← Chapters

Chapter 110

Vol. 10 Ch. 110

Chapter 110

Vol. 10 Ch. 110

ကျန်းချန်ပေ့ ခြံဝင်းထဲမှာ မတ်တပ်ရပ်နေရင်း ဘေးအိမ်က စုံတွဲလေးရဲ့ ဆက်ဆံရေးကို မြင်လိုက်ရ၏။ သူတို့က သက်ကယ်ထီးအောက်မှာ ထိုင်နေကြရင်း ပင်လယ်လေညင်းလေးကလည်း ဖြည်းညှင်းစွာ တိုက်ခတ်နေလျက်။

ဖြစ်နိုင်တာကတော့ ဗိုက်ထဲက ကလေးလေးတွေ လှုပ်သွားလို့ သူတို့နှစ်ယောက်လုံး အနည်းငယ် စိတ်လှုပ်ရှားနေရင်း အချင်းချင်း တီးတိုးစကားဆိုနေကြ၏။

- အရမ်းကြည်နူးစရာကောင်းလိုက်တာ။

ဘယ်လောက်ချိုမြိန်စရာကောင်းတဲ့မြင်ကွင်းလေးလဲ။

ကျန်းချန်ပေ့ ပထမဆုံးအကြိမ် သူ ဖခင်ဖြစ်ခဲ့စဥ်အချိန်က ပျော်ရွှင်မှုကို မမှတ်မိတော့။ သူ ပျော်ရွှင်ခဲ့တာကို သတိရမိပေမယ့် လုယန်လောက်တော့ မပျော်ခဲ့ဘူးဆိုတာ သူသာလျှင်သိပေသည်။ မျက်စိတမှိတ်အတွင်းမှာပဲ ကလေးမွေးလာခဲ့သည်ပင်။

သူ့မိန်းမရဲ့ ဝမ်းဗိုက်မှတစ်ဆင့် ကလေးကို သူ မထိဖူးသလို သန္ဓေသားလှုပ်ရှားမှုကိုလည်း နားမထောင်ဖူးခဲ့ပေ။ သူမရဲ့ဗိုက်ကိုလည်း မထိဖူးခဲ့သလို ကလေးအတွက် တယောမထိုးပေးခဲ့ဖူးဘူး၊ စကားလည်း မပြောပေးခဲ့ဖူးဘူး...

ကျန်းချန်ပေ့: "…"

ဘေးအိမ်က သံပုရာသီးတွေကို စားနေရသလို ခံစားရနေပါပြီနော်။

သူက ကတ်ကြေးယူကာ ခြံထဲက အလှဆုံးပန်းပွင့်တွေကို ညှပ်လိုက်ပြီး ညစာပြင်ဆင်နေတဲ့ ဟွမ်ရှင်းရင်ကို ကိုးရိုးကားယားဖြင့် ပန်းတွေထိုးထည့်ပေးလိုက်ရာ ဟွမ်ရှင်းရင်က သူ့အား အနည်းငယ် အံ့အားသင့်စွာ တချက်ကြည့်လိုက်ပေမယ့် ဘာမှမပြောဘဲ ရေပုလင်းကိုရှာပြီး ပန်းတွေကိုထည့်ကာ ထမင်းစား စားပွဲပေါ် တင်လိုက်သည်။

အရသာရှိလှတဲ့ ဟင်းလျာတွေဟာ လန်းဆန်းဖူးပွင့်နေတဲ့ပန်းတွေဖြင့် လိုက်ဖက်နေလေရဲ့။ ပွင့်ဖတ်တွေက ခရစ်စတယ်လိုကြည်လင်ပြတ်သားနေပြီး လေထုမှာ ထူးထူးခြားခြား နွေးထွေးနေလေသည်။

သားဖြစ်သူ ကျန်းရိချောင်က စားပွဲပေါ်က ပန်းတွေကိုမြင်တော့ ဒေါသတကြီးဖြင့် မေးလိုက်၏။

"ဘာလို့ သားကျ ပန်းခူးလို့မရဘဲ ဖေဖေကျခူးလို့ရတာလဲ?"

သူ့အဖေက သူ့ကိုကျ ပန်းမခူးဖို့ သတိပေးခဲ့ပေမယ့် ကိုယ်တိုင်ကျတော့ ပန်းတွေအများကြီးခူးထားတယ်ရော။

"ငါက အခွင့်ထူးခံပဲလေ"

ဟွမ်ရှင်းရင်: "သားလိုချင်ရင် တစ်ခုယူလို့ရတယ်"

ကျန်းချန်ပေ့: "လိုချင်ရင် မင်းကိုယ်တိုင်စိုက်ပေါ့"

ညအချိန်၌ ကျန်းဇနီးမောင်နှံဟာ တိုးတိုးတိတ်တိတ် စကားစမြည်ပြောဆိုနေကြလျက်။ ကျန်းချန်ပေ့က ရုတ်တရက် စိုးရိမ်စိတ်ဖြင့် ပြောလာခဲ့သည်။

"အိမ်နီးချင်းက အမြွှာကိုယ်ဝန်ရှိနေတာ... သူတို့လေးတွေက ယောက်ျားလေးနှစ်ယောက်ဖြစ်မလား၊ မိန်းကလေးနှစ်ယောက်ဖြစ်မလား၊ ဒါမှမဟုတ် တစ်ဦးစီမွေးမှာလားမသိဘူး?"

