Chapter 120
Vol. 10 Ch. 120
နှစ်ရက်အကြာတွင် ချင်းရို့က သူမအိမ်ဆီသို့ ကလေးငယ်နှစ်ယောက်နှင့်အတူတူ လိုက်လာတဲ့ ရွှယ်ရှောင်ဟွေ့ကို တွေ့ဆုံခဲ့ရချေပြီ။ ရှမင်ရှီးက သူမအား ဆရာမဖေးဖေးလို့ ခေါ်ပြီး သူမဟာ မကြာသေးမီကမှ သူတို့ရဲ့ မူကြိုသို့ အသစ်ရောက်လာတဲ့ ဆရာမဖြစ်လေသည်။
ရွှယ်ရှောင်ဟွေ့သည် မူလက ကွမ်တုန်းပြည်နယ်မှ ပညာတတ်လူငယ်တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းတွင် မူလတန်းပြဆရာမအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သူမက မူလတန်းကျောင်းတွင် ရက်အနည်းငယ်ကြာ နေပြီးနောက်မှ မူကြိုဆရာမအဖြစ် ပြောင်းရွှေ့ရန် တောင်းဆိုခဲ့လေ၏။
"ဟယ်လို ရဲဘော်ချင်းရေ ကျွန်မက ရွှယ်ရှောင်ဟွေ့ပါ၊ ကျွန်မတို့ ကျောင်းအုပ်ကြီးဆီကနေ ရှင့်အကြောင်းတွေ ကြားဖူးတယ်"
"မင်္ဂလာပါ ဆရာမရွှယ်"
ချင်းရို့က သူမကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်မိသွားရလျက်။
အကြောင်းသည်ကား ရွှယ်ရှောင်ဟွေ့ဟာ မျက်နှာဝိုင်းဝိုင်းနဲ့ အလွန်နူးညံ့ပြီး ချစ်စဖွယ်အသွင်အပြင်ရှိကာ အလွန်ရှက်တတ်ပုံပေါ်လေ၏။ သူမက ကျစ်ဆံမြီးကျစ်ထားလျက် သူမ စကားပြောတဲ့အချိန် တဖက်လူရဲ့ မျက်လုံးထဲသို့ တိုက်ရိုက်မကြည့်ဝံ့သလို ရိုးရှင်းပြီး မသိနားမလည်သော ယုန်ဖြူလေးတစ်ကောင်လို ရှက်ရွံ့ထိတ်လန့်နေလေ၏။
သူမက လူမှုရေးကြောက်တဲ့ ယုန်ဖြူလေးလိုပဲ။
အလိုလေး! !
ချင်းရို့ သူမကို လူချင်းတွေ့လိုက်ရတဲ့အခါ ဤမိန်းကလေးဟာ အမှန်တကယ် ဖြူစင်ပြီး လှပကြောင်း ခံစားခဲ့ရလျက်။ သည့်အတွက် လောင်ဝမ်က သူမလေးကို လက်ထပ်ဖို့ အရမ်းစိတ်အားထက်သန်နေတာဟာ အံ့သြစရာမဟုတ်ဘူးပဲနော်။
အရည်လဲ့နေတဲ့ မက်မွန်သဏ္ဍာန်မျက်ဝန်းတွေကို ကြည့်လိုက်ပါက သဘာဝကျကျ အပြစ်ကင်းစင်နေမှုတို့ကို ဖော်ပြနေရာ ချင်းရို့က သူမကိုယ်သူမ ပြန်တွေးကြည့်မိတဲ့အခါ သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုဟာ ညုတုတုမြေခွေးမလေးနှင့် ရိုးရိုးစင်းစင်းယုန်ဖြူလေးတို့လိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။
ချင်းရို့: "…"
"ဒေါ်လေး! ဆရာမဖေးဖေး!!"
"ဒေါ်လေး!!"
