တောင်းပန်ခြင်း
Vol. 2 Ch. 26
အခန်း ၂၆: စမ်းသပ်ခြင်း
"ရဟတ်ယာဉ်ပျက်ကျပြီးနောက်ပိုင်း ကျွန်မ ဘယ်လိုရှင်သန်လွတ်မြောက်ခဲ့သလဲတောင် မသိခဲ့ဘူး။ ရှင့်တိုက်ခန်းရှိရာဘက်ကို ခန့်မှန်းပြီး ဆက်လျှောက်လာရုံပဲ။ ကျွန်မမှာ စွမ်းအားတစ်ခုရှိတယ်ဆိုတာ သိထားပေမယ့် အဲဒါကို ဘယ်လိုသုံးရမလဲမသိခဲ့ဘူး။ ပြီးတော့ အဲဒီတစ်နေ့၊ ကျွန်မ နိုးလာတဲ့အခါ တွေ့လိုက်ရတာက..."
"ဟမ့်" လင်းရှန်က သူမအား ထက်ထက်ရှရှ စိုက်ကြည့်လိုက်ရာ ကီကီမှာ ထိတ်လန့်တုန်ယင်သွားသည်။ သူမမှာ မျက်ရည်ဝဲလျက် ညည်းညူလိုက်သည်။
"ရှင်က အဲဒီ ချန်ဆီရွှမ်ဆိုတဲ့ မိန်းမကို ကယ်တင်ခဲ့ပြီး သူနဲ့အိပ်ချင်တယ်လို့ ပြောတာကြားလိုက်တယ်။ ပြီးတော့ အနန္တရထားစီမံကိန်းအကြောင်း တစ်ခုခုပြောခဲ့တယ်။ အားလုံးက တကယ်သံသယဖြစ်စရာပဲ။ ဒါကြောင့် ရှင်က... ရှင်က ကမ္ဘာပျက်ကပ်ကို အခွင့်ကောင်းယူပြီး မိန်းမတွေကို လှည့်စားတတ်တဲ့ လူယုတ်မာတစ်ယောက်လို့ ထင်ခဲ့တာ..."
လင်းရှန်က သူမအား အေးစက်စွာ ကြည့်လိုက်သည်။
"ဒါကြောင့် မင်းက အကူအညီတောင်းရင် ဝံပုလွေဂူထဲ ရောက်သွားမှာကို ကြောက်ခဲ့တာပေါ့။ ဒါနဲ့ သတိလစ်နေသလို ဟန်ဆောင်ပြီး ငါ့ကို လျှို့ဝှက်တိုက်ခိုက်ဖို့ ကြံခဲ့တာလား"
ကီကီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ခေါင်းခါလိုက်သည်။ သူမရှေ့တွင် အေးစက်နေသော ဓားသွားကို မြင်လိုက်ရသဖြင့် ထိတ်လန့်စွာ မျက်လုံးများကို လွှဲဖယ်ကာ "ကျွန်မ... ကျွန်မ တိုက်ခိုက်ဖို့ ကြံခဲ့တာမဟုတ်ပါဘူး။ ကျွန်မ စိတ်ဖိစီးနေခဲ့တာ။ စဉ်းစားကြည့်ပါဦး။ ကျွန်မ ကပ်ဆိုးကနေ အသက်ရှင်လွတ်မြောက်လာပြီး၊ နိုးလာတဲ့အခါ ရှင်က ကျွန်မကို တစ်ခုခု ကြံစည်နေတာကို မြင်လိုက်ရတာ။ ဒါကြောင့် ကျွန်မ အရမ်းကြောက်သွားတာပဲ..."
ဤကမ္ဘာပျက်ကပ်ကြီးတွင်၊ အန္တရာယ်ကင်းရန်အတွက် သတိကြီးဖို့လိုသည်။ လင်းရှန်ရော ကီကီပါ ထိုစိတ်ထားကို ကိုင်စွဲထားကြသည်။ သူမနိုးလာသောအခါ အစပိုင်းတွင် လင်းရှန်နှင့် စကားပြောရန် ရည်ရွယ်ခဲ့သော်လည်း၊ သူ၏ရည်ရွယ်ချက်ကို နားလည်မှုလွဲသွားခဲ့သည်။
သူမက လင်းရှန်အား လူယုတ်မာတစ်ဦးအဖြစ် အထင်မှားခဲ့ပြီး၊ ထိတ်လန့်စွာဖြင့် သတိလစ်နေသည့်ဟန်ဆောင်ရင်း၊ ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေခဲ့သည်...
သို့သော် လင်းရှန်နှင့် ချန်ဆီရွှမ်တို့ ရထားပေါ်မှ ဆင်းသွားသောအခါ၊ သူမမှာ ပေါင်မုန့်တစ်ဖဲ့ကိုပင် စားမပြီးခင်၊ ယန္တရားနှလုံးသားစွမ်းရည်ဖြင့် လင်းရှန်က သူမအား ဖမ်းမိလိုက်သည်။
"ဒါဆို" လင်းရှန်က ရုတ်တရက် ပြောလိုက်သည်။ "မင်းရဲ့စွမ်းအားကို ဘယ်လိုသုံးရမလဲတောင် မသိဘူးဆိုရင်၊ မင်းကို အနားမှာထားထားလည်း အလကားပဲမဟုတ်လား"
သူ၏စကားမှာ အေးစက်စက်နိုင်သော်လည်း ယုတ္တိရှိသည်။
ထိုသို့ပြောရင်း၊ သူ၏လက်ထဲရှိ ဓားတိုကို ကီကီ၏လည်ပင်းဆီသို့ တစ်လက်မခန့် တိုးကပ်လိုက်သည်။ သူမမျက်နှာမှာ ဖြူဖျော့သွားပြီး၊ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။
"ခဏလေး၊ ခဏလေး! မလုပ်ပါနဲ့။ စကားနဲ့ ဖြေရှင်းကြရအောင်"
ကီကီက မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ လင်းရှန်၏ တင်းမာသော မျက်နှာထားကို ဖျတ်ခနဲ မြင်လိုက်ရသဖြင့် ချက်ချင်း ပြန်မှိတ်လိုက်ပြီး အော်ပြောလိုက်သည်။
"ကျွန်မကို မသတ်ပါနဲ့! ကျွန်မကို အသက်ရှင်ထားရင်၊ အန္တရာယ်ရှိတဲ့အခါ ကျွန်မရဲ့စွမ်းအားက အသုံးဝင်နိုင်တယ်။ ပြီးတော့ ကျွန်မရဲ့ဘဝက ရှင့်လက်ထဲမှာပဲ ရှိတယ်မဟုတ်လား"
ဤစကားကို ကြားလိုက်ရသဖြင့် လင်းရှန်၏အကြည့်များ ပိုမိုထက်မြက်လာသည်။ သူမမျက်လုံးထဲတွင် ရိုးသားမှုကို မြင်လိုက်ရပြီး၊ သူ၏စိတ်ထဲတွင်လည်း သက်ပြင်းချလိုက်သည်။
"ဟုတ်ပါပြီ"
“ဂျုံး…”
အနန္တရထား၏ ဘီးများ ထပ်မံလည်ပတ်လာသည်။
ကီကီက လင်းရှန်က ဓားကို သိမ်းလိုက်သည်ကို မြင်လိုက်ရပြီး၊ သူမရင်ဘတ်ထဲတွင် တင်းကျပ်နေသော ခံစားချက်များ ပြေလျော့သွားသည်။ သူမက လင်းရှန်အား သတိထားစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဒါဆို... ကျွန်မတို့ အဆင်ပြေပြီလား"
အဆင်ပြေပြီလား…
လင်းရှန်က သူ့စိတ်ထဲတွင် ပြုံးလိုက်သည်။ ဤမိန်းကလေးမှာ တကယ်ကို မခန့်မှန်းနိုင်စရာ ဖြစ်နေသည်။
သူမအား အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"စဉ်းစားဦးမယ်"
"အိုကေ၊ အိုကေ" ကီကီ၏မျက်နှာသည် ထိတ်လန့်မှုမှ သက်သာရာရမှုသို့ ပြောင်းလဲသွားသည်။ "ကျွန်မကို ခေါ်ထားပါ။ ကျွန်မ တကယ်ကူညီပေးနိုင်ပါတယ်"
"ဒါပေမယ့်..."
ကီကီ ဝမ်းမြောက်စွာ မဆုံးခင်၊ လင်းရှန်က သူမအား အင်္ကျီလည်ပင်းမှ ဆွဲကိုင်လိုက်ပြီး၊ ထူးဆန်းသော အပြုံးဖြင့် ရထားတွဲအမှတ် ၁ ဆီသို့ ဆွဲခေါ်သွားသည်။
အဆင်မသင့်ဖြစ်စွာ၊ ကီကီ ထိတ်လန့်သွားသည်။
"ဟေ့... ရှင် ဘာလုပ်နေတာလဲ?"
"ခန့်မှန်းကြည့်ပေါ့" လင်းရှန်၏အသံမှာ လျှို့ဝှက်ဆန်းကြယ်သည်။
ထိတ်လန့်စွာဖြင့် ကီကီ ရုန်းကန်ရင်း "ဟေ့၊ ဟေ့၊ ကျွန်မတို့ အဆင်ပြေပြီလို့ ပြောပြီးပြီပဲ။ ကျွန်မ မမှားခဲ့ပါဘူး၊ ရှင့်ကို ထိခိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ကျွန်မကို မနှိပ်စက်ပါနဲ့"
"ငါ မထင်ဘူး"
"ခဏလေး၊ ကျွန်မ အရွယ်မရောက်သေးဘူး..."
"အဲဒါ အရေးမကြီးဘူး။"
"ခဏလေး၊ ခဏလေး၊ တကယ်တော့ ကျွန်မ ယောကျာ်းလေးပါ။ ကြည့်ပါဦး၊ ကျွန်မမှာ... ဟိုဟာတွေ မရှိဘူး။ ကျွန်မက ရှင့်အကြိုက်မဟုတ်ဘူး။ ရှင့်မှာ အဲဒီမိန်းမတစ်ယောက်ရှိပြီးသားပဲ။ ကျွန်မကို လွှတ်ထားလိုက်ပါ"
"ငါက ဂျီးမများတတ်ဘူး"
"အိုး ဟုတ်တယ်၊ ကျွန်မမှာ စွမ်းအားရှိတယ်ဆိုတာ မမေ့နဲ့။ အကယ်၍ ကျွန်မ မတော်တဆ အဲဒါကို သုံးမိပြီး ရှင့်ကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ"
"အဲဒီလိုဖြစ်ရင်၊ မင်းရဲ့စွမ်းအားကို ဖွင့်ပေးခဲ့တဲ့အတွက် ငါ့ကို ကျေးဇူးတင်ရမယ်"
ရထားတွဲအမှတ် ၁ တွင်၊ လင်းရှန်က ကီကီ၏ လက်နှင့်ခြေထောက်များကို ကြိုးနှစ်ချောင်းဖြင့် တင်းကျပ်စွာ ချည်နှောင်ကာ၊ သူမအား ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့်
"မင်းကို ငါမယုံကြည်နိုင်ဘူး။ မင်းရဲ့စွမ်းအားက အန္တရာယ်အချိန်မှာ အသက်ဝင်ရင်တော့ မင်းကို ဒိုင်းအဖြစ်သုံးလို့ရတယ်။ ပြီးတော့ မင်းက ကြိုးဖြည်ပြီး ငါ့ကို တိုက်ခိုက်ဖို့ ကြံထားပြီးပြီဆိုတော့၊ မတော်တဆမဖြစ်အောင် ကြိုးထပ်ချည်ထားရတာပဲ"
"ရှင် ယုတ်မာလိုက်တာ၊ လူယုတ်မာ" ကီကီက ကြိုးများကို ရုန်းကန်ရင်း လှုပ်ရှားနေသည်။
လင်းရှန်က ဝတ်ပြီးသား ခြေအိတ်တစ်စုံကို ကောက်ကိုင်လိုက်ပြီး မြှောက်ပြလိုက်သည်။
"ဆက်ပြီး အော်နေရင်၊ ဒါကို မင်းပါးစပ်ထဲ ထည့်လိုက်မယ်"
ကီကီမှာ ဒေါသထွက်လွန်းနေပြီး၊ သူမမျက်နှာသည် နီရဲလိုက် ဖြူဖျော့လိုက် ဖြစ်နေသည်။ လင်းရှန်က သူမအား "အဓ္ဓမကျင့်ရန်" ရည်ရွယ်ချက် မရှိသည်ကို အနည်းငယ် သက်သာရာရသော်လည်း၊ သူမအား လူသားဒိုင်းအဖြစ် သုံးရန် ချည်နှောင်ထားခြင်းမှာ အလွန်ရွံစရာကောင်းပြီး ယုတ်မာလှသည်။
သို့သော် ယခုအခါ သူမမှာ သူ၏အမိုးအောက်တွင် ရှိနေပြီး၊ သူ့ကို မယှဉ်နိုင်ပေ။ သူက အနံ့ဆိုးသော ခြေအိတ်များကို ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့်၊ တိတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမက လင်းရှန်အား ဒေါသတကြီး စူးစိုက်ကြည့်လိုက်ပြီး၊ အခွင့်အရေးရလျှင် သူ့ကို လက်စားချေမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
"ဆက်ပြီး ဒီလိုကြည့်နေရင်၊ ဖုတ်ကောင်တွေနဲ့ တစ်ညလုံး အိပ်ရလိမ့်မယ်" လင်းရှန်က သူမအား အာဏာဆန်ဆန် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဖုတ်ကောင်များ" ဟူသောစကားလုံးကို ကြားလိုက်ရသဖြင့် ကီကီမှာ ဗီဇအရ ကျုံ့ဝင်သွားပြီး၊ သူ၏ခြိမ်းခြောက်မှုအောက်တွင် ကြောက်ရွံ့စွာ တုန်ယင်သွားသည်။ သူမမှာ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၊ တိုးတိမ်သော အသံဖြင့် ရေရွတ်လိုက်သည်။
"ရှင် ဘာလို့ ဒီလောက်ယုတ်မာရတာလဲ၊ အိမ်သာတက်ချင်ရင် ဘယ်လိုလုပ်ရမလဲ"
လင်းရှန်က ရုတ်တရက် ရယ်မောလိုက်သည်။ "ပြီးခဲ့တဲ့ သုံးရက်လုံး မင်း အစာမစားဘဲ၊ အိမ်သာမသွားဘဲ ဘယ်လိုနေခဲ့တာလဲ၊ အောင့်ထားတာလား"
"ဟိုနေ့ညက ရှင်ဒီမှာ မရှိခဲ့ဘူး။ အဲဒီမိန်းမအိပ်ပျော်သွားတာကို စောင့်ပြီး၊ ထပြီး စားလိုက်တယ်၊ အိမ်သာလည်း သွားခဲ့တယ်"
"မနေ့ညကရော"
ကီကီက သူ့အား မျက်လုံးလှန်ကြည့်လိုက်ပြီး၊ အကြည့်များကို ရှောင်ဖယ်လိုက်သည်။ "မနေ့ညက ရှင်တို့နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်နေတာ။ ရှင်တို့ အိပ်ပျော်သွားတာကို စောင့်ပြီး ထလိုက်တယ်"
လင်းရှန်က မျက်မှောင်ကျုံ့လိုက်သည်။ "ဒါဆို ငါ မင်းကို မဖမ်းမိခဲ့ရင်၊ အမြဲ သေချင်ဟန်ဆောင်နေမှာပေါ့"
"မဟုတ်ပါဘူး" ကီကီက တုံ့ဆိုင်းစွာ ဝန်ခံလိုက်သည်။ "ဒီနေ့ ဝန်ခံဖို့ စီစဉ်ထားခဲ့တာ၊ ဒါပေမယ့် ဗိုက်ဆာလာပြီး၊ ရှင်တို့ နှစ်ယောက်လုံး မရှိတော့တာနဲ့..."
လင်းရှန်
“ ...”
ညနေ ၆:၄၅ တွင်၊ နေမင်းသည် ခလုတ်ပိတ်လိုက်သလို ပျောက်ကွယ်သွားပြီး၊ ညအမှောင်က ကောင်းကင်ကို ဖုံးလွှမ်းလိုက်သည်။
အနန္တရထားသည် တောင်ကြားတစ်ခုကို ဖြတ်ကျော်ထားသော ရထားတံတားပေါ်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ယုရှန်ဘူတာမှ ထွက်ခွာပြီးနောက်၊ ခဏရပ်နားရုံမှလွဲ၍ ရထားသည် နှစ်နာရီခန့် အပြင်းမောင်းနှင်ခဲ့သည်။ ယခုအခါ ရထားတစ်စင်းလုံး ကျန်ရှိနေသော အပူဓာတ်ကို ထုတ်လွှတ်နေပြီး၊ ပြင်းထန်သော နှင်းမုန်တိုင်းအောက်တွင် အပူချိန် တဖြည်းဖြည်းကျဆင်းလာသည်။
အပူချိန်သည် အနှုတ် ၃ ဒီဂရီသို့ ကျဆင်းသွားပြီး၊ နှင်းမုန်တိုင်းက ရထားတွဲများ၏ ပြတင်းများပေါ်တွင် နှင်းခဲများ စတင်ဖြစ်ပေါ်လာသည်။
ချန်ဆီရွှမ်က အမှောင်ကာထရံများအားလုံးကို ချလိုက်ပြီး၊ ရထားမောင်းသူ၏ အခန်းတံခါးကို ပိတ်လိုက်သည်။ ရထားအပြင်ဘက်၊ အမှောင်ထဲတွင် တောင်ကြားသည် အဆုံးမရှိသည့်အလား ဆန့်တန်းနေပြီး၊ ညအမှောင် တောင်တန်းများ၏ မှုန်ဝါးသော ပုံရိပ်များသာ မြင်ရသည်။
ရထားတွဲအမှတ် ၁ တွင် ချန်ဆီရွှမ်က ချည်နှောင်ခံထားရသော ကီကီအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သူ တစ်ချိန်လုံး အိပ်ချင်ဟန်ဆောင်နေခဲ့တာလား"
"အတိအကျပဲ" လင်းရှန်က သူမအား အကြည့်တစ်ချက်ပေးလိုက်ပြီး ပြန်ဖြေသည်။ "ငါတို့ နှစ်ယောက်လုံး သတိမထားမိခဲ့ဘူး။ မနေ့ညကဆို သူ ငါတို့ရဲ့ live show ကို စောင့်ကြည့်နေခဲ့တာ"
"မကြည့်ပါဘူး"
ကီကီ၏ မျက်နှာသည် နီရဲလာပြီး၊ သူမက ချက်ချင်း ပြန်ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ မျက်လုံးတွေကို တစ်ချိန်လုံး မှိတ်ထားခဲ့တယ်၊ ဘာမှ မမြင်ခဲ့ဘူး"
...
ချန်ဆီရွှမ်၏ မျက်နှာသည် ချက်ချင်း ဆေးနီလို ရဲသွားသည်။ သူမနှင့် လင်းရှန်သာ နှစ်ယောက်တည်းဖြစ်ခဲ့လျှင်၊ မည်မျှပင် ရှက်စရာဖြစ်နေပါစေ၊ ကမ္ဘာပျက်ကပ်ကြီးထဲတွင် အနွေးဓာတ်အနည်းငယ်အဖြစ် သူမက လျစ်လျူရှုလိုက်နိုင်သည်။ သို့သော် တတိယလူတစ်ဦးရှိနေပြီး၊ လူမိသွားသည်ကို ခံစားလိုက်ရတာကတော့… ။ မ္ဘာပျက်ကပ်ကြောင့် သူမကိုယ်ကျင့်တရားများ ပြိုကွဲနေသည့်တိုင်၊ သူမမှာ အလွန်အမင်း ရှက်ရွံ့သွားသည်။
နှုတ်ခမ်းကို ကိုက်ထားရင်း၊ သူမက ကီကီအား စူးစိုက်ကြည့်ပြီး ဒေါသတကြီး မေးလိုက်သည်။
"နင် ဘာလို့ အိပ်နေသလို ဟန်ဆောင်ခဲ့တာလဲ။ ငါတို့ နင့်ကို ဒီနေ့ဒီချိန်ထိ ဂရုစိုက်မပေးခဲ့ရင်၊ နင် သေသွားလောက်ပြီ"
"ကျွန်မ အထင်မှားလို့ပါ..."
ကီကီက လင်းရှန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကျွန်မ ဒီလူဆိုးကို အထင်လွဲခဲ့တာပါ"