← Chapters

Chapter 105

Vol. 9 Ch. 105

Chapter 105

Vol. 9 Ch. 105

ကလေးအုပ်စုက ခြံထဲမှာ ဆော့ကစားနေကြလျက်၊ အမှန်တကယ်တော့ သူတို့လေးတွေဟာ တော်တော်လေး ပေါက်ကရတွေ ပြောနိုင်စွမ်းရှိကြသည်။

ကံကောင်းထောက်မစွာဖြင့် ချင်းရို့မှာ လေးနက်ပြီး တာဝန်ကျေပွန်တဲ့ တူပိစိလေးနှစ်ယောက်ရှိနေလို့ပင်။ အထူးသဖြင့် ရှမင်ရှီးပေါ့လေ…

"ငါ့ဒေါ်လေးရဲ့ပန်းတွေကို ကြုံသလိုမခူးရဘူးနော်၊ ငါ့ဦးလေးတစ်ယောက်ထဲကပဲ ခူးနိုင်တာ"

ချင်းရို့: "..." ဒီကလေးက သူ့ဦးလေးအပေါ် ဂရုတစိုက်နဲ့ အာရုံစိုက်နေပုံရတယ်နော်။

အချိန်အတော်ကြာကစားပြီးတဲ့နောက် ချန်ကျင်းရိလည်း စကားပိုပြောလာသလို အလေးအနက်ဖြင့် ပြောလိုက်သေးသည်။

"ငါတို့က ကြက်စောင့်ရှောက်တဲ့အသင်းပဲ၊ ငါတို့လည်း ကြက်သွန်မြိတ်တွေစိုက်ထားတာလေ"

ရှောင်ကျင်းရိဟာ အလွန်မှတ်ဉာဏ်ကောင်းသူပင်။

ကျန်းရိချောင်က အရမ်းရက်ရောစွာဖြင့် "ဒါဆို ငါ့ခြံကို ကစားဖို့သွားကြတာပေါ့!"

ဟွမ်ရှင်းရင်က ကလေးတွေအတွက် ခြံတံခါးကို ဖွင့်ပေးခဲ့ပြီး သူတို့က ခြံထဲမှာ ပန်းနည်းနည်းခူးလိုက်ကြသလို ချင်းရို့သည်လည်း သူတို့အတွက် ပဲနည်းနည်းနှင့် နေကြာပန်းတချို့ကို ခူးပေးလိုက်၏။

ညဘက်၌ ကျန်းချန်ပေ့ သူ့ခြံကိုကြည့်ဖို့အတွက် ပြန်လာတဲ့အခါ သူ့ရဲ့တစ်ခုတည်းသောပျိုးပင်တွေ ပျောက်ဆုံးသွားတာကို တွေ့လိုက်ရသဖြင့် သူ့စိတ်တွေ လုံးဝပြိုလဲသွားပါတော့သည်။

သူက ခြံထဲမှာ ပန်းမျိုးစေ့တွေကို ပစ်ထုတ်လိုက်ပြီး လက်လွှတ်ဖို့ ကြံရွယ်လိုက်လေပြီ။

"ငါ ထပ်ပြီးတော့ ဂရုမစိုက်တော့ဘူးကွာ!"

ကျန်းချန်ပေ့ အရင်က တူးထားတဲ့ကျင်းတွေကို ပြန်ဖြည့်လိုက်ပြီး လက်လျော့လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဝယ်ထားတဲ့မျိုးစေ့တွေကိုတော့ ခြံထောင့်တွေမှာပဲ ကြဲထားလိုက်တော့သည်။

သူ့ရဲ့ ရှုံးနိမ့်မှုကို ဝန်ခံပါတယ်ကွာ။

ဟွမ်ရှင်းရင်ဟာ သူ အနာဂတ်မှာ ခြံထဲတွင် ထပ်ပြီးဘာမှမစိုက်တော့ကြောင်း ကြားလိုက်ရပြီးနောက် အဲဒီနေ့က အိမ်မှာ ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်လေသည်။

"ရိချောင် ဒီည ကောင်းကောင်းစားရအောင်!"

