သန်မာသူနှင့် အားနည်းသူ
Vol. 49 Ch. 724
“မိတ်ဆွေလေးရဲ့၊ တကယ်လို့ မင်းက ဒီစိတ်ဝိညာဉ် ဆေးပင်တွေကို စိုက်ပျိုးဖို့ လဲလှယ်ချင်တာဆိုရင် ငါ မင်းကို အဲ့အကြောင်း မေ့လိုက်ဖို့ အကြံပေးချင်တယ်၊ ဒါတွေကို စိုက်ပျိုးဖို့ ကြိုးစားရင် မင်း အမှတ်တွေ ဆုံးရုံတင်မကဘဲ ဒီဆေးပင်တွေကိုပါ သတ်လိုက်သလို ဖြစ်သွားမယ်”
အဘိုးအိုက သူ့အား ကြင်နာစွာ သတိပေးလာသည်။
“စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်အမှတ်တွေကို ဒါတွေနဲ့ လဲပေးပါ”
အဘိုးအိုက ဘာမှထပ်မပြောတော့ပေ။ မတူညီသော စိတ်ဝိညာဉ် ဆေးပင် ဆယ့်ခြောက်မျိုုး ရှိပြီး သူက တစ်ခုကို ငါးပင်စီ တောင်းခဲ့သည်။ ဈေးအသက်သာဆုံးက တစ်ပင်ကို ၁၀ မှတ်စီ ကုန်ကျပြီး ဈေးအကြီးဆုံးက စိတ်ဝိညာဉ် သက်သစ်နီဥ ဖြစ်ပြီး ၎င်းက မူလ စိတ်ဝိညာဉ်အဆင့်သို့ ချိုးဖောက် တက်ရောက်ခြင်း၏ ခက်ခဲမှုကို လျှော့ချပေးရာ၌ အကူအညီ ဖြစ်စေသည်။ ၎င်းက မိုးထိမတတ် မြင့်မားသော အမှတ် ၅၀ ပေးရသည်။
စုစုပေါင်း အမှတ် ၁,၅၀၀ အား တစ်ကြိမ်တည်းနှင့် အကုန် သုံးပစ်လိုက်သည်။ အမှတ် ၁,၇၁၀ သာ ကျန်ရှိတော့သည်။
ရဲ့လင်းချန်က ဆက်ပြောသည်။
“စီနီယာ၊ ကျွန်တော် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး ငါးဂရမ်၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာဂရမ်နဲ့ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး ဂရမ် နှစ်ရာ့တစ်ဆယ် ထုတ်ချင်ပါတယ်”
ဤသို့နှင့် သူ၏ အမှတ်များ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားလေသည်။
အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး ငါးဂရမ်သည် ရဲ့လင်းချန် ကျင့်ကြံရာ၌ အသုံးပြုမည် ဖြစ်သည်။ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများကိုမူ ရဲ့လင်းချန်က ဆန်းကြယ်ကျွန်း၏ အရှိန်အဝါ ပိုတိုးလာစေရန် ဆန်းကြယ်ကျွန်း၌ အစီအရင် ဖန်တီးရာ၌ သုံးရန် စဉ်းစားထားသည်။
ရဲ့လင်းချန် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို လဲလှယ်လိုက်ခြင်းက အဘိုးအို၏ မျက်နှာကို ရှုံမဲ့နာကျင် သွားစေသည်။ သူသည် အင်တင်တင်နှင့် စိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်ယူပြီး တိတိကျကျ တိုင်းတာပြီးနောက် ရဲ့လင်းချန်ထံ ပေးလိုက်သည်။
ရဲ့လင်းချန်သည် သိုင်းပညာစံအိမ်၏ ဆင်းရဲမှုကို ပို၍ပင် ခံစားမိသွားလေသည်။
