← Chapters

Chapter 118

Vol. 10 Ch. 118

Chapter 118

Vol. 10 Ch. 118

ချင်းရို့က မီးတွင်းကာလပြီးသွားတဲ့နောက် အကြောဆန့်လျက် အပြင်ထွက်လာနိုင်ခဲ့ပြီဖြစ်ရာ သူမ ပို၍သက်တောင့်သက်သာရှိသလို ခံစားလိုက်ရ၏။ သူမရဲ့ ကိုယ်ပိုင်အလုပ်ကို ပြန်လည်စတင်ခဲ့ပြီး အပြင်ဘက်ခြံဝင်းကို ပြန်လည်စီမံပါတော့သည်။

သဘာဝတရားဟာ အလွန်ရက်စက်ပေမယ့်လည်း မျှော်လင့်ချက်ရှိပါသေးသည်။ သူမရဲ့ ခြံဝင်းဟာ ရှုပ်ထွေးနေပြီး မဖြစ်ထွန်းသော်လည်း အချို့နေရာတွေကတော့ အဆင်ပြေနေပါသေးသည်။

မရှင်သန်နိုင်တဲ့ အပင်တွေဟာ ပိုးမွှားတွေကြောင့် သေဆုံးခဲ့ကြပေမယ့် အဝါရောင်ငရုတ်သီးလိုမျိုး ရှင်သန်နိုင်တဲ့ အပင်တွေကတော့ ကောင်းကောင်းမွန်မွန် ကြီးထွားနေဆဲဖြစ်တာကြောင့် မိသားစုက ငရုတ်သီးမစားရမှာကို စိတ်ပူစရာမလိုတော့ပေ။

ပန်းတွေနှင့် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခြင်းဟာ အံ့သြစရာများနှင့် ပြည့်နှက်နေတတ်သည်။

ချင်းရို့ အငတ်ဘေးလို့ခေါ်တဲ့ ဂိမ်းတစ်ခုကို ပြန်မတွေးမိဘဲ မနေနိုင်တော့။

နောက်ဆုံးတော့ သူမရဲ့ အိမ်ကို ထူထောင်ပြီးနောက် နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းရာသီတို့ရဲ့ ဒဏ်ကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရတယ်။ ဆောင်းရာသီမှာ အေးစိမ့်နေတတ်ပေမယ့် နွေဦးရောက်တဲ့အခါ အရာရာတိုင်း ပြန်လည်ရှင်သန်လာခဲ့ပြီးတော့ နွေရာသီမှာ နေအရမ်းပူပြင်းတဲ့အခါ ကောက်ပဲသီးနှံတွေက သူ့အလိုလိုရှင်သန်နေဆဲဖြစ်လိမ့်မယ်။ ဆောင်းဦးရောက်မှသာ သာယာလှပတဲ့ ရိတ်သိမ်းချိန်ကို ခံစားနိုင်လိမ့်မယ်။

စိုက်ပျိုးတဲ့ကာလအတွင်းမှာ မတော်တဆမှုများစွာ အမျိုးမျိုးပေါ်လာတတ်လေသည်။

ဒါဟာ သဘာဝရဲ့ ကျက်သရေပဲ ဖြစ်နိုင်တာပါပဲလေ။

သူမမှာ ခွန်အားမရှိသလို ခံစားရပေမယ့် သူမရဲ့ ခန္ဓာကိုယ်ထဲက အပင်စိုက်ပျိုးချင်စိတ်ကတော့ ပြင်းပြနေဆဲ။ အနည်းဆုံးတော့ ဒီနှစ်ရဲ့အစက မနှစ်ကထက် ပိုကောင်းပါတယ်လေ။

သစ်ပင်ပန်းမန်တွေဟာလည်း အလှည့်ကျဖြစ်ဖို့ လိုအပ်လေ၏။ မနှစ်က သေဆုံးသွားခဲ့ကြပြီး မြေသြဇာပြန်လည်ဖြည့်တင်းသွားတာကြောင့် ယခုနှစ် အပင်တွေဟာ သန်သန်မာမာကြီးထွားလာနိုင်သည်။

