← Chapters

တောင်းပန်ခြင်း

Vol. 2 Ch. 25

တောင်းပန်ခြင်း

Vol. 2 Ch. 25

''ကီလိုမီတာ ၁၀၀တောင် မပြည့်သေးဘူး၊ ရှင့်ကို လုယက်ဖို့ ကြိုးစားတဲ့ အုပ်စုနှစ်ခုရှိနေပြီ။ ရှင် အမြဲတမ်း ဒီလိုကံကောင်းနေမယ်လို့ ထင်နေတာလား၊ ပြီးတော့ ရှင်တို့မှာ နှစ်ယောက်ပဲ ရှိတယ်။ ရှင်နဲ့အတူရှိတဲ့ အဲဒီမိန်းမက ဖုတ်ကောင်တစ်ကောင်တောင် မဖြေရှင်းနိုင်ဘူးထင်တယ်။ ဖုတ်ကောင်အုပ်စုနဲ့ ရင်ဆိုင်ရရင် ရှင်ဘာလုပ်မလဲ၊ အအေးလှိုင်းဒဏ်အတွက် အပူပေးစက်တွေ ရှိလား၊ ရေဒါစနစ်ရော၊ ရပ်တန့်ပြီးရင်၊ ဘေးကင်းဖို့ ကင်းစောင့်စနစ်လိုမယ် မဟုတ်လား၊ အမှောင်သတ္တဝါတွေအတွက် ကာကွယ်ရေးစနစ်ရော၊ ရိက္ခာတွေ သယ်ယူဖို့က လွယ်ကူပေမယ့်၊ သယ်ယူပို့ဆောင်ရေးစက်ယန္တရားတွေရော ဘယ်မှာလဲ''

''ပြီးတော့ နောက်ထပ်တစ်ခု၊ လူသားတွေက နုနယ်တယ်။ ကမ္ဘာတဝှမ်း ကပ်ရောဂါ ပျံ့နှံ့နေတဲ့အခါ၊ တစ်ယောက်ယောက် ကူးစက်ခံရရင် ဒါမှမဟုတ် ဖျားနာရင် ရှင်ဘာလုပ်မလဲ၊ ဆရာဝန်တွေနဲ့ ပဋိဇီဝဆေးတွေ လိုမယ် မဟုတ်လား၊ ရေရှည် ဗီတာမင်ချို့တဲ့မှုအတွက်ဆိုရင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ လိုမယ်။ ဆေးဘက်ဆိုင်ရာ စနစ်ရှိလား၊ စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေရော၊ ပြုပြင်ရေးစနစ်ရော၊ ဒရုန်းထောက်လှမ်းရေးရော၊ ပြီးတော့ ရေခဲတောင်တက်လမ်းအတွက်ရော၊ ရေခဲခွဲဒိုင်းရှိလား၊ ရထားလမ်းတွေ ပြုပြင်ဖို့ လိုအပ်ရင်၊ သံမဏိ၊ ရထားလမ်းသယ်ယူတဲ့ ကားသေးတွေ၊ ရထားလမ်းမြှောက်စနစ်တွေ လိုမယ် မဟုတ်လား။ ဒါတွေအားလုံးကို ရှင်ကိုင်တွယ်နိုင်မှာလား၊ ရိုးရိုးသားသား ပြောရရင်၊ ရှင့်ရဲ့ အနန္တရထားစီမံကိန်းဆိုတာ တစ်ထောင်ကီလိုမီတာတောင် မခံပဲ လုံးဝပြိုလဲသွားလိမ့်မယ်။ ပွဲပြီးသွားပြီ၊ ပိတ်သိမ်းပြီ၊ နှုတ်ဆက်ပြီ၊ ပြီးပြီ''

