← Chapters

Chapter 109

Vol. 10 Ch. 109

Chapter 109

Vol. 10 Ch. 109

ဟွမ်ရှင်းရင်က ခြံဝင်းထဲမှာထိုင်လျက် ပင်လယ်လေညင်းကို ခံစားနေရင်း အိမ်နီးချင်းရှောင်ချာကျင်းပေးထားတဲ့ *ဖုန့်ဟွမ်တန့်ချုံးလက်ဖက်ရည်ကို သောက်နေခဲ့သည်။ လက်ဖက်ရည်ဟာ သူမပါးစပ်ထဲသို့ ဝင်လာသည်နှင့် ရှောင်ချာကျင်းရဲ့ ပျော်ရွှင်မှုတွေကို ရုတ်တရက် ခံစားမိသွားရချေပြီ။

(*ဖီးနစ်တံဆိပ်oolong tea)

ကျန်းမိသားစုဟာ ချိုမြိန်နေပြီး သူတို့က ကွမ်ချန်မှာ ကင်မရာတစ်လုံးဝယ်လာပေးဖို့ တစ်ယောက်ယောက်ကိုတောင် အကူအညီတောင်းခဲ့ပြီး ခြံထဲမှာ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြသည်။

ကျန်းချန်ပေ့ အိမ်မှာရှိနေသရွေ့ သူက ခြံထဲမှာနေရင်း သူဒီခြံဖြစ်လာဖို့ ဘယ်လောက်ကြိုးစားထားခဲ့ရကြောင်း ဖြတ်သွားဖြတ်လာတိုင်းကို ကြွားဝါပေလိမ့်မည်။

ကျန်းချန်ပေ့ သူ့ဦးထုပ်အစွန်းကိုမြှောက်၍ ဘေးအိမ်က တဖြည်းဖြည်း ဖရိုဖရဲဖြစ်လာတဲ့ခြံကို ကြည့်ကာ အကြိမ်အနည်းငယ် လျှာတောက်လိုက်သည်။

ယခုတော့ ဘေးအိမ်က ရဲဘော်ရှောင်လုနှင့် သူ စကားပြောချင်နေသလို ရဲဘော်ရှောင်လုအရှေ့မှာ သူ့မိန်းမထံ ပန်းတွေပို့ပေးချင်နေတာလေ။

"လုယန်! ရှောင်လု! လုယန်!!"

"ဟေး ခေါင်းဆောင်လုရေ!"

…

ကံမကောင်းတဲ့မိသားစုရဲ့ ခေါင်းဆောင်လု-ရှောင်လုကတော့ သူ့ကို လစ်လျူရှုထားခဲ့သည်။ သူ့ဇနီးလေးက ကိုယ်ဝန်၇လရှိလာပြီဆိုတော့ အခု သူက သူမကိုသာ ဂရုစိုက်နေလေရဲ့။ သူက အမြဲတမ်း သူ့ဇနီးလေးအနားမှာ ရှိနေတာဖြစ်ပြီး ရံဖန်ရံခါ သူ မိသားစုခြံဝင်းကို စောစောပြန်ရောက်လို့ သူ့ဇနီးလေးက အလုပ်မှာပဲရှိနေသေးတာဆိုရင် သူမကို အလုပ်လာကြိုဖို့ ရောက်လာပေလိမ့်မည်။

ကျန်းချန်ပေ့လက်ထဲက ပန်းတွေ ညှိုးနွမ်းသွားခဲ့ရပြီ။

ကျန်းချန်ပေ့: "... "

ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲကွာ။

ထားလိုက်ပါတော့။

ခြံထဲ၌ ချစ်ကြည်နူးနေတဲ့စုံတွဲလေးက ကိုယ်ဝန်ဆောင်ပညာရေးအပေါ်မှာသာ အာရုံစိုက်နေကြလျက်။ ရှောင်ချင်းက သူမရဲ့ဗိုက်ထဲက ကလေးလေးတွေနဲ့ ဆက်သွယ်ကြည့်ဖို့ အဖေဖြစ်တဲ့လုယန်ကို ပြောလိုက်၏။

သူမက လုယန်အား ဗိုက်ထဲက ကလေးလေးတွေကို စကားပြောခိုင်းသလို သီချင်းဆိုခိုင်းလိုက်ရာ...

