Chapter 119
Vol. 10 Ch. 119
"ဟွားဟွားရေ... ရှင်က သမီးလေးလိုချင်တယ်ဆိုရုံနဲ့ သမီးလေး ရနိုင်မယ်လို့ ထင်နေတာလား? သားလေးဖြစ်ရင်ကော ဘယ်လိုလုပ်မလဲ?"
"ရှင်ရော သမီးလေး လိုချင်လို့ဆိုပီး တကယ်ပဲ သမီးလေး ရမှာတဲ့လားနော်? ငါကတော့ ကိုယ်ဝန်မရှိခင်ကထဲက သမီးလေး မွေးလိမ့်မယ်လို့ အိမ်မက်မက်ခဲ့တာလေ"
"ဆရာမဟွမ်ရေ ရှင်ကတော့ သားလေးလွယ်ထားရတာ ဖြစ်နိုင်တယ်နော်"
ဟွမ်ရှင်းရင်ကတော့ 'ငါ သမီးလေးမွေးမှာပါ'လို့ စိတ်ထဲ တွေးနေခဲ့ပြီး ပြောလိုက်ပါသေးသည်။
"လက်တွေ့ အမှန်တရားတွေက အိမ်မက်တွေနဲ့ ပြောင်းပြန်ဖြစ်တတ်တယ်လို့ ငါကြားဖူးတယ်။ နင် အရင်တုန်းကလဲ သမီးလေး မွေးမယ်လို့ အိမ်မက်မက်ခဲ့တယ်ဆို၊ ဒါပေမဲ့ တကယ်မွေးလာတော့ သားလေး ဖြစ်နေတယ်လေ"
"ငါ့အိမ်မက်က မမှားပါဘူး။ ဒီတခေါက်က အရင်တစ်ခါ သားလေးမွေးတုန်းကနဲ့ လုံးဝကိုမတူဘူး"
ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့ နှစ်ယောက်လုံးက အတွေးကိုယ်စီ တွေးနေခဲ့ကြတော့သည်။
"ဘယ်သူက သားလေးမွေးပြီး ဘယ်သူက သမီးလေးမွေးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
၉လပိုင်းအကုန်လောက်တွင် ဝမ်ယွမ်ကျန်းတစ်ယောက် လုအိမ်ကို ရောက်လာခဲ့၏။ အခုချိန်မှာ သူဟာ ပျော်ရွှင်လွန်းလို့ တစ်ကိုယ်လုံး လေထဲ လွင့်နေတယ်လို့ ခံစားနေခဲ့ရကာ သတင်းကောင်းတစ်ခု ပြောပြချင်လို့ ရောက်လာခဲ့တာ ဖြစ်လေသည်။
နောက်ဆုံးမှာတော့ သူ လက်ထပ်မှတ်ပုံတင်တဲ့ကိစ္စကို အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပြီး သူ့ရဲ့ မိသားစုဝင်အသစ်လေးနဲ့အတူ မိသားစုခြံဝင်းထဲကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ကြောင်း လာပြောပြခြင်းပင်။
ထိုဒာချိန်တုန်းက လူတွေဟာ သူတို့မှာ ပျော်စရာ ဝမ်းသာစရာ ကိစ္စတစ်ခုခုရှိလျှင် တွေ့တွေ့သမျှ လူတိုင်းကို ပြောပြတတ်ကြပြီး ပျော်ရွှင်မှုကို မျှဝေခံစားတတ်ကြလေသည်။
နောက်ဆုံးတော့ ဒီနှစ်ထဲမှာ သူ့ဆီ ကံကောင်းခြင်းတွေ ရောက်လာခဲ့ချေပြီ။ သူ မိန်းမရသွားခဲ့သလို အိမ်တစ်လုံးလည်းရခဲ့ပြီ။
ဝမ်ဟွမ်ကျန်းက အလွန်ယဉ်ကျေးစွာဖြင့် ပြောလာ၏။
"လောင်လုရေ... ငါ မင်းရဲ့ အိမ်နီးချင်း တကယ်ဖြစ်ချင်တာကွာ! နှမြောစရာကောင်းတာက မင်းရဲ့အိမ် ဘေးနှစ်ဖက်လုံး တခြားလူတွေ နေနှင့်ပြီးသားဖြစ်နေတာပဲ။ ဒါပေမဲ့ မင်းအိမ်ကနေ သိပ်မဝေးတဲ့ ဟိုဘက်နားမှာ အိမ်တစ်လုံး ရအောင် ရှာလိုက်မယ်။ ငါ ရှာလို့တွေ့တာနဲ့ မင်းကို အသိပေးမယ်လေ။ မင်း ငါ့အိမ်ကို လာလည်ရမယ်နော်၊ ငါတို့ တစ်ခွက်လောက် အတူတူသောက်ပြီး ရေဒီယိုလည်း နားထောင်ကြမယ်လေကွာ!!"