ချင်းရို့နှင့် လုယန်တို့က တူလေးနှစ်ယောက်ကိုခေါ်ကာ ကြက်လှောင်အိမ်နှင့် ကြက်ခြံစည်းရိုးကို အတူတူပြန်ဆောက်ခဲ့ကြပြီး ခိုင်ခိုင်ခံ့ခံ့ သက်ကယ်ထီးကိုလည်း ပြန်လုပ်ခဲ့ကြ၏။ ရှောင်မင်ရှီးနှင့် ရှောင်ကျင်းရိတို့က ပေါင်းပင်တွေကိုလည်း ကူညီနှုတ်ပေးခဲ့ပါသေးသည်။

သူမ ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ မိသားစုခြံဝင်း၌ တစ်ခုခုဖြစ်သွားခဲ့၏။ ဆောင်းဦးပေါက်ခါနီးအချိန်တွင် ဘေးအိမ်က ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့လည်း တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်ရှိလာခဲ့ကြသည်။

တပ်ရင်းတူတဲ့ ကျန်းချန်ပေ့နှင့် နိုင်ငံရေးအရာရှိလျိုတို့က အတူတူ ပွဲကျင်းပခဲ့ကြရာ ထိုအကြောင်းကို လူအများက ပြောဆိုဆွေးနွေးခဲ့ကြသည်။

ကျန်းချန်ပေ့ရဲ့ ဘေးအိမ်မှာနေတဲ့ ခေါင်းဆောင်လုက ဝဝကစ်ကစ် သားယောကျ်ားလေးအမြွှာရခဲ့သည်ဖြစ်လေရာ… လောကုတ္တရာပညာကို တိတ်တဆိတ်လေ့လာနေသူအများအပြားဟာ ဒီနှစ်ယောက်ဟာ လုမိသားစုအိမ်ရဲ့ ကောင်းချီးတွေကြောင့် တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်ရလာတယ်လို့ ပြောနေခဲ့ကြပေသည်။

လူတော်တော်များများက ကျိုးကျိုးနဲ့ ဖက်ထုပ်လေးကို ထိကိုင်ဖို့အတွက် လုမိသားစုအိမ်သို့ လာချင်နေခဲ့ကြသည်။ ဒီညီအစ်ကိုတွေကို ထိကိုင်လိုက်ရင် သူတို့ဆီမှ ကံကောင်းခြင်းတွေကို ရနိုင်လိမ့်မယ်လို့ ထင်မြင်နေကြလျက်။ တချို့ကလည်း ချင်းရို့ဆီမှ ကောင်းချီးတွေ ရယူချင်ကာ အမြွှာလေးတွေ မွေးလိုကြပေသည်။

တစ်ချို့လူတွေဆို သူမကို ကွမ်ရင်မယ်တော်က လွှတ်လိုက်တယ်လို့တောင် ထင်နေကြတာပါပဲ။ မဟုတ်ရင် သူမနဲ့ မကြာမကြာ စကားပြောနေတတ်တဲ့ အမျိုးသမီးနှစ်ယောက်က ဘာလို့ကိုယ်ဝန်ရသွားမှာလဲတဲ့။

ချင်းရို့ကတော့ သူတို့ကိုယ်ဝန်ဟာ သူမနဲ့ဘာဆိုင်လို့လဲလို့ တွေးနေမိလျက်။ အဲဒါက သူတို့ယောက်ျားနဲ့ပဲ သက်ဆိုင်နေတာချည်းကို။

ကံကောင်းခြင်းတွေရဖို့ သူမအိမ်ကို လာလည်တာက နှစ်သစ်ကူး ကောင်းချီးမင်္ဂလာငါးပါးပဲ မဟုတ်ဘူးလား? သူတို့ စာရွက်တွေကပ်သင့်တာမဟုတ်လားနော်?

