← Chapters

Chapter 112

Vol. 10 Ch. 112

Chapter 112

Vol. 10 Ch. 112

လောင်လုတို့ဇနီးမောင်နှံနှစ်ဦးစလုံးက စစ်မြေပြင်မှ ဆင်းသက်လာခဲ့တာဖြစ်၍ ယခုအချိန်အထိ သူတို့ဘေးကင်းကင်းနဲ့ နေထိုင်နိုင်တာဟာ ဘုရားသခင်ဆီက လက်ဆောင်မွန်တစ်ခုပဲလို့ ခံစားမိလေသည်။ သူတို့လင်မယားက စိတ်သဘောထားကြီးကြပြီး ပွင့်လင်းကြသူများပင်။

သည့်အပြင် သူတို့ သားအငယ်ဆုံး အိမ်သို့ ရောက်လာတဲ့အခါ အနှီဇနီးမောင်နှံဟာ အရမ်းကို လိုက်ဖက်ညီကြတယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်လေ။ သူတို့ရဲ့ ချွေးမငယ်လေးက လှပပြီးတော့ အချက်အပြုတ်ကလည်း ကောင်းသေး။ အရေးကြီးဆုံးကတော့ သူမစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးပဲလေ။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲနော်....

သူတို့ နောက်ထပ်ဘာများတောင်းဆိုရဦးမှာလဲ?

လောင်လုနှင့် သူ့ဇနီးသည်တို့လည်း သူတို့ရဲ့ ချွေးမလေးဟာ အရမ်းလှပသူမို့ သူမသာ မြေးမချောချောလေးတွေ မွေးလာခဲ့ရင် သူတို့က လောင်ဝမ်အရှေ့မှာ ကြွားဝါနိုင်ပြီပဲလို့ သီးသန့် တိုးတိုးတိတ်တိတ်ဆွေးနွေးနေခဲ့သည်။

သူတို့မှာ မြေးယောကျ်ားလေးတွေရှိနေပြီးသားပဲလေ၊ မြေးမလေးတော့မရှိသေးဘူး။

သို့သော် အနှီစုံတွဲဟာ သူတို့သားနဲ့ချွေးမလေးတို့အရှေ့မှာ ဘာတစ်ခွန်းမှမပြောခဲ့ပေ။ သူတို့ချွေးမလေးအပေါ် ဖိအားပေးမိမှာကို သူတို့ စိုးရွံ့နေခဲ့ကြ၏။

ဘယ်လိုပဲဖြစ်ဖြစ် မြေးလေးတွေ၊ မြေးမလေးတွေ နှစ်မျိုးစလုံးက သူတို့လုမိသားစုရဲ့ ကလေးတွေပဲလေ။

ပြန်တွေးကြည့်ပါက သူတို့သားအငယ်ဆုံးဟာ အသက်၂၅နှစ်မှာ အိမ်ထောင်ပြုနိုင်တာကပဲ ကောင်းချီးတစ်ခုဖြစ်နေပြီပဲလေ၊ သူတို့ဘာတွေများထပ်တောင်းဆိုနိုင်မှာလဲ?

ဟုတ်တာပေါ့ ကျန်းဖျင်မှာ နောက်ထပ်အတွေးတစ်ခုလည်းရှိပါသေးသည် - သူမချက်ကျွေးသမျှ ဟင်းတွေကို လက်သင့်မခံနိုင်စရာကောင်းတယ်လို့ ရှောင်ချင်းက မထင်ဘူးလေ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကလေးလဲနော်။

ကျန်းဖျင်က အရေထူသော်လည်း သူမရဲ့ အချက်အပြုတ်ဟာ ဆိုးရွားတယ်လို့ ဝန်ခံနိုင်လေသည်။

အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်တတ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်ဖို့ဆိုတာ သူ့သားအတွက်လည်း မလွယ်ကူခဲ့ဘူးပဲ။

ချင်းရို့လည်း ယောက္ခမကျန်းဖျင်နှင့်အတူနေထိုင်ပြီးတဲ့နောက် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမ ယောက္ခမရဲ့ ဟင်းချက်လက်ရာက တကယ့်ကို အရသာမရှိဘူးလေ။

ဟုတ်ပါတယ်၊ ကျန်းဖျင်က အပေါင်း၊ အပြုတ်လိုမျိုး ဟင်းလျာတွေဆိုရင်တော့ အဆင်ပြေပေမယ့် ရှုပ်ထွေးတဲ့ဟင်းလျာတွေကို မချက်ပြုတ်နိုင်ပေ။

