← Chapters

ဆရာမ

Vol. 2 Ch. 21

ဆရာမ

Vol. 2 Ch. 21

အလင်းရောင်သည် ယူပစ်လိုက်သလို ပျောက်ကွယ်သွားသည်။ ချန်ဆီရွှမ်သည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ရင်း ရထားခန်းထဲသို့ အလျင်စလို ဝင်ရောက်သွားသည်။ လင်းရှန်၏ ဖုန်းမီးဖြင့်၊ သူမသည် ရထား၏ ခရီးမိုင်အကွာအဝေးကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။

ထို့နောက်၊ သူမသည် ထောင့်တစ်နေရာသို့ ပြန်လှည့်လာပြီး၊ မှတ်စုစာအုပ်ကို ထုတ်ယူကာ၊ တုန်ယင်နေသော လက်ဖြင့် ဂရုတစိုက် မှတ်တမ်းတင်လိုက်သည်။

“ပထမနေ့၊ ကျိအန်းမြို့မှ ထွက်ခွာခဲ့သည်၊ ခရီးသွားချိန်။ ၅၀ မိနစ်၊ အကွာအဝေး။ ၅၄ ကီလိုမီတာ၊ နေ့အလင်းရောင်ရှိချိန်။ ၁၆:၀၀ မှ ၁၈:၄၅ ထိ”

ချန်ဆီရွှမ်၏ မျက်လုံးများသည် ကျဉ်းလိုက်ကျယ်လိုက်ဖြစ်နေပြီး သူမ၏ တစ်ကိုယ်လုံး ပြိုလဲတော့မည့်အခြေအနေသို့ ရောက်ရှိနေသည်။ သူမသည် တစ်ခုခုတွင် စိတ်နှစ်ထားရန်လိုအပ်ပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို မတွေးတောရန် အတင်းအကြပ် ဖိစီးထားသည်။

သူမသည် လင်းရှန်အကြောင်း၊ ထိုသုံးဦးမိသားစုအကြောင်း၊ အပြင်ဘက်ရှိ အမှောင်ဒီရေများ၊ နှင့် အထူးသဖြင့် သူမ၏ မကြာမီရောက်ရှိလာတော့မည့် သေဆုံးမှုအကြောင်း မတွေးရန် ကြိုးစားသည်…

ရုတ်တရက်၊ ရထားခန်းတံခါးသည် အလိုအလျောက်ဖွင့်လှစ်လာပြီး၊ စင်္ကြံမီးများ လင်းလာသည်။ ထိတ်လန့်သွားသော ချန်ဆီရွှမ်သည် ကြမ်းပေါ်သို့ နောက်ပြန်လဲကျသွားသည်။

တံခါးပွင့်လာသောအခါ၊ သွေးများဖုံးလွှမ်းနေပြီး ဓားမြှောင်တစ်ချောင်းကိုင်ထားသော လင်းရှန် အတွင်းသို့ ခုန်ဝင်လာသည်။ ချန်ဆီရွှမ် အလွန်ဝမ်းသာသွားသည်။ သူမသည် ချက်ချင်း ထလိုက်ပြီး တံခါးကို ပိတ်ကာ သော့ခတ်လိုက်သည်။ ထို့နောက်၊ စင်္ကြံမီးရောင် အပြင်ဘက်အမှောင်ထဲသို့ ယိုစိမ့်မသွားစေရန်၊ ရထားခန်းသို့ ဦးတည်သည့် တံခါးငယ်ကိုပါ ပိတ်လိုက်သည်။

“လင်း… လင်း၊ ရှင်အဆင်ပြေရဲ့လား” ချန်ဆီရွှမ်သည် ရထားအတွင်း၌ ဒူးထောက်ထိုင်ရင်း၊ ဒဏ်ရာများဖုံးလွှမ်းနေသော လင်းရှန်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

“ငါမသေသေးဘူး” လင်းရှန်သည် နောက်ဘက်မှ ရေသန့်ဘူးတစ်လုံးကို ဆွဲယူလိုက်ပြီး၊ ဖောက်ဖွင့်ကာ တစ်ဝက်ခန့်ကို တဂွတ်ဂွတ်သောက်လိုက်ပြီးမှ နောက်ဆုံးတွင် အသက်ကို ရှည်ရှည်ရှူထုတ်လိုက်သည်။

သူ့ကို သွေးများဖုံးလွှမ်းနေသည့် အခြေအနေတွင် မြင်လိုက်ရသောအခါ၊ ချန်ဆီရွှမ်သည် လျင်မြန်စွာ မျက်နှာသုတ်ပုဝါတစ်ထည်ကို ထုတ်ယူကာ သူ့ကို သုတ်ပေးရန် ပြင်လိုက်သည်။ သို့သော် လင်းရှန်သည် သူမ၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။