ကီကီ၏ အသံသည် ပိုမိုစိတ်လှုပ်ရှားလာပြီး၊ နောက်ဆုံးစကားလုံးများကို ဆက်တိုက်ပြောချလိုက်သည်။ သူမ၏ ရင်ဘတ်လေးက စိတ်လှုပ်ရှားမှု၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သူမ၏ ညီညာသော သွားလေးများက တင်းတင်းစေ့နေသည်။ လင်းရှန်သည် အရုဏ်ဦးစီမံကိန်းကို လျစ်လျူရှုပြီး သူ၏ရထားကို ဆက်လက်မောင်းနှင်ရန် ခေါင်းမာနေသည်ကို ကြားလိုက်ရသဖြင့် သူမ သိသာစွာ စိတ်လှုပ်ရှားနေသည်။

ထောင့်ကျဉ်းထဲသို့ ရောက်နေသည်ဟု ခံစားလိုက်ရပြီး၊ သူမ၏မျက်နှာအမူအရာ အလေးအနက်ဖြစ်လာသည်။ သူမ၏ခေါင်းထက်ရှိ ဓားကို တစ်ချက်ကြည့်ပြီး၊ စိုးရိမ်လာသည်။

လင်းရှန် အံ့သြထိတ်လန့်သွားသည်။ ဒေါသထွက်မည့်အစား၊ သူ၏မျက်လုံးများသည် စိတ်ဝင်စားမှုဖြင့် တဖြည်းဖြည်း တောက်ပလာသည်။

''ခဏလေး… ဖြည်းဖြည်းပြော။ ကင်းစောင့်စနစ်တွေ၊ ကာကွယ်ရေးစနစ်တွေ၊ ရေဒါစနစ်တွေ၊ သယ်ယူပို့ဆောင်ရေးစက်ယန္တရားတွေ၊ ဆေးဘက်ဆိုင်ရာစနစ်တွေ၊ စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေ၊ ပြုပြင်ရေးစနစ်တွေ၊ ဒရုန်းထောက်လှမ်းရေးတွေ… နောက်ထပ်ဘာတွေလဲ''

သူ၏စူးစမ်းလိုစိတ်သည် နှိုးဆွခံလိုက်ရသည်။ ရုတ်တရက်၊ သူမ၏စကားများသည် သူ၏ ယန္တရားစွမ်းရည်များအတွက် များစွာသော လှုံ့ဆော်မှုများကို ပေးခဲ့သည်ဟု ခံစားရသည်။

ကီကီ၏ ပါးစပ်သည် အနည်းငယ်ဟလျက်၊ သူမ၏မျက်လုံးအစုံသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏အစီအမံများကို ရေခဲရေ လောင်းချလိုက်ပြီး၊ အစမှအဆုံးထိ ဝေဖန်ခဲ့သော်လည်း၊ လင်းရှန်သည် ဒေါသထွက်မည့်အစား၊ သူမ၏အကြံပြုချက်များကို လိုက်နာရန် စီစဉ်နေသည့်အလား အမှန်တကယ် စိတ်လှုပ်ရှားနေပုံရသည်။

''ဘာလဲ၊ ငါပြောတာ နားလည်ရဲ့လား'' ကီကီ စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

''နားလည်တယ်လေ။ မင်းပြောတာက ငါ့ရထားကို ပိုမြန်ပြီး ပိုယုံကြည်စိတ်ချရအောင် ဒီစနစ်တွေကို ပြင်ဆင်ထားဖို့ လိုတယ်ဆိုတာပဲ'' လင်းရှန်သည် အလွန်အလေးအနက်ဖြင့် ပြန်ဖြေသည်။ ''လိုအပ်ရင် ရထားပေါ်မှာ လေဆာသေနတ်တွေ AI စနစ်တွေကိုပါ တပ်ဆင်ဖို့ အကြံပြုမလို့လား''

''ရှင်…''