"ဟုတ်၊ ဖေဖေက ထမင်းချက်ချင်လို့လား?"

ဟွမ်ရှင်းရင်: "?"

ကျန်းရိချောင်: "သားမိန်းမပြောတာတော့ သားကို ချက်ပြုတ်စေချင်တာတဲ့"

ဟွမ်ရှင်းရင်: "မင်းမိန်းမက ဘယ်သူလဲ?"

"လျိုယွဲ့!"

ကျန်းချန်ပေ့: "... မင်းဘာတွေပြောနေတာလဲ?"

ဟွမ်ရှင်းရင်: "ဒီနေ့ သူက တခြားကလေးတွေနဲ့ ကစားခဲ့တာလေ၊ သူက အဖေလုပ်ပြီးတော့ လျိုယွဲ့က အမေလုပ်တာတဲ့"

ကျန်းချန်ပေ့: "…"

ဒေါသထွက်စရာ၊ ဒေါသထွက်စရာပဲကွာ။

ကလေးတွေလူစုခွဲပြီးနောက် အရာအားလုံး ငြိမ်သက်သွားလေပြီ။ လုယန်က ညဘက်တွင် ပြန်မလာသေးသဖြင့် ချင်းရို့လည်း အိပ်ယာပေါ်လဲလျောင်းရင်း အယ်လ်ဘမ်ကို ကိုင်ကာ သူမရဲ့ အမျိုးသားလေးဓာတ်ပုံတွေကို ကြည့်နေလိုက်သည်။ ဒီနေ့ ကလေးတွေရဲ့ မိသားစုလုပ်တမ်းကစားနည်းဟာ သူမအပေါ် အတော်လေး သက်ရောက်မှုရှိခဲ့သည်ပင်။

ရှမင်ရှီးနှင့် လုယန်တို့က တူဝရီးတွေဖြစ်ကြသလို တူလေးက ဆိုရှယ်ကောင်းမွန်သူဖြစ်ပြီး မိတ်ဆွေဖွဲ့ရာတွင် ကျွမ်းကျင်လှ၏။ ဒါဟာ မျိုးရိုးဗီဇကြောင့်ပဲမဟုတ်လားနော်။

လုယန်လည်း တော်တော်လေး နာမည်ကြီးတယ်လို့ ချင်းရို့ထင်ပါသည်။

သူမ ဗိုက်ကိုထိလိုက်ကာ သူတို့နှစ်ယောက်ပေါင်းစည်းလို့ သဘာဝအတိုင်း ဆိုရှယ်ကောင်းတဲ့ ပိပိပုစွန်ဘုရင်နှစ်ကောင် မွေးလာမယ့်ဖြေနိုင်ချေကို တွေးနေမိလျက်။

ချင်းရို့: "…"

ဒါကြီးက တကယ်ရှုပ်ထွေးနေတာပဲရော။

ချင်းရို့ သူမကိုယ်သူမ ဒီလိုထူးဆန်းတဲ့အရာတွေကို မစဉ်းစားဖို့ အကြံပေးလိုက်လေ၏။ ဗိုက်ထဲက ကလေးလေးတွေကို တကယ်ပဲထိခိုက်သွားမှာစိုးရတယ်လေ။ ဗိုက်ထဲက ကလေးလေးတွေဟာ သုံးလ၊ လေးလလောက်ရှိနေပြီ။ သူတို့ရဲ့ အကြားအာရုံစနစ်က အစကတည်းက ဖွဲ့စည်းထားပြီး ပတ်ဝန်းကျင်လှုပ်ရှားမှုတွေကို အာရုံခံစားနိုင်လေပြီ။ ဒီတော့ ကိုယ်ဝန်ဆောင်ပညာပေးတာတွေ လုပ်ကိုလုပ်ရမယ်။

- ကလေးတွေရဲ့ အဖေ ပြန်လာရင် သဟဇာတရှိတဲ့ မိသားစုအငွေ့အသက်တွေ ဖန်တီးဖို့ ပိုပြီးလိုအပ်နေပါပြီနော်။