ကျန်းချန်ပေ့က ကောင်လေးနှစ်ယောက်ဖြစ်ဖို့ စိတ်ရင်းနဲ့ မျှော်လင့်နေလျက်။ သူ့သားလိုမျိုး သူ့မိဘတွေရဲ့ ခြံဝင်းထဲက အပင်တွေကို ဖျက်ဆီးတတ်တဲ့၊ ပန်းတွေကို ဆွဲနှုတ်တတ်တဲ့ ဆိုးသွမ်းတဲ့ကောင်လေးတွေပေါ့။

သားနှစ်ယောက်မဟုတ်ရင်လည်း သမီးနှစ်ယောက်ပေါ့လေ။ သားတစ်ယောက် သမီးတစ်ယောက်မဖြစ်ဖို့ မျှော်လင့်နေခဲ့၏။ အကယ်၍ အမြွှာလေးဟာ မိန်းကလေးတစ်ယောက်၊ ယောကျ်ားလေးတစ်ယောက်ဖြစ်သွားခဲ့ရင်တော့ သူတို့တွေက ပြီးပြည့်စုံတဲ့မိသားစုဖြစ်လာမှာပဲ၊ ဘဝမှာ အောင်နိုင်သူဖြစ်လာမှာ။

သူတို့မိသားစုဟာ ဘာကြောင့်များ ကောင်းချီးတွေချည်းပဲ ရတာလဲနော်?!

ဟွမ်ရှင်းရင်: "ကျွန်မအထင်တော့ ကောင်လေးနှစ်ယောက်လို့ ထင်တာပဲ။ ကျွန်မ ရှေးဟောင်းတရုတ်ကံကြမ္မာစာအုပ်ကို တိတ်တိတ်ကလေး ကြည့်ပြီးတော့ ကံကြမ္မာဖတ်ဖို့အတွက် ဝါးချောင်းတစ်စည်းကို တွေ့ခဲ့တယ်လေ။ သူတို့က ယောက်ျားလေးနှစ်ယောက်ပဲဆိုတာ သေချာတယ်"

ကျန်းချန်ပေ့ အသက်ပြင်းပြင်းရှုလိုက်ရင်း ငါ့မိန်းမကရော ဘာဖြစ်နေတာလဲဟ?

သူမကိုယ်သူမ ဆရာမတစ်ယောက်ဆိုတာ မေ့သွားတာလား?

ဒါပေမယ့် ဆွေးနွေးမှုရဲ့ အဆုံးသတ်ကတော့ ကျေနပ်စရာပါပဲလေ။

ကျန်းချန်ပေ့က သူမကို စောင်အောက်ကနေ တိုးတိုးတိတ်တိတ် မေးလိုက်သည်။

"ငါတို့ရော ဘာရနိုင်လဲဆိုတာ တွက်ကြည့်ချင်လား? သမီးလေးရနိုင်ခြေက ဘယ်လောက်ရှိလဲ?"

ဟွမ်ရှင်းရင်: "... ဘယ်သူက ရှင့်အတွက် တွက်ချင်နေလို့လဲ?"

*

ကျန်းချန်ပေ့ရဲ့ ခြံဝင်းကြောင့် ဘေးအိမ်က ရှောင်လုက အဖမ်းစားမခံရပေမယ့် နိုင်ငံရေးအရာရှိလျိုကတော့ လှုံ့ဆော်ခံလိုက်ရပေသည်။

နိုင်ငံရေးအရာရှိလျိုက သူ့ခြံဝင်းကိုလည်း ဒီလိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင်မထားနိုင်တော့ဘူးလို့ တွေးကာ သန့်ရှင်းရေးလုပ်ရန် စီစဉ်ခဲ့သည်။

ထိုအခါ လီချင့်ဟွား ပြောလိုက်သည်။

"ရှင် ကျန်းချန်ပေ့ဆီက သင်ယူရမယ်"

"အခု ကျန်းချန်ပေ့က သူ့ခြံဝင်းကို ဘယ်လောက်ကောင်းအောင်လုပ်ထားသလဲ ကြည့်ကြည့်လိုက်"

နိုင်ငံရေးအရာရှိလျို: "…"

နှုတ်ရေးထက်တဲ့ နိုင်ငံရေးအရာရှိလျိုမှာ ခဏလောက်တော့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရလျက်။

အခု သူက ရှောင်လုလောက် မတော်ရုံတင်မက ကျန်းချန်ပေ့လောက်တောင် မတော်ဘူးတဲ့လား...? ? ? ?