“အာ… ဘာဖြစ်လို့လဲ”

ချန်ဆီရွှမ်သည် အံ့အားသင့်စွာ မော့ကြည့်လိုက်ရာ၊ လင်းရှန်၏ စူးရှသောအကြည့်နှင့် ဆုံမိသည်။ သူ့မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေပြီး၊ လွှမ်းမိုးနိုင်စွမ်းရှိသောအသံဖြင့် မေးခွန်းထုတ်သည်။

“အခုန ဘာဖြစ်လို့ တံခါးမဖွင့်ခဲ့တာလဲ”

အမှန်တွင်၊ လင်းရှန် ချောက်ထဲမှ တက်လာတာ ကြာပြီဖြစ်၏။

ကားသမားအုပ်စုသည် ညမရောက်မှ သေချာပေါက်ထွက်ခွာသွားလိမ့်မည်ကို သူသိသည်။ ထို့ကြောင့် တောင်စောင်းတွင် ခနပုန်းခိုနေရင်း သူ့ဓါးမြှောင်ကိုလဲ ပြန်ရှာတွေ့ခဲ့သည်။

ချန်ဆီရွှမ် မျက်လုံးများကို လှန်ကြည့်လိုက်သည်။ သူ၏တည်ကြည်သော မျက်နှာအမူအရာကို မြင်သောအခါ၊ သူမသည် နှုတ်ခမ်းကို ကိုက်ခဲလိုက်ပြီး၊ အကြည့်ကို ငုံ့ချကာ၊ ခဏမျှ တိတ်ဆိတ်နေပြီးမှ တိုးညင်းစွာ ဖြေကြားလိုက်သည်။

“တံခါးဖွင့်ခဲ့ရင်၊ ရှင် ကျွန်မကို ထားခဲ့မှာမဟုတ်လား”

“အင်း။” လင်းရှန်အသံသည် ရေခဲကဲ့သို့ အေးစက်နေသည်။

ချန်ဆီရွှမ် မျက်နှာပျက်သွားသည်။ လင်းရှန်၏ ပြတ်သားသော အဖြေကို ကြားလိုက်ရသောအခါ၊ သူမ အရုပ်ကြိုးပြတ် ဖြစ်သွားပြီး၊ နံရံကို နွမ်းလျစွာ မှီထားသည်။ သူမမျက်ဝန်းများသည် နာကျင်မှုဖြင့် ပြည့်နှက်နေပြီး၊ တင်းတင်းကြပ်ကြပ် မှိတ်ထားကာ၊ မျက်ရည်များ တသွင်သွင်စီးကျလာသည်။

လင်းရှန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ချန်ဆီရွှမ် ငိုနေသည်ကို ကြည့်ရင်း၊ နောက်ဆုံးတွင် သူပြောလိုက်သည်။

“မင်းက ကရုဏာစိတ်ကြောင့် ဝန်လေးခဲ့တာငါနားလည်ပါတယ်။”

“လူသားတွေအနေနဲ့၊ တစ်ဖက်လူရဲ့ ဆင်းရဲဒုက္ခကို လျစ်လျူရှုလိုက်တဲ့အခါ၊ ကြင်နာစိတ်ရှိတဲ့သူတိုင်း နာကျင်မှုကို ခံစားရမှာပဲ”

သူ့စကားများကို ကြားလိုက်ရသောအခါ၊ ချန်ဆီရွှမ်၏ စိတ်ခံစားမှုများ လုံးဝပြိုကျသွားသည်။ သူမသည် လင်းရှန် ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး၊ သိမ်မွေ့သောပခုံးလေးများ တသိမ့်သိမ့် တုန်ယင်နေသည်။ သူမ၏ ရှိုက်သံများသည် ထိန်းမရသော ငိုသံများအဖြစ် ပြောင်းလဲသွားပြီး၊ နှလုံးကွဲကြေမှုနှင့် နောင်တတရားများဖြင့် ပြည့်နှက်နေသည်။ သူမသည် ကလေးတစ်ယောက် အပြစ်ဝန်ခံနေသလို၊ ထိန်းချုပ်မှုမရှိဘဲ ငိုကြွေးနေသည်။

“တကယ်ဘာလုပ်ရမယ်မသိခဲ့ဘူး…”

လင်းရှန်သည် သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ညင်သာစွာ သိုင်းဖက်ထားပြီး၊ တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

