← Chapters

Chapter 98

Vol. 9 Ch. 98

Chapter 98

Vol. 9 Ch. 98

Ch-98

နှစ်သစ်ကူးအကြိုနေ့တွင် ချင်းရို့က အသံလွှင့်ဌာနကို အလုပ်သွားရပေမည်။ လုယန်က ထိုနေ့တွင် အားလပ်ရက်ရခဲ့၍ သူမနှင့်အတူ အိမ်ပြန်နိုင်လေ၏။ ညနေခင်းမရောက်ခင်မှာပင် လူစုံနေခဲ့ကြပြီ။

အစ်မနှင့် ခဲအိုမိသားစုတွင် လူကြီးသုံးယောက် ကလေးသုံးယောက်ဖြစ်ရာ စုစုပေါင်းလူခြောက်ယောက်ရှိကြပြီး လုယန်မိဘတွေ၊ တတိယအစ်မနှင့် ရှမင်ရှီး အားလုံးပေါင်း လေးယောက်ရှိကြတဲ့အတွက် စုစုပေါင်း လူဆယ်ယောက်ပင်။

ချင်းရို့နှင့် လုယန်တို့ဟာ အပေါ်ယံသာ လူနှစ်ယောက်ဖြစ်သော်လည်း တကယ်တမ်းတော့ လူလေးယောက်ပင်။ သူတို့မိသားစုဟာ ထိုည၌ လူ၁၄ယောက်ဖြင့် နှစ်သစ်ကို အတူတူကျင်းပကြမည်ဖြစ်သည်။

ဖက်ထုပ်တွေစားကြဖို့အတွက် ရာနဲ့ချီပြုလုပ်ဖို့ လိုအပ်ပေသည်။

နှစ်သစ်ကူးအကြိုနေ့မှာ နေရောင်က ပုံမှန်ပဲဖြစ်လေ၏။ ချင်းရို့ ခါတိုင်းထက် နည်းနည်းပိုစောပြီး အလုပ်ဆင်းခဲ့သည်။ လုယန်က သူမကို အိမ်အတူတူပြန်ဖို့ လာကြိုရာ အောက်ထပ်တွင် စောင့်နေခဲ့ပေမယ့် သူ့ဇနီးလေးက သူ့ကို တစ်ချက်ကြည့်လိုက်ရင်း အခန်းထဲပြန်ပြေးသွားတာကို တွေ့လိုက်ရ၏။

ထို့နောက် သူမက အုန်းရွက်ကြီးကြီးတစ်ရွက်ကို ယူထုတ်လာကာ သူ့အား ဒီအုန်းရွက်ကြီးကြီးကို ထီးအဖြစ်ကိုင်ထားစေပြီး သူမအိမ်ပြန်လိုကြောင်း ပြောလာခဲ့သည်။

လုယန်: "…"

ချင်းရို့က သစ်ရွက်အရိပ်အောက်တွင် အိမ်ပြန်ရသည့် ခံစားချက်မျိုး စမ်းကြည့်ချင်နေတာ ကြာခဲ့လှပြီ။ သူမ အရင်တုန်းက ဒီလိုမျိုး သစ်ရွက်ကိုဆောင်းထားတဲ့ ကလေးတွေကို မြင်ပြီးကတည်းက အနည်းငယ်အားကျမိခဲ့သည်။ သူမက အဲဒါကို ပျော်စရာကောင်းတယ်လို့ ထင်ကာ *Plantain Princessကဲ့သို့ ပိုလို့တောင်သဘောကျသွားရသည်။

(*ရှာကြည့်တော့လေ ငှက်ပျောသီးမင်းသမီးလို့ ထွက်လာတယ် 😂)

ငှက်ပျောရွက်တွေက ကြာကြာမခံဘူးလေ။

သစ်ရွက်ထီးကြီးနဲ့ တစ်ယောက်တည်း အိမ်ပြန်ရင် အရူးလိုပဲဖြစ်နေမှာ။ ဒီတော့ လူနှစ်ယောက်ရှိတုန်းလေး ရှက်စရာအဖြစ်အပျက်ကို အတူတူမျှဝေလုပ်ကြတာပေါ့နော်။

နောက်ဆုံးတော့ သူမ ထိုသန်မာတဲ့လူကို ဖမ်းမိသွားခဲ့ပြီ။

ခေါင်းဆောင်လုရေ ဆုံးဖြတ်ချက်ကတော့ ရှင့်သဘောပါနော်!

