← Chapters

အခန်း (၁၄၇၁-၁၄၇၃)

Vol. 99 Ch. 1471-1473

အခန်း (၁၄၇၁-၁၄၇၃)

Vol. 99 Ch. 1471-1473

အဆတစ်ရာစနစ် စာစဥ်(၉၉)

အခန်း(၁၄၇၁)

"သွားကြစို့ အဲဒီတောင်ကြားကို သွားကြည့်ရအောင်"

ကျန်းချန်က လုကွမ်ယွီကိုကြည့်ကာ ပြုံးလိုက်ပြီး မုန့်ချင်းရွှယ်နှင့်အတူ တောင်ကြားဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

ထိုနေရာက မိုင်ထောင်ချီ ကွာဝေးသော်လည်း ကျန်းချန်တို့၏ လက်ရှိ အရှိန်အဟုန်ဖြင့်ဆိုလျှင် တစ်ခဏအတွင်း ရောက်ရှိနိုင်၏။

ခဏအကြာတွင် သူတို့သည် တောင်ကြား၏ ဘယ်ဘက် ဆယ်မိုင်အကွာရှိ မြင့်မား‌သော သစ်ပင်အိုကြီး တစ်ပင်ထက်တွင် ပေါ်လာခဲ့သည်။

ထိုအခါ တောင်ကြား၏အဝတွင် ကျန်းရီ၊ ကျန်းယန်နှင့် လူငယ် ငါးယောက် ခြောက်ယောက်တို့က တိတ်တဆိတ်စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

"ဒီလူတွေ သားရဲဝိညာဥ်တွေကို ရှာဖွေဖို့ တောင်ကြားထဲကို အခုထိ မဝင်ရသေးဘူးလား"

ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

"သူတို့လူတွေ ထပ်ရောက်လာတာကို စောင့်နေတာဖြစ်မယ်.. ဒီတောင်ကြားထဲမှာ သားရဲဝိညာဥ် အုပ်စုကြီးတစ်စု ရှိတယ်.. ကျွန်မ တောင်ကြားနားကို ရောက်တုန်းက စွမ်းအားကြီးမားတဲ့အင်ပါယာအဆင့် သားရဲအများအပြားရှိတာကို ခံစားမိခဲ့တယ်.. သားရဲဝိညာဥ် အများစုက အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်နိုင်တယ်.. ဒါကြောင့် သူတို့တွေ အလွယ်တကူ မဝင်ရဲကြတာပေါ့"

မုန့်ချင်းရွှယ်က တီးတိုး ပြောလိုက်သည်။

"ငါတို့ အခုတောင်ကြားထဲ ဝင်ကြတော့မလား"

"သူတို့က စောင့်ချင်တယ်ဆိုမှတော့ ငါတို့လည်း သူတို့နဲ့အတူတူ စောင့်ကြတာပေါ့"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"အတော်ပဲ သိပ်မကြာခင် ရွှယ်ယွိဂိုဏ်းကလူတွေလည်း ရောက်လာတော့မယ်"

ကျန်းချန်၏ ရည်ရွယ်ချက်မှာ နဂါးစွမ်းအင်များကို ရယူရန်အတွက် တောင်ကြားထဲကို ဝင်ရောက်ရန်မဟုတ်ပေ။

သို့ဖြစ်ရာ ဤအချိန်တွင် ကျန်းချန်သည် ကျန်းရီနှင့် ကျန်းယန်တို့နှင့် ပဋိပက္ခဖြစ်စရာ အကြောင်းမရှိပေ။

ရွှယ်ယွိဂိုဏ်းမှ လူများ ရောက်ရှိလာသောအခါတွင် သူက ရွှယ်ယွိဂိုဏ်းမှ လူများကို အသုံးချပြီး ကျန်းရီနှင့် ကျန်းယန်တို့လူစုကို သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ ထွက်ခွာသွားရန် ဖိအားပေးနိုင်သည် မဟုတ်ပါလား။

အချိန်ကျလာလျှင် သူသည် ရွှယ်ယွိဂိုဏ်းမှ လူများကို ရှင်းလင်းပြီး ၎င်းတို့၏ သားရဲဝိညာဥ် အမြုတေများကို လုယက်လိုက်သည်နှင့် နဂါးစွမ်းအင်(၉၉)ခုကို စု‌ဆောင်းနိုင်ရန်မှာ အလွန်တရာ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

"ရှင်က နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို အသုံးချပြီး ကျန်းရီနဲ့ တခြားသူတွေကို လျှို့ဝှက်နယ်မြေကနေ ထွက်သွားအောင် လုပ်ချင်တာလား.. ဒါပေမဲ့ ကျန်းကျွင်းကိုလည်း အထင်မသေးသင့်ဘူး.. သူက ဒီဧကရာဇ် စစ်ဆေးပွဲမှာ ရှင့်ရဲ့အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လိမ့်မယ်ထင်တယ်"

မုန့်ချင်းရွှယ်က ကျန်းချန်ကို သတိပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဧကရာဇ်စစ်ဆေးပွဲတွင် ကျန်းချန် ရင်ဆိုင်နေရသည့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း သုံးယောက်ထဲတွင် ကျန်းကျွင်းသည် အစွမ်းအထက်ဆုံး ဖြစ်သည်။

ကျန်းချန်က ဤနေရာတွင် အချိန်လင့်နေပြီး ကျန်းကျွင်းကို နဂါးစွမ်းအင် (၉၉)ခု အရင်ဦးဆုံး စုဆောင်းခွင့်ပေးလိုက်မိလျှင် အကျိုးအမြတ်ကနေ ဆုံးရှုံးမှုသာ ဖြစ်သွားနိုင်သည်မဟုတ်ပါလော။

