← Chapters

Chapter 106

Vol. 9 Ch. 106

Chapter 106

Vol. 9 Ch. 106

အရာရှိလင်းက ဆေးရုံကို ပြန်မလာတာ ရက်အတော်ကြာသွားခဲ့ချေပြီ။ သူပြန်မလာခင်မှာ သူ့အမေဆီမှ ဖုန်းတစ်ကောဝင်လာခဲ့ရာ သူ့ဇနီးက ဒုတိယကလေးမွေးဖို့ သဘောတူပြီလားလို့ မေးနေခဲ့သည်။ သူမသာ သဘောတူပြီဆိုရင် သူ့အမေက ကျွန်းကိုလာဖို့အဆင်သင့်ပါပဲတဲ့လေ။

(T/N: အရာရှိလင်းက မိသားစုခြံဝင်းက အိမ်ကို ပြန်ရမယ်လို့ ထင်တာပဲ၊ ကျိုးမုန့်လန်က သူနာပြုမို့လို့ ဆေးရုံဝင်းမှာ နေတာလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ etranက ဆေးရုံလို့ရေးထားလို့ ဆေးရုံလို့ပဲ ဘာသာပြန်ထားလိုက်ပါတယ်နော်)

အရာရှိလင်းသည် သူနှင့် ကျိုးမုန့်လန်တို့ဟာ အလုပ်ကိုယ်စီရှိနေကြသဖြင့် ကလေးပြုစုပျိုးထောင်ရာတွင် အတွေ့အကြုံမရှိဘူးလို့ တွေးမိနေသည်။ အရင်ကတော့ ကျိုးမုန့်လန်ဟာ အိမ်မှာ ကလေးကို ကောင်းကောင်းမစောင့်ရှောက်တတ်လို့ သူ့အမေက မကျေမနပ်ညည်းညူခဲ့ဖူးသည်။ အခုဆို သူမက သူမသားလင်းယောက်ရန်ကို သည်းမခံနိုင်တော့မှာ ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။

မည်သို့ပင်ဆိုစေကာမူ အရာရှိလင်းအတွက်ကတော့ ဒုတိယကလေးရှိခြင်း မရှိခြင်းဟာ အရေးမကြီးပေ။ ဘာပဲဖြစ်ဖြစ် ကလေးထိန်းရတာ သူမှမဟုတ်ဘဲ။ ကလေးတစ်ယောက်မွေးလာတဲ့အခါ မိသားစုထဲက အမျိုးသမီးကပဲ ပျိုးထောင်ရမှာဆိုတော့ ယောကျ်ားတစ်ယောက်အနေနဲ့ သူ ဘာမှစိတ်ပူနေစရာမလိုဘူးလေ။

အများဆုံးမှ သူ့အမေနဲ့ သူ့မိန်းမ စကားမများအောင်လို့ ဖျောင်းဖျပေးဖို့ပဲလိုတာပေါ့။ သူ့အမေက ကျွန်းကို လိုက်လာတော့မယ့်အကြောင်း တွေးမိသွားတော့ အရာရှိလင်းလည်း ခေါင်းကိုက်နေလေပြီ။

ခေါင်းကိုက်တာဟာ အရင်က လှိုင်းမူးဒဏ်ခံခဲ့ရသလိုမျိုးပဲကွာ။

အရာရှိလင်းက သူ့ခြံတံခါးဝသို့ လျှောက်ဝင်လာကာ အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။ ကျိုးမုန့်လန်တို့ သားအမိနှစ်ယောက်လုံး အိမ်မှာရှိနေလိမ့်မယ်လို့ ခန့်မှန်းရလေရဲ့။

ပထမတော့ အရာရှိလင်းဟာ သူအိမ်ပြန်ရောက်ရင် သူ့သားလင်းယောက်ရန်က သူ့အဖွားအတွက် ထပ်ပြီးငိုယိုနေတာကို ကြားရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကျိုးမုန့်လန်က ကလေးကို ဖက်ထုပ်လုပ်ဖို့ ခေါ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။

"မေမေ သားတို့ ခြံထဲမှာ ပန်းတွေစိုက်ရမလား?"

