← Chapters

အခန်း ၆၁-၆၃

Vol. 5 Ch. 61-63

အခန်း ၆၁-၆၃

Vol. 5 Ch. 61-63

အခန်း (၆၁) : စိတ်ကြီးဝင်သော

ဝှစ်! ဝှစ်! ဝှစ်!

ယောက်ျားလေးကျောင်းသားအားလုံး၏ အကြည့်များမှာ ယွင်ယန်၊ ဖန်းယွီနှင့် ရှူလင်တို့ဆီရောက်နေကြလေသည်။ သူမတို့အားလုံးသည် ယောက်ျားသားများစွဲမက်စေသော ရှိူက်ကြီးဖိုငယ်အသွယ်သွယ်နှင့် ပြည့်စုံကြလေရာ ဤဝတ်စုံမှာလည်းအလွန်ပင် မလုံခြုံလှပေ။

ရှုလင်၏မျက်နှာလေးမှာ ချက်ချင်းပင်နီရဲလာပြီး ရှက်ရွံ့သောဟန်ပန်ပေါ်လာလေတော့သည်။ သူမအမြန်ပင် တခြားမိန်းကလေးများလုပ်သကဲ့သို့ သူမ၏ရင်ဘတ်အား လက်ဖြင့်ကာလိုက်လေသည်။

ယွင်ယန်နှင့်ဖန်းယွီမှာမူ တည်ငြိမ်နေပြီး ဘာမှမလုပ်ပေ။

ထိုအချိန်မှာပင် နည်းပြရှန်းပေါ်လာပြီး တစ်ချက်ဝေ့ကြည့်ကာပြောလိုက်လေသည်။ "ဒါက အဆင့်မြင့်ကာကွယ်ရေးဝတ်စုံပဲ မင်းတို့သိုင်းပညာရှင်အဆင့်ကိုချိုးဖောက်တဲ့အချိန် ဒါမှမဟုတ်ဆရာသခင်အဆင့်ကို ချိုးဖောက်နေတဲ့အချိန်မှာ ဒီလိုကာကွယ်ရေးဝတ်စုံမျိုးက မရှိမဖြစ်လိုအပ်တယ်။ ဒါကြောင့် ဒီဝတ်စုံနဲ့အမြန်ဆုံးအသားကျအောင်လုပ် ရှက်မနေကြနဲ့"

ထို့နောက် နည်းပြရှန်းမှာခေါင်းငုံ့ပြီး အချိန်ကိုကြည့်ကာပြောလိုက်လေသည်။ "မိနစ် ၂၀အတွင်းမှာ တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရေးစမယ် မင်းတို့အဖွဲ့လိုက်လှုပ်ရှားလို့ရသလို တစ်ယောက်တည်းလည်းသွားလို့ရတယ်။ မင်းတို့ရမဲ့အမှတ်အရေအတွက်က မင်းတို့သတ်နိုင်တဲ့ သန္ဓေပြောင်းသားရဲနဲ့ မျိုးနွယ်ခြားအရေအတွက်ပေါ်မူတည်တယ်။ သေချာတာပေါ့ ဒါကမင်းတို့ပထမဆုံးအကြိမ် သူတို့ကိုကိုင်တွယ်ရမှာ ဒီတော့ငါအကြံပေးချင်တာက အတူပူးပေါင်းကြဖို့ပဲ"

ထိုစကားပြောပြီးသည်နှင့် နည်းပြရှန်းမှာ ပျောက်သွားလေတော့သည်။

ရှုလင်မှာ သူမ၏နှုတ်ခမ်းလေးအားကိုက်လိုက်ပြီး လက်ကိုဖယ်လိုက်လေသည်။

ကျိုးဟောင်မှာ သူမအားလှမ်းကြည့်နေလေသည်။

"နင်ဘာကြည့်တာလဲ"

ရှုလင်မှာနီရဲနေသောမျက်နှာလေးဖြင့် ကျိုးဟောင်အား စိုက်ကြည့်လိုက်လေသည်။

ကျိုးဟောင်မှာ စိတ်ဆ်ိုးစွာဖြင့်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ယွင်ယန်နှင့်ဖန်းယွီကိုကြည့်လိုက်လေသည်။ သူမတို့ထဲတွင် ယွင်ယန်၏အရှိန်အဝါမှာ အတောက်ပဆုံးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားလည်းအပြည့်စုံဆုံးဖြစ်သည်။

ဖြန်း

ရုတ်တရက်ရှုလင်မှာ ကျိုးဟောင်၏ပခုံးအားရိုက်လိုက်လေသည်။

"သူတို့ကိုမကြည့်နဲ့"

ရှုလင်သည် နှုတ်ခမ်းကိုက်ပြီးပြောလိုက်သည်။

ကျိုးဟောင်မှာ ဘာပြန်ပြောရမလဲမသိဖြစ်သွားလေသည်။

"ရှုလင် ခုတစ်လော ငါနင့်အပေါ် အပြစ်တစ်ခုခုလုပ်မိထားသေးလား"

ရှုလင်မှာနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နင့်မှာကြည့်ခွင့်မရှိဘူး အဲဒီလိုဟာတွေစဉ်းစားနေမဲ့အစား တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရေးအတွင်း ဘာလုပ်ရမလဲစဉ်းစားနေပါလား"

ကျိုးဟောင်မှာ မထူးဆန်းသလိုပင်ပြောလိုက်သည်။

"ဘာစဉ်းစားစရာရှိလို့လဲ ဒီတိုင်းသူတို့ကို တိုက်လိုက်ရင်ရပြီပဲကို"

"နင်"

ရှူလင်မှာ စိတ်ဆိုးစွာဖြင့် သူမခြေထောက်အားဆောင့်လိုက်လေသည်။

"သိပါပြီ ငါကဒီတိုင်းနင့်ကိုစနေတာပါ နင် ကျန်းယိနဲ့ ငါက အားလုံးအခန်း(၄) ကလူတွေပဲ ဒီတော့ ငါတို့အတူပူးပေါင်းလုပ်ကြရမှာပေါ့"

ကျိုးဟောင်၏မှာ အသံမှာပြောင်းလဲသွားပြီး ပြုံးကာပြောလိုက်လေသည်။

ကျန်းယိမှာလည်း သူတို့နားကိုလျှောက်လာပြီး လက်ခံသည့်သဘောနှင့်ခေါင်းညိတ်ကာပြောလိုက်လေသည်။