မုန့်ချင်းရွှယ်၏ စကားကိုကြားလျှင် ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ င့ါခန့်မှန်းချက်သာ မမှားဘူးဆိုရင် ကျန်းကျွင်းလည်း သူ့လူတွေနဲ့အတူ ဒီကို မကြာခင် ရောက်လာလိမ့်မယ်"

ကိုယ်စားလှယ်လောင်း သုံးဦးသည် ကျန်းမျိုးနွယ်စု၏ ပြင်းထန်သော စစ်ဆေးမှုကနေ ကျော်ဖြတ်လာနိုင်သောကြောင့် သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။

သူက ကျန်းရီနှင့် ကျန်းယန်တို့၏ နဂါးစွမ်းအင်များကို လုယူသွားခဲ့ပြီ ဖြစ်ရာ ထိုနှစ်ယောက်သည် သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

ထိုနှစ်ယောက်အတွက် အကောင်းမွန်ဆုံး နည်းလမ်းမှာ ကျန်းကျွင်းကို အကြောင်းစုံ ပြောပြပြီး ကျန်းကျွင်းကို အသုံးပြုကာ သူ့ကို ကိုင်တွယ်ရန်သာ ဖြစ်သည်။

သို့သော် ကျန်းကျွင်းသည် ငတုံးငအ မဟုတ်ရာ ကျန်းရီနှင့်ကျန်းယန်တို့ ပူးပေါင်းနေသည်ကို သိရှိသွားပြီး ထိုနှစ်ယောက်ကိုသာ ၎င်း၏ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ကျန်းကျွင်းက ဤနေရာကို ရောက်လာလိမ့်မည် ဆိုသည်ကို သံသယ လုံးဝမရှိပေ။

ကျန်းကျွင်းက ဤနေရာသို့ပင် ‌ရောက်နှင့်နေပြီး အကျိုးအမြတ်ကို ရယူရန်အတွက် တစ်နေရာရာတွင် ပုန်းအောင်းနေခြင်းပင် ဖြစ်နိုင်သည်။

ဤသို့ဖြင့် စောင့်ဆိုင်းနေရင်း တစ်နာရီခန့် ကြာမြင့်သွားခဲ့သည်။

ကျန်းချန် အစောပိုင်းက လုယက်ခဲ့သည့် လူငယ်အားလုံးသည် တောင်းကြားအဝကို ရောက်လာခဲ့ပြီး ကျန်းရီ၊ ကျန်းယန်တို့နှင့် ပူးပေါင်းခဲ့ကြသည်။

"ကျန်းယန် ငါတို့အားလုံး လူစုံပြီဆို‌တော့ တောင်ကြားထဲဝင်ကြစို့.. ငါတို့နှစ်ယောက် ညှိနှိုင်းထားတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် တရားမျှတစွာပဲ ယှဥ်ပြိုင်ကြမယ်.. မင်းလှည့်ကွက်တွေ အသုံးပြုရဲရင် ငါမင်းကို ညှာတာနေမှာ မဟုတ်ဘူး"

ကျန်းရီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းယန်ကို အလေးအနက် သတိပေးလိုက်သည်။

ကျန်းယန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြန်ပြောလိုက်၏။

"ဟမ့် မင်းကိုယ်မင်းပဲ ဂရုစိုက်သင့်တယ်.. မင်းငါ့ကို သတိပေးနေစရာမလိုဘူး.. ငါဘာလုပ်ရမလဲဆိုတာ ငါကောင်းကောင်းသိတယ်"

"ဒါဆိုလည်းပြီးတာပဲ"

စကားဆုံးသည်နှင့် ကျန်းရီသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ တောင်ကြားဘက်သို့ ဦးတည်တော့မည့် အချိန်မှာပင် အဝေးရှိကောင်းကင်ယံကနေ ရုတ်တရက် အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ကျန်းရီနှင့် တခြားသူများ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

သူတို့က ရုတ်တရက် မော့ကြည့်လိုက်သောအခါ ပုံရိပ်ငါးခုက သူတို့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းရီတို့၏ ရှေ့၌ လူငါးယောက် ပေါ်လာခဲ့၏။

"သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ တခြားလူသားတွေက ဘယ်လိုလုပ်ပြီး ‌ရောက်နေတာလဲ.. သူတို့က ဘယ်သူတွေလဲ"

ကျန်းရီက လေထဲတွင် ရုတ်တရက် ပေါ်လာသည့် ပုံရိပ်ငါးခုကိုမြင်လျှင် အံ့သြထိတ်လန့်သွားခဲ့သည်။

ထိုငါးယောက်၏ အရှိန်အဝါသည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီး မည်သူကမှ ကျန်းယန်ထက် မနိမ့်ကျပေ။

အထူးသဖြင့် ခန္ဓာကိုယ်ပိန်ပိန်ပါးပါး ရှိပြီး ဝတ်စုံဖြူကို ဝတ်ဆင်ထားသော အရှိန်အဝါသည် ပို၍ နက်ရှိုင်းနေခဲ့သည်။

ကျန်းရီနှင့် ကျန်းယန်တို့ပင် ကြောက်ရွံ့သော ခံစားချက်ကို ခံစားခဲ့ရ၏။

ဤအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်ပေသည်။

ကျန်းရီတို့က အတော်လေး ထိတ်လန့်သွားကြသည်။

သူတို့ ရွှယ်လင်ကုန်းမြေတိုက်မှ လူများအပြင် ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူငယ်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

"ဒီသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ ငါတို့အပြင် တခြားလူသားတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ကျန်းရီနှင့် တခြားသူများကို တအံ့တသြ ကြည့်လိုက်သည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို မျက်လုံးကစားလိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

"လုကွမ်ယွီကို ဘာလို့မတွေ့တာလဲ.. သူက ငါ့ကို ဒီကိုရည်ရွယ်ချက်ရှိရှိ ခေါ်လိုက်တာများလား"

"အစ်ကိုပိုင်.. လုကွမ်ယွီရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်အတိအကျ မသိပေမဲ့ ရှေ့က တောင်ကြားထဲမှာ အင်ပါယာအဆင့် သားရဲဝိညာဥ်တွေ အများအပြား ရှိနေတာတော့ အမှန်ပဲ.. ဒီတောင်ကြားထဲက သားရဲဝိညာဥ်တွေကိုသာ အမဲလိုက်နိုင်မယ်ဆိုရင် ရွှယ်ယွိဂိုဏ်းရဲ့ တပည့်ခေါင်း‌ဆောင်နေရာက သေချာပေါက် အစ်ကိုလု အတွက်ပဲ"

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ အ‌နောက်တွင်ရှိသည့် မျက်ခုံးမွေးထူထူနှင့် လူငယ်က ပြုံးကာ ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်.. လုကွမ်ယွီက ဘာပဲ ကြံစည်နေပါစေ အကြွင်းမဲ့စွမ်းအား ရှေ့မှာတော့ အရာအားလုံးက အလကားပဲ"

ထိုစကားကို ပြောပြီးနောက်တွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းရီနှင့် တခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

"ဒီလူသားတွေကို အရင်ရှင်းလိုက်ရအောင်"

"ဟုတ်ကဲ့ အစ်ကိုလု"

လူငယ်လေးယောက်က ပြန်ဖြေလိုက်ပြီး အပိုစကားများ မပြောတော့ဘဲ ချက်ချင်းဆိုသလို ကျန်းရီတို့ အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ထိုအခါ ကျန်းရီ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ပြန်လည် တိုက်ခိုက်လိုက်သည်။

သူက မျက်ခုံးမွေးထူထူ ရှိသော လူငယ်ကို တိုက်ခိုက်ရင်း ဒေါသတကြီး မေးလိုက်သည်။

"မေဘေးတွေ မင်းတို့က ဘယ်သူတွေလဲ.. ဘာလို့ ငါတို့ကို တိုက်ခိုက်ချင်နေရတာလဲ"

"ငါတို့က နတ်ဘုရားနယ်မြေက ရွှယ်ယွိဂိုဏ်းရဲ့တပည့်တွေပဲ.. မင်းတို့က ငါတို့ရဲ့ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်လာရဲမှတော့ သွားသေလိုက်တော့"

မျက်ခုံးမွေးထူထူ ရှိသော လူငယ်က မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်ကို လှုပ်ရှားလိုက်ရာ မိုးကြိုးတူတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

သူက လက်ထဲမှ မိုးကြိုးတူကို ပင့်မြှောက်လိုက်ပြီး လေထုကိုပင် ချိုးဖျက်နိုင်သော စွမ်းအားဖြင့် ကျန်းရီကို တိုက်ခိုက်လိုက်သည်။

"နတ်.. နတ်ဘုရားနယ်မြေက လူတွေလား"

သူတို့ရှေ့မှ လူများသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများဖြစ်နေပါသလော။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မျက်ခုံးမွေးထူထူနှင့် လူငယ်၏ စကားကိုကြားလျှင် ကျန်းရီနှင့် တခြားသူများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းရီက ရွှယ်လင်ကုန်းမြေတိုက်မှ ကျန်းမျိုးနွယ်စုဝင် ဖြစ်သောကြောင့် နတ်ဘုရားနယ်မြေ၏ တည်ရှိမှုကို ကောင်းစွာ သိထားခဲ့သည်။

သို့သော်လည်း သူတို့သည် ဤတစ်ကြိမ် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေတွင် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသော ကျင့်ကြံသူများနှင့် တွေ့ဆုံရလိမ့်မည်ဟု ယောင်၍ပင် မတွေးမိခဲ့ကြပေ။

အခန်း(၁၄၇၁)ပြီး၏။

အခန်း(၁၄၇၂)

ကျန်းရီနှင့် တခြားသူများသည် သူတို့၏ ရှေ့မှ လူများက အဘယ်ကြောင့် ရွှယ်လင်ကုန်းမြေတိုက်မှ ပါရမီရှင်များထက် ပို၍ ထူးခြားနေသလဲဆိုသည်ကို နားလည်သွားခဲ့ကြသည်။

အကြောင်းအရင်းမှာ ထိုလူများသည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ဖြစ်နေ၍ပင်။

ရွှယ်လင်ကုန်းမြေတိုက်သည် အင်အားမနိမ့်ကျသည့် အလယ်အလတ်အဆင့် ဂြိုဟ်တစ်စင်း အနေဖြင့် နတ်ဘုရားနယ်မြေနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခု အမြဲတစေ ရှိခဲ့သည်။

အင်ပါယာနယ်ပယ် အဆင့်အထက်တွင် ရှိသည့် ကျင့်ကြံသူတစ်ဦးသည် ထိုလမ်းကြောင်းမှတစ်ဆင့် နတ်ဘုရားနယ်မြေ ဆီသို့ သွားရောက်နိုင်ကြသည်။

