Chapter 107
Vol. 9 Ch. 107
ကျိုးမုန့်လန်က သူတို့အိမ်မှာ ညစာလာစားဖို့အတွက် လုမိသားစုကို ဖိတ်ရန် စီစဉ်နေဆဲ။ နောက်တစ်နေ့ညနေခင်းတွင် မိသားစုခြံဝင်းထဲ၌ ရှောင်ချင်းနှင့်အတူတူ လမ်းလျှောက်နေသော ငယ်ငယ်ချောချော အမျိုးသားအရာရှိတစ်ယောက်ကို တွေ့လိုက်ရ၏။ ကြည့်ရတာ သူတို့က ကမ်းခြေမှာ လမ်းသွားလျှောက်မယ့်ပုံပဲ။
ထိုလူငယ်က အဖြူရောင်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားကာ သူ့ရဲ့မျက်နှာသွင်ပြင်မှာ အလွန်တရာချောမောလှ၏။ အဖြူရောင်ဦးထုပ်အောက်တွင် ဓားပုံသဏ္ဍာန်မျက်ခုံးနှင့် ကြယ်လိုမျက်လုံးတို့ဟာ ညနေခင်းနေရောင်အောက်တွင် ရွှေရောင်အလွှာဖုံးအုပ်ထားသည့်နှယ်ဖြစ်နေကာ သူ့ကို ပိုလို့တောင် ချောမောစေလျက်။
သူ့လက်မောင်းတွေက သူ့ဘေးနားက အမျိုးသမီးကို ကာကွယ်ပေးထား၏။ အမျိုးသမီးရဲ့ ဝမ်းဗိုက်လေးက စူဖောင်းနေကာ သူမရဲ့ အနက်ရောင်ဆံနွယ်ရှည်ရှည်လေးတွေကို အနောက်ပြန်ပို့လိုက်သဖြင့် ဆီဆေးပန်းချီကားအလား အရောင်အသွေးစုံလှပချောမောလှတဲ့မျက်နှာလေး ပေါ်ထွက်လာပါတော့သည်။
သူမရဲ့ မျက်လုံးတွေဟာ နေဝင်ချိန်နေရောင်အောက်၌ အထူးတလည် လှပလွန်းနေလျက်။
မိန်းမတစ်ယောက်အနေနဲ့ ကျိုးမုန့်လန်ဟာ စစ်ယူနီဖောင်းနဲ့ လူချောလေးကို ထပ်မကြည့်ဘဲမနေနိုင်ဖြစ်နေခဲ့ပေမယ့် လောလောဆယ်တော့ ကျိုးမုန့်လန်ရဲ့ အကြည့်တွေက မိန်းမလှလေးဆီမှ မခွာနိုင်ဖြစ်နေလေပြီ။
သူမဟာ တကယ့်ကို ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းနေကာ မိန်းမအချင်းချင်းဆိုရင်တောင်မှ ဒီလိုအလှတရားမျိုးကို သဘောမကျမိဘဲမနေနိုင်ပါချေ။
ဒါ လောင်လုမိန်းမရှောင်ချင်းပဲ။
ရှောင်ချင်းဟာ ချောမောလှပရုံသာမက အသံလည်းကောင်းပြီး အရင်က အနုပညာအဖွဲ့မှာ သီချင်းဆိုခဲ့ဖူးကာ အခုတော့ ကြေငြာသူတစ်ဦးဖြစ်နေပြီဆိုတဲ့အကြောင်း ကြားသိခဲ့ရသည်။
ဒါပေမယ့်... သူမဘေးနားက လူချောလေးနဲ့ ဘယ်လိုဖြစ်ပြီး တအားရင်းနှီးနေရတာလဲနော်?
သူမက လောင်လုမိန်းမ မဟုတ်ဘူးလား?
ကျိုးမုန့်လန် အံ့အားသင့်သွားရသော်လည်း ချင်းရို့က သူမကို မြင်လိုက်တဲ့အခါ အစပြုနှုတ်ဆက်လာခဲ့သည်။
"အမကျိုးရေ သူက ကျွန်မရဲ့ လောင်လုလေ!!"