လုယန်က သူ့စကားတွေကို ထူးမခြားနားစွာ နားထောင်နေလျက်။ သူက သူ့သားရဲ့ အနှီးထုပ်တွေကို ပစ်ချလိုက်ကာ အဲဒီလက်နဲ့ပဲ လောင်ဝမ်ပုခုံးကို ပုတ်၍ ပြောလိုက်လေ၏။
"ဂုဏ်ပြုပါတယ်ကွာ"
ဝမ်ယွမ်ကျန်း နောက်တချက်ဆုတ်သွားကာ နှာခေါင်းတွန့်သွားလျက်။
"ဒါ ဘာအနံ့ကြီးလဲ?"
"ငါ့သားဆီက အနံ့ပါကွာ"
"မင်း ကံမကောင်းချင်ဘူးလား?"
လုယန်က သူ့ခေါင်းကို စောင်းငဲ့၍ သူ့ကို ကြည့်လိုက်လေသည်။ သူ့ရဲ့ချောမောခန့်ညားတဲ့ မျက်နှာဟာ အရင်အတိုင်းပါပဲ။
မနှစ်က သူတို့ အတူတူ ကျောင်းတက်တဲ့ နေ့ရက်တွေဟာ မနေ့တစ်နေ့တုန်းကလိုပါပဲ။သင်တန်းကျောင်းက ပြန်ယူလာခဲ့တဲ့ ရေဒီယိုဟာလည်း ကောင်းကောင်းမွန်မွန်ရှိနေဆဲဖြစ်သလို သူ့အိမ်ကလည်း လက်ရှိနေရာမှာပဲ ရှိနေဆဲပင်။
ဒီနှစ်ရဲ့ လုတကောဟာ မနှစ်က လုတကောလိုမျိုး လူလွတ်လုတကော မဟုတ်တော့ဘူးလေ။
"ကောင်းချီးလား?"
ဝမ်ယွမ်ကျန်း တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ၎င်းကို လက်နှင့်ထိရန် ဆုံးဖြတ်လိုက်သည်။
လုယန်: "…"
- သိပ်ကောင်းတယ်!!
"မင်းက ရဲဘော်ကောင်းတစ်ယောက်ပဲကွာ၊ ငါ မင်းကို ကျေးဇူးတင်ရမယ်!"
ဝမ်ယွမ်ကျန်း ကောင်းချီးရယူပြီးနောက် လုယန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူ့ရဲ့ လေးလေးနက်နက် ကျေးဇူးတင်မှုကို ထုတ်ဖော်ပြောပြနေလျက်။
လုယန်က သူတို့နှစ်ယောက်ရဲ့ လက်တွေကို ငုံ့ကြည့်ပြီးနောက် သူ့ဘေးနားရှိ အနှီးထုပ်တွေကို ကြည့်လိုက်သည်။
"..."
လောင်ဝမ်ရဲ့ မျက်နှာပေါ်ရှိ ကျေးဇူးတင်နေတဲ့ အမူအရာမှာ အတုအယောင်မဟုတ်ပေ။ ထိုရိုးရိုးသားသားမျက်လုံးများထဲတွင် ရေးထားသော "ငါ ထပ်ထိချင်သေးတယ်"ဆိုတဲ့ ဆန္ဒကို မှန်ဘီလူးဖြင့်ပင် မြင်နိုင်လေသည်။
ချင်းရို့ အိမ်ပြန်ရောက်လာတဲ့အခါ လက်တွေဆုပ်ကိုင်ထားတဲ့ ယောက်ျားနှစ်ယောက်ရယ်၊ ရင်းနှီးတဲ့ရနံ့တစ်ခုနဲ့ သူ့ဘေးမှာ ကလေးတွေရဲ့ အနှီးတွေကို သူမတွေ့လိုက်ရသည်။
ချင်းရို့: "... ဒါက?"
