော့သည်။

တစ်ချိန်တည်းမှာပင် နတ်မိမယ်ယွဲ့လင်နှင့် စွမ်းရည်စိန်ခေါ် ပြိုင်ပွဲမှတစ်ဆင့်ယှဉ်ပြိုင်နေသော အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူမှာ လုံးဝကြက်သေသေသွားလေသည်။

တိုက်ရိုက်ထုတ်လွှင့်သူများကြားမှ စွမ်းရည်စိန်ခေါ်ပြိုင်ပွဲတစ်ခုတွင် နှစ်ဖက်ရှိအမှတ်ကွာခြားချက်မှာအလွန်များနေပါက ရှင်းပစ်နိုင်သည့်အစွမ်းအား အသက်သွင်းလို့ရပေသည်။

အမှတ်ကွာခြားချက်များလေ ရှင်းပစ်နိုင်သည့်အစွမ်းကိုလည်း အမြန်ရရှိလေဖြစ်သည်။ အကယ်၍တစ်ဖက်လူ၏အမှတ်မှာအလွန်ကြီးနေပါက ပြိုင်ဘက်လူတွင်အသက်ရှင်ရန်ရုန်းကန်နိုင်သည့်အခွင့်အရေး ၃ စက္ကန့်သာရှိပေသည်။

ယခုကျိုးဟောင်မှာ ရှားပါးအဆင့်စွမ်းအင်ဘားရရန်ကိုသာအာရုံထားနေလေရာ သူသည်တစ်ဖက်လူအားရုန်းကန်ခွင့်မပြုပေ။

ထို့ကြောင့် အမျိုးသမီးထုတ်လွှင့်သူမှာရုန်းကန်ချိန်တောင်မရလိုက်ဘဲတန်းရှုံးသွားလေသည်။

"သေစမ်း ဒီသခင်ကြီးကမိုက်လိုက်တာ သူ ၃ စက္ကန့်အတွင်းတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကို ရှင်းပစ်လိုက်တယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"

"တိုက်ရိုက်ထုတ်လွှင့်သူရဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်အောင်လုပ်ပြီး နောက်ထပ်အနိုင်ပွဲကိုကြိုဆိုကြမယ်"

"ဟဟဟ"

"ဟုတ်တယ် နတ်မိမယ်ယွဲ့လင်ဘာကိုစောင့်နေတာလဲ မြန်မြန်နောက်တစ်ပွဲဆက်ပြိုင်လေ"

"ဟုတ်တယ် ဟုတ်တယ် ဆက်ပြိုင်"

အားလုံး၏သတိပေးမှုကြောင့် နတ်မိမယ်ယွဲ့လင်မှာ ချက်ချင်းပင် စွမ်းရည်စိန်ခေါ် ပြိုင်ပွဲအားဆက်ပြိုင်လိုက်သည်။

တစ်ဖက်ရှိထုတ်လွှင့်သူမှာ နတ်မိမယ်ယွဲ့လင်နှင့်ပြိုင်ဘက်အဖြစ်တွေ့စမှာပင် မရင်းနှီးသောနာမည်အားတွေ့လိုက်ရပေရာ လုံးဝဂရုမစိုက်ပေ။

သို့သော် အချိန်ခဏမျှကြာပြီးနောက် သူမသည်လုံးဝကြက်သေသေသွားလေသည်။

သူမသည်နတ်မိမယ်ယွဲ့လင်၏နာမည်အားဖတ်ရုံသာရှိသေးသည် တစ်ဖက်လူမှာချက်ချင်းပင် ရှင်းပစ်သည့်အစွမ်းအားအသက်သွင်းလိုက်လေရာ သူမ၌ ၃ စက္ကန့်သာအချိန်ရလိုက်ပေသည်။

ဤလုပ်ရပ်မှာ လူမဆန်သောလုပ်ရပ်ပင်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုထုတ်လွှင့်သူသည်လည်း တန်းကာရှုံးနိမ့်သွားပေသည်။

...................................................................................