ကမ္ဘာကြီးက ဘယ်လိုတောင် ထူးဆန်းနေရတာတုန်းကွာ။

*

ချင်းရို့ရဲ့ ကိုယ်ဝန်ဟာ ခုနစ်လရှိလာတဲ့အခါ ဇနီးမောင်နှံရဲ့ သာယာဖွယ်ညတွေဟာလည်း ပျောက်ကွယ်သွားချေပြီ။ ထိုအချိန်တွင် ကျန်းဖျင် ပြောင်းရွှေ့လာပြီး ညဘက်တွင် ချင်းရို့အား စောင့်ကြည့်ရန် ဘေးအခန်းမှာ စောင့်အိပ်ပေးကာ လုယန်ပြန်လာမှသာ သူမယောက္ခမက ပြန်သွားတတ်သည်။

လောင်လုကတော့ သူတို့နဲ့အတူတူ လာမနေခဲ့ပေ။ အကြောင်းကတော့ ဟိုဘက်ခြံထဲမှာ ပန်းပင်တွေ၊ အပင်တွေကို စောင့်ရှောက်ဖို့ နေရမည်ဖြစ်သောကြောင့်ပင်။

ကျန်းဖျင်က သူမကို အလုပ်အကြိုအပို့ အဖော်ပြုပေးခဲ့သည်။ တစ်ခါတလေ သူမ ခဏလောက် ကားကြုံစီးနိုင်သလို တစ်ခါတလေတော့ ယောက္ခမနှင့် ချွေးမတို့က အိမ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်တတ်ကြ၏။

ချင်းရို့က ခဏလမ်းလျှောက်ပြီး ခဏအနားယူရတဲ့အခါ ကျန်းဖျင်ကလည်း သူမအား စိတ်ရှည်လက်ရှည် အဖော်ပြုပေးနေပေလိမ့်မည်။

ဌာနရှိလူတိုင်းဟာ သူမရဲ့ယောက္ခမ ကျန်းဖျင်ကို သိကြလေသည်။

သူတို့နှစ်ဦးဟာ ယောက္ခမနှင့် ချွေးမဖြစ်ကြသောကြောင့် လူတွေရဲ့ အာရုံကို မဆွဲဆောင်မိဖို့ရာ ခဲယင်းလှ၏။ ချင်းရို့ဟာ ကိုယ်ဝန်ဆောင်အလှလေးဖြစ်သလို သူမရဲ့ဘေးရှိ ယောက္ခမက သူမထက် ဦးခေါင်းတဝက်စာလောက် အရပ်ပိုမြင့်နေပြီး အလွန်တက်ကြွနေပုံရသည်။ ကျန်းဖျင်က စစ်ယူနီဖောင်းဟောင်းကို ၀တ်ထားတဲ့အခါ ပိုလို့တောင် သူရဲကောင်းဆန်နေလေတော့သည်။

သူတို့နှစ်ယောက် အတူတူရှိကြတဲ့အခါ အရမ်းကိုမျက်စိဖမ်းစားဖွယ်ကောင်းနေပေသည်။

အဓိကအကြောင်းရင်းကတော့ ယောက္ခမဖြစ်သူက သူ့ချွေးမကို အလုပ်အကြိုအပို့လုပ်ပေးနေတာကြောင့်ပါပဲ။

ဌာနရှိ ကြေငြာသူချင်းရို့ဟာ ရေတပ်အရာရှိတစ်ဦးနှင့် လက်ထပ်ထားခဲ့ရာ လူတွေကို အမှန်တကယ် မနာလိုဖြစ်စေခဲ့သည်။ အရာရှိရဲ့လစာက မြင့်မားလှသဖြင့် သူ့မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့အပြင် သူက အရမ်းချောမောနေရောပဲလေ။

သို့သော် ကိစ္စအများစုတွင် အားသာချက် အားနည်းချက်များရှိလေ၏။ မိသားစုဝင်တစ်ဦးအနေဖြင့် ချင်းရို့ရဲ့ ခင်ပွန်း အိမ်မှာရှိတဲ့အချိန်ဟာ အလွန်နည်းပါးပြီး မိသားစုကို ဂရုမစိုက်နိုင်ပေ။ တစ်ခါတစ်ရံ သူက အိမ်မပြန်ရဘဲ ပင်လယ်ထဲမှာ အချိန်အကြာကြီးသွားနေတတ်ပါသေးသည်။