ဟုတ်တာပေါ့... အရာရှိလေးဟာ သီချင်းဆိုရာမှာ သံစဥ်မမိသော်လည်း လေးလေးနက်နက် သီဆိုနေခဲ့တာပါပဲ။ ဒီလိုနဲ့ သီချင်းဆိုခြင်းတာဝန်ဟာ ရှောင်ချင်းအပေါ်သာ ကျရောက်သွားတော့သည်။

သို့သော် ခေါင်းဆောင်လုဆီမှာ အရည်အချင်းတစ်ခုရှိပါသေးသည်။ သူက တယောထိုးတတ်သည်ပင်။

အရမ်းကြီးမကျွမ်းကျင်သော်လည်း အနည်းဆုံးတော့ သံစဥ်မိအောင် တီးခတ်နိုင်လေ၏။

ယခုအချိန်၌ တခြားမိသားစုတွေရဲ့ ကလေးတွေတော်တော်များများဟာ တယော၊ အကော်ဒီယံစသည်တို့ကို သင်ယူနေခဲ့ကြပြီ။ အထူးသဖြင့် ကာနယ်တွေ၊ အလုပ်သမားတွေရဲ့ ကလေးတွေပါပဲ။ ယခုအချိန်တွင် ယဥ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများစွာ ရှိလာပြီဖြစ်သောကြောင့် ဒီလိုကျွမ်းကျင်မှုတစ်မျိုးသင်ယူလေ့လာပြီးတဲ့နောက် *သံထမင်းပန်းကန်တွေကို စားဖို့ပိုလွယ်ကူတယ်လေ။

(T/N: အစိုးရအလုပ်ရဖို့လွယ်တယ်ပြောတာပါ)

လုမိသားစုတစ်ခုလုံး အနုပညာပိုးလုံးဝမရှိခဲ့ပေ။ လုယန်တစ်ယောက်သာ မိသားစုရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။

ဟုတ်တာပေါ့၊ အဆုံးမှာတော့ တစ်ခုတည်းသော မျှော်လင့်ချက်လေးဟာလည်း အားလျော့သွားခဲ့ရသည်။

မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပေမယ့် ကျွမ်းကျင်မှုကတော့ ရှိနေဆဲပင်။ ရိုးရိုးရှင်းရှင်းကလေးချော့တေးသွားတွေကို တီးခတ်ဖို့ ပြဿနာလုံးဝမရှိပါဘူး...

ဒါပေမယ့်...

ချင်းရို့: "..." ဒါက တကယ့်ကို ဆိုးရွားနေတာပဲဟ!

ချင်းရို့က လုယန်လက်ထဲမှ တယောကို ဆွဲလုကာ ကလေးလေးတွေအတွက် တီးခတ်ပေးချင်ခဲ့သည်။

မူကြိုဆရာမက ထပ်ပြီးနားမထောင်နိုင်တော့ဘူးလေနော်။

ထားလိုက်ပါတော့၊ သည်းခံရမယ်....

ဂီတသံစဥ်က သိပ်မကောင်းသော်ငြား ကိုယ်ဝန်ဆောင်ပညာရေးမှာ ဖခင်ဖြစ်သူကို ပါဝင်ခွင့်ပေးဖို့ လိုအပ်လေ၏။ ဒီလိုမျိုးအလေ့အကျင့် အပြုအမူတွေဟာ မိဘနဲ့ ကလေးတွေကြားထဲက ဆက်ဆံရေးကို မြှင့်တင်နိုင်သည်ပင်။

အနည်းဆုံးတော့ ကလေးလေးတွေက သူတို့အဖေရဲ့ တယောသံကို ကြားရင် "စိတ်လှုပ်ရှား"နေကြရောပဲ။

ချင်းရို့ရဲ့ ဗိုက်ဟာ ဟိုနေရာ ဒီနေရာမှ ဖောင်းထွက်လာလိမ့်မယ်။ ကလေးလေးတွေက သူတို့အဖေနဲ့ ဆက်သွယ်ကြဖို့ စိတ်လှုပ်ရှားနေတတ်ကြတယ်လေ။ ချင်းရို့နဲ့ လုယန်တို့ကလည်း သူမရဲ့ဗိုက်ပေါ်မှတစ်ဆင့် ကလေးလေးတွေနဲ့ high-fiveလုပ်ပေးတတ်ကြသည်။

ကလေးလေးတွေက မိခင်ဝမ်းဗိုက်မှတစ်ဆင့် သူတို့မိဘတွေနဲ့ အပြန်အလှန်ဆက်ဆံရတဲ့ ဒီလိုhigh-fiveဂိမ်းကို အလွန်နှစ်သက်ကြလေ၏။