''ဒါပဲလား၊ နောက်ထပ်မရှိတော့ဘူးလား၊ ကောင်းပြီလေ၊ နှုတ်ဆက်ပြီးပြီဆိုတော့'' လင်းရှန်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားပြီး၊ သူ၏အမူအရာသည် လုံးဝခံစားမှုကင်းမဲ့စွာ လျင်မြန်စွာ ပြောင်းလဲသွားသည်။

''ဟေ့၊ ဟေ့၊ ဟေ့'' လင်းရှန် ထရပ်ပြီး သူမကို ရထားပေါ်မှ ထပ်မံပစ်ချရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသဖြင့်၊ ကီကီသည် နောက်ဆုံးတွင် တည်ငြိမ်မှုအားလုံးကို ဆုံးရှုံးလိုက်သည်။ သူမ ထိတ်လန့်စွာ မော့ကြည့်လိုက်ပြီး၊ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။ ''အကို၊ အကို၊ ဒါကို ဆွေးနွေးလို့မရဘူးလား၊ ရတယ်၊ ရတယ်၊ ကျွန်မလုပ်မယ်၊ ကျွန်… ကျွန်မ အဲဒီမိန်းမလိုပဲ ရှင်နဲ့ အိပ်ပေးမယ်''

ဤစကားကို ကြားလိုက်ရသဖြင့်၊ လင်းရှန်၏ မျက်နှာ မှောင်မိုက်သွားသည်။

''မင်းဘာပြောလိုက်တယ်''

ကီကီ၏ မျက်လုံးများသည် ထိတ်လန့်စွာ လှုပ်ရှားသွားပြီး၊ သူမ တိုးတိုးလေးပြောလိုက်သည်၊

''ဒါပေမယ့်… ဒါပေမယ့် ကျွန်မ အသက် ၁၆ နှစ်ပြည့်တဲ့အထိ လနည်းနည်းလောက် စောင့်ရမယ်၊ မဟုတ်ရင်… မဟုတ်ရင် ဒါက သက်ငယ်မုဒိမ်းမှုဖြစ်သွားမယ်''

''စိတ်မကောင်းပါဘူး၊ မင်းကငါ့အကြိုက်မဟုတ်ဘူး'' လင်းရှန်က မျက်နှာတည်တည်ဖြင့် ပြောလိုက်ပြီးနောက် မကြားတကြားဖြင့် “ရင်လဲမရှိ တင်လဲမရှိ၊ ဝါခြမ်းပြားကများ”

''ရှင်…''

…

အနန္တရထားသည် ကျိအန်းရထားလမ်းပေါ်တွင် အရှိန်ဖြင့် ပြေးလွှားနေပြီး၊ နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းထားကာ၊ ၎င်း၏ချောမွေ့သော ပုံသဏ္ဍာန်သည် ပြောင်မြောက်သော ယန္တရားဆန်သော အလှတရားကို ထုတ်ဖော်ပြသနေသည်။

ရထားခန်း နံပါတ် ၃ အတွင်းတွင်၊ လေထုသည် ခဏတာ အေးခဲသွားသည့်အလား။

“ရှူး…”

ဟိုက်ဒရောလစ်တံခါးဖွင့်သံ ထွက်ပေါ်လာသည်။

ဒေါသထွက်နေသော လင်းရှန်သည် ရထားမောင်းနှင်နေဆဲ ဟိုက်ဒရောလစ်နောက်တံခါးကို ဖွင့်လိုက်ပြီး၊ ကီကီကို ကြက်ကလေးတစ်ကောင်လို လည်ပင်းမှ ဆွဲကိုင်ကာ ရထားခန်း၏နောက်ဖက်သို့ ဆွဲခေါ်သွားသည်။

''တောထဲက မြို့ထက် ပိုလုံခြုံမှာပဲ။ ကံကောင်းပါစေ'' သူက အေးစက်စွာ ပြောပြီး၊ သူမကို ပစ်ချရန် ပြင်ဆင်လိုက်သည်။

''ခဏလေး''