လုယန်က လောင်ဝမ်ရဲ့ လက်တွေကို ခါထုတ်လိုက်လေသည်။ "..."
ငါ့ဇနီးလေးရှေ့မှာ ငါ့ကိုလာဆွဲမနေနဲ့ကွ။
ဝမ်ယွမ်ကျန်းက တစ်ဖန် ပျော်ရွှင်နေတဲ့ ငှက်အသွင် ပြောင်းသွားပြန်လေပြီ။
"မရီးရေ ကျွန်တော် အိမ်ထောင်ပြုလိုက်ပြီဗျ၊ မိသားစုခြံဝင်းထဲကို ပြောင်းလာရတော့မှာ၊ အနာဂတ်မှာ ကျွန်တော်တို့ မကြာမကြာတွေ့ရတော့မှာဗျာ၊ ရှောင်ရွှယ်ကို ကူညီစောင့်ရှောက်ပေးဖို့အတွက် မရီးကို ဒုက္ခပေးရတော့မှာပဲ..."
ချင်းရို့ ထိုအကြောင်းကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ ပြောလိုက်လေသည်။
"ဂုဏ်ပြုပါတယ်နော်!"
"ရှီးရှီးက ဒီမှာမရှိဘူးလား?"
"သူ့အဖိုးအဖွားအိမ်ကို သွားတယ်"
"အိုး...သူ့အတွက် ပေးစရာရှိနေလို့ဗျာ..."
ဝမ်ယွမ်ကျန်းမှာ လုပ်စရာရှိနေသေး၍ သူတို့အိမ်မှာ အကြာကြီးမနေခဲ့ပေ။ သူက သတင်းကောင်းပြောပြပြီးတဲ့နောက် သူတို့အိမ်မှာ ပစ္စည်းတွေ အများကြီးချန်ထားခဲ့လေသည်။
ချင်းရို့ ကြည့်လိုက်တော့ ရှမင်ရှီးနှင့် ကျင်းရိလေးတို့အတွက် ချောကလက်တွေ၊ သကြားလုံးတွေ၊ ဘီစကစ်တွေ၊ မက်မွန်ကိတ်တွေနှင့် တခြားအရာတွေမှန်း တွေ့လိုက်ရလေသည်။ သည့်အပြင် ဝိုင်ကောင်းနှစ်ပုလင်းနှင့် အာဟာရဖြည့်စွက်စာတွေအများကြီး ပါလာသေးသည်။
ချင်းရို့ အလွန်စိတ်ရှုပ်ထွေးသွားရပြီး ဝိုင်ပုလင်းကို ကောက်ယူ၍ တချက်ကြည့်လိုက်ရာ ယင်းမှာ ဝိုင်ကောင်းတစ်ပုလင်းဖြစ်နေလေ၏။
"သူ ကျွန်မတို့ကို သတင်းကောင်းလာပြောပြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာလို့ လက်ဆောင်တွေအများကြီးယူလာရတာတုန်း? ရှင့်ဆီမှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဘယ်လောက်ရှိလဲ? လူတိုင်းက ဒီလိုမျိုးလက်ဆောင်တွေပေးနေရင်တော့ သူတို့ ဒေဝါလီခံကုန်တော့မှာပဲနော်"
လုယန်က အနှီးကို လျှော်နေရင်း သာမန်ကာလျှံကာဖြင့် ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ ဒါက ကျေးဇူးတင်တဲ့လက်ဆောင်ပဲ"
ချင်းရို့: "???!!!" ကျေးဇူးတင်လက်ဆောင်?
"ဘာကိစ္စရှိလို့လဲ? ရှင်က အောင်သွယ်လုပ်ပေးခဲ့လို့လား?"
"ကိုယ့်တူလေး ရှီးရှီးပါကွာ"
"ဘယ်လို?!"
ချင်းရို့ အံ့အားသင့်သွားရလျက်။ ထိုမှသာ ဝမ်ယွမ်ကျန်းအတွက် အောင်သွယ်တော်က ရှမင်ရှီးဖြစ်ကြောင်း သူမသိလိုက်ရလေ၏။
ဒီကလေးက လေးငါးနှစ်သားအရွယ်လေးနဲ့တင် အောင်သွယ်လုပ်တတ်နေပြီပဲ...