(T/N: တရုတ်နှစ်ကူးမှာဆို ကောင်းချီးမင်္ဂလာငါးပါး စာရွက်နီလေးတွေကို အိမ်မှာကပ်ကြတာပါ၊ ကံကောင်းစေဖို့ ဆုတောင်းတာပေါ့)

ဒါပေမယ့် သူတို့တွေ ကလေးလေးတွေကို ထိကိုင်ချင်တယ်ဆိုလည်း သူမစိတ်မရှိပါဘူးနော်။

သူမတို့မိသားစုက မိုက်မဲတဲ့ဘေဘီလေးနှစ်ယောက်ဟာ လူစိမ်းတွေကို မကြောက်ကြဘူးလေ။ အဲဒီအစား လူအများကြီးကို တွေ့ရရင် ပျော်နေကြရောပဲ။ သူတို့အမေက သူတို့အနားမှာရှိနေသရွေ့ သူစိမ်းတွေ လာပွေ့ဖက်ရင်လည်း ပျော်ပျော်ကြီးအဖက်ခံနေတတ်ကြတာပဲ။

ဒီညီအကိုနှစ်ယောက်အတွက် ချင်းရို့ နည်းနည်းတော့ စိတ်ပူမိလေသည်။ လူစိမ်းတွေကို မကြောက်တတ်ကြတဲ့ သူမရဲ့ ခြင်္သေ့ပေါက်လေးတွေဟာ အနာဂတ်မှာ ဆိုးသွမ်းတဲ့ ကောင်စုတ်လေးတွေဖြစ်လာမှာကို စိုးရွံ့နေမိလျက်။

သူမ အရင်တုန်းက မိသားစုခြံဝင်းထဲက ကောင်လေးတစ်ယောက်အကြောင်း ကြားဖူးထားလေသည်။ ထိုကောင်လေးကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ပြန်ရောက်တဲ့အချိန်မှာ လူကုန်ကူးသူတစ်ယောက်၏ ပြန်ပေးဆွဲခြင်း ခံလိုက်ရသည်။ သူ့အဖေက အနောက်မှလိုက်တဲ့အခါ အဲဒီပြန်ပေးဆွဲသမားက ကောင်လေးကို စက်ဘီးပေါ်တင်ကာ နင်းပြေးတော့သည်။ သူ့အဖေက သူ့အနောက်ကနေ ပြေးလိုက်နေချိန်မှာ ဒီမိုက်မဲတဲ့ကလေးက ရယ်ကာမောကာဖြင့် ပြောနေပါသေးသည်။

"ဟားဟား ဖေဖေ လိုက်မမှီဘူး!!"

အဆုံးမှာတော့ ပြန်ဖမ်းမိသွားခဲ့ပေသည်။

အခုလည်း သူတို့ဆီမှာ ကလေးနှစ်ယောက်ရှိနေတာကြောင့် သူတို့မှာ တာဝန်တွေ အများကြီးရှိပေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ခြံက ကြီးမားသလို မိသားစုခြံဝင်းထဲမှာလည်း အစောင့်တွေရှိနေခဲ့သည်။ အနာဂတ်တွင် ကလေးလေးတွေ ပြေးလွှားဖို့ နေရာတစ်ခုရှိလာလိမ့်မည်ပင်။

*

ဟွမ်ရှင်းရင်နှင့် ကျန်းချန်ပေ့တို့နှစ်ယောက်အတူ ဗေဒင်နက္ခတ်တို့ကို တွက်ချက်ကြည့်ပြီး ဒီကလေးဟာ မိန်းကလေးဖြစ်မယ်လို့ ကောက်ချက်ချလိုက်လေ၏။ သူတို့အိမ်နီးချင်းထက်အရင် သားလေးရော သမီးလေးရော လိုချင်နေတဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ရော၊ ကျန်းရိချောင်ကို ညီမလေးတစ်ယောက်ပေးချင်တဲ့အတွက်ပါ ဒီကလေးကို မွေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သူတို့နှစ်ယောက်ဟာ လီချင့်ဟွားရဲ့ အနာဂတ်ကိုလည်း ကြည့်ရှုခဲ့ပြီး သူမဟာ သားယောကျ်ားလေး ကိုယ်ဝန်လွယ်ထားသင့်တယ်လို့ သိရှိလိုက်ရသည်။