လုယန်က သူ့ဇနီးလေး တောင်းဆိုတဲ့အရာကို ဘယ်လိုများငြင်းဆန်နိုင်မှာလဲ? ဆိုတော့ သစ်ရွက်ကြီးဆောင်းပြီး အတူတူ အိမ်ပြန်ကြတာပေါ့။

တစ်ယောက်က အရှေ့မှလျှောက်ကာ နောက်တစ်ယောက်က အနောက်မှ လိုက်လာခဲ့သည်။ ချင်းရို့က အုန်းရွက်ကို ကိုင်လိုက်ရာ သစ်သားသဏ္ဍာန်မျက်နှာထားရှိနေတဲ့ လုယန်ရဲ့ ခေါင်းပေါ်သို့ သစ်ရွက်တွေ ကျလာလေ၏။

လုယန်က သူမချော်လဲမှာကို စိုးရိမ်သည့်အတွက် သူမအား လမ်းလျှောက်ခွင့်မပေးခဲ့ဘဲ သူမရဲ့ ခါးကို ဖက်ထားကာ အုန်းရွက်အောက်တွင် သူမနဲ့အတူတူ ဘေးချင်းကပ်ပြီး လမ်းလျှောက်ခဲ့ပါတော့သည်။

ကျွန်း၌ နေ့ခင်းဘက်တွင် အလွန်တိတ်ဆိတ်နေကာ လူအနည်းစုမျှသာ လျှောက်သွားတတ်ကြ၏။ လမ်းမပေါ်လျှောက်နေရင်း ပင်လယ်လေညင်းလေးဟာ လူတွေရဲ့ ခေါင်းထက်က ဆံပင်တွေကို တိုက်ခတ်သွားလေသည်။ ခေါင်းပေါ်က အုန်းရွက်ကြီးဟာ လှပသော ငှက်ပျောရွက်ကဲ့သို့ အဝါရောင်ပြောင်းသွားခဲ့ပြီ။ လူနှစ်ဦးရဲ့ အရိပ်လေးတွေဟာ မြေပြင်ပေါ်မှာ အတူတူကပ်တွယ်နေခဲ့ကြလျက်။

ချင်းရို့က မြေပြင်ပေါ်က အရိပ်တွေကို ကြည့်လိုက်ရင်း ဒါဟာ လူနှစ်ယောက်ရဲ့ အရိပ်မဟုတ်ပဲ လူလေးယောက်ရဲ့ အရိပ်လို့ ထင်နေခဲ့ပေသည်။

(T/N: ဗိုက်ထဲကအမြွှာလေးပါလို့နော်)

ချင်းရို့ သူမဘေးကလူကို ပြုံးပြလိုက်ရင်း "မိုးမရွာခင်မှာ တိရစ္ဆာန်လေးတွေက ရုတ်ရုတ်သဲသဲဖြစ်နေတာမျိုးလေး၊ အလုပ်ကြိုးစားတဲ့ ပုရွက်ဆိတ်လေးနှစ်ကောင်က အဆာပြေမုန့်ကို မမျှော်လင့်ထားဘဲ အိမ်ပြန်သယ်သွားရသလိုမျိုး ရှင်ခံစားမိလား?"

ချင်းရို့တစ်ယောက် ကိုယ်ဝန်ရှိပြီးနောက်ပိုင်းတွင် သူမရဲ့စိတ်ထဲမှာ ကလေးဆန်တဲ့အတွေးပေါင်းမျိုးစုံနဲ့ ပြည့်နှက်နေလေ၏။

လုယန် ပြုံးလိုက်ပြီး သူ့လို အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်က အရိပ်ရရန်အတွက် သူမနှင့်အတူတူ သစ်ရွက်တွေအောက်မှာ တိုးဝှေ့ပူးကပ်နေရတာဟာ သူ့အတွက် တကယ်ပင် ခက်ခဲလွန်းပါသည်။ လုယန်က သူ့ဘေးနားက အမျိုးသမီးကို ပွေ့ချီလိုက်ကာ သူ့ရဲ့လက်မောင်းပေါ်မှာ ထိုင်စေလိုက်သည်။

ချင်းရို့ အံ့အားသင့်သွားရလျက်။ သူမက ဒီပုံစံအနေအထားနှင့် မစိမ်းသက်နေသဖြင့် အပြုံးလေးနှင့် လုယန်လည်ပင်းကို ဖက်ထားလိုက်ကာ