"ရှုလင် ကျိုးဟောင်ပြောတာဟုတ်တယ်"

ရှုလင်၏စိတ်ထဲတွင်လည်း သူမတို့သည်တစ်ခန်းထဲမှလာသောလူများဖြစ်လေရာ တခြားလူများထက်အချင်းချင်းပ်ိုရင်းနှီးသည်ကိုသိလေသည်။ ထို့အပြင်အခြားအခန်းမှကျောင်းသားများမှာ အချင်းချင်းစုနေကြလေရာ လူအုပ်ကြားထဲတွင် အဖွဲ့ငယ်လေးများဖွဲ့ထားသလို ဖြစ်နေလေသည်။

"ကောင်းပြီလေ ငါတို့သုံးယောက်တစ်ဖွဲ့ဖွဲ့ကြတာပေါ့ ကျန်းယိနင်ကခုခံရေးအပိုင်းကိုတာဝန်ယူ ငါကသန္ဓေပြောင်းသားရဲတွေနဲ့ မျိုးနွယ်ခြားတွေကိုသတ်ဖို့တာဝန်ယူမယ်"

ရှုလင်သည်ထိုစကားပြောပြီးနောက် ကျိုးဟောင်အား စိုက်ကြည့်ကာပြောလိုက်လေသည်။

"နင်ကတော့ သတိနဲ့နေပြီးအန္တရာယ်ရှိလာရင် ငါတို့ကိုသတိပေးဖို့ တာဝန်ယူ"

ကျိုးဟောင်မှာ ထိုစကားအားကြားသောအခါ ချက်ချင်းပင်ထပြောလေတော့သည်။

"ရှုလင် နင်ကငါ့ဆိုအရမ်းအထင်သေးတာပဲ ဘယ်လိုဖြစ်ဖြစ်ငါလည်းအရင်ကသန္ဓေပြောင်းသားရဲတစ်ကောင်သတ်ဖူးပါတယ်"

ရှုလင်မှာ အထင်သေးသည့်ပုံစံဖြင့်ပြန်မေးလိုက်လေသည်။

"နင်တကယ်ကြီး အဲဒီကိစ္စကိုထည့်ပြောနေတာလား နင်အဲဒီသတ္တဝါကိုဘယ်လိုသတ်ခဲ့လဲ မမှတ်မိတော့ဘူးလား"

ကျိုးဟောင်မှာပြန်၍တောင် ခွန်းတုံ့မပြန်နိုင်တော့ပေ။

တစ်ဖက်တွင် ယွမ်ချန်း၊ ယွင်ယန် နှင့် အခြားလူများမှာ ပြုံးကာပြောနေကြလေသည်။

"ဒါက ငါတို့ချူမြို့အထက်တန်းကျောင်းမှာ ပထမဆုံးလုပ်ရတဲ့တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုပဲ ငါတို့သေချာလုပ်ပြီး ဒီချူမြို့အထက်တန်းကျောင်းက ကျောင်းသားတွေကို တကယ့်ပါရမီရှင်ဆိုတာဘာလဲဆိုတာကို ပြလိုက်ကြရအောင်"

ဖန်းယွီသည်လည်း ခေါင်းညိတ်ပြီးပြောလိုက်လေသည်။

"ဟုတ်တယ် ငါတော့ဒီတောသားတွေ ကြက်သေသေနေမဲ့ပုံစံတွေကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး"

အခြားကျောင်းသားနှစ်ယောက်မှာလည်း ရယ်ပြီးပြောလာလေသည်။

"ငါ့အထင်တော့ ငါတို့နည်းနည်းထိန်းလုပ်သင့်တယ်နော်သူတို့ကိုအရမ်းကြီးလန့်မသွားစေနဲ့ဦး"

ထိုကျောင်းသားများမှာ လူအများရှေ့တွင်ပေါ်တင်ပြောနေသည်ဖြစ်လေရာ ရှုလင် ကျန်းယိနှင့်အခြားကျောင်းသားများမှာ အတိုင်းသားကြားနေရလေသည်။

"စိတ်ကြီးဝင်နေလိုက်တာ"

"မတတ်နိုင်ဘူးလေ သူတို့ကယန်ကျင်းလေ့ကျင့်ရေးစခန်းက ပါရမီရှင်တွေပဲကို နည်းပြရှန်းပြောတာ မကြားမိဘူးလား သူတို့တစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့တောင်ယှဉ်လို့ရတယ်တဲ့"

"ဟုတ်တယ် သူတို့မှာစိတ်ကြီးဝင်လို့ရတဲ့စွမ်းရည်ရှိနေတာပဲကို"

အားလုံးသက်ပြင်းသာချလိုက်မိလေသည်။

သို့သော်ရှုလင်မှာမျက်မှောင်ကြုတ်လိုက်လေသည်။ သူမဖန်းယွီ၏စိတ်ကြီးဝင်နေသောပုံစံကို သည်းမခံနိုင်ပေ။ သို့သော် သူမတို့တကယ်တမ်းယှဉ်ပြိုင်ကြလျှင် သူတို့ငါးယောက်မှာ သူမတို့အားအနိုင်ယူနိုင်မှန်းလည်း ရှုလင်သိပေသည်။

သို့သော် ဒေါသထွက်ပြီးအော်ဟစ်လာသော ကျောင်သားများလည်းရှိလေသည်။

"ဘာတွေဘဝင်မြင့်နေကြတာလဲ ငါတို့ချူမြို့အထက်တန်းကျောင်းရဲ့ပါရမီရှင်ဆို အဆင့်မြင့်မိစ္ဆာစစ်သူကြီးကိုတောင် သတ်နိုင်တယ်"

ထိုစကားအားကြားလိုက်သောအခါ အခြားကျောင်းသားများမှာလည်း သတိရလာကြပြီး မျက်လုံးများမှာအရောင်တောက်လာလေတော့သည်။

"ဟုတ်တယ် ငါတို့ချူမြို့အထက်တန်းကျောင်းကလည်း အားမနည်းပါဘူး။ ငါတို့ကျောင်းကပါရမီရှင်က အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၃ ကောင်ကိုတောင် သတ်နိုင်ခဲ့တာ"