သူ အမှတ်လဲလှယ်ခန်းမမှာ ထွက်လာသည့်အခိုက်မှာပင် ချန်ချီနှင့် ထိပ်တိုက်တိုးလေသည်။
“ရဲ့လင်းချန် အခြေအနေ ဘယ်လိုရှိလဲ၊ မင်း လိုချင်တာတွေနဲ့ လဲခဲ့လား”
ချန်ချီက ပြုံး၍ မေးလိုက်သည်။ သို့သော် တစ်ခစအတွင်းမှာပင် သူ့မျက်နှာက တောင့်တင်းသွားပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်သွားလေတော့သည်။
ရဲ့လင်းချန်က ပစ္စည်းများကို ကိုင်တွယ်နေသည်ကို သူ တွေ့လိုက်ရသည်။ ရဲ့လင်းချန်က စိတ်ဝိညာဉ် ကျောက်တုံး များစွာကို ကိုင်ထားပြိး ၎င်းတို့က စိန်တုံးများကို ကိုင်ထားသကဲ့သို့ တလက်လက် တောက်ပနေ၏။ ၎င်းတို့က တဖျပ်ဖျပ် လင်းလက်နေပြီး တစ်ချက် ကြည့်လိုက်သည်နှင့် ပေါများသော စိတ်ဝိညာဉ်စွမ်းအင်များက ထွက်ပေါ် နေသည်။ ပလတ်စတစ်အိတ်ထဲမှ စိတ်ဝိညာဉ်ဆေးပင်များစွာကိုပါ ပေါင်းလိုက်ပါက …
ချန်ချီ၏ မျက်လုံးများက ချက်ချင်း စိမ်းလဲ့သွားပြီး ကြည်လင်သော အရည်တချို့က သူ့ပါးစပ်ထောင့်မှ ထွက်လာသည်။
ရဲ့လင်းချန်က ချန်ချီ၏ အကြည့်ကို ရှောင်တိမ်းပြီးနောက် အားလုံးကို တည်ငြိမ်စွာ သိမ်းဆည်းပြီးမှ ပြောလိုက်သည်။
“လက်ထောက် ဒါရိုက်တာချန်”
ရှန်းကော်ချန် လက်ထဲ၌ ဆုံးရှုံးမှုကို ခံစားခဲ့ရပြီးနောက် ရဲ့လင်းချန်သည် သူ၏ ကြွယ်ဝမှုကို ထပ်၍ မပြရဲတော့ချေ။
ချန်ချီ နှုတ်ခမ်းမဲ့သွားသည်။
*လခွမ်း၊ ငါ ခုနက ဘာမြင်လိုက်ရတာလဲ*
သူသည် သိုင်းပညာစံအိမ်သို့ ဝင်ခဲ့ပြီး အတွင်းအားအဆင့်မှ အထွတ်အထိပ် စိတ်ဝိညာဉ်အဆင့်သို့ ဖြည်းဖြည်းချင်း အဆင့်တက်လာခဲ့သော်လည်း ဘယ်သောအခါကမှ ရဲ့လင်းချန်လောက် မချမ်းသာခဲ့ပါ။
“အဟမ်း”
ချန်ချီက လည်ချောင်းရှင်းလိုက်သည်။
“ငါ မင်းအကြံကို ဒါရိုက်တာရှန်းကို တင်ပြခဲ့တယ်၊ လည်ပတ်ပုံနဲ့ ပတ်သက်ပြီး အခက်အခဲတော့ ရှိပင်မယ့် … မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
*ဒါဆို ဖြစ်နိုင်ချေရှိတာလား*
ရဲ့လင်းချန်က ချန်ချီကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
သူ၏ အကြံမှာ စစ်သည်တော်ဌာနက မလုပ်နိုင်သော အရာများ လုပ်ဆောင်ရန် စစ်သည်တော်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ရန် ဖြစ်သည်။
ထို့အပြင် သူ ကောင်းကောင်း လုပ်နိုင်မည်ဟုလည်း သူ အလွန် ယုံကြည်ချက် ရှိနေသည်။
