Chapter 97
Vol. 9 Ch. 97
Ch-97
နှစ်သစ်ကူးအကြိုကာလတွင် လုမိသားစုမှာ အလွန်သက်ဝင်လှုပ်ရှားနေလေ၏။ ၁၉၇၀ခုနှစ်ဆီသို့ ချင်းရို့ ကူးပြောင်းလာပြီးနောက် ဒါဟာ သူမအတွက်တော့ ပထမဆုံးနှစ်သစ်ကူးဖြစ်သလို အတက်ကြွဆုံးနှစ်သစ်လည်းဖြစ်ပေသည်။ လုယန်ရဲ့ မိဘတွေ၊ သူမရဲ့အစ်မနှင့် ခဲအိုမိသားစုတို့ကိုလည်း နှစ်သစ်ကူးကျင်းပရန်အတွက် ဖိတ်ခေါ်လိုက်၏။
ချန်ကျင်းရိနှင့် ရှမင်ရှီးတို့ဟာလည်း အောင်အောင်မြင်မြင် ပြန်လည်ဆုံဆည်းခဲ့ကြပြီ။ သူတို့လေးတွေက ခြံထဲက ကြက်လှောင်အိမ်ရှိ ကြက်ပေါက်တွေကို ကြည့်ရှုနေကြလျက်။
ရှမင်ရှီးနှင့် သူ့အမေတို့က ခဏကြာအတူတူနေခဲ့ကြပြီးနောက် ချုံကျိုးကျွန်းရှိ သူ့အဖိုးအဖွားတွေဆီ ပို့ပေးခဲ့ပါသည်။
လုယန်ရဲ့ တတိယအစ်မက သူ့ကို လူကိုယ်တိုင်ခေါ်လာပေးခဲ့ခြင်းပင်။ ချင်းရို့က တတိယယောက်မလုကို တွေ့တဲ့အခါ သူမဟာ တကယ်ပဲ... အေးစက်ပြီး ချောမောတဲ့ အမျိုးသမီးဆိုတာ တွေ့ရှိခဲ့ရ၏။ သူမက စစ်ယူနီဖောင်းကို ဝတ်ဆင်ထားကာ ဆံပင်တိုတိုနဲ့ တည့်တည့်မတ်မတ်ကိုယ်ဟန်အနေအထားဖြင့် ရှိနေလေရဲ့။
ချင်းရို့ သူမဘေးမှာ ရပ်လိုက်တဲ့အခါ အနမ်းပေးဖို့ အဆင်ပြေတဲ့ အရပ်အမြင့်အနေအထား အကောင်းဆုံးဖြစ်တယ်လို့တောင် ပြောလို့ရသည်။
ချင်းရို့က ဘာလို့များ ဒီအကြောင်းကိုပဲ ဂရုစိုက်နေမိတာလဲနော်? ဘာလို့ဆို ခေါင်းဆောင်လုက နမ်းဖို့အတွက် အရပ်ရှည်လွန်းနေလို့ပဲပေါ့။
တစ်ခါတရံ သူမတို့ နမ်းကြတဲ့အခါ ခေါင်းဆောင်လုက ကွေးထားရပြီး ခေါင်းငုံ့ထားရတာ ပင်ပန်းလွန်းတာကြောင့် သူမကို တိုက်ရိုက်သာချီပစ်လိုက်တာ၊ ဒါမှမဟုတ် သူ့ရဲ့ သန်မာအားကောင်းတဲ့ လက်မောင်းပေါ်မှာ ကလေးတွေထိုင်သလိုမျိုး သူမကို ထိုင်စေတယ်လေ။
သို့သော် အဲသလိုထိုင်ရတဲ့အနေအထားက အရမ်းလွန်လွန်းတယ်! တကယ့်ကို စိတ်တိုစရာပဲ!
