← Chapters

Chapter 111

Vol. 10 Ch. 111

Chapter 111

Vol. 10 Ch. 111

လုပ်ဖော်ကိုင်ဖက်တွေက ရယ်ရယ်မောမောပြောဆိုနေကြသော်လည်း ထျန်းယဲ့မိန်ကတော့ မပျော်ရွှင်နေခဲ့ပေ။ အမှန်တကယ်တော့ သူမက အရမ်းမကျေမနပ်ဖြစ်နေခဲ့သည်။ သူမက ကိုယ်ဝန်ဆောင်ချင်းရို့ကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ နှလုံးသားထဲတွင် အမည်မသိ အတွေးအချို့ ပေါ်လာခဲ့လေ၏။

မကြာသေးမီက သူမ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမရဲ့ခင်ပွန်းက သူမကို အလုပ်လာကြိုတဲ့အခါ ချင်းရို့ကို ခိုးခိုးကြည့်နေခဲ့သည်။ သူက ချင်းရို့ရဲ့အလှကြောင့် မှင်တက်နေခြင်းလား ဒါမှမဟုတ် သူမလိုမျိုး ကိုယ်ဝန်ရှိနေတာကြောင့်ပဲလားဆိုတာကိုတော့ သူမလည်း မသိပါချေ။ သို့သော် သူမရဲ့ယောကျ်ားက တခြားမိန်းမတွေကို ခိုးကြည့်နေတာဆိုတော့ သူမကို စိတ်မသက်မသာဖြစ်စေနေတုန်းပဲလေ။

ထို့ကြောင့် ထျန်းယဲ့မိန်က သူမရဲ့ခင်ပွန်းကို အလုပ်လာမကြိုစေချင်ဘဲ ချင်းရို့လိုမျိုး နေ့တိုင်းအကြိုအပို့လုပ်ပေးနေတဲ့ သူမယောက္ခမဖြစ်သူကို လိုချင်ခဲ့သည်။

ရလဒ်အနေနဲ့ အိမ်မှာ ရန်ပွဲကြီးတစ်ပွဲဖြစ်ခဲ့လေ၏။ ယောက္ခမဖြစ်သူက သူမဟာ ကျိုးကြောင်းမဆီလျော်ဘူးလို့ ထင်သွားခဲ့သည်။ ဘယ်သူကများ သူတို့ရဲ့ယောက္ခမကို အလုပ်အကြိုအပို့လုပ်ဖို့ တောင်းဆိုရဲမှာတုန်း?

"နင်က ဘယ်လိုဖြစ်ပြီး ကြောင်သူတော်ဖြစ်နေရတာလဲ?"

"နင့်ဗိုက်ထဲက ငါ့မြေးအတွက်သာမဟုတ်ခဲ့ရင် ဒီအဘွားကြီးက ဒီကို လာမှာမဟုတ်ဘူးဟဲ့"

ထို့ကြောင့် ယောက္ခမနှင့်ချွေးမ အတွဲနှစ်တွဲဟာ အလုပ်ဌာနတွင် ပေါ်ထွက်လာခဲ့သည်။ ထျန်းယဲ့မိန်ရဲ့ ယောက္ခမ မော့ကျင်းဖန်ဟာ ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်၍ သူမလိုပဲ ကြွားဝါရတာကို နှစ်သက်သူပင်။ သူမလည်းပဲ မီးထဲလောင်စာထည့်ရတာ သဘောကျပြီး တခြားလူတွေရဲ့ ပြဇာတ်တွေကို ကြည့်ရတာ ကြိုက်လေ၏။

ထျန်းယဲ့မိန်က သူမရဲ့ ယောက္ခမ မော့ကျင်းဖန်ကို ချင်းရို့အကြောင်း အများကြီး သီးသန့်ပြောပြထားခဲ့သည်။