ချင်းရို့က လောင်လုကို အလေးထားနှုတ်ဆက်ပေးလိုက်၏။
ကျိုးမုန့်လန်: "???!!!"
ဒါက လောင်လုလား ? ? ? ! !
"နင့်လောင်လုက အရမ်းငယ်တာပဲနော်"
ချင်းရို့ ပြုံးလျက် "သူက တော်တော်ငယ်တာပေါ့။ အခု သူ့အသက်က ၂၀ကျော်နေပြီဆိုပေမယ့်လို့ ၁၈၊ ၁၉အရွယ် လူငယ်လေးနဲ့ တူနေတုန်းပဲလေ"
အခြေစိုက်စခန်း၌ လူငယ်များစွာရှိပေသည်။ မနက်တိုင်း စောစောထပြီး တောင်ပေါ်ပြေးတက်ကာ အမြင့်တစ်နေရာမှာ မတ်တပ်ရပ်၍ လူငယ်တစ်စု မနက်ခင်းလေ့ကျင့်ရေးလုပ်နေတာကို သွားကြည့်ဖို့ သူမလည်း ဆန္ဒရှိလေရဲ့။
ကျစ် ကျစ် ...
သို့ရာတွင် ယေဘူယအားဖြင့်တော့ ဒီလိုအကျိုးကျေးဇူးမျိုးကို မိန်းမငယ်လေးတွေပဲ ခံစားနိုင်တာပေါ့လေ။ သူမလို အိမ်ထောင်ရှင်မတွေအတွက်ကတော့ ဒီလိုအရာတွေကြည့်ဖို့ ရှက်စရာကောင်းတယ်လေနော်။
ချင်းရို့က အမှန်တကယ်တော့ ကမ်းခြေမှာ စစ်သားတွေ လေ့ကျင့်ခန်းလုပ်နေတာကို နည်းနည်းစပ်စုလိုသော်လည်း သူတို့ကို ကြည့်ဖို့ ရှက်မိတယ်လေ။ လုယန်ကို အဲဒီအကြောင်းပြောပြတဲ့အခါ သူက သဝန်တိုသွားပါလေရော။
"ကိုယ် မင်းအတွက် လုပ်ပြမှာပေါ့"
သူက သူမအား ကိုယ်တိုင်ကိုယ်ကျလုပ်ပြခဲ့ပြီး အဆုံးထိ "လုပ်ပြတယ်"ဆိုတဲ့စကားလုံးကို အကောင်အထည်ဖော်ခဲ့လေရဲ့။
ချင်းရို့: "…" သူမတော့ ပြောတောင်မပြောရဲတော့ပါဘူးနော်။
"သူက အသက်၃၀နီးပါးဆိုတော့ ငါ့ရဲ့လောင်လင်းထက် ငယ်တာပေါ့။ အခု သူက ၂၀ကျော်ထဲမှာလား?"
ကျိုးမုန့်လန်မှာ အံ့အားသင့်သွားရလျက်။ သူက ဘယ်လိုလုပ်ပြီး လောင်လင်းထက် ပိုငယ်နေရတာတုန်းဟ?!
ဒါက အဲဒီရဲဘော်လု မဟုတ်ဘူးလား? သူက အရမ်းအသက်ကြီးပုံမပေါ်ဘူးလေနော်။
လုယန် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"၂၆နှစ်ပါ"
"ဒါ... အရမ်းငယ်တာပဲ?!"
ယခုအချိန်တွင် ကျိုးမုန့်လန်တစ်ယောက် သူမအရှေ့ကလူဟာ လောင်လင်းပြောဖူးတဲ့ လောင်လုဟုတ်လား မဟုတ်လား သိချင်နေမိလေပြီ။
လောင်လုက ဒီလောက်ငယ်တာလားဟ!
ကျိုးမုန့်လန်: "…"
"လောင်လုရေ ကျွန်မတို့အိမ်မှာ ညစာလာစားဖို့ ရှောင်ချင်းကိုခေါ်ခဲ့ဦး။ ရှောင်ချင်းကို ကျေးဇူးတင်ရမယ်..."