"ကောင်းပြီ"

…

ကျိုးမုန့်လန်က အရာရှိလင်းကို တွေ့လိုက်ရတဲ့အခါ သူမမျက်နှာပေါ်ကအပြုံးမှာ မှေးမှိန်သွားခြင်းမရှိပေ။ ကျိုးမုန့်လန်က မိသားစုခြံဝင်းရှိ သူမရဲ့နေ့ရက်တွေဟာ ဒီလောက်ပျော်စရာကောင်းမယ်မှန်းသိခဲ့ရင် စောစောစီးစီးလာသင့်တယ်လို့ တွေးနေမိလေရဲ့။

သူမရဲ့ယောက္ခမလည်း အနားမှာမရှိသလို ဒီမှာက မူကြိုကောင်းကောင်းလည်းရှိတယ်။ အခုဆို သားလေးကလည်း နေ့ခင်းဘက်မှာ မူကြိုသွားတော့ သူမလည်း ညဘက်ဆို ကိုယ်တိုင်ကိုယ်ကျ ကလေးထိန်းလို့ရသွားပြီပေါ့။ သားအမိဆက်ဆံရေးကလည်း အရင်ကထက် အများကြီးပိုနီးစပ်လာတယ်လေ။

အရာရှိလင်း: "... ဒါက?"

"ဖေဖေ ပြန်လာပြီ"

လင်းယောက်ရန်က သူ့အဖေကို တွေ့ရတော့ အရမ်းပျော်နေ၍ အော်ခေါ်လိုက်၏။

"သား မေမေနဲ့ ဖက်ထုပ်လုပ်နေတာ!"

လင်းယောက်ရန်ဟာ ယခုအချိန်တွင် လွန်စွာစိတ်လှုပ်ရှားနေလျက်။ သူက မိသားစုခြံဝင်းရဲ့ အကျိုးကျေးဇူးတွေကို ရုတ်တရက်တွေ့ရှိသွားခဲ့ပြီ။ ဒီမှာဆို သူနဲ့အတူတူဆော့ကစားဖို့ ကလေးတွေအများကြီးရှိတာပဲ။

သူ့အဖွားက သူ့အပေါ် ကြင်နာသော်လည်း သူနဲ့ သက်တူရွယ်တူကလေးတွေနဲ့ ဆော့ကစားရတာကို သူပိုကြိုက်တယ်လေနော်။

ရှီးရှီးနဲ့ ကစားရတာလည်း ပျော်စရာကြီး။

အရာရှိလင်း: "... မင်း သူ့အဖွားကို လာစေချင်သလား?"

"မလိုပါဘူး"

ကျိုးမုန့်လန် ပြုံးလျက် : "သားက အခုမူကြိုတက်တာ အဆင်ပြေနေပြီလေ။ မူကြိုမှာ သူက အချိန်ကောာင်းလေးရနေပြီ။ သားက မူကြိုသွားနေပြီဆိုတော့ စိုးရိမ်စရာမလိုတော့ဘဲ အရမ်းအဆင်ပြေနေပြီ၊ ကျွန်မတို့အလုပ်တွေလည်း မနှောင့်နှေးတော့ဘူးလေ"

"နောင်လည်း ဒီလိုပဲဖြစ်လာမှာပဲ"

အရာရှိလင်း အံ့အားသင့်သွားရလျက် "... နောင်လည်း ဒီလိုပဲ?"

"အင်းလေ၊ ရှင့်အမေကို မလာခိုင်းနဲ့တော့"

အရာရှိလင်းက စက္ကန့်အနည်းငယ်ကြာမှ အသိစိတ်ပြန်ဝင်လာကာ "ကောင်းပါတယ်၊ ဒါဆိုလည်း လူကြီးသူမကို ဒုက္ခမပေးကြရအောင်"

"အမှန်ပဲ"

အရာရှိလင်းမှာ သူ့အမေ မလာရင်ကောင်းမယ်လို့ တွေးနေခဲ့သည်ပင်။ ဒီလိုဆို ယောက္ခမနဲ့ ချွေးမ ရန်မဖြစ်ကြရတော့ဘူးပေါ့။

ကျိုးမုန့်လန်က ယခုအချိန်တွင် အလွန်စိတ်အခြေအနေကောင်းနေသည်။

"မိသားစုခြံဝင်းထဲက ညီအစ်မတွေအားလုံးက အရမ်းသဘောကောင်းကြတာပဲ။ ကျွန်မ လောင်လုရဲ့မိန်းမနဲ့ ဆုံခဲ့တာလေ"

"အရာရှိလု, လုယန်ရဲ့ မိန်းမလေ"

"လောင်လုမိန်းမက အသက် ၁၉၊ ၂၀လောက်ပဲ ရှိသေးတာ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဇနီးငယ်ငယ်လေးကို လက်ထပ်နိုင်ခဲ့တာလဲနော်?"