ဝမ်ယွမ်ကျန်းရဲ့ သတို့သမီးမှာ ရှမင်ရှီးရဲ့ မူကြိုဆရာမဖြစ်၏။ ပျော်ပွဲစားထွက်ကြစဥ် ရှမင်ရှီးက ဝမ်ယွမ်ကျန်းနဲ့ မတော်တဆတွေ့ဆုံခဲ့ကြရာ ကလေးငယ်ဟာ စိတ်သဘောကောင်းသူမို့ သူရင်းနှီးတဲ့လူကို တွေ့တာနဲ့ "ဦးလေးဝမ် ဦးလေးဝမ်!!!" လို့ နှုတ်ဆက်ခဲ့ပေသည်။
"ဟေး ဒါက လုမိသားစုက ကလေးလေးပဲ"
"ဦးလေးဝမ် ဒါက သားဆရာမ ဖေးဖေးပါ"
ဝမ်ယွမ်ကျန်းလည်း ရှောင်မင်ရှီးကို သတိထားမိသွားပြီးနောက် သူ့ဘေးနားက မူကြိုဆရာမကိုပါ သတိပြုမိသွားခဲ့သည်။
အနှီဝကစ်ကစ်ကလေးငယ်ဟာ ထူးထူးခြားခြား ကောင်းမွန်သူပင်။ သူဟာ တစ်ယောက်တည်း သူငယ်ချင်းလုပ်တာတင်မကဘဲ တခြားသူတွေကိုပါ မိတ်ဆွေသူငယ်ချင်းဖြစ်စေရန် တိုက်တွန်းတတ်လေရာ သူတို့တွေကို မိတ်ဆက်ပေးလိုက်ပါသေးသည်။ ဒီလိုနဲ့ နောက်ပိုင်းမှာ နှစ်ယောက်သား စုံတွဲဖြစ်သွားခဲ့ကြတာပေါ့လေ…
ချင်းရို့: "..." ဒီလိုပဲလား!
ချင်းရို့ ဝိုင်ပုလင်းကို အနည်းငယ်ထုံထိုင်းစွာဖြင့် လက်ညှိုးထိုးပြရင်း မေးလိုက်ပြန်သည်။
"ဒီဝိုင်ကရော ဘာတုန်း? ကျေးဇူးတင်လက်ဆောင်ပေါ့လေ? ရှင့်ကိုယ်ရှင် ရဲဘော်ကောင်းတစ်ယောက်လို့ ပြောနိုင်သေးတာလား?!"
သူမရဲ့ မီးတွင်းကာလအချိန်လေးမှာ ဒီဦးလေးနှင့်တူလေးအတွဲက သူမကို ဖုံးကွယ်ထားတာတွေ များနေတာပဲနော်။
ထိုအခါ လုယန်က သာမန်ကာလျှံကာ ပြောလိုက်သည်။
"ကိုယ် သူ့ကို အကြံတစ်ခုပေးခဲ့လို့ပါ"
ထိုလူရဲ့ လေသံမှာ တည်ငြိမ်အေးဆေးနေသော်ငြား ချင်းရို့ကတော့ သူ့ကိုယ်သူဂုဏ်ဖော်အားရကျေနပ်နေမှုနှင့် ထူးထူးခြားခြား ကြွားဝါနေမှုတို့ ပါဝင်နေတာကို ကြားနိုင်ခဲ့သည်။
ချင်းရို့: "…"
မျက်မမြင်ကြောင်က ကြွက်သေကို တွေ့ခဲ့တာ ဖြစ်နိုင်မလား?
(T/N: မမျှော်လင့်ဘဲ ကံကောင်းသွားတယ်လို့ပြောချင်တာပါ)
"ရှင် သူ့ကို ဘာအကြံပေးခဲ့လို့လဲ?"
သူမ ထင်နေတဲ့ဟာပဲ ဖြစ်နိုင်မလား...
"ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်အနေနဲ့ ဆိတ်ဆိတ်နေသင့်တယ်"
ချင်းရို့: "…"
မေ့လိုက်ပါတော့... သူမ အဲဒီလုပ်ငန်းစဉ်ကို မသိချင်တော့ပါဘူးနော်။ အနည်းဆုံးတော့ ရလဒ်က ကောင်းနေတာပဲလေ။
သို့ပေမယ့် ဝမ်ယွမ်ကျန်း ဘယ်သူနဲ့ လက်ထပ်မလဲဆိုတာကို သူမ အရမ်းသိချင်နေခဲ့ပေသည်။
……