သူတို့အဖေရဲ့ တယောသံကို နားထောင်ရတဲ့အချိန်တိုင်း အလွန်စိတ်လှုပ်ရှားစွာ တက်တက်ကြွကြွ လှုပ်ရှားပေလိမ့်မည်။ ဖြစ်နိုင်တာကတော့ ကလေးတွေက အဲဒါဟာ အရမ်းဆိုးရွားလို့ သောင်းကျန်းနေတာ၊ ဒါမှမဟုတ် သဘောကျလွန်းလို့ လက်ခုပ်တီးနေတာဖြစ်မှာပေါ့လေ။

ယခုလနောက်ပိုင်းတွင် သန္ဓေသားလှုပ်ရှားမှုတွေ မကြာမကြာ ရှိလာခဲ့ပြီဖြစ်သလို ချင်းရို့က တစ်နေ့တာလုံး သူတို့ရဲ့တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်နေခဲ့ပြီ။

ကလေးလေးနှစ်ယောက်ဟာ သူတို့မိဘတွေနဲ့ ဆက်သွယ်ရတာကို အလွန်သဘောကျကြသည်ပင်။ သူတို့လေးတွေက ကမ္ဘာကြီးကို ကောင်းစွာနားလည်နေပြီဖြစ်သလို ပြင်ပကမ္ဘာကြီးရဲ့ အသံတွေကိုပါ ကြားနိုင်သည့်အပြင် အလင်းရောင်တည်ရှိနေတာကိုလည်း ခံစားနိုင်နေခဲ့ပြီ။

ချင်းရို့က ပိပိပုစွန်နှစ်ကောင်မွေးလာမယ့်အကြောင်းကို စိတ်မပူတော့ပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေက သူမကိုယ်တိုင်လွယ်ထားပြီးမွေးမယ့် သူမရဲ့ကလေးပဲလေ မဟုတ်ဘူးလားနော်?

ကလေးလေးတွေဟာ တက်ကြွရွှင်လန်းတဲ့ ကလေးလေးတွေဖြစ်ပါစေလို့ပဲ သူမဆုတောင်းမိပါရဲ့။ သူတို့လေးတွေ ဆိုရှယ်မကောင်းဘူး ဒါမှမဟုတ် သီချင်းမဆိုနိုင်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူးလေ၊ သူတို့လေးတွေဆီမှာ သူတို့အဖေရဲ့အမွေရှိနေဦးမှာပဲနော်။

သူမကတော့ ရွှင်လန်းတက်ကြွတဲ့ ကလေးလေးတွေဖြစ်လာဖို့ပဲ မျှော်လင့်ထားပါတယ်။

လုယန် တယောထိုးနေချိန် သူမရဲ့ ယောက္ခမနှင့် တူဖြစ်သူ ရှမင်ရှီးတို့ဟာ အလွန်စိတ်လှုပ်ရှားနေလျက်။ အကြောင်းကတော့ သူတို့လုမိသားစုမှာ ဂီတစွမ်းရည်လုံးဝမရှိသော်လည်း သူတို့အားလုံးက အနုပညာရှင်ဖြစ်လာဖို့ ဆန္ဒရှိနေတာကြောင့်ပင်။

သူတို့အားလုံး တယောထိုးဖို့ အပြေးအလွှားဖြစ်နေကြလျက်။

"ငါ့ကိုစမ်းကြည့်ခွင့်ပေးဦး! ငါလည်းတယောထိုးချင်တယ်!"

"သားလည်းစမ်းကြည့်မယ်!!!"

ချင်းရို့က သူ့ယောက္ခမဖြစ်သူနဲ့ ရှမင်ရှီးတို့ တယောထိုးတာကို နားထောင်ပြီးတဲ့နောက် လုယန်ရဲ့စကေးတွေဟာ အတော်လေးကောင်းနေပြီလို့ ခံစားလိုက်ရ၏။

လုမိသားစုထဲမှာ လုကောကသာ အရည်အချင်းအရှိဆုံး တယောဆရာတစ်ယောက်ပဲ။

လုကျုံးရီသည် အသက်ကြီးခါမှ "*ဒုတိယမြောက်နွေဦး"ကို ရှာဖွေတွေ့ရှိသွားသည့်နှယ် တယောထိုးခြင်းကို သဘောကျသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ကမ်းခြေရှိတာကြောင့် သူ ကမ်းခြေမှာ တယောသွားထိုးတတ်သဖြင့် လူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့အတွက် သူ့ကို မည်သူမှ အပြစ်တင်ပြောဆိုခြင်းမရှိကြပေ။

(*ဒုတိယမြောက်အချစ်)

ပင်လယ်လှိုင်းလုံးများကသာ ကျောက်ဆောင်များပေါ်သို့ တဟုန်ထိုးတက်တက်လာကာ သူ့ကို ဒေါသတကြီး အော်ဟစ်နေသည့်အလား - ဆိုးရွားလွန်းတယ်၊ ဆိုးရွားလိုက်တာ၊ ဆိုးရွားလိုက်တာ...