"ဒီတစ်ခါတော့ လောင်လုမိန်းမကို ကျေးဇူးတင်ရမှာပဲ"

"နောက်တစ်ခါ လောင်လုနဲ့ သူ့မိန်းမကို ကျွန်မတို့အိမ်မှာ ညစာစားဖို့ ဖိတ်ကြတာပေါ့"

…

အရာရှိလင်းမှာ ဇနီးဖြစ်သူ ကျိုးမုန့်လန်ရဲ့ စကားအတွဲလိုက်ကြီးကို ကြားလိုက်ရတဲ့အခါ စိတ်ရှုပ်ထွေးသွားရ၏။

လောင်လု? လောင်လုမိန်းမ? လုယန် ? ! !

ငါတို့က သားလေးနဲ့ သူ့အဖွားအကြောင်း ပြောနေတာမဟုတ်ဘူးလား? လောင်လုမိန်းမက ဘယ်ကပါလာရတာတုန်းဟ?!

လောင်လုကို ထမင်းဖိတ်ကျွေးရမယ်? လုယန်ကိုလေ? ညစာဖိတ်ကျွေးရမှာလား?

အရာရှိလင်း: "…"

တစ်ခုခုတော့ မှားနေပြီမှန်း အရာရှိလင်း ရုတ်တရက် သဘောပေါက်သွားလေပြီ။

သူ အရင်တုန်းက လုယန်အကြောင်းတွေအများကြီး သူ့မိန်းမကို ပြောပြထားခဲ့၏။ အကြောင်းမှာ လုယန်ဟာ အလုပ်လုပ်ရာတွင် အလွန်တော်ပြီး သူ့ရဲ့တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်တတ်သောကြောင့်သာ။ အရာရှိလင်းဟာ ကနဦး၌ အနည်းငယ်စိတ်မချဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒီလူငယ်လေးဟာ အရမ်းတော်မှန်း သိသွားခဲ့ရသည်။

သူ့ဆီကနေ အများကြီး သင်ယူခဲ့ပေမယ့်...

ဇနီးဖြစ်သူနှင့် စကားစမြည်ပြောချိန်မှာတော့ သူ့မျက်နှာသူ အဖတ်ဆယ်ရန်အလို့ငှာ အရာရှိလင်းက လုယန်ကို လောင်လုလို့ အမြဲခေါ်ဆိုခဲ့ပြီး လုယန်ဟာ အတွေ့အကြုံများတဲ့ လူကြီးတစ်ယောက်လိုမျိုး ပြောပြခဲ့လေသည်... သူ့မိန်းမက လုယန်ဟာ သူ့ထက် အသက်ကြီးတယ်လို့ အထင်လွဲနေခဲ့တာတောင်မှ သူ အများကြီးမရှင်းပြခဲ့ပေ။

အဟွတ်....

အရင်တုန်းကတော့ ကျိုးမုန့်လန်က ဒီမှာမရှိဘူးလေ၊ လုယန်အသက်ဘယ်လောက်ရှိပြီမှန်း သူမ ဘယ်လိုလုပ်သိမှာလဲ?

အရာရှိလင်းဟာ ရဲဘော်လုက သူ့မိသားစုကို သိပ်ဂရုမစိုက်တတ်ဘဲ သူ့အလုပ်တွင်သာ မြှုပ်နှံထားတတ်သူဖြစ်လို့ ပြီးခဲ့တဲ့နှစ်ကမှ အိမ်ထောင်ပြုခဲ့ကြောင်း ကြုံရာကျပန်း နည်းနည်းပါးပါး မှတ်ချက်ပေးခဲ့ဖူးပေသည်။

အရာရှိလင်း: "…"

အခု သူ့မိန်းမက လောင်လုရဲ့မိန်းမနဲ့ ဆုံပြီးသွားပြီပေါ့?

ပြီးသွားပြီ။

လူတွေက ပေါ့ပေါ့လေး မလိမ်သင့်ဘူးပဲကွာ။ သူ့မိန်းမက တပ်မတော်ထဲလိုက်ခဲ့ဖို့ သဘောတူလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူးလေ။ အခုတော့...