ချင်းရို့ ကိုယ်ဝန်ရှိချိန်တွင် တူညီတဲ့ဌာနတစ်ခုထဲမှ တခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ထျန်းယဲ့မိန်လည်း ကိုယ်ဝန်ရှိခဲ့ပြီး သူတို့နှစ်ဦးစလုံးကို ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ ပြောင်းရွှေ့ပေးခဲ့သည်။

ချင်းရို့ရဲ့ ခင်ပွန်းနှင့် နှိုင်းယှဉ်ပါက သူမရဲ့ခင်ပွန်းက အလွန်အရေးထားသူဖြစ်သလို သူ့ဆီမှာ အချိန်ရှိသ၍ သူက သူမအား အလုပ်လာကြိုပေလိမ့်မည်။ သူက အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက်တွေ လာပို့ပေးတတ်သည်။

ထျန်းယဲ့မိန်က သူမရဲ့ အလုပ်တွင် သူမအပေါ် ခင်ပွန်းဖြစ်သူ ဘယ်လောက်ကောင်းကြောင်း မကြာမကြာ ချီးကျူးလေ့ရှိပြီး အခြားသူများကို မနာလိုဖြစ်လာစေ၏။

ဟုတ်တာပေါ့၊ တစ်ယောက်ယောက်က အရမ်းကြွားဝါလာရင်လည်း စိတ်အနှောင့်အယှက်ဖြစ်လာမည်ပင်။ ဘယ်သူကမှ တခြားလူတွေရဲ့ ကိုယ်ပိုင်ဘဝအကြောင်း အသေးစိတ်မသိချင်ကြဘူးလေနော်။

ကျန်းရွှယ်ချင်မှာ ဒါတွေကို နားထောင်ရတာမကြိုက်လှပေ။

ချင်းရို့ခင်ပွန်းက အလုပ်မှာ ခဏခဏ မပေါ်လာတတ်သည့်အပြင် ချင်းရို့ကလည်း သူမရဲ့ခင်ပွန်းက သူမအပေါ် အိမ်မှာဘယ်လိုပြုမူဆက်ဆံကြောင်းတွေကို ပြောပြလေ့မရှိပေမယ့် မျက်စိရှိတဲ့မည်သူမဆို သူမဟာ သာယာပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ရကြောင်း မြင်နိုင်လေသည်။

ကျန်းရွှယ်ချင်ဟာ ထျန်းယဲ့မိန်ရဲ့ စကားတွေကို သံသယဝင်နေခဲ့သော်လည်း ချင်းရို့ကိုတော့ အားကျနေခဲ့သည်။

ထျန်းယဲ့မိန်က သူမရဲ့မိသားစုကိစ္စတွေကို သူတို့အား ထပ်ပြီး ပြောပြလာတဲ့အခါ ကျန်းရွှယ်ချင်က ပြန်မပြောဘဲမနေနိုင်ဖြစ်သွားရ၏။

"လူတစ်ယောက်က ကောင်းကောင်းနေရသလား မနေရဘူးလားဆိုတာ မျက်နှာပေါ်မှာ ထင်ဟပ်တာပဲလေ။ နင်သာ အိမ်မှာနေရတာ အရမ်းအဆင်ပြေတယ်ဆိုရင် ဘာဖြစ်လို့ နင့်မျက်နှာက ချင်းရို့လောက် မကောင်းရတာလဲဟင်?"

အခြားလူများကလည်း ထိုနည်းအတိုင်းပင် တုံ့ပြန်ခဲ့ကြလျက် - "ဟုတ်တယ်နော် ထူးဆန်းလိုက်တာဟယ်၊ ရှောင်ချင်းက ပိုလှလာတာကို နင်တို့သတိထားမိကြလားဟဲ့"

"ငါရောပဲ သူမက ပိုလှလာပြီးတော့ သူမမျက်လုံးတွေမှာ အလင်းရောင်ရှိနေသလိုမျိုး ခံစားရတယ်။ ရှောင်ချင်းက အရင်ကလည်း လှပေမယ့် အခုဆို ပိုတောင်လှလာတာနော်။ သူမရဲ့ကလေးလေးတွေဆို အနာဂတ်မှာ ဘယ်လောက်တောင် ချောမောလှပနေကြဦးမလဲလို့ ငါသိချင်လိုက်တာ"

"သူမက နေ့တိုင်း စိတ်အခြေအနေကောင်းပုံရတယ်"

"အိမ်မှာဆို အရာရှိက သူမကို အရမ်းကြင်ကြင်နာနာဆက်ဆံတာပဲဖြစ်ရမယ်..."

"ငါသာ အရာရှိလုလိုလူမျိုးနဲ့ လက်ထပ်နိုင်ရင်တော့..."

"ဟဲ့ နင်ပြောတာကို ရှောင်ချင်းမကြားစေနဲ့ဦး၊ သူ့မှာ ခင်ပွန်းတစ်ယောက်ပဲရှိတာလေ..."

…

All Chapters