“တာအိုဘာသာမှာ စကားတစ်ခွန်းရှိတယ်။ ‘သူတစ်ပါးကို မကယ်တင်မီ၊ ကိုယ့်ကိုယ်ကို ကယ်တင်ပါ။ ကိုယ့်ကိုယ်ကို မကယ်တင်မီ၊ နှလုံးသားကို ကယ်တင်ပါ။ ကောင်းကင်က မကူညီရင်၊ ကိုယ့်ကိုယ်ကိုယ် ကူညီပါ’ မင်းကိုယ်မင်း မကာကွယ်နိုင်ရင်၊ တစ်ဖက်လူကို ဘယ်လိုမှ ကာကွယ်နိုင်မှာမဟုတ်ဘူး။ မင်းတံခါးဖွင့်ခဲ့ရင်၊ အဲ့ဒီသုံးယောက်ရော မင်းရော သေသွားလိမ့်မယ်။ ငါ့ကိုပါ ဆွဲချသွားလိမ့်မယ်”

“ကျွန်မသိပါတယ်…” ချန်ဆီရွှမ်သည် ငိုကြွေးနေရင်း၊ မျက်ရည်များဖြင့် ပြည့်နှက်နေသော သူမမျက်နှာသည် မိမိကိုယ်ကို အပြစ်တင်မှုနှင့် နောင်တဖြင့် ပြည့်နှက်နေသည်။ “ဒါပေမယ့် ကျွန်မ ကလေးငိုသံကို ကြားလိုက်ရတယ်။ အဲဒီကလေးလေး… လပိုင်းလောက်ပဲ ရှိမယ်ထင်တယ်…”

သူမ၌ မိခင်ဗီဇသည် သဘာဝအလျောက် ထကြွလာသည်। ထိုအခိုက်အတန့်တွင်၊ ချန်ဆီရွှမ်သည် သူမကိုယ်သူမ မိစ္ဆာတစ်ကောင်၊ နှလုံးမဲ့သော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။

လင်းရှန်သည် ချန်ဆီရွှမ်၏ ပြိုလဲလုနီးပါး အခြေအနေကို မျက်နှာအမူအရာမပြောင်းလဲဘဲ ကြည့်ရှုနေသည်။ သက်ပြင်းဖွဖွတစ်ချက်ဖြင့် သူပြောလိုက်သည်။

“ အဲဒါအားလုံးက အတုအယောင်လို့ ငါပြောရင်၊ မင်းဘယ်လိုထင်လဲ”

လင်းရှန်ရင်ခွင်ထဲတွင် ငိုကြွေးနေရင်း လမ်းပျောက်နေသော ချန်ဆီရွှမ်သည် သူ့စကားများကို ကြားလိုက်ရသောအခါ တောင့်တင်းသွားသည်။ ဖြည်းဖြည်းချင်း၊ သူမသည် မျက်ရည်များဖြင့် မှုန်ဝါးနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ မေးလိုက်သည်။

“ဘာ… ရှင်ဘာပြောလိုက်တာလဲ”

လင်းရှန်အကြည့်က အနည်းငယ်ထက်ရှလာသည်။ သူရှင်းပြလိုက်သည်။

“အခုငါတို့ ယူရှန်ဘူတာရုံ အနီးမှာ ရှိနေတယ်။ ရထားမရှိရင်တောင်၊ ဘူတာရုံထဲမှာ ပုန်းအောင်းတာက အန္တရာယ်ကင်းဆုံးပဲ။ ဒါပေမယ့် အဲဒီအုပ်စုထွက်သွားတာနဲ့ မိသားစုသုံးယောက် တံခါးလာခေါက်တာ အရမ်းကို ရည်ရွယ်ချက်ရှိလွန်းတယ်။ ပြီးတော့… မိခင်တစ်ယောက်က သူ့ကလေးကို တမင်ဆိတ်ပြီး ငိုအောင်လုပ်တဲ့အထိ ရက်စက်တဲ့သူကို မင်းတစ်ခါမှ မြင်ဖူးလား”

ဤစကားကို ကြားလိုက်ရသောအခါ၊ ချန်ဆီရွှမ်ၤ မျက်ဆံများ ပြင်းထန်စွာ တုန်ယင်သွားသည်။ မျက်ရည်များသည် သူမမျက်လုံးများတွင် တဖိတ်ဖိတ်လက်နေပြီး၊ သူမမျက်နှာသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။

“ရှင်ပြောတာက… သူတို့က လိမ်နေတာလား”