အရာရှိလင်းက သူ့မျက်နှာကို အုပ်ထားမိလျက်။ သူပြောခဲ့တဲ့စကားတွေက ရေလိုပဲ သွန်ထုတ်လိုက်ပြီးရင် ပြန်ယူလို့မှမရနိုင်တော့ဘဲ။

"ရှင် လောင်လုကို အိမ်မှာ ထမင်းလာစားဖို့ ဘယ်တော့ဖိတ်မှာလဲ? သူ့မိသားစုက အဆင်ပြေတယ်လို့ ကျွန်မထင်တယ်နော်"

"...အေးပါ၊ နောက်မှ အဲဒါကိုပြောကြတာပေါ့ လောင်လု ရဲဘော်လုယန်က မကြာသေးခင်ကမှ အလုပ်များနေတာလေ"

"သူ့မိန်းမက ကိုယ်ဝန်ရှိနေတော့ သူအိမ်ပြန်ပြီး သူ့မိန်းမကို ကြည့်ရှုရမယ်တဲ့။ သူ့မိန်းမ ရှောင်ချင်းက အရမ်းလှတော့ လောင်လုက အလုပ်ကြိုးစားရမှာပေါ့ကွာ၊ မဟုတ်ရင် ဒီလောက်လှပတဲ့ မိန်းကလေးရှောင်ချင်းကို သူ ဘယ်လိုလက်ထပ်နိုင်မှာလဲ?"

"ရှောင်ချင်းလည်း အလုပ်ကြိုးစားတယ်နော်။ သူမလည်း တူလေးနှစ်ယောက်ကို ထိန်းပေးနေတာလေ။ ကံကောင်းထောက်မလို့ ဒီတူလေးနှစ်ယောက်က တော်တော်လေးလိမ္မာကြတယ်။ သူမက ကလေးတွေကို ကောင်းကောင်းပျိုးထောင်တတ်တယ်။ တကယ်လို့ ကျွန်မသာ သူမနဲ့မတွေ့ခဲ့ရင် ကလေးဘယ်လိုထိန်းရမယ်ဆိုတာ ကျွန်မတကယ်သိမှာမဟုတ်ဘူး"

"အခု ကျွန်မတို့သားက မိသားစုခြံဝင်းထဲက ကလေးတွေနဲ့ ကောင်းကောင်းဆော့နေပြီလေ။ ဒီမှာ မူကြိုကလည်း နီးနီးလေးဆိုတော့ အရမ်းအဆင်ပြေတယ်"

"ဒီလိုဇနီးချောချောလေးနဲ့ လက်ထပ်ထားတာဆိုတော့ သူမကို ချစ်ပေး၊ ဂရုစိုက်ပေးရမယ်လို့ ရှင် သူ့ကိုပြောပြရမယ်နော်။ သူ့မှာမိသားစုတစ်ခုရှိလာပြီဆိုရင် သူ့မိန်းမကို သူပိုပြီးဂရုစိုက်သင့်တာပေါ့"

"အမှန်အတိုင်းပြောရရင် ရှောင်ချင်းကို ကျွန်မ လေးစားမိတယ်။ သူမအမျိုးသားက မကြာခဏ အိမ်မပြန်လာပေမယ့် သူမကတော့ မိသားစုကို ကောင်းကောင်းဂရုစိုက်နေတုန်းပဲ။ ကျွန်မ သူမဆီကနေ သင်ယူရမယ်"

ကျိုးမုန့်လန် ထိုအကြောင်းကို ပိုတွေးလေလေ ချင်းရို့ကို ပိုသဘောကျလေလေဖြစ်သည်။ အရာရှိလင်း ပြောခဲ့ဖူးတဲ့ လောင်လုအကြောင်း သူမတွေးမိတဲ့အခါ ဒီမိန်းမလှလေးရှောင်ချင်းအတွက် မလွယ်ကူဘူးလို့ ခံစားလိုက်ရ၏။ သူမထက် အသက်အများကြီး ကြီးတဲ့သူကို ဘယ်လိုလုပ်ပြီးလက်ထပ်လိုက်ရတာတုန်း?

အရာရှိလင်းရဲ့ ဦးရေပြားမှာ ထုံကျင်လာကာ "...ဒီအကြောင်း နောက်မှပြောကြတာပေါ့ကွာကွာ။ ဒီရက်ပိုင်း ငါအလုပ်များနေလို့"

"ရှင်တို့ယောက်ျားတွေဟာလေ အလုပ်များနေတယ်ဆိုပြီး မိသားစုကို ဘယ်တော့မှဂရုမစိုက်ကြဘူး"

…

All Chapters