သို့သော် ပင်လယ်ကြီးဟာ ဘာမှမတတ်နိုင်ပါသဖြင့် ကျောက်ဆောင်ကိုပဲ ဒေါသတကြီး အပြေးလာလာနေခဲ့ရတော့သည်။

ရဲဘော်လောင်လုကတော့ ပင်လယ်ကြီးအရှေ့မှာ ပျော်ရွှင်စွာ ဆက်လက်တယောထိုးနေခဲ့သည်။

ရှမင်ရှီးက တယောထိုးရတာကို နှစ်သက်သော်လည်း သူက အဖော်မင်သူဖြစ်ရာ သူ့သူငယ်ချင်းတွေနဲ့အတူတူ ရှိရတာ ပိုနှစ်သက်သည်။

သူလည်း တယောထိုးလေ့ကျင့်ခဲ့၏။ အနုပညာရှင်တစ်ယောက်ဖြစ်လာချင်တဲ့သူ့စိတ်ကို ဘယ်အရာကမှ တားဆီးလို့မရပါချေ။

ချန်ကျင်းရိကတော့ ဂီတတူရိယာများကို စိတ်မဝင်စားဘဲ ပန်းချီဆွဲခြင်းကိုသာ နှစ်သက်လေ၏။

လောင်လုနှင့် ရှောင်လုတို့ရဲ့ တယောတီးခတ်သံကြောင့် ချင်းရို့တစ်ယောက် နည်းနည်း စိုးရိမ်ပူပန်သလို ခံစားခဲ့ရသည်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ပညာရေးကို နားထောင်ပြီးရင် ကလေးလေးတွေကို ဘယ်လိုသက်ရောက်သွားလေမလဲဆိုတာ သူမလည်း မသိတော့ပါချေ။

သူမက ကလေးလေးတွေကို နေ့တိုင်း သီချင်းဆိုပြသလို သူတို့လေးတွေ နားဆင်ဖို့ ရေဒီယိုကိုလည်း ဖွင့်ထားပေးခဲ့သည်။

"လှုပ်နေတယ်!! ထပ်လှုပ်လာတယ်!!"

"မင်းတို့ပါးပါးရောက်လာတာကို မင်းတို့သိနေတာလားကွာ"

ကိုယ်ဝန်ဆောင်ပညာရေးတွင် ကလေးတွေရဲ့အဖေဖြစ်သူကို ပါဝင်ခွင့်ပေးခဲ့တာ အလွန်အသုံးဝင်လေသည်။ လုယန်က သူမဗိုက်ထဲက ကလေးလေးတွေကို ထိတွေ့ရတာ၊ စကားပြောရတာတွေကို သဘောကျနေခဲ့ပြီး သူက ကလေးလေးတွေကိုလည်း ညင်ညင်သာသာလေး ပွတ်ပေးနေခဲ့သည်။

လုယန်က သူမရဲ့ ဗိုက်ပေါ်မှာ နားကပ်ကာ အတွင်းထဲက ကလေးလေးတွေရဲ့ လှုပ်ရှားမှုကို နားထောင်တတ်သည်။ သူက သူမရဲ့ဗိုက်ကို ဖရဲသီးကြီးတစ်လုံးလို ပွေ့ဖက်ထားတတ်ပါသေးသည်။ ထိုအခါ ချင်းရို့ကလည်း ဖရဲသီးသေးသေးလေးကို ကိုင်ထားသည့်အလား သူ့ခေါင်းကို ပြန်လည်ပွေ့ဖက်ထားပေလိမ့်မည်။

အနီးနားတွင် အပြင်လူများမရှိပါက သူ ကလေးလေးတွေရဲ့ လှုပ်ရှားမှုတွေကို နားထောင်တဲ့အခါ သူမက သူ့ကို တက်ကြွစွာ အနမ်းပေးမည်ဖြစ်သလို လုယန်ကလည်း သူမအား ပျော်ပျော်ကြီး ပြန်နမ်းပေလိမ့်မည်။

xxx

All Chapters