"ဒီအမျိုးသမီးက လှပပြီး ချစ်စရာကောင်းတယ်၊ ပြီးတော့ အရမ်းပိန်ပါးပုံရတယ်။ သူမသာ ငါတို့ရွာကဆိုရင်လေ ဘယ်သူမှ သူမကို လက်ထပ်ကြမှာမဟုတ်ဘူး။ သူမအလုပ်မလုပ်တဲ့အကြောင်းဘေးဖယ်ထားလိုက်ဦး၊ သူမဟာ ယောက်ျားတွေကို ပြုစုနိုင်တဲ့သူတစ်ယောက်မဟုတ်ဘူးပဲ။ သူမရဲ့ မျက်နှာသေးသေးလေးနဲ့ မေးစေ့လေးကို ကြည့်လိုက်၊ ပထမဆုံးအကြည့်တစ်ချက်နဲ့တင် သူမဟာ ကံကောင်းမှာမဟုတ်ဘူးဆိုတာသိနိုင်တယ်။ သူမ သမီးမွေးမယ်ဆိုတာ သေချာတယ်"

"သူမရဲ့ယောက္ခမက သူမအပေါ် ကောင်းတယ်လို့ နင်ထင်တာလား? အဲဒါက အခု သူမဆီမှာ အမြွှာကိုယ်ဝန်ရှိနေလို့လေ။ မိန်းကလေးနှစ်ယောက်မွေးခဲ့ရင် သူမရဲ့ယောက္ခမက အခုလိုမျိုး သူမကို ဂရုစိုက်ပါဦးမလားဆိုတာ စောင့်ကြည့်နေလိုက်စမ်းပါ ဟမ့်!"

မော့ကျင်းဖန်က အလွန်တရာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့ပြီးနောက် သူမက ထျန်းယဲ့မိန်ကို ဆက်ပြောလာခဲ့သည်။

"နင့်မှာ တင်ပါးကြီးကြီးရှိတော့ နင်ကတော့ ကောင်လေးတစ်ယောက် မွေးလာမှာ"

"နင် သူမကို မနာလိုဖြစ်နေတာလား? နောက်ကျ ဘယ်သူက ဘယ်သူ့ကို မနာလိုဖြစ်ရမလဲဆိုတာ နင်ကြည့်နေလိုက်!"

ထျန်းယဲ့မိန် ဝန်လေးစွာ ပြုံးလိုက်ပြီး သူမရဲ့ယောက္ခမက ချင်းရို့ကို လှောင်ပြောင်သရော်နေတာ ကောင်းတယ်ဆိုပေမယ့်လည်း တချို့စကားလုံးတွေက သူမအား စိတ်မသက်မသာဖြစ်သလို ခံစားရစေသည်။

သူမယောက္ခမပြောတဲ့စကားတွေက သူမကို ပိုပြီးတုန်လှုပ်စေတယ်လေ။ သူမသာ ယောကျ်ားလေးမမွေးရင် ဘာတွေဖြစ်မလဲ?

ယောက္ခမ မော့ကျင်းဖန်က ပေါ့ပေါ့တန်တန် ပြောခဲ့တယ်ဆိုပေမယ့် ပြောသူက မရည်ရွယ်သော်ငြား နားဆင်သူမှာ ရည်ရွယ်ချက်ရှိရှိပြောသလိုမျိုး ခံစားရသည်ပင်။ ထျန်းယဲ့မိန်သည် သူမသာ ယောက်ျားလေးမမွေးခဲ့ရင် သူမရဲ့ ယောက္ခမနှင့် သူမခင်ပွန်းတို့က သူမအပေါ် သူတို့ရဲ့ဆက်ဆံပုံတွေ ပြောင်းလဲသွားလေမလားဆိုတဲ့ အတွေးတွေကို မတွေးဘဲ မနေနိုင်တော့ပေ။

ထျန်းယဲ့မိန် ရက်အတော်ကြာ စိတ်မသက်မသာဖြစ်ခဲ့ပြီးနောက် ကလေးရဲ့ လိင်အမျိုးအစားကို စစ်ဆေးရန်အတွက် b-ultrasound ရိုက်ဖို့ အဆက်အသွယ်ရှာခဲ့ပြီး ယောက်ျားလေးဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူမလည်း စိတ်အေးလက်အေးဖြစ်သွားပါတော့သည်။