"မရှုပ်ပါနဲ့ ရဲဘော်ပုရွက်ဆိတ်ရေ၊ ဂရုစိုက်နော် မဟုတ်ရင် ရှင့်ရဲ့ဇနီးလေး ပြုတ်ကျသွားလိမ့်မယ်"

"ကျွန်မကို ပြန်ချပေးတော့"

ချင်းရို့ ယခုဆို ကိုယ်ဝန်ရှိနေပြီဖြစ်၍ ယခင်ကထက် အသားနည်းနည်းပြည့်လာသော်လည်း လက်တွေ ခြေထောက်တွေကတော့ ပိန်ပါးဆဲပင်။ လုယန်က သူမကို လွယ်လွယ်လေး ပွေ့ချီထားနိုင်ပေမယ့် သူမ ပြုတ်ကျသွားမှာ စိုးရိမ်သဖြင့် အောက်ပြန်ချပေးလိုက်ပြီး အုန်းရွက်တွေရဲ့ အကာအကွယ်ဖြင့် သူ့ဇနီးလေးရဲ့ ပါးပြင်ကို လျှို့ဝှက်စွာ နမ်းလိုက်လေ၏။

"အရမ်းကိုစေးကပ်နေတာပဲနော်"

ချင်းရို့ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ လက်ထပ်ထားပြီးသူတွေဖြစ်နေရင်တောင်မှ အပြင်မှာ ဒီလိုမျိုးလုပ်နေခဲ့ရင် ရမ်းကားတဲ့အပြုအမူဖြစ်နေဦးမှာပဲလေ။ ဒါပေမယ့် အပြင်လူတွေလည်း တစ်ယောက်မှမရှိသလို အုန်းရွက်အောက်မှာ သူတို့ကို ဘယ်သူကများ မြင်နိုင်မှာလဲနော်?

ချင်းရို့ သူ့လက်မောင်းကို ဆွဲလိုက်ရာ သူ့ကို နမ်းချင်နေပြီဆိုတာ သိသာနေသဖြင့် လုယန်လည်း ကိုင်းညွတ်၍ သူ့ခေါင်းကို နိမ့်ပေးလိုက်ပြီး သူမကို နမ်းခွင့်ပေးလိုက်တော့သည်။

"အိမ်ပြန်ပြီး နှစ်သစ်ကို ဆင်နွှဲကြရအောင်"

ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့ခေါင်းထက်မှာ အုန်းရွက်ကြီးတွေဆောင်းလျက် မိသားစုခြံဝင်းဆီသို့ ပြန်ခဲ့ကြ၏။ သူတို့ ဝင်လာလာချင်း ကင်းလှည့်အစောင့်တွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကို ရရှိခဲ့ပေမယ့် ချင်းရို့ကတော့ မူကြိုဆရာမတစ်ဦးဖြစ်ဖူးသူမို့ သိပ်ဂရုစိုက်မနေတော့။

အစောင့်တွေဟာ မြင့်မြတ်ပြီး လေးစားရသူများပင်။

ချင်းရို့က သူတို့အား နှစ်သစ်နှုတ်ခွန်းဆက်စကားပြောလိုက်ကာ အပြင်မှာ အရှက်မကွဲရအောင်လို့ ခေါင်းဆောင်လုနှင့်အတူတူ အိမ်အမြန်ပြန်သွားတော့သည်။

သူတို့ရဲ့ အိမ်တံခါးရှေ့ရောက်တော့ ဘေးအိမ်က နှစ်သစ်ကူးဆင်နွှဲကျင်းပနေသူ ကျန်းချန်ပေ့ဟာ သူ့ခြံကို ရှင်းလင်းနေဆဲဖြစ်မယ်လို့ ဘယ်သူထင်မိမှာတုန်း။ သူ တကယ်ပဲ စိတ်ရှည်လိုက်တာနော်။

ချင်းရို့နဲ့ လုယန်: "…"

အရွက်တွေဆောင်းထားတဲ့စုံတွဲနှင့် တွေ့ဆုံလိုက်ရသော ကျန်းချန်ပေ့: "…"

ဒီစုံတွဲဟာ တကယ့်ကို... အရောင်အသွေးစုံလင်လှတဲ့ ဘဝနေထိုင်မှုပုံစံရှိတာပဲကွာ။

"အုန်းပင်ပေါ်က အရွက်ကြွေကျလို့လား?"

ချင်းရို့: "…"

လုယန် တည်ငြိမ်စွာဖြင့် "ငါ သစ်ပင်ပေါ်တက်ပြီး ယူထားတာလေ"

ချင်းရို့: "???!!!"