"နည်းပြရှန်းလို အဆင့်မြင့်မဟာဆရာသခင်တစ်ယောက်တောင်မှ အဆင့်မြင့်မိစ္ဆာစစ်သူကြီးတစ်ကောင်ရဲ့ပြိုင်ဘက်မဟုတ်ဘူး ။ တကယ်လို့ငါတို့ကျောင်းကပါရမီရှင်သာ လှုပ်ရှားရင် ဒီယန်ကျင်းကပါရမီရှင်ဆိုတဲ့ဟာတွေက သူနဲ့ပြိုင်ဖို့တောင်အရည်အချင်းမှီမှာမဟုတ်ဘူး"

"ဟုတ်တယ်"

ကျောင်းသားအများအပြားမှာ အော်ပြောလိုက်ကြလေသည်။

ဖန်းယွီမှာထိုစကားအားကြားလိုက်သောအခါ လှောင်ပြုံးပြုံးကာ ထပြောလိုက်လေသည်။

"ဟဟ နင်တို့တွေကလိမ်ပြောတဲ့နေရာမှာတော့ တကယ်တော်ကြတာပဲလား။ ပြိုင်ဘက်ကင်းပါရမီရှင်ဟုတ်လား။ ထွီ ...အဆင့်မြင့်မိစ္ဆာစစ်သူကြီးတစ်ကောင်ကိုသတ်နိုင်ဖို့ဆို အဲဒီလူက အနိမ့်ဆုံးမဟာဆရာသခင်တစ်ယောက်ရဲ့ စွမ်းအားမျိုးရှိနေမှဖြစ်မှာ။ နင်တို့ကျောင်းရဲ့ဆိုးဝါးနေတဲ့အခြေအနေနဲ့ဆို နင်တို့အဆင့်နိမ့်မိစ္ဆာစစ်သည်တွေကို ကိုင်တွယ်နိုင်ရင်တောင် မဆိုးဘူးလို့ပြောလို့ရနေပြီ"

ဘေးရှိအခြားယောက်ျားလေးနှစ်ယောက်မှာလည်း ရယ်ကာဝင်ပြောလိုက်လေသည်။

"ဖန်းယွီ သူတို့ကိုစိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့ စိတ်ကူးပေးယဉ်လိုက်ပါဦး"

"ဟဟ ငါကြွားတဲ့လူတွေကိုမြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်မဖြစ်နိုင်တဲ့ကိစ္စကိုလုပ်ပြောပြီးကြွားတဲ့လူကိုတော့ ပထမဆုံးမြင်ဖူးတာပဲ။သူတို့စိတ်ကူးယဉ်ပါစေဦး ခဏနေရင် သူတို့စိတ်ကူးနဲ့တကယ့်လက်တွေ့ကြားက ကွာခြားချက်ကို သိသွားကြလိမ့်မယ်"

....................................................................................

အခန်း (၆၁) ပြီးပါပြီ။

အခန်း (၆၂) : အရှုပ်အထွေးများ

ဖန်းယွီနှင့်အခြားကျောင်းသားများ၏ လှောင်ပြောင်မှုနှင့် အထင်သေးမှုတို့နှင့်ကြုံလာရသောအခါ ဗဟိုလေ့ကျင့်ရေးအတန်းတွင်ပါဝင်နေသော ချူမြို့အထက်တန်းကျောင်း၏ ကျောင်းသားအားလုံးမှာ ဖန်းယွီတို့အား လက်သီးခပ်တင်းတင်းဆုပ်ကာ စိုက်ကြည့်နေကြလေသည်။ သူတို့သည် ယန်ကျင်းပါရမီရှင်များနှင့် အသေအကျေတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြသည့်ပုံပင်။

ယခင်က ဖန်းယွီနှင့်အခြားလူများ သူတို့အားလှောင်ပြောင်ပြီးစော်ကားခြင်းကို သူတို့ဘာမှမခံစားရပေ။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာစိတ်ကြီးဝင်နိုင်သောစွမ်းအားမျိုးရှိလေသည်။ သို့သော်ယခုမှာ ဖန်းယွီတို့မှာကျောင်းရှိပြိုင်ဘက်ကင်းပါရမီရှင်အား စော်ကားနေကြခြင်းပင်။

ဤကိစ္စမှာ သူတို့၏သည်းခံနိုင်စွမ်းကိုကျော်လွန်သွားပြီဖြစ်လေရာ သူတို့အားပေါက်ကွဲအောင်လုပ်လိုက်သလိုပင်။

စင်စစ်သူတို့အားလုံးသည် ကျောင်းရှိထိုပြိုင်ဘက်ကင်းပါရမီရှင်အား ရင်ထဲကအသည်းထဲကနေကို လေးစားအားထားကြခြင်းဖြစ်သည်။

အတိအကျပြောရသော် သူတို့ထိုပြိုင်ဘက်ကင်းပါရမီရှင်အပေါ်ထားသည့်လေးစားမှုမှာ ကျောင်းရှိဆရာဆရာမများနှင့် နည်းပြရှန်းအပေါ်ထားသော လေးစားမှုထက်ပင်ပိုသေးသည်။

မည်သို့ပင်ဖြစ်စေ ထိုပါရမီရှင်မှာ မည်သူ့အကူအညီမှမပါဘဲ အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၃ကောင်အားသတ်ခဲ့ပေသည်။ သူတို့၏အသက်ကိုကယ်ခဲ့ရုံသာမက ကျောင်းရှိအခြားကျောင်းသားပေါင်းများစွာ၏ အသက်ကိုပါကယ်ခဲ့လေသည်။

ပြောရလျှင် ထိုပါရမီရှင်မှာ သူတို့၏ဒုတိယမိဘဟူ၍ပင် ပြောလို့ရပေရာ သူတို့၏ဒုတိယမိဘအားစော်ကားနေသည်ကို သူတို့မည်ကဲ့သို့သည်းခံနိုင်မည်နည်း။

အခြားကျောင်းသားများ၏တုံ့ပြန်ပုံကိုကြည့်ပြီး ဖန်းယွီမှာ မထူးဆန်းသလိုပင်ဆက်ပြောလိုက်လေသည်။

"ဘာလဲ နင်တို့ကတိုက်ချင်လို့လား"

ခပ်ဝဝနှင့်လိန်ကျန်းဖုန်းမှာ သူ့လက်ထဲရှိဓားကို ခပ်ပြင်းပြင်းယမ်းပြီးလှောင်သလိုဝင်ပြောလာလေသည်။