လင်းရှန်သည် မျှော်လင့်ချက်မဲ့သော အပြုံးတစ်ခုပြလိုက်သည်။

“ဆရာမ ချန်၊ ‘သိုးယောင်ဆောင်သောဝံပုလွေ’ ဇာတ်လမ်းကို မင်းကြားဖူးတယ်မဟုတ်လား။ ငါမမှားဘူးဆိုရင်၊ အဲဒီ မိသားစုသုံးယောက်ဆိုတာက ငါတို့ကို တံခါးဖွင့်အောင် လှည့်ဖျားဖို့ အဲဒီအုပ်စုက ရည်ရွယ်ချက်နဲ့ လွှတ်လိုက်တာ”

ကမ္ဘာပျက်ကပ်အတွင်း၊ လူတိုင်းသည် မိမိတို့အသက်အတွက် အမြဲသတိထားနေကြသည်။ တစ်ဖက်လူ၏ သနားကရုဏာကို အသုံးချခြင်းသည် အမှန်တကယ် ထိရောက်သော ဗျူဟာတစ်ခုဖြစ်ကြောင်းလဲ သက်သေများရှိလေသည်။

လင်းရှန်သည်ပင် မနေ့ကမှ ဆင်တူသော အခြေအနေတစ်ခုကို တွေ့ကြုံခဲ့ရသည်…

လင်းရှန်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ၊ ချန်ဆီရွှမ်သည် ထိတ်လန့်စွာ ပါးစပ်ကို အုပ်ထားလိုက်သည်။

လူများသည် ဤမျှ ယုတ်မာနိုင်သည်ကို သူမယုံကြည်ရန် ခက်ခဲနေသည်။

ထို့နောက် သူမသည် ဒါရိုက်တာ လျန်ဝေ့ကို တွေးမိပြီး၊ တစ်ကိုယ်လုံး အေးစက်သွားသည်။ သူမသည် အလွန်အမင်း ရိုးသားလွန်းခဲ့သည်ဟု ခံစားရသည်။ ဤအခိုက်အတန့်တွင်၊ သူမသည် လူသားများ၏ ယုတ်မာမှုအတိမ်အနက်ကို အမှန်တကယ် နားလည်လိုက်သည်။

ချန်ဆီရွှမ်သည် လုံးဝအားမာန်ကုန်ခမ်းသွားသလို ခံစားရပြီး၊ သူမၤမျက်လုံးများသည် ဗလာဟင်းလင်းဖြင့် အာရုံမစူးစိုက်နိုင်ဖြစ်နေသည်။

လင်းရှန် သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ဤတုံ့ပြန်မှုသည် သူ့အတွက် သက်သာရာရမှုတစ်ခုဖြစ်ကြောင်း သူဝန်ခံရမည်။

သူသည် ကမ္ဘာပျက်ကပ်တွင် လူများ၏ ယုတ်မာမှုကို နက်နက်ရှိုင်းရှိုင်း နားလည်သည်။ အကယ်၍ ချန်ဆီရွှမ်သည် နှလုံးသားနူးညံ့သူတစ်ဦးဖြစ်ပြီး၊ တံခါးဖွင့်ရန် သူ့ကို တောင်းပန်ခဲ့မည်ဆိုလျှင်၊ သူသည် သူမကို စွန့်ပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။

ဤလူမျိုးကို ရထားကို စောင့်ကြပ်ရန် ယုံကြည်ထားလို့မရပေ။

သို့သော် ဤဖြစ်ရပ်သည် ချန်ဆီရွှမ်အပေါ် သူ့အမြင်ကို သိမ်မွေ့စွာ ပြောင်းလဲစေခဲ့သည်။

တိုတောင်းသော အချိန်အတွင်း၊

တစ်ခါက ကျောင်းတော်၏ဘုရင်မအဖြစ် လူအများချစ်ခင်ခဲ့သော ဤအမျိုးသမီးသည် ထူးခြားသော သတ္တိကို ပြသခဲ့သည်။ ၎င်းသည် သူမသည် ဉာဏ်ရည်ထက်မြက်ရုံသာမက၊ ထူးကဲသော ခံနိုင်ရည်ရှိကြောင်း သက်သေပြခဲ့သည်။

ရိုးရိုးသားသားပြောရလျှင်၊ လင်းရှန်သည် သူမအပေါ် အနည်းငယ် အံ့သြခြင်းနှင့်အတူ မလေးစားပဲ မနေနိုင်ခဲ့ပေ။

“ကျွန်မက အရမ်းတုံးနေတာလား” ချန်ဆီရွှမ်သည် ကြာရှည်တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