သူတို့နှုတ်ဆက်ခဲ့ကြပြီးနောက် ကျိုးမုန့်လန်ဟာ လောင်လုတို့ဇနီးမောင်နှံအကြောင်း လောင်လင်းအား အလေးအနက်မေးမြန်းခဲ့ရာ သူမရဲ့လောင်လင်းကမှ နောက်ကွယ်မှာ လျှောက်ပြောတဲ့သူဖြစ်နေမှန်း သိလိုက်ရတော့သည်။
"ကျစ် ကျစ် ကျစ် အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
အရာရှိလင်း : "ငါဘာပြောခဲ့လို့လဲ? ငါဘာမှမှားမပြောဘူးလေ ဟုတ်တယ်မလား? ငါ သူ့ကို ယဥ်ယဥ်ကျေးကျေးနဲ့ လောင်လုလို့ ခေါ်နေကြပဲကွ"
"ရှင် လောင်လုရဲ့ တစ်ဝက်လောက်ကြည့်ကောင်းရင် ဒုတိယကလေးမပြောနဲ့၊ တတိယကလေး၊ စတုတ္ထကလေးတောင် ကျွန်မမွေးပေးဦးမှာ"
အရာရှိလင်းတစ်ယောက် လက်ဖက်ရည်သီးလုမတတ်ဖြစ်သွားရလျက်။
"ဒီမိန်းမကတော့... မင်း ဘာစကားပြောလိုက်တာတုန်းကွ??!!"
ချင်းရို့က လုယန်နဲ့အတူတူ ကမ်းခြေမှာ လမ်းလျှောက်နေရင်း သူ ငယ်ငယ်တုန်းက တခြားသူတွေနဲ့ မိသားစုလုပ်တမ်းဆော့ခဲ့ဖူးလားလို့ မေးမြန်းလိုက်၏။
လုယန် စိတ်ရှုပ်ထွေးစွာဖြင့် "ကိုယ် လူတွေနဲ့ အဲဒီကစားနည်းကို ကစားလိမ့်မယ်လို့ မင်း ဘာလို့ထင်တာလဲ?"
"ဒီတိုင်းမေးကြည့်တာပဲ၊ ဒီရက်ပိုင်း ကလေးလေးတွေက အဲဒါပဲဆော့နေကြလို့လေ"
ချင်းရို့ သူ့ဗိုက်ကို လက်ညိုးနဲ့ တို့ထိလိုက်ကာ "ရှင် အဲဒါတွေမကစားခဲ့ရင် ဒါဆို ဘာတွေဆော့ခဲ့တုန်း?"
လုယန်က သူ့ရဲ့ညာလက်ဖြင့် ပစ္စတိုသေနတ်ပုံစံ လက်ဟန်ခြေဟန်ပြကာ
"ဒါပေါ့ ကိုယ်က ယောကျ်ားတွေကြားက တိုက်ခိုက်တဲ့ဂိမ်းတွေပဲဆော့တာလေ"
"ရန်သူကို ဖျက်ဆီးပစ်လိုက်"
ချင်းရို့ ခေါင်းညိတ်နေရင်း "ဒါက အရမ်းမိုက်တာပါပဲ"
လုယန်: "ကိုယ် အမြဲကံကောင်းလို့ သစ္စာဖောက်ကဒ်ကို ဘယ်တော့မှ မဆွဲမိခဲ့ဘူးလေ"
ချင်းရို့: "…"
အဲလိုဆိုရင်တော့ ဒါဟာလည်း မိသားစုလုပ်တမ်းကစားနည်းနှင့် သိပ်တော့မကွာဘူးပဲ။ ဒါပေမဲ့ ဒါကတော့ မှုခင်းအမျိုးအစားပေါ့လေနော်။
"ကိုယ့်ရဲ့ စတုတ္ထမြောက်အစ်ကိုက သစ္စာဖောက်ကဒ်ကို အမြဲတမ်းဆွဲမိတယ်လေ၊ ကိုယ့်တတိယအစ်မကလည်း သူ့ကို အလေးအနက်ကြီး လိုက်ပစ်ရော။ သူမက သစ္စာဖောက်ကို သေနတ်နဲ့ပစ်ရတာ အကြိုက်ဆုံးပဲ"
"ဒါဆို ရှင်က ဘေးကနေ ကြည့်ရုံကြည့်နေရတာလား?"