တခါတရံတွင် အချက်အပြုတ်တွင် သာမန်ဖြစ်သော သူမရဲ့ ယောက္ခထီးက သူ့ဇနီးသည်နှင့် ချွေးမလေးတို့အတွက် ချက်ပြုတ်ပေးဖို့ အိမ်ကိုရောက်လာလေ့ရှိသည်။

ကျန်းဖျင်က တခြားသူတွေကို အရှက်မဲ့စွာနဲ့ ပြောပေလိမ့်မည်။

"ဒါကို ငါချက်ထားတာလေ"

သူမလက်ရာမှာ မကောင်းသော်လည်း ဟင်းလျာတွေကြောင့် ချီးကျူးခံရတာကို နှစ်သက်ပေသည်။

ဘေးအိမ်က အစ်မဟွမ်ကတော့ သူမကြောင့် အံ့အားသင့်သွားရကာ ရှောင်ချင်းအား သူမရဲ့ယောက္ခမဟာ အရမ်းကောင်းကြောင်း ချီးကျူးခဲ့လေသည်။

အစစ်အမှန်ကောင်းမွန်သူတွေဟာ အကျင့်သီလကောင်းခြင်းကြောင့် ချီးကျူးခံရဖို့ မတောင်းဆိုတတ်ကြပေ။ အထူးသဖြင့် အစစ်အမှန်မဟုတ်သူတွေကသာ ချီးကျူးခံရတာကို နှစ်သက်ကြသည်ပင်။

သူမရဲ့ အချက်အပြုတ်စကေးတွေက မကောင်းသော်ငြား သူမက ချက်ပြုတ်ရတာကို သဘောကျနေဆဲဖြစ်သလို အလွန်သမာဓိရှိသူပင်။ သူမက သူမရဲ့ချွေးမလေးကို ဒုက္ခမပေးချင်ဘဲ လောင်လုကိုသာ ဒုက္ခပေးပေလိမ့်မည်။

သူမကတော့ ဒါကို ကျန်းမာရေးနဲ့အညီ စားသောက်ခြင်းလို့လည်း ခေါ်တယ်လေ။

"ဒါက ချို၊ ချဉ်၊ ခါး၊ ငန် စတဲ့အရသာတွေနဲ့ အပြည့်ပဲနော်။ ရှင်မြည်းကြည့်လေ"

"ကျွန်မလုပ်ထားတဲ့ဟာကို မစားခဲ့ဖူးဆိုရင် ရှင် ဒီအရွယ်ထိ အသက်ရှင်နေဦးမှာတဲ့လား?"

လောင်လု: "…"

- အဲဒီလိုခက်ခဲတဲ့အချိန်တွေတုန်းက မင်းရဲ့လက်ရာ အရမ်းဆိုးရွားမှန်း ငါမသိခဲ့ဘူးလေကွာ။ ပါဝင်ပစ္စည်းတွေ ဆိုးရွားတယ်လို့ပဲ ထင်ခဲ့တာလေ၊ တကယ်တမ်းတော့ အကြောင်းရင်းက မင်းကြောင့်ဖြစ်နေခဲ့တာပဲ။

ကျန်းဖျင်က အချက်အပြုတ်မကျွမ်းကျင်ပေမယ့် သူမ ဖုတ်တဲ့ကိတ်တွေကတော့ အရသာရှိလေ၏။ လုကျုံးရီကလည်း အဖြူရောင်နှမ်းစေ့တွေကို ချေမွကာ ဆားငန်နှမ်းထောင်းတွေ ပြုလုပ်ပေးခဲ့သည်။ ၄င်းမှာ ရိုးရှင်းသော်လည်း ကျွမ်းကျင်မှုနှင့် အပူချိန်ညှိခြင်းကို စမ်းသပ်ခြင်းလည်းဖြစ်သလို နှမ်းထောင်းပြုလုပ်ရာတွင် အရမ်းကျက်လွန်းသွားပါက အရသာသိပ်မကောင်းတတ်ပေ။

ကျန်းဖျင်က သူမကိုယ်ဝန်ဆောင်စဥ်တုန်းက အစာစားချင်စိတ် ဆိုးရွားခဲ့သောကြောင့် ချင်းရို့ရဲ့ ယောက္ခထီးဟာ သူမအတွက် နှမ်းစေ့တွေဝယ်ကာ ဆားငန်နှမ်းထောင်းလုပ်ပေးခဲ့ပြီး ဘန်းမုန့်ပေါင်းတွေထဲ ထုပ်ပေးခဲ့သဖြင့် အရသာအထူးကောင်းမွန်ပြီး အနံ့လည်းမွှေးပျံ့နေကြောင်း ပြောပြခဲ့ပါသည်။