ထိုအချိန်တွင် သူမက သူမရဲ့ယောက္ခမ မော့ကျင်းဖန်နှင့် ချင်းရို့အကြောင်း ထပ်မံပြောဆိုခဲ့ပြီး ယောက္ခမနှင့်ချွေးမအတွဲဟာ အလွန်အတွဲညီနေခဲ့ကြသည်။

ချင်းရို့နှင့် နှိုင်းယှဉ်ရရင် သူမလည်း သားယောကျာ်းလေး မွေးနိုင်တာပဲလေ။ သူမက ချင်းရို့ထက်သာလွန်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူမိသားစုရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ သူမ ခံစားလိုက်ရ၏။

ယောက္ခမ မော့ကျင်းဖန်ကဲ့သို့ပင် သူမလည်း ချင်းရို့တစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သမီးလေးတစ်စုံမွေးဖွားလာမှာကို စောင့်မျှော်နေခဲ့သည်။ ချင်းရို့ရဲ့ ဗိုက်က ဝိုင်းသလား ချွန်သလားဆိုတာကိုတောင် ခွဲခြမ်းစိတ်ဖြာခဲ့ပါသေးသည်။

ယောက္ခမ မော့ကျင်းဖန်လည်း ချင်းရို့ရဲ့ ယောက္ခမနဲ့ စကားပြောတဲ့အခါ -

"နင့်သားက ဘယ်လိုဖြစ်ပြီး ဒီလိုဇနီးမျိုးကို ရှာထားခဲ့တာတုန်း? သူမက အရင်က ကလေးတွေရှိတဲ့ မုဆိုးဖိုနဲ့ အိမ်ထောင်ပြုခါနီးဖြစ်ခဲ့တယ်လို့ ငါကြားထားတယ်..."

"နင် သူ့ကို မဖျောင်းဖျခဲ့ဘူးလားဟယ်"

ထျန်းယဲ့မိန်က သူမယောက္ခမရဲ့ စကားတွေကိုကြားလိုက်တဲ့အခါ အလွန်ဝမ်းသာသွား၏။ သူမက ဒီအကြောင်းကို ရှာဖွေတူးဖော်ပြီးတဲ့နောက် မော့ကျင်းဖန်အား ပြောပြခဲ့သည်ပင်။

ချင်းရို့ရဲ့ ယောက္ခမဖြစ်သူထံ ဒီအတင်းအဖျင်းတွေကို မော့ကျင်းဖန်ရဲ့ ပါးစပ်ကနေ ထုတ်ဖော်ပြောလိုက်ပြီပဲ။ ဒီစကားတွေကြားရတဲ့ ဘယ်ယောက္ခမမဆို သူတို့ရဲ့ ချွေးမကို ရွံ့ရှာစက်ဆုပ်သလို ခံစားရမှာပဲဆိုတာ သူမယုံကြည်မိသည်။

ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးကို ဆွပေးတာက အကောင်းဆုံးပဲလေ။

သို့သော် ထိုအချိန်မှာ ချင်းရို့ရဲ့ ယောက္ခမက မျက်ခုံးပင့်ရုံပင့်ကာ ပြောလာလေသည်။

"နင့်ပါးစပ်ကို သတိထားပြော၊ မဟုတ်ရင် ငါ နင့်ရဲ့လျှာကို ဆွဲထုတ်ပေးမယ်"

"ငါ့သားက သူမကို ကြိုက်တယ်၊ သူလိုချင်တဲ့ သူနဲ့ လက်ထပ်နိုင်တယ်၊ ပြီးတော့ ငါတို့ ရှောင်ချင်းက အရမ်းတော်တယ်လေ"

မော့ကျင်းဖန် တခစ်ခစ်ရယ်လိုက်ပြီး "သူမက နင့်ကို မြေးမလေးနှစ်ယောက်ပေးလာရင် နင် အခုလို ရယ်နိုင်တော့မှာမဟုတ်ဘူး"

"သမီးလေးမွေးတော့ ဘာဖြစ်လို့လဲ? နင်ကရော မိန်းမမဟုတ်ဘူးလား? ဟုတ်သား နင့်ကိုယ်နင် ဝန်ထုပ်ဝန်ပိုးလို့ တွေးနေတာမလား?"