သို့သော်လည်း ရွှယ်လင်ကုန်းမြေတိုက်မှ အင်ပါယာနယ်ပယ်အဆင့် သို့မဟုတ် နတ်တစ်ပိုင်းအဆင့်ကို ရောက်ရှိနေကြသည့် ကျင့်ကြံသူများထဲတွင် မည်သူကမှ နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ရောက်ရန် ရွေးချယ်ကြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရွှယ်လင်ကုန်းမြေတိုက်တွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုများသည် အဆုံးမဲ့တိုက်ပွဲကို ဆင်နွှဲနေကြ၍ ဖြစ်သည်။

ထိုကြောင့် အင်ပါယာအဆင့်နှင့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် မျိုးနွယ်စု နှစ်ခုကြားရှိ အဓိက အင်အားစုများ ဖြစ်သည့် အတွက် အလွယ်တကူ ထွက်ခွာကြလိမ့်မည် မဟုတ်ချေ။

ထို့အပြင် အရေးပါသော အကြောင်းပြချက် တစ်ခုလည်း ရှိနေပါသေးသည်။

ယင်းမှာ အင်ပါယာအဆင့်နှင့် နတ်တစ်ပိုင်းအဆင့်သည် နတ်ဘုရား နယ်မြေတွင် အလွန်အမင်း အားနည်းလွန်းခြင်း ဖြစ်သည်။

နတ်ဘုရားနယ်မြေသည် နာမည်အတိုင်းပင် နတ်ဘုရားအဆင့် ကျင့်ကြံသူများ စုဝေးနေသည့် နေရာ ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် ပကတိ နတ်ဘုရားအဆင့်ပင် သာမန်စွမ်းအား အဆင့်ရှိသူ အဖြစ်သာ သတ်မှတ်ခံရမည် ဖြစ်ပြီး အင်ပါယာအဆင့်နှင့် နတ်တစ်ပိုင်းအဆင့်ကမူ နတ်ဘုရားနယ်မြေတွင် ပုရွက်ဆိတ်များ ပမာ ဖြစ်၏။

ယင်းအတွက်ကြောင့် အင်ပါယာနယ်ပယ်အဆင့်နှင့် နတ်တစ်ပိုင်း အဆင့်များသည် ထိုလမ်းကြောင်းမှတစ်ဆင့် နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာခဲ့လျှင် နတ်ဘုရားနယ်မြေတွင် အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဤလူငယ်များသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ ဖြစ်၍ သူတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည်တော့ မဟုတ်ပေ။

"စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"

ကျန်းရီက သူ၏စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် မျက်ခုံးမွေးထူထူလူငယ်၏ မိုးကြိုးတူ ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး အဆုံးသတ်တွင် မျက်ခုံးမွေးထူထူ လူငယ်၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့သည်။

"မင်းလို အောက်နယ်မြေက အမှိုက်က နတ်အဆင့်ကိုယ်ခံပညာကို တတ်မြောက်ထားမယ်လို့ မထင်ထားခဲ့ဘူး"

မျက်ခုံးမွေးထူထူ လူငယ်က ကျန်းရီကို တအံ့တသြ ကြည့်ကာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် မိုးကြိုးတူ၏ အထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ပါရှိသည့် မိုးကြိုးစွမ်းအားသည် ကျန်းရီကို ဖိနှိပ်လိုက်သည်။

ထိုအခါ ကျန်းရီသည် သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်လာသော စွမ်းအားများကို အပြင်းအထန်ပင် ထိန်းချုပ်လိုက်ရသည်။

သူက အတော်လေး မျက်စိမျက်နှာပျက်နေခဲ့သည်။

မျက်ခုံးမွေးထူထူ လူငယ်သည် သူ့ထက် နိမ့်ကျသော ကျင့်ကြံသူ မဟုတ်ပေ။

ထို့အပြင် ကိုယ်ခံပညာရပ်တွင်လည်း အားမနည်းချေ။

အထူးသဖြင့် မျက်ခုံးမွေးထူထူ လူငယ်၏ လက်ထဲတွင် ကိုင်စွဲထားသည့် မိုးကြိုးတူသည် အလွန်တရာ အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သည်။

သူ၏စွမ်းအားကို အစွမ်းကုန် ထုတ်သုံးခဲ့လျှင်ပင် ဤ မျက်ခုံးမွေးထူထူ လူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ယင်းအပြင် မျက်ခုံးမွေးထူထူ လူငယ်၏ ဘေးတွင် အလားတူစွမ်းရည်များ ရှိသည့် ကျင့်ကြံသူသုံးယောက် ရှိနေရုံသာမက ထိုလူများထက်ပင် အစွမ်းထက်သည့် အဖြူရောင်ဝတ်စုံဝတ် လူငယ် တစ်ယောက်လည်း ရှိနေခဲ့သည်။

ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူသည် ဤနတ်ဘုရား နယ်မြေမှ ပါရမီရှင်များ၏ လက်ထဲတွင် အမှန်တကယ် ကျရှုံးသွားမည်ကို စိုးရိမ်နေမိ၏။

"ကျန်းယန် ဒီတစ်ကြိမ် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေရဲ့ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ.. ငါတို့အနေနဲ့ နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး.. ရွှယ်လင်ကုန်းမြေတိုက် ဆီကိုပဲ အရင်ဆုံးပြန်ကြစို့"

စကားဆုံးသည်နှင့် ကျန်းရီက တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှ အတုအယောင် ဧကရာဇ်စည်းတံဆိပ်ကို ချိုးဖျက်လိုက်ရာ မျက်ခုံးမွေးထူထူ လူငယ်၏ ရှေ့ကနေ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းရီ၏ နောက်လိုက်များ ဖြစ်သည့် တခြား လူငယ်များသည်လည်း ၎င်းတို့၏ ကျောက်စိမ်းတံဆိပ်ပြားများကို ဖျက်ဆီးလိုက်ပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့သည်။