"မင်းတို့ကောင်တွေက ငါတို့ကိုနိုင်မယ်ထင်နေတာလား မင်းတို့အားလုံးကိုငါတစ်ပြိုင်တည်းတိုက်မယ် တကယ်လို့မင်းတို့ကိုအနိုင်ယူဖို့ ၁၀စက္ကန့်ထက်ပိုကြာရင် မင်းတို့နိုင်တယ်လို့ သတ်မှတ်မယ်"

ရှုလင်အပါအဝင် ချူမြို့အထက်တန်းကျောင်း၏ကျောင်းသားများမှာ ပို၍ပင်ဒေါသဖြစ်လာကြလေသည်။စင်စစ် ဤအဖွဲ့မှာ တကယ့်ကိုဘဝင်မြင့်လွန်းကြပေသည်။

ကျောင်းသားတစ်ယောက်မှာမနေနိုင်ဘဲ ထပြောလိုက်လေသည်။

"ကောင်းပြီလေ တိုက်ကြတာပေါ့။ တကယ်လို့ငါနောက်ဆုံးအဆင့်ရရင်တောင် မင်းကိုပါငါနဲ့အတူ‌ဆွဲခေါ်သွားမယ်"

အခြားကျောင်းသားများမှာလည်း ဝင်ပြောလာကြလေတော့သည်။

ယွမ်ချန်းနှင့် ယွင်ယန်မှာ ထိုမြင်ကွင်းအားမြင်သောအခါ ခေါင်းသာတိတ်တဆိတ်ယမ်းမိလေသည်။ ဖန်းယွီနှင့် အခြားလူများ၏စကားမှာ တကယ့်ကို မိမိကိုယ်ကိုမြှောက်ပင့်လွန်းသော်လည်း ချူမြို့အထက်တန်းကျောင်းမှ ဤကျောင်းသားများမှာ သူတို့၏စွမ်းဆောင်ရည်ကို အထင်ကြီးသည်ဟု သူတို့စိတ်ထဲတွင်တော့တွေးနေသေးသည်။

စွမ်းအားချင်း အလွန်ကွာခြားနေသည့်အခြေအနေတွင် တစ်ဇွတ်ထိုးဆန်ပြီးဒေါသရှေ့ထားခြင်းက ပြဿနာကိုမဖြေရှင်းနိုင်ပေ။

"နည်းပြရှန်းက ဒီလူတစ်အုပ်ကိုမြေတောင်မြှောက်ဖို့ ငါတို့ကိုဒီပြောင်းလာခိုင်းတာလား"

ယွမ်ချန်းနှင့်ယွင်ယန်မှာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အလွန်အမင်းစိတ်ပျက်နေလေသည်။

ကျွီ! ကျွီ!

အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ခါနီးမှာပင် အနီရောင်မျက်လုံးနှင့်ယုန်များမှာ ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်ရှိမြက်ပင်များကြားမှ ပေါ်လာလေတော့သည်။ ဤယုန်များ၏အစွယ်များမှာ ကြီးမားပြီးပါးစပ်ဘေးသို့ကားထွက်နေလေရာ ထူးထူးကဲကဲကိုကြည့်ရဆိုးလှပေသည်။

"မကောင်းတော့ဘူး ဒါကခရမ်းရောင်သွားယုန်ပဲ"

ကျောင်းသားအများစုမှာ အံ့ဩပြီးထိတ်လန့်သွားကြလေတော့သည်။

ဤခရမ်းရောင်သွားယုန်များမှာ အစွယ်နှင့်တောဝက်လို သန္ဓေပြောင်းသားရဲမျိုးမဟုတ်ပေ။ ဤအရာများမှာ တကယ့်ကိုအဆင့်နိမ့်မိစ္ဆာစစ်သည်များဖြစ်ကြသည်။

"ပြေး"

ကျောင်းသားတစ်ယောက်မှ အော်ပြောလိုက်လေသည်။

ထိုစကားအားကြားသည်နှင့် ကျောင်းသားများမှာ နောက်လှည့်ပြီးထွက်ပြေးလေတော့သည်။

အဆင့်နိမ့်မိစ္ဆာစစ်သည်တစ်ကောင်နှင့်ရင်ဆိုင်ရသည့်အချိန်တွင် သူတို့၏ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးခြင်းဖြစ်သည်။

ဖန်းယွီနှင့် အခြားယန်ကျင်းမှပါရမီရှင်များမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်နေကြလေသည်။

"ဟဟ ငါတကယ်နင်တို့ကိုအထင်ကြီးမိတာပဲ။ အဆင့်နိမ့်မိစ္ဆာစစ်သည်လေးတစ်အုပ်က နင်တို့ကိုလန့်ပြေးအောင်ခြောက်နိုင်တယ်တဲ့"

ရှုလင်၊ ကျန်းယိနှင့် တစ်ချို့လူများမှာရှက်ရွံ့သွားသောကြောင့် ချက်ချင်းပင်ရပ်လိုက်ကြလေသည်။

သို့သော် အခြားကျောင်းသားမှာတော့ အသက်ရှင်ရေးအတွက် လုံးဝမရပ်ရဲဘဲ ဆက်ပြေးနေကြတုန်းပင်။

ကျွီ! ကျွီ!

ထိုအချိန်တွင် ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားကျောင်းပြောင်းကျောင်းသားများမှာ တိုက်ခိုက်ကြလေတော့သည်။

သူတို့လက်ထဲရှိဓားများမှာ ခုန်ဝင်လာသောခရမ်းရောင်သွားယုန်များအားလုံးကိုသတ်ရင်း အရိပ်များသဖွယ်ဖြစ်ပေါ်နေပြီး သူတို့၏လှုပ်ရှားမှုများမှာ တိကျပြီးပြတ်သားလေသည်။

၁၀စက္ကန့်မပြည့်မီမှာပင် ခရမ်းရောင်သွားယုန် အကောင် ၃၀ကျော်၏ထက်ဝက်ကျော်မှာ သူတို့၅ယောက် သတ်လို့သေပြီဖြစ်သည်။

သို့သော် ရှုလင် ကျန်းယိနှင့် ကျိုးဟောင်တို့၏ ယာယီအဖွဲ့ဆီခုန်ဝင်လာသော ခရမ်းရောင်သွားယုန် သုံးလေးကောင်တော့ ကျန်နေသေးသည်။

"ကျန်းယိ ငါ့ကိုကူဖို့ပြင်ထား"