"ကိုယ်က သေနတ်ကမ်းပေးတာ"
*
ချင်းရို့တစ်ယောက် လုယန်ရဲ့ ကလေးဘဝအကြောင်းကို နားထောင်နေရင်း သူ့ဆီမှာ ညီအစ်ကိုမောင်နှမတွေအများကြီးရှိတာကို နည်းနည်းမနာလိုဖြစ်သွားရ၏။ အရမ်းသက်ဝင်လှုပ်ရှားနေမှာပဲနော်။
သူမက လောလောဆယ် အမြွှာကိုယ်ဝန်ဆောင်ထားရ၍ ကလေးတွေမွေးလာတဲ့အခါ ဒရာမာကွင်းတွေ၊ ဒရာမာကင်းတွေဖြစ်မယ်ဆိုရင်တောင်မှ ကိစ္စမရှိပါဘူးလေ၊ သူတို့နှစ်ယောက် အတူတူဖျော်ဖြေနိုင်တာပေါ့။
ကြည့်ရတာ အရမ်းရယ်ဖို့ကောင်းနေမှာပဲနော်။
လုယန်က သူမရဲ့ ခါးလေးကို ပွေ့ဖက်ကာ ခေါင်းငုံ့၍ နဖူးလေးကို နမ်းလိုက်သည်။ သူမ အနောက်ဘက်ရှိ ပင်လယ်ရေတွေက ကမ်းခြေဆီ ညင်ညင်သာသာ ရိုက်ခတ်လာသလို ပင်လယ်လေညင်းလေးတွေကလည်း ထိုအခိုက်အတန့်တွင် ပိုမိုအားကောင်းလာကာ သူတို့ရဲ့ အဝတ်အစားတွေကို လေတိုးလာလေ၏။ ချင်းရို့က ပြေကျလာတဲ့ သူမရဲ့ ဆံပင်ရှည်ရှည်တွေကို ထိန်းကိုင်ထားလိုက်ရသည်။
"မင်းရော? မင်း ငယ်ငယ်တုန်းက ဘာဆော့ကစားရတာကြိုက်လဲ?"
"ကြိုးခုန်တာလေ၊ ကျွန်မက ခါးကောင်းတော့ အမြင့်ကြီးကို ခုန်နိုင်တယ်"
လုယန်က သူမကို အပြုံးလေးနဲ့ ခဏလောက်ကြည့်နေပြီးမှ လေးလေးနက်နက်ထောက်ခံစွာဖြင့် "တော်တော်ကောင်းပါတယ်"
ချင်းရို့ သူ့ခါးကို ဆွဲဆိတ်လိုက်ရင်း "ရှင် ဘာတွေတွေးနေတာတုန်း?"
"ကိုယ်က ကိုယ့်အတွေ့အကြုံအရ ပြောတာပါကွာ"
"ပြောကြည့်၊ မင်းရဲ့ လုကောရဲ့ ခါးကရော ကောင်းတယ်လို့ ထင်လား?"
"မကောင်းပါဘူးနော်"
"ဒါဆို ကိုယ် ပိုကြိုးစားလေ့ကျင့်ရတော့မှာပေါ့၊ ကိုယ့်ဇနီးလေးမကြိုက်အောင် လုပ်လို့မဖြစ်ဘူးကွာ"
"ပြဿနာမရှာနဲ့တော့၊ ကလေးတွေ အပြင်ထွက်လာတဲ့အထိစောင့်ဦး။ ကလေးတွေ ဆော့တဲ့အခါကျ ကျွန်မ ရှင့်ကို သစ္စာဖောက်အဖြစ်ဆော့ခိုင်းပါ့မယ်နော်"
"ကိုယ်က အဘိုးဖြစ်ချင်တာ၊ အဖိုးလုက အဖွားချင်းကို စောင့်ရှောက်ပေးရမှာပေါ့..."
……