ကျန်းဖျင်သည် သူတို့ရဲ့ အလုပ်ဌာနတွင် ကျော်ကြားလာခဲ့ပြီး သူမရဲ့ မှတ်ချက်ကို အမျိုးသမီးအများစုက သဘောတူခဲ့ကြသည်။ သူတို့အားလုံးက မိသားစုအမွေဆက်ခံဖို့အတွက် ယောက်ျားလေးတစ်ယောက်ရဖို့ မျှော်လင့်ခဲ့ကြသည်။ သူတို့ ယောကျ်ားလေးမွေးရင် ခေါင်းထောင်နိုင်ပေမယ့် မိန်းကလေးမွေးခဲ့ရင် ခေါင်းမထောင်နိုင်ကြဘူးလေ...

သို့ရာတွင် အမျိုးသမီးတစ်ယောက်အနေနဲ့ သူမ ယောကျာ်းလေးမွေးနိုင်မယ်လို့ ဘယ်သူအာမခံနိုင်မှာလဲနော်။

ဒီလို ဉာဏ်အလင်းပွင့်တဲ့ ယောက္ခမမျိုးနဲ့ဆုံရရင် သိပ်

ကောင်းမှာပဲ...

ထို့ကြောင့် အခုဆို ဌာနထဲက အမျိုးသမီးတွေဟာ ချင်းရို့ကို အရာရှိလူငယ်တစ်ဦးနဲ့ လက်ထပ်ထားတဲ့အတွက် အားကျမနာလိုတာမျိုးမဟုတ်တော့ဘဲ သူမကို ကာကွယ်ပေးတဲ့ ယောက္ခမကောင်းတစ်ယောက်ရှိတာကြောင့် မနာလိုအားကျနေကြချေပြီ။

တချို့လူတွေကတော့ ကျန်းဖျင်ရဲ့ စကားလုံးတွေက ကြမ်းတမ်းအေးစက်ပေမယ့် သူမဟာ သူမရဲ့ချွေးမလေးကို အမှန်တကယ် ဂရုစိုက်ကြောင်း ဤယောက္ခမနဲ့ ချွေးမတို့ဆက်ဆံရေးကို မြင်ရုံနဲ့ သိနိုင်ပေသည်။

ကျန်းဖျင်ရော လောင်လုကပါ ဒီကိစ္စရပ်တွေကို အမှန်တကယ် ဂရုမစိုက်ပါချေ။ သူမတို့က ချွေးမလေးရဲ့ အတိတ်ကအဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သလို နောက်ပိုင်းမှာလည်း ယေဘုယျအခြေအနေတွေကို သိရှိရန် ချင်းရို့ရဲ့ အစ်မဖြစ်သူ ချင်းမျန့်နှင့်လည်း စကားပြောပြီးခဲ့ပြီဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့သား ရွေးချယ်လိုက်တဲ့ မိန်းကလေးဖြစ်ကတည်းက သူမရော လောင်လုကပါ ဘာပြဿနာမှမရှိပါချေ။ သူမနဲ့ လောင်လုတို့က အရင်က ဒီထက်ပိုဆိုးရွားတဲ့ကိစ္စတွေကို တွေ့မြင်ခဲ့ပြီးဖြစ်တာကြောင့် ဒီကိစ္စကြောင့်လည်း ထိတ်လန့်နေလိမ့်မည်မဟုတ်။

မိန်းကလေးမွေးခြင်း၊ ဆက်ခံသူပြတ်ခြင်း စတာတွေကို သူတို့ ဂရုပင်မစိုက်ပေ။

ကျန်းဖျင်သာ သေခြင်းတရားကို ကြောက်ရွံ့နေခဲ့ရင် အစကတည်းက စစ်တပ်ထဲဝင်ခဲ့မှာမဟုတ်ဘူးလေ။ သူမ သေခြင်းတရားကို မကြောက်တော့ကတည်းက တခြားအရာတွေကို ဘာလို့ဂရုစိုက်နေရဦးမှာလဲ။

……

All Chapters