အခန်း(၂၅၄) ပြီးပါပြီ။

အခန်း (၂၅၅) : တိုက်ပွဲ ၂၀ အားအနိုင်ရခြင်း

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ အသုံးပြုသူများမှာအပျော်စောင့်ကြည့်ရန် ပိုပိုရောက်လာကြလေသည်။

ကံကြမ္မာအမှတ် သန်း ၃၀အားသုံးစွဲပြီးနောက် ရှားပါးအဆင့်စွမ်းအင်ဘားရနိုင်ခြေမှာ အနည်းငယ်တိုးလာကြောင်းကိုလည်း ကျိုးဟောင်သိလိုက်ရပေသည်။ သို့သော် တိုးလာသည့်အဆမှာ ၃ ဆမဟုတ်ဘဲ ၁ဆခွဲမျှသာတိုးခြင်းဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင် လက်ဆောင်ပေးရန်အတွက် ကံကြမ္မာအမှတ် သန်း ၃၀ အားသုံးရန်မှာ သူ့အတွက်မဖြစ်နိုင်ပေ။

ယခုအခါတွင် သူ့ထံ၌အစိမ်းရောင်တိမ်တိုက်ဌာန၏အထောက်အပံ့အားရထားပြီဖြစ်သည်။ ကောင်းကင်ဘုံဘုရင်ကျူး၏အဆက်အသွယ်ဖြင့် ကမ္ဘာဂြိုဟ်၏ ကုန်သွယ်မှုတွဲဖက်ပင်ဖြစ်လာပြီဖြစ်သည်။

ထို့ကြောင့် သူ့အတွက်ကောင်းကင်ဘုံဒင်္ဂါးမှာမရှားပေ။ ရှားပါးသည်မှာ ကံကြမ္မာအမှတ်သာဖြစ်သည်။

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရှိနေသော အသုံးပြုသူအများအပြားမှာယခုအချိန်တွင် လုံးဝကြက်သေသေနေကြပြီဖြစ်သည်။

ကျိုးဟောင်လက်ဆောင်များအား ရူးသွပ်စွာပေးနေသည့်အချိန်၌ သူတို့၏မျက်လုံးများမှာပြူးကျယ်နေပြီး ကိုယ်တိုင်မသိလိုက်ခင်မှာပင် တံတွေးမျိုချမိနေကြလေသည်။

သူတို့လည်းပိုက်ဆံချမ်းသာလာပြီး ကျိုးဟောင်လိုရူးသွပ်စွာလက်ဆောင်ပေးချင်ပေသည်။

ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတိုင်းတွင် ကျိုးဟောင်အကြောင်းအသိပေးချက်များဖြင့် ပွက်လောရိုက်နေပြီဖြစ်သည်။

ပေါ်လာသောအသိပေးချက်တိုင်းနီးပါးမှာ ကျိုးဟောင်အနိုင်ရရှိသည့်သတင်းများဖြစ်သည်။

ယခုလိုအခြေအနေမျိုး၌ အသုံးပြုသူများအားပို၍ပင်ဆွဲဆောင်နေပေသည်။

ယခုလိုဆွဲဆောင်သည်မှာ အသုံးပြုသူများကိုသာမဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်သူအမြောက်အမြားသည်လည်း လာရောက်စောင့်ကြည့်ကြလေသည်။

ဤထုတ်လွှင့်သူများမှာ ကျိုးဟောင်အပြင်းအထန်လက်ဆောင်များပေးနေသည်ကိုကြည့်ပြီး လောဘဝင်ကာငိုချင်နေပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်များမှာ အသက်ရှုကျပ်တော့မလိုပင် ခံစားလာရလေသည်။

ကျိုးဟောင်သည်လည်း ရရှိသောစက္ကန့် ၆၀ အတွင်းအလွန်ပြင်းထန်နေပေသည်။

ယခုလိုအချိန်တိုအတွင်း ကျိုးဟောင်လက်ဆောင်မည်မျှရလိုက်မှန်း ဘယ်သူမှမသိပေ။

ဤလုပ်ဆောင်ချက်ပြီးနောက် ကျိုးဟောင်သည်လည်း ရှုံးနိမ့်ခြင်း၏အရသာကိုသိလိုက်ရပြီဖြစ်သည်။

ယခင်က သူကံကြမ္မာအမှတ် ၁၀သန်းသာသုံးခဲ့သော်လည်း ရှားပါးအဆင့်စွမ်းအင်ဘား အခု ၁၀၀တောင်ရခဲ့ပေသည်။

သို့သော်ယခုတစ်ကြိမ်တွင် ကံကြမ္မာအမှတ် ၁၀သန်းသုံးပြီးသည်အထိ ရှားပါးအဆင့်စွမ်းအင်ဘား အခု ၃၀သာရသေးသည်။