စစ်သည်တော်များသည် ကျင့်ကြံရေးအတွက် ဘာကို အားထားသလဲ။ ကွန်ဖူး၊ ဆေးရည်များ၊ လက်နက်များနှင့် လေ့ကျင့်ရေး ပတ်ဝန်းကျင်။ ရဲ့လင်းချန်သည် ထိုအရာအားလုံးကို ပံ့ပိုးပေးနိုင်စွမ်း ရှိသည်။ သူသည် နည်းပညာမြင့် စစ်သားများကို သုတေသန လုပ်၍ ဖန်တီးနိုင်ပေသေးသည်။ စစ်သည်တော်ဌာနက သူ့ကို ခေါင်းညိတ် လိုက်သည်နှင့် သူသည် ဆန်းကြယ်ကျွန်း၌ သိုင်းသင်တန်းကျောင်း ဖွင့်၍ ကျောင်းသားများ ခေါ်မည် ဖြစ်သည်။
စစ်သည်တော်ဌာနက သဘောတူလိုက်သည်နှင့် ရဲ့လင်းချန်သည် အထူးသိုင်းပညာ မြင့်မြတ်နယ်မြေကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ထားပြီး ယင်းက ဟင်းလင်းပြင်နယ်မြေနှင့် တိုက်ခိုက်ရန် သူ့အပေါ် အပြည့်အဝ မူတည်သွားပေလိမ့်မည်။
ထို့အပြင် ဆန်းကြယ်ကျွန်းသည် နောင်အနာဂတ်၌ သူ၏ သင်္ကေတ ဖြစ်လာမည် ဖြစ်ပြီး ကမ္ဘာ၌ ကပ်ပေး ဖြစ်ပေါ်သည့် အချိန်တိုင်း ဆန်းကြယ်ကျွန်းက လူအများအား ဘေးကင်းလုံခြုံမှု ပေးနိုင်လိမ့်မည်။ ဆန်းကြယ်ကျွန်းမှ စစ်သည်တော်များသည် လောက၏ မကောင်းဆိုးဝါးများကို ရှင်းလင်းကာ သူတို့ကလည်း သူ့ကို ကိုယ်စားပြုလာပေမည်။ ထိုအချိန်သို့ ရောက်လာပါက သူ၏ ကျော်ကြားမှုအရှိန်သည် သူ တစ်ယောက်တည်း လှုပ်ရှားစဉ်ကထက် ပို၍ မြန်ဆန်ပေလိမ့်မည်။
ရဲ့လင်းချန်က ချက်ချင်း ရိုးသားဖြောင့်မတ်ဟန်ဖြင့် ပြောလာသည်။
“လက်ထောက် ဒါရိုက်တာချန်၊ အခွင့်အရေး ရှိသရွေ့ ကျွန်တော် ကြိုးစားနေမှာပါ၊ ဒါက လူသားအားလုံးရဲ့ ရှင်သန်မှု အတွက်၊ ကမ္ဘာဂြိုဟ်အတွက်နဲ့ တိုက်ပွဲမှာ သေဆုံးသွားရတဲ့အတွက်ပဲလေ၊ ဘယ်အခက်အခဲကမှ ကျွန်တော့်ကို မတားနိုင်ပါဘူး”
ချန်ချီ အနည်းငယ် ကသိကအောက် ဖြစ်သလို ခံစားလိုက်ရသည်။ သူ ချောင်းဟန့်၍ ဆက်ပြောလိုက်သည်။
“မင်းလဲ ခံစားမိလောက်မှာပါ၊ သိုင်းပညာစံအိမ်က အရမ်း ဆင်းရဲတယ်”
“ငါတို့ရဲ့ အကန့်အသတ် ဖြစ်နေတဲ့ အင်အားကြောင့် ငါတို့က ဟင်းလင်းပြင်နယ်မြေထဲကို မထိုးဖောက်နိုင်ခဲ့ဘူး၊ အဲ့ဒါကြောင့် ငါတို့မှာ အရင်းအမြစ် ပြတ်လပ်နေတာပဲ၊ ငါတို့ ခိုးဝင်နိုင်ရင်တောင်မှ ငါတို့ စစ်သည်တော်တွေကို ဆုံးရှုံးမှုက အကျိုးအမြတ်နဲ့ အချိုးအစား မညီမျှဘူး”
“ဒါပေမဲ့ သိုင်းပညာစံအိမ်မှာ လေ့ကျင့်ရေး အရင်းအမြစ်တွေ အများကြီး ရှိနေသေးတယ်၊ အဲ့ဒါတွေ အားလုံး ဘယ်က လာလဲဆိုတာ သိလား”
ရဲ့လင်းချန် တုံးတိ ပြောလိုက်သည်။
“ကျွန်တော် မသိဘူး”
*အဓိပ္ပာယ် မရှိလိုက်တာ၊ ငါက ဒီမေးခွန်းရဲ့ အဖြေကို ဘယ်လိုလုပ် သိမှာလဲ*
“မင်း Buff Island အကြောင်း သိလား”
ချန်ချီက ဆက်မေးလာသည်။