နေ့ခင်းဘက်ကအရာတွေဟာ သူမအပေါ် သက်ရောက်သွားတာကြောင့်ပဲလား၊ သို့မဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အိပ်စက်ခြင်းတွင် ပြဿနာရှိတာကြောင့်ပဲလား မသိပါချေ၊ ညဘက်တွင် ချင်းရို့တစ်ယောက် အိပ်မက်မက်ပါတော့သည်။

သူမနဲ့ လုယန်တို့ရဲ့ အသေးစားဗားရှင်းဟာ တခြားကလေးတွေနဲ့အတူတူ ခြံဝင်းကြီးထဲမှာ ကစားနေကြတယ်လို့ အိပ်မက်မက်ကာ ခြံထဲ၌ လုယန်က အဖေအဖြစ်၊ သူမက အမေအဖြစ် ဆော့ကစားခဲ့ပြီး အဖေရောအမေပါ အလုပ်ကြိုးစားခဲ့ပြီးနောက် သူမက ပိပိပုစွန်လေးနှစ်ကောင်ကို မွေးဖွားခဲ့သည်ဟု။

သူတို့လေးတွေက တကယ်ကြီး ပိပိပုဇွန်ဖြစ်နေတာနော်။

သူတို့ကလေးတွေက ပိပိပုစွန်နှစ်ကောင်ဖြစ်နေတာတဲ့။

အိပ်မက်ကြောင့် ချင်းရို့လည်း လန့်နိုးလာခဲ့၏။ ဘယ်လိုတောင် ထူးဆန်းတဲ့အိပ်မက်လဲဟ!

တစ်ချိန်တည်းမှာပင် သူမက အနည်းငယ်မနာလိုဖြစ်ခဲ့သည်။ ခြံထဲမှာ ကလေးတွေ အတူတူဆော့ကစားကြတာကို သူမ တွေ့ခဲ့ရတဲ့အခါ ဒါဟာ ကလေးဘဝချိုမြိန်စရာလေးတွေရှိတဲ့ အရွယ်လေးတွေအတွက် ပုံမှန်ပဲဖြစ်တယ်လို့ သူမတွေးလိုက်၏။ လုယန်လည်း ငယ်ငယ်တုန်းက သူ့ရဲ့ကလေးဘဝက အသည်းအသက်ကလေးနဲ့ အဖေအဖြစ် ဆော့ကစားခဲ့မလားလို့ သူမ ရုတ်တရက်ကြီး တွေးမိသွားရလေပြီ။

မနာလိုမှုကြီး ပြီးဆုံးသွားတဲ့နောက် ချင်းရို့လည်း သူမကိုယ်သူမ အံ့အားသင့်သွားရ၏။ တချို့လူတွေက သူတို့လက်တွဲဖော်ရဲ့ ရည်းစားဟောင်းတွေကို သဝန်တိုကြတာလေ။ သူမကတော့ သူမရဲ့အမျိုးသားလေးဟာ ကလေးဘဝတုန်းက တခြားသူတွေနဲ့ မိသားစုလုပ်တမ်းကစားလေမလားလို့ သိချင်မိပြီး သဝန်တိုနေမိတာပဲ။

ချင်းမျန့်က ကလေးလာခေါ်ချိန်တွင် ချင်းရို့က ချန်ကျင်းရိနှင့် ပတ်သက်တဲ့အကြောင်းအရာတချို့ကို မေးမြန်းလိုက်သည်။ ချင်းမျန့်လည်း အရင်တုန်းက သူတို့ပတ်ဝန်းကျင်ရှိ လူတစ်ချို့ဟာ အတင်းအဖျင်းတွေ ဖြန့်ခဲ့ကြောင်း ပြန်လည်သတိရသွားခဲ့သည်။

"ကျင်းရိက ချန်မိသားစုနဲ့မတူဘူးလို့ သူတို့ပြောကြတယ်။ သူတို့က ကလေးကို သူ့ကလေးမဟုတ်ဘူးလို့ သံသယဖြစ်..."