ကျန်းချန်ပေ့: "...နောက်တစ်ခါဆို ငါ့အတွက်လည်း တစ်ခုလောက်ယူပေးခဲ့ပါဦး"

ချင်းရို့နှင့် လုယန်တို့ အိမ်ပြန်ရောက်တဲ့အခါ ခေါင်းအမြန်လျှော်ကာ ရေချိုးလိုက်၏။ နှစ်သစ်တွင် သူတို့က တစ်ကိုယ်လုံးကို သေသေချာချာဆေးကြောသန့်စင်ရမည်ဖြစ်သလို အဝတ်အစားအသစ်တွေ ဝတ်ဆင်ရမည်ပင်။

ချင်းရို့ရဲ့ ဆံနွယ်ရှည်ရှည်လေးတွေဟာ ရေချိုးပြီးနောက် ခြောက်သွေ့ဖို့ မလွယ်ကူသဖြင့် စုံတွဲဟာ ခြံဝင်းအတွင်းရှိ ကောက်ရိုးထီးအောက်မှာထိုင်လိုက်၏။ ချင်းရို့က သူမရဲ့ ပုခုံးပေါ်မှာ မျက်နှာသုတ်ပုဝါအခြောက်တစ်ထည်တင်ထားကာ လုယန်က သူမရဲ့ ဆံပင်တွေကို သုတ်ပေးဖို့အတွက် နောက်ထပ်ပုဝါတစ်ထည် ယူလိုက်လေသည်။

လုယန်သည် ဒီအလုပ်ကို အရမ်းသဘောကျသလို ချင်းရို့ကလည်း သူ့ကို ခွင့်ပြုပေးထားခဲ့သည်။ သူမရဲ့ အမည်းရောင်ဆံနွယ်ရှည်တွေကို အတိုမညှပ်ထားသလို ပျော့ပျောင်းတဲ့ ဆံနွယ်ပါးပါးလေးတွေဟာ ပုခုံးထက်မှာကျနေခဲ့သည်။

အမည်းရောင်ဆံနွယ်တွေဟာ ပြန့်ကျဲနေသဖြင့် မူလက သူမရဲ့ သေးသွယ်လှတဲ့ မျက်နှာလေးကို ကျွန်းပေါ်ရှိ လတ်လတ်ဆတ်ဆတ် လိုင်ချီးသီးအလား ပိုဖြူပြီး နူးညံ့သိမ်မွေ့စေလျက်။

ချင်းရို့က သူမရဲ့မျက်လုံးတစ်ဖက်ကို မှိတ်ထားရင်း ခြံဝင်းကို ကြည့်လိုက်ရာ ခြံထဲမှာ တခြားအရာတွေ ရှိနေခဲ့၏။ သူမ အုန်းမှုတ်ခွက်ဟောင်းတွေဆီမှ လက်လုပ်သံပန်းအိုးများစွာကို ပြုလုပ်ခဲ့ပြီး တွဲလောင်းချိတ်ဆွဲသစ်ခွပင်တွေနှင့် အမည်မသိတောင်ပေါ်က တောရိုင်းပန်းပင်တွေကို စိုက်ပျိုးထားခဲ့သည်။

အုန်းမှုတ်ခွက်ဟောင်းတွေဟာ တကယ့်ကို အသုံးဝင်သဖြင့် ချင်းရို့ အများကြီးသိမ်းဆည်းထားခဲ့ရာ ယခုဆို သူ့အစ်မရဲ့ ကလေးတွေအားလုံးက လက်မှုပစ္စည်းတွေလုပ်၊ ဝက်စုဘူးနှင့် မီးအိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။

အုန်းမှုတ်ခွက်တွေကို Jack-o-laterns, အခေါင်းပေါက်အစက်တွေ၊ ကြယ်တွေစသဖြင့်... အုန်းသီးတွေကို ပုံသဏ္ဍာန်များစွာ ပုံဖော်ထွင်းနိုင်လေသည်။

ယနေ့ညတွင် တရုတ်နှစ်သစ်ကူးအတွက် မီးပုံးအနီတွေမရှိတာကြောင့် ချင်းရို့က ငွေကိုလည်းချွေတာနိုင်၊ လှလည်းလှပအောင်လို့ ခြံထဲမှာ အုန်းဆီနဲ့ အုန်းမှုတ်ခွက်မီးအိမ်တချို့ကို အသုံးပြုဖို့ စီစဥ်ထားခဲ့၏။

……

All Chapters