“အဲ့ဒီနေရာက ဟင်းလင်းပြင်နယ်မြေကို ပထမဆုံး တွေ့ခဲ့တဲ့နေရာ၊ ဟုတ်တယ်မလား”
ရဲ့လင်းချန် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ ကိုရီးယားနိုင်ငံ၏ အချက်အလက်ကို ဟက်ခဲ့စဉ်က လျှို့ဝှက် မှတ်တမ်းများထဲမှ ၎င်းကို တွေ့ခဲ့သည်။ ၎င်းသည် ထိုအချိန်က ကမ္ဘာစစ် ဖြစ်နေခဲ့ပုံ ရသော်လည်း တကယ်တမ်းတွင် Buff Island ၏ ဟင်းလင်းပြင်နယ်မြေကို ဖုံးကွယ်ရန် ဖြစ်လေသည်။
“ဟုတ်လဲဟုတ်တယ်၊ ဟုတ်လဲမဟုတ်ဘူး”
ချန်ချီက ခေါင်းခါသည်။
“Buff Island က ပထမဆုံး ဟင်းလင်းပြင်နယ်မြေ ပေါ်လာတဲ့နေရာ မဟုတ်ဘူး၊ ဒါပေမဲ့ Buff Island က လူသားတွေ ခြေကုပ်ယူနိုင်ခဲ့တဲ့ ပထမဆုံး ဟင်းလင်းပြင်နယ်မြေပဲ”
ထိုစကားများက ရဲ့လင်းချန်၏ နှလုံးသားကို ချက်ချင်း ဆူညံသွားစေခဲ့သည်။
*ဒါက လူသားတွေ ဟင်းလင်းပြင်နယ်မြေကို စိတ်ရှိသလို ဝင်နိုင်၊ ထွက်နိုင်တယ်လို့ ပြောနေတာလား*
ထိုသတင်းကြောင့် ထိတ်လန့်ခြင်းမရှိအောင် နေရန် မဖြစ်နိုင်ပေ။
သို့သော် ရဲ့လင်းချန်သည် အားလုံးကို မကြာခင်မှာပင် သဘောပေါက်သွားလေသည်။
ထိုအချိန်က နိုင်ငံတိုင်းက လူတိုင်းသည် Buff Island သို့ အတူတကွ သွားခဲ့ကြပြီး လေ့လာရေးခရီးစဉ်က စီစဉ်ထားခဲ့ပုံ ရသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကမ္ဘာဂြိုဟ်၏ အင်အားစုများကို အတူတကွ စုစည်း၍ ဟင်းလင်းပြင်နယ်မြေအား အဖွဲ့အစည်းနှင့် ဆန့်ကျင်တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့ ထိုနေရာ၌ ခြေကုပ်ယူ နိုင်ခဲ့သည်က အံ့ဩစရာ မဟုတ်တော့ချေ။
“ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် အဲ့ဒီနေရာမှ သေဆုံးသွားရတဲ့ လူအရေအတွက်က ကမ္ဘာစစ်ကနဲ့ အတူတူပဲ၊ မရေတွက်နိုင်တဲ့ အသက်တွေ တိုက်ပွဲထဲမှာ ဆုံးရှုံးသွားခဲ့တယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်နယ်မြေထဲ ဝင်ရောက်ဖို့ ပြည့်စုံတဲ့ အခြေအနေတွေကို ပံ့ပိုးပေး နိုင်ခဲ့တယ်”
ချန်ချီက ညင်သာစွာ ရှင်းပြသည်။
“အဲ့ဒီနေရာက အတိတ်မှာ ကျန်ခဲ့ပြိးတော့ ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး၊ ဒါပေမဲ့ အဲ့ဒီ တိုက်ပွဲက လူသားတွေကို ဟင်းလင်းပြင် နယ်မြေထဲက အရင်းအမြစ်တွေ အများကြီး ရစေခဲ့တယ်၊ အဲ့ဒီတိုက်ပွဲက တကယ်ကို အရေးပါတဲ့ အရာ တစ်ခုပဲ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်
မည်သည့်ခေတ်၌မဆို အံ့ဩစရာကောင်းသော လူများက အမြဲတမ်း ရှိနေမှာပင်။