ယခုလိုဆက်ဖြစ်ခွင့်မပေးနိုင်ပေ။

ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာတစ်ကြိမ်လျှင်ကံကြမ္မာအမှတ် ၁၀သန်းသုံးရန်ဆုံးဖြတ်လိုက်လေသည်။ ဤနည်းလမ်းဖြင့် ရှားပါးအဆင့်စွမ်းအင်ဘားရနိုင်သည့် အခွင့်အရေးမှာတိုးလာနိုင်ပေသည်။

နတ်မိမယ်ယွဲ့လင်ဘက်တွင်မူ သူမသည် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲတွင် ၁၀ပွဲဆက်တိုက်အနိုင်ရရှိနေပြီဖြစ်ပြီး ရပ်တန့်ရန်စိတ်ကူးမရှိပေ။

သူမသည်ကျိုးဟောင်၏ကျေးဇူးဖြင့် အောင်မြင်ခြင်းဟူသောခံစားချက်အား ထပ်မံခံစားလိုက်ရပြီဖြစ်သည်။

"သခင်ကြီးကမိုက်တယ် သူကနတ်မိမယ်ယွဲ့လင်ကို ထိပ်ဆုံးအဆင့်ဆီတန်းပို့ပေးလိုက်တာပဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင် အပြင်းအထန်သုံးစွဲနေသည့်အချိန်တွင် အသုံးပြုသူအများအပြားမှာ အားကျကာပြောနေကြလေသည်။

"သူ ၁၀ပွဲဆက်တိုက်နိုင်ပြီး ထိပ်အဆင့်ကိုရောက်သွားပြီ ဒီတိုင်းကြာကြာထိန်းထားနိုင်လေ အဆင့်မြင့်လာလေဖြစ်မှာပဲ သခင်ကြီးသာရှိရင် ဒီနေ့ နတ်မိမယ်ယွဲ့လင်ကမှတ်တမ်းကိုချိုးလောက်တယ်"

ထိုအသုံးပြုသူ၏စကားဆုံးသည်နှင့် အခြားအသုံးပြုသူများမှာ ပိုမိုစိတ်လှုပ်ရှားလာကြလေသည်။

ယခင်က နတ်မိမယ်ယွဲ့လင်၏ကြယ်အဆင့်မှယအလွန်နိမ့်၍ စနစ်မှတွဲပေးသောတိုက်ရိုက်ထုတ်လွှင့်သူ၏အဆင့်မှာလည်း အလွန်မမြင့်ပေ။

ထို့ကြောင့် ကျိုးဟောင်၏ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်တွင် နတ်မိမယ်ယွဲ့လင်နှင့်ပြိုင်ရသော အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများမှာ လုံးဝပြန်တိုက်နိုင်စွမ်းမရှိပေ။

သို့သော် ယခုအချိန်တွင်အခြေအနေများမှာမတူတော့ပေ။ နတ်မိမယ်ယွဲ့လင်၏ဆက်တိုက်အနိုင်ရသည့်ပွဲတိုးလာသည်နှင့်အမျှ သူမကြုံတွေ့လာရသည့်တိုက်ရိုက်ထုတ်လွှင့်သူများမှာလည်း ပိုပိုအားကြီးလာကြလေသည်။

တစ်နည်းဆိုရသော် သိပ်မကြာမီ စစ်မှန်သောတိုက်ပွဲတစ်ခုအား အားလုံးမျက်မြင်ကြုံကြရနိုင်ပေသည်။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တွင် ကျိုးဟောင်မှာ နာမည်ကြီးသခင်ကြီးတစ်ယောက်ဖြစ်သည်မှာ ဧကန်ပင်ဖြစ်သည်။

ကျိုးဟောင်၏အဆင့်မှာအလွန်မမြင့်သော်လည်း သူ၏သုံးစွဲနိုင်စွမ်းနှင့်ကံမှာ သေချာပေါက် အသုံးပြုသူအများစုအားဖိနှိပ်ထားနိုင်ပေသည်။

သို့သော် ကျိုးဟောင်မှာနာမည်ကြီးသခင်ကြီးဖြစ်သော်ငြား သူသည်လည်းအသုံးပြုသူများထဲမှတစ်ယောက်သာဖြစ်သည်။

အချို့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများတွင် အလွန်စွမ်းအားကြီးသောသခင်ကြီးများရှိသေးပေသည်။

ထို့အပြင် အချို့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများတွင် သူတို့အားထောက်ပံ့ပေးနေသော စီနီယာသခင်ကြီးတစ်ယောက်မကရှိပေသည်။