ရှုလင်မှာ အော်ပြောလိုက်သည်။ ယွင်ယန်နှင့် ဖန်းယွီမှာ ခရမ်းရောင်သွားယုန်များကိုအလွယ်တကူသတ်နေသည်ကိုကြည့်ပြီး ရှူလင်၏စိတ်ထဲတွင်သူတို့အားမရှုံးလိုသော စိတ်မျိုးပေါ်လာလေသည်။

အနောက်တွင်ပုန်းနေသော ကျိုးဟောင်မှာ ကျောဆန့်လိုက်လေသည်။ ဤအဆင့်နိမ့်မိစ္ဆာစစ်သည်များမှာ သူ့အတွက် ပုရွတ်ဆိတ်သာသာပဲရှိလေရာ သူ့ကိုယ်ထဲရှိသွေးအနှစ်သာရကို အနည်းငယ်လှည့်ပတ်လိုက်ရုံဖြင့် ထိုသတ္တဝါများအား သတ်နိုင်ပေသည်။

ထို့ကြောင့် ကျိုးဟောင်မှာစိတ်လှုပ်ရှားနေသော ကျန်းယိနှင့် ရှုလင်ကိုကြည့်ပြီး အတော်လေးပျင်းရိလာလေတော့သည်။

သို့သော် သူ့တွင်တိုက်ခိုက်ဖို့အစီအစဉ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤအရာများမှာအဆင့်နိမ့်မိစ္ဆာစစ်သည်များသာဖြစ်သည်။ ရှုလင်နှင့်ကျန်းယိ၏လက်ရှိစွမ်းအားနှင့်ဆို စိတ်ငြိမ်ငြိမ်ထားပြီးတိုက်ပါက ထိုသတ္တဝါများအား အလွယ်တကူကိုင်တွယ်နိုင်ပေသည်။

"ရှုလင် ဘယ်ဘက်ကိုသတိထား"

ကျိုးဟောင်မှာ တိုက်ခိုက်ဖို့အစီအစဉ်မရှိသော်လည်း ရှုလင်သူ့ကိုပေးထားသော တာဝန်ကိုတော့မမေ့ပေ။ သူကြည့်တောင်မကြည့်ဘဲအော်လိုက်လေသည်။

ရှုလင်မှာ ဝေဝေဝါးဝါးနှင့်ဘယ်ဘက်ကိုလှည့်လိုက်သော်လည်း ခရမ်းရောင်သွားယုန်၏အရိပ်အယောင်ကိုပင် လုံးဝမတွေ့ရလေရာ သူမကျိုးဟောင်ကိုလှည့်ပြီးစိုက်ကြည့်လိုက်လေသည်။

"နင်ဒီလိုအချိန်မျိုးမှာတောင် ဘာလို့စနောက်နေသေးတာလဲ"

"သတိထား"

ကျန်းယိမှာ ရုတ်တရက်အော်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူရှေ့တစ်လှမ်းတိုးပြီး ရှုလင်၏ရှေ့တွင်ပိတ်ရပ်လိုက်လေသည်။

သို့သော် ကျိုးဟောင်ကပိုမြန်လေရာ လက်လှမ်းပြီး ရှုလင်အားသူ့ဘက်သို့ လှမ်းဆွဲလိုက်လေသည်။

"နင် ဘာလုပ်တာလဲ"

ရှုလင်မှာ ကျိုးဟောင်၏ရင်ဘတ်ထဲဝင်လုနီးနီးပင်ဖြစ်သွားလေရာ သူမ၏လှပသောမျက်နှာလေးတွင် ရှက်ရွံ့မှုနှင့် ဒေါသဖြစ်နေသော အမူအရာတို့ပေါ်လာလေသည်။

ဝှစ်! ဝှစ်!

ထိုအချိန်တွင်.....

သူတို့ထံခုန်ဝင်လာသော ခရမ်းရောင်သွားယုန် ၂ကောင်မှာ ရုတ်တရက်လှုပ်ရှားမှုပြောင်းသွားပြီး တကယ်ပင်ဘယ်ဘက်မှ ခုန်ဝင်လာကြလေသည်။

ကျန်းယိမှာ အလျင်အမြန်ပင်သူ့ဓားနှင့်ကာလိုက်သော်လည်း ခရမ်းရောင်သွားယုန်၏တိုက်ခိုက်မှုမှာ အလွန်လျင်မြန်ပြီးပြင်းထန်လှလေရာ ကျန်းယိကိုမြေပြင်ပေါ်သို့လဲကျသွားစေလေသည်။

ထိုအချိန်တွင် ရှုလင်မှာသတိဝင်လာလေသည်။ သူမ၏ဒေါသနှင့်ရှက်ရွံ့မှုကိုလျစ်လျူရှုကာ အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီး ဓားကိုမြှောက်ကာ ခရမ်းရောင်သွားယုန်၏လည်ပင်းအား ပိုင်းချလိုက်လေတော့သည်။

ဝှစ်!

ခရမ်းရောင်သွားယုန်၏ခေါင်းပြတ်ကျသွားသည်နှင့် သွေးများမှာလည်း ပျံ့ကျဲသွားလေသည်။

ရှုလင်မှာ စိတ်မအေးရဲသေးဘဲ လေပေါ်တွင်ရှိနေသော ကျန်းယိ၏ကာကွယ်ရေးဝတ်စုံကို ကိုက်နေသော နောက်ထပ်ခရမ်းရောင်သွားယုန်တစ်ကောင်အား အားကုန်ထည့်ကာကန်လိုက်လေသည်။

ကျန်းယိမှာ မြေပြင်ပေါ်သို့ပြုတ်ကျလာပြီး ပြန်ခုန်ထလိုက်လေသည်။

ကျွီ! ကျွီ!