ထိုစစ်ပွဲ၏ ရလဒ်များက လူသားမျိုးနွယ်အတွက် အခြေခံတစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုရမှာပင်။ သူတို့၏ အောင်မြင်မှု၏ အရေးပါပုံကို ပိုပိုသာသာ မပြောဘဲ နေ၍မရပေ။ အကြောင်းမှာ သူတို့သည် လူသားမျိုးနွယ်အား ယခုချိန်အထိ ပံ့ပိုးပေးနိုင်သည့် အကြောင်းရင်း ဖြစ်သောကြောင့်ပင်။
“ဒါဆိုရင် … အရင်းအမြစ်အားလုံးက Buff Island က ရလာတယ်လို့ ပြောချင်တာလား”
ရဲ့လင်းချန် မေးလိုက်သည်။
“အမှန်ပဲ”
ချန်ချီ ခေါင်းညိတ်လိုက်သည်။
“အရင်းအမြစ်တင် မဟုတ်ဘူး၊ Buff Island က စိတ်ဝိညာဉ်စွမ်းအင်က ငါတို့ထက် ပိုပြီး များတယ်၊ အဲ့ဒါကြောင့်ပဲ ကမ္ဘာပေါက် လက်ရှိ ဆရာသခင်တွေက Buff Island က လာတာပဲ၊ ဒါရိုက်တာရှန်းကလဲ Buff Island က လာတာဲ၊ သူက ဒီနေရာကို စောင့်ကြပ်ဖို့ စေလွှတ်ခံရတာ”
Buff Island ကို နိုင်ငံတိုင်းက အတူတကွ ပိုင်ဆိုင်သဖြင့် ထိုနေရာမှ ထွက်ပေါ်လာသော ဆရာသခင်များကလည်း နိုင်ငံတကာမှ ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း အရင်းအမြစ်များကို ခွဲဝေယူရန်အတွက် ပြိုင်ပွဲ ကျင်းပရန် နိုင်ငံတိုင်းက သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။ အနိုင်ရရှိသူက ပိုများသော ဝေစုကို ရရှိပေမည်။
*အဲ့သလိုကိုး၊ ဒီလိုစနစ်မျိုးက မျှတပါတယ်*
“လူတိုင်းက ကမ္ဘာကို ကာကွယ်ဖို့ လုပ်တာဆိုပင်မယ့် ငါတို့တွေကလည်း နိုင်ငံမတူဘူးလေ၊ ငရဲတံခါးတွေကလဲ အများကြီး ရှိနေတယ်၊ ဂျပန်နိုင်ငံကို ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သူတို့သာ အရင်က လုံလုံလောက်လောက် သန်မာခဲ့မယ်ဆိုရင် သူတို့ကိုယ်သူတို့ ဖျက်ဆီးဖို့ အဏုမြူဗုံး သုံးဖို့ လိုခဲ့မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် သဘောတူညီမှုမှာ ပါတဲ့ နိုင်ငံတိုင်းက အရေးပါတယ်”
ချန်ချီက တည်ငြိမ်စွာ ပြောလာသည်။
“အဲ့ဒါက သန်မာသူနဲ့ အားနည်းသူကြားက ခြားနားချက်ပဲ၊ ကျွန်တော် လူတိုင်းကို ကာကွယ်ရမယ်ဆိုရင် သေချာပေါက် ကိုယ့်အမျိုးကို အရင်ဆုံး ကာကွယ်မှာ”
ရဲ့လင်းချန် ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီတခေါက် မင်းကြောင့်သာ မဟုတ်ရင်၊ ဒီမှာ ငါတို့အတွက် အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်၊ အဲ့ဒါကြောင့် ငါတို့ ဒီတခေါက် အနိုင်ရကိုရမှ ဖြစ်မယ်၊ အရင်းအမြစ် ပိုရမှသာ ငါတို့ ဒီနေရာကို ကာကွယ်နိုင်မှာ”
…