"မောင်လေး၊ ယောက်မလေးရေ နင်က တအားလှတာပဲ။ နင်ချက်တာတွေ စားကြည့်ချင်လို့"
ဟုတ်ပါတယ်၊ တတိယအစ်မက ချင်းရို့ကို ပထမဆုံးအကြိမ်တွေ့ကတည်းက သူမရဲ့လက်ရာကို စားချင်ကြောင်း ပြောခဲ့လေသည်။
"သူ့ဒေါ်လေးက အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်တတ်တယ်လို့ ရှောင်မင်က အမြဲပြောနေခဲ့တာလေ"
ရှမင်ရှီးလား? ရှောင်မင်?
ဟုတ်ပါပြီ၊ ဒါက သူ့အမေပေးထားတဲ့ နာမည်ပြောင်ပဲဖြစ်မယ်။ ကျင်းရိကတော့ သူ့ကို ရှီးရှီးလို့ခေါ်တယ်၊ သူ့အမေကတော့ သူ့ကို ရှောင်မင်လို့ ခေါ်တယ်ပေါ့။
ရှောင်မင်... ဒါက ဘယ်လောက်တောင် ရိုးရှင်းတဲ့နာမည်လေးလဲ။
ရှောင်မင်ဟာ သူ့အမေနဲ့ အချိန်ခဏလောက် အတူတူနေခဲ့ရပြီးနောက် ဆာလောင်မှုကြောင့် ပိန်ကျသွားလေပြီ။
ရှောင်ဖန့်လေးဟာ တကယ်ကိုယ်အလေးချိန်ကျသွားတာပဲ။
"ဒေါ်လေး ဒေါ်လေး ဒေါ်လေး!!!"
ရှမင်ရှီးက သူ့ဒေါ်လေးကို တွေ့လိုက်သည်နှင့် အရမ်းပျော်ရွှင်သွားကာ နောက်ဆုံးတော့ သူ သူ့ဒေါ်လေးရဲ့ ရင်ခွင်ထဲသို့ ပြန်ရောက်လာခဲ့ပြီပဲ။
ချင်းရို့က သူ့ကို ပွေ့ချီကာ မျက်နှာလေးကို နမ်းလိုက်၏။
ရှမင်ရှီးဟာ ချင်းရို့က သူ့အမေလိုမျိုး သတိမေ့တတ်မှာကို စိုးရိမ်နေပုံရကာ အသံကျယ်ကြီး အော်ပြောလာခဲ့သည်။
"ဒေါ်လေး သားရဲ့ ကြက်သွန်မြိတ်လေးတွေရော!!"
သူက သူ စိုက်ပျိုးထားတဲ့ ကြက်သွန်မြိတ်တွေကို မှတ်မိနေပါသေးတယ်။
ချင်းရို့: "..."
သူက ထပ်မံပြောလာကာ "သားတို့ရဲ့ ကြက်သွန်မြိတ်လေးတွေ!"
"ဟုတ်သားပဲ၊ ရှောင်မင်က သူ ကြက်သွန်မြိတ်တွေ စိုက်ထားတဲ့အကြောင်းပဲ ဆက်တိုက်ပြောနေတာလေ"
ရှောင်မင်ရဲ့ အမေက မှင်တက်စွာ ပြောလာခဲ့သည်။
သူမရဲ့သားက သူ ကြက်သွန်မြိတ်စိုက်ချင်ကြောင်း သူမကိုပြောလာတော့ သူတို့ စိုက်ခဲ့ကြပေမယ့်... အပင်တွေက မရှင်သန်ခဲ့ပေ။
အမေနဲ့သားနှစ်ယောက်စလုံးမှာ အပင်စိုက်ပျိုးနိုင်တဲ့ အရည်အချင်းမရှိပုံပဲ။
"မင်း ကြက်တွေအတွက် ကြက်သွန်မြိတ်လေးတွေကို ပျိုးထောင်နေတာလား?"
"ဟုတ်တယ်!"
ရှောင်မင်ဟာ ခဏရပ်ပြီးတော့မှ သတိအနေအထားမတ်တပ်ရပ်ကာ အလေးပြုပြီး
"ခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ကျွန်တော်ပြန်လာပါပြီ"
"ဒေါ်လေး! ဒေါ်လေး! သားကို လွမ်းနေလား?!"
"ဒေါ်လေး! ပန်းတွေက အရမ်းလှတာပဲ!"