ရှမင်ရှီးက ရှောင်ကျင်းရိနဲ့ အတူတူ ခုန်ပေါက်နေသည်မှာ ယုန်ဖြူလေးကို မြေခွေးမလေးဆီသို့ ဦးဆောင်ခေါ်လာတဲ့ ကြက်ဖလေးနှစ်ကောင်အလား။
ချင်းရို့က ဆရာမရွှယ်အတွက် လှီးစိတ်ထားပြီးတဲ့ အသီးအနှံတချို့ကို ထုတ်ယူလာကာ လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်၏။
ရွှယ်ရှောင်ဟွေ့အတွက်မူ တစ်စုံတစ်ယောက်ရဲ့ အိမ်ကို ပထမဆုံးအကြိမ် ဧည့်သည်အဖြစ်သွားဖူးခြင်းပင်။ သူမ လက်ဖက်ရည်ခွက်ကို အလျင်စလိုကိုင်လိုက်ပြီး ကျောင်းအုပ်ကြီးကို ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး မတ်မတ်ကြီးထိုင်နေခဲ့သည်။
ချင်းရို့: "…"
ခေါင်းဆောင်လုရဲ့ "ဆိတ်ဆိတ်နေခြင်း" စစ်ဆင်ရေးဟာ ဘာကြောင့် အောင်မြင်သွားရသလဲဆိုတာ သူမတော့ နားလည်သွားပြီနော်...
လူမှုရေးကြောက်တတ်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ်ယောက်က တအားစိတ်ပါလက်ပါပြောဆိုနေခဲ့ရင် အဲဒီလူကို ကြောက်လန့်သွားစေလိမ့်မှာလေ။
"ချင်း... ရဲဘော်ချင်းရေ ရှင်က အရမ်းလှတာပဲ!!"
ရွှယ်ရှောင်ဟွေ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမရှေ့က ချင်းရို့ကို မချောင်းကြည့်ဘဲမနေနိုင်ဖြစ်နေလျက်။ ရဲဘော်ချင်းက လှတယ်ဆိုတာ သူမသိပေမယ့်လည်း ဒီလောက်လှပကျက်သရေရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ။
သူမရဲ့မျက်လုံးတွေက အရမ်းလှပသလို သူမပြုံးလိုက်တဲ့အခါမှာလည်း နွေဦးမှာ ပန်းတွေပွင့်လန်းလာသလိုမျိုး စွဲမက်ဖွယ်ကောင်းနေပြီး လှပကာ ညှို့ယူဖမ်းစားနိုင်သည်ပင်။
ရွှယ်ရှောင်ဟွေ့ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေရင်တောင်မှ ချင်းရို့အပြုံးမှာ ကျရှုံးသွားမိဆဲပင်။
သူမရှေ့မှာ ရဲဘော်ချင်းဟာ တကယ့်ကို လင်းလက်တောက်ပနေပြီး လှပချောမောတဲ့ အလှလေးပါပဲ။
ဒီလောက်လှပတဲ့ မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသဖြင့် သူမ တကယ်ပင် စိတ်လှုပ်ရှားနေခဲ့ပေမယ့် သူမအရှေ့က အလှလေးကို မကြည့်ပဲလည်း မနေနိုင်ပေ။
"ရှင်လည်းလှပါတယ်နော်"
"မဟုတ်တာ မဟုတ်တာ... မဖြစ်နိုင်တာတွေ"
ချင်းရို့ ထိုင်ကာ သူမနှင့် ခဏတစ်ဖြုတ် စကားစမြည် ပြောနေခဲ့ရာ ဆရာမဖေးဖေးဟာ နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသလို စကားပြောနေစဥ်အတွင်း သူမဟာ အလွန်စိတ်လှုပ်ရှားနေပုံပေါ်နေကြောင်း သူမတွေ့ရှိသွားခဲ့သည်။ ချင်းရို့က သူမအား ကျောင်းသားတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ သူမလုပ်ရိုးလုပ်စဥ်အတိုင်း စိတ်သက်သာရာရသွားသည်အထိ ဖြည်းဖြည်းချင်း နှစ်သိမ့်ပေးခဲ့ပေသည်။
ရွှယ်ရှောင်ဟွေ့ဟာ ရှက်ရွံ့စွာ မေးလာခဲ့သည်။
"ရဲဘော်ချင်းရေ မူကြိုဆရာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မကို သင်ပေးလို့ရမလားဟင်?"