ကီကီသည် သူ၏ဆုပ်ကိုင်မှုထဲတွင် လုံးဝအကူအညီမဲ့စွာ၊ ထိတ်လန့်တစ်ကြား အော်ဟစ်လိုက်သည်။ သူမ၏မျက်နှာသည် ဖြူဖျော့သွားပြီး၊ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်၊

''အစ်ကိုချော၊ အစ်ကိုချော… ဘယ်လိုစည်းကမ်းတွေ လိုချင်လဲ၊ ညှိနှိုင်းလို့ရတယ်လေ''

လင်းရှန်သည် ဆုပ်ကိုင်မှုကို ဖြည်လိုက်ပြီး၊ သူ၏မျက်နှာအမူအရာသည် ရေခဲတမျှ အေးစက်စွာ သူမကို စိုက်ကြည့်နေသည်။

''မင်းက ငါ့အဖွဲ့အတွက် တန်ဖိုးရှိတယ်လို့ ထင်နေတာလား၊ မင်းက အစားအစာတွေ ခိုးခဲ့တယ်၊ ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်၊ ငါက မင်းကို ချက်ချင်းမသတ်ခဲ့တာကံကောင်း၊ ဒါကမင်းထိုက်တန်တာထက် ပိုပြီး သက်ညှာမှုပေးထားတာပဲ''

သူဤသို့ပြောသော်လည်း၊ ယခု သူမကို ရထားပေါ်မှ ပစ်ချလိုက်ခြင်းသည် သူမကို သေခြင်းသို့ ပို့ဆောင်လိုက်ခြင်းနှင့် တူညီလိမ့်မည်။

သို့သော် လင်းရှန် အနည်းငယ်မျှ စိတ်မပူပေ။

''ကျွန်မ တန်ဖိုးရှိတယ်'' ကီကီ၏ မျက်လုံးအစုံသည် စိတ်ပျက်အားငယ်မှုဖြင့် တလက်လက်တောက်ပနေသည်။ ''ကျွန်မရဲ့ အထောက်အထားအကြောင်း ပြောမထားဘူးလား၊ ကျွန်မကို လိုက်ပို့ပေးရင် ရိက္ခာတွေ အများကြီး ရလာနိုင်တယ်''

''ငါ ပြောပြီးပြီ'' လင်းရှန်က အေးစက်စွာ ပြုံးလိုက်ပြီး၊ သူ၏လေသံသည် လုံးဝမတုန်လှုပ်ဖြစ်နေသည်။

''မင်းရဲ့ အကြံပြုချက်တွေကို ငါ စိတ်မဝင်စားဘူး''

''ကျွန်မ အမှန်တွေပြောနေတာ''

''ငါ မလိုအပ်ဘူး''

''နှုတ်ဆက်လိုက်ပါတယ်''

လင်းရှန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်၊ သူ၏စိတ်ရှည်မှုသည် လုံးဝကုန်ဆုံးသွားပြီ။ သူ၏ ယန္တရားနှလုံးသားကို ဖွင့်လှစ်လိုက်ပြီး၊ အနန္တရထားကို ချက်ချင်း နှေးကွေးလာစေရန် အမိန့်ပေးလိုက်သည်။

“ကျွီ…”

မကြာခင်မှာပင် ရထားသည် ဖြည်းညင်းစွာ ရပ်တန့်လာသည်။ လင်းရှန်သည် တင်းမာသောမျက်နှာထားဖြင့်၊ ကီကီကို တံခါးဆီသို့ တစ်လှမ်းချင်း နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။