"ငါတို့လည်း သွားကြစို့"

ကျန်းရီ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက သွားများကို အံ့ကြိတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ကို ရိုက်ချိုးလိုက်သည်။

ယခုအခါတွင် ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ထွက်ပေါ်လာသည့် အတွက် ကျန်းကျွင်းနှင့် ကျန်းချန် တို့သည်လည်း နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းရန် ခက်ခဲတော့မည် ဖြစ်၏။

အခြေအနေအရ ဤတစ်ကြိမ် ဧကရာဇ်စစ်ဆေးပွဲသည် ပျက်ပြယ်သွားဖို့ ရှိပြီး သူတို့အနေဖြင့် ရာဇပလ္လင် အတွက် ထပ်မံ ယှဥ်ပြိုင်ရဖွယ် ရှိနေသည် မဟုတ်ပါလော။

"အစ်ကိုပိုင်.. ဒီလူငယ်တွေက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲက လူတွေ မဟုတ်ဘဲ တခြားသော အင်အားစုတွေဆီကနေ လာတဲ့ တပည့်တွေ ဖြစ်ပုံရတယ်"

မျက်ခုံးမွေးထူထူလူငယ်က ကျန်းရီတို့ ပျောက်ကွယ်သွားသည့်နေရာကို ငေးကြည့်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။

"သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲကို မဝင်ခင် အကြီးအကဲတွေက နယ်မြေရဲ့ အခြေအနေ ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးခဲ့တယ် တခြား အင်အားစုကလူတွေ ဝင်ရောက်လာနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး.. သွားကြစို့ ငါတို့တွေ တောင်ကြားထဲက အင်ပါယာအဆင့် သားရဲဝိညာဥ်တွေကို အမဲလိုက်ကြမယ်"

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ပေါ့ပါးစွာ ပြောလိုက်ပြီး သူ၏လူများကို ဦးဆောင်ကာ တောင်ကြားဆီသို့ သွားရန်ပြင်လိုက်သည်။

သို့သော်လည်း အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းငယ် လမ်းလျှောက်ပြီးသည်နှင့် တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိလိုက်သည်။

သူ၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အဆုံးမဲ့ အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက ရုတ်တရက် ဘယ်ဘက်ကို လှည့်ကြည့်လိုက်သည်။

သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။

"လုကွမ်ယွီ မင်းရှိနေတာကို ငါခံစားမိတယ်.. ဘာလို့ ရှေ့ထွက်မလာရတာလဲ"

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ အေးစက်စက်အသံ ထွက်ပေါ်လာပြီးနောက်တွင် ဘယ်ဘက်ရှိ ဆယ်မိုင်အကွာမှ မြင့်မားသော သစ်ပင်အိုပေါ်တွင် ရုတ်တရက် လှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ပုံရိပ်သုံးခုသည် ရှေးဟောင်းသစ်ပင်ကနေ ထွက်ပေါ်လာခဲ့ပြီး သူတို့ဆီသို့ လေထဲကနေတစ်ဆင့် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုပုံရိပ်သုံးခုမှ မိန်းမတစ်ယောက်၊ ယောကျ်ားတစ်ယောက်နှင့် မှိန်မှိန်လေးသာ မြင်ရသော အရိပ်မည်း တစ်ခု ဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ခပ်မှိန်မှိန် အရိပ်မည်းကို မြင်လျှင် ခဏမျှ မှင်တက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုခပ်မှိန်မှိန် အရိပ်မဲသည် တခြားသူ မဟုတ်ပေ။

သူက ဤနေရာသို့ ရောက်လာရန် ဆက်သွယ်ခဲ့သည့် လုကွမ်ယွီပင် ဖြစ်၏။

လုကွမ်ယွီက သူ၏ ရှေ့တွင် ရှိသည့် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ကြည့်ကာ ခနဲ့လိုက်သည်။

"ဟမ့်.. ပိုင်ချိုးဟန် ဒီနေရာကို ရောက်လာတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှုရှိနေတဲ့ပုံပဲ"

"လုကွမ်ယွီ.. မင်းက ရွှယ်ယွိဂိုဏ်းရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့တပည့်ဖြစ်ပြီး ဒီလို အခြေအနေအထိတောင် ရောက်သွားတယ်လား.. မင်းက ငါတို့ ရွှယ်ယွိဂိုဏ်းရဲ့မျက်နှာကို အိုးမဲသုတ်နေတာပဲ"

ပိုင်ချိုးဟန်က လုကွမ်ယွီ၏ ပုံသဏ္ဌာန်ကို ကြည့်ကာ ကဲ့ရဲ့လိုက်သည်။

"ပိုင်ချိုးဟန် မစိုးရိမ်ပါနဲ့ မင်းရဲ့ကံကြမ္မာက ငါ့ထက် မသာပါဘူး"

လုကွမ်ယွီက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဟုတ်လို့လား"

ပိုင်ချိုးဟန်က ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းနဲ့အတူ ရှိနေတဲ့ လူနှစ်ယောက်က ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ မင်းထင်နေတာလား"

ပိုင်ကျိုးဟန်၏ အမြင်အရ ကျန်းချန်တို့ နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်ရန် မခက်ခဲပေ။

ထိုနှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် အားမနည်းပေ။

အထူးသဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"မဟုတ်ဘူး မင်းမှားနေပြီ မင်းကို ကိုင်တွယ်ဖြေရှင်းဖို့က ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်"