သူတို့နှစ်ယောက်မှာ ချက်ချင်းပင်ပူးပေါင်းကာ အခြားခရမ်းရောင်သွားယုန်များအား သတ်လေတော့သည်။

အစောပိုင်းကခုန်ဝင်လာသော ၄ကောင်အနက် ကျန်၂ကောင်မှာ ဝမ်မင် လီကျိနှင့် အခြားသူများထံအလောတကြီး ပြေးဝင်သွားလေသည်။

"ဟူး သီသီလေး"

ရှုလင်မှာ သူမရင်ဘတ်အားအသာပုတ်ရင်းပြောလိုက်လေသည်။

ကျန်းယိမှာလည်းခေါင်းညိတ်ပြီးကြောက်လန့်တကြားပြောလိုက်လေသည်။

"ဟုတ်တယ် ကံကောင်းလို့နင်တုံ့ပြန်တာမြန်လို့ပေါ့ မဟုတ်ရင်ငါတော့သေနေလောက်ပြီ"

ခရမ်းရောင်သွားယုန်များ၏ သွားများမှာအလွန်အမင်းချွန်ထက်လှလေရာ ထိလိုက်ရုံဖြင့် အသားပေါက်နိုင်ပေသည်။

ယခုက ပုံရိပ်ယောင်လေ့ကျင့်ရေးပတ်ဝန်းကျင်ဖြစ်သော်လည်း အားလုံးမှာတကယ့်အစစ်လိုခံစားရဆဲပေ။

ရှုလင်မှာကျန်းယိကိုကြည့်ပြီး ခေါင်းကိုခပ်ဖြေးဖြေးခါပြလိုက်လေသည်။

"ငါကမှကျေးဇူးတင်ရမှာ တကယ်လို့နင်သာအချိန်မီ ငါ့ရှေ့မှာမကာပေးခဲ့ရင် ခုန်အုပ်ခံရမဲ့လူက ငါဖြစ်မှာ"

ကျန်းယိမှာလက်ခါပြလိုက်ပြီးပြောလိုက်လေသည်။

"ရှုလင် အဲဒါငါမဟုတ်ဘူး ကျိုးဟောင်ပဲ သူကမှနင့်က်ိုဘယ်ဘက်ကိုသတိထားဖို့ပြောခဲ့တာ"

ရှုလင်မှာ ထိုအခါမှကျိုးဟောင်သတိပေးသည်ကို သတိရပြီး လှည့်ကြည့်ကာမေးလိုက်လေသည်။

"ကျိုးဟောင် အဲဒီခရမ်းရောင်သွားယုန်တွေက ဘယ်ဘက်ကတိုက်မယ်မှန်း နင်ဘယ်လိုသိတာလဲ"

"သေချာပေါက်ခန့်မှန်းတာပေါ့ မေးစရာတောင်လိုလို့လား"

ကျိုးဟောင်မှာမတွေးဘဲပြောလိုက်လေသည်။

ရှုလင်၏မျက်နှာမှာမဲမှောင်သွားကာ လက်သီးဆုပ်ပြီးကျိုးဟောင်၏ပခုံးအားထိုးလိုက်လေသည်။

ကျိုးဟောင်မှာနာချင်ယောင်ဆောင်ကာ "ဖြည်းဖြည်းလုပ်ပါ" ဟုပြန်ပြောလေသည်။

"တကယ်လို့နင် ငါရိုက်သတ်လို့မသေချင်ရင် အမှန်တိုင်းပြောတာကောင်းလိမ့်မယ်"

ရှုလင်မှာအော်ပြောလိုက်လေသည်။

"အဟမ်း....ငါအမှန်အတိုင်းပြောပါ့မယ် အဲဒါကြောင့် မဆင်မခြင်တော့မလုပ်လိုက်ပါနဲ့"

ကျိုးဟောင်မှာ ခြောက်ကပ်ကပ်ရယ်ကာပြောလိုက်လေသည်။

"တကယ်တော့ ရှုပ်ထွေးနေတုန်း ငါကဒီတိုင်းနင့်ကိုအခွင့်အရေးယူချင်ရုံပါ"

ရှုလင်မှာချက်ချင်းဆိုသလိုပင် ကျိုးဟောင်၏စကားအားသဘောပေါက်သွားလေရာ သူမမျက်နှာမှာ နီရဲလာပြီး ခြေထောက်မြှောက်ကာ ကျိုးဟောင်အားကန်လိုက်လေသည်။

"အရှက်ကိုမရှိဘူး"

ထိုအချိန်တွင် ခရမ်းရောင်သွားယုန်များကိုသတ်ပြီးသွားသော ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ ရှေ့သို့လျှောက်လာကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်းယွီမှာသရော်လိုက်လေသည်။

"ငါတကယ်လေးစားသွားပြီ ဒီနှစ်ယောက်ကတောနက်ထဲမှာ ပရောပရည်လုပ်ရဲပုံကြည့်ရတာ သူတို့ကတကယ်အတွေ့အကြုံမရှိတဲ့လူသစ်တွေပဲ"

....................................................................................

အခန်း (၆၂) ပြီးပါပြီ ။

အခန်း (၆၃) : ဒါကငါလိုချင်တဲ့ အကျိုးသက်ရောက်မှုပဲ

လိန်ကျင်းဖုန်းမှာရယ်မောရင်း

"ဒါကရှုလင်ဖြစ်မယ် ကြားတာတော့သူကချူမြို့အထက်တန်းကျောင်းမှာ အတော်ဆုံးကျောင်းသူတဲ့ အခုကြည့်ရတာတော့သူကအရမ်းတော့မဆိုးပါဘူး။ ယောက်ျားလေးတွေနဲ့ပတ်သက်လို့ သူ့အကြိုက်ကရော တူပါ့မလားမသိဘူး"

ရှုလင်၏အမူအရာမှာပြောင်းလဲသွားလေသည်။ သို့သော်သူမဘာမှမပြောရသေးခင်မှာပင် သူမဘေးမှအသံတစ်သံထွက်လာလေသည်။

"ယောက်ျားလေးတွေနဲ့ပတ်သက်ပြီး ရှုလင်ရဲ့အကြိုက်က ဆိုးမဆိုးတော့ငါမသိဘူး ဒါပေမဲ့မင်းတို့တွေကအတော်လေး မနှစ်မြို့စရာကောင်းတာကိုတော့ ငါသိတယ်"

ဝှစ်! ဝှစ်!