ထို့ကြောင့် နတ်မိမယ်ယွဲ့လင်မှာကောင်းကင်သို့ပျံတက်သွားရန်မှာသေချာသော်လည်း ထိပ်ဆုံးသို့ရောက်ရန်မှာတော့ မဖြစ်နိုင်ပေ။

"၁၃ပွဲဆက်တိုက်အနိုင်ရရှိမှု"

ကျိုးဟောင်မှာလက်‌ဆောင်များအား မုန်တိုင်းပမာရူးသွပ်စွာဝယ်ယူနေသည့်အချိန်တွင် အသုံးပြုသူအများအပြားမှာလည်းပြပွဲအားရှုစားနေကြသည်မှာ မျက်တောင်ပင်မခတ်ဝံ့ပေ။

နတ်မိမယ်ယွဲ့လင်မှာ နေ့စဉ်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး အဆင့် ၁၀၀အတွင်းပင်ရောက်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူမသည်နေ့စဉ်အဆင့်သတ်မှတ်ချက်အတွင်းရှိ ထုတ်လွှင့်သူများနှင့် မဖြစ်မနေပြိုင်စရာမလိုပေ။ သို့သော် သူမနှင့်ပြိုင်ရသည့် ထုတ်လွှင့်သူအားလုံးမှာ စွမ်းအားကြီးသူများဖြစ်သည်မှာလည်းဧကန်ပင်ဖြစ်သည်။

ယခုအချိန်တွင် အသုံးပြုသူများမှာ ကျိုးဟောင်တစ်ဖွဲ့လုံးအားအနိုင်ယူသည်ကိုမြင်ချင်ကြပြီး ကျိုးဟောင်နှင့်ယှဉ်ပြိုင်နိုင်မည့် အခြားသခင်ကြီးများရှိမရှိကိုလည်း မြင်ချင်နေကြပေသည်။

နတ်မိမယ်ယွဲ့လင်၏ပြိုင်ဘက်ထုတ်လွှင့်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်မူ စိန်အဆင့်အသုံးပြုသူတစ်ယောက်မှာ ကျိုးဟောင်အားရှုံးပြီးနောက် ကျိုးဟောင်ဖြင့်အသင်းဖွဲ့ချင်သည်ဟုပင် အော်နေလေသည်။

သို့သော် PK စည်းမျဉ်းများမှာအလွန်စိတ်ဝင်စားစရာကောင်းသည်။ လက်ဆောင်ရသည်နှင့် အမှတ်များအား ၁၀ပုံ ၁ပုံအချိုးဖြင့် မြှောက်မည်ဖြစ်သည်။

အကယ်၍ကျိုးဟောင်သာ ၁၀ဆတန်ဆုရပါက သူ့အမှတ်အား ၁ဆဖြင့်သာမြှောက်မည်ဖြစ်သည်။ အကယ်၍ ဆ ၃၀တန်ဆုရပါက သူ့အမှတ်များအား ချက်ချင်းပင် ၃ဖြင့်မြှောက်မည်ဖြစ်သည်။

အကယ်၍ရှားပါးအဆင့်စွမ်းအင်ဘားရပါက သူ့အမှတ်များမှာ ၁၀ဆ သို့မဟုတ် ထိုထက်ပိုမိုမြင့်မားသော ဆအထိ ရရှိမည်ဖြစ်သည်။

ယခုလိုအခြေအနေတွင် နတ်မိမယ်ယွဲ့လင်အတွက်ပြိုင်ဘက်မရှိသည်မှာ သာမန်ပင်ဖြစ်သည်။

အကြောင်းအရင်းမှာ အခြားတိုက်ရိုက်ထုတ်လွှင့်သောအခန်းများတွင် အားလုံးမှာခန့်မှန်း၍သာကြိုးစားလို့ရသော်လည်း ကျိုးဟောင်ဘက်တွင်မူ အလွယ်တကူအနိုင်ရနိုင်ပြီး အမှတ်သည်လည်း ၂ဆ ၃ဆအထိရနိုင်ပေသည်။

နတ်မိမယ်ယွဲ့လင် ပွဲ၂၀ဆက်တိုက် အနိုင်ရပြီးသည့်တိုင်အောင် သူမအားယှဥ်နိုင်သည့်ပြိုင်ဘက်မျိုးနှင့်မကြုံခဲ့ပေ။

သို့သော် နောက်ထပ်အဆင့်တိုးတက်လာရေးမှာ ခက်ခဲမည့်ကံပါလာလေသည်။

..................................................................................

အခန်း(၂၅၅) ပြီးပါပြီ

All Chapters