"ရှင်က မူကြိုဆရာမဖြစ်ဖို့ မွေးဖွားလာခဲ့တာလို့ ကျောင်းအုပ်ဝူပြောလို့လေ"
ချင်းရို့: "..." ကိစ္စမရှိပါဘူး...
"ကျွန်မ... ကျွန်မ အမြဲတမ်း တုန်လှုပ်နေပြီးတော့ စိတ်လျော့လို့မရလို့"
ရွှယ်ရှောင်ဟွေ့က သူမဟာ ဆရာမတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို မျက်ရည်တွေနဲ့ ပြောပြလာခဲ့သည်။ သူမက အမှန်တကယ်ပဲ လူစိမ်းတွေနဲ့ တွေ့ဆုံရတာကို ကြောက်ရွံ့တတ်သလို အပြင်လူတွေအရှေ့မှာဆို အလွယ်လေး တုန်လှုပ်တတ်လေ၏။ သို့ရာတွင် သူမကိုယ်သူမ ထောက်ပံ့ဖို့ရာ အလုပ်လုပ်ရမည်ပင်။
ဆရာမတစ်ယောက်ဖြစ်ရုံမှတပါး သူမနဲ့ လိုက်ဖက်တဲ့ တခြားအလုပ်လည်း မရှိပါချေ။ အရပ်ရှည်ရှည် အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနှင့် နှိုင်းယှဉ်ပါက ရွှယ်ရှောင်ဟွေ့က ကလေးများနှင့် အတူနေဖို့ကို ပို၍နှစ်သက်လေ၏။
သူမ မူလတန်းကျောင်းသားအုပ်စုကို လက်မခံနိုင်ဘဲ မသိနားမလည်သေးသော၊ အပြစ်ကင်းစင်သော ကလေးတွေကိုသာ လက်ခံနိုင်သောကြောင့် မူကြိုဆရာမအလုပ်ကို မြတ်နိုးပေသည်။
"တုန်လှုပ်နေတာတွေကို လွှတ်မချနိုင်ဘူးလား... သီချင်းဆိုတတ်၊ ကတတ်လား?"
"ဟင့်အင်း အရမ်းကြီးတော့မကောင်းဘူး"
"ဒါဆို အနာဂတ်မှာ ကလေးတွေနဲ့အတူတူ သီချင်းဆို၊ ကဖို့ ကြိုးစားကြည့်ပါ"
ချင်းရို့ သူမကို အကြံတစ်ခုပေးလိုက်၏။
လူတွေရှေ့မှာ မကြာခဏ သီချင်းဆိုခြင်းနဲ့ ကခုန်ခြင်းပြုလုပ်ပါက အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း လူမှုရေးဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို လွှတ်ချနိုင်သွားလိမ့်မည်ပင်။
မူကြိုဆရာမအလုပ်ဟာ လူမှုရေးဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အသင့်တော်ဆုံးပင်။ တစ်ယောက်ယောက်က ကလေးတွေနဲ့အတူတူ ရှိနေနိုင်သလို ကိုးရိုးကားယားကခုန်နိုင်ကြမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လူတိုင်း ကလေးတွေနဲ့ဆို အတူတူ ကနိုင်တယ်လေ။
"… ကျွန်မက အကမတော်ဘူး"
"ကျွန်မ ရှင့်ကို သင်ပေးနိုင်ပါတယ်"
ချင်းရို့ ခဏမျှ စဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည်။
"ကျွန်မ ရှင်နဲ့ အတူတူကပေးဖို့ မူကြိုကို လာခဲ့မယ်လေ"
ရွှယ်ရှောင်ဟွေ့ အံ့အားသင့်သွားလျက်။
"တကယ်လား? အဲလိုဆို ရှင့်အတွက် ဒုက္ခအရမ်းများသွားမယ်မဟုတ်လား?!!"