ဖန်းယွီနှင့်လိန်ကျင်းဖုန်း၏အကြည့်မှာ ကျိုးဟောင်ထံရောက်လာလေသည်။

"ဟမ့် သွေးအနှစ်သာရပထမအဆင့်ပဲရှိတဲ့ အမှိုက်ကဝင်ပြောရဲတယ်ပေါ့"

သူမသည်ပြောရင်းပင်ရှေ့တိုးလိုက်ရာ ချက်ချင်းပင်ကျိုးဟောင်ရှေ့ရောက်လာလေသည်။ ထို့နောက်သူမ၏လက်အားမြှောက်ပြီးရိုက်ချလိုက်လေသည်။

ဖတ်

ရှုလင်မှာအလျင်အမြန်ပင်တုံ့ပြန်ပြီး ဖန်းယွီ၏လက်အားဖမ်းဆုပ်ကာ ကျိုးဟောင်၏မျက်နှာနားရောက်ခါနီး လက်ဝါးအားတားလိုက်လေသည်။

ကျိုးဟောင်၏အမူအရာမှာမပြောင်းလဲသွားပေ။ မည်သို့ပင်ဖြစ်စေ ထိုရိုက်ချက်အား သူချက်ချင်းရှောင်နိုင်ပေသည်။

သို့သော် ဤမြင်ကွင်းမှာဖန်းယွီအား လှောင်ချင်အောင်လုပ်လိုက်သလိုပင်။

သူမသည် လက်ကိုပြန်ရုပ်ပြီး ရှုလင်ကိုလှည့်ကြည့်လိုက်လေသည်။

"နင်က ဒီလိုအမှိုက်မျိုးကိုကာကွယ်ပေးပြီး တကယ်ကြီး ကိုယ့်အဆင့်ကိုယ်ချနေတာပဲ။ အခုကငါဒီတိုင်းနင့်ကိုစမ်းသပ်လိုက်တာ ဒီအမှိုက်ကတော့ငါအဲဒီလိုလုပ်လိုက်တဲ့ အချိန်လန့်သွားလောက်တယ်"

သူမသည်ပြောရင်း လက်ကိုဖုန်ခါပြီး အထင်သေးစွာဖြင့်ပြောလိုက်လေသည်။

"စိတ်ချပါ ငါကအမှိုက်တစ်စကိုအနိုင်ကျင့်ရလောက်တဲ့အထိတော့ တရားမလွန်သေးပါဘူး"

လိန်ကျင်းဖုန်းမှာ ပခုံးတွန့်လိုက်ပြီး

"အစ်မဖန်း သွားကြမယ် ဒီလိုအတွေ့အကြုံမရှိတဲ့လူသစ်တစ်စုနဲ့ ကျွန်တော်တို့အချိန်ကိုဖြုန်းရတာ အလကားဖြစ်တယ် မိစ္ဆာသားရဲတွေကိုပဲ သွားအနိုင်ကျင့်ကြရအောင်"

ယွမ်ချန်းနှင့်ယွင်ယန်မှာ ရှေ့သို့လျှောက်သွားပြီဖြစ်လေရာ ဖန်းယွီ လိန်ကျင်းဖုန်းနှင့်အခြားကျောင်းပြောင်းကျောင်းသားတို့မှာ အနောက်မှအလျင်အမြန်လိုက်သွားလေသည်။

ထိုအဖွဲ့ကိုကြည့်ပြီး ကျန်းယိမှာအံကြိတ်ပြီးပြောလိုက်သည်။

"သူတို့ အရမ်းတရားလွန်သွားပြီ"

ရှုလင်၏မျက်လုံးများမှာလည်း အေးစက်နေလေသည်။

"သူတို့က ငါတို့ထက်ခြေလှမ်းနည်းနည်းပဲသာနေတာ ငါတို့သာကြိုးစားလေ့ကျင့်ရင် အနှေးနဲ့အမြန် သူတို့ကိုလိုက်မှီမှာပဲ"

ကျန်းယိမှာ လေးပင်စွာခေါင်းညိတ်ပြလိုက်လေသည်။

"ကျိုးဟောင် နင်အဆင်ပြေရဲ့လား"

ကျိုးဟောင်တစ်ယောက် ထိုနေရာတွင်သာကြက်သေသေနေသည်ကိုကြည့်ပြီး ရှူလင်မှာ ညင်သာစွာမေးလိုက်လေသည်။ ကျိုးဟောင်အခုလေးတင် သူမဘက်က ခုခံပြောဆိုပေးခဲ့သည့်ကိစ္စမှာ သူမရင်ထဲတွင်လှုပ်ရှားနေတုန်းပင်။

ကျိုးဟောင်မှာပြုံးပြီးပြန်ပြောလိုက်သည်။

"ငါ ဘာမှမဖြစ်ပါဘူး"

ရှုလင်မှာ တခြားဘာမှမပြောတော့ဘဲ

"မိစ္ဆာသားရဲတွေသွားသတ်ကြစို့ ငါတို့ရဲ့အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှုကို လေ့ကျင့်ရအောင် တစ်ကောင်တည်းနေတဲ့မိစ္ဆာစစ်သည်တွေ သွားရှာကြမယ်" ဟုဆိုလေသည်။

.........

ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲ၌...

နည်းပြရှန်း ကျောင်းအုပ်ကျန်းနှင့် အခြားလူများမှာ စင်မြင့်ပေါ်တွင်ရပ်ပြီး ကျောင်းသားတိုင်း၏လှုပ်ရှားမှုများကိုပြသနေသော ဖန်သားမျက်နှာပြင်အားကြည့်နေကြလေသည်။

"နည်းပြ ဒီယန်ကျင်းကပါရမီရှင်တွေက တကယ်ကိုမဆိုးဘူးပဲ။ ပြီးတော့သူတို့ကပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာလည်း အရမ်းတော်ပြီး အတော်လေးသတိဝီရိယရှိတယ်။ ခရမ်းရောင်သွားယုန်လို အဆင့်နိမ့်မိစ္ဆာစစ်သည်နဲ့ရင်ဆိုင်ရတာတောင် လုံးဝစိတ်အေးလက်အေးမနေဘူး"

ဘေးတွင်ရပ်နေသော ဌာနမှူးဟုန်၏မျက်လုံးထဲတွင် ချီးကျူးမှုများဖြင့်ပြည့်နေလေသည်။

ဒုကျောင်းအုပ်သည်လည်းသဘောတူဟန်ဖြင့်ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်လေသည်။

"ဟုတ်တယ် ယန်ကျင်းလေ့ကျင့်ရေးစခန်းက မျှော်မှန်းထားတဲ့ကျောင်းသားတွေလို့မပြောရဘူး။ တကယ်ကိုဘယ်ရှုထောင့်ကကြည့်ကြည့် ယန်ကျင်းလေ့ကျင့်ရေးစခန်းက ကျွန်တော်တို့ချူမြို့အထက်တန်းကျောင်းထက် အများကြီးသာပါပေတယ်"