လင်းရှန်က သူ့အနေအထားကို ပြုပြင်လိုက်ပြီး၊ ဖျော့ဖျော့အပြုံးဖြင့် ဖြေကြားလိုက်သည်။ “အရမ်းတုံးတယ်၊ အရမ်းရိုးသားတယ်”

သူ့အကဲဖြတ်မှုကို ကြားလိုက်ရသောအခါ၊ ချန်ဆီရွှမ် မျက်နှာအမူအရာသည် မိမိကိုယ်ကို ကဲ့ရဲ့သကဲ့သို့ ဖြစ်သွားပြီး၊ တိတ်တဆိတ် ရယ်မောလိုက်သည်။

ပြင်းထန်သော တိုက်ပွဲတစ်ခုမှ လွတ်မြောက်လာခဲ့သော လင်းရှန်သည် သိသိသာသာ နာကျင်နေသည်။ သူသည် ထောက်ပံ့ရေးပစ္စည်းများထားရှိရာ ထောင့်သို့ တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ “မင်းဗိုက်မဆာဘူးလား၊ ဘာလို့ ဘာမှမစားသေးတာလဲ”

ချန်ဆီရွှမ်၏ မျက်လုံးများသည် သူ့စကားများကြောင့် ပြူးကျယ်သွားပြီး၊ ခေါင်းငုံ့ကာ ဖြေကြားလိုက်သည်။ “ရှင်… ရှင်က ကျွန်မကို စားဖို့ ခွင့်မပေးခဲ့ဘူး”

လင်းရှန် သူမကို ကြည့်ရင်း ထူးဆန်းသွားသည်။ သူ့မျက်နှာအမူအရာသည် ရယ်ချင်စိတ်နှင့် မယုံကြည်နိုင်မှုတို့ ရောယှက်နေသည်။ ဤဆရာမလေး၏ နာခံသော အမူအရာက သူ့မသိစိတ်ထဲမှ တစုံတစ်ရာကို ပြင်းပြင်းထန်ထန် နှိုးဆွနေသည်။

“ဆရာမ ချန်၊ မင်းက ချစ်ဖို့ကောင်းတယ်”

“အဲဒါက ဘာကိုဆိုလိုတာလဲ” ချန်ဆီရွှမ်သည် မျက်နှာတွင် အံ့အားသင့်မှုဖြင့် မေးလိုက်သည်။

“ငါဆိုလိုတာက၊ ဆရာမ ချန်၊ အခု ငါ မင်းနဲ့ အတူနေချင်တယ်”

“ဟမ်…”

ချန်ဆီရွှမ်သည် လင်းရှန်၏ ပွင့်လင်းသော ထုတ်ဖော်ပြောဆိုမှုကြောင့် လုံးဝမထင်မှတ်ထားဘဲ အငိုက်မိသွားသည်။ သူမတုံ့ပြန်နိုင်မီ၊ လင်းရှန်သည် သူမကို ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။

သူမ ချက်ချင်း ပျော့ခွေသွားပြီး၊ ထိတ်လန့်နေသော ယုန်လေးတစ်ကောင်ကဲ့သို့ တောင်းပန်လိုက်သည်။

ချန်ဆီရွှမ်:“ခဏစောင့်ပါဦး၊ လင်း၊ ရှင်ဒဏ်ရာရထားတာမဟုတ်လား”

လင်းရှန်:“ဟာ၊ အခုလိုအပ်နေတာ”

ချန်ဆီရွှမ်:“ခဏလေး၊ ရှင့်မှာ သွေးတွေနဲ့ …”

လင်းရှန် : “ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ငါ… ငါ ဒါကို တစ်ခါမှ မလုပ်ဖူးဘူး…”

ချန်ဆီရွှမ်:“ခဏ၊ ခဏ ကျွန်မ… အိတ်ထဲမှာ အဲဒါ… ရှိတယ်…”

ညသည် မင်ရောင်ကဲ့သို့ မှောင်မိုက်နေပြီး၊ အပြင်ဘက်တွင် နှင်းပွင့်များသည် ညင်သာစွာ ကျဆင်းနေသည်။

မလှမ်းမကမ်းတွင်၊ ဆိုဖာတစ်လုံးပေါ်တွင်၊ မိန်းမပျိုတစ်ဦး အိပ်မောကျနေသည်။ သူမမျက်လုံးများသည် မှိတ်ထားဆဲဖြစ်သော်လည်း၊ စိမ်းလဲ့သောမျက်ခုံးများသည် တဖြည်းဖြည်း တွန့်လာသည်…

All Chapters