"ဒုက္ခမများပါဘူး"
ချင်းရို့က ဒါဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်ပစ်လိုက်တယ်လို့ပဲ တွေးခဲ့ပေသည်။ သူမက ကလေးမွေးဖွားခါစဖြစ်ကာ သုံးလကျော်ပဲရှိပါသေးသည်။ မကြာသေးမီက သူမရဲ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ယောဂကျင့်ခဲ့သည်။ အမှန်တကယ်တော့ သူမဟာ လေ့ကျင့်ခန်းအတွက် ရိုးရှင်းတဲ့အကတွေ ကချင်နေခဲ့တာလေ။
သို့သော် သူမသိတဲ့ အကအများစုဟာ ကလေးတွေအတွက် ကကွက်တွေပဲ ဖြစ်နေခဲ့သည်။ ကကွက်တွေဟာ ရိုးရှင်းပြီး နှေးကွေးသလို သင်ယူရလွယ်ကူ၍ သူမရဲ့ လက်ရှိအခြေအနေနဲ့ သင့်တော်လေသည်။
ဒါပေမယ့် အဲဒါတွေက ကလေးအကတွေပဲလေ။ ကလေးတွေ ကတဲ့အခါ ချစ်စရာကောင်းပေမယ့် လူကြီးတွေကရင်တော့ အရူးလို ရယ်စရာကြီးဖြစ်နေမှာ...
ချင်းရို့တစ်ယောက် အိမ်မှာ ကရတာ ရှက်ရွံ့နေပေမယ့် မူကြိုမှာ သွားကရမယ်ဆိုရင်တော့ အဆင်ပြေတယ်လေနော်။
ကလေးတွေရှေ့မှာဆို သူမ လွတ်လွတ်လပ်လပ် ကနိုင်ပြီး ပတ်ဝန်းကျင်ရှိ လူတွေကလည်း သူမရဲ့ဦးနှောက်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားရမှာ မဟုတ်ဘူးလေ။
"ရဲဘော်ရှောင်ချင်းရေ ရှင်က တကယ့်ကို ကြင်နာတတ်တာပဲဟာ!!!"
ရွှယ်ရှောင်ဟွေ့ သူမအား အလွန့်အလွန် ကျေးဇူးတင်နေလျက်။
သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ကလေးနှစ်ယောက်ရဲ့ "ဦးလေး!" "ဦးလေး!"လို့ ခေါ်သံတွေကို ကြားလိုက်ရလေ၏။
လုယန် အိမ်ထဲဝင်လာတဲ့အခါ ချင်းရို့က ပြုံးလိုက်ပြီး သူမရဲ့ခင်ပွန်းအနား လျှောက်သွားလိုက်၏။ ရွှယ်ရှောင်ဟွေ့က အိမ်ထဲဝင်လာတဲ့ အရပ်ရှည်ရှည်အမျိုးသားကို တွေ့လိုက်ရတဲ့အခါ သူမတစ်ကိုယ်လုံး တင်းမာသွားလျက် သူမခေါင်းထဲမှာ ရေဒါအချက်ပေးသံအမျိုးမျိုး ထွက်ပေါ်လာပါတော့သည်။
ဒီလူကို ကြည့်ရတာ အရမ်းကြောက်စရာကောင်းတာပဲ...
မူလကတည်းက သူစိမ်းတွေနဲ့ တွေ့ရမှာကို ကြောက်တတ်တဲ့ ရွှယ်ရှောင်ဟွေ့ဟာ အရပ်ရှည်ရှည်အမျိုးသားကို တွေ့ရတဲ့အခါ ပိုလို့တောင် ကြောက်ရွံ့လာခဲ့ပြီ။
"ဒါက လောင်လုလေ၊ ရှင့်ရဲ့လောင်ဝမ်နဲ့ သူငယ်ချင်းတွေပဲ၊ သူတို့က အကယ်ဒမီမှာ အတူတူ ပညာသင်ခဲ့ကြတာတဲ့"
"အိုး ဟုတ်ကဲ့... ရဲဘော်လု... ကျွန်မ ဝမ်ဆီကနေ ရှင့်အကြောင်းတွေ ကြားဖူးပါတယ်၊ သူ... သူက ရှင့်အကြောင်းတွေ အများကြီးပြောပြဖူးပါတယ်"
…