လုကျုံးရီသည်လည်း ဒီချွေးမနဲ့ ယောက္ခမအတွဲအတွက် ဆားငန်နှမ်းထောင်းတွေ တစ်ဘူးကြီးလုပ်ပေးထားခဲ့၏။ ရှောင်လုလုပ်ကျွေးတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို ချင်းရို့က ထိုနှမ်းထောင်းတွေနဲ့အတူ စားကြည့်ရာ အလွန်အရသာရှိနေတာကို သိလိုက်ရလေသည်။

နှမ်းတွေက အရသာအလွန်ကောင်းနေပြီး သခွားသီးနှစ်လုံးကိုပါ ပေါင်းထည့်လိုက်ပါက ပို၍ အနံ့မွှေးကာ လန်းဆန်းသွားစေလေသည်။ ဘန်းကိတ်တွေ၊ ဘန်းမုန့်ပေါင်းတွေနဲ့ တွဲစားလိုက်ရင် အရမ်းအရသာရှိနေရောပဲ။

တစ်မိသားစုလုံး သဘောကျကြသည်။

ဘန်းမုန့်ပေါင်းစားရတာကြိုက်တဲ့ ရှမင်ရှီးဟာ ဒါကိုစားရတာ အရမ်းပျော်နေပေသည်။ ဘန်းမုန့်ပေါင်းသိပ်မကြိုက်တဲ့ ချန်ကျင်းရိလည်း ဒီကြွပ်ရွရွမွေးပျံ့နေတဲ့အရသာကို သဘောခွေ့နေလျက်။

နှမ်းထောင်းက အရသာရှိသော်လည်း ဘန်းမုန့်ပေါင်းတွေကမရှိဘူးလေ။ လုယန်ပြန်ရောက်လာတဲ့အခါမှသာ အဆင်ပြေသွားရသည်။

သူမယောက္ခမတွေရဲ့ အတိတ်က အဖြစ်အပျက်တွေကို ချင်းရို့ ကြားသိရတဲ့အခါ မနေနိုင်ဘဲ လုယန်ကို ပြောလိုက်၏။

"အဖေ(ယောက္ခထီး)က အမေ့(ယောက္ခမ)ကို အရမ်းကြင်နာတာပဲနော်"

လုယန်က သူမကို ပွေ့ဖက်ကာ ခေါင်းငုံ့၍ သူမနဖူးလေးကို နမ်းလိုက်ရင်း

"အင်း ကိုယ်တို့လုမိသားစုဝင်တွေက သူတို့ဇနီးကို ချစ်မြတ်နိုးကြတယ်လေ"

ချင်းရို့ ရွှင်မြူးစွာပြုံးလျက် သူ့နားရွက်တွေကို ပွတ်နေလိုက်၏။

နှစ်ယောက်သား စကားပြောလို့မဆုံးသေးခင်မှာပဲ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်တွေ စိုက်ပျိုးတဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ ယောက္ခမတွေရဲ့ ရန်ဖြစ်သံတွေကို ကြားလိုက်ရပါတော့သည်။

လုယန်: "…"

ချင်းရို့: "…"

ချင်းရို့က အမျိုးသားရဲ့ လည်ပင်းကို ပွေ့ဖက်လိုက်ရင်း "ကျွန်မကိုပြော၊ ကျွန်မတို့ အသက်ကြီးလာတဲ့အခါ နေ့တိုင်း ကျွန်မနဲ့ ရန်ဖြစ်မှာလား?"

"မဖြစ်ဘူး"

"ဘာလို့?"

"ဆိတ်ဆိတ်နေခြင်းဟာ ရွှေပဲ"

လုယန်သည် စကားနည်းခြင်းဟာ အကောင်းဆုံးပဲလို့ ယုံကြည်နေလျက်။

ချင်းရို့: "…" ရှင့်ကိုယ်ရှင် ဝတ္ထုထဲက အေးတိအေးစက်အာဏာရှင်ဘော့စ်လို့ ထင်နေတာလား? ဆိတ်ဆိတ်နေခြင်းကရွှေပေါ့လေ?