ချင်းမျန့်သည်လည်း အလှလေးတစ်ယောက်ဖြစ်တာမို့ အလှလေးတွေဟာ အမြဲလိုလို ယောကျ်ားသားများစွာရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတယ်လေ။ အဲဒီအချိန်တုန်းက ချန်မိသားစုမှာ ဒုက္ခရောက်နေတော့ လျှာရှည်တဲ့မိန်းမတချို့ဟာ ကောလာဟလတွေ လွှင့်ခဲ့တာပေါ့။

"မမရေ နောင်ကျ ခဲအိုကို ကျင်းရိနဲ့အတူတူ အချိန်ပိုကုန်ဆုံးစေလိုက်လေနော်၊ သူတို့က သားအဖအရင်းတွေပဲလေ"

ချင်းမျန့် အံ့အားသင့်သွားရကာ "ယောက်ျားလေးတွေလည်း ကလေးထိန်းကြတာလား?"

"ရတာပေါ့၊ ယောက်ျားတွေလည်း သူတို့ကလေးကို ပျိုးထောင်စောင့်ရှောက်လို့ရပါတယ်နော်!"

ချင်းရို့က မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို မြှင့်တင်ရမယ်လို့ သူမဘာသူမ တွေးနေခဲ့လေသည်။

"ဒါပေမယ့် သူက ကလေးကို ဂရုမစိုက်တတ်ဘူးလေ"

"ဘယ်သူမှ မွေးကတည်းက မတတ်ပါဘူးဟယ်၊ မမ ကြည့်လိုက်လေ.. ကျွမ်းကျွမ်းဆို ဒီအရွယ်လေးနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ကူညီပေးနိုင်နေပြီလေ၊ ဒီတော့ ခဲအိုက ဘာလို့မလုပ်နိုင်ရမှာလဲ?"

"နင်တို့က ကျင်းရိရဲ့ မိဘတွေလေ၊ နင်တို့က သူ့ကို စကားနဲ့ဖြစ်ဖြစ် ပိုပြီးအသိအမှတ်ပြု၊ ပိုပြီးအားပေးသင့်တယ်။ သူက နင်တို့သားလေး ဖြစ်တဲ့အကြောင်း ပြောပေးရမယ်၊ နင်တို့က သူ့ကို အများကြီးချစ်ကြတဲ့အကြောင်း၊ ဂရုစိုက်ကြတဲ့အကြောင်း ပြောပေးရမယ်နော်"

ချင်းရို့က ကလေးကို လုံလုံလောက်လောက်လုံခြုံစိတ်လေး ပေးစွမ်းစေချင်မိပါသည်။

ကလေးဘဝမှာ မိဘနဲ့ကလေးကြားကဆက်ဆံရေးဟာ ကလေးလေးရဲ့ တွယ်တာမှုဆက်ဆံရေးကိုလည်း သက်ရောက်စေလိမ့်မှာပဲ။ ဒီလိုမှသာ ကလေးက ရှောင်ဖယ်တွန့်ဆုတ်နေတာတွေ၊ စိုးရိမ်တာတွေမဖြစ်တော့ဘဲ သူ့မိဘတွေကို ယုံကြည်လာမယ်၊ ချစ်ခြင်းမေတ္တာတွေကို ယုံကြည်လာမယ်၊ မိဘနဲ့ကလေးဆက်ဆံရေးကို စိတ်အေးလက်အေးဖြစ်လာလိမ့်မယ်။

"မကြာသေးခင်ကမှ သူ ပိုပြီးတက်ကြွလာတာလေ"

ချင်းရို့က ကျင်းရိနှင့် ရှမင်ရှီးတို့ မူကြိုကျောင်းသွားတုန်းက လင်းယောက်ရန်နှင့် တွေ့တဲ့အခါ ဘယ်လိုတုံ့ပြန်သလဲဆိုတာတွေကို သူမအစ်မအားပြောပြလိုက်ရာ ချင်းမျန့်က ရယ်မောနေပါတော့သည်။

"ကောင်းပြီ၊ သူ့အဖေ ပြန်လာတဲ့အခါ သူ့ကို များများအဖော်ပြုပေးဖို့ ငါပြောလိုက်မယ်"

……

All Chapters