''ဆင်းသွား'' ဟု သူက အေးစက်စွာ ပြောသည်။

လင်းရှန်သည် ရထားကို အမှန်တကယ် ရပ်တန့်လိုက်ပြီဟု သဘောပေါက်လိုက်သဖြင့်၊ ကီကီ တောင့်တင်းသွားသည်။ နောက်ဆုံးတွင် သူမ၏ မျက်လုံးကြီးများသည် မျက်ရည်များဖြင့် ပြည့်နှက်လာပြီး၊ သူ့ကို နာကျည်းစွာ စိုက်ကြည့်သည်။ သူမ အတွင်းစိတ်ထဲတွင် ခဏတာ ရုန်းကန်လိုက်ပြီးနောက်၊ ခေါင်းမာသော မျက်နှာအမူအရာဖြင့် လှည့်ထွက်သွားသည်။ သို့သော် ရထားခန်း၏အစွန်းသို့ ရောက်သည့်အခါ၊ ရုတ်တရက် ရပ်တန့်လိုက်ပြီး၊ ပြန်လှည့်ကာ လင်းရှန်ကို ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ နှုတ်ခမ်းကို ကိုက်ရင်း သူမ မေးလိုက်သည်၊

''ရှင်ကျွန်မကို စမ်းသပ်နေတာလား''

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ''မင်းဘာပြောနေတာလဲ''

ကီကီ၏ အကြည့်တို့ ပြန်လည်အေးဆေးလာသည်။ ''ရှင်ကျွန်မရဲ့စွမ်းရည်ကို စမ်းသပ်နေတာမဟုတ်လား''

လင်းရှန်၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားသော်လည်း၊ သူ တိတ်ဆိတ်နေသည်။

သူတုံ့ပြန်မှုမရှိသည်ကို မြင်လိုက်ရသဖြင့်၊ ကီကီ၏ မျက်နှာအမူအရာ ရုတ်တရက် နူးညံ့သွားသည်။ သူမ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုသည် လှည့်စားမှုတစ်ခုဖြင့် အစားထိုးခံလိုက်ရပြီး၊ သူမသည် စိတ်ဝင်စားမှုဖြင့် သူ့ကို ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် မျက်ရည်များ ရှိနေသေးသော်လည်း၊ သူမက ခပ်မြူးမြူးရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

''ရှင်တကယ်လို့ ကျွန်မကို သတ်ချင်တယ်ဆိုရင်၊ အစကတည်းက လုပ်လိုက်မှာပဲ။ အခုက ကျွန်မကို စမ်းသပ်နေတာပဲ မဟုတ်လား''

ထိုမိန်းကလေးသည်၊ တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား၊ အားယူလာပြီး လင်းရှန်ရှေ့သို့ တိုက်ရိုက်လျှောက်လာသည်။ သူမ၏မျက်နှာလေးကို အနည်းငယ် မော့ထားရင်း၊ ဂုဏ်ယူစွာဖြင့် သူ့ကို ကြည့်ကာ၊ နောက်ဆုတ်ရန် ငြင်းဆန်လိုက်သည်။

''ကျွန်မမှာ စွမ်းရည်တွေရှိတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား''

''မင်းမှာ ရှိလား'' လင်းရှန်က မသိမသာပြုံးလျက် မေးလိုက်သည်။

''ဟုတ်ပြီလေ၊ ရှိတယ်'' ကီကီက အလေးအနက်ဖြင့် ပြန်ဖြေသည်။ ''ရှင် သိတယ်၊ ကျွန်မ ရဟတ်ယာဉ်ပျက်ကျမှုကနေ အသက်ရှင်ခဲ့ပြီး၊ ညအခါမှာ ရှင့်ရဲ့ခိုလှုံရာဆီ ဒဏ်ရာမရှိဘဲ ရောက်လာခဲ့တယ်။ ကျွန်မရဲ့စွမ်းရည်က အားကောင်းရမယ်။ ညဘက် သတ္တဝါတွေနဲ့ ဧရာမအင်းဆက်တွေကို တွန်းလှန်နိုင်လောက်တဲ့ အားကောင်းမှု။ ဒါကြောင့် ရှင်ကျွန်မအပေါ် စိတ်ဝင်စားနေတာ၊ သတိထားနေတာပဲ။ ကျွန်မကို ရထားပေါ်က ပစ်ချမယ်လို့ ဟန်ဆောင်တာက စမ်းသပ်ဖို့ပဲ မဟုတ်လား''

လင်းရှန်သည် သူရှေ့ရှိ၊ အသက် ဆယ့်ခြောက်နှစ်မပြည့်သေးသော မိန်းကလေးကို တိတ်ဆိတ်စွာ စေ့စေ့စပ်စပ်ကြည့်နေသည်။ သူ၏မျက်နှာအမူအရာ တည်ငြိမ်နေသော်လည်း၊ သူ၏စိတ်ထဲတွင် အတွေးများ အလျင်အမြန်ပြေးလွှားနေသည်။

သူမ ခန့်မှန်းတာ မမှားခဲ့ပေ။

တစ်ခြားသူဖြစ်ခဲ့ပါက၊ သူသည် တုံ့ဆိုင်းမှုမရှိဘဲ သတ်ပစ်လိုက်ပြီးဖြစ်လိမ့်မည်။

ထိုညတွင်၊ မိန်းကလေးက အကူအညီတောင်းခဲ့သည့်အခါ၊ လင်းရှန်သည် လုံးဝတုံ့ပြန်ရန် ရည်ရွယ်မထားခဲ့ပေ။

သူမသည် သတ္တဝါများပြည့်နှက်နေသော ညအခါတွင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး၊ သူ၏ခိုလှုံရာဆီသို့ ရောက်ရှိလာနိုင်ခဲ့ခြင်းသည် နားလည်ရန်ခက်ခဲလှသည်။ ထိုညက ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုသည် သူ့အပေါ် နက်ရှိုင်းသော အမြင်ကို ချန်ထားခဲ့သည်။ အကယ်၍ ထိုမိန်းကလေးသည် သူ၏တံခါးကို ဖျက်ဆီးကာ သူမ၏အားကောင်းသော စွမ်းရည်ကို မပြသခဲ့ပါက၊ သူသည် သူမကို ရထားပေါ်သို့ ခေါ်လာရန် ဘယ်သောအခါမှ စွန့်စားမည်မဟုတ်ပေ။

သို့သော် ယခုအခါ၊ မိန်းကလေးသည် သူမ၏စွမ်းရည်ကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်မှု မပြုလုပ်ခဲ့သည်ကို မြင်ရသဖြင့်၊ လင်းရှန်သည် ပို၍ပင် တွေဝေသွားသည်။ သူသည် “ရင်ပြားတဲ့ မိန်းကလေး” သို့မဟုတ် အရုဏ်ဦးစီမံကိန်းဟု ခေါ်ဆိုသည့်အရာကို စိတ်မဝင်စားသော်လည်း၊ ထိုညက ကီကီ၏ ရုတ်တရက်ပြသခဲ့သော စွမ်းအားသည် သူ့ကို နက်ရှိုင်းစွာ စွဲဆောင်ထားသည်။ ထို့ပြင်၊ သတိထားမှုအနည်းငယ်လည်း ရှိနေသည်။

ထို့ကြောင့် သူသည် ချက်ချင်းသတ်ပစ်ရန် မလုပ်ဆောင်ခဲ့ပေ။ သူသည် သူမ၏ရည်ရွယ်ချက်များနှင့် သူမ၏စွမ်းရည်ကို ရှာဖွေရန် တမင်စမ်းသပ်နေခြင်းဖြစ်သည်။

ဤအတွေးဖြင့်၊ လင်းရှန်၏ လေသံသည် အေးစက်သွားပြီး၊ သူဝတ်ဆင်ထားသော ပေါ့ပေါ့ပါးပါး ပြုံးရွှင်မှုသည် ပျောက်ကွယ်သွားသည်။

''မင်းလည်း ငါ့ကို စမ်းသပ်နေတာ မဟုတ်ဘူးလား''

''ဘာ… ဘာကိုဆိုလိုတာလဲ'' ကီကီ၏ အပြုံးက သူ၏စကားများကြောင့် အေးခဲသွားသည်။

''မင်းက အစမှာ အပြစ်ကင်းစင်သလို ဟန်ဆောင်ပြီး ငါက လူဆိုးဟုတ်မဟုတ် စမ်းသပ်ကြည့်ခဲ့တယ်။ အဲဒါ အဆင်မပြေတော့မှ၊ မင်းက နည်းဗျူဟာပြောင်းလိုက်ပြီး၊ အကျိုးအမြတ်တွေ ကမ်းလှမ်းပြီး ငါနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်။ ရိုးရိုးသားသား ပြောရရင် မင်းက ငါ့ရဲ့သည်းခံမှုကို စမ်းသပ်နေခဲ့တာပဲ၊ ငါက မင်းကို ထိခိုက်အောင်လုပ်မှာကို ကြောက်နေလို့''

လင်းရှန်သည် ဓားမြှောင်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး၊ သူ၏မျက်နှာသည် ခံစားမှုကင်းမဲ့နေသည်။

''ဒါဆို၊ ငါ့ရဲ့သည်းခံမှုက ဒီနေရာမှာ ကုန်ဆုံးပြီ''

ထို့နောက်၊ သူ၏မျက်နှာအမူအရာ မှောင်မိုက်သွားပြီး၊ ရုတ်တရက် ကီကီကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ သူမ၏အသက်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် အပြည့်အဝ ရည်ရွယ်ထားသည်။

ကီကီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး၊ သူမ၏ မျက်ဆံများသည် ထိတ်လန့်မှုဖြင့် ကျုံ့သွားသည်။ နောက်ဆုတ်ရန်နေရာမရှိဘဲ ထောင့်ကျဉ်းထဲသို့ ရောက်နေသဖြင့်၊ သူမ မျက်လုံးများကို တင်းတင်းမှိတ်လိုက်ပြီး၊ မျက်နှာကို လက်များဖြင့် ကာကွယ်ရင်း၊ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်၊

''ရပ်ပါ၊ ရပ်ပါ၊ ကျွန်မ မှားသွားပါတယ်၊ အကုန်ပြောပြမယ်၊ အကုန်ပြောပြမယ်''

“ရွှစ်…”

ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ ကီကီသည် သူမ၏အသက်ရှူသံပင် ရပ်တန့်သွားသည်ဟု ခံစားရသည်။ သူမ သတိထားစွာ မျက်လုံးများကို ဖွင့်လိုက်ရာ၊ အေးစက်သော ဓားသည် သူမ၏မျက်နှာမှ လက်မအနည်းငယ်အကွာတွင် ရပ်တန့်နေသည်ကို မြင်လိုက်ရသည်။

လင်းရှန်၏ မျက်နှာသည် အေးစက်ပြီး ဖတ်မရသည့်အမူအရာဖြစ်နေသည်။ သူသည် ထိုတိုက်ခိုက်မှုတွင် သူ၏အင်အားအားလုံးကို ထည့်သွင်းခဲ့ပြီး၊ လျှို့ဝှက်စွာ သူ၏လေအမြောက်စွမ်းရည်ကိုလည်း ဖွင့်လှစ်ခဲ့သည်။ သို့သော်၊ သေမင်းတံခါးဝသို့ ရောက်ရှိနေချိန်တွင်၊ ထိုမိန်းကလေးသည် တန်ပြန်တိုက်ခိုက်ရန် မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုခဲ့ပေ။ ၎င်းသည် သူ့ကို နက်ရှိုင်းစွာ တွေဝေသွားစေသည်။

သူ၏စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်ပြီး၊ လင်းရှန်သည် သူ၏လက်ကို ရုပ်သိမ်းလိုက်သည်။

''ပြောစမ်း'' သူက အေးစက်စွာ အမိန့်ပေးလိုက်လေသည်။

All Chapters