နည်းပြရှန်းမှာ မထူးဆန်းသလိုပင်ပြောလိုက်သည်။

"ဒါကဘာမှမဟုတ်ဘူး အရင်းအမြစ်မှာဖြစ်ဖြစ်၊ နည်းပညာ ဒါမှမဟုတ်သင်ကြားရေးဆရာတွေမှာဖြစ်ဖြစ် ယန်ကျင်းကလေ့ကျင့်ရေးစခန်းတွေက တိုင်းပြည်မှာအကောင်းဆုံးဆိုတာတွေချည်းပဲ။ ပြီးတော့ဒီစခန်းတွေအားလုံးကကမ္ဘာကြီးက မြို့တွေအားလုံးထဲမှာ ရှေ့တန်းမှာရှိနေတယ်လို့အဆင့်သတ်မှတ်ခံထားရတာ။ တကယ်လို့ယန်ကျင်းလေ့ကျင့်ရေးစခန်းက ဒီကျောင်းသားတွေကိုသာ ကောင်းကောင်းမြေတောင်မမြှောက်ပေးထားရင် ငါတို့တိုင်းပြည်အတွက် အရှက်ရစရာဖြစ်မှာပဲ"

" သူတို့တွေက ထိပ်တန်းပါရမီရှင်တွေမဟုတ်ပေမဲ့ အားလုံးကအလားအလာရှိပြီး ယန်ကျင်းလေ့ကျင့်ရေးစခန်းကစာရင်းမှာ ထိပ်ဆုံးအဆင့်ထဲမှာပါကြတယ်"

‌ဌာနမှူးဟုန်၊ ဒုကျောင်းအုပ်နှင့် ကျောင်းအုပ်ကျန်းမှာ နောက်ဆုံးတော့ နားလည်သွားကြလေသည်။

"သေချာပေါက်ပဲပေါ့..."

နည်းပြရှန်း၏အသံမှာပြောင်းလဲသွားပြီး ပြုံးလိုက်လေသည်။ သို့သော်သူ၏မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေလေသည်။

"ငါတို့ချူမြို့အထက်တန်းကျောင်းက အဲဒီပြိုင်ဘက်ကင်းပါရမီရှင်နဲ့ယှဉ်ရင် သူတို့ကအများကြီးလိုသေးတယ်"

ထိုစကားအားကြားသောအခါ ကျောင်းအုပ်ကျန်းနှင့်အခြားလူများမှာ ဂုဏ်ယူစွာဖြင့်ပြုံးလိုက်ကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤအရာမှာအမှန်ပင်။

ယွမ်ချန်းနှင့်အခြားပါရမီရှင်များမှာ အဘက်ဘက်တွင်ထူးချွန်ပြီး သန်မာကြသော်လည်း သူတို့ထံတွင် အလယ်အလတ်အဆင့်သိုင်းပညာရှင်ခွန်အားမျိုးသာရှိပြီး အဆင့်မြင့်သိုင်းပညာရှင်များနှင့်သာယှဥ်ပြိုင်နိုင်သေးသည်။

ချူမြို့အထက်တန်းကျောင်းရှိ ထိုပါရမီရှင်မှာတော့ အဆင့်မြင့်မိစ္ဆာစစ်သူကြီးများကိုတောင်သတ်နိုင်သော ဖြစ်တည်မှုမျိုးဖြစ်သည်။

"နည်းပြရှန်း အဲဒီပြိုင်ဘက်ကင်းပါရမီရှင်က ဒီစာရင်းထဲမှာပါတယ်လို့ထင်လား"

ကျောင်းအုပ်ကျန်းမှာ မနေနိုင်ဘဲမေးလိုက်မိလေသည်။

ဗဟိုလေ့ကျင့်ရေးအတန်းကိုဖွင့်ရခြင်း၏ရည်ရွယ်ချက်မှာ ထိုပြိုင်ဘက်ကင်းပါရမီရှင်ကို မြေတောင်မြှောက်ပေးချင်ရုံသာမဟုတ်ပေ။ စင်စစ် လေ့ကျင့်ရေးအတန်း၏ကျင့်ကြံရေးအရင်းအမြစ်များဟုခေါ်သောအရာများမှာ ထိုပါရမီရှင်အတွက်တန်ဖိုးအနည်းငယ်သာရှိကြောင်း သူတို့ကောင်းကောင်းသိကြပေသည်။

နည်းပြရှန်းမှာမျက်နှာပြင်ကိုစိုက်ကြည့်နေရင်း ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

"စိတ်ချပါ အဲဒီပါရမီရှင်က ဒီလူတွေထဲမှာပါတယ် အကဲဖြတ်ပြိုင်ပွဲနှစ်ခုလုပ်ပြီးနောက်ပိုင်း ကျုပ်သဲလွန်စတစ်ချို့တွေ့ထားပြီးပြီ"

နည်းပြရှန်းတွင်နည်းလမ်းရှိသည်ကိုမြင်လိုက်ရသောအခါ ကျောင်းအုပ်ကျန်းလည်းစိတ်သက်သာရာရသွားလေတော့သည်။

တစ်ဖက်တွင် ဒုကျောင်းအုပ်မှာတော့ဘာကြောင့်မှန်းမသိ စိုးရိမ်နေဆဲပင်

"နည်းပြရှန်း ဒါကကျောင်းသားတွေ ပုံရိပ်ယောင်တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုမှာ ပထမဆုံးပါဖူးကြတာ သူတို့သေချာမလုပ်နိုင်မှာစိုးရိမ်မိတယ်။ တကယ်လို့ သူတို့ကိုယ်သူတို့ယွမ်ချန်းလိုမျိုးပါရမီရှင်တွေနဲ့ သွားနှိုင်းယှဉ်လိုက်ရင် သူတို့အတွက်ကြီးမားတဲ့ထိုးနှက်မှုကိုခံစားရနိုင်ခြေများတယ်"

"ကိစ္စမရှိဘူး ဒါကငါလိုချင်တဲ့အကျိုးသက်ရောက်မှုပဲ ဖိအားပေးခံရမှသာ ကိုယ့်ရဲ့စွမ်းရည်တွေက တကယ်ပွင့်ထွက်လာမှာ"

နည်းပြရှန်းမှာ မထူးဆန်းသလိုပင်ပြောလိုက်လေသည်။

.................................................................................

အခန်း (၆၃) ပြီးပါပြီ။

All Chapters