ဟွမ်ရှင်းရင်က သူမရဲ့ကိုယ်ဝန်ဟာ သမီးလေးဖြစ်မယ်လို့ သိပေမယ့်လည်း နောက်ဆုံး သားအကြီးဆုံးကို ကိုယ်ဝန်ဆောင်စဥ်ကလို အဖြစ်မျိုးနဲ့ အရမ်းတူနေတယ်လို့ ခံစားမိနေခဲ့သည်။ သို့အတွက် ဒီကလေးဟာ သားလေးလား သမီးလေးလားဆိုတာ မကျိန်းသေခဲ့ပါချေ။

"မစ္စစ်ဟွမ်ရေ... ရှင် သမီးလေးမွေးမှာ သေချာတယ်"

ဒီစကားကိုကြားတဲ့ ဟွမ်ရှင်းရင်က အရမ်းပျော်သွားခဲ့သည်။

သို့သော် ရုံးတစ်ခုထဲမှာ အတူတူအလုပ်လုပ်နေတဲ့ ဆရာမရှောင်ကျိုးက ဤသို့ပြောလာခဲ့သည်။

"နောက်ဆုံးတခေါက် ရိချောင်ကို ရှင် ကိုယ်ဝန်လွယ်တုံးကလည်း အစပ်တွေစားရတာ ကြိုက်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ တကယ်တော့ အစပ်စားရတာ ကြိုက်ရုံလောက်နဲ့တော့ သမီးလေးဖြစ်လိမ့်မယ်လို့ အတပ်မပြောနိုင်ပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ဆရာမဟွမ်ကလည်း အမြဲ အစပ်တွေပဲ ကြိုက်ခဲ့တာဆိုတော့လေ။ တက်ကြွတဲ့သားယောကျာ်းလေးဖြစ်တော့လည်း ကောင်းတာပါပဲ၊ ရှင့်သားလေးလည်း ညီလေးတစ်ယောက် ရတာပေါ့"

ဒီစကားကို ကြားတဲ့အခါ ဟွမ်ရှင်းရင်ရဲ့ မျက်နှာ ပုပ်သိုးသွားပြီး မပျော်ရွှင်တော့ပေ။ သူမက ဒီတစ်ခါ သမီးလေး လိုချင်နေခဲ့တာလေ။

လီချင့်ဟွားသည်လည်း ခြံဝန်းထဲမှာ မဆင်မခြင်ပြောနေခဲ့လျက်။

"ကျွန်မလည်း သမီးလေးလိုချင်လိုက်တာ"

သူမနှင့် သူမယောကျာ်း နိုင်ငံရေးအရာရှိလျိုတို့ကလည်း ကလေးမရတာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ နိုင်ငံရေးအရာရှိလျိုဟာ သူ့မိန်းမက ကလေးမလိုချင်တော့ဘူးလို့ တွေးမိသဖြင့် သူမအား ကလေးယူကြဖို့လည်း အတင်းဖိအားမပေးခဲ့ခြင်းပင်။ လီချင့်ဟွားကလည်း သူမယောကျာ်းရဲ့ ရင်ထဲမှာ သူမ မရှိတော့ဘူး၊ သူ့အတွက် ကလေးမွေးပေးခဲ့ရင်လည်း ပျော်ရွှင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့လေသည်။

အချိန်တစ်ခု ကြာပီးနောက် သူတို့စုံတွဲဟာ သူတို့သားလေးအတွက် ညီမလေးတစ်ယောက် မွေးပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြ၏။

…

All Chapters