"လုကောရေ ဒီ'ဆိတ်ဆိတ်နေခြင်းက ရွှေ'ဆိုတဲ့ ကဒ်ကို မကစားရဘူး။ ရှင် ကျွန်မကို စကားပြောကိုပြောရမယ်"

*

ချင်းရို့ရဲ့ ဝမ်းဗိုက်ဟာ ကြီးသထက် ပိုကြီးလာသဖြင့် အစ်မဖြစ်သူ ချင်းမျန့်လည်း သူမကို ဂရုစိုက်ပေးဖို့အတွက် မိသားစုခြံဝင်းဆီကို မကြာမကြာ ရောက်လာခဲ့သည်။ ချင်းရို့ရဲ့ ကြည်လင်နေသော အသားအရေကို သတိပြုမိသည့်အခါတွင် အလွန်ပျော်ရွှင်သွားရ၏။

"နင့်ခဲအိုက အိမ်မှာ ကလေးတွေကို ကြည့်ပေးနေတာလေ"

ဟုတ်တယ်၊ အခုဆို ချင်းမျန့်က ခင်ပွန်းဖြစ်သူ ချန်မျန့်အား ကလေးတွေကို စတင်ထိန်းခိုင်းနေပြီဖြစ်သည်။

သူက မူလတန်းကျောင်းသားတွေကိုတောင် စာသင်ပေးသေးတာပဲလေ၊ ဒီတော့ သူ့သားသမီးအရင်းတွေကို သူ ဘာလို့ မထိန်းနိုင်ရမှာလဲနော်?

ယခုဆို ချင်းမျန့်က သူ့ယောကျ်ားဆီမှာ ကလေးတွေကို စိတ်ချလက်ချထားခဲ့နိုင်ပြီဖြစ်သည်။

"ယောက်ျားတစ်ယောက်ကို ကလေးတွေထိန်းခိုင်းတာက တကယ်ကောင်းတယ်ဆိုတာ ငါ သိသွားပြီဟယ်"

"သူ့အဖေက ကျင်းရိလေးကို အချိန်အကြာကြီး ထိန်းနိုင်တယ်တော်"

နောက်ပြီးတော့ ချန်ကျင်းရိကလည်း သူ့အဖေနဲ့အတူတူ စကားပြောဖို့ အစပျိုးတတ်နေပြီလေ။

ပြီးတော့ သူက ကျင်းရိလေးကို ကလေးတွေနှင့်အတူတူ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ ခေါ်သွားပေးသေးတာ။

ကျွမ်းကျွမ်းနှင့် ကျင်းဟွတို့က မူလတန်းတက်မယ့်အရွယ်ရောက်နေပြီဖြစ်တာမို့ သူတို့လေးတွေဟာ ကျောင်းသားလေးတွေနဲ့အတူတူ ကစားနိုင်ရင် ပိုကောင်းတာပေါ့လေ။ ချန်မျန့်က ကျောင်းသားလေးတွေနဲ့အတူတူ ကလေးတွေကို သင်ကြားပေးနိုင်တာပေါ့။

ချင်းမျန့်က သူမခန္ဓာကိုယ်ပေါ်ရှိ ဝန်ထုပ်ဝန်ပိုးတွေ ပြေလျော့သွားသလို ရုတ်တရက် ခံစားလိုက်ရပြီး ဘာမှလုပ်စရာမရှိတော့သလိုပင်။

သို့သော် သူမ အမှန်တကယ်ကို ကျေနပ်ပီတိဖြာနေကာ နှလုံးသားထဲမှာ သိမ်မွေ့စွာ ပျော်ရွှင်နေလျက်။ သူမရဲ့ ခင်ပွန်းဖြစ်သူက ကလေးတွေနှင့် အတူတကွရှိနေတာကို မြင်ရတာ အရမ်းပျော်စရာကောင်းနေသည်ပင်။

ဒါတွေကို သူမရဲ့ညီမဆီက သင်ယူထားခဲ့ရတာပဲ။ ညီမလေးရဲ့ ဝမ်းဗိုက်ထဲက ကလေးတွေနဲ့ ဆက်သွယ်နေတဲ့ သူမရဲ့ မတ်လေးကို ကြည့်ရင်း သူမလည်း အရမ်းကို အားကျနေမိပြီ။

နောင်အနာဂတ်၌ သူတို့ဆီမှာ နောက်ထပ်ကလေးတစ်ယောက်ရှိလာခဲ့ရင် သူမယောကျ်ားကိုလည်း အဲဒီလိုလုပ်ခိုင်းရမယ်။

……

All Chapters