ရှမင်ရှီးပြန်ရောက်လာတဲ့အခါ ခြံဝင်းမှာ တဝီဝီမြည်နေတဲ့ပျားတွေနဲ့ ပြည့်နှက်သွားရသလိုပင်။ ချန်ကျင်းရိနှင့် ရှမင်ရှီးတို့က ပြန်လည်တွေ့ဆုံခဲ့ကြပြီးနောက် ချင်းရို့ရဲ့ ခြေထောက်နားမှာ ဝန်းရံနေကြကာ သူမရဲ့ ဝမ်းဗိုက်ကို ကြည့်နေခဲ့ကြသည်။
"ဒေါ်လေးဆီမှာ ညီလေး၊ ညီမလေးရှိလာတော့မှာလို့ အမေပြောတယ်"
"ဒေါ်လေး!"
သူတို့မှာ ဝမ်းကွဲလေးတွေ ရလာတော့မယ်။
မိသားစုထဲမှာ ကလေးတွေအများကြီးရှိလာတော့မှာဟေ့!
ချင်းရို့က ကလေးနှစ်ယောက်ကို ကြက်သွန်မြိတ်တွေ ဆက်လက်ပြုစုပျိုးထောင်ဖို့အတွက် ခေါ်သွားလိုက်သည်။ ကလေးနှစ်ယောက်ဟာ ကြက်သွန်မြိတ် စိုက်ပျိုးရာတွင် အတွေ့အကြုံများစွာရှိနေဆဲ။ ချန်ကျင်းရိနှင့် သူ့အမေ ချင်းမျန့်တို့လည်း အိမ်မှာ ကြက်သွန်မြိတ်စိုက်ခဲ့ကြပြီး တစ်ခုပြီးတစ်ခု လှီးဖြတ်သုံးခဲ့ကြသည်။
ရှမင်ရှီးရဲ့ အမေကတော့ ရှက်ရွံ့နေလေ၏။
သူမမောင်လေးရဲ့ အိမ်မှာ ထမင်းစားပြီးတဲ့နောက် လုစန်းကျဲ(တတိယအစ်မလု)ဟာ မနီးမဝေးရှိ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူလေးတွေကို ကြည့်ရင်း တရုတ်နှစ်သစ်ကူးအတွက် ကျွန်းပေါ်မှာနေဖို့ ဆုံးဖြတ်လိုက်သည်။
"ဟင်းသီးဟင်းရွက်တွေက အရမ်းအရသာရှိတာပဲ!"
သူရဲကောင်းဆန်ဆန် လုစန်းကျဲတစ်ယောက် မျက်ရည်ကျလုနီးပါးပင်။ သူမရဲ့အဖေလိုမျိုးပဲ သူမသည်လည်း အမေဖြစ်သူ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပြီး ကြီးပြင်းလာခဲ့ရလေသည်။ သူမရဲ့မောင်လေး ပိုင်ဆိုင်ထားတဲ့ ဘန်းမုန့်ပေါင်းစကေးကိုလည်း အမွေမဆက်ခံခဲ့ရသလို အမျိုးသမီးတစ်ယောက်အနေနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားရတာကိုလည်း ပိုနှစ်ခြိုက်လေ၏။
သူမအမေရဲ့ အစားအသောက်တွေကို စားပြီးတဲ့နောက် စစ်တပ်ကန်တင်းရှိ အစားအစာတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲလို့ တွေးမိသွားသည်အထိပင်။
ထိုအချိန်တုန်းက လုစန်းကျဲ စစ်သင်တန်းကျောင်းသို့သွားတဲ့အခါ အဆောင်၌ မိန်းကလေးများစွာရှိပြီး အချို့မှာ မိသားစုနောက်ခံကောင်းမှ ဖြစ်ကြသလို အချို့က နွမ်းပါးတဲ့မိသားစုမှ ဖြစ်ကြ၏။
မိသားစုနောက်ခံကောင်းမှ မိန်းကလေးများဟာ ဇီဇာကြောင်တတ်ကြပေမယ့် လုမိသားစုရဲ့ လေ့ကျင့်မှုအောက်မှာရှိတဲ့ လုစန်းကျဲကတော့ ကောင်းကောင်းမွန်မွန်စားသောက်ကာ ရွံ့ရှာတဲ့စကားတစ်ခွန်းမှမပြောခဲ့ပေ။
သူမရဲ့ အတန်းဖော်တွေဟာ သူမ ထမင်းစားခန်းမထဲရောက်သည်နှင့် အနှစ်ရှစ်ရာလုံးလုံး မစားရသေးသည့်နှယ် စားသောက်နေပုံကို တွေ့လိုက်သည့်အခါ သူမဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှလာတယ်လို့ ထင်ခဲ့ကြပြီး ကောင်းကောင်းစောင့်ရှောက်ပေးခဲ့ကြပါသေးသည်။
နောက်ပိုင်းမှာတော့…
"ငါ့မောင်က ဒီလိုမျိုး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတတ်ပြီးတော့ အချက်အပြုတ်တော်တဲ့ ယောက်မလေးကို ဘာလို့ရှာတွေ့နိုင်ခဲ့တာလဲ?"
လောကကြီးက မတရားလိုက်တာနော်!!
သူမဟာ ဆိုးရွားတဲ့အစားအစာတွေကို စားရမှာ မကြောက်ပေမယ့် သူမနဲ့အတူတူ ဆိုးရွားတဲ့အစားအစာတွေကို စားခဲ့ရတဲ့ ဝက်အသင်းဖော်လေးဟာ ခြေတစ်လှမ်းထဲနဲ့ ကောင်းကင်ပေါ်တက်သွားမှာကိုတော့ ကြောက်မိပါရဲ့။
သူတို့ အတူတူ ဝက်တွေဖြစ်ကြဖို့ သဘောတူခဲ့ကြတာလေ။ ဝက်ကလေးဖြစ်တဲ့ သူကတော့ ဝက်ခြံကနေ ထွက်သွားပြီးတော့ အခု ပန်ဒါလိုမျိုး ဘာလို့ စံစားနေရတာလဲဟ?
ခေါင်းဆောင်လုက တည်တည်ငြိမ်ငြိမ် ပြောလာသည်မှာ "ပါးက သူမနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ တစ်ယောက်ယောက်ကို ပြောခဲ့တာလေ"
"ကျွန်တော်က မတွေ့ချင်ခဲ့ပေမယ့် ပါးက အတင်းတွန်းအားပေးခဲ့တာ"
"ကျွန်တော့်ရဲ့ ဇနီးလေးကို ပထမဆုံးတွေ့တွေ့ချင်းမှာပဲ ဘလိုင်းဒိတ်က အဆင်ပြေသွားတယ်။ ပြီးတော့ လက်ထပ်လိုက်ကြတာလေ"
*
ချင်းရို့: "..." ကျွန်မ ရှင့်ကို မထုတ်ဖော်ချင်လို့နော် အရူးကြီးရဲ့။
လုစန်းကျဲ: "..." မနာလိုလိုက်တာ၊ အားကျစရာကြီး။
"ရဲဘော်လောင်လု သမီးကိုကျ သားမက်ကောင်းတစ်ယောက်နဲ့ ဘာလို့မိတ်မဆက်ပေးတာလဲ?"
ရဲဘော်လုကျုံးရီ: "... ဒါတွေအားလုံးက မတော်တဆပါပဲကွာ"
သားငယ်က ဒီလိုဒေါသကြီးတဲ့ မိန်းကလေးကို တကယ်လက်ထပ်လိုက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ… သူက သူ့သားကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတာကိုတောင် လက်လျှော့လိုက်ပြီလေ… သူ တကယ်ပဲ ပန်းမပွင့်တဲ့ ပန်းပင်တွေကို စိုက်ပျိုးဖို့ လုံးဝမရည်ရွယ်ထားပါဘူး… အရိပ်အာဝါသရဖို့ မိုးမခပင်တွေကို စိုက်ပျိုးဖို့လည်း မရည်ရွယ်ထားခဲ့ပါဘူးကွာ…
(T/N: အကျိုးမရှိအားထုတ်မိတာကိုပြောတာပါ)
…..