ကျန်းချန်က ပိုင်ချိုးဟန်ကို ပြုံး၍ ပြောလိုက်သည်။

"ငါမင်းကို ဒီနေရာဆီ လုကွမ်ယွီကို ခေါ်ခိုင်းလိုက်တာက မင်းကို သတ်ဖြတ်ချင်လို့ပဲ.. အသက်ရှင်ချင်တယ်ဆိုရင် မင်းစုဆောင်းထားတဲ့ စိတ်ဝိညာဥ် အမြုတေတွေကို ငါ့ဆီ လွှဲပေးရမယ်"

"ဘယ်ကလာတဲ့ မလောက်လေး မလောက်စားလဲ.. ငါတို့ခေါင်းဆောင်ဆီကတောင် လုယက်ရဲတယ်.. ဒီလောက်တောင် သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေ့ါ"

မျက်ခုံးမွေးထူထူ လူငယ်က ကြုံးဝါးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မိုးကြိုးတူဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် လက်ဟန်များကို ပြုလုပ်ကာ ရွှေရောင် စည်းတံဆိပ်ကို ပြုလုပ်လိုက်သည်။

"ဝုန်း.."

ထို့နောက်တွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိသော ရွှေရောင် စည်းတံဆိပ်သည် ကောင်းကင်ဘုံမှ နတ်ကျောက်တုံးကဲ့သို့ မျက်ခုံးမွေးထူထူ လူငယ်ကို ဖိနှိပ်လိုက်၏။

မျက်ခုံးမွေးထူထူ လူငယ်သည် မည်သည့် ခုခံမှုမျိုးကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ ရွှေရောင်စည်းတံဆိပ်ဖြင့် လေထဲကနေ မြေပြင်ထဲကို တိုက်ရိုက် ဖိနှိပ်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုတွင်းနက်ကြီးထဲတွင် မည်သည့်ပစ္စည်းကို အသုံးပြုပြီး သွန်းလုပ်ထားမှန်း မသိရသည့် မိုးကြိုးတူမှ လွဲလျှင် မျက်ခုံးမွေးထူထူ လူငယ်သည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် လုံးဝကို ပြာမှုန် ဖြစ်သွားခဲ့သည်။

ကျန်းချန်က လူသားဧကရာဇ်၏ ဒုတိယမြောက် စည်းတံဆိပ် ဖြစ်သည့် ကျူးရှန်း စည်းတံဆိပ်ကို အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားဖြင့် အသုံးပြုလိုက်သောအခါ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်တွင် ရှိသည့် မျက်ခုံးမွေးထူထူ လူငယ်ကို နှိမ်နင်းခြင်းသည် ထမင်းစားရေသောက်သလိုပင် လွယ်ကူနေခဲ့သည်။

ကျန်းချန်က မျက်ခုံးမွေးထူထူ လူငယ်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ပိုင်ချိုးဟန်နှင့် ကျန်ရှိသော နတ်ဘုရားနယ်မြေမှ ပါရမီရှင် သုံးယောက်သည် မှင်တက်သွားခဲ့ကြပြီး မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။

အခန်း(၁၄၇၂)ပြီး၏။

အခန်း(၁၄၇၃)

"မင်း..မင်းက ဘယ်သူလဲ"

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ပိုင်ချိုးဟန်၏ မျက်နှာတွင် ဒေါသရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

မျက်ခုံးမွေးထူထူ လူငယ်သည် သူတို့ ရွှယ်ယွိဂိုဏ်း၏ အစွမ်းအထက်ဆုံး တပည့်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ အစွမ်းအစဖြင့်ပင် တစ်ကွက်တည်းဖြင့် အလွယ်တကူသတ်ဖြတ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာရပ်ကို တတ်မြောက်ထားခဲ့ပြီး မျက်ခုံးမွေးထူထူ လူငယ်ကို တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့သည်။

ထိုကောင်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့်အထွတ်အထိပ် ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ပါသလော။

ကျန်းချန်က ပိုင်ချိုးဟန်ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

သူ၏အကြည့်က တွင်းနက်ကြီး၏ အောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် ကျန်းချန်က သူ၏လက်ကို လှုပ်ရှားလိုက်ကာ မျက်ခုံးမွေးထူထူ လူငယ်၏ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး ထိုအထဲမှ အရင်းအမြစ်များကို စတင် ရှာဖွေလိုက်သည်။

"အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ (၁၀)ခုတောင် ရှိနေတယ်ဆိုတော့ ဘယ်ဆိုးလို့လဲ"

မျက်ခုံးမွေးထူထူ လူငယ်၏ သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက်တွင် ကျန်းချန်သည် အတော်လေး ကျေနပ်သွားခဲ့သည်။

သူက စိတ်ဝိညာဥ်အမြုတေထံကနေ နဂါးစွမ်းအင်များကို အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထဲသို့ စုဆောင်းလိုက်ရာ သူ၏ စည်းတံဆိပ်ထဲမှ နဂါးစွမ်းအင် အရေအတွက်သည် (၇၇)ခုသို့ပင် ရောက်ရှိသွားခဲ့သည်။

"ကောင်လေး မင်းဘယ်သူလဲဆိုတာ ငါမသိဘူး.. ငါ့ရှေ့မှာ ငါတို့ ရွှယ်ယွိဂိုဏ်းရဲ့ တပည့်ကို သတ်ရဲမှတော့ မင်းအနေနဲ့ ငါ့လက်ထဲမှာ သေရမယ်"

ကျန်းချန်က သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူ၏ရှေ့မှာပင် မျက်ခုံးမွေးထူထူ လူငယ်ကို သတ်ဖြတ်ကာ ပစ္စည်းများယူငင်နေသည်ကို မြင်လျှင် ပိုင်ချိုးဟန်၏ မျက်နှာတွင် ဒေါသရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

သူ၏ စကားသံဆုံးသည်နှင့် အလွန်တရာ အေးစက်ပြီး ခမ်းနားသော စွမ်းအားတစ်ခုသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့ပြီး ဆယ်မိုင်ပတ်လည်ရှိ အပူရှိန်သည် ရုတ်တရက် ကျဆင်းသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် လေဟာနယ်တစ်ခုလုံးကို အေးခဲသွားစေမတတ် ဖြစ်နေခဲ့၏။

"အေးခဲလမ်းစဥ် ဥပဒေသက အတော်လေး စွမ်းအားကြီးတာပဲ.. ဒီကောင် ကျွမ်းကျင်ထားတဲ့ ဥပဒေသ စွမ်းအားက သာမန်ဥပဒေသ စွမ်းအားထက် ပိုပြီးတော့ အစွမ်းထက်ပုံရတယ်"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ဥပဒေသ၏ စွမ်းအားကို မည်ကဲ့သို့ ခွဲခြားထားမှန်း မသိသော်လည်း ပိုင်ချိုးဟန်၏ အေးခဲလမ်းစဥ် ဥပဒေသသည် သာမန် ဥပဒေသထက်ကို ကျော်လွန်ပြီး ပို၍ မြင့်မားသောအဆင့်ကို ရောက်ရှိနေမှန်း ခံစားနိုင်ခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ လေ၊ မိုးကြိုး၊ မီးတို့၏ ဥပဒေသသုံးမျိုးကို ပေါင်းစပ်လိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် သုံးရောင်ခြယ် အတားအဆီး တစ်ခုခု ဖွဲ့စည်းလိုက်ကာ ပတ်ဝန်းကျင်မှ အေးခဲစွမ်းအားကို ထိန်းချုပ်လိုက်သည်။

"ဥပဒေသသုံးမျိုး ပေါင်းစပ်စွမ်းအားပါလား"

ပိုင်ချိုးဟန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ပတ်ဝန်းကျင်လေထုထဲတွင် အရိုးစိမ့်မတတ် ချမ်းအေးသော အအေးဓာတ်များ ထွက်ပေါ်နေသည့် ရေခဲကျောက်လွှာများသည် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

"ရေခဲနတ်လေးအဖြစ် ပေါင်းစည်းစမ်း"

ပိုင်ချိုးဟန်က ကျယ်လောင်စွာကြုံးဝါးလိုက်ပြီး ရေခဲကျောက်လွှာများကို ဆွဲယူလိုက်ရာ ထိုရေခဲကျောက်လွှာများသည် လျင်မြန်စွာ ကျုံ့သွားခဲ့ပြီး သူ၏ လက်ထဲတွင် ရေခဲများဖြင့် ပြုလုပ်ထားသော နတ်လေး အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုရေခဲနတ်လေး ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး ကြားမှ အအေးဓာတ်သည် ပို၍ပင် မြင့်တက်လာခဲ့သည်။

ပိုင်ချိုးဟန်က ရေခဲနတ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကျန်လက်တစ်ဖက်က လေးကြိုးကို ဆွဲလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရေခဲနတ်လေးထံမှ ကြည်လင်သော အသံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များသည် ပတ်ပတ်လည်တွင် စုဝေးလာခဲ့သည်။

ထို့နောက်တွင် ရေခဲနတ်လေး၏ လေကြိုးပေါ်၌ ငါးပေခန့်ရှည်လျားသည့် အပြာရောင် ရေခဲမြားတစ်စင်းသည် ထွက်ပေါ်လာခဲ့သည်။

"နတ်ဘုရားနယ်မြေမှာ ဥပဒေသစွမ်းအားကို အသုံးပြုဖို့အတွက် အထူးနည်းစနစ်တွေ ရှိနေပုံပဲ"

ပိုင်ချိုးဟန်၏ လက်ထဲမှ ရေခဲနတ်လေးကို ကြည့်ပြီး ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။

သူက လုကွမ်ယွီနှင့် ရင်ဆိုင်ရစဥ် လုကွမ်ယွီသည် ဥပဒေသနှင့် ဓားနည်းစနစ်ကို ပေါင်းစပ်ပြီး အလွန် အားကောင်းသောတိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သည်။

ယခု ပိုင်ချိုးဟန်သည်လည်း ဥပဒေသ၏ စွမ်းအားနှင့်ဆန်းကြယ်သည့် လေးနည်းစနစ်ကို ပေါင်းစပ်ကာ အသုံးပြုခဲ့သည်။

ပိုင်ချိုးဟန်သည် ရေခဲ ဥပဒေသ တစ်မျိုးတည်းကိုသာ ကျွမ်းကျင်သော်လည်း သူ၏ ရေခဲဥပဒေသသည် အလွန်မြင့်မားသောအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူသည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။

သို့ဖြစ်ရာ သူ၏ မြားသည် လုကွမ်ယွီ၏ ဥပ‌ဒေသ သုံးမျိုးပေါင်းစည်းထားသော စွမ်းအားထက်ပင် ပို၍ အစွမ်းထက်နေခဲ့သည်။

ကျန်းချန်၏ အစွမ်းဖြင့်ပင် ထိုမြားကနေ အန္တရာယ်အရိပ်အငွေ့ကို ခံစားမိခဲ့၏။

"နတ်ဘုရားနယ်မြေက ဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

နတ်ဘုရားနယ်မြေသည် စကြာဝဠာထဲတွင် တစ်ခုတည်းသောပင်မကမ္ဘာ ဖြစ်ရန် အမှန်တကယ် ထိုက်တန်သည်။

အကြောင်းအရင်းမှာ နတ်ဘုရားနယ်မြေရှိ သာမန် ဂိုဏ်းတစ်ဂိုဏ်း၏ ပါရမီရှင် တစ်ယောက်ပင် ထိုကဲ့သို့ အဆင့်ကို ရောက်ရှိနေသောကြောင့်ပင်။

ဤအချိန်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ ပကတိ နတ်ဘုရားအဆင့်ထက် ပို၍ အစွမ်းထက်သော ကောင်းကင်နတ်ဘုရားနှင့် နယ်မြေနတ်ဘုရားများ၏ စွမ်းအားများက မည်မျှ ကြောက်မက်ဖွယ်ကောင်းမလဲ ဆိုသည်ကို စိတ်ပင် မကူးရဲတော့ပေ။

ကျန်းချန်က စိတ်ထဲတွင် တွေးတောနေသော်လည်း သူ၏လက်များကိုမူ တုံ့ဆိုင်းမှုမရှိဘဲ လှုပ်ရှားလိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ဥပဒေသခြောက်မျိုး၏ စွမ်းအားကို ပေါင်းစပ်ကာ ထုတ်ဖော်လိုက်သည်။

ဥပဒေခြောက်မျိုး၏ စွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲကနေ လေထုထဲကို ပျံ့နှံ့သွားခဲ့ပြီး အဆုံးသတ်တွင် ခြောက်ရောင်ခြယ် မီးတောက်အဖြစ် ပြောင်းလဲသွားကာ မိုင်တစ်ထောင်နီးပါးရှိသည့် လေထုကို ရုတ်တရက် ပြာဖြစ်သွားစေခဲ့သည်။

"ဒီကောင်က ဥပဒေသခြောက်မျိုးရဲ့ စွမ်းအားကိုတောင် ကျွမ်းကျင်ထားတယ်လား"

ကျန်းချန် ဥပဒေသ ခြောက်မျိုးဖြင့် ပေါင်းစည်းထားသည့် ဖျက်ဆီးခြင်းမီးတောက်ကို ကြည့်ရင်း ပိုင်ချိုးဟန်သည် ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေတော့ဘဲ လေးကြိုးကို အပြည့်အဝ ဆွဲထားသည့် သူ၏လက်ချောင်းများကို လွှတ်လိုက်သည်။

သူ၏လက်ချောင်းများကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် အပြာရောင် ရေခဲများသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့ကာ ရေခဲမြား ထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး ကြားရှိ အအေးဓာတ်သည် ပို၍ အားကောင်းလာခဲ့ပြီး လေထုထဲရှိ ခြောက်ရောင်ခြယ် မီးတောက်ကနေ ထုတ်လွှတ်သော အပူရှိန်ပင်လျှင် တစ်ခဏအတွင်း များစွာ ကျဆင်းသွားခဲ့၏။

ကျန်းချန်က လေထုကို ထိုးဖောက်၍ သူ့ဆီသို့ ဦးတည်လာသော ရေခဲမြားများကို အေးစက်စက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ခြောက်ရောင်ခြယ် မီးတောက်ဖြင့် ရေခဲမြားများကို ထိပ်တိုက်ရင်ဆိုင်စေခဲ့သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခုသည် လောကတစ်ခုလုံးကို ချက်ချင်းပင် ဖြတ်သန်းသွားခဲ့ပြီး ကောင်းကင်တစ်ခွင်ကို ရေနှင့်မီးတို့ ယှက်နွှယ်နေသည့် ငရဲဘုံနေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်နှစ်ခုသည် နောက်ပြန် လွင့်စင်သွားခဲ့သည်။

ကျန်းချန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေခဲ့ပြီး ပေတစ်ရာခန့် လွင့်စင်ပြီးနောက်တွင် သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

သူ၏ ဆန့်ကျင်ဘက်ရှိ ပိုင်ချိုးဟန်ကမူ ပေရာချီ လွင့်စင်ပြီးမှသာ သူ၏ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။

ပိုင်ချိုးဟန်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပါးစပ်ကနေလည်း သွေးများစီးကျနေကာ သူ၏ အဖြူရောင် အဝတ်အစားများပင် သွေးများဖြင့် စွန်းပေနေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ထိုကောင်လေးသည် တကယ်ကိုပင် မွန်းစတားဆန်လွန်းလှသည်။

သူ၏ အေးခဲလမ်းစဥ် ဥပဒေသ ဒုတိယအဆင့် စွမ်းအားပါဝင်သည့် အစွမ်းအထက်ဆုံး တိုက်ခိုက်မှုပင် ကျန်းချန်၏ ဥပဒေသခြောက်မျိုး ပေါင်းစည်းမှုအောက်၌ ရှုံးနိမ့်သွားခဲ့ရသည်။

ထိပ်တိုက်ရင်ဆိုင်မှုတွင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရ၏။

ဤကောင်လေးနှင့်သာ ဆက်လက် ယှဥ်ပြိုင်နေမည်ဆိုလျှင် သေဆုံးနိုင်မည့် အန္တရာယ်ရှိနေသည်ကို သူကောင်းစွာ သိခဲ့သည်။

သူ၏စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ချိုးဟန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။

"ဒီအတိုင်း ထွက်သွားချင်တာလား.. ငါ့အတွက် ပစ္စည်းတွေကို ထားခဲ့ရမယ်"

ကျန်းချန်၏ မျက်လုံးက တောက်ပသွားခဲ့ပြီး ပိုင်ချိုးဟန်ကို လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သည်။

အခန်း(၁၄၇